အပိုင်း ၉၅၀
Viewers 53k

.အခန်း ၉၅၀

ပြဿနာဖြစ်ပြီးနောက် ဈေးဆိုင်လုပ်ငန်းစတင်တော့မည်...


ပုဖန်အတွက် မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင် စစ်ဆေးခွင့် မရရှိသည်မှာ အနည်းငယ် မမျှော်လင့်ထားသောအရာ ဖြစ်သည်။


ထိုအဆောက်အဦးမှ လူများသည် သူတို့ထက်နိမ့်သည့် နယ်ပယ်မှလူများကို အဆင့်အတန်းနိမ့်သည်ဟု သတ်မှတ်မည်ဆိုသည်ကို ပုဖန်မထင်ထားခဲ့ပေ။


သို့သော်လည်း ဤအခြင်းအရာသည် ပုဖန်အတွက် မသေမျိုးမီးဖိုချောင်တွင်စားသောက်ဆိုင်မဖွင့်နိုင်ရခြင်း၏ အကြောင်းရင်း ဖြစ်မလာနိုင်ပေ။


ထိုအမျိုးသမီး၏ သရော်လှောင်ပြောင်မှုသည် ပုဖန်၏ နှလုံးသားကို လှုံ့ဆော်ပေးခဲ့သည်။


နိမ့်တဲ့နယ်ပယ်ကလူတွေက အထူးအဆင့်စားဖိုမှူးစစ်ဆေးချက်ကို မဖြေနိုင်ဘူးတဲ့လား...


အဲ့အမျိုးသမီးကို ဘယ်သူကပြောတာလဲ...


သူမမှာ အဲ့လိုတွေးတောဖို့ အခွင့်အရေးရှိလို့လား...


မသေမျိုးမြို့တော်၏ ကျယ်ဝန်းသောလမ်းပေါ်၌ လူပေါင်းများစွာ သွားလာနေကြပြီး လမ်းနှစ်ဖက်စလုံးတွင် ၎င်းတို့၏ကုန်ပစ္စည်းများကို ရောင်းချသည့် ဈေးသည် မျိုးစုံရှိနေသည်။


မသေမျိုးမြို့တော်သည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အကြီးမားဆုံးသောမြို့ ဖြစ်သော်လည်း များပြားလှသော စျေးရောင်းသူများကဲ့သို့ စီးပွားရေးလုပ်ငန်းများသည် နေရာတိုင်းတွင် ရှိနေပါသည်။


စားသောက်ဆိုင်များ ရှိသော်လည်း ဆိုင်အများစုသည် သူကောင်းမျိုးမိသားစုများ၏ လွှမ်းမိုးခြင်းကိုခံနေရသည်။


သာမန်လူတစ်ချို့အတွက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် စားသောက်ဆိုင်ဖွင့်ရန် နည်းလမ်းမရှိသော်လည်း လမ်းဘေး၌ ဈေးဆိုင်ဖွင့်ခြင်းဖြင့် အခြားနည်းလမ်းတစ်ခုကို လျှောက်လှမ်းနိုင်သည်။


ဤဆိုင်ငယ်များကို အသုံးပြု၍ ပါဝင်ပစ္စည်းများ စျေးသက်သာသော မီးဖိုချောင်သုံးကိရိယာများ အစရှိသည်တို့ကို ရောင်းချနိုင်ကြသည်။


ဤဈေးသည်များက စေးကပ်သောသကြားလုံးကဲ့သို့ဖြစ်သောကြောင့် သူကောင်းမျိုးမိသားစုများက သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် သာမာန်အခြေအနေများအောက်တွင် သူကောင်းမျိုးမိသားစုများက သိပ်ဂရုမစိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် စျေးရောင်းသူများကြောင့် ဖြစ်ပေါ်လာသော အခြေအနေသည် သူကောင်းမျိုးများ၏ စီးပွားရေးလုပ်ငန်းများအပေါ် သြဇာလွှမ်းမိုးမှု အလွန်အကျွံမရှိသောကြောင့် ဖြစ်သည်။


