အပိုင်း ၉၄၉
Viewers 53k

အခန်း ၉၄၉

သာမန်လူတွေက အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကိုဖြေဖို့ ဘာအခွင့်အရေးရှိလို့လဲ... ထွက်သွားစမ်း


ရွှမ်ယွမ်ရွှမ် ဘာမျှ မပြောနိုင်ပေ။ ညီမဖြစ်သူသည် သူ့အတွက် တွင်းတစ်တွင်းတူးထားသော်လည်း သူသိပ် ဂရုမစိုက်နိုင်သေးပေ။


သူ၏ အသွင်အပြင်မှာ ကြမ်းတမ်းပုံပေါက်သော်လည်း အေးစက်သည့်ပုဖန်နှင့် သိပ်မကွာခြားပေ။


ပုဖန်နှင့်အခြားသူများ ထွက်ခွာတော့မည်ကိုမြင်၍ ညီမဖြစ်သူ ရွှမ်ယွမ်ရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။


ထိုအဓိပ္ပါယ်ပါသောအကြည့်သည် ရွှမ်ယွမ်ရွှမ်၏ မျက်မှာကို နီရဲသွားစေသည်။


" အကိုကြီး ညီမလေးကို ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ..." 


ရွှမ်ယွမ်ရွမ် မျက်နှာကိုအုပ်လျက် ပြီတီတီ ပြောလိုက်သည်။


" ဒီကောင်မလေး... နင်ဘာတွေတွေးပြီး ဘာလုပ်ချင်နေတယ်ဆိုတာ ငါမသိဘူးများထင်နေလား...ဒီအစ်ကိုက နင့်ရဲ့ရည်ရွယ်ချက်တွေကို မသိပဲနေမလား..."


ရွှမ်ယွမ်ရှားဟွေ့၏ နှုတ်ခမ်းထောင့်သည် ကွေးညွှတ်သွားပြီး ရေခဲတောင်များ အရည်ပျော်သွားသကဲ့သို့ မြင်ရခဲသော အပြုံးတစ်ခုကို ပေါ်လွင်စေသည်။


" ဒါပေမဲ့... ဒီအကိုမမှားဘူးဆိုရင် တခြားအဆင့်နိမ့်တဲ့ နယ်ပယ်တွေကနေ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အခုမှရောက်လာတဲ့ သေမျိူးပဲ... မဟုတ်ရင် သူ့မှာ အင်မော်တယ် သလင်းကျောက်ရှိနေရမှာ..."


 ရွှမ်ယွမ်ရှားဟွေ့၏ မျက်နှာမှာ ပိုမိုအေးစက်သွားလျက် ပြောသည်။


"အဆင့်နိမ့်နယ်ပယ်တဲ့လား..." 


ရွှမ်ယွမ်ရွှမ် အနည်းငယ် အေးခဲသွားပြီးနောက် သူမ၏ မျက်နှာသည် မယုံကြည်နိုင်မှုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။


" ဒီလိုမျိုး အစွမ်းထက်တဲ့စားဖိုမှူးက အဆင့်နိမ့်နယ်ပယ်တွေမှာ ရှိတယ်ပေါ့... သူ့ရဲ့ ချက်ပြုတ်မှု့စံနှုန်းတွေက အစ်ကိုကြီးထက် မညံ့ပါဘူး..."


" နင်ကအကိုဖြစ်သူကို အထင်သေးနေတာပဲ..."


ရွှမ်ယွမ်ရှားဟွေ့ စကားသိပ်မပြောပဲ မျက်လုံးကို ရွေ့လျားလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကိုလှည့်၍ ရနံ့မွေးသွေးကျောက်ပုစွန်အစပ်ကို စားနေသော စားသုံးသူများကို ကြည့်နေသည်။


" ကောင်းပြီ ပွဲပြီးပြီ...စားပြီးတာနဲ့ ဆက်ပြီး လုပ်စရာရှိတာ လုပ်ပါ... အလုပ်ဆက်လုပ်ကြမယ်..."


