အပိုင်း ၉၄၃
Viewers 53k

အခန်း ၉၄၃

ဖော်ရွေမှုမရှိသော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်


သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်သည် လေထဲတွင် ဝဲပျံနေသည်။ ဤဝိညာဉ်စွမ်းအင်သည် အလွန်ပင် စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားလှသော အရာတစ်ခုအဖြစ် ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။


ပုန်းကွယ်နဂါးတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက ဤနေရာတွင် ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆသည် အမှန်တကယ် မြင့်မားလွန်းသည်။ ၎င်းနှင့် နှိုင်းယှဉ်ရန် နေရာတစ်ခုကို စဉ်းစားနိုင်မည်ဆိုပါက ၎င်းကို ငရဲကမ္ဘာနှင့်သာ နှိုင်းယှဉ်နိုင်သည်။


သို့သော် မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်သည် ငရဲကမ္ဘာနှင့် လုံးဝမတူပေ။ အနည်းဆုံး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သည် ငရဲကမ္ဘာကဲ့သို့ မမှေးမှိန်ပါ။


ကောင်းကင်တွင် နေရောင်ခြည်နှင့် သာယာနေခဲ့ပြီး နက်ပြာရောင်နှင့်အဖြူရောင် တိမ်များ တဖြည်းဖြည်း လွင့်ပျံလာသည်။


သို့သော် ငရဲကမ္ဘာနှင့် နှိုင်းယှဉ်ပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ လူများသည် မဖော်ရွေပေ။


ပုဖန် မျက်တောင်ခတ်လိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်မှ လူများကိုကြည့်လိုက်သည်။


ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူများ၏ စွမ်းအင်သည် အလွန်စွမ်းအားကြီးပုံရသည်။ ၎င်းတို့ထဲမှ အနိမ့်ဆုံးအဆင့်သည် နတ်ဘုရားဝိညာဉ် နယ်ပယ် ကျင့်ကြံခြင်းမှဖြစ်ပြီး အများစုသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှ ဖြစ်ကြသည်။


နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူများစွာသည် ၎င်းတို့အား ဝန်းရံထားသောကြောင့် ၎င်းတို့ထုတ်လွှတ်သော ဖိအားသည် အလွန် ကြီးမားလှသည်။


နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်တွင် မတူညီသော နတ်ဘုရား မီးတောက်အဆင့်များရှိသည်။ ကွဲပြားသော ပမာဏရှိသော နတ်ဘုရားမီးတောက်များ ထွန်းညှိခြင်းဖြင့် ကျင့်ကြံမှု တူညီမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။


ပုဖန်၏ ကျင့်ကြံမှုသည် ဤလူများနှင့်မတူပေ ။ အခြားသူများက ၎င်းတို့၏တိုးတက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် အပြီးသတ်ရန် လိုအပ်သည်။


သူ့တွင်စနစ်ရှိသောကြောင့် အဆင့်တက်ရန်အတွက် သူ၏တိုးတက်မှုကို အပြီးသတ်ရန်မလိုပဲ စီးပွားရေးလုပ်ငန်းများမှ အမြတ်ငွေများသာလိုသည်။


သူသည် နတ်ဘုရားမီးတောက်တစ်ခုမှ ကိုးခုအထိ တိုက်ရိုက် အဆင့်တက်သွားနိုင်သည်။


ထို့ကြောင့် အခြားသူများ၏ ခါးသီးသော အတွေ့အကြုံများကို မခံစားရပေ။


သူ၏ ကျင့်ကြံမှု အဆင့်မြှင့်တင်ခြင်းနှင့်အတူ သူနှင့် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံကြား ချိတ်ဆက်မှု ပိုမိုနက်ရှိုင်းလာသည်ကို ခံစားသိရှိနိုင်သည် ။ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ ရွှေနဂါးဝိညာဉ် သို့မဟုတ် မဟူရာလိပ်ခုံးဒယ်အိုး၏ ဝိညာဉ်လက်နက် ဖြစ်ပါစေ ၎င်းတို့နှစ်ခုလုံးသည် သူ၏ဝိညာဉ်ပင်လယ်အတွင်း ပေါ်လာနိုင်ခဲ့ကြသည်။