အရေးအကြီးဆုံးမှာ ဤကိစ္စသည် အမှန်စင်စင်တွင် သူကောင်းမျိုးများကို စောင့်ထိန်းရန် မြို့အရှင်သခင် အသုံးပြုသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် သူကောင်းမျိုးမိသားစုများစွာသည် ယင်းကိစ္စကို မျက်စိမှိတ်ထားကြသည်။


ထိုအချိန်၌ ပုဖန်က လမ်းပေါ်ရှိ ဈေးသည်များကို သတိထားမိသွားသည်။


မသေမျိုးမီးဖိုချောငိ အဆောက်အဦးမှ ထွက်လာချိန်တွင် သူ ထိုအမျိုးသမီးကို သူမစကားများအတွက် နောင်တရအောင်ပြုလုပ်မည်ဟု ပြောခဲ့သည်။ ဒါမဲ့ သူမကို နောင်တရအောင် ဘယ်လိုလုပ်ရမလဲ... တကယ်တော့ အရည်အချင်းတစ်ခုခုကို လိုအပ်နေတယ်...


ဒယ်အိုးကို မသေမျိုးမီးဖိုချောင်အဆောက်အဦးရှေ့ထားပြီး တို့ဟူးပုပ်တွေ ကြော်နေရမလား...


ပြီးတော့ အဲ့မိန်းမကို ရွံပြီးသေအောင်လုပ်ရမလား...


ပုဖန်ခေါင်းခါလိုက်သည်။ မဟုတ်သေးဘူး... ဤတစ်ကြိမ်တွင် ထိုသို့လုပ်ရန် စိတ်ကူးမရှိပေ။ ထိုအမျိူသမီးကို ရွံအောင်လုပ်နိုင်သော်လည်း သူမကို နောင်တရအောင် မလုပ်နိုင်ပေ။


ဤအရာအားလုံးကို နှိမ့်ချသည့်အတွက် သူမအား အရှက်ရစေရန် ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး ထိုအမျိုးသမီး၏ မျက်နှာကို ပါးရိုက်ခံရသည့် ခံစားချက်ကို သိရှိစေရန် ရည်ရွယ်ခဲ့သည်။


သူမက သူကောင်းမျိုး မိသားစုဝင် တစ်ယောက်မလား...


ပုဖန်၏ မျက်လုံးများ အနည်းငယ် တင်းမာသွားသည်။ လမ်းဘေးနှစ်ဖက်ရှိ ဈေးသည်များကို လှမ်းကြည့်လိုက်ကာ သူ၏မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေပုံရသည်။


ထို့နောက် လမ်းမပေါ်တွင် ယောင်ပေပေ မလုပ်ပဲနှင့် တည်းခိုခန်းသို့ အမြန် လမ်းလျှောက်ပြန်ခဲ့သည်။


တည်းခိုခန်းသို့ရောက်သော် အားလုံးကို နှုတ်ဆက်ပြီးသည်နှင့် ငရဲဘုရင်အာဟကို အပြင်သို့ဆွဲခေါ်သွားသည်။


ငရဲဘုရင်က သူအဘယ့်ကြောင့် ဆွဲခေါ်ခံရသည်ကို မသိပေ။ သို့သော် ပုဖန်သူ့အား ရှင်းပြ ပြီးသည့်နောက်တွင်...


ငရဲဘုရင်အာဟ၏ မျက်လုံးများ ပို၍ ပို၍ အရောင်တောက်လာသည်။


" ပုဖန်ကောင်လေး... မင်းကပြဿနာတက်အောင် လုပ်နေတာပဲ... ဒီဘုရင်က ပြဿနာရှာရတာတွေက်ု အကြိုက်ဆုံးပဲ..."

 

ငရဲဘုရင်အာဟသည် မျက်နှာတစ်ဖက်ကို လက်နှင့်အုပ်၍ ပြောလိုက်သည်။


" ဒါဆို လုပ်ငန်းစကြတာပေါ့..."


