Chapter 67
သူက အပြစ်ရှိစိတ် ဖြစ်ခဲပေသည်။ သို့မဟုတ်ပါက သူက အချိန်အများစုတွင် ခံစားချက်ပြောင်းလဲမှု ဖြစ်ခဲလေသည်။
ဤလောကထဲရှိ သူ့ဆန္ဒများမှာ အလွန်နည်းသည်။ အပြစ်ရှိသည်ဟု ခံစားရသည်ကို မဆိုထားနှင့် သူက လူများနှင့် အရာဝတ္ထုများအကြောင်း များစွာ ဂရုမစိုက်ပါပေ။
သူက တခြားသူများ၏ ကိစ္စများတွင် ဝင်ပါရန် အလွန် ပျင်းလှသည်။
သူက ဘယ်လိုလုပ်ပြီး တခြားသူတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားရမှာလဲ...
သို့သော် ယခုတွင် လင်းဖေးက အပြစ်ရှိသည်ဟု ခံစားရပေသည်။
မကြာသေးမီက လင်းလော့ချင်းမှာ သူ့ကို အာရုံစိုက်လာခဲ့ပြီး သူ့ကို စာအုပ်များဝယ်ပေးကာ သူနှင့် စာအုပ်များဖတ်ပြီး သူ့ကို စာကြည့်ခန်းတစ်ခန်း ဆောက်ပေးရန် ကတိပေးခဲ့သည်။
သူက လင်းလော့ချင်းကို ကြိုက်လာသည်ဟု ခံစားရသော်လည်း သူက သက်ဆိုင်သည့် တုံ့ပြန်ချက်တစ်ခုကို မပေးနိုင် သေးပါချေ။ ကျိလဲ့ယွီက လင်းလော့ချင်းကို 'ပါးပါး'ဟုခေါ်သော်လည်း သူက မခေါ်ချင်ပေ။
လင်းဖေးက သူက အနည်းငယ် ပျင်းစရာကောင်းသည်ဟု ခံစားရကာ သူက အမှန်တကယ်ပင် ထိုမျှ ကြိုက်ချင်စရာမကောင်းပါပေ။
ယခုကဲ့သို့ပင်။ လင်းလော့ချင်းက ယခင်ကဲ့သို့ မပျော်မရွှင် ဖြစ်နေပေသည်။
သူက လင်းလော့ချင်းကို ကြည့်ကာ တွေးလိုက်လေသည်။ ထို့နောက် သူက လက်ကို မြှောက်ကာ လင်းလော့ချင်း၏ ခေါင်းပေါ်တွင် တင်လိုက်ပြီး သူ့ဆံပင်များကို သပ်ပေးလိုက်သည်။
"တောင်းပန်ပါတယ်..."
လင်းဖေး၏ အသံမှာ အမှားတစ်ခုအတွက် တောင်းပန်နေသော ကလေးတစ်ယောက်သဖွယ် တိုးလျှနေပေသည်။
သူက ဆက်ပြောလိုက်ပေသည်။
"အဲ့ဒါက ကျွန်တော့်အပြစ်ပါ အဲ့တော့ စိတ်မပျော်မရွှင် မဖြစ်ပါနဲ့... ဟုတ်ပြီလား... ရှုရှုက တော်ပါတယ်..."
လင်းလော့ချင်းမှာ သူတောင်းပန်လာမည်ဟု အမှန်တကယ်ပင် မမျှော်လင့်ထားပါပေ။ သူက လင်းဖေး၏ လက်ကို အလျင်အမြန် ဆွဲလိုက်ပြီး ကိုင်ထားလိုက်သည်။
"သားက အမှားမလုပ်ပါဘူး.... ဘာလို့ ရှုရှုကို တောင်းပန်နေရတာလဲ..."
သူက ဆက်ပြောလိုက်သည်။
"ရှုရှုက စိတ်မပျော် မဖြစ်ပါဘူး... ရှုရှုက စိတ်မပျော်နေတဲ့ ပုံပေါက်လို့လား..."
"ရှုရှုက ခုဏတုန်းကလောက် မပျော်တော့ဘူးလေ..."
လင်းဖေးက အလေးအနက် ပြန်ဖြေလိုက်သည်။
"ရှုရှုက ကျွန်တော်ကို ပါးပါးလို့ ခေါ်မလားလို့ မေးတုန်းက အရမ်းပျော်နေတာ..."
