အပိုင်း ၅၅
Viewers 14k

ဇန်နဝါရီလ၂၂ရက်နေ့ ၊ ည ၇:၃၀ အချိန်တွင် ချန်လီခရိုင်၊ ရှီဝမ်ရွာ၌ ငလျင်တစ်ခု ဖြစ်ပွားခဲ့သည်။
၇:၃၅အချိန်တွင်တော့ တစ်ယောက်ပြီးတစ်ယောက် postများတင်ကာ သူငယ်ချင်းအသိုင်းအဝိုင်းများကို ငလျင်လှုပ်ကြောင်း ပြောဆိုနေကြသည်။
'(အမေရေ ငါသေမှာအရမ်းကြောက်သွားတယ်၊ ငါအိပ်ယာထဲအိပ်နေတုန်း ရုတ်တရက်ကြီး ငါ့ကုတင်ကလှုပ်ခါသွားခဲ့တာ...')
'(ငါရောပဲ၊ ငါTVကြည့်နေရင်းနဲ့ အဆောက်အဦးတွေတုန်ခါနေတာကို ခံစားနေရတယ်')
'(ငလျင်က ဘယ်မှာတုန်း၊ ငါတို့တော့ မခံစားလိုက်ရပါဘူး')
'(ဟုတ်တယ် ငါတို့ရောပဲ ၊ ဘာမှမခံစားလိုက်ရဘူး')
'(ငလျင်က အမှန်တကယ်ကို လှုပ်သွားတာပါ၊ ငါတို့ရပ်ရွာကလူတွေ အားလုံး ခြံထဲရောက်နေကြပြီ၊ သေလောက်အောင် ထိတ်လန့်နေကြတယ်'p
များမကြာမီမှာပင် ငလျင်နှင့်ပက်သက်သည့် သတင်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။ငလျင်၏ ပြင်းအားမှာ ၆.၃ရှိသည်။ ကံကောင်းထောက်မစွာပင် ငလျင်၏အရင်းအမြစ်သည် အတော်လေးတိမ်သောကြောင့် ငလျင်ဒဏ်ခံရသည့်ဧရိယာ ကျယ်ဝန်းခြင်းမရှိချေ။ ပြည်နယ်နှင့်မြို့များက ထိခိုက်မှုနည်းခဲ့သော်လည်း အဓိကငလျင်ဗဟိုချက်နေရာကတော့ အပျက်အစီးနှင့်ထိခိုက်မှုများခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး အိမ်အများအပြား ပြိုကျခဲ့သည်။အစိုးရက အရေးပေါ် ကယ်ဆယ်မှုများ စတင်ဆောင်ရွက်နေသည်။
မိုဘိုင်းဖုန်းကတဆင့် ငလျင်အကြောင်း အကြောင်းကြားစာ ရရှိချိန်၌ စစ်ကျွင်းတောက်သည် အစည်းအဝေးအပြီးတွင် ဝမ်မင်ယီကို ဆက်သွယ်ကာ ယနေ့ရိုက်ကူးရေးက ဘယ်လိုလဲဟုမေးရန်ပြင်ဆင်နေချိန်ဖြစ်သည်။
ငလျင်၏ တည်နေရာကိုမြင်ပြီးသောအခါ သူက တုန်တုန်ယင်ယင်နှင့် ဝမ်မင်ယီကို ဖုန်းခေါ်ခဲ့သော်လည်း မည်သူကမှပြန်မဖြေခဲ့ပေ။
စစ်ကျွင်းတောက်က wechatမှ voice call ၊ video callခေါ်ဆိုမှုများနှင့် မက်ဆေ့များပို့ခဲ့သော်လည်း ဝမ်မင်ယီက တစ်ခုကိုမှ ပြန်၍အကြောင်းမပြန်ခဲ့ပေ။
စစ်ကျွင်းတောက်၏ အကြောက်တရားများ ပို၍ပို၍ ပြင်းထန်လာသည်။ သူ၏လက်များနှင့်ခန္ဓာကိုယ်က အထိန်းအချုပ်ကင်းမဲ့စွာ တုန်လှုပ်နေခဲ့သည်။
သူက ကျုံးရန်ကိုဆက်သွယ်လိုက်ပြီး
