အပိုင်း ၉၄၇
Viewers 53k

အခန်း ၉၄၇

စားဖိုမှူးတောင်မဟုတ်ပဲ လူတွေကို အရောဝင်ဖို့ ကြိုးစားနေတာလား...


ဘယ်ဘက်လက်တွင် ဖားနတ်ဆိုးအသား ညာဘက်တွင် သွေးကျောက်ပုစွန်နှင့် သူ၏လည်ပင်းတစ်ဝိုက်တွင် ပေါက်ကွဲမီးတောက်ငရုတ်သီး ကြိုးတစ်ကြိုး...


ပိုင်ရှင်ပု မင်းရဲ့အသွင်ပြင်က ရယ်စရာကောင်းနေတယ်လို့ မထင်ဘူးလား...


ငါတို့သိတဲ့ အေးစက်စက်နဲ့ မြင့်မြတ်တဲ့ ပိုင်ရှင်ပု ဟုတ်ရဲ့လား...


ယခု ပုဖန်၏ အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ မဟူရာနဂါးဘုရင်နှင့် ကျန်လူများ အားလုံး  

၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားကြသည်။ ငရဲဘုရင်အာဟသည် ကျယ်လောင်စွာ ရယ်မောလျက် သူ၏မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။


သို့သော် ထိုမိန်းကလေးသည် မရယ်မောသည့်အပြင် ပုဖန်၏ အသွင်အပြင်ကြောင့် အံ့အားသင့်သွားခဲ့သည်။


ဒီလူက ပါဝင်ပစ္စည်းတွေ အများကြီးကို ထုတ်ထားတာလား...


ဒါပေမဲ့ ဒီလူတွေမှာ ပါဝင်ပစ္စည်းတွေ အများကြီးရှိတာပဲ ဘာလို့ အင်မော်တယ်သလင်းကျောက်တွေ မရှိရတာလဲ...


မသေမျိုးမြို့တော်တွင် အင်မော်တယ် သလင်းကျောက်များနှင့် လဲလှယ်ရန် ပါဝင်ပစ္စည်းများကို အသုံးပြု၍ ငွေရှာသည်မှာ အသုံးအများဆုံးနည်းလမ်းဖြစ်သည်။ ပြည်သူများ နေ့စဉ် မြို့ဂိတ်ဝမှ ဝင်ထွက်သွားလာနေရသည့် အကြောင်းရင်းမှာ ပါဝင်ပစ္စည်းများကို ရှာဖွေ၍ ရောင်းချရန် ဖြစ်သည်။


ဒါပေမယ့် ဒီလူတစ်စုက အစားအသောက်တွေစားဖို့ ပါဝင်ပစ္စည်းတွေကို စားသောက်ဆိုင်ထဲအထိ သယ်လာတယ်။ ‌အင်မော်တယ် သလင်းကျောက်တွေရအောင် ရောင်းဖို့ အဲ့လောက်တောင် ပျင်းနေတာလား...


ပုဖန်သည် ပါဝင်ပစ္စည်းများကို အမှန်တကယ် ထုတ်ယူမည်ဟု မိန်းကလေးက မထင်ခဲ့ပေ။ ပါဝင်ပစ္စည်းများ ပတ်ပတ်လည်တွင် လည်ပတ်နေသော ဝိညာဉ်စွမ်းအင်ကို ကြည့်လိုက်ရာ မိန်းကလေး၏ မျက်နှာမှာ တင်းမာပြီး စိုးရိမ်နေပုံပေါ်သည်။


သို့သော် ပုဖန်ကို သူမ မငြင်းခဲ့ပေ။ ယင်းအစား သူမသည် ပုဖန်အား အလေးအနက်ထားကြည့်ကာ ပြောခဲ့သည်။


 " ဒီမှာ ခဏစောင့်နေပါဦး ဒီပါဝင်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေကို ကျွန်မ အကဲဖြတ်လို့မရဘူး ဒါကြောင့် ကျွမ်းကျင်တဲ့စားဖိုမှူးကို သွားရှာလိုက်ဦးမယ်..."


