Chapter-28
လီချန်ဖုန်းအခန်းထဲကိုဝင်လိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အာခေါင်ခြောက်သွားရ၏။ ရွှီချင်းက တစ်ရေးတစ်မောအိပ်ရန် ခပ်ပွပွအဝတ်အစား ပြောင်းဝတ်ထားပေသည်။ အင်္ကျီမှာ အရမ်းကြီးပြီး လျော့တိလျော့ရဲဖြစ်နေ၍ ဖြူဖြူဖွေးဖွေးရင်ဘတ်ကိုမြင်နိုင်လေသည်။ သူ့ရဲ့ချစ်စဖွယ်ခြေချောင်းသေးသေးလေးတွေကလည်း ယားယံနေသလိုမျိုး တလှုပ်လှုပ်ဖြစ်နေသည်။ ရွှီချင်းက စောင်ကိုဖက်လျက် ဘေးတစ်ဖက်မှာအိပ်နေသည်။ သူ့ရဲ့ခပ်ဝိုင်းဝိုင်းတင်ပါးလေးမှာ တံခါးဘက်သို့မျက်နှာမူနေတော့ မနေ့ညက နူးညံ့တဲ့အတွေ့အထိလေးတွေကို သတိပြန်ရမိစေသည်။
"ခြေချောင်းတွေယားနေလို့လား"
ရွှီချင်းက မျက်လုံးကိုမှိတ်ထားရင်း ခေါင်းညိတ်လိုက်သည်။ စားသောက်ပြီးသည်နှင့် အိပ်ငိုက်နေတဲ့အချိန်မှာ သူ့ခြေဖဝါးယားနေတာတောင် မကုတ်ချင်ပေ။ သို့သော် ယခုတော့ လီချန်ဖုန်းရဲ့မေးခွန်းကိုကြားလိုက်သဖြင့် သူ့ခြေထောက်တစ်ဖက်ကို လေထဲမြှောက်ကာ လီချန်ဖုန်းအား ကုတ်ပေးရန် အချက်ပြလိုက်၏။ "ကျွန်တော်မလှုပ်ချင်လို့၊ ခင်ဗျားကုတ်ပေးပါဦး"
လီချန်ဖုန်းလည်း အိပ်ရာပေါ်တက်ကာ ရွှီချင်းရဲ့မြှောက်ထားတဲ့ခြေဖဝါးကို သူ့လက်ထဲထားလျက် ညင်ညင်သာသာလေး ကုတ်ပေးလိုက်သည်။ ပထမတော့ သူက ရွှီချင်းအတွက် နာနာခံခံကုတ်ပေးနေပေမယ့် တဖြည်းဖြည်းနှင့် သူ့ရဲ့နောက်လက်တစ်ဖက်က ရွှီချင်းရဲ့နူးညံ့ပျော့ပျောင်းတဲ့ခြေထောက်ဆီ သာသာလေးစတင်ရွှေ့လျားနေလျက်...
.
.
.
.
.