''ငါ့ကို ကိုယ်ပိုင်လေယာဉ်ငှားပါဦး၊ အရေးပေါ်လိုအပ်နေတယ်''
''ဘာဖြစ်လို့လဲ ''
ကျုံးရန်က မေးလိုက်သည်။
''ချန်လီခရိုင် ရှီဝမ်ရွာမှာ ငလျင်လှုပ်သွားတယ်၊ မင်မင်....မင်မင်က အဲ့ဒီမှာ ရိုက်ကူးရေးလုပ်နေတာ''
ကျုံးရန်လည်း ထိတ်လန့်သွားသည်။
စစ်ကျွင်းတောက် လည်ချောင်းများ ခြောက်ကပ်နေကာ
''ငါလေဆိပ်ကို အရင်သွားနှင့်လိုက်မယ်၊ မြန်နိုင်သမျှမြန်အောင်လိုက်လာခဲ့''
''ငါသိပြီ စိတ်မပူနဲ့၊ အခုပဲစီစဉ်လိုက်မယ်''
သူကပြောပြီးသည်နှင့် ဆက်နှစ်သိမ့်လိုက်သည်။
''စိတ်မပူပါနဲ့ အဆင်ပြေမှာပါ၊ သူကညဏ်ကောင်းတဲ့ကလေးပဲ၊ အဆင်ပြေမှာပါ''
စစ်ကျွင်းတောက်က ခေါင်းငြိမ့်လိုက်ပေမယ့် အဲဒါက မယုံကြည်ရကြောင်းကို လူတိုင်းသိသည်။မည်သို့ပင် ဥာဏ်ကောင်းပါစေ သဘာဝဘေးအန္တရာယ်ရှေ့မှာတော့ သူကအကူအညီ ကင်းမဲ့နေမှာပင်။
စစ်ကျွင်းတောက် ရုံးခန်းထဲမှ အလျှင်အမြန်ထွက်လိုက်ပြီး လင်းမူကိုပြောလိုက်သည်။
''ငါသွားစရာတစ်ခုရှိတယ်၊ မင်းအနေနဲ့ ငါ့ကိုခေါ်ရမယ့်အကြောင်းတစ်ခုခုရှိရင် ဒုဥက္ကဌကျန်းကို အချက်လက်တွေတင်ပြပြီး ဆုံးဖြတ်ခိုင်းလို့ရတယ်''
''ကောင်းပါပြီ''
လင်းမူက ပြန်ဖြေသည်။
စစ်ကျွင်းတောက်က ဒါရိုင်ဘာကို ကားမောင်းခိုင်းလိုက်သည်။ သူက ဘေးခုံမှာထိုင်ကာ ဝမ်မင်ယီကို ဆက်တိုက်ခေါ်ဆိုနေသည်။သို့သော် ပြန်ဖြေမယ့်သူမရှိချေ။ မသိစိတ်ဖြင့် သူ၏လက်များကို အလိုအလျောက်ဆုပ်ထားမိသည်။ ဝမ်မင်ယီ အမှန်တကယ် မတော်တဆဖြစ်ခဲ့လျှင်ဟူ၍ တွေးကြည့်ရုံမျှဖြင့် ခက်ခဲလွန်းနေသည်။
'သူမထားခဲ့သင့်ဘူး'
သူတွေးနေမိသည်။
' တကယ်လို့ သူသာထွက်မလာခဲ့ရင် အနည်းဆုံးတော့ ဝမ်မင်ယီအနားမှာ ရှိနေပေးနိုင်မှာပဲ'
သူက အရမ်းငယ်လွန်းသေးပြီး ၁၈နှစ်သာရှိသေးသည်။ ၁၉နှစ်ပြည့်မွေးနေ့ကိုပင် မကျင်းပရသေးပေ။ဒီလိုအချိန်မှာ ဘယ်လိုလုပ် မတော်တဆဖြစ်ရတာလဲ။
'သူမထားခဲ့သင့်ဘူး၊ တကယ်လို့ တစ်ခုခုကြုံခဲ့ရင်တောင် သူအတူတူရှိနေပြီး ကာကွယ်ပေးနိုင်သင့်တယ်၊ မဟုတ်ရင် သူတစ်ယောက်တည်း ဒီလိုဘေးဒုက္ခမျိုး ကြုံတွေ့ရမှာမဟုတ်ဘူး'
စစ်ကျွင်းတောက် သူ့လက်သီးကိုမကျေမနပ်ဆုပ်ထားပြီး သူနှလုံးသားက နောင်တများနှင့် ပြည့်နှက်နေခဲ့သည်။