မိန်းကလေးသည် အချက်အပြုတ်ကျွမ်းကျင်ပုံမပေါ်သောကြောင့် ပါဝင်ပစ္စည်းများ၏ စျေးနှုန်းကို သူမ နားမလည်ပါ။ ထို့ကြောင့် သူမသည် အလွယ်တကူ ဆုံးဖြတ်ချက်မချဝံ့ပေ။


မသေမျိုး သလင်းကျောက်ခုနစ်ခုသည် များစွာမဟုတ်သော်လည်း ၎င်းကို မည်သည့်ပါဝင်ပစ္စည်းများနှင့်မဆို လဲလှယ်၍ရမည်ဟု မဆိုလိုပါ။


" အဆင်ပြေပါတယ်... သွားပါ ငါတို့စောင့်နေမယ်..."


ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။


မိန်းကလေးက ခေါင်းညိတ်ပြသည်။ သူမ နှုတ်ခမ်းကို ကိုက်ရင်း မီးဖိုခန်းဘက်သို့ မလှည့်မီ ပုဖန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။


ခဏအကြာတွင် မိန်းကလေးသည် လူတစ်ဦးကို ခေါ်ဆောင်လာသည်။


ထိုလူသည် အရပ်ရှည်ပြီး သန်မာသူတစ်ဦး ဖြစ်သည်။ သူ၏တစ်ကိုယ်လုံး ကြွက်သားများဖြင့် ပြည့်နှက်နေပြီး စားဖိုမှူးအင်္ကျီလက်စများကို ဆုတ်ဖြဲကာ သန်မာသော လက်နှစ်ဖက်ကို ပေါ်လွင်နေစေသည်။


ထိုလူသည် မီးဖိုချောင်မှ ထွက်လာပြီး ကောင်မလေးနောက်မှ လိုက်လာသည်။ သိပ်မကြာခင်မှာပင် ပုဖန်နှင့် အခြားသူများရှေ့သို့ ရောက်လာသည်။


"အစ်ကိုကြီး... ဒီလူအုပ်စုက ပိုက်ဆံအစား ပါဝင်ပစ္စည်း ပေးမယ်တဲ့..." 


အသားလုံးပုံစံ ဆံပင်နှင့် မိန်းကလေးက ပြောလိုက်သည်။


ပုဖန် သူ၏ခန္ဓာကိုယ်မှ ပါဝင်ပစ္စည်းများကို ဖယ်ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ နောက်ဆုံးတွင် ထိုနည်းအတိုင်း ပါဝင်ပစ္စည်းများကို ကိုင်ဆောင်ထားခြင်းဖြင့် သူ၏ လက်ရှိအခြေအနေတွင် အထောက်အကူဖြစ်မည်မဟုတ်ပေ။


ထိုသန်မာသောလူ ပေါ်လာပြီးသည်နှင့် ပုဖန်သည်လှည့်ကြည့်ရန် အလိုအလျောက် ခေါင်းလှည့်သွားခဲ့သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များ ချက်ချင်းပင် စူးရှလာသည်။


ဒီလူရဲ့ စိတ်စွမ်းအင်က တော်တော်သန်မာတာပဲ...


သူ့ထက် အနည်းငယ် အားနည်းနေသေးသော်လည်း ကြေးနန်းတော်တွင် တွေ့ဖူးသည့် လျှို့ဝှက်ဆန်းကြယ်သော စားဖိုမှူးမှလွဲ၍ ဤကဲ့သို့သော ပြင်းထန်သော စိတ်စွမ်းအင်မျိုးဖြင့် သူတွေ့ဆုံခဲ့သော ပထမဆုံး စားဖိုမှူးဖြစ်ခဲ့ပါသည်။


"ကျသင့်ငွေကို ပါဝင်ပစ္စည်းနဲ့ ပေးချေချင်တာ ဒီတစ်ယောက်လား...ဒီစားသောက်ဆိုင်မှာ အဲ့လိုမျိုးစည်းကမ်းချက်တော့ မရှိပေမယ့် ပါဝင်ပစ္စည်းက အရည်အသွေးကောင်းရင် ဖြစ်နိုင်ပါတယ်..." 


