အပိုင်း ၉၃၃
Viewers 53k

အခန်း ၉၃၃

ဝှိုက်တီက မိုးကြိုးကိုစားတယ် ငါတို့က ဂဏန်းတွေစားမယ်


ကောင်းကင်တွင် မုန်တိုင်းများ ထန်နေသည်။


ပုဖန်အနေဖြင့် အဆုံးမဲ့ပင်လယ်ပြင်တွင် မုန်တိုင်းများ မည်မျှ ကြောက်စရာကောင်းသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ယခုအချိန်တွင် ဝင်လာသောမုန်တိုင်းအတွက် ကြောက်စရာအကြောင်း မရှိပေ။


" ဆောင်းဦးကုန်ခါနီးပြီမို့ ရာသီဥတုက အေးပြီး လေတိုက်တယ်...ဂဏန်းပေါင်း တူတူစားတာက ဒီရာသီဥတုနဲ့ လိုက်ဖက်ပါတယ်..."


နယ်သာရီ နှင့် ပန်းပွင့်လေးက ထူးဆန်းသောအမူအရာဖြင့် ကြည့်နေကြသည် ပုဖန်က ငရဲကမ္ဘာ သင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။


မုန်တိုင်းလာနေသည်ကို ပိုင်ရှင်ပုက မည်ကဲ့သို့ စိတ်အေးအေးထားပြီး ချက်ပြုတ်ဖို့ ဆုံးဖြတ်လိုက်တာလဲ... အမှန်မှာ ပိုင်ရှင်ပုတွင် ထိုသို့သော အကျင့်မျိုးရှိသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်သည်နှင့် ဒယ်အိုး သူ၏ရှေ့တွင် လွင့်ပျံလာသည်။


သူ၏ပါးစပ်ကို ဖွင့်လိုက်သည့် အခါတွင် ရွှေအိုရောင်မီးတောက်တစ်ခု ထွက်လာပြီး ဒယ်အိုးအောက်သို့ ချက်ချင်းရောက်သွားသည်။


ဝုန်း... ဝုန်း...


ကောင်းကင်တွင် တိမ်မည်းများက လူးလိမ့်နေပြီး စုဝေးနေကာ သိပ်သည်းသော ခံစားချက်သည် ၎င်းတို့ကို ဖုံးအုပ်ကာ ဖိနှိပ်ထားသလို ခံစားရသည်။


အဆုံးမဲ့ပင်လယ်တွင် မုန်တိုင်းက သယ်ဆောင်လာသော စွမ်းအားနှင့် သြဇာသည် ကုန်းမြေတိုက်ကြီးထက် များစွာ ပိုကြောက်စရာကောင်းသည်။


 မူလက ငြိမ်သက်နေသော ပင်လယ်သည် ယခုအချိန်တွင် ပြင်းထန်နေပြီး လှိုင်းလုံးကြီးများ အဆက်မပြတ် ထွက်ပေါ်လာသည်။


နယ်သာရီသည် သင်္ဘောပေါ်တွင်ရပ်ကာ အဝေးသို့ ကြည့်နေသည်။  


ပင်လယ်ရေလှိုင်းများသည် ပြင်းထန်နေပြီး ငရဲကမ္ဘာသင်္ဘောကို လာရောက် ရိုက်ခတ်နေသည်ပြီး သင်္ဘောကို မရပ်မနား လှုပ်ခါနေစေသည်။


မုန်တိုင်း အမှန်တကယ် လာနေပြီဖြစ်သည်။


နယ်သာရီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ အနက်ရောင်မျက်လုံးများအတွင်း နက်နဲသောအကြည့်တစ်ခု ပေါ်လာပုံရသည်။ ထို့နောက် ခေါင်းကိုလှည့်၍ ပုဖန်ကို ကြည့်လိုက်သောအခါ ဂဏန်းများ ချက်ပြုတ်ရန် အလုပ်များနေသည်ကို တွေ့လိုက်သည်။


သို့သော် ပုဖန်‌ တွေဝေမိန်းမောနေကြောင်း ခဏအကြာတွင် နယ်သာရီ သဘောပေါက်သွားသည်။


ပိုင်ရှင်ပုက တွေဝေတတ်တာလား...