သူ၏ စိတ်စွမ်းအင်များနှင့် စွမ်းအားကြီးမားသော စွမ်းအင်ကို ထုတ်လွှတ်ရန်အတွက် အချိန်တိုအတွင်းပင် ဝိညာဉ်များ၏ စိတ်စွမ်းအင်များကို ပေါင်းစပ်နိုင်ခဲ့သည်။


သို့သော်လည်း ပုဖန်သည် အနီရောင်ဝတ်ရုံ၏ ဝိညာဉ်နှင့် မချိတ်ဆက်နိုင်သေးပေ။ အကယ်၍ သူသည် ဝိညာဉ်လက်နက်သုံးခုကို တစ်ပြိုင်နက်တည်း ပေါင်းစပ်နိုင်လျှင် သူ၏စိတ်စွမ်းအင်သည် အလွန်ကြောက်စရာကောင်းသည့်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူခံစားမိသည်။


လေးလေးနက်နက် တွေးတောမိပြီးနောက် အနီးနားပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ငရဲကမ္ဘာသင်္ဘောဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။


ထိုလူများသည် မဖော်ရွေ‌ကြပေ။ သူတို့၏ခန္ဓာကိုယ်တွင် သတ်ဖြတ်မည့် အရိပ်အငွေ့များ ရှိနေကြသောကြောင့် ငရဲကမ္ဘာ သင်္ဘောပေါ်ရှိ ပုဖန်နှင့် နယ်သာရီ၏ မျက်နှာများ တည်ကြည်လာကြသည်။


အကယ်၍ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူ တစ်ဦးတည်းဆိုလျှင် သူတို့သည် ညှိနှိုင်းနိုင်သည် ။ သို့သော် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူ အရေအတွက်များပြားလွန်းပြီး ၎င်းတို့ထဲမှအချို့သည် အသန်မာဆုံး နတ်ဆိုးဘုရင်ထက် မနိမ့်သော တည်ရှိမှုများ ဖြစ်ကြသည်။


ထို့အပြင် ၎င်းတို့ကို ဦးဆောင်လာသောလူသည် အလင်းတံခါး၏ လက်ခံသူထက်ပို၍ အားမနည်းသော စွမ်းအင်များရှိသည်။


ဒီလူတွေ ဘာလုပ်ဖို့ ကြံ‌ရွယ်နေကြတာလဲ...


"ကြည့်ရတာ မင်းတို့တွေထင်တယ်... သခင်ကြီးထုံချန်ရဲ့ ကိုယ်ပွားရုပ်သေးကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်ရဲတယ်ပေါ့...မင်းတို့ သေမျိုးတွေက တကယ် အရှက်မရှိတာပဲ..." 


ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသောလူမှ အေးစက်စွာ ပြောလိုက်သည်။


"ရုပ်သေးကိုယ်ပွားတဲ့လား... မင်းပြောတာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် အဝင်ဝက လက်ခံသူလား..."


 ပုဖန် မျက်မှောင်ကျုံ့၍ အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။


"ဒီအချိန် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထဲကို ဝင်လာတဲ့ သေမျိုးမှန်သမျှကို ဖမ်းဖို့ သခင်ထုံချန်က အမိန့်ပေးခဲ့တယ်... သူတို့ပြန်တိုက်ရင် ငါတို့က သူတို့ကို သတ်ပစ်မယ်..."


ဟိန်းဟောက်သံ ထွက်လာသောအခါ ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏အသံမှာ ရေကန်ကို မရေမတွက်နိုင်သည့် လှိုင်းဂယက်များ ဖြစ်စေသော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာစေသည်။


ဝုန်း...