ထိုလူကပြောလိုက်သည်။


ဤလူသည် အေးစက်နေပြီး သူ၏ကြံ့ခိုင်သော အသွင်အပြင်နှင့် အနည်းငယ် ကွဲပြားနေသည်။


သို့သော် ထိုလူထက် ပုဖန်ကပို၍ အေးစက်သည်။ သူသည် ခေါင်းကိုသာငြိမ့်၍ စကားတစ်လုံးမျှ မပြောပဲ စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းများကို ညွှန်ပြလိုက်သည်။


ဟမ်...


ပုဖန်၏တုံ့ပြန်မှု့သည် အေးစက်၍ စိုးရိမ်ခြင်းကင်းသော အမူအရာ ဖြစ်နေမည်ဟု မထင်ထားပေ။ ကြည့်ရတာ သူ့ရဲ့ ပါဝင်ပစ္စည်းတွေကို ယုံကြည်ချက် ရှိပုံရတယ်...


သန်မာသောလူ၏ အမြင်အာရုံသည် ပုဖန်ကို ဖြတ်သွားကာ အနောက်မှ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။


တစ်ချက်ကြည့်လိုက်ရုံဖြင့် သန်မာသောလူသည် အနည်းငယ် အံ့အားသင့်သွားသည်။


အဘယ်ကြောင့်ဆိုသော် ထိုပါဝင်ပစ္စည်းများမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့သွားခြင်းကြောင့် ဖြစ်သည်။ သူတို့သည် အမှန်ပင် သာမန်မဟုတ်ပေ။


သို့သော်… သန်မာသောလူကို အဆွဲဆောင်နိုင်ဆုံးအရာမှာ ပေါက်ကွဲမီးတောက်ငရုတ်သီး ဖြစ်သည်။


ပေါက်ကွဲမီးတောက်ငရုတ်သီးများသည် မီးလောင်နေသည့် မီးပုံးများကဲ့သို့ဖြစ်ပြီး ထိုလူ၏မျက်လုံးများကို ဆွဲဆောင်နေပါသည်။


ဒီငရုတ်သီးတွေရဲ့ အရည်အသွေးက တော်တော်လေး ကောင်းမယ့်ပုံပဲ...


ထမင်းစားပွဲဆီသို့ လျှောက်လာလျက် ထိုလူ၏ အတွေးများ လှုပ်ရှားနေသည်။ သူ၏ခန္ဓာကိုယ်တွင် ဖိအားများနှင့် ပြည့်နှက်နေပြီး မဟူရာနဂါးဘုရင်သည်ပင် အမှတ်တမဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။


ပေါက်ကွဲမီးတောက်ငရုတ်သီးကို ကောက်ယူလိုက်‌သောအခါ သူ၏လက်ထဲတွင် နွေးထွေးသော ခံစားမှုလှိုင်းတစ်ခု ရှိနေပြီး အထဲတွင် မီးတောက်တစ်ခု အမှန်တကယ် တောက်လောင်နေသကဲ့သို့ ဖြစ်နေသည်။


ထို့အပြင် ၎င်းတို့အားလုံးသည် ဖောင်းကားနေပြီး ၎င်းကို ပတ်ပတ်လည်တွင် လည်ပတ်နေသော ဝိညာဉ်စွမ်းအင်များဖြင့် အလွန်ကောင်းမွန်သော ပါဝင်ပစ္စည်းဖြစ်သည်။


အနည်းဆုံး သူ၏မီးဖိုချောင်၌ ပြင်ဆင်ထားသော ငရုတ်သီး ပါဝင်ပစ္စည်းများထက် အများကြီး ပိုကောင်းသည်။


"အရမ်းကောင်းတယ်... တော်တော်လေးကောင်းတယ်..."


ထိုကဲ့သို့ ငရုတ်သီးမျိုး အမှန်တကယ် ရနိုင်လိမ့်မည်လို့ သူမထင်ခဲ့မိပေ။ စားဖိုမှူးတစ်ယောက်အနေနှင့် ပါဝင်ပစ္စည်းကောင်းကောင်း ရနိုင်ခြင်းသည် ပျော်ရွှင်စေသော အရာဖြစ်၍ ထိုယောက်ျား၏နှလုံးသားမှာ ရွှင်လန်းမှုလှိုင်းကို ခံစားလိုက်ရသည်။


" အိုး…ဒါက နတ်ဆိုးသားရဲ ပါဝင်ပစ္စည်းလား..."  