အမှန်တွင် ပုဖန်၏စိတ်သည် စနစ်နှင့် ပြင်းထန်သည့် လဲလှယ်မှုတစ်ခုကို ပြုလုပ်နေသည်။


ဂဏန်းပေါင်းနှင့် ဝိုင်... ဝိုင်သည်ကောင်းမွန်သည် ...သို့သော် အမှန်တကယ်တွင် ဘီယာနှင့် ပိုမိုလိုက်ဖက်သည်။


သို့သော် ပုဖန်သည် ပုန်းကွယ်နဂါးတိုက်ကြီးတွင် နေသည်ဖြစ်၍ ဘီယာကို မည်သည့်နေရာမှ ရမည်နည်း... သူ့တွင်ရှိသည်မှာ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်နှင့် နှင်းခါးမီးတောက်သိမြင်မှုဝိုင် သာဖြစ်သည်။


ဂဏန်းပေါင်းသည် ထိုဝိုင် နှစ်မျိုးလုံးနှင့် အဆင်မပြေပေ။ သို့သော် ဟင်းပွဲကြီးကြီးများနှင့် တခြားကဏန်းဟင်းလျာများမှာ သုံးခြင်းက ပိုကောင်းသည်။


ကပ်စေးနဲသောစနစ်သည် ကူညီရန် လက်ညိုးတစ်ချောင်းပင် မ မသောကြောင့် ပုဖန်အတွက် ဘီယာ တစ်ပုလင်းမျှ မရှိပေ။ သူသည် အေးခဲကျောက်စိမ်း နှလုံးသားဝိုင်နှင့်သာ ပေါင်းရန် ရွေးချယ်စရာရှိသည်။


ဦးစွာ အိုးကြီးတစ်အိုးကိုထုတ်ကာ ကဏန်း၏ခန္ဓာကိုယ်ကို ကြိုးဖြင့်ချည်၍ ကဏန်းကြီးကို အိုးထဲတွင် ထည့်လိုက်သည်။ အတွေးတချက်ဖြင့် သူ၏လက်ပေါ်တွင် အေးခဲကျောက်စိမ်း နှလုံးသားဝိုင် ကရားနှစ်ခု ပေါ်လာသည်။


သူ၏ ဘယ်ဘက်လက်တွင် ကရားတစ်ခု ပေါ်လာပြီး ကျန်တစ်ဖက်တွင် နောက်ထပ် ကရားတစ်ခုရှိသည်။


 အဖုံးကို ဖွင့်လိုက်သောအခါတွင် ပြင်းထန်သော မွှေးရနံ့တစ်ခု ထွက်လာသည်။ ပင်လယ်လေအေးအောက်တွင် ထိုရနံ့လေလေးသည် အဝေးသို့ ပျံဝဲနေသည်။


တောက်... တောက်... ‌တောက်...


အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ထိုအိုးကြီးထဲသို့ လောင်းချပြီးနောက် ကဏန်းကြီးကြီးကို ရေစိမ်ပြီး ဝိုင်ကို ထိုနေရာတွင် အနည်ထိုင်စေသည်။


ဂဏန်းကို ဝိုင်နှင့်စိမ်ထားသည်ကို စောင့်နေစဉ် ပုဖန် ရေဘဝဲကြီးကို စတင်ပြင်ဆင်တော့သည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာပြီးနောက် အနည်းငယ် လှီးဖြတ်လိုက်ရုံနှင့် ရေဘဝဲသည် အပိုင်းပိုင်း အစစ ဖြစ်သွားသည်။


နူးညံ့၍ အဆီများကာ ပျော့ပျောင်းသော ရေဘဝဲကို လှီးဖြတ်ပြီးနောက် ပဲငံပြာရည်ဖြင့် စိမ်ထားလိုက်သည်။


ထို့နောက် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေတွင် စိုက်ပျိုးထားသော ပေါက်ကွဲမီးတောက်ငရုတ်သီးများကို ထုတ်လိုက်သည်။


ငရုတ်သီးများကို အပိုင်းအစဖြစ်အောင် လှီးပြီးနောက် အမြှီးရှည်ကြက်သွန်နှင့် ခရမ်းရောင် ကြက်သွန်ဖြူများကိုလှီး၍ နောက်မှ အသုံးပြုရန် ဘေးနားတွင်ထားလိုက်သည်။


ဤအခိုက်အတန့်တွင် မဟူရာလိပ်ခုံးဒယ်အိုး၏ အပူချိန်သည် ပြင်းထန်စွာ ပူနေလေပြီ


မုန်တိုင်းထန်လာသည်နှင့်အမျှ လေသည် အဆက်မပြတ်တိုက်ခတ်လာပြီး ပုဖန်၏ဆံပင်များနှင့် အနီရောင်ဝတ်ရုံရှည် ကို လွင့်ပျံနေစေသည်။


