Ch-30
Viewers 9k

Chapter-30


နေ့ခင်းပိုင်း၌ မိုးက ပိုသည်းလာသဖြင့် နေ့ခင်းအစောပိုင်းတွင် လယ်လုပ်နေကြသော လယ်သမားများကို မတွေ့ရတော့ချေ။ လူတိုင်းက အိမ်ထဲတွင် ပုန်းအောင်းနေကြကာ ရှားရှားပါးပါးအားလပ်ချိန်ကို အခွင့်ကောင်းယူနေကြလျက်။



လီချန်ဖုန်းနှင့် ရွှီချင်းတို့လည်း သာယာတဲ့နေ့လည်ခင်းကို အတူတကွပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။ ယမန်နေ့ကလိုမျိုး အရူးအမူးမပြုမူကြတော့ပေမယ့် ညစာစားအပြီးမှာတော့ ဤအေးချမ်းမှုမှာ ပျက်စီးသွားပြန်၏။ 



လီချန်ဖုန်းက ခြောက်သွေ့သွားပြီးဖြစ်တဲ့ရေချိုးကန်ကို ရေချိုးခန်းထဲသို့ ရွှေ့လိုက်လေရာ ရွှီချင်းမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးဝင်ဆန့်နိုင်တဲ့ ရေချိုးကန်ကြီးကို စိတ်လှုပ်ရှားစွာဖြင့်  လှည့်ပတ်နေခဲ့၏ "ဒါကတအားကြီးတာပဲ! နောက်ဆုံးတော့ ငါရေကောင်းကောင်းချိုးနိုင်ပြီကွ!" 



လီချန်ဖုန်းက အဓိပ္ပါယ်ရှိတဲ့အပြုံးနှင့် "ကိုယ်ရေကျိုပြီးသွားပြီ။ ကိုယ်သွားယူပေးမယ်နော်" လီချန်ဖုန်း ရေပူသွားယူပေးမည်ဆိုသောကြောင့် ရွှီချင်းလည်း အခန်းထဲသို့ ချက်ချင်းပြန်သွားကာ အဝတ်အစားများ သွားယူလာခဲ့သည်။  



လီချန်ဖုန်း ရေချိုးကန်ကို တစ်ဝက်ပြည့်သည်အထိ ရေပူနှစ်ပုံးနှင့် ရေအေးတစ်ပုံးဖြင့် ဖြည့်လိုက်သည်။ "မင်းအရင်ဝင်နေလိုက်။ အေးသွားမှာစိုးလို့ ကိုယ်ရေပူနည်းနည်းထပ်သွားယူလိုက်မယ်" 



ရွှီချင်း ခေါင်းညိတ်ပြလျက် လီချန်ဖုန်းအပြင်ထွက်သွားတာကိုစောင့်လိုက်၏။ တံခါးပိတ်သွားသောအခါ သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး လေအေးအေးကို ခံစားလိုက်ရလျက်။ ဒီ​နေ့​နေ့လည်​က နည်းနည်း​အေးတယ်! 



ရွှီချင်းလည်း အပြင်ဘက်တွင် အမြန်ရေဆေးပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ရေချိုးကန်ထဲ ဝင်လိုက်၏။ "တအားသက်တောင့်သက်သာရှိတာပဲကွာ..." ရွှီချင်းမှာ ရေနွေးစိမ်နေခဲ့ရင်း ယခုအချိန်တွင် သူရဲ့ခံစားချက်ကို ဖော်ပြရန် စကားလုံးပင်မရှိတော့။ ရေချိုးကန်မှာ အတော်လေးကြီးပေသည်။ သူ့ခြေထောက်တွေကို အနည်းငယ်ကွေးပြီး ထိုင်နေရင်တောင် ရေက သူ့ပခုံးကိုရောက်ရုံသာသာ။ ရေချိုးကန်ရဲ့အမြင့်ကတော့ အနေတော်ပါပဲ။ 



"မင်းအတွက် ရေနွေးထပ်ထည့်ပေးဖို့ ကိုယ်ဝင်လာခဲ့မယ်!" လီချန်ဖုန်း တံခါးခေါက်လိုက်ကာ ရွှီချင်းရဲ့အဖြေကိုရရှိပြီးနောက် လီချန်ဖုန်းက သစ်သားစည်ကြီးနှစ်စည်နှင့် ဝင်လာလျက် တံခါးကို သော့ခတ်လိုက်သည်။ 



"ခင်ဗျားဘာလုပ်နေတာလဲ?!" 