ခဏအကြာတွင် ငွေရောင်သံချပ်ကာဖြင့် ကျင့်ကြံသူ သုံးဦးသည် အလျင်အမြန် ပြေးထွက်သွားပြီး အမြန်နှုန်းသည် ငွေရောင် လျှပ်စီးကြောင်းများကဲ့သို့ပင်။


လှံရှည်တစ်ချောင်းသည် နဂါးကဲ့သို့ ဖောက်ထွက်လာပြီး ရေကန်ထဲရှိရေများကို ယိုယွင်းသွားသည်ဟုပင် ထင်ရသည်။ 


ပုဖန် ငရဲကမ္ဘာ သင်္ဘော၏ ကုန်းပတ်ရှေ့တွင် ရပ်နေပြီး သူ့ဆီသို့ ချီတက်လာသော လူသုံးယောက်၏ မျက်လုံးများ စိုက်ကြည့်နေသည်။ အလင်းတံခါး၏ လက်ခံသူနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ပြီးနောက် သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသေးသည်။


သူ၏မျက်လုံးများ မှိတ်သွားသည်။ စိတ်ထဲတွင် လှုပ်ရှားနေသော မဟူရာလိပ်ခုံးဒယ်အိုးသည် န္ဓာကိုယ်ရှေ့တွင် မြေသားအဝါရောင် တောက်ပစွာ ဖြာထွက်နေသည်။


ထိုအလင်းတန်းသည် မဟူရာလိပ်ခုံးဒယ်အိုးကို ဖုံးအုပ်ထားရာ ထိုနေရာတွင် လိပ်နက်ကြီးတစ်ကောင် တဖြည်းဖြည်း ခိုင်မာစွာ အမြစ်တွယ်ထားသကဲ့သို့ ခံစားလာရသည်။


ဘောင်း..


ငွေရောင်သံချပ်ကာနှင့် ကျင့်ကြံသူ သုံးဦး၏ မျက်နှာများသည် မဟူရာလိပ်ခုံးဒယ်အိုး၏ ရိုက်ချက်ကြောင့် ချက်ချင်းပင် မှင်တက်သွားသည်။


ကျင့်ကြံသူသုံးဦးသည် ရေကန်ထဲသို့ ပစ်ချခံရကာ ရေများလွင့်စင်သွားပြီး ဆူညံသံ သုံးခုထွက်ပေါ်လာသည်။


ပုဖန်၏ လက်မောင်းပေါ်ရှိ အဖြူအမည်း ပတ်တီးပြေကျသွားပြီး သူသည် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်၍ အဝေးမှလူအုပ်စုကို အေးအေးဆေးဆေး ကြည့်နေသည်။


"ဒါက မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ကလူတွေ ဧည့်သည်ကို ဆက်ဆံတဲ့ပုံလား... ငါ့ကို စိတ်ပျက်စေတယ်..." 


ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။


" မင်း တကယ်ကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့..." 


ငွေရောင် သံချပ်ကာနှင့်လူသည် ပုဖန်ကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။ 


ပုဖန်၏ ကျင့်ကြံမှု့မှာ အမှန်စင်စစ် အလွန်မသန်မာပေ။ သန်မာသည်မှာ ထိုဒယ်အိုး ဖြစ်သည်။


ထိုအမည်းရောင်ဒယ်အိုးကို ကြည့်ရသည်မှာ ပြိုင်ဘက်ကင်း ဖြစ်ဟန်ရှိသည်။


"ဆက်ပြီး တိုက်ခိုက်ကြစမ်း... ဒီကောင် ငါတို့ တိုက်ခိုက်တာကို ဘယ်လောက်အထိ ကာကြာခံနိုင်မယ်ဆိုတာ မြင်ချင်တယ်..."