လင်းလော့ချင်းက ပြုံးကာ ခေါင်းငုံ့ပြီး လင်းဖေးကို နမ်းလိုက်လေသည်။
"ရှုရှုက အခုလဲ ပျော်ပါတယ်..."
"သားက ရှုရှု ခံစားချက်တွေကို သတိထားမိတာ ဝမ်းသာတယ်..."
သူက လင်းဖေးကို ညင်သာစွာ ကြည့်လိုက်သည်။
"ဖေးဖေး အခုဆိုရင် ရှုရှုက သားဘာလို့ ပါးပါးလို့မခေါ်ချင်တာလဲ နားလည်သွားပြီ... အဲ့တော့ အဲ့ဒါကြောင့် မပျော်မရွှင် မဖြစ်တော့ဘူး... သားက ဘာအမှားမှ မလုပ်လို့ တောင်းပန်စရာမလိုဘူး... တကယ်လို့ တကယ်လို့များ ရှုရှုက မပျော်ဘူးလို့ သားခံစားရရင် ရှုရှုကို နမ်းလို့ရတယ်... သားက ရှုရှုကို တစ်ခါမှ မနမ်းရသေးဘူး... သားက ရှုရှုကို နမ်းရင် အရမ်းပျော်သွားမှာ..."
လင်းဖေးမှာ ၄င်းကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။
သူက သိသာသော ခံစားချက်များနှင့် လူတစ်ယောက် မည်သည့်အခါကမှ မဟုတ်ခဲ့ပေ။
တခြားသူများတွေ နမ်းတာကို ထားလိုက်ဦး... လင်းလော့ချင်း သူ့ကို နမ်းရင်တောင် စိတ်ထဲမှာ ကြိုက်ပေမဲ့ သူ့အမူအရာကတော့ အနေခက်နေမှာ...
ဒါပေမဲ့ အခုလေးတင် လင်းလော့ချင်းက သူ့ဆီက အနမ်းတစ်ခုတောင်းလာတယ်...
လင်းဖေးက အနည်းငယ် ခံစားချက်ပြင်းထန်လာပေသည်။
လင်းလော့ချင်းက သူ့မျက်လုံးများထဲမှ ရှက်ရွံ့မှုများကို မြင်လိုက်ကာ လင်းဖေး၏ မျက်နှာကို ထပ်မံနမ်းရန် ခေါင်းငုံ့လိုက်သည်။ သူက လျင်မြန်စွာ ထွက်မသွားသော်လည်း သူ့ကို အနီးကပ်ကြည့်လိုက်ပေသည်။
သူက လက်တစ်ဖက်မြှောက်ကာ မျက်လုံးများကို ကာထားလိုက်ပြီး လင်းဖေးကို မေးလိုက်သည်။
"ဒါဆို အဆင်ပြေလား... ရှုရှု ဘာမှမမြင်ရတော့ သားမှမလုပ်ဘူးလို့ ဟန်ဆောင်ပေးမယ်လေ..."
လင်းဖေးက မသိစိတ်ဖြင့် သူ့၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်လေသည်။ အနည်းငယ်ရှက်ရွံ့ကာ ဆန်းသစ်သော ခံစားချက်တစ်ခုရှိ၍ သူစမ်းကြည့်ချင်လာသည်။
သူက သူ့ရှေ့လူကို ခေတ္တမျှ စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက အနေခက်စွာ စိတ်ရင်းဖြင့် လင်းလော့ချင်း၏ မျက်နှာကို နမ်းလိုက်လေသည်။
ထို့နောက် ချက်ချင်းပင် သူက ခေါင်းငုံ့ကာ ရေထဲတွင် ထိုင်လိုက်ပြီး သူ့နားရွက်များက နီရဲနေပေသည်။
လင်းလော့ချင်းက သူ့၏ ညင်သာသော အထိအတွေ့ကို ခံစားရပြီး သူ့ကို တမင်တကာ စနေပေသည်။
"ရှုရှု အခု လက်ချလို့ရပြီလား..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက လင်းလော့ချင်းမှာ ၄င်းကို မမြင်ရသည်အား သဘောပေါက်သွားပြီး အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"ရပြီ..."
လင်းလော့ချင်းမှာ သူ့မျက်လုံးများကို အုပ်ထားသောလက်များကို ဖယ်လိုက်ရာ လင်းဖေး၏ နားရွက်များကို ထပ်မြင်လိုက်ပြီး သူ့ကို ထပ်မံစလိုက်ပေသည်။
"ခုဏတုန်းက တကယ်ကြီး ရှုရှုကို နမ်းလိုက်တာလား... ဘာလို့ မခံစားလိုက်ရတာပါလိမ့်..."