တံခါးသော့ခတ်သံကို ရွှီချင်းကြားလိုက်သည်နှင့် လီချန်ဖုန်းအား သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်သည်။ လီချန်ဖုန်းက ရွှီချင်းကို အပြစ်ကင်းစွာကြည့်လိုက်ပြီး "ကိုယ်လည်း ရေချိုးချင်လို့ပါ၊ စိတ်မပူပါနဲ့။ ကိုယ်အပြင်မှာအရင်ချိုးလိုက်မယ်။ မင်းကတော့ရေဆက်စိမ်နေပေါ့" လီချန်ဖုန်းက အပြင်မှာဆေးကြောမယ်လို့ပြောတာကို ကြားလိုက်တော့ သူ့စိတ်အေးသွားရသည်။ ရွှီချင်းမှာ အာရုံမစိုက်လိုက်၍ စာကြောင်းထဲမှ "အရင်"ဆိုတဲ့ စကားလုံးကို မကြားလိုက်ချေ။ 



ရွှီချင်း သူ့အသားအရေကို ပွတ်တိုက်နေသောလီချန်ဖုန်းကို စိုက်ကြည့်ရင်း "ခင်ဗျားအပြင်မှာ ဆေးကြောမှာမဟုတ်ဘူးလား!" သူ့အတွက်တော့ ရေချိုးကန်ထဲမှာ တစ်ယောက်တည်းထိုင်ရတာ အဆင်ပြေပေမယ့် လီချန်ဖုန်းဝင်လာသည်နှင့် သူ့ခြေထောက်တွေက လီချန်ဖုန်းရဲ့ခါးမှာပတ်ကာ သူ့ပေါင်ပေါ်ထိုင်လိုက်ရ၏။ ရေမျက်နှာပြင်မှာလည်း ရွှီချင်းရဲ့ပခုံးမှတစ်ဆင့် သူ့လည်ပင်းအထိ မြင့်တက်လာလျက်။ 



"ဟုတ်တယ်လေ၊ အရင်ဆုံး အပြင်မှာ ဆေးကြောတာလေ" လီချန်ဖုန်းက သူ့ရဲ့သွားဖြူဖြူလေးတွေကိုပြလျက် ရွှီချင်းအား ပြောလိုက်၏။ ရေအောက်ထဲတွင် သူ့လက်ကြီးကြီးတစ်စုံဖြင့် ရွှီချင်းရဲ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ယခုတော့ ရွှီချင်းရဲ့နောက်ကျောမှာ လီချန်ဖုန်းရဲ့ ရင်ဘတ်ကျယ်ကျယ်ကြီးကို မှီနေခဲ့ပြီး သူ့တင်ပါးမှာလည်း ထိုလူရဲ့ပေါင်ပေါ်မှာရှိနေခဲ့ပြီ။ 



လီချန်ဖုန်းက ရွှီချင်းကို အနောက်ကနေ ဖိကပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးပူလာကာ အသက်ရှုသံတွေ ပြင်းလာခဲ့၏။ ရေအပူချိန်မှာ မနိမ့်သော်လည်း ရွှီချင်းလည်း တဖြေးဖြေးပူလောင်လာသလို ခံစားရလျက်၊ အထူးသဖြင့် သူ့တင်ပါးအောက်မှာရှိနေသည့် ဂနာမငြိမ်တဲ့ ပစ္စည်းကြီးကြောင့်ပင်။ "လာ၊ ကိုယ်မင်းရဲ့ကျောကိုသုတ်ပေးမယ်၊ မလှုပ်နဲ့!" ရုန်းကန်လိုသောခန္ဓာကိုယ်ကို ထိန်းကိုင်ထားရင်း လီချန်ဖုန်းက ရွှီချင်း စိတ်တည်ငြိမ်သွားစေရန် ပြောလိုက်သည်။ 