 ပုဖန်ပြောလိုက်သည်။


စကားပြောကြပြီးနောက် ပုဖန်နှင့် ငရဲဘုရင်အာဟတို့ မသေမျိုးမြို့တော်ဆီသို့ လမ်းလျှောက်သွားကြသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာသည် ကြီးမားပြီး ဝိညာဉ်စွမ်းအင် အလွန်သိပ်သည်းသည်။ မသေမျိုးမြို့တော်သည် ကျယ်ပြောလှသော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာကို သိမ်းပိုက်ထားသော နေရာငယ်လေးတစ်ခုသာဖြစ်သည်။


ဤအလွှာတွင် အများစုသည် တောင်များဖြစ်ကြပြီး ထိုတောင်တန်းများ၏ ဆက်စပ်မှုသည် ဤကောင်းကင်နှင့် မြေကြီးအပိုင်းအစကို ဖြစ်ပေါ်စေသည်။


မြင့်မားသောသစ်ပင်ကြီးတစ်ပင်သည် ကောင်းကင်သို့တက်၍ အရွက်များ ပေါများလျက်ရှိသည်။


မသေမျိုးသစ်ပင်၏ တည်ရှိမှု့ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ သစ်ပင်များသည် အလွန်အမင်း သက်ဝင်လှုပ်ရှားလျက်ရှိသည်။


" ဒီသစ်ပင်ကတော်တော် အဆင်ပြေတယ်..." 


ပုဖန်သည် ကောင်းကင်ပေါ်ထိမြင့်မားနေသ‌ော သစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။


ငရဲဘုရင်အာဟ၏ မျက်လုံးများအရောင်တောက်သွားသည်။ ဒါက သစ်ပင်တစ်ပင်ပဲလေ...


ခဏအကြာတွင် ငရဲစွမ်းအင်သည် ငရဲဘုရင်အာဟ၏ လက်ဖဝါးပေါ်တွင် ဆုံစည်းသွားသည်။ ထို့နောက် သစ်ပင်ကြီးကို ပင်စည်မှနေ၍ ခုတ်ပိုင်းလိုက်သည်။


" သစ်ပင်ကြီး လဲကျနေပြီ..."


ငရဲဘုရင်အာဟ ကျယ်လောင်စွာ အော်၍ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။


ဂျွတ်...


သစ်ပင်သည် ဖြည်းညှင်းစွာ လဲကျသွားပြီး သစ်ရွက်များ ပြန့်ကျဲကုန်သည်။


ငရဲဘုရင်၏ လုပ်ရပ်ကို ပုဖန်ဂရုမစိုက်ပါ။ ဤသစ်ပင်ကို ရွေးပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ထဲက စွမ်းအင်အစစ်ကို မြှင့်တင်လိုက်ပြီး လက်ဝါးနှင့် ရိုက်ချလိုက်ကာ သစ်ပင်ကို ချက်ချင်း ကွဲအက်သွားစေသည်။


အချိန်အတော်ကြာ အလုပ်ရှုပ်နေပြီးနောက် သစ်သားစားပွဲများ ပေါ်လာသည်။


စားပွဲများပြုလုပ်ပြီးသည်နှင့် စနစ်၏ ‌သိုလှောင်ခန်းထဲ ထည့်ထားလိုက်သည်။


ထို့နောက် ပုဖန် ငရဲဘုရင်အာဟကို မသေမျိုးမြို့တော်သို့ ပြန်လည်ခေါ်ဆောင်သွားသည်။


မှန်ပေသည်။ ပုဖန်က လမ်းဘေးဈေးသည်များကဲ့သို့ လမ်းပေါ်၌ ဈေးဆိုင်ဖွင့်ရန် ဖြစ်သည်။


သို့သော် သူ၏ဈေးဆိုင်သည် အခြားဆိုင်များနှင့် မတူပေ။


နေရာကောင်း ရှာပြီးသည်နှင့် ပုဖန်နှင့် ငရဲဘုရင် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။


ပုဖန် ရွေးလိုက်သည့်နေရာမှာ အနည်းငယ်ဝေးသည်။ ၎င်းသည် မီတာရာနှင့်ချီဝေးသော မသေမျိုးမီးဖိုချောင် အဆောက်အဦးနှင့် မျက်နှာချင်းဆိုင်ရှိနေရာတစ်ခုဖြစ်သည်။