ဒါရိုင်ဘာက သူ့သူဌေးကို တိတ်တဆိတ်ကြည့်ကာ အရှိန်မြှင့်လိုက်သည်။
တစ်ဖက်တွင် ဝမ်မင်ယီက သူ၏ဖုန်းကို ကိုင်ထားကာ အချက်ပြလိုင်းမိသည့် နေရာကို ရှာဖွေနေခဲ့သည်။သို့သော် မည်သည့်နေရာမျှ ရှာမတွေ့ချေ။
သူ့ကဲ့သိုပင် အခြားသူများသည်လည်း သူတို့၏မိသားစုများအား ဘေးကင်းကြောင်း သတင်းပို့ရန် စိတ်အားထက်သန်နေကြသော်လည်း ဖုန်းလိုင်းများက မမိပေ။သူတို့ဆန္ဒရှိသော်လည်းမလုပ်နိုင်ကြပါ။
ငလျင်လှုပ်ခတ်မှုပြီးသောအခါ နောက်ဆက်တွဲ ငလျင်လှိုင်းများရှိလာနိုင်သော်လည်း ပထမဆုံးငလျင်လောက်တော့ မပြင်းထန်ပေ။ မှောင်မည်းနေသောကောင်းကင်ကိုကြည့်ရင်း ယွီရွှမ်ဝမ်က ငလျင်ဗဟိုချက်မှ တတ်နိုင်သမျှ ဝေးဝေးကိုဘဆက်လက်မောင်းနှင်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ရွာသားများက ထိုကဲ့သို့ ထွက်မသွားချင်ခဲ့ချေ။ သူတို့က ဤနေရာတွင်မွေးပြီး တောင်ပေါ်ဒေသတွင် ကြီးပြင်းလာကြသည်။ထိုကဲ့သို့ ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ အစိုးရက လစ်လျူရှုထားမည် မဟုတ်ဟု သိထားကြသည်။ထို့ကြောင့် ဒေသခံခရိုင်အစိုးရကို အကူအညီသွားတောင်းချင်ကြသည်။
ရွာလူကြီးနှင့်ယွီရွှမ်ဝမ်က သူတို့၏အတွေးများကိုဆွေးနွေးကြပြီးနောက် ယွီရွှမ်ဝမ်ကလည်းသဘောတူလိုက်သည်။အားလုံးပြီးတဲ့နောက်မှာတော့ သူတို့က ဖြတ်သွားဖြတ်လာဧည့်သည်များသာဖြစ်ပြီး ရွာသားများကတော့ ဤဒေသမှလူများဖြစ်သည်။
''ကျွန်တော်တို့မသွားခင် ခင်များတို့ကိုပြန်လှည့်ပြီး အစိုးရဆီမပို့နိုင်တော့ဘူး''
ယွီရွှမ်ဝမ်ကပြောလိုက်သည်။
''ဒီလိုဆို ကျွန်တော်တို့ တော်တော် ဒုက္ခရောက်လိမ့်မယ်၊ လောလောဆယ်တော့ ဆက်သွယ်ရေးက ယာယီ ပြတ်တောက်နေလိမ့်မယ်၊ အချက်ပြလိုင်းသိပ်မကြာခင်ရမှာပါ၊ အဲ့အချိန်မှ အစိုးရကိုဆက်သွယ်ပေါ့၊ အစိုးရက ခင်များတို့ကို ကူညီပေးမှာပါ"
ရွာလူကြီးသည်လည်း ထိုသို့တွေးသည်။သူက ယွီရွှမ်ဝမ်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ''ကျေးဇူးတင်ပါတယ်''ဟု ပြောလိုက်သည်။
ပြီးတာနှင့် သူက ပတ်ပတ်လည်တွင် ဝမ်မင်ယီကို ရှာလိုက်သည်။