 ရွှမ်ယွမ်‌ရှားဟွေ့ တင်းမာစွာပြောလိုက်သည်။  


ထို့နောက် စားသုံးသူများသည် ရယ်မောသံ အော်ဟစ်သံများဖြင့် လူစုခွဲလိုက်သည်။


စားသောက်ဆိုင်များသည် သူကောင်းမျိုးများနှင့် သက်ဆိုင်သောကြောင့် မည်သူမျှ ပြဿနာမရှာဝံ့ပေ။ သူကောင်းမျိူးများကို စော်ကားခြင်းသည် မိုက်မဲသောလုပ်ရပ်ပင်ဖြစ်သည်။


သူကောင်းမျိုးမိသားစုများ ဆုပ်ကိုင်ထားသော အာဏာသည် သာမန်လူများအတွက် ရိုးရှင်းစွာ တွေး၍ပင်မရချေ။


ပရိသတ်များ ပြန့်ကျဲသွားပြီးနောက် ရွှမ်ယွမ်ရှားဟွေ့သည် သွေးကျောက်ပုစွန်အနှစ်ဖြင့် ပြည့်နေသော ပန်းကန်လုံးကို ယူကာ မီးဖိုခန်းဆီသို့ လျှောက်သွားသည်။


မီးဖိုချောင် ဝင်ပေါက်ဆီသို့ လျှောက်လာလျက် ရွှမ်ယွမ်ရှားဟွေ့သည် နေရာတွင်ပင် အေးခဲနေသော ရွှမ်ယွမ်ရွှမ်ကိုကြည့်ကာ ခေါင်းကိုလှည့်လိုက်သည်။


" အခု အဲ့ကောင်လေး... သူသာ မသေမျိူးစားဖိုမှူး ဖြစ်ချင်တယ်ဆိုရင် အများကြီး လိုအပ်နေသေးတယ်..." 


ရွှမ်ယွမ်ရှားဟွေ့ သူ့ညီမကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။ သူ၏စကားလုံးများတွင် ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည်။


ပုဖန်သည် အများကြီးလိုအပ်နေသေးသော်လည်း မသေမျိုးစားဖိုမှူး ဖြစ်လာရန် ခြေလှမ်းတစ်ဝက်ခန့် ရှိနေပြီဖြစ်သည်။


...


ပုဖန် လက်ပိုက်လျက် စားသောက်ဆိုင်တွင်းမှ ထွက်လာခဲ့သည်။ သူ၏နောက်တွင် နယ်သာရီ မဟူရာနဂါးဘုရင်နှင့် အခြားသူများရှိနေသည်။


ခွေးဘုရင်က အမြှီးကို ယိမ်းနွဲ့လျက် သူ၏ခမ်းနားသော ကြောင်နှင့်တူသည့် ခြေလှမ်းများဖြင့် ဝင့်ကြွားစွာ လျှောက်လှမ်းနေသည်။


မြို့တွင်း၌ ငွေသံချပ်ကာတပ်များ အပြန်အလှန် သွားလာနေကြသည်။ ဤငွေသံချပ်ကာဝတ် ကျင့်ကြံသူများသည် အလျင်လိုနေပုံရသည်။


၎င်းသည် သူကောင်းမျိူမိသားစုမှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ ၎င်းတို့၏ ငွေသံချပ်ကာဝတ် တပ်သားတစ်စုကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိခဲ့ကြသည။


ဒါက သူကောင်းမျိူး မိသားစုအတွက် အရှက်ရစရာပဲ...


ပုဖန်နှင့် အခြားသူများ မစိုးရိမ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ခွေးဘုရင်၏ လက်ဖဝါးသည် ထိုတပ်ဖွဲ့တွင်ရှိသူအားလုံးကို အမှုန့်ချေခဲ့သည့်အတွက် ခြေရာလက်ရာ မကျန်ခဲ့ပေ။


ယခုသူတို့အတွက် အရေးကြီးဆုံးအရာမှာ အင်မော်တယ် သလင်းကျောက်များရရှိစေရန် နည်းလမ်းရှာရန်ဖြစ်သည်။ မသေမျိုးမြို့တော်တွင် နေထိုင်နိုင်ရင် အင်မော်တယ် သလင်းကျောက်များသည် အဓိကဖြစ်သည်။


ပုဖန်သည်လည်း မသေမျိုးမြို့တော်တွင် စားသောက်ဆိုင်ဖွင့်ရန် တွေးတောနေရသည်။ စနစ်၏ ယာယီမစ်ရှင်ကို ပြီးမြောက်ရန် အချိန်ကောင်းတစ်ခုရှာရန်လည်း လိုအပ်သည်။ 