လီချန်ဖုန်း ရေချိုးရာတွင်သုံးသည့် သပွတ်ကို ယူလိုက်ပြီး ရွှီချင်းရဲ့ခန္ဓာကိုယ်ကို နာနာခံခံတိုက်ပေးနေခဲ့၏။ သူ့လက်ဖဝါးကြမ်းကြမ်းတစ်စုံက ပူနေသော်လည်း ရွှီချင်းရဲ့ပခုံးကို ညင်ညင်သာသာလေး နှိပ်ပေးနေလိုက်သည်။ "အားကအနေတော်ပဲလား?" ရွှီချင်းမှာ မျက်လုံးကိုမှိတ်ထားလျက် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သော်လည်း သူ့သတိကိုမလျှော့ရဲချေ။ အကြောင်းသည်ကား သူ့အောက်မှထိုအရာကြီးဟာ အတော်လေးတက်ကြွနေတာကိုး! 



ဆီမီးအိမ်မှ မှိန်မှိန်မှိန်ပျပျအလင်းရောင်မှလွဲ၍ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံမှာ မှောင်မိုက်နေဆဲ။ ရွှီချင်းရဲ့ ဖြူဖျော့ဖျော့နောက်ကျောလေးက လီချန်ဖုန်းရဲ့အမြင်ထဲမှာ လုံးလုံးပြီးပြည့်စုံနေကာ သွေးဆောင်ဖြားယောင်းနေဟန်။ လီချန်ဖုန်းသည် ရေကအနည်းငယ်အေးစိမ့်လာပြီဟုခံစားရ၍ ထိုင်ခုံအမြင့်ပေါ်မှရေပူတစ်ပုံးကို တိုက်ရိုက်မကာ မတ်တပ်မရပ်ဘဲ ရေချိုးကန်ထဲ ဖြေးဖြေးလေးလောင်းချလိုက်၏။ ရုတ်တရက်ပင် ရွှီချင်းတစ်ကိုယ်လုံးကို အပူတွေလွှမ်းခြုံသွားပြန်ပေသည်။ 



လီချန်ဖုန်းက ရေနွေးငွေ့ကြောင့် ရွှီချင်းရဲ့ မျက်နှာလေးနီရဲနေတာကိုကြည့်ကာ သူ့မျက်လုံးတွေ မှောင်မိုက်သွားလျက် သူ့ခန္ဓာကိုယ်ကလည်း တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ။ ရွှီချင်းကတော့ မျက်လုံးမှိတ်ထားရင်း ပျော်ပျော်ကြီးရေစိမ်နေရာ သူ့ခင်ပွန်းရဲ့တုံ့ပြန်မှုကို သတိမထားမိသေး။ မဟုတ်ရင် သူထွက်ပြေးသွားတာကြာလှပေါ့။ 



"အရမ်းပူနေလား? ဒါပေမယ့် ပိုအေးတဲ့ရေနဲ့ ရောလိုက်ရင် မြန်မြန်အေးသွားမှာပါ" လီချန်ဖုန်းက သူ့မေးစေ့ကို ရွှီချင်းပခုံးပေါ်တင်ထားကာ သူ့နားထဲ​တိုးတိုးပြောလိုက်သဖြင့် ရွှီချင်းမှာ တုန်ယင်သွားလေသည်။ သူက ရယ်မောရင်း "ဒီလောက်အနီးကပ် စကားပြောစရာမလိုပါဘူးနော်၊ ခင်ဗျားကြောင့် ကျွန်တော့်နားရွက်တွေ ယားလာပြီ!" လီချန်ဖုန်း ရေအောက်ထဲတွင် သူ့ခန္ဓာကိုယ်ကိုညှစ်ထား၍ ရွှီချင်းလည် းတခစ်ခစ်ရယ်နေကာ လီချန်ဖုန်းရဲ့ပေါင်ပေါ်မှ သူ့တင်ပါးက အနည်းငယ်တွန့်လိမ်သွားရသည်။ 