ငွေရောင်သံချပ်ကာနှင့် ခေါင်းဆောင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ခြင်းပင် လေထုကို ကွဲအက်စေသော အသံများ လေထဲတွင် တုန်ခါသွားသည် ။


ငွေရောင်သံချပ်ကာဝတ် ကျင့်ကြံသူများသည် တစ်ဟုန်ထိုး ပြေးလာကြပြီး ၎င်းတို့၏ရှည်လျားသော လှံများသည် ပုံရိပ်ယောင် ဟင်းလင်းပြင်ကိုပင် ထိုးဖောက်တော့မည်ဟု ထင်ရသည်။


ပုဖန် အသက်ပြင်းပြင်း ရှုပြီးနောက် ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်ပင်လယ်မှာ ဆူပွက်လာသည်။ သူသည် ထိုကျင့်ကြံသူများကို မဟူရာလိပ်ခုံးဒယ်အိုးဖြင့် တိုက်ခိုက်လိုက်သည်။


စစ်မှန်သောစွမ်းအင်များက မဟူရာလိပ်ခုံးဒယ်အိုးထဲသို့စီးဝင်သွားပြီား ဒယ်အိုးသည် တောင်ထိပ်ကဲ့သို့ လေးလံသွားသည် ။ငွေရောင်သံချပ်ကာ ကျင့်ကြံသူများသည် အမှန်တကယ်ပင် မဟူရာလိပ်ခုံးဒယ်အိုးကို ချေမှုန်းရန် ဆန္ဒရှိသော်လည်း ၎င်းတို့အားလုံးကို ရေထဲသို့ ပြုတ်ကျအောင် ပြုလုပ်လိုက်ခြင်းကြောင့် မအောင်မြင်ခဲ့ပေ။


အတိုက်ခိုက်ခံရသည်မှာ သေသည်အထိ မဖြစ်သော်လည်း အကုန်လုံးမူးဝေနေကြသည်။ သူတို့အားလုံး သနားစရာကောင်းသော အခြေအနေသို့ ရောက်ကုန်ကြသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသော ခေါင်းဆောင်၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားသည်။


  " ဒီလူရဲ့ ကျင့်ကြံမှုက အများကြီးမဟုတ်ပေမယ့် သူ့မှာ အတော်လေး ကောင်းမွန်တဲ့ ဒယ်အိုးတစ်ခုရှိတယ်..."


" မင်းတို့နှစ်ယောက်သွားကြ... ဒီသေမျိုးတွေကို ချပစ်စမ်း..." 


ခေါင်းဆောင် သူ၏ဘေးတွင်ရှိသော သံချပ်ဝတ် ကျင့်ကြံသူ နှစ်ယောက်ကို ပြောလိုက်သည်။


ဤနှစ်ယောက်၏ ကျင့်ကြံမှုသည် ကျန်သူများထက် အနည်းငယ် ပိုအားကောင်းသည်ဟု ခံစားမိသည်။ ၎င်းတို့သည် အသန်မာဆုံး နတ်ဆိုးဘုရင်နှင့် တူညီသော အဆင့်တစ်ဝိုက်တွင် ရှိနေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် သည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သာ ဖြစ်သည် ။ ပုန်းကွယ်နဂါးတိုက်ကြီးထက် အနည်းငယ်သာလွန်သည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် အသန်မာဆုံး နတ်ဆိုးဘုရင်သည် တွန်းလှန်၍မရသော တည်ရှိမှုတစ်ခုဖြစ်သော်လည်း လက်တွေ့အားဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ပေါ်ထွက်လာသော ကျင့်ကြံသူနှစ်ဦးသည် အသန်မာဆုံးနတ်ဆိုးဘုရင်ထက် မပျော့ညံ့ပေ။


ဝုန်း... ဝုန်း...


ကျင့်ကြံသူနှစ်ဦး၏ ခြေဖဝါးများသည် ရေမျက်နှာပြင်ပေါ်သို့ လှမ်းတက်ကာ ချက်ချင်းပင် လှိုင်းလုံးများ ပျံ့နှံ့သွားစေခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့၏ခါးပေါ်ရှိ ဓားရှည်များကို ၎င်းတို့၏ဓားအိမ်များမှ ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချွင်ချွင်ဟူသော မြည်သံများ ထွက်လာသည်။ သူတို့၏ တောက်ပနေသော အလင်းဓားများနှင့် ပုဖန်ဆီသို့ ပစ်လိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးကို ရင်ဆိုင်နေရသော်လည်း သူတို့နှစ်ဦး၏ မျက်နှာများသည် ပြောင်းလဲမှု အရိပ်အယောင်မျှ မရှိပေ။ သူတို့သည် ဒယ်အိုးကို ဟန့်တားရန် လုံလောက်သော ယုံကြည်မှုရှိသည်။