ထိုလူ၏ အကြည့်သည် ဖားနတ်ဆိုးသားပေါ် သို့ ကျရောက်သွားသည်။


ကြည့်ရသည်မှာ ဤအရာသည် အမှန်တကယ်ပင် နတ်ဆိုးသားရဲ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။ ထို့အပြင် ၎င်း၏ဝိညာဉ်စွမ်းအင်သည် အလွန်သိပ်သည်းသောကြောင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အတွင်းရှိ ပါဝင်ပစ္စည်းများ၏ အထွတ်အထိပ်ဟု ယူဆနိုင်သည်။


ဤပါဝင်ပစ္စည်းအမျိုးအစားသည် အင်မော်တယ် သလင်းကျောက်အနည်းငယ် တန်ဖိုးရှိသည်။


ဤလူငယ် ယုံကြည်မှု ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။ ဤပါဝင်ပစ္စည်း အနည်းငယ်သည် ၎င်းတို့၏ စားသောက်စရိတ်ကို ကာမိရန် အမှန်တကယ် လုံလောက်ပါသည်။


" ကောင်းပြီ... ဒီပါဝင်ပစ္စည်းတွေက လုံလောက်ပါတယ်..." ထိုလူကပြောလိုက်သည်။


" ဒီနတ်ဆိုးသားရဲရဲ့ အသားက အင်မော်တယ် သလင်းကျောက်သုံးခု ဒီငရုတ်သီးကလည်း သုံးခုပဲ အင်း... ဒီနောက်ဆုံး ဟာကဘာလဲ..." ထိုလူသည် မျက်ခုံးများတွန့်ချိုး၍ သွေးကျောက်ပုစွန်များကို ကြည့်နေသည်။


စားဖိုမှူးလုပ်လာသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဤပါဝင်ပစ္စည်းအမျိုးအစားကို မတွေ့ဖူးသေးပါ။


အဲ့တာဘာလဲ... ပင်လယ်စာများလား...


ပင်လယ်စာက ဘယ်လိုဖြစ်လို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာမှာ ပေါ်လာရတာလဲ...


ဒီလူတွေက တကယ်ကို ဘယ်လိုလူတွေပါလိမ့်...


" ဒီနောက်ဆုံးတစ်မျိုးကို ဘယ်လောက်တန်လဲ မပြောနိုင်လို့လား... အမှန်တိုင်းပြောရရင် ဒီဟာကို ဟင်းလျာတစ်ခု ချက်ပြုတ်မယ်ဆိုရင် သူ့ရဲ့အရသာက ဖားနတ်ဆိုးအသားနဲ့ ပေါက်ကွဲမီးတောက်ငရုတ်သီးတို့ထက်တောင် ပိုကောင်းပါတယ်..." ထိုလူသည် စူးစမ်းနေသည်ဟု ခံစားရ၍ ပုဖန်က မျက်ခုံးများပင့်ကာ ဖြေလိုက်သည်။


ထိုအရာသည် သွေးကျောက်ပုစွန် ဖြစ်သည်။ ပုဖန်၏အမြင်အရ သွေးကျောက်ပုစွန်အစပ် သို့မဟုတ် သွေးကျောက်ပုစွန်နှပ် ချက်သည်ဖြစ်စေ ဖားနတ်ဆိုးမွှေကြော်ထက် အရသာ ပို၍ကောင်းသည်။


ဖားနတ်ဆိုးအသားကို အသုံးပြုသည့် နည်းလမ်းများစွာ ရှိသည်။ သို့သော် ထိုနည်းလမ်းများ အသုံးပြုလျှင် သွေးကျောက်ပုစွန်အစပ်ထက် ပိုဆိုးလိမ့်မည် မဟုတ်ပေ။


သို့သော် ထိုနည်းလမ်းသည် ငရုတ်သီးကို ကောင်းမွန်စွာ အသုံးပြုရန်လိုအပ်ပြီး သေချာစွာကိုင်တွယ်ရန်လည်း လိုသည်။ ယေဘုယျအားဖြင့် ထိုလုပ်ငန်းစဉ်သည် အနည်းငယ် ဦးနှောက်စားသည်။


"ဒီကစားစရာက ချက်ပြုတ်လို့ရတယ်လား..."