ခဏကြာတော့ ချိုးရေတွေလည်း ကြမ်းပြင်ပေါ် လျှံကျသွားလျက်။ လီချန်ဖုန်းလှုပ်ရှားလိုက်ခြင်းကြောင့် ရွှီချင်းရဲ့ပါးပြင်မှာ ရှက်ရွံ့နီမြန်းသွားရ၏။ ယခင်က ရွှီချင်းရဲ့လည်ပင်းထိရှိနေခဲ့သောရေမှာ ယခုတော့ သူ့ရင်ဘတ်နားပဲရှိတော့သဖြင့် အေးစက်သွားရသည်ကြောင့် သူ့အနောက်ရှိ အပူရင်းမြစ်ဆီ မှီလိုက်မိသည်။ လီချန်ဖုန်းမှာ ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ပြီး သူ့ဇနီးလေးကို ချက်ချင်းပင် သူ့လက်မောင်းတွင်းသို့ ဆွဲသွင်းလိုက်တော့သည်။ 


သူက ရွှီချင်းရဲ့ ဖြူဖွေးလုံးဝိုင်းတဲ့နားဖျားလေးကို ကိုက်လျက် "အေးနေလို့လား။ ကိုယ်လည်းအေးနေတာ။ အတော်ပဲပေါ့၊ ကိုယ် မင်းကို နွေးသွားအောင် ကူညီပေးမယ်နော်!" သူပြောပြီးသည်နှင့် ရွှီချင်းရဲ့လည်တိုင်ကို ဖွဖွလေးကိုက်လိုက်ကာ အမှတ်အသားနည်းနည်းကျန်သွားစေ၏။ 


ရွှီချင်းမှာ ဒီဘေးအန္တရာယ်ကြီးမှ မလွတ်မြောက်နိုင်မှန်းသိသော​ကြောင့် သူ့လက်ကို နောက်သို့ပို့ကာ လီချန်ဖုန်းရဲ့ပစ္စည်းကြီးကို ဆွဲကိုင်ဖို့ ရိုးရိုးရှင်းရှင်းပဲ ဦးစွာလုပ်ဆောင်လိုက်ရာ ဝံပုလွေကြီးက သူ့ဒဏ်ရာရနေတဲ့လည်ပင်းပေါ်မှာ ကိုက်မိသကဲ့သို့ ပို၍ပင်စိတ်ပါတက်ကြွသွားသည်။   


လီချန်ဖုန်းရဲ့လက်တစ်ဖက်က ရွှီချင်းမေးစေ့ကို ဆုပ်ကိုင်ထားစဥ် ကျန်တစ်ဖက်မှာတော့ ရေထဲတွင် တုံ့ပြန်လာတဲ့ရွှီချင်းကို ဆုပ်ကိုင်ထားလေသည်။ 


ရွှီချင်းက လီချန်ဖုန်းရဲ့ အသက်ရှူကျပ်စေသည့်အနမ်းကို မခံနိုင်တော့ပေ။ သို့သော် လီချန်ဖုန်းလွှတ်ပေးလိုက်သည်နှင့် သူက နည်းနည်းမကျေမနပ်ဖြစ်သွား၏။ ထို့ကြောင့် သူက ဦးစွာမှီလိုက်ပြီး လီချန်ဖုန်းကို အစပြုနမ်းလိုက်သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးကြားမှာ ငွေရောင်အမျှင်တန်းလေးတစ်ခု မရေမရာရှိနေဆဲ။ 