သူတို့၏ မျက်လုံးထဲတွင် ပုဖန်၏ နည်းလမ်းမှာ အလွန်ဆိုးရွားလှသည်။ ဂရုမစိုက်ပဲ ကြီးမားသော ဒယ်အိုးကြီးကို လှုပ်ခါ၍ ကြုံသလို တိုက်ခိုက်နေသည်ဟု ထင်ရသည်။


ဤနည်းမျိုးသည် အခြားသူများအပေါ် ထိရောက်မှုရှိနိုင်သော်လည်း စစ်သေနာပတိနယ်ပယ်သို့ ခြေတစ်လှမ်းတစ်ဝက်တွင် တည်ရှိနေသော ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ၎င်းသည် ကလေးကစားနည်းခန့်သာ ဖြစ်နေသည်။


တစ်ခဏချင်းမှာပင် ပုဖန်ကို နှိမ်နင်းနိုင်လိုက်မည်။


သို့သော်...


သူတို့နှစ်ဦး ရေပေါ်တက်လိုက်သည်နှင့် ခေါင်းပေါ်မှ လှိုင်းပုတ်သံကို ကြားလိုက်ရသဖြင့် မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားသည်။


နောက်တစ်ခဏတွင် တောက်ပပြောင်လက်နေသည့် ဦးခေါင်း သူတို့ဆီသို့ တည့်တည့်ရောက်လာတာကို တွေ့လိုက်ရသည်။


အဲ့တာဘာကြီးလဲ...


ခေါင်းပြောင်ကြီးလား...


ကောင်းကင်ပေါ်က ကျလာတဲ့ ခေါင်းပြောင်ကြီးလား... အဲ့တာဘာကြီးလဲ...


ဘုန်း...


ကျင့်ကြံသူနှစ်ဦး အနည်းငယ် မှင်တက်သွားကြသည်။ လက်ဖဝါးကို မြှောက်၍ ကောင်းကင်ပေါ်မှ ကျလာသော ခေါင်းပြောင်ကြီးကို ရိုက်ချင်နေကြသည်။


၎င်းတို့မှာ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံမှု့ကို ယုံကြည်မှု့ ရှိခဲ့ကြသည်။


ဒါပေမဲ့...


အိမ်မက်တွေက ချမ်းသာနေပေမယ့် လက်တွေ့က ခက်ခဲပါတယ်...


ထိပ်ပြောင်နေသော ခေါင်းကြီးကို ထိုနှစ်ဦးမှာ မတားဆီးနိုင်ခဲ့ပေ။ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ရေကန်ထဲသို့ ပျံသန်းကာ ပြုတ်ကျသွားသည်။


ထိုခေါင်းပြောင်ကြီးသည် လူနှစ်ဦးကို တိုက်ခိုက်ပြီး ပျံသန်းအောင် ပြုလုပ်လိုက်သည်။ အံ့ဩဖွယ်ရာပင်...


ခေါင်းပြောင်ကြီး ဆင်းလာပြီးနောက် ရေကန်ပေါ်တွင် လွင့်မျောနေသည်။ သူ၏နောက်၌ မှုန်ကုပ်ကုပ် ပုံသဏ္ဍာန်နှင့်လူက သူ့အားသယ်ဆောင်ထားသည်။


မဟူရာနဂါးဘုရင် မျက်လုံးပြူးသွားသည်။ သူ၏ပါးစပ်ကို တင်းတင်းစေ့ထားပြီး ကျယ်လောင်သော အသက်ရှုသံကိုပင် မထုတ်ဝံ့ပေ။


ဘာတွေဖြစ်ကုန်တာလဲ...