ဤနေရာတွင် ဖြတ်သွားဖြတ်လာ နည်းပါးသော်လည်း အခြားနည်းလမ်းမရှိပေ။ ဤနေရာသည် သူတို့အတွက် တစ်ခုတည်းသော စျေးဆိုင်ဖွင့်ရန် နေရာဖြစ်သည်။


ငရဲဘုရင်က စားပွဲများကို နေရာချပြီးနောက် ပုဖန်ကိုစိတ်လှုပ်ရှားစွာ မေးလိုက်သည်။


 " ကောင်လေးပုဖန် မင်း လေဟာပြင်စားသောက်ဆိုင် ဖွင့်ဖို့ စိတ်ကူးနေတာလား အဲ့ဒါဆို နာမည်ကို ကောင်းကင်လေဟာပြင်စားသောက်ဆိုင်လို့ ပေးလိုက်ပါလား..."


ကုလားထိုင်နှင့် စားပွဲများကို စနစ်တကျ ချထားပြီးနောက် ပုဖန် ခဏတာ အနားယူရန် ထိုင်နေလိုက်သည်။


မူလက သူသည် စနစ်ထံမှ စားပွဲနှင့် ကုလားထိုင်များကို ငှားရမ်းလိုသော်လည်း ထိုင်ခုံများနှင့် စားပွဲများသည် စားသောက်ဆိုင်အသစ်အတွက်သာ ဖြစ်သည့်အတွက် စနစ်က ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ငရဲဘုရင်အာဟကို ၎င်းတို့ပြုလုပ်ရန် အပြင်သို့ ဆွဲခေါ် ခဲ့ခြင်းဖြစ်သည်။


အမှန်တကယ်တွင် စားပွဲအနည်းငယ်သာ ရှိခဲ့သည်။ လမ်းထောင့်၌ ထားလိုက်ခြင်းသည် အနည်းငယ် စုတ်ပြတ်နေပုံရသည်။


သူ၏ဈေးဆိုင်ကို ကြည့်ပြီးနောက် ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ဈေးဆိုင်သည် စုတ်ပြတ် မနေသင့်ပေ...


" ကောင်းကင်လေဟာပြင် စားသောက်ဆိုင်တဲ့လား မဟုတ်ဘူး ကျွန်တော်အဲ့တာကို အစားအသောက်ဈေးဆိုင် လို့ခေါ်ချင်တယ်..."


 ပုဖန်ခေါင်းခါလိုက်ပြီး ငရဲဘုရင်အာဟ၏ စကားကို ပြင်ပေးလိုက်သည်။


"အစားအသောက်ဈေးဆိုင်... ဘယ်လိုတောင်ထူးဆန်းတဲ့နာမည်လဲ... ဘာပဲဖြစ်ဖြစ် ဒီဘုရင်က နာမည်ကိုဂရုစိုက်ဖို့ ပျင်းလွန်းတယ်... ဒီဘုရင်မင်းကို ကောင်းကောင်းစဉ်းစားပေးထားတယ် ကောင်လေး..." 


ငရဲဘုရင်အာဟသည် ပြုံးကာ ရှူးရှဲအစပ်ချောင်းကို ပါးစပ်ထဲထည့်လျက် ပြောလိုက်သည်။


ပုဖန်ခေါင်းညိတ်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ ရိုးရှင်းသော မီးဖိုတစ်ခုကို စတင်ဖန်တီးလိုက်သည်။


ပုဖန်၏ လုပ်ရပ်များသည် အတော်အတန် အာရုံစူးစိုက်မှု ဖြစ်စေခဲ့သည်။ အနည်းငယ်ဝေးသော်လည်း လမ်းသွားလမ်းလာအချို့က ဤအခြေအနေကို သတိပြုမိကြသည်။


လူတချို့သည် ပုဖန်လုပ်ရန် ရည်ရွယ်နေသည်ကို နားလည်သည့်ပုံဖြင့် ကြည့်နေကြသည်။ ကြမ်းတမ်းသည့် ဘဝ‌ရှိသော အခြားစားဖိုမှူးတစ်ဦးဟု ထင်မြင်ကာ သက်ပြင်းချကြသည်။