မသေမျိုးမြို့တော်တွင် လူတစ်စု ဦးတည်ရာမဲ့ လျှောက်သွားနေသည်မှာ အနည်းငယ် ထူးဆန်းလှသည်။ အဓိက ပြဿနာမှာ အုပ်စု၏ ဖွဲ့စည်းပုံသည် ထူးဆန်းနေခြင်းဖြစ်သည်။


ခဏအကြာတွင် ပုဖန်သည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေရှိ ပါဝင်ပစ္စည်းများရောင်းချခြင်းမှ အင်မော်တယ်သလင်းကျောက် အချို့ကို ရရှိခဲ့သည်။ ထိုအင်မော်တယ် သလင်းကျောက်များကို အသုံးပြု၍ မသေမျိူးမြို့တော်ရှိ တည်းခိုခန်းတွင် အခန်းတစ်ခန်းငှားခဲ့သည်။


နောက်ဆုံးတွင် ဤလူအုပ်စုသည် ခိုလှုံရန် နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ အားလုံးအခြေကျပြီးသည့်နောက် ပုဖန်တည်းခိုခန်းမှထွက်လာခဲ့သည်။


ရွှမ်ယွမ်ရှားဟွေ့ ပြောသည့်စကားအရ သူသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စားသောက်ဆိုင်ဖွင့်လိုပါက မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် ဦးစွာစမ်းသပ်ရန် လိုအပ်သည်။


ယနေ့အထိ ပုဖန်သည် သူ၏စားဖိုမှူးအဆင့် မည်သည့်အဆင့်ရောက်နေပြီကို မသိသေးပေ။ 


ရွှမ်ယွမ်ရှားဟွေ့က သူ၏အဆင့်မှာ အထူးစားဖိုမှူများထဲမှ ထိပ်တန်းအဆင့်တွင် ရှိသည်ဟုဆိုသည်။ 


 အပြင်ဘက်စက်ဝိုင်း၌ စားသောက်ဆိုင်ဖွင့်ထားကြသူများသည် အထူးအဆင့်စားဖိုမှူးများ ဖြစ်ကြပြီး သာမန်စားဖိုမှူးများသည် ၎င်းတို့နှင့်ယှဉ်ပါက ဒုတိယအဆင့်မျှသာ ရှိသည်။


ပုဖန်၏ ကိုယ်ပိုင်အချက်အပြုတ် ကျွမ်းကျင်မှုသည် အနည်းဆုံး အထူးအဆင့်ဖြစ်သင့်သည်ဟု ယုံကြည်ထားသော်လည်း မည်သည့်အထူးအဆင့်ဖြစ်မည်ကို သေသေချာချာ စမ်းသပ်ရန် လိုအပ်သည်။


လမ်းအရှည်ကြီးပေါ်မှာ လမ်းလျှောက်နေချိန်၌ ကောင်းကင်ကြီးသည် တောက်ပနေဆဲဖြစ်သည်။ မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်၏ နေ့အချိန်သည် အထူးသဖြင့် ရှည်လျားပုံရသည်။


လမ်းတစ်လျှောက်တွင် ပုဖန် စားသောက်ဆိုင်များစွာကို တွေ့ခဲ့သည်။ ဤစားသောက်ဆိုင်များသည် ဖောက်သည်များစွာ ဝင်ထွက်သွားလာနေပြီး အလွန်နာမည်ကြီးပုံရသည်။


သူသည် ရှည်လျားသောလမ်းသို့ ဆက်လက်လျှောက်ခဲ့သည်။


ပုဖန်လျင်မြန်စွာပင် သူ၏ပတ်ဝန်းကျင်ရှိ လူများ နည်းပါးလာကြောင်းနှင့် လုံခြုံရေး တင်းကျပ်လာသည်ကို သိလိုက်ရသည်။


အဘယ်ကြောင့်ဆိုသော် မသေမျိုးမီးဖိုချောင်အဆောက်အဦးသည် အတွင်းစက်ဝိုင်းနှင့် အပြင်စက်ဝိုင်းကြားတွင် ရှိသောကြောင့် သာမန်လူများသည် မသေမျိုးမြို့တော်၏ သူကောင်းမျိုးများနေထိုင်သော အတွင်းစက်ဝိုင်းထဲသို့ ဝင်ခွင့်မရပေ။