ထူးဆန်းတဲ့ တစ်ခုခုကို တိုက်ခိုက်မိသွားတာလား...


ငရဲဘုရင်အာဟ ဆံပင်ကိုလှန်လိုက်သည်။ သူ၏ရင်ဘတ်ပေါ်ရှိ အဝတ်အစားများကို ကျယ်ကျယ်ဖွင့်ထားပြီး နူးညံ့ပျော့ပျောင်းသော အသားအရေကို ပေါ်လွင်စေသည်။


သူသည် မဟူရာနဂါးဘုရင်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ မျက်နှာတစ်ဝက်ကို အခြားတစ်ဖက်နှင့် ဖုံးအုပ်ပြီး မှုန်ကုပ်ကုပ်မျက်လုံးတစ်ဖက်ကို ပေါ်လွင်စေခဲ့သည်။


ငရဲကမ္ဘာ သင်္ဘောပေါ်တွင် ကြည့်ရှုသူများသည် မဟူရာနဂါးဘုရင်ကို သယ်‌ဆောင်ထားသော ငရဲဘုရင်အာဟကိုကြည့်ကာ နှုတ်ခမ်းထောင့်စွမ်းများတွန့်သွားသည်။


ဒီ လူရွှင်တော်က ဘာလို့ ပေါ်လာတာလဲ...


ဟုတ်ပါသည်... အခုလေးတင် ပေါ်လာသောသူမှာ အခြားမဟုတ်ပဲ ငရဲဘုရင်အာဟပင် ဖြစ်သည်။


" ဒီနဂါးဘုရင်ကို အောက်ချလိုက်စမ်း... နဂါးကနဂါးပဲ မီးအိမ်မဟုတ်ဖူး... မင်းသယ်ဖို့မဟုတ်ဖူး..."


မဟူရာနဂါးဘုရင် ငရဲဘုရင်အာဟ၏ လက်ထဲတွင် ရုန်းကန်၍ အော်ဟစ်နေသည်။  


ငရဲဘုရင်အာဟ မျက်ခုံးပင့်လိုက်သည်။ သူ၏ လက်များ ပြေလျော့သွားပြီး ချက်ခြင်းပင် နဂါးနက်ဘုရင်သည် ရေကန်ထဲသို့ ပြုတ်ကျသွားသည်။ ကျယ်လောင်သည့် အသံနှင့်အတူ ကြီးမားသော ရေလှိုင်းများ လျှံတက်လာသည်။


ဗွမ်း...ဗွမ်း...


မဟူရာနဂါးဘုရင် ငရဲကမ္ဘာ သင်္ဘောရှေ့တွင် ရေကန်ထဲမှ ချက်ချင်း ထလိုက်သည်။


" မင်းပစ်မချခင် ကြိုပြောလို့ မရဘူလား...


သူ ဒေါသအလွန် ထွက်နေသဖြင့် သူ၏ဦးခေါင်းက အလင်းကိုလွှတ်နေပြီး ငရဲဘုရင်အာဟကို ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေသည်။


မဟူရာနဂါးဘုရင်ကို အရူးကဲ့သို့ ကြည့်လိုက်ကာ ငရဲဘုရင် ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် ငရဲကမ္ဘာ သင်္ဘောပေါ်သို့ တက်လိုက်သည်။


ခဏကြာသောအခါ ငရဲဘုရင်အာဟ သူ၏သမီးပါးကို ဆွဲလိုက်သည်ကိုမြင်သဖြင့် နဂါးဘုရင်၏ မျက်လုံးများ ပြူးသွားသည်။


ထိုအချိန်တွင် နဂါးဘုရင်သည် သူ၏အသက်ကို ပေးဆပ်၍ ငရဲဘုရင်အာဟကို တိုက်ခိုက်ချင်သွားသည်။


" ပန်းပွင့်လေး ဝလာပြန်ပြီ...ကြည့်ရတာ ကောင်လေးပုဖန် နောက်ကိုလိုက်ရင်း အစားကောင်းတွေစားရလို့ ထင်တယ်..."