အမှန်တွင် ဤဈေးဆိုင်ငယ်လေးများ၏ စားဖိုမှူး အများစုသည် လက်ရာမြောက်သော ချက်ပြုတ်ခြင်းကျွမ်းကျင်မှု မရှိကြပေ။ သူတို့သည် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ခဲ့သောကြောင့် ဘေးနားတွင် ဈေးဆိုင်တစ်ခုသာဖွင့်ပြီး အင်မော်တယ် သလင်းကျောက်များကို ရရှိခဲ့သည်။


မှန်ပါသည် မသေမျိုးမြို့တော်၌ အသက်ရှင်သန်ရန် အင်မော်တယ်သလင်းကျောက်များရှိရန် လိုအပ်သည်။ အင်မော်တယ် သလင်းကျောက်များမရှိလျှင် ဘာမဆိုလုပ်ရန် ခက်ခဲသည်။


သို့သော်လည်း...


မသေမျိုးမီးဖိုချောင် အဆောက်အဦးတွင် သူကောင်းမျိုးများစွာရှိသည်။ ထို့အပြင် စမ်းသပ်မှုတွင်ပါဝင်သည့် စားဖိုမှူးများသည် ဇီဇာကြောင်သောကြောင့် ဤနေရာသည် အထူးအဆင့် စားဖိုမှူးပင် ဈေးဆိုင်မဖွင့်ဝံ့သောအရာဖြစ်သည်။ ဖောက်သည်များ၏ အရသာခံမှုများ ဇီဇာကြောင်နေရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ ၎င်းသည် သူကောင်းမျိူးမိသားစုများကို အလွယ်တကူ စော်ကားခြင်းပင်ဖြစ်သည်။


ဤစားသောက်ဆိုင်သည် မသေမျိုးမီးဖိုချောင်အဆောက်အဦးနှင့် ဆန့်ကျင်ဘက်တွင် ဖွင့်လှစ်ထားသောကြောင့် လူကြိုက်မများခဲ့လျှင် အဆင်ပြေသော်လည်း ၎င်းသည် နာမည်ကြီးလာပါက ထိုသူ‌ကောင်းမျိုးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။


သူကောင်းမျိုးမိသားစုများ၏ အာရုံစိုက်မှုကို ရရှိသွားပါက အဆုံးသတ် နှစ်မျိုးသာရှိသည်။ ဖျက်ဆီးခံရခြင်းနှင့် သူကောင်းမျိုးမိသားစုတွင်း ဝင်ရခြင်းပင်။


ဟင်းလျာများ ချက်ပြုတ်ရာတွင် ငရဲဘုရင်က အကူအညီ မပေးနိုင်သောကြောင့် ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။ အဝေးတွင်ထိုင်လျက် ပုဖန်အလုပ်ရှုပ်နေပုံကို ကြည့်နေသည်။


နောက်ဆုံးတွင် ပြင်ဆင်မှုများအားလုံး ပြီးဆုံးသွားသည်။


သူသည် ပြပွဲကို မြင်ရန် မျှော်လင့်နေသော ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး ပါးစပ်ထောင့်က ပြုံးပြလိုက်သည်။


ခဏအကြာတွင် သူ၏စနစ်သိုလှောင်မှုနေရာမှ သစ်သားဘုတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုဘုတ်ပေါ်တွင် “အစားအသောက်‌ဈေးဆိုင်” ဟု ရေးထိုးထားသော စကားလုံးများ ပါရှိသည်။ ထို့နောက် ဆိုင်ရှေ့တွင် ဘုတ်ပြားကို ချထားပြီးနောက် ပတ်ပတ်လည်ကို ငေးကြည့်နေသည်။


အသက်ပြင်းပြင်းရှုပြီးနောက်...


 " ဒီနေ့အစားအသောက် ဈေးဆိုင်တန်းလုပ်ငန်းစတာ ပထမဆုံးနေ့ပါ အကြံပြုချင်တဲ့ဟင်းကတော့ ဟော့ပေါ့ပါ စားပွဲလေးလုံးအထိပဲ ကန့်သတ်ထားပါတယ်..."