မသေမျိုးမီးဖိုချောင်အဆောက်အဦးသည် တိုင်ပတ်လည်ရှိသော အဆောက်အအုံဖြစ်ပြီး ၎င်းပေါ်တွင် အလှဆင်ထားသည်မှာ အလွန်လှပသည်။ တံခါးဝတွင် ဘုတ်ပြားတစ်ခု ချိတ်ဆွဲထားပြီး ၎င်းအပေါ်တွင် မသေမျိုး မီးဖိုချောင် အဆောက်အဦး ဟူသော စကားလုံးကို ရေးထိုးထားသည်။


ဤစကားလုံးကြီးသုံးလုံးကို ရဲတင်းစွာ ကောက်ကွေးသော လက်ရေးလှဖြင့် ရေးသားထားသောကြောင့် ကြီးမားသောဖိအားလှိုင်းကို ယူဆောင်လာသကဲ့သို့ပင်။


ပုဖန် တံခါးဝတွင် ရပ်လိုက်ပြီး စကားသုံးလုံးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်သူ၏ စိတ်စွမ်းအင်ပင်လယ်ထဲတွင် ကြီးမားသော ဒီလှိုင်းကြီးတစ်ခု လှည့်ပတ်သွားသကဲ့သို့ သူ၏ စိတ်စွမ်းအင်များ ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။


ပုဖန်၏မျက်လုံးများ ကျဉ်းမြောင်းပြီး အနည်းငယ်လန့်သွားသည်။


ဤစကားလုံးသုံးလုံးပေါ်ရှိ အကြွင်းအကျန် စိတ်စွမ်းအင် အတက်အကျကြောင့် သူ၏ကိုယ်ပိုင် စိတ်စွမ်းအင်ပင်လယ်ထဲတွင် မူမမှန်မှုတွေ ဖြစ်စေခဲ့သည်...


ဒီစာလုံးတွေ ရေးခဲ့တဲ့သူက ဘယ်လောက်တောင် သန်မာတာလဲ...


စိတ်ထဲတွင် အတက်အကျဖြစ်နေသည်ကို လျော့ပါးစေကာ မသေမျိုးမီးဖိုချောင် အဆောက်အဦးသို့ တည်ကြည်စွာ လျှောက်လာခဲ့သည်။


သူက မသေမျိုးမြို့တော်တွင် ဆိုင်တစ်ဆိုင်ဖွင့်ချင်သောကြောင့် ဆိုင်ဖွင့်ခွင့်ရရန် လိုအပ်သည်။


သို့သော် ဤအခွင့်အရေးအတွက် ပုဖန် တိုက်ပွဲဝင်ရန် လိုအပ်သည်။ ရောမရောက်လျှင် ရောမကဲ့သို့ကျင့်ရမည်။


မသေမျိုး မီးဖိုချောင်အဆောက်အဦးသို့‌ ခြေချလိုက်သောအခါ အနည်းငယ် ဆူညံနေသည်။


အတွင်းဘက်ရှိလေထုသည် အပြင်နှင့် အနည်းငယ် ကွာခြားသည်။ အ‌‌ဆောက်အဦးအတွင်းတွင် နေရာတစ်ခုလုံး စည်ကားနေသည်။


ခန်းမသည် ကြီးမားသော စက်ဝိုင်းကြီးဖြစ်ပြီး ၎င်းပတ်လည်တွင် ကောင်တာများ ထားရှိထားသည်။ ကောင်တာများနောက်တွင် မသေမျိးမီးဖိုချောင် အဆောက်အဦး၏ ဝန်ဆောင်မှုပေးသောဝန်ထမ်းများထိုင်ကာ ဝန်ဆောင်မှု မျိုးစုံကို လုပ်ဆောင်နေကြသည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ဤကဲ့သို့ ရှုပ်ရှက်ခတ်နေသော မြင်ကွင်းသည် သူ၏အရင်ကမ္ဘာက ကုန်တိုက်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။


" မင်းကတကယ် အသုံးမကျတာပဲ...ဒီအဘိုးကြီးကမင်းကို ပျိုးထောင်ခဲ့ပေမယ့် မင်းကအဆင့်မြင့်စားဖိုမှူးအဆင့်ပဲ ရတယ်..."


လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဒေါသတကြီးဖြင့် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ လူငယ်တစ်ဦးကို တွန်းထုတ်လိုက်ပါသည်။


ဤမြင်ကွင်းသည် မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် အဖြစ်များသည်။ မသေမျိူးမြို့တော်တွင် လူများစွာရှိသောကြောင့် ဤနေရာတွင် စမ်းသပ်မှုများ ပြုလုပ်နေသူများလည်း ရှိမည်ဖြစ်သည်။


လူစုကွဲသွားသည်ကို စောင့်ပြီးနောက် ပုဖန်သည် ကောင်တာတစ်ခုရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ထိုကောင်တာနောက်တွင် မကြင်နာတတ်သောမျက်နှာဖြင့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦး ထိုင်နေသည်။


ထိုအမျိုးသမီးသည် လက်တစ်ဖက်ကို မြှောက်ကာ ကောင်တာကိုပုတ်ပြီး မော့ပင်မကြည့်ပဲ ပြောလိုက်သည်။ 


" မင်းရဲ့နာမည် နေရပ် အချက်အပြုတ်စံနှုန်းနဲ့ စမ်းသပ်ချင်တဲ့ အချက်အပြုတ်အဆင့်ကိုပြောပါ..."


ထိုအမျိုးသမီး၏ စကားကြောင့် ပုဖန်အနည်းငယ် မှင်တက်သွားခဲ့သည်။ ဤကဲ့သို့ခံစားချက်မျိုး သူတကယ်ကို ရင်းနှီးခဲ့သည်။ သူမသည် ယခင်ကမ္ဘာမှ စိတ်မရှည်သော အလုပ်သမားများကဲ့သို့ပင်။


" ပုဖန် ပုန်းကွယ်နဂါးတိုက်ကြီး အထူးအဆင့်စားဖိုမှူး ကြိုက်တဲ့စစ်ဆေးမှု လုပ်လို့ရတယ်..."


 ပုဖန်တည်ငြိမ်စွာ ပြောလိုက်သည်။


အထူးအဆင့်စားဖိုမှူး တဲ့လား...


ကောင်တာရှိ အမျိုးသမီးသည် ရုတ်တရက် အေးခဲသွားပြီး ပုဖန်၏ မျက်နှာအမူအရာကင်းမဲ့သော မျက်နှာကို ခေါင်းကို မော့လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။


နောက်အခိုက်အတန့်တွင် ထိုအမျိုးသမီးသည် ပုဖန်ထံမှ အရေးကြီးသော အချက်အလက်တစ်ခုကို သတိပြုမိခဲ့သည်။


"ပုန်းကွယ်နဂါးတိုက်ကြီးတဲ့လား..." 


 ထိုအမျိုးသမီး မျက်ခုံးပင့်ကာ စူးစူးရဲရဲ မေးသည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။


ခဏအကြာတွင် သူမလက်ထဲ၌ ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာပြီး ဖန်သားပြင်ပေါ်ရှိ တစ်စုံတစ်ရာကိုရှာဖွေရန် သူမ၏သွယ်လျသောလက်ချောင်းများကို ဆန့်ထုတ်လိုက်စဉ်တွင် အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။


" မသေမျိုးမြို့တော်မှာ ပုန်းကွယ်နဂါးတိုက်ကြီး လို့ခေါ်တဲ့ နေရာမရှိပါဘူး... မင်းလိမ်နေတာလား..."


ပုဖန်ကို အေးစက်စွာကြည့်ပြီး ကောင်တာပေါ်သို့ လက်သီးနှင့်ပြင်းစွာ ထုရိုက်လိုက်သည်။ ထိုအမျိုးသမီးထံမှ ထိတ်လန့်ဖွယ်လေထု မြင့်တက်လာပြီး ကြောက်စရာကောင်းသော ဖိနှိပ်ချုပ်ချယ်မှု လှိုင်းလုံးကြီးတစ်ခု ပေါ်လာသကဲ့သို့ပင်။


ထိုအမျိူသမီး၏ ကျင့်ကြံမှုသည် စစ်သေနာပတိနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။


" ပုန်းကွယ်နဂါးတိုက်ကြီးက ပုန်းကွယ်နဂါးတိုက်ကြီးပဲလေ... ကျွန်တော်ကပုန်းကွယ်နဂါးတိုက်ကြီးကနေ အလင်းတံခါးကိုဖြတ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို ရောက်လာတာပါ..."


ပုဖန်မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ ဤအမျိုးသမီး၏ ဝန်ဆောင်မှုပေးပုံက သူ့ကိုအနည်းငယ် မပျော်မရွှင် ဖြစ်စေသည်။


ပုဖန်၏စကားကို ကြားသောအခါ ထိုအမျိုးသမီး ရုတ်တရက် သဘောပေါက်သွားပြီး ရယ်မောလိုက်သည်။


" အဲ့တော့ မင်းက အဆင့်နိမ့်နယ်ပယ်က သေမျိုးပေါ့...သာမန်လူဖြစ်ပြီး အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကို ဖြေချင်တယ်လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတယ်ပေါ့... မင်းမှာအထူးအဆင့်စားဖိုမှူး စစ်ဆေးချက်ကိုဖြေဖို့ ဘာအခွင့်အရေး ရှိလို့လဲ..."