ရွှီချင်းရဲ့ပခုံးမှာ အနည်းငယ်အေးသွားသလိုခံစားလိုက်ရသဖြင့် လီချန်ဖုန်းက ရွှီချင်းကို နမ်းနေခဲ့ရာမှ ရေအောက်တွင် လက်ကိုဆွဲလျက် သူ့နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် သူ့ဇနီးလေးကိုဆွဲလှည့်လိုက်ပြီး သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်၏။ ထိုမှသာ ရွှီချင်းမှာလည်း လွတ်လွတ်ကျွတ်ကျွတ် အသက်ရှူရတော့သည်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ခါးလေးကို သူ့လက်ဖြင့် ဖြည်းဖြည်းချင်း ​ပွတ်သပ်နေလျက်။ သူ့လက်တစ်ဖက်က ရွှီချင်းအားပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ ရေအောက်ထဲ၌ ရွှီချင်းကိုင်ထားတဲ့ထိုအရာပေါ်မှာ အုပ်ကိုင်ထားရင်း အပေါ်အောက် ရွေ့လျားနေခဲ့သည်။ လီချန်ဖုန်းရဲ့လျှာမှာ သူ့ညှပ်ရိုးမှတစ်ဆင့် အောက်ထိဆင်းကာ ပစ်မှတ်ကိုလိုက်ရှာနေသောကြောင့် ရွှီချင်းလည်း သူ့ခေါင်းလေးကိုမော့ထားရင်း ပင့်သက်ရှိုက်နေရုံသာ။ 


ရွှီချင်းမှာတော့ လီချန်ဖုန်းဆီက အပေါ်ရော အောက်ဘက်ပါ တိုက်ခိုက်နေသည်ကို ခံနေရကာ ကြင်နာစွာထွေးပိုက်မှုအောက်တွင် အရင်ဆုံး ပေါက်ကွဲသွားရသည်။ လီချန်ဖုန်းကလည်း သူ့ဇနီးလေးရဲ့ စိတ်အားထက်သန်မှုကို သဘာဝကျကျ ခံစားနိုင်၏။ သူကိုယ်တိုင် စုပ်ယူစားသုံးထားသော ပဲစေ့နီလေးနှစ်စေ့ကို လွှတ်ပေးလိုက်ပြီး သတိလက်လွတ်ဖြစ်နေတဲ့ဇနီးလေးကို နမ်းလိုက်ကာ ရေအောက်ထဲမှာ ယှက်သွယ်ထားတဲ့ လက်နှစ်ဖက်ကို လွှတ်ပေးလိုက်သည်။ 


လက်တစ်ဖက်က ရွှီချင်းရဲ့တင်ပါးကို အနည်းငယ်မြှောက်လိုက်ပြီး ကျန်လက်တစ်ဖက်ကတော့ ရွှီချင်းရဲ့ခါးလေးကို ကိုင်ထားကာ ရွှီချင်းရဲ့လျှို့ဝှက်နေရာကိုဝင်ရန်  အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့သူ့အဖွဲ့ဝင်ကြီးကို ချိန်ရွယ်လိုက်ပြီး ဖြည်းဖြည်းချင်းနစ်ဝင်သွားတော့သည်။ 


ရွှီချင်းသည် လီချန်ဖုန်းထံမှရတဲ့ နွေးထွေးမှုကို စွဲလန်းသွားပြီး သူ့လက်တွေကို လီချန်ဖုန်းလည်ပင်းတစ်ဝိုက် ပတ်ထားလိုက်၏။ သူကိုယ်တိုင်အစပြု၍ လှုပ်ရှားလိုက်သည်မို့ လီချန်ဖုန်းမှာ အံ့သြသွားရသည်။ 


လီချန်ဖုန်းလည်း ရွှီချင်းရဲ့ခါးကို ညင်သာစွာကိုင်လိုက်ပြီး ဝန်ဆောင်မှုကိုကျေနပ်စွာဖြင့် သက်သောင့်သက်သာရှိတဲ့အသံကို ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ရွှီချင်းသည်လည်း အလိုအလျောက်တုံ့ပြန်လာကာ သူ့ခါးကို ဖြေးဖြေးချင်း ဟိုဟိုဒီဒီရွှေ့နေခဲ့၏။ သူပိုလိုချင်တယ်လေ...ပိုပြီးတော့!!! 


ရွှီချင်းလည်း လီချန်ဖုန်းရဲ့လည်ပင်းကို အားတက်သရောပွေ့ဖက်ကာ တိတ်တဆိတ် တိုက်တွန်းလိုက်သည်။ ထို့နောက်တွင်တော့ လီချန်ဖုန်းက သူ့လက်အားကိုတိုး၍ ခပ်နှေးနှေးလှုပ်ရှားမှုကို တဖြေးဖြေးအရှိန်မြန်လိုက်တော့သည်။ လီချန်ဖုန်းရဲ့ ထပ်ခါထပ်ခါဆောင့်ချက်တွေကြောင့် ရွှီချင်းမှာငိုညည်းသံများထုတ်လျက် "ချန်ဖုန်း...!" 