လင်းဖေးမှာ ထိုမေးခွန်းကြောင့် ကြောင်သွားလေသည်။
သူအရမ်းမြန်မြန်ကြီးနဲ့ ဖွဖွလေး နမ်းလိုက်မိလို့လား... အဲ့ဒါကြောင့် လင်းလော့ချင်းက မခံစားလိုက်ရတာလား...
သူက စိတ်ရှုပ်ထွေးမှုဖြင့် မျက်တောင်ခတ်လိုက်လေသည်။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်း ၃၀%၊ လမ်းပျောက်ခြင်း ၃၀% နှင့် သံသယ ၄၀% ရှိပေသည်။
လင်းလော့ချင်းမှာ သူ့၏ စိတ်ရှုပ်ထွေးနေသော အမူအရာကြောင့် ရွှင်မြူးသွားလေသည်။ သူက လင်းဖေး၏ မျက်နှာကို ညစ်လိုက်ပြီး ဂရုတစိုက် တွေးဟန်ဆောင်လိုက်ပေသည်။
"ကြည့်ရတာ ရှုရှု အနမ်းခံလိုက်ရတယ်ထင်ပါတယ်... ခံစားချက် နည်းနည်းလေးရတယ်... နောက်တစ်ခါဆိုရင် ပိုပြီး ခပ်ပြင်းပြင်းနမ်းလို့ရတယ်နော်..."
လင်းဖေးက နောက်တစ်ကြိမ်ဆိုသည်က မရှိလောက်ပေဟု တွေးက သူ့ခေါင်းကို အဝေးသို့ လှည့်လိုက်ပေသည်။
သူက လင်းလော့ချင်းကို ထပ်မနမ်းချင်ပါဘူး..
တစ်ခါဆို လုံလောက်ပြီလေ...
လင်းလော့ချင်းက သူရေချိုးသည်ကို ကူညီပေးကာ လင်းဖေးမျက်နှာပေါ်မှ ရှက်ရွံ့မှု ခပ်ဖျော့ဖျော့ကို ကြည့်လိုက်လေသည်။ သူက လင်းဖေးက အမှန်ပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
"ဒီနေ့ ရှုရှုနဲ့ အိပ်ချင်လား..."
သူက လင်းဖေးကို အပြုံးတစ်ခုနှင့် ဆက်လက် စလိုက်သည်။
"မင်း ရှုရှုနဲ့ အိပ်ရင် ရှုရှုက ပိုတောင် ပျော်ဦးမှာ...."
"မအိပ်ဘူး..."
လင်းဖေးက သူ့ကို မော့ကြည့်လိုက်သည်။
လင်းလော့ချင်းက ချက်ချင်းပင် သူ့အမူအရာကိုပြောင်းလိုက်လေသည်။
"အဲ့ဒါဆို ရှုရှု မပျော်တော့ဘူး..."
လင်းဖေး : "..."
လင်းဖေးက ထိုလူ ထပ်မံ ကလေးဆန်လာသည်ဟု ခံစားရပေသည်။
လင်းလော့ချင်းက ထုံးစံအတိုင်း သူ့မျက်လုံးထဲတွင် ကူကယ်ရာမဲ့ခြင်း ၃၀%၊ မနှစ်မြို့ခြင်း ၃၀%နှင့် စကားမပြောလိုခြင်း ၄၀%ကို တွေ့လိုက်ပြီး ချက်ချင်းရယ်လိုက်လေသည်။
"ဟုတ်ပါပြီ... ရှုရှုက စတာပါ... တကယ်ချစ်ဖို့ကောင်းတယ်..."
လင်းဖေး : "..."