ဝမ်မင်ယီကတော့ ယခုအခါတွင် အချက်ပြလိုင်းမိသည့်နေရာကို တစ်ကမ္ဘာလုံးနှံ့အောင် ရှာဖွေနေပါ၏။သူ့လက်ကို ကောင်းကင်ပေါ်သို့ မြှောက်ထားသည်။၏။သူ့လက်ကို ကောင်းကင်ပေါ်သို့ မြှောက်ထားသည်။ရွာသူကြီးက သူ့ဆီသို့ လျှောက်လာပြီး ပုခုံးကိုပုတ်လိုက်သည်။ ဝမ်မင်ယီကလန့်သွားပြီးနောက် နောက်ကိုလှည့်ကြည့်လိုက်သည်။
''ဘာကိစ္စရှိလို့လဲခင်ဗျ''
ရွာလူကြီးက ပြုံးရင်းပြောလိုက်သည်။
''ရှောင်ဝမ် ဒီတစ်ကြိမ်အတွက် ကျေးဇူးပါပဲ၊ ကျေးဇူးတင်ပါတယ်''
သူ ထိုကဲ့သို့ပြောပြီးသည်နှင့် တခြားရွာသားများကလည်း ကျေးဇူးတင်ကြောင်းပြောရန် တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြသည်။ တာ့ပေါင်က သူတို့ချင်းရင်းနှီးတာကို အခွင့်အရေးယူပြီး သူ့ရဲ့ခြေထောက်ကိုပွေ့ဖက်ကာ ပြောခဲ့သည်။
" ကောကော၊ အရမ်းတော်တာပဲ"
ဝမ်မင်ယီက သူ့ကို ကျေးဇူးရှင်တစ်ဦးလို ပြောနေကြသည့် ကျေးဇူးတင်စကားများကြောင့် ရှက်သွားသည်။ သူက ရွာထဲခွေးတွေကို အသိအမှတ်ပြုမှုတွေကို လွှဲပြောင်းပေးလိုက်သည်။
''ကျေးဇူးမတင်ကြပါနဲ့၊ ရွာထဲကခွေးတွေကြောင့်သာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ ကျွန်တော်တွေးမိခဲ့တာပါ၊ သူတို့ကိုပဲ အသိအမှတ်ပြုပေးကြပါ၊ ကျေးဇူးတင်ရင် သူတို့ကို အနာဂတ်မှာသာ ကောင်းကောင်း ဂရုစိုက်ပေးကြပါ"
''ရှောင်ဝမ်ကရှက်နေတာ''
အစ်မကျန်းက အပြုံးနှင့်ပြောသည်။
"သူ့အစ်ကိုအရင်က ပြောဖူးတယ်၊ သူကလွယ်လွယ်နဲ့ အရှက်သည်းတတ်တယ်တဲ့''
ဝမ်မင်ယီ : '' ... ''
သူ့အစ်ကိုက ဒီလိုညဏ်နည်းတဲ့စကားတွေ ပြောခဲ့တယ်ပေါ့။သူကရှက်တတ်တယ်ဟုတ်လား။သူ ဒီလောက် ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတာကိုများ အလွယ်တကူရှက်တတ်တယ်ဟုတ်လား။
ဝန်ထမ်းများနှင့် ရွာသားများက ပြန်ဖို့အသင့်ဖြစ်နေကြသည်။
ဝမ်မင်ယီက သူ၏ ခေါက်ပိုက်ဆံအိတ်ထဲမှ ငွေသားအနည်းငယ်ထုတ်ကာ ရွာသူကြီးအား ပေးလိုက်သည်။
ရွာသူကြီးက လက်ခံရန်ရှက်နေခဲ့ပြီး ''တခြားရွာသားတွေက လက်ခံကြမှာမဟုတ်ဘူး''ဟုပြောလိုက်သည်။
''ငါတို့ မင်းရဲ့ငွေကို ဘယ်လိုလုပ်ယူနိုင်မှာလဲ၊ မင်းကြောင့်သာမဟုတ်ရင် ငါတို့အသက်ရှင်မှာတောင်မဟုတ်ပါဘူးကွယ်၊ ဘယ်လိုလုပ် မင်းဆီကပြန်ယူရမလဲ...''