သူက ရွှီချင်းရဲ့တင်ပါးကို အတင်းဆွဲကားပြီး သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထား၏။ ထပ်ခါတလဲလဲ ထိုးဖောက်ဝင်ရောက်မှုကြောင့် ရွှီချင်းရဲ့ခြေထောက်တွေက နေမထိထိုင်မသာဖြစ်လာလျက်  "…မလုပ်နဲ့…" ရွှီချင်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့ အနက်ရောင်ဆံပင်တွေကလည်း သူ့ကိုယ်လုံးဖြူဖြူလေးပေါ်မှာ ပြန့်ကျဲနေပြီး သူက နည်းနည်းလေးမှမအေးတော့ပေမယ့် သူတို့ရဲ့ဆက်နွယ်မှု​ကြောင့် ချွေးတပြိုက်ပြိုက်ကျနေသေးသည်။ 


ရေချိုးကန်ဆီမှ ရေဘောင်ဘင်ခတ်သံမှာ စည်းချက်တစ်ခုလိုပင်။ ရွှီချင်းမှာ ဆင်ခြင်နိုင်စွမ်းအချို့ရှိနေဆဲဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူ့အောက်ဘက်ရှိ ထိုလူရဲ့အရှိန်ကို ဖြည့်ဆည်းပေးရန် သူ့ခန္ဓာကိုယ်မှာ လှုပ်ယမ်းနေရုံသာ။ ခြေထောက်တွေကြားမှ တိုက်မိသံတွေက ပို၍ပြင်းထန်လာသဖြင့် ပင့်သက်ရှိုက်သံတွေပိုကျယ်လာသော်လည်း ညအမှောင်ထဲ၌ ပြတင်းပေါက်ပေါ်တွင် ခန္ဓာကိုယ်နှစ်ခု၏ ယိမ်းထိုးလှုပ်ရှားနေတဲ့ အရိပ်အယောင်သာ ကျန်နေခဲ့သည်။ 


သူတို့နှစ်ယောက်မှာ စစ်မြေပြင်ကို အိပ်ရာပေါ်သို့ ရွှေ့လိုက်သောအခါ ရွှီချင်းက အသံပင်မထွက်နိုင်တော့။ သူအရမ်းပင်ပန်းနေပြီး သူ့စိတ်က အနားယူချင်နေပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အနောက်မှလီချန်ဖုန်းရဲ့ တိုက်ခိုက်မှုတွေကို ဖြည့်ဆည်းပေးနေရတုန်းပဲ "ဇနီးလေး ခဏလေးပါပဲ!" 


အဲ့ဒီစကားကို သရဲတစ္ဆေတွေပဲယုံမယ်! ရွှီချင်းလည်း သူ့နှလုံးသားထဲမှာ တိတ်တိတ်လေးမျက်ရည်ကျနေလျက်။ ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲစွမ်းရည်တွေနဲ့ ဒီလိုဆိုးညစ်တဲ့သားရဲကောင်ကို သူဘာကြောင့်များရွေးချယ်ခဲ့မိတာပါလိမ့်! 


*** 


လီချန်ဖုန်း မနက်စောစောနိုးလာသောအခါ ရွှီချင်းမှာ ပိုးတုံးလုံးလေးလို သူ့ကိုဖက်အိပ်နေခဲ့သည်။ လီချန်ဖုန်းလည်း သူ့ဇနီးလေးရဲ့မျက်နှာလေးကို ချစ်မြတ်နိုးစွာ နမ်းလိုက်သည်။ သူ့ဇနီးလေးရဲ့မျက်လုံးအောက်မှ အပြာနှင့်အမည်းကွင်းတွေကို မြင်လိုက်ရတော့ သူစိတ်သောကရောက်ရပြီး ကူကယ်ရာမဲ့လျက်။ ရွှီချင်းနဲ့ပတ်သက်လာသည့်အခါတိုင်း သူ့မှာ ချုပ်တည်းမှုတွေပျောက်ကုန်တာပင်! 