လေပြင်းများအလယ်တွင် ချက်ပြုတ်ရသည်မှာ အရသာတစ်မျိုးပင်။ထိုအချက်ကြိ တွေးလျက် ပုဖန် နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။


မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ဆီထည့်လိုက်သည်။ ဆီပွက်လာသောအခါ လှီးထားသော ခရမ်းရောင်ကြက်သွန်ဖြူနှင့် ပေါက်ကွဲမီးတောက်ငရုတ်သီးများကို ထည့်လိုက်သည်။


အဖြူရောင်မီးခိုးများ ထွက်လာသောအခါ စတင်၍ လျင်မြန်စွာ မွှေလိုက်သည်။ပေါက်ကွဲမီးတောက်ငရုတ်သီးသည် အဆက်မပြတ် တောက်လောင်နေပြီး နယ်သာရီတို့ကို ဆွဲဆောင်နိုင်သည့် စွမ်းအင်နှင့် စပ်သောအနံ့ကို ထုတ်လွှတ်နေသည်။


ဒယ်အိုးထဲတွင် ခဏတာ မွှေကြော်ပြီးနောက် အိုးထဲရှိ ပါဝင်ပစ္စည်းများသည် လေထဲတွင် ရုတ်တရက် လင်းလက်လာသည်။


ခဏကြာသောအခါ လှီးထားသော ရေဘဝဲများကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။


ရေဘဝဲအသားသည် အကျက်လွယ်ပြီး ချက်ပြုတ်ချိန်တိုတောင်းသောကြောင့် ပုဖန်သည် မီးကို သေချာထိန်းညှိရန် လိုအပ်သည်။ရေဘဝဲ အကျက်လွန်သွားလျှင် အသားသည် မာကျောပြီး ဟင်းလျာတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။


ရေဘဝဲသည် အိုးထဲသို့ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ရနံ့သည် ချက်ချင်းပွင့်လန်းလာပြီး အနံ့ရသူတိုင်း စားချင်စိတ်ကို လှုံ့ဆော်ပေးသည်။


ပန်းပွင့်လေးနှင့် နယ်သာရီတို့ မဟူရာလိပ်ခုံးဒယ်အိုးထဲမှ အစားအစာကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြသည်။ သူတို့သည် အမှန်တကယ်ပင် မျှော်လင့်နေကြသည်။ 


ရွဲ... ရွဲ... ရွဲ...


ပုဖန် ယောက်မကို လက်တစ်ဖက်မှကိုင်၍ အခြားတစ်ဖက်တွင် မဟူရာလိပ်ခုံးဒယ်အိုးကို အခြားတစ်ဖက်မှကိုင်ပြီး ဒယ်အိုးကိုလှုပ်ခါလျက် ပါဝင်ပစ္စည်းများကို မြှောက်၍ မွှေနေသည်။


အငွေ့သည် လှိုင်းထန်နေပြီး အနံ့သည် ကောင်းကင်သို့ ပျံတက်သွားသည်။


  ထို့နောက် ပချက်ပြုတ်ထားသော ရေဘဝဲကို အဖြူနှင့်အပြာစပ် ကြွေပန်းကန်ပြားအသန့်ပေါ်သို့ လောင်းချလိုက်သည်။


ပေါက်ကွဲမီးတောက် ငရုတ်သီးသည် အမြဲတောက်လောင်နေပုံရသည်။ လူများ၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်မှုသည် တောက်ပနေ‌သည်။


ရနံ့များ လှိုင်းထလျက်ရှိပြီး ခဏကြာသောအခါ တိုက်ခတ်လာသောလေအရှိန်က မွှေးရနံ့များကို သယ်ဆောင်သွားသည်။


သို့သော် ပန်းပွင့်လေးနှင့် နယ်သာရီတို့၏ အရသာရှိသော ဟင်းလျာများ စားချင်စိတ်ကိုမူ လေအလျင်က မသယ်ဆောင် သွားနိုင်ချေ။


"အလျင်လိုဖို့ မလိုပါဘူး... ခဏစောင့်ပါဦး... အဓိကဟင်းက ခုထိ အဆင်သင့် မဖြစ်သေးဘူး..." ပုဖန်ပြောလိုက်သည်။


ထို့နောက် အိုးကြီးဆီသို့ သွားကာ အဖုံးကို ဖွင့်လိုက်သည်။ အထဲ၌ ဂဏန်းကြီးသည် ဝိုင်ထဲတွင် ပွက်ပွက်ထနေသည်။