လင်းဖေး၏မျက်လုံးများမှာ ကူကယ်ရာမဲ့ခြင်း ၃၀%၊ ဂရုစိုက်ရန် ပျင်းရိနေခြင်း ၂၀%နှင့် ရှုရှု ပျော်ရင်အဆင်ပါတယ်ဟူသည့် ၅၀%သို့ ပြောင်းသွားလေသည်။
လင်းလော့ချင်းမှာ သူ့မျက်လုံးများကြောင့် ထပ်မံ ပျော်ရွှင်လာပေသည်။ သူက ပျော်ရွှင်စွာနှင့် လင်းဖေးကို ရေချိုးရန် ကူညီပေးပြီးနောက် ညအိပ်ဝတ်စုံ လဲလိုက်လေသည်။ ထို့နောက် သူက လင်းဖေးကို ချီလာလေသည်။
သူက လင်းဖေးကို ကောင်းသောညပါဟု ပြောကာ အဆုံးသတ်လိုက်ပြီး ထွက်ခွာလုဆဲဆဲဖြစ်သော်လည်း လင်းဖေးမှာ မျက်လုံးထဲတွင် သံသယများရှိနေဆဲ ဖြစ်လေသည်။
"ကျွန်တော်တို့က ဒီညအတူတူအိပ်မှာ မဟုတ်ဘူးလား..."
ဒါက...
လင်းလော့ချင်းက လင်းဖေး၏ တည်ငြိမ်နေသော မျက်နှာလေးကို ကြည့်ကာ အနည်းငယ် အပြစ်ရှိသည်ဟု ခံစားလာရပေသည်။ သူက လင်းဖေး ၄င်းကို အတည်ယူလိုက်မည်ဟု မမျှော်လင့်ထားပါပေ။ သို့သော် ဤသည်က ကိစ္စကြီးတစ်ခု မဟုတ်ပါပေ။ လင်းလော့ချင်းက ပြုံးကာ သူ့နဖူးကို နမ်းလိုက်သည်။
"ရှုရှု မင်းရဲ့ ရှုရှုကျိကို သွားပြောလိုက်ဦးမယ်... ပြီးရင် ပြန်လာပြီး အိပ်မယ်နော်..."
"ဟုတ်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
လင်းလော့ချင်းက မီးမပိတ်ပဲ အိပ်ခန်းထဲမှ ထွက်လာပြီးနောက် သူ့က သူ့၏ အိပ်ခန်းထဲသို့ လာခဲ့လေသည်။
ကျိယွီရှောင်မှာ ရေချိုးပြီးပြီ ဖြစ်ကာ အိပ်ရာပေါ်တွင် ထိုင်နေလေသည်။ သူက လင်းလော့ချင်းပြန်လာကာ သူမည်မျှစွမ်းဆောင်နိုင်သည်ကို ပြသရန်အတွက် မီးပိတ်ပြီး အိပ်ရန် စောင့်နေသည်ဖြစ်သည်။
ရလာဒ်အနေဖြင့် လင်းလော့ချင်းက လျှောက်ဝင်လာပေသည်။ သူစကားမပြောနိုင်ခင်မှာပင် လင်းလော့ချင်း ပြောလိုက်သည်ကို ကြားလိုက်ပေသည်။
"ငါ ဒီည ဖေးဖေးနဲ့ အိပ်ရမှာ... အဆင်ပြေရဲ့လား..."
ကျိယွီရှောင် "..."
ကျိယွီရှောင်က လောကကြီးမှာ သိပ်မကောင်းဟု ထပ်မံ ခံစားလိုက်ရပေသည်။
မဟုတ်သေးပါဘူး... ဘာလို့ ဖေးဖေးနဲ့ ထပ်အိပ်မှာလဲ...
ဖေးဖေးက ခြောက်နှစ်တောင် ရှိပြီလေ...
သူက မင်းကို သူနဲ့အတူ အိပ်ဖို့ မလိုပါဘူး...
ငါက လိုတာ...
တစ်ယောက်တည်း မအိပ်နိုင်တာနဲ့ ညဖက် အိပ်မပျော်တာ မင်းယောက်ျားပါ...
ကျိယွီရှောင်မှာ ခေတ္တမျှ တွေးတောနေလိုက်သည်။ ထို့နောက် သူက နောက်ဆုံးတစ်ခေါက်မှ သင်ခန်းစာများမှ သင်ယူပြီး စိတ်ရင်းဖြင့် မေးလိုက်လေသည်။
"ငါတို့ ကလေးနှစ်ယောက်နဲ့ အိပ်လို့ရတာပဲ... အဲ့ဒါဆိုရင် ငါလည်း ဖေးဖေးကို အဖော်ပြုလို့ရတယ် မင်းလည်း ရှောင်ယွီကို အဖော်ပြုလို့ရတာပေါ့... သူတို့နှစ်ယောက်ထဲက ဘယ်သူမှလည်း မနာလိုဖြစ်စရာမလိုတော့ဘူး..."