(T/N: မက်ကျူးဝါးအခန်းတွေကို WPမှာ သွားဖတ်လို့ရပါတယ်နော်)
ရွှီချင်း နောက်တစ်ခေါက်နိုးလာတော့ ညနေစောင်းနေပြီ။
လီချန်ဖုန်းက သူ့ကိုသန့်ရှင်းပေးထား၍ သူ့ခန္ဓာကိုယ်မှာ စေးကပ်တာတွေမရှိတော့ဘူးဆိုရင်တောင် ရွှီချင်းက အဆင်မပြေဖြစ်နေပြီး သက်ပြင်းမချဘဲမနေနိုင်တော့။ ဒီဝံပုလွေက သူ့ကို အမြဲအငမ်းမရစားသောက်နေလိုက်တာ အနာဂတ်မှာ သူဘယ်လိုမျိုးနေရပါ့မလဲနော်။
"နိုးပြီလား? ရေငတ်နေလား။ ရေနွေးနည်းနည်းသောက်လိုက်နော်။ အခုလေးတင် ကိုယ်ကျိုထားတာလေ၊ သောက်လိုက်နော်" လီချန်ဖုန်း အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အပြစ်တင်စွပ်စွဲနေတဲ့မျက်လုံးတစ်စုံကို တွေ့လိုက်ရသော်လည်း ရေတစ်ခွက်ဖြင့် ရွှင်ရွှင်မြူးမြူးလျှောက်လာကာ အားနည်းနေသေးတဲ့ရွှီချင်းကိုဖက်လျက် ချစ်မြတ်နိုးစွာအနမ်းပေးလိုက်၏။
"ရေငတ်နေလား"ဆိုတဲ့ စကားလုံးကို ကြားလိုက်သည်နှင့် ရွှီချင်းလည်း မျက်နှာနီရဲသွားလျက်။ သူအများကြီးဂရုမစိုက်နိုင်ခဲ့ချေ။ သူတို့နှစ်ယောက်သား နေ့ခင်းတစ်ဝက်လုံးလုံး တက်တက်ကြွကြွလေ့ကျင့်ခန်းလုပ်ခဲ့ကြသဖြင့် တကယ့်ကို ရေငတ်နေခဲ့သည်! သူက ခြောက်သွေ့ညှိးနွမ်းသွားသလိုပင်!
"မင်းထပ်လိုချင်သေးလား?" လီချန်ဖုန်းက ရွှီချင်း ရေတစ်ခွက်လုံးသောက်ချလိုက်သည်ကိုကြည့်ကာ သူ့ကိုယ်သူအပြစ်ရှိသလိုခံစားလိုက်ရသည်။
"ဟင့်အင်း! ထပ်မလုပ်တော့ဘူး! ကျွန်တော့်ခါးကနာနေတုန်းပဲ!" ရွှီချင်းရဲ့ဦးနှောက်မှာ နှေးကွေးနေကာ မစဥ်းစားတော့ဘဲ ပြောချလိုက်၏။ သူပြောလိုက်တာကို သဘောပေါက်သွားပြီးတော့မှ ရှက်လွန်းလို့ လီချန်ဖုန်းရဲ့ရင်ခွင်ထဲမှာ သူ့ခေါင်းကို မြှုပ်ထားလိုက်တော့သည်။ တကယ့်ကို အရှက်ကွဲတာပါပဲ!
လီချန်ဖုန်းက ရွှီချင်းကို ညင်ညင်သာသာလေးပုတ်လိုက်ပြီး မစနောက်တော့ဘဲ "ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ထပ်မလုပ်တော့ဘူးနော်။ ဒါပေမယ့် မင်းရေထပ်သောက်ချင်သေးလား။" သူ့ဇနီးလေးက အရေပါးလွန်း၍ တစ်ခုခုသာမှားသွားခဲ့ရင် သူ့ကိုထပ်ထိလို့ရမှာမဟုတ်ဘူးလေ!
"ကျွန်တော်ရေသောက်ချင်သေးတယ်..." သူ့ရင်ခွင်ထဲမှ အသံသေးသေးလေး ထွက်လာခဲ့၏။ သူတို့ခန္ဓာကိုယ်က အရမ်းနီးကပ်လွန်းနေလို့သာ၊ မဟုတ်ရင် သူကြားလိုက်မှာမဟုတ်ဘူး!
လီချန်ဖုန်းက ရွှီချင်းအတွက် ပြုတ်ကျနေတဲ့စောင်လးကို ဆွဲတင်ပေးလိုက်ပြီးနောက် ရေခပ်ရန်လှည့်လိုက်၏။ ရွှီချင်းလည်း စောင်ထဲမှာဝင်နေလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မည်းမည်းနေတဲ့ကောင်းကင်ကိုကြည့်လိုက်တော့မှ နောက်ထပ်နေ့ခင်းတစ်ချိန်ကိုဖြုန်းလိုက်မှန်း သိသွားတော့သည်။ အား ကိုယ်လူချောရဲ့ ညှို့ဓာတ်ကတော့ တကယ့်ကိုပျက်စီးစေတာပဲကွာ!
xxx