ပေါင်းအိုးကို မဟူရာလိပ်ခုံးဒယ်အိုး ပေါ်တင်ပြီး ဂဏန်းကိုထုတ်ကာ ဝိုင်များကိုသန့်စင်၍ ထိုပေါင်းအိုး ၏အလယ်တွင် ထည့်လိုက်သည်။ ဂဏန်းစိမ်ရာတွင် သုံးသောဝိုင်ကို ဒယ်အိုးထဲသို့ လောင်းထည့်ပြီး ဂဏန်းပေါင်းရန် အသုံးပြုသည်။


ပေါင်းအိုးအဖုံးကို ချထားပြီးနောက် ကောင်းကင်ကမ္ဘာမြေမီးလျံကို ပိုမိုပြင်းထန်စွာ လောင်ကျွမ်းစေခဲ့သည်။


ဝုန်း... ဝုန်း... ဝုန်း...


မီးတောက်များ တက်လာပြီး မဟူရာလိပ်ခုံးဒယ်အိုး အောက်ခြေတွင် အဆက်မပြတ် တောက်လောင်နေသည်။ တစ်ခဏချင်းမှာပင် အိုးထဲတွင်ရှိသော ဝိုင်များ လျင်မြန်စွာ ဆူပွက်လာသည်။


ဝိုင်အငွေ့ပျံသွားသည်နှင့်အမျှ ဝိုင်၏အနံ့သည် တဖြည်းဖြည်း ပျံ့နှံ့လာသည်။


ကောင်းကင်တွင် တိမ်မည်းများ သိပ်သည်းနေပြီး သူတို့အပေါ်သို့ မိုးတဟုန်ထိုး ရွာချမည့်ဟန်ဖြစ်နေကာ မြင်ရသူတိုင်းကို တုန်လှုပ်သွားစေသည်။


အဆုံးမဲ့ပင်လယ်ပြင်တွင် ခတ်ထန်သော လေပြင်းများကြောင့် လှိုင်းလုံးများပြင်းထန်လာပြီး ပင်လယ်ရေမျက်နှာပြင်သည် ပြင်းထန်စွာလှုပ်ခတ်လာသည်။


သို့သော် ပုဖန်က ငြိမ်သက်စွာဖြင့် ငရဲကမ္ဘာ သင်္ဘောပေါ်တွင် ထိုင်နေလျက် မဟူရာလိပ်ခုံးဒယ်အိုးကို အာရုံစူးစိုက်ကာ ဂဏန်းပေါင်း၏ ပြောင်းလဲမှုကို အာရုံစိုက်နေသည်။


အသားများကို ချက်ထားသောကြောင့် စိတ်စွမ်းအင် လည်ပတ်မှုကို တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်သည်။


ဝုန်း... ဝုန်း... ဝုန်း...


ကောင်းကင်တွင် လျှပ်စီးလက်လာပြီး မိုးကုပ်စက်ဝိုင်းမှ နားအူ‌စေသော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။


ပင်လယ်သည် ရူးသွပ်နေသလို မရပ်မနား လှိုင်းလုံးကြီးများက ကောင်းကင်သို့ တဟုန်ထိုး တက်လာသည်။


အဝေးက လှိုင်းလုံးကြီးများ ရုတ်တရက် ပေါ်လာပြီး ငရဲကမ္ဘာသင်္ဘောကို မျိုချရန် ခြိမ်းခြောက်နေသည့် ကြောက်စရာကောင်းသော ဧရာမသားရဲတစ်ကောင်ကဲ့သို့ပင်။


ဤသည်မှာ ကြီးမားလှသော လှိုင်းလုံးကြီးများ၏ ပထမလှိုင်းဖြစ်သည်။ ၎င်းတို့သည် မီတာဒါဇင်များစွာအထိမြင့်ပြီး ကောင်းကင်နှင့်မြေကြီးကို မျိုချတော့မည့်ပုံပေါ်သည်။


သို့သော် ငရဲကမ္ဘာ သင်္ဘောပေါ်တွင် လူတိုင်းက ထိုကြီးမားလှသော လှိုင်းလုံးများနှင့်ပတ်သက်၍ စိုးရိမ် မနေကြပေ။


ပေါင်းအိုးအဖုံးကို ဖယ်လိုက်သည်နှင့် ၎င်းမှ ရေနွေးငွေ့များ ထွက်လာကာ ပူပြီးသိပ်သည်းလာသည်။ ဝိုင်နှင့် ဂဏန်းအသားများ၏ ရနံ့သည် လေထဲ စိမ့်ဝင် လှည့်ပတ်နေသည်။