 ထိုအမျိုးသမီး၏ စကားများမှာ စူးရှ၍ ကြင်နာမှု မရှိပေ။


"ကျုပ်အတွက် စစ်ဆေးချက်သာ စီစဉ်ပေးပါ... ကျုပ်အောင်လား ကျလား ဂရုစိုက်စရာမှ မလိုတာ..."


 ပုဖန် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။


ပုဖန်၏ စကားများကို ကြားသောအခါ ထိုအမျိုးသမီး မျက်ခုံးကို ပင့်လိုက်သည်။ ဒီသေမျိုးကောင်က အရမ်းကို မောက်မာနေတာပဲ...


" ဒီသေမျိုးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို မင်းရဲ့ ဝေးလံခေါင်ဖျားတဲ့ ‌အဆင့်နိမ့် နယ်ပယ်တွေလိုထင်နေတာပဲ... ဒီနေရာက မင်းရဲ့ကျွမ်းကျင်မှုတွေကို ပြသနိုင်တဲ့ နေရာမဟုတ်ဖူး... နဂါးတောင်မှ ငါ့ဆီမှာ ဦးညွှတ်ရတယ်... သေချာနားထောင်စမ်း ... မင်းလိုအဆင့်နိမ့် သာမန်လူက မသေမျိုးမီးဖိုချောင်အဆောက်အဦးမှာ စစ်ဆေးမှု့ လာဖြေဖို့ စိတ်တောင်မကူးနဲ့...သာမာန်လူတွေက... သာမာန်လူတစ်ယောက်လိုပဲ အသိတရားရှိသင့်တယ်... ထွက်သွားစမ်း..."


ထိုအမျိုးသမီးသည် ပုဖန်ကို အေးစက်စွာကြည့်ပြီး လက်ပိုက်ထားကာ ခုံပေါ်သို့မှီထိုင်လျက် မထီမဲ့မြင် ကြည့်နေသည်။


ဘယ်လိုတောင်ရိုင်းတာလဲ... ကြည့်ရတာ ရူးနေသလိုပဲ...


ဒါဆို သူ့ကို စာမေးပွဲဖြေဖို့ ခွင့်မပြုတာပေါ့...


ပုဖန်ဤအမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်ရင်း သူ၏မျက်လုံးများကို မှေးလိုက်သည်။


သာမန်လူဖြစ်တာနဲ့ပဲ ဒီအမျိုးသမီးက စစ်ဆေးချက်ကိုဖြေဖို့ ခွင့်မပြုဘူးတဲ့လား...


လူတစ်ယောက်က ပုန်းကွယ်နဂါးတိုက်ကြီးကနေ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုလာတာ အဲ့လောက်တောင်ဆိုးလား...


" ကျုပ်.ကို တကယ်ပဲ စာမေးပွဲဖြေဖို့ ခွင့်မပြုဘူးလား..." 


ပုဖန် ထိုအမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။


" ဘယ်လိုတောင် စိတ်ညစ်စရာကောင်းတာလဲ... ငါက မရဘူးဆို မရဘူးပဲ... ဒီအမျိုးသမီးကို ဘယ်သူနဲ့ဖြစ်ဖြစ် တိုင်လို့ရတယ်...ထုံမိသားစုကလာတဲ့ငါက မင်းလို သာမန်ကောင်လေးကို ကြောက်မယ်ထင်နေလား..." 


အမျိုးသမီးက မောက်မာစွာ ပြောလိုက်သည်။


ပုဖန် သက်ပြင်းချလိုက်သည်။


ရုတ်တရက် သူ၏နောက်မှ တစ်စုံတစ်ယောက်သည် အင်္ကျီလက်ကို လာဆွဲသည်။


မသေမျိုး မီးဖိုချောင် အဆောက်အဦးမှလူများဝတ်ဆင်သော အဖြူရောင် ပိုးသားအင်္ကျီကို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းမပျိုလေးဖြစ်သည်။ သူမ မျက်တောင်ခတ်လိုက်သည်။


ဟမ်...