ခွေးကိုပွေ့ထားတဲ့ အဘိုးအိုက အသက်ကြီးသော်လည်း သူရဲ့တွေးခေါ်ပုံက အလွန်ရိုးရှင်းသည်။
'' မင်းနဲ့အတူ ငါတို့လိုက်လာဖို့ မင်းပြောခဲ့တယ်၊ အဲဒါကငါတို့ကောင်းဖို့အတွက်ပဲ၊ ဒါအတွက်ပိုက်ဆံတောင်းလို့မရဘူး''
''ယူလိုက်ပါ ''ဝမ်မင်ယီကပြောလိုက်သည်။
'' သဘာဝဘေးကျရောက်ပြီးတဲ့နောက် ပြန်လည်ထူထောင်ဖို့ အချိန်တစ်ချို့ယူရဦးမယ်၊ ကလေးတွေငယ်ရွယ်တုန်း ဖွံ့ဖြိုးနေတုန်းမှာ ဒါတွေနဲ့ သူတို့အတွက် တစ်ခုခုဝယ်ပေးလိုက်ပါ''
သူကပြောရင်း တာ့ပေါင်ကို လှမ်းခေါ်ကာ ပိုက်ဆံများကို လက်ထဲထည့်ပေးကာ ခေါင်းကိုပွတ်ပေးလိုက်သည်။
တာ့ပေါင်က သူ့လက်ထဲကပိုက်ဆံကို ကြည့်ပြီး သူ့ကိုမော့ကြည့်သည်။ပြီးနောက် သူ့အမေကိုလှမ်းကြည့်လိုက်သည်။ယူရမလား မယူရမလား သူမသိပေ။ဝမ်မင်ယီက သူ့ကိုပုတ်ကာ ပြုံးရင်းပြောလိုက်သည်။
''ယူလိုက်၊ အဲ့ဒါက ငါ့ရဲ့လျှို့ဝှက်ချက်ကို ရက်တွေအကြာကြီး ထိန်းသိမ်းပေးလို့ ဆုချတာပဲ၊ ရိုးသားတဲ့ကလေးတွေအတွက် ဆုတွေလိုအပ်တယ်၊ ဒါကမင်းရဲ့ဆုလေ...''