ပေါင်းအိုးထဲမှ ဂဏန်းပေါင်းသည် အနီရောင်ဖြစ်လာ၏။  


ဂဏန်းကို ပေါင်းအိုးထဲမှ ထုတ်ပြီးနောက် နယ်သာရီနှင့် ပန်းပွင့်လေးတို့၏ မျက်လုံးများ အရောင်တောက်လာသည်။


သူ့ လက်ထဲတွင်ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာပြီး ဂဏန်းခြေထောက်များကို ဖြတ်လိုက်သည်။ ထို့‌နောက် အခွံကို ခွာလိုက်သည်။


စူးရှသောအသံနှင့်အတူ ရေစက်များ အငွေ့များ ကောင်းကင်ပေါ်ထိပင် တက်လာသည်။


ဂဏန်းခွံအတွင်းတွင် လိမ္မော်ရောင် ဂဏန်းဥများ ရှိသည်။ ၎င်းသည် ပျစ်၍ အရည်ရွှမ်းပြီး အတန်ငယ် မွှေးသည်။ ခြုံငုံကြည့်လျှင် စွဲမက်ဖွယ်ကောင်းသည်။


"တကယ်ကို အဆီပြည့်တဲ့ဂဏန်းကြီးပဲ..." ပုဖန် ဥများဖြင့် ပြည့်နေသော ဂဏန်းကိုကြည့်၍ သက်ပြင်းချလိုက်သည်။


သူ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ယူ၍ ဂဏန်း၏ ခန္ဓာကိုယ်ကို သုံးပိုင်းပိုင်းလိုက်သည်။ 


ဂဏန်းဥများကို ဖယ်ထုတ်လိုက်ပြီး အဖြူနှင့်အပြာစပ် ကြွေပန်းကန်ပေါ် တင်ထားသည်။


ထို့နောက် နှင်းခါးမီးတောက်သိမြင်မှုဝိုင် ကရားကိုထုတ်၍ ထိုအေးမြသော ဝိုင်ကို ခွက်သုံးခွက်အတွင်းထည့်လိုက်သည်။


ထိုအချိန်တွင် မုန်တိုင်းက တဟုန်းဟုန်း တိုက်ခတ်နေဆဲပင်။ လှိုင်းလုံးကြီးများ အဆက်မပြတ် ခုန်တက်လာပြီး ငရဲကမ္ဘာသင်္ဘောသည် ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။ တစ်ခါတစ်ရံတွင် လှိုင်းများတက်လာပြီး လျှင်မြန်စွာ ကျဆင်းသွားတတ်သည်။


အတော်လေး စိတ်လှုပ်ရှားစရာကောင်းလှသည်။


ကောင်းကင်ယံ၌ တိမ်တိုက်များသည် သိပ်သည်း၍ လျှပ်စီးလက်နေသည်။


ထိုရေဝဲ၏ အလယ်ဗဟိုတွင် လျှပ်စီးနဂါးကြီး လှည့်ပတ်နေပုံရသည်။


ဒုန်း...


ထိုလျှပ်စီးနဂါးသည် ချက်ချင်းပင် ကောင်းကင်မှ ဆင်းသက်လာသည်။


ဝုန်း... ဝုန်း... ဝုန်း...


ဝှိုက်တီ သင်္ဘောကုန်းပတ်ပေါ်တွင် ရုတ်တရက်ပေါ်လာပြီး နတ်ဘုရားသတ်တုတ်ကို ကိုင်လျက် မျက်လုံးများအရောင်လက်နေသည်။


ပုဖန် ဝှိုက်တီ့ကို ကြည့်နေစဉ်မှာပင် ၎င်း၏နောက်ဘက်ရှိ သတ္တုအတောင်ပံနှစ်ခု ပွင့်သွားသည်။ ခဏအကြာတွင် ကောင်းကင်ရှိ လျှပ်စီးကြောင်းများဆီသို့ ပျံတက်သွားသည်။


အန္တရာယ် မည်သို့ပင်ရှိစေကာမူ ကြောက်လန့်တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလျှပ်စီးကြောင်းကို ချိန်ရွယ်ထားသည်။


ဝုန်း... ဝုန်း...