သန်မာသောလူသည် ပုဖန် 

ကို စိုက်ကြည့်လျက် မျက်ခုံးတစ်ချက်ပင့်ကာ စကားမပြောမီ အသက်ပြင်းပြင်းရှုလိုက်သည်။ 


" မင်းရော စားဖိုမှူးပဲလား..."


ပုဖန် မျက်မှောင်ကျုံ့လိုက်သည်။ နောက်ဆုံးတော့ တစ်ယောက်ယောက်က သူ့ကိုမေးပြီပဲ...


ရုတ်တရက် သူ၏ရင်ထဲတွင် မဖော်ပြနိုင်သော ခံစားချက်တစ်မျိုး ပေါ်လာသည်။ 


မင်းကရိုးသားစွာ မေးတယ်ဆိုတော့လည်း...


ပုဖန် သူ၏ကိုယ်မှ အနီရောင်ဝတ်ရုံကို သပ်လိုက်ချိန်တွင် သူ၏ဆံပင်များ ဖြည်းညှင်းစွာ လှုပ်ခါသွားပြီး လက်ပိုက်ကာ ခေါင်းကိုမော့လိုက်သည်။ သူ့ထက် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်နေသော ကြံ့ခိုင်သည့်လူကို ကြည့်လိုက်ကာ အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။


"အစစ်အမှန်မဟုတ်ဘူးဆို အစားထိုးလဲလှယ်ပေးပါမယ်...ကျွန်တော်က စားဖိုမှူးတစ်ယောက်ပါ..."


ထိုယုံကြည်မှု ခံ့ညားသော အမူအရာ...


ထိုလူ၏ မျက်လုံးများ မှေးမှိန်သွားကာ ပုဖန်သည် ကျန်သူများနှင့်မတူကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။


ထိုကဲ့သို့ ယုံကြည်မှုကို ၎င်းတို့၏ ကျွမ်းကျင်မှုအပေါ် ယုံကြည်ချက်ကြီးမားသော စားဖိုမှူးများသာ ပိုင်ဆိုင်သည်။ မသေမျိုးချင်ပြုတ်ခြင်းနယ်ပယ်မှာ ဘယ်လိုစားဖိုမှူးမျိုးက သူတို့ရဲ့ ကိုယ်ပိုင်ချက်ပြုတ်နည်းကို ယုံကြည်မှုရှိမှာလဲ...


ဒီလူက မသေမျိုးစားဖိုမှူးများလား...


သို့သော် သူသည်ပုဖန်၏ ခန္ဓာကိုယ်မှ မသေမျိုးစွမ်းအင်၏ လက္ခဏာများကို မခံစားရပေ။ ထို့ကြောင့် မေးခွန်းထုတ်စရာမလိုပဲ ထိုသူမှာ မသေမျိုးစားဖိုမှူး မဟုတ်ကြောင်း သိလိုက်ရသည်။


သို့သော်… မသေမျိုးစာဖိုးမှူး၏ အောက်အဆင့်ရှိ စားဖိုမှူးတစ်ဦးသည် ဘယ်အခြေခံကြောင့် ဤမျှယုံကြည်မှု ရှိနေသနည်း...


"တွေ့ရတာဝမ်းသာပါတယ်... ဒီပစ္စည်းက ပါဝင်ပစ္စည်းလို့ ပြောတာ... ကျွန်တော့်ကို ရှင်းပြနိုင်မလား... မဟုတ်ရင် ဒီပစ္စည်းရဲ့ စျေးနှုန်းကို အကဲဖြတ်လို့ မရဘူး..."  


ကျွန်တော်က ရွှမ်ယွမ်ရှားဟွေ့ပါ ဒါက ကျွန်တော့် ညီမလေး ရွှမ်ယွမ်ရွှမ်ပါ..." 