လီချန်ဖုန်းက ရွှီချင်းကို သူ့ရင်ခွင်ထဲမှ ညင်ညင်သာသာလေးထုတ်လိုက်ပြီးနောက် အဝတ်အစားတွေကို တိတ်တဆိတ်ယူကာ အပြင်သို့ထွက်ခဲ့သည်။ ရွှီချင်းအိပ်ပျော်နေသည်ကို မနှောင့်ယှက်ချင်ပေ။ 



ယနေ့တွင် မိုးဖွဲဖွဲလေးသာကျနေလျက်။ ယမန်နေ့ကလောက် မိုးမသည်းပေမယ့် အပြင်ထွက်သည့်အခါ ခြုံထည်၀တ်ရန်လိုသေးသည်။ 



လီချန်ဖုန်း အိုးထဲသို့ ဂျုံတွေထည့်ပြီးနောက် အဖုံးတစ်ခုဖြင့်အုပ်ထားလိုက်သည်။ ထို့နောက် မိုးကာအင်္ကျီကို ဝတ်ဆင်ကာ ခြင်တောင်းကိုသယ်၍ ဝက်စာမြက်ဖြတ်ရန် အိမ်ဘေးဘက်သို့သွားခဲ့သည်။ 



သူပြန်လာသည့်အခါ အိုးထဲကယာဂုမှာ အဆင်သင့်ဖြစ်နေပြီ။ ဝက်စာမြက်တွေကို ပြင်ဆင်ပြီး ဝက်ကလေးအား ကျွေးပြီးနောက် ကြက်ပေါက်လေးများကိုလည်း အစာကျွေးလိုက်၏။ ထို့နောက် လီချန်ဖုန်းက သူ့လက်ကို ဆေးကြောပြီး အိုးထဲမှဂျုံယာဂုကို ခပ်လိုက်ကာ ဘေးမှာချထားလိုက်သည်။ သူအခန်းထဲပြန်ဝင်သွားတော့ ရွှီချင်းမှာ ​​အေးအေးချမ်းချမ်းအိပ်ပျော်နေသေးတာကို တွေ့လိုက်သည်ကြောင့် လျှောကျနေတဲ့စောင်ကိုဆွဲကာ သူ့ဇနီးလေးကို ခြုံပေးလိုက်သည်။ လီချန်ဖုန်းလည်း အနှီငြိမ်းချမ်းလှတဲ့မြင်ကွင်းကို ခဏ​ကြာတိတ်တဆိတ်ကြည့်ရှုပြီးနောက် ထရပ်ကာ ထွက်သွားခဲ့သည်။ ယနေ့တွင်လည်း ရွှီချင်းက  နေ့လည်အထိ အိပ်မယ့်ပုံရသည်။  



သေချာတာပေါ့၊ ရွှီချင်းနိုးလာသည့်အချိန်မှာ တကယ်ပဲ မွန်းတည့်ချိန်ရောက်နေခဲ့ပြီ။ လီချန်ဖုန်းက မီးဖိုချောင်တံခါးဝမှာ ရပ်နေသော ရွှီချင်းကို တွေ့လိုက်သောအခါ နေ့လည်စာချက်ပြီးခါစပင် "နိုးပြီလား? နေ့လည်စာစားဖို့အတွက် အချိန်ကွက်တိပဲ!" ရွှီချင်းမှာ နှုတ်ခမ်းဆူကာ လီချန်ဖုန်းကို သူ့မိသားစုထဲလက်ထပ်ခဲ့တာက ကံကောင်းတာပဲဟု တွေးလိုက်၏။ မဟုတ်ပါက သူသာ လီမိသားစုထဲလက်ထပ်ခဲ့ပြီး နေ့တိုင်း ဒီအချိန်မှ အိပ်ရာထခဲ့ရင် ယောက္ခတွေဆီက အဆူခံရမှာအသေအချာပဲ! 



xxx