ဝှိုက်တီ မုန်တိုင်းတိမ်တိုက်များထဲ ရောက်သွားချိန်တွင် လျှပ်စီးလက်သွားသည်။


အဆုံးမဲ့ပင်လယ်တွင် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသည်။ မုန်တိုင်းကြောင့် ပင်လယ်ကြမ်းပြင်သည် အလွန် စိတ်ဓာတ်ကျနေပုံရသည်။ ဝှိုက်တီ ကောင်းကင်ထက်မှာ ပျံသန်းနေသည့် အချိန်မှာပင် သတ္တဝါများ အသက်ရှူရန် ထွက်လာကြသည်။


နတ်ဘုရားသတ်တုတ်ကို ဝှေ့ယမ်း၍ လျှပ်စီးကြောင်းဆီသို့ ရိုက်သွင်းလိုက်သည်မှာ ထိုလျှပ်စီးကြောင်းကို ဖြိုခွဲချင်နေသည်ဟုပင် ထင်ရသည်။


သို့သော် နားအူစေသော မိုးခြိမ်းသံသည် တဟုန်ထိုး တုန်ခါနေသကဲ့သို့ ကောင်းကင်ကြီးသည် လျှပ်စီးလက်နေသော လျှပ်စီးကြောင်းများ အဆက်မပြတ် ခုန်ဆင်းနေသကဲ့သို့ပင်။


ဝုန်း... ဝုန်း... ဝုန်း...


ရှည်လျားသော လျှပ်စီးကြောင်းများသည်လည်း ဝှိုက်တီ့အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေချင်သကဲ့သို့ပင် ထင်ရသည်။


သို့သော်လည်း ဝှိုက်တီသည် ၎င်း၏တောင်ပံများကို ဖြန့်လိုက်ပြီး ၎င်း၏ဝမ်းဗိုက်တွင်လဲ တွင်းနက်ကြီး ထွက်ပေါ်လာသည်။ ထိုလျှပ်စီးကြောင်းကိုရင်ဆိုင်လျက် ခန္ဓာကိုယ်ကိုဆန့်ထုတ်ကာ လျှပ်စီးကြောင်းကို ချက်ချင်းမျိုချလိုက်သည်။


ဤမြင်ကွင်းသည် မျက်မြင်တွေ့ခဲ့ရသူများ အထူးသဖြင့် သမုဒ္ဒရာမျိုးစိတ် သတ္တဝါများကို တုန်လှုပ်စေခဲ့သည်။ သူတို၏မျက်နှာများသည်နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။


တစ်စုံတစ်ယောက်က အဆုံးမဲ့ပင်လယ်ထက်က လျှပ်စီးကြောင်းတွေကို တကယ်မျိုချနိုင်တယ်တဲ့လား... အဲ့တာကြောက်ဖို့ မကောင်းဘူးလား...


ပုဖန် ခေါင်းအသာယမ်းလိုက်ပြီး လက်ထဲမှ ဂဏန်းပေါင်းပူပူကို လှည့်ကြည့်လိုက်သည်။


ပင်လယ်လေက တိုက်ခတ်နေပြီး ရာသီဥတုသည်လည်း အေးမြလန်းဆန်းနေသည်။ ဤအချိန်တွင် ဂဏန်းပေါင်းစားသည်မှာ အလိုက်ဖက်ဆုံးဖြစ်သည်


ဂဏန်းကိုကိုင်၍ ပုဖန်သည် အသားကို ချက်ချင်းကိုက်လိုက်သည်။


မြည်သံနှင့်အတူ ဂဏန်းအခွံပျော့ကို ကိုက်လိုက်ရာ ဂဏန်းသားနှင့်အခွံပါ ပါးစပ်ထဲသို့ တိုးဝင်သွားသည်။


ဂဏန်းသား ပါးစပ်ထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဂဏန်းရနံ့သည် သူ၏ပါးစပ် နှင့် နှာခေါင်း အတွင်း၌ ပျံ့လွင့်လာသည်။


ဂဏန်းအသားသည် အလွန်နူးညံ့သည်။ 

ဂဏန်းအသားပျော့သည် နှိုင်းမရလောက်အောင် ချောမွေ့ပြီး ဗိုက်ရှိ အခွံသည် ထိုမျှလောက် မမာကြောပေ။ အခွံနှင့် အသား၏ အရသာများသည် ကွဲပြားသည်။


ဤကဲ့သို့ ရာသီဥတုမျိုးတွင် ဂဏန်းဖြူသားစား၍ ဝိုင်ကောင်းကောင်း သောက်နေရသည်ဖြစ်၍ မုန်တိုင်းသည်လည်း အလွန်သာယာနေသည်ဟု ထင်ရလေသည်။