ပုဖန်မှာ သာမန်မဟုတ်ဟု ခံစားမိသောကြောင့် ထိုလူသည် နောက်ဆုံးတွင် သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။ သူ၏ညီမကိုလည်း အဆင်ပြေသလို မိတ်ဆက်ပေးလိုက်သည်။


ဆံပင်ကို အသားလုံးကဲ့သို့ စည်းထားသည့် ရွှမ်ယွမ်ရွှမ်မှာ ချက်ချင်းပင် အစ်ကိုဖြစ်သူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


သူမ၏အစ်ကိုမှာ ထမင်းအလကားစား၍ ထွက်ပြေးမည်ဟုကြံစည်သော လူများကို သူ၏ နာမည်ပြောပြမည်ဟု မထင်ခဲ့ပေ။


ဒီမျက်နှာသေနဲ့လူဆီမှာ ဆန်းကြယ်တာ တစ်ခုခု ရှိနေတာများလား...


"ကျွန်တော်ကပုဖန်ပါ..." 


ပုဖန်ခေါင်းငြိမ့်၍ သူ၏နာမည်ကို ပြောလိုက်သည်။


ငရဲဘုရင်အာဟက ရှူးရှဲအစပ်ချောင်းကိုထုတ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် လက်ကိုမြှောက်၍ မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားပြီး ရွှမ်ယွမ်ရွှမ့်ရှေ့သို့သွားကာ မှုန်ကုတ်ကုတ် ပြောလိုက်သည်။


 " ညီမလေး... ဒီအစ်ကိုကြီးက ငရဲဘုရင်အာဟလို့ခေါ်တယ်... တွေ့ရတာ ဝမ်းသာပါတယ်..."


"ရှင်ကရော စားဖိုမှူးလား..."


တဖြည်းဖြည်း နီးကပ်လာသော ငရဲဘုရင်အာဟကို ကြည့်၍ ရွှမ်ယွမ်ရွှမ် မေးစေ့ကိုမော့ကာ "ဟမ့်..." ဟူသည့် အသံပြုလိုက်သည်။


ငရဲဘုရင်အာဟ ချက်ချင်းအေးခဲသွားသည်။


"ဟုတ်တယ်ထင်တာပဲ..." 


ငရဲဘုရင်အာဟသည် ရယ်မောလျက် ပြောလိုက်သည်။


မူလက စားဖိုးမှူးဖြစ်သည်ဟု ပြောရန် တွေးလိုက်သော်လည်း ယခင် သူပြုလုပ်ခဲ့သော အမဲရောင် အစပ်ချောင်းများကို စဉ်းစားမိသွား၍ ယုံကြည်ချက် လျော့နည်းသွားသည်။


"ထင်တာပဲဟုတ်လား... အဲ့တာဆို မဟုတ်ဖူးပေါ့... စားဖိုမှူးတောင် မဟုတ်ပဲနဲ့ တခြားသူတွေနဲ့ အရောဝင်ဖို့တွေးနေသေးတယ်..." 


ရွှမ်ယွမ်ရွှမ့် ကျိတ်ရယ်လိုက်သည်။


ငရဲဘုရင်အာဟသည် အလွန်ချောမောသော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ချောမောသူ ပေါများလှသည်။


ငရဲဘုရင် တအံ့တဩကြည့်လိုက်မိသည်။ ဒီအရုပ်လေးက တော်တော် သတ္တိရှိတာပဲ...


သူမက အရောဝင်နေတယ် ထင်တာလား... ဒီဘုရင်က သူငယ်ချင်းအသစ်‌တစ်ယောက် လိုချင်ရုံပါ...


ထို့ကြောင့် အထင်ကြီးစရာကောင်းအောင် ပြုလုပ်ချင်သော်လည်း မအောင်မြင်ချင်ကြောင့် ငရဲဘုရင်အာဟ သည် ကိုးရို့ကားယား ပြုံးလိုက်သည်။ သို့သော်လည်း သူ၏ပါးစပ်ထဲတွင် ရှူးရှဲအစပ်ချောင်းကို ဆက်လက်ကိုင်ဆောင်ထားပြီး နယ်သာရီ့အနားသို့ ပြန်ဆုတ်သွားခဲ့သည်။


ပိုမြင့်မြတ်၍ အေးစက်သော မိန်းကလေးနယ်သာရီ ရှိသေးသည်။


ရွှမ်ယွမ်ရှားဟွေ့ သည် ငရဲဘုရင်အာဟကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်မှာ ပုဖန်ပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူသည် သွေးကျောက်ပုစွန်ကို ညွှန်ပြပြီး ရှင်းပြချက်ပေးရန် နောက်ကွယ်မှ အချက်ပြနေသည် ။


သွေးကျောက်ပုစွန်ကို မသိကြဘူးလား...