တာ့ပေါင်က သူအစားကောင်းကောင်းမစားတဲ့အကြောင်းကိုပြောနေမှန်း သိလိုက်သည်။သူက ဝမ်မင်ယီကို ရယ်ပြရင်း ငွေကိုလက်ခံလိုက်သည်။
ချန်လုကလည်း ထိုကဲ့သို့မြင်ကွင်းကို ကြည့်ရင်း ဘာမှမလုပ်ပဲမနေနိုင်သဖြင့် သူမရဲ့ငွေကိုထုတ်ကာ ရွာလူကြီးကိုပေးလိုက်သည်။
တခြားသူများကလည်း ပိုက်ဆံများ တစ်ယောက်ပြီးတစ်ယောက် ထုတ်ပေးကြသည်။တစ်ယောက်နှင့်တစ်ယောက် ဒီလိုဆုံနိုင်ကြတာကိုက ကံကြမ္မာ ဖြစ်သည်။အထူးသဖြင့် ဤကဲ့သို့သော ကပ်ဆိုးကြီတွင် သေခြင်းတရားကို ဖြတ်ကျော်ပြီးနောက် သူတို့၏ စိတ်နှလုံးသည် အထူးပျော့ပြောင်းလာခဲ့သည်။
ကလေးများက အလွန်ငယ်ရွယ်ကြသေးသည်။တစ်ချို့က ဘာဖြစ်သွားမှန်းတောင် မသိလိုက်ကြပဲ ရွယ်တူများနှင့် ရယ်မောကာစကားပြောနေကြသည်။အရွယ်ရောက်ပြီးသူများသည် သူတို့ ကပ်ဆိုးကြီးမှ လွတ်မြောက်လာကြောင်း နားလည်ကြသည်။ သူတို့တွင် အိမ်များထပ်မရှိတော့ချေ။ ယခုအချိန်တွင် တခြားသူများ၏ ကြင်နာမှုကို ခံစားရသောအခါ သူတို့၏မျက်လုံးများတွင် မျက်ရည်များပြည့်လျှံလာကြသည်။
''ငါတို့ရွာကို ပြန်ပြုပြင်ပြီးရင် မင်းတို့ကိုရုပ်ရှင်လာရိုက်ဖို့ ကြိုဆိုပါတယ် ငါ့တို့ကောင်းကောင်းဂရုစိုက်မှာပါ''
ရွာသူကြီးကပြောလိုက်သည်။
ယွီရွှမ်ဝမ်က ပြုံးရင်း ''ကောင်းပါပြီ''
သူက သူ့ရှေ့ကလူကိုကြည့်ရင်း သက်ပြင်းချကာ
''ဒါဆို ငါတို့သွားကြမယ်၊ မင်းတို့မှာ လက်ကိုင်ဖုန်းတွေပါတယ်မလား''
''အင်း'' ရွာသူကြီးကခေါင်းငြိမ့်လိုက်သည်။
''ကျွန်မမှာလည်းပါတယ်''
''ကောင်းပြီ သွားကြရအောင်''
''နှုတ်ဆက်ပါတယ်''
ရွာသားတွေက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။
ယွီရွှမ်ဝမ်က ခေါင်းငြိမ့်ရင်း ကားဆီသို့သွားလိုက်သည်။ ဝမ်မင်ယီလည်းပြုံးရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
ကလေးများက သူ့သကြားလုံးတွေကို စားရပြီးချိန်ကတည်းက သူ့ကိုအလွန်နှစ်သက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် လက်ဝှေ့ယမ်းပြီး ''တာ့တာ ကောကော''ဟု ချိုသာစွာ နှုတ်ဆက်ကြသည်။
''နှုတ်ဆက်တယ်နော် ကလေးတွေ၊ မင်းတို့ကြီးလာရင် ကျောင်းတက်ဖို့မမေ့နဲ့''