 ငရဲဘုရင်အာဟ ကလေးမလေး၏ ပါးကိုဆွဲဆိတ်၍ ပြုံးကာ ပြောလိုက်သည်။


ပန်းပွင့်လေးက ငရဲဘုရင်ကို မျက်စောင်းထိုးလိုက်ပြီး ‌ခွေးဘုရင်၏ ပေါင်ကို ပွေ့ဖက်ကာ "ဟမ့်..." ဟူသော အသံပြုလိုက်သည်။


"သမီးလေး... ဖေဖေရောက်လာပြီ... ဖေဖေ့ကို လွမ်းနေလား..."


မဟူရာနဂါးဘုရင် ငရဲကမ္ဘာ သင်္ဘောပေါ်တက်၍ ပန်းပွင့်လေးကို ချစ်ခင်သော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ သို့သော်လည်း ပန်းပွင့်လေးသည် သူ့ကို လျစ်လျူရှု့ထားသည်မှာ သိသာလှသည်...


ပုဖန် ငရဲဘုရင်အာဟကို ကြည့်၍ ခေါင်းအသာအယာ ငြိမ့်ပြလိုက်သည်။


" တကယ်တော့ ဒီဘုရင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို မဝင်ချင်ပါဘူး... ဒီဘုရင်ရဲ့ ကြန်အင်လက္ခဏာတွေကလည်း သာမန်မဟုတ်ဖူးလေ... ဒါပေမဲ့ ငါ့ရဲ့ ရှူးရှဲအစပ်ချောင်းတွေ ကုန်သွားပြီ အဲ့တာတွေမရှိတဲ့နေ့ကို စိတ်တောင်မကူးကြည့်ရဲဖူးဘူး...အဲ့တာကြောင့် သေချာ ဂရုတစိုက် တွေးပြီးမှ ဒီဘုရင် ရောက်လာခဲ့တာ... ဒီတစ်ခါ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ပထမဆုံးဝင်ဖူးတာပဲ...ဒါပေမဲ့ အဲ့ခွေးရူးကတော့ အကြိမ်ရေ အနည်းငယ်ရောက်ဖူးတယ်..." 


ငရဲဘုရင်အာဟ ပြောလိုက်သည်။


ခွေးဘုရင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကို အရင်ရောက်ဖူးတာလား... ပုဖန် ဒါကို မျှော်လင့်ခဲ့တာ ကြာပါပြီ... ဒီလိုဖြစ်ရင်တောင် သိပ်ထူးဆန်းနေမှာ မဟုတ်ပါဘူး...


ခပ်လှမ်းလှမ်းတွင် ငွေရောင်သံချပ်ကာ ခေါင်းဆောင်၏ မျက်နှာသည် ပြာမှုန်နေ၏ ။


ဒါတွေအားလုံးက ဘာကြီးလဲ...


သူ၏ အရည်အချင်းအရှိဆုံး လက်အောက်ငယ်သားများသည် တစ်စုံတစ်ဦး၏ မိုက်မဲစွာ တိုက်ခိုက်ခြင်း မခံရမီ ၎င်းတို့၏ လှုပ်ရှားမှုများကို အမှန်တကယ် အသုံးမချနိုင်ခဲ့ကြပေ။


ဒီသေမျိုးကောင်တွေက သူ့လက်အောက်ငယ်သားတွေကို ငတုံးဖြစ်အောင် ဘယ်လိုလုပ်လိုက်တာလဲ...


အခုခေတ် သေမျိုးတွေကပဲ အံ့ဩစရာ ကောင်းလွန်း‌နေတာလား...


သောက်ကျိုးနဲ... ကြည့်ရတာ သခင်ကြီးထုံချန်ကို ရှင်းပြဖို့ ဒီခေါင်းဆောင်ပဲ ကိုယ်တိုင် လှုပ်ရှားရမယ့်ပုံပဲ... 


"ပြေးဖို့ မစဉ်းစားနဲ့ သေမျိုးတွေ..."