ပုဖန် မျက်ခုံးပင့်လိုက်သည်။


" မီးဖိုချောင် ဘယ်မှာလဲ..." 


ပုဖန်သည် ရွှမ်ယွမ်ရှားဟွေ့၏ မေးခွန်းကို မဖြေပဲ မေးလိုက်သည်။


" ရှိပါတယ်... ဒါပေမဲ့ မင်းဝင်လို့ မရဘူး..."


 ရွှမ်ယွမ်ရှားဟွေ့ ခေါင်းငြိမ့်ပြီး ဆက်ပြောလိုက်သည်။


 "မင်းက မသေမျိုး မီးဖိုချောင် အဆောက်အဦးကနေ အဆင့်သတ်မှတ်ထားတဲ့ စားဖိုမှူးတစ်ဦးဖြစ်ကြောင်း သက်သေမပြနိုင်ရင် မီးဖိုချောင်ကို မဝင်ရဘူး..."


မဝင်ရဘူးတဲ့လား...


ပုဖန် စိတ်မဆိုးပဲ ပခုံးကိုသာ တွန့်ပြလိုက်သည်။ မဝင်ရဘူးဆိုရင် မဝင်ရုံပဲပေါ့...


ခဏအကြာတွင် သူ၏လက်ထဲ၌ သွေးကျောက်ပုစွန် တချို့ပေါ်လာသည်။ ဤသွေး‌ကျောက်ပုစွန်များသည် ထမင်းစားပွဲ၏ထိပ်တွင် စုပုံနေပြီး ရှုပ်ယှက်ခတ်စွာ ခုန်တက်သွားလာကြနေ 

သည်။


ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများ ရုတ်တရက် ပြူးသွားသည်။


ပုဖန်ဘာလုပ်ဖို့ ကြံနေတာလဲ...


သို့သော်လည်း သူသည် အချိန်အကြာကြီး စပ်စုနေရန် မလိုအပ်ပေ။ ပုဖန် ရှင်းပြပြီးသားဖြစ်သည်။


စားသောက်ဆိုင်တစ်ခုလုံး လင်းထိန်နေသကဲ့သို့ ရွှေရောင်အလင်းတန်းများ လင်းလက်သွားသည်။


သူ၏ ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ ပုဖန်သည် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားနှင့် နက်ရှိုင်းစွာ ဆက်စပ်မှုကို ခံစားရနိုင်သည် ။


ထိုအရာမှာ ကောင်းပါသည်။ သူတို့၏ ဆက်စပ်မှုများ နက်ရှိုင်းလာသည်နှင့်အမျှ ပုဖန်သည်လည်း ရွှေနဂါးအရိုး မီးဖိုချောင်ဓားကို ကိုင်တွယ်ရာတွင် ပိုကောင်းလာပြီး လက်မောင်း၏ အစိတ်အပိုင်းဖြစ်လာပုံရသည်။


မီးဖိုချောင်သုံးဓားကို အသုံးပြု၍‌ သွေးကျောက်ပုစွန်များ ပျံသန်းအောင် လုပ်နေစဉ် ဓါးဆီမှ အလင်းရောင်များ ဖြာထွက်လာသည်။


ပန်းကန်ပြားတစ်ချပ်ကို စားပွဲပေါ်၌ တင်ထားသည်။ သွေးပုစွန်၏ဦးခေါင်းကို ဖြတ်တောက်ပြီးနောက် ၎င်းအတွင်းမှ အဆိပ်အတောက်များ ကိုဖယ်ရှားလိုက်သည်။ ထို့နောက် ထွက်လာသော အခွံ သဲသွေးကြောများနှင့် အခြားအစိတ်အပိုင်းများကို စတင်ဖယ်ရှားခဲ့သည်။ 