ပုဖန်၏အသံသည် တည်ငြိမ်လွန်းသဖြင့် အနီးနားရှိ လူများအကုန်ကြားပြီး ငြိမ်သက်သွားသည်။


သို့သော် ထိုပရိသတ်များ၏ မျက်နှာများသည် အံ့အားသင့်သွားဟန်ရှိသည်။


ဟော့ပေါ့… ဘာအိုးလဲ...


သူတို့ဘာလို့ မၾကားဖူးတာလဲ...


ပရိသတ်များ၏ အံ့ဩမှုကို ရင်ဆိုင်လျက် ပုဖန် ဖြေရှင်းချက် မထုတ်ခဲ့ပေ။ သူကဆက်လက်၍ 


" ဒီနေ့ ဆိုင်ဖွင့်တဲ့နေ့ဆိုတော့ ပထမဆုံး အိုးနှစ်လုံး အခမဲ့ဖြစ်မှာပါ..."


အခမဲ့...


ဤတစ်ကြိမ်တွင် ပတ်ဝန်းကျင်ရှိလူများ နားလည်သွားသည်။


အမှန်တကယ်ကို ဒီလိုကောင်းတာမျိူး ရှိတယ်ပေါ့... ပထမအိုးနှစ်လုံးက အလကားဆိုတော့ စားလို့ရတယ်...


ထို့ကြောင့်အများစုက စမ်းကြည့်ရန် စိတ်အားထက်သန်ကြသည်။


ငရဲဘုရင်အာဟလည်း အနည်းငယ် ထိတ်လန့်သွားသည်။ ပုဖန်ဆီမှ ဟော့ပေါ့ဟုခေါ်သော စားစရာကို သူမကြားဖူးပေ...


ပုဖန်၏ ပရိုမိုးရှင်းသည် လူအများ၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပုံရသောကြောင့် သူတို့အားလုံး စိတ်အားထက်သန်စွာ လျှောက်လာကြသည်။


" ဆိုင်ရှင်က အခမဲ့ဆိုမှတော့ ဒီလူလည်း မြည်းကြည့်ရတာပေါ့... ဟင်းလျာက အလကားစားရတာပဲကို..."


ထိုလူသည် ပြုံးလျက် စူးရှစွာ ကြည့်နေသည်။


ပုဖန်တည်ငြိမ်စွာဖြင့် သူ၏အကြည့်များကို တုံ့ပြန်လိုက်သည်။ ခေါင်းငြိမ့်ပြီးနောက် ဆက်ပြောလိုက်သည်။ 


" ဒါဆိုရင် ကျွန်တော်မင်းကို တစ်ယောက်လို့ သတ်မှတ်လိုက်မယ်နော်... ဒီဈေးဆိုင်ရဲ့ ဟော့ပေါ့တစ်ပွဲက လူသုံးယောက်စားလို့ ရပါတယ်... ဒီတစ်ပွဲအတွက် လူသုံးယောက်စုပေးနိုင်မလား... မင်းနဲ့အတူ နောက်ထပ်အဖော်နှစ်ယောက် ရှိသေးလား..."


ထိုသန်မာသောသူမှာ ပုဖန်၏စကားကြောင့် အေးခဲသွားသည်။ 


" နောက်ထပ် အဖော်လိုသေးတာလား..."


အမှန်တွင် သူ့၌အပေါင်းအဖော်များ ရှိသည်။ လက်ကို အနောက်မှ ဝှေ့ယမ်းလိုက်သောအခါ နောက်ထပ် သန်မာသော လူသုံးယောက် လူအုပ်ထဲက ထွက်လာသည်။


ဤလူသုံးယောက်သည် ကြွက်သားများနှင့် ပြည့်နေပြီး ဦးချိုများပါသော နဂါးကဲ့သို့ ပြင်းထန်သော အော်ရာ ထုတ်လွှတ်နေသည်။


"လူလေးယောက်ဆို လောက်တယ်မလား..."  