 ငွေရောင်သံချပ်ဝတ် ခေါင်းဆောင်သည် ခြိမ်းခြောက်သော လေသံဖြင့် ပြောလိုက်သည်။


နောက်တစ်ခဏတွင် သူ၏လက်ထဲ၌ ရှည်လျားသည့် ငွေရောင်လှံ ပေါ်လာသည်။ ရှည်လျားသောလှံကို ငွေရောင် နဂါးခေါင်းဖြင့် ရေးထွင်းထားကာ အတော်လေး စိတ်အားထက်သန်မှု ရှိနေသည်။


ဝုန်း...


ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ထိုခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ထားသည့် စွမ်းအင်တစ်ခု ထွက်လာသည်နှင့်အမျှ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုက ရေကန်ကို လှုပ်ခတ်သွားစေသည်။


" အကုန်လုံး ငါ့အမိန့်ကို နာခံကြ...တူတူချီတက်ကြ... ဒီသေမျိုးတွေကို အသေရရ အရှင်ရရ ဖမ်းကြစမ်း..." 


ခေါင်းဆောင်သည် သူ၏လက်ထဲ၌ လှံရှည်ကို ဝှေ့ယမ်း၍ ဟစ်ကြွေးကာ ပြေးလာသည်။


ရား...


ငရဲကမ္ဘာသင်္ဘော ပတ်၀န်းကျင်ရှိ ငွေရောင်သံချပ်ကာ ကျင့်ကြံသူများ အားလုံး တညီတညွတ်တည်း အော်ဟစ်ကြသည်။ ဤအခိုက်အတန့်တွင် လေထုသည် တင်းမာနေသဖြင့် လူများကို အနည်းငယ် ထိတ်လန့်သွားစေသည်။


စွမ်းအင်စီးကြောင်းများက မြင့်တက်လာပြီး လူတို့၏နှလုံးကို ထိတ်လန့်ကာ ကြောက်ရွံ့တုန်လှုပ်စေသည်။


မဟူရာနဂါးဘုရင် ကြောက်လန့်တကြား မျက်လုံးများ ပြူးကျယ်သွားသည်။


ဘာတွေဖြစ်ကုန်တာလဲ...


နဂါးဂိတ်ဝက သွေးသောက်တွေက မဖော်ရွေကြပါလား... သူ့အဖေ ပြောပြဖူးတာနဲ့ နည်းနည်းကွာခြားနေတယ်...


ငရဲဘုရင်က ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့သည်။ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ကို ပထမဆုံးအကြိမ် ရောက်ဖူးသူတစ်ယောက်အနေနှင့် အရာရာသည် အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို တွေ့ကြုံနေရသည်ဟု ခံစားနေရသည်။


ပုဖန်သည် ပရိသတ်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ညင်သာစွာ အသက်ရှူထုတ်လိုက်ပြီး သူ၏ မဟူရာလိပ်ခုံးဒယ်အိုးကို ထိန်းလိုက်သည်။


ထို့နောက် ငရဲဘုရင်အာဟဘက်သို့ လှည့်ကာပြောလိုက်သည်။ 


" မင်းလှုပ်ရှားဖို့အတွက် ရှူးရှဲအစပ်ချောင်း ငါးချောင်းပေးမယ်..."


ငရဲဘုရင်အာဟ၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး နှုတ်ခမ်းထောင့်များက ပြုံးပြလိုက်သည် ။


 " နှစ်ချောင်းထပ်ထည့်လိုက် အများကြီးရှိတာပဲကို..."


ပုဖန် အေးခဲသွားသည်။ ဒီလူပြက်ကောင် ငရဲဘုရင်က ဈေးဘယ်လို ဆစ်ရမယ်ဆိုတာကို သင်ထားတာပဲ..."


ဒါပေမဲ့ သူစိတ်ထဲမထားပေ...


" ကောင်းပြီလေ ... ရှူးရှဲအစပ်ချောင်း ခုနှစ်ချောင်းပေါ့... အကုန်လုံးကို ချပစ်လိုက်..."