ဤလှုပ်ရှားမှုများသည် စီးဆင်းနေသော ရေများကဲ့သို့ ဖြစ်နေပြီး ရွှမ်ယွမ်ရှားဟွေ့၏ နောက်၌ပုန်းနေသော ရွှမ်ယွမ်ရွှမ်ကို ပဟေဠိဖြစ်စေသည်။


သွေးကျောက်ပုစွန်ကို ရှင်းလင်းပြီးနောက် တွေးလိုက်ရုံနှင့် ပါဝင်ပစ္စည်းများကို ဆေးကြောသန့်စင်ရန် သန့်စင်သောရေပ်ါလာသည်။


ထိုအချိန်တွင် အနီးနားရှိ စားသောက်သူများအားလုံးသည် စူးစမ်းချင်စိတ်ကြောင့် အနားသို့ ရောက်လာကြသည်။


ဤအရာသည် လူများစွာ၏ မြင်ကွင်းရှေ့ ၌ ချက်ပြုတ်နေသော စားဖိုမှူးတစ်ဦး ဖြစ်သည်။


မြင်ရခဲသော မြင်ကွင်းတစ်ခုပင်...


မဟူရာလိပ်ခုံးဒယ်အိုးသည် လေထဲတွင် လှည့်ပတ်လျက်ရှိပြီး တဖြည်းဖြည်း ကြီးလာသည်။ ၎င်း၏ မြေသားအဝါရောင် အလင်းတန်းများသည် ဖြည်းညှင်းစွာ ပျံ့နှံ့သွားပြီး ဖိနှိပ်ထားသော စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများသည် နှမ်းစေ့ကဲ့သို့ သေးငယ်သွားသည်။ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးကိုကြည့်၍ သူ၏စိတ်တွင်း၌ တုန်လှုပ်လာသည်။


ဒီ မီးဖိုချောင်ကိရိယာတွေက သာမန်မဟုတ်ဖူးပဲ...


သူ၏ပါးစပ်ကို ဖွင့်လိုက်ကာ ရွှေမီးတောက်တစ်ခုကို ထွေးထုတ်လိုက်သည်။


ဤမီးတောက်များသည် ရွှမ်ယွမ်ရှားဟွေ့၏ မျက်ခုံးကို အနည်းငယ် ဆန့်သွားစေသည်။


"အဲ့တာ ကောင်းကင်ကမ္ဘာမြေ မီးလျံလား...ဒီပါဝင်ပစ္စည်းတွေနဲ့ တွဲထားရင် အနည်းငယ် ညံ့နေသေးတယ်..."


 ရွှမ်ယွမ်ရှားဟွေ့ ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများဖြင့် ပုဖန်သည် သာမန်ရိုးရိုးမဟုတ်သည်ကို သဘာဝအတိုင်း မြင်တွေ့နိုင်သည်။


ယခုအခိုက်အတန့်တွင် ပုဖန်သည် ၎င်း၏တန်ဖိုးကိုပြသရန် ဤသွေးကျောက်ပုစွန်ကို ဟင်းအဖြစ်ချက်ပြုတ်ရန် ရည်ရွယ်ထားကြောင်း ရွှမ်ယွမ်ရှားဟွေ့လည်း နားလည်ခဲ့သည်။


"စိတ်ဝင်စားစရာပဲ... အရမ်း အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်..."


ရွှမ်ယွမ်ရှားဟွေ့၏ နှုတ်ခမ်းထောင့်များက သူ၏မျက်လုံးများတွင် တောက်ပနေသော အပြုံးတစ်ခုအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။ ပုဖန်၏ အမူအရာကင်းမဲ့သော မျက်နှာကို ကြည့်လိုက်ရာ သူ၏နှလုံးသားသည် ရုတ်တရက် မျှော်လင့်ချက် အနည်းငယ်ဖြင့် ပြည့်သွားသည် ။


ပုဖန် ချက်ပြုတ်နေသည့် ဟင်းလျာသည် သူ့အား စိတ်မပျက်စေရန် မျှော်လင့်နေမိသည်...