''အာ-''
''မင်းနာမည်ဘယ်လိုခေါ်လဲ ရှောင်ဝမ်၊ မင်းငါတို့ကို ဒီတစ်ခါကယ်ပေးလိုက်တာ ငါတို့မင်းနာမည် အပြည့်အစုံမသိရသေးဘူး''
ဝမ်မင်ယီက ရှက်ရွံ့စွာ လည်ပင်းကိုကုတ်နေခဲ့ပြီး ခဏလောက်စကားမပြောနိုင်ဖြစ်နေသည်။
သို့သော် တာ့ပေါင်က သတိရသွားပြီးပြောလိုက်သည်။
"သားကောကောရဲ့ နာမည်က ဝမ်မင်ယီလေ၊ တောက်ပတဲ့ မင်၊ တက်ကြွတဲ့ယီ''
ဝမ်မင်ယီက ရှက်ရွံ့စွာ ခေါင်းငြိမ့်ပြပြီး ယဉ်ယဉ်ကျေးကျေး ရှောင်ထွက်သွားသည်။
ကားက လမ်းပေါ်ကိုရောက်သွားတဲ့အခါ ရွာသားများက အစိုးရ၏ထောက်ပံ့ရေးပစ္စည်းများကို စောင့်ဆိုင်းရန်မျှော်လင့်ရင်းထွက်ခွာသွားကြသည်။
အစ်မကျန်းက ထွက်ခွာသွားတဲ့ကားကို ကြည့်ရင်း သူ့သားရဲ့ခေါင်းကို ပွတ်ရင်းသင်ပေးလိုက်သည်။
''တာ့ပေါင် အနာဂတ်မှာ စာတွေကြိုးစားသင်ယူရရမယ်နော်၊ မင်းကောကောကကောလိပ်ကျောင်းသားတစ်ယောက်ပဲ၊ သူကတော်တော်များများကိုသိတယ်၊ တာ့ပေါင်လည်း တက္ကသိုလ်တက်ပြီးရင် အလုပ်ကြိုးစားရမယ်''
တာ့ပေါင်သည် ကောလိပ်ကျောင်းသားကဘာမှန်း မသိသေးသော်လည်း ခေါင်းငြိမ့်လိုက်သည်။
ယွီရွှမ်ဝမ်က ကားထဲမှာ သူ့လက်ကိုင်ဖုန်းကို စိုက်ကြည့်နေတဲ့ ဝမ်မင်ယီကိုကြည့်လိုက်ပြီး အကြံပေးလိုက်သည်။
''ကြိုးစားကြည့်မနေနဲ့တော့၊ နောက်ထပ်၁၀မိနစ်လောက်ဆို လိုင်းမိတဲ့နေရာရောက်တော့မှာပါ...''
ဝမ်မင်ယီကပြောချင်ခဲ့သည်။ သူနေနိုင်ပေမယ့် သူ့အစ်ကိုကနေနိုင်မှာတဲ့လား။ သူကစစ်ကျွင်းတောက်ကို ငလျင်သတင်းမြင်ခွင့်ပြုလိုက်ရင် သူ့ကိုထပ်ပြီးစိတ်ပူနေလိမ့်မယ်။ အခု သူနှင့်အဆက်အသွယ်လည်းမရတော့ သူအန္တရာယ်ထဲ အနည်းနှင့်အများကျနေလောက်ပြီလို့ ထင်နေတော့မှာပဲ။
ကောင်းပြီ သူကသူ့အစ်ကိုအကြောင်းကောင်းကောင်းသိတယ်။
''ဘာလို့သက်ပြင်းချနေတာလဲ''
ယွီရွှမ်ဝမ်ကပြောလိုက်သည်။
"ဒီတစ်ခေါက် မင်းလူတိုင်းရဲ့ အသက်တွေကို ကယ်တင်ခဲ့တယ်၊ သူတို့အားလုံးလည်းအဆင်ပြေကြတယ်၊ မင်းပျော်နေသင့်တာလေ''
ဝမ်မင်ယီက ပြုံးပြီး
''ကျွန်တော်ပျော်ပါတယ်၊ ကျွန်တော့်မိသားစု စိုးရိမ်မှာ ကြောက်နေတာပါ''
''အချက်ပြလိုင်းမိတဲ့ထိ စောင့်မှရမယ်၊ တခြားနည်းမရှိဘူး...''