ထိုလူသန်ကြီးသည် ရယ်မောလျက် ပုဖန်ကို ပြောလိုက်သည်။


ပုဖန်အမူအရာမဲ့စွာ ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။


"အစားအသောက်ဈေးဆိုင်ရဲ့ ဟော့ပေါ့တဲ့လား... ငါတစ်ခါမှ မကြားဖူးဘူး... ငါတို့ညီအစ်ကိုတွေကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."


 လူသန်ကြီးက ပုဖန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။


ထို့နောက် ပုဖန် ဟင်းချိုကို စတင်ပြင်ဆင်ရန် သူ၏ရိုးရှင်းသောမီးဖိုဆီသို့ လှမ်းလာလိုက်သည်။


သူတို့လိုချင်သော ဟင်းရည်အမျိုးအစားကို မမေးခဲ့ပေ။ ပုဖန်နှင့်ဆိုလျှင် ဟင်းရည်အမျိုးအစား တစ်မျိုးသာရှိသည်။ အလွန်အမင်း ထုံကျင်သည်အထိစပ်သော ပူစပ်စပ်ငရုတ်နှစ် ဟင်းရည်သာဖြစ်သည်။


ဟော့ပေါ့အတွက် သုံးသောအိုးကို စနစ်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအိုးများအတွက် သလင်းကျောက် အနည်းငယ်ကို သုံးစွဲခဲ့ရသည်။


အထူးအိုးကိုထုတ်ပြီးနောက် ဟင်းရည်စတင်ပြုလုပ်သည်။ မကြာမီ အိုးအတွင်းမှ အနီရောင်ဟင်းရည်များ ပွက်ပွက်ဆူလာသည်။


ဟင်းခတ်အမွှေးအကြိုင်များနှင့် ပူစပ်စပ်ငရုတ်နှစ် နှစ်ဇွန်းထည့်ပြီးနောက် ဤဟင်းရည်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏အပေါ်တွင် ပေါက်ကွဲမီးတောက်ငရုတ်သီး အပိုင်းအစများစွာ လွင့်မျောနေသည်။


အစပ်လှိုင်းက ပရိသတ်များ၏ မျက်နှာကို တိုက်ခိုက်နေပုံရပြီး ပြင်းထန်‌၍ စပ်သောရနံ့ကို ကြောက်ရွံ့သော သူတို့သည် ချက်ချင်း နောက်ပြန်ဆုတ်သွားကြသည်။


သူ၏လက်ချောင်းတစ်ချောင်းတည်းဖြင့် အိုးအောက်တွင် နက်မှောင်သော ရွှေရောင်မီးတောက်ကြီးကို ထွန်းညှိ၍ အနီရောင် ဟင်းရည်များကို ပွက်ပွက်ဆူစေသည်။


ထို့နောက် ဟော့ပေါ့အိုးကိုကိုင်၍ စားပွဲဆီသို့ ပြန်လျှောက်လာသည်။


လူသန်ကြီးလေးယောက် စပ်သောရနံ့များ ကောင်းကင်ထိတက်နေသော ‌ကြေးဝါရောင်အိုးကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။


ဒါကေဟာ့ေပါ့ဆိုတာလား... စားလို့ရတဲ့အိုးလား...


ပုဖန်သည် အံ့သြနေသော အမျိုးသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။


 " မလောပါနဲ့... ဘယ်လိုစားရမယ်ဆိုတာ ကျွန်တော် ပြောပြမယ်..."


...


မသေမျိုးမီးဖိုချောင် အဆောက်အဦး


ထုံယွဲ့ နောက်တစ်ကြိမ် စမ်းသပ်ချက်တာဝန်ကို ပြီးဆုံးသွားပြန်သည်။ သူမ၏ အကြင်နာမဲ့သော မျက်နှာသည် ဝန်ထုပ်ဝန်ပိုးကို ရှင်းပစ်လိုက်သကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။


ရုတ်တရက်...


ဝင်ပေါက်တစ်ဖက်မှ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ထုံယွဲ့မျက်မှောင်ကျုံ့သွားသည်။


တစ်ချက်ကြည့်လိုက်သည်နှင့် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ မျက်နှာချင်းဆိုင်တွင် တည်ထားသော ဆိုင်ငယ်လေးကို သူမတွေ့လိုက်ရသည်။


" အဆင့်အတန်းနိမ့်တဲ့သာမန်လူတွေက သာမန်လူတွေပါပဲ... မသေမျိုး မီးဖိုချောင်ဆောက်အဦးနဲ့ မျက်နှာချင်းဆိုင်မှာ ဈေးဆိုင်တောင် လာဖွင့်ထားသေးတယ် ငတုံးအလုပ်တွေလုပ်နေကြတယ်..."