ပုဖန်မျက်ခုံးများ ပင့်တင်လိုက်သည်။


" သူမက မသေမျိူးမြို့တော်က သူကောင်းမျိုးဖြစ်တဲ့ ထုံမိသားစုက လာတာ... သူတို့မိသားစုက မသေမျိုးမီးဖိုချောင် အဆောက်အဦးရဲ့ အာဏာတွေကိုချုပ်ကိုင်ထားတယ်... သာမန်လူတစ်ယောက်ဖြစ်ရင် သူမနဲ့ မငြင်းခုံသင့်ဘူး... ရပါတယ် နောက်တစ်လနေရင် ကျွန်မဆီကိုပဲ တိုက်ရိုက်လာပါ..."


ဆယ်ကျော်သက် မိန်းကလေးသည် အလွန်လှပသည်ဟု မယူဆနိုင်သော်လည်း သူမ၏စကားများသည် နူးညံ့သိမ်မွေ့သည်။ ပုဖန် အရှက်ရနေသည်ကို သူမမြင်လိုက်ရတာကြောင့် သူ့ကိုကူညီရန် လာခဲ့ခြင်းဖြစ်သည်။


တစ်လတဲ့လား...


ပုဖန်ခေါင်းခါလိုက်သည်။ အဲ့လောက်ကြာအောင် မစောင့်နိုင်ပေ...


" ရပါတယ်... အဲ့မိန်းမကြီး မဖြေစေချင်မှတော့ မဖြေရုံပေါ့... သိပ်မကြာခင် သူနောင်တ ရလိမ့်မယ်..." 


ပုဖန်ပြောလိုက်သည်။ အကြင်နာမဲ့သော အမျိုးသမီးကို တစ်ချက်ကြည့်၍ သူ၏ဝတ်ရုံနီကို လှုပ်ခါပြီး ထိုအဆောက်အဦးမှ ထွက်လာသည်။


" ကောင်းပါပြီ...ကျွန်မ နာမည်ကို မှတ်ထားပေးပါ... ကျွန်မနာမည် မူလျှို့အာပါ... နောက်တစ်ခေါက်ဆိုရင် ကျွန်မကိုပဲ လာရှာပါ..."


 ထိုမိန်းကလေး၏ ညှင်သာသောအသံသည် ပုဖန်နောက်၌ ပဲ့တင်ထပ်သွားသည်။


ပုဖန် ပျောက်သွားသည်ကို ကြည့်၍ သူမ သက်ပြင်းချလိုက်သည်။


သာမန်လူတွေ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ နေဖို့ဆိုတာအဆင်မပြေနိုင်ဘူး...


မူလျှို့အာသည် အကြင်နာမဲ့သော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ မသေမျိုးမီးဖိုချောင်အဆောက်အဦးမှာ သူကောင်းမျိုးမိသားစုတွေရဲ့ တပည့်တွေက...တကယ်ကို အရေအတွက်များလာတယ်...


...


မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ထွက်လာသော ပုဖန်၏မျက်နှာသည် ယခုအချိန်တွင် အေးစက်နေသည်။ 


တစ်ဖက်သားရဲ့စကားကြောင့် စားသောက်ဆိုင်ဖွင့်တာကို သူလက်လျှော့လို့ မရပေ...


လက်လျှော့ဖို့ ငြင်းပယ်ခဲ့ပြီး တစ်ဖက်သားကို နောင်တရအောင် လုပ်မည်ဟု ပြောခဲ့သည့်အတွက် ထိုလူများ၏ အစာအိမ် စိမ်းသွားသည်အထိ နောင်တရအောင် ပြုလုပ်ပေမည်...


မသေမျိုးမီးဖိုချောင်အဆောက်အဦး အပေါက်ဝတွင်ရပ်နေလျက် ပုဖန် သက်ပြင်းရှည်ကြီး ချလိုက်သည်။


" အစကတော့ ငါပြဿနာမတက်ချင်ခဲ့ဘူး...ဆိုင်ခွဲတစ်ခုကို အေးအေးဆေးဆေး ချောချောမွေ့မွေ့ပဲ ဖွင့်ချင်ခဲ့တယ်ဆိုပေမယ့် ကြည့်ရတာ ရွေးချယ်စရာ မရှိတော့ဘူး... ဒီလောက်အထိ ဖြစ်လာမှတော့ လုပ်လိုက်ကြတာပေါ့..."