ဝမ်မင်ယီ ခေါင်းငြိမ့်လိုက်သည်။
ယွီရွှမ်ဝမ်က သူ့ကိုကြည့်ရင်း ခံစားမှုအပြည့်ဖြင့်ပြောသည်။
"တကယ်တော့ ရိုက်ကူးအတွက် ပထမကရွေးထားတဲ့နေရာက ဒီနေရာမဟုတ်ဘူး...''
''အဲ့ဒါကဘာလဲ''
ဝမ်မင်ယီက သံသဝင်စွာဖြင့်မေးလိုက်သည်။
''တခြားရွာတစ်ရွာပဲ...''
ယွီရွှမ်ဝမ်ကပြောသည်။
''ဒါပေမယ့် ရိုက်ကူးရေးမလုပ်ခင် ငါပြန်စဉ်းစားမိတယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါဒီကိုလာဖူးတယ်၊ အဲ့ဒီတုန်းကတော့ ဒီက ရိုးရာဓလေ့တွေက အရမ်းရိုးရှင်းတယ်လို့ ငါထင်တာကြောင့် နှလုံးသားထဲအထိမှတ်ထားတာ၊ အဲ့ဒီနေ့က ဘာဖြစ်သွားမှန်းမသိဘူး၊ ငါရုတ်တရက်ပြန်တွေးကြည့်ပြီး ပိုသင့်တော်တယ်ထင်လို့ ဒီနေရာကို ယာယီပြောင်းလဲလိုက်တာ၊ ဒီမှာ ငါ့ကိုယ်ငါ စွန့်လွှတ်လိုက်ရလုနီးနီးပါလား...''
''ကပ်ဆိုးကြီးကိုလွန်မြောက်ပြီးရင်၊ ကံကောင်းမှုတွေ ရောက်လာတော့မှာပါ''
ဝမ်မင်ယီက သူ့ကိုနှစ်သိမ့်လိုက်သည်။
ယွီရွှမ်ဝမ်က ပြုံးရင်း
''မင်းရဲ့ကံကြမ္မာကိုပုံအပ်ပြီး မင်းရဲ့ကံကောင်းစေတဲ့ စကားလုံးတွေကို ငါငှားလိုက်ချင်တယ်''
ဝမ်မင်ယီကပြောသည်။
"အဓိက အကြောင်းရင်းက ဒါရိုက်တာယွီက ကျွန်တော့်ကို ယုံကြည်ပြီး အခွင့်အလမ်းတွေ ပေးလို့ပါ၊ မဟုတ်ရင် အဖွဲ့သားတွေ အများကြီးကို ဘယ်လို စည်းရုံးနိုင်မှာလဲ"
ယွီရွှမ်ဝမ်က သူကအတော်လေး နှိမ့်ချတတ်သူဟု ထင်လိုက်သည်။ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုအချိန်တွင် လူတိုင်းကသွားရန်မလိုလားပါက ဝမ်မင်ယီတစ်ယောက်တည်း သွားနိုင်သည်။ သူနိုးလာပြီး လူတိုင်းကိုဘာဖြစ်မယ်ဆိုတာပြောပြခဲ့ပေမယ့် ဘယ်သူမှ မယုံကြသည့်အချိန်တွင် သူထွက်သွားရင်တောင် မည်သူကမှဘာမှပြောမှာမဟုတ်ပေ။
သို့သော် ဝမ်မင်ယီသည် အစတည်းကပင် လူတိုင်းကို သူနှင့်အတူ ခေါ်သွားရန်စီစဉ်ခဲ့သည်။မကြာမီကျရောက်တော့မည့် ဘေးအန္တရာယ်အတွက် ရွာသားများသာမက ခွေးများကိုပါ ထည့်သွင်းစဉ်းစားခဲ့သည်။
သူက ခံစားချက်တွေကို မဖော်ပြခဲ့ပေမယ့် အတိုချုံးပြီး လိုရင်းတိုရှင်းဖြင့် တည့်ပြောကာ မြန်မြန်ဆန်ဆန် ပြီးမြောက်စေခဲ့သည်။