ထုံယွဲ့ အေးစက်စက်ရယ်ပြီး မတူမတန်သကဲ့သို့ ခေါင်းခါလိုက်သည်။


ရုတ်တရက် ထုံယွဲ့ ၏ ကောင်တာရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုလူက ကောင်တာကိုမှီ၍ တည်ငြိမ်စွာ ပြောလိုက်သည်။ 


" အဲ့ဒီ ဈေးဆိုင်လေးရဲ့ ပိုင်ရှင်ကို သေချာကြည့်လိုက်ဦး..."


မူလျှို့အာက ပုဖန် မသေမျိုးမီးဖိုချောင်အဆောက်အဦးသို့ ပြန်လာ၍ ဈေးဆိုင်ငယ်လေးကို ပြောင်ပြောင်တင်းတင်းဖွင့်ထားမည်ဟု မထင်ခဲ့ပေ။


ထုံယွဲ့ မူလျှို့အာကိုအေးစက်စွာ ကြည့်ပြီးနောက် လမ်းပေါ်သို့ လှည့်ကြည့်လိုက်သောအခါ အမူအရာကင်းမဲ့သည့် ပုဖန်ကို လူအုပ်ကြားထဲ မြင်လိုက်ရသည်။


သူမချက်ချင်း မျက်မှောင်ကြုတ်သွားသည်။


" အဆင့်နိမ့်နယ်ပယ်က လာပြီးသူ့စွမ်းရည်တွေကို အရမ်းမျှော်လင့်ထားတဲ့ သေမျိုးကောင်ပဲ..."


ခဏရပ်ပြီးနောက် သူမက မတူမတန်သကဲ့သို့ ပို၍ ကျယ်လောင်စွာ ပြောလိုက်သည်။ 


" သာမန်လူတန်းစားတွေကတော့ တကယ့်ကို သာမန်လူတန်းစားတွေပဲ... သူတို့ကတုံးအလွန်းလို့ ငါသေတောင်သေချင်တယ်... တကယ်ကြီးကို မသေမျိုး မီးဖိုချောင် အဆောက်အဦးရဲ့ မျက်နှာချင်းဆိုင်နေရာ မှာ ဆိုင်လာဖွင့်ထားတာပဲ..."


တုံ့ပြန်သည့်အနေဖြင့် မူလျှို့အာ ခေါင်းခါလိုက်သည်။


" မဟုတ်ဖူး ရှင်မှားနေပြီ...သေချာဂရုစိုက်ကြည့်ကြည့်...အဲ့ဒီစား‌သုံးသူတွေရဲ့ မျက်နှာတွေကို..."


ပုဖန်၏ စျေးဆိုင်နှင့် ပတ်သက်ပြီး လူတော်တော်များများက ရည်ရွယ်ချက်အမှန်ကို နားမလည်ကြသော်လည်း ပြပွဲကို ကြည့်ရန် စိတ်ဝင်စားနေကြသည်။


ပုဖန်ရွေးချယ်ခဲ့သောနေရာသည် အလွန်စိတ်ဝင်စားစရာကောင်းသောကြောင့်ဖြစ်သည်။ ၎င်းသည် မသေမျိုးမီးဖိုချောင်အဆောက်အဦးနှင့် မျက်နှာချင်းဆိုင်တွင် ဖြစ်သည်။


ဤသည်မှာ အလွန်ရဲရင့်သော ရွေးချယ်မှုဖြစ်သည်။ ထိုအဆောက်အဦးထဲတွင် လူများစွာ ဝင်ထွက်သွားလာနေသည်ဖြစ်၍ စားဖိုမှူးတွင် လုံလောက်သော အရည်အချင်းရှိပါက လူကြိုက်များရန် လွယ်ကူသည်။