သူလည်း မနက်အထိ တစ်ယောက်တည်း အိပ်စရာမလိုတော့ဘူး... ဒါဆိုရင် လုံးဝ ပြည့်စုံတယ်...
လင်းလော့ချင်းက ထိုကဲ့သို့ မတွေးခဲ့ဖူးပါချေ။
သူက ၄င်းကို ဂရုတစိုက်တွေးကာ ၄င်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်သည့်ပုံရပေသည်။
သူတို့လေးယောက်က တစ်ခါမှ အတူမအိပ်ဖူးဘူး...
"ငါ သူတို့ကို မေးလိုက်မယ်..."
လင်းလော့ချင်းက သူလင်းဖေးအခန်းထဲသို့ ယူသွားတော့မည့် ခေါင်းအုံးကို ချလိုက်သည်။
ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။
ကောင်းတယ်... သူက သူ့မိန်းမကို ခေါ်ထားပြီး ဒီညလည်း ကောင်းကောင်း အိပ်ပျော်တော့မှာ...
သူက သက်ပြင်းချကာ စိတ်အေးသွားပြီးခါစတွင် လင်းလော့ချင်းက မကြာမီတွင် ရုပ်ရှင်ရိုက်ရန် သွားတော့မည်ကို သတိရသွားလေသည်။
ကျိယွီရှောင် : "..."
အရမ်းကောင်းတယ်... သူက သူချန်ခဲ့တဲ့ အိပ်မက်ကောင်းရဲ့ ရှားပါး အမှတ်တရတွေ ချစ်မြတ်နိုးသင့်တယ်...
လင်းလော့ချင်းက လင်းဖေး၏ တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့အိပ်ရာထဲသို့ ခေါင်းအုံးမကိုင်ပဲ လျှောက်သွားလိုက်သည်။ လင်းဖေးက သူမေ့လာသည်ဟုထင်ကာ သူနှင့် ခေါင်းအုံးမျှသုံးရန် ဆုံးဖြတ်လိုက်သည္။
သူက ၄င်းကို တွေးနေစဉ်၌ လင်းလော့ချင်းက သူ့ကို အဆန်းတကြယ် မေးလာသည်ကို ကြားလိုက်ပေသည်။
"ဖေးဖေး... သား ရှုရှုကျိနဲ့ အိပ်ချင်လား..."
လင်းဖေးက စိတ်ရှုပ်ထွေးသွားလေသည်။
"ဟင်..."
"မင်းရှုရှု ကလည်း မင်းကို အရမ်းကြိုက်တယ်... မင်းက အမြဲတမ်း ငါနဲ့ပဲ အိပ်တာလေ... သူက မနာလိုပြီး မင်းသူ့ကို မချစ်ဘူးလို့ တွေးနေတော့မှာ..."
လင်းဖေးက တွေလိုက်လေသည်။
'...အဲ့ဒါဆို ရှုရှု ကျိကလည်း ကလေးဆန်တာပေါ့...'
လင်းဖေးက အနည်းငယ် အံ့ဩသွားလေသည်။ သူက ကျိယွီရှောင်မှာ ရင့်ကျက်ကာ တည်ငြိမ်သည်ဟု အမြဲတမ်း တွေးခဲ့လေသည်။ သူက ကျိယွီရှောင်အား ဤကဲ့သို့ ကိစ္စကြောင့် မနာလို့ဖြစ်မည်ဟု မမျှော်လင့်ထားပါပေ။
သူက လင်းလော့ချင်းကို လက်ထပ်တာ အံ့ဩစရာ မရှိတော့ပါဘူး...
ဒီလိုဆိုတော့ သူတို့နှစ်ယောက်က တစ်ထပ်တည်းပဲ...
"အဲ့တော့ သူက မင်းနဲ့လဲ အိပ်ချင်နေတာ... မင်းအိပ်ချင်ရဲ့လား..."
လင်းလော့ချင်းက စိတ်ရင်းဖြင့် မေးလိုက်လေသည်။
လင်းဖေးက ခေါင်းညိတ်ကာ မငြင်းဆန်ပါပေ။
သူက ကျိယွီရှောင်ကို အမြဲတမ်း အထင်အမြင်ကောင်းရှိပေသည်။ သူက ကျိယွီရှောင်နှင့် များစွာ မဆက်သွယ်ဖြစ်သော်လည်း ကျိယွီရှောင်က သူ့အတွက် များစွာ ဂရုစိုက်ပြီး ရည်ရွယ်ချက်ကောင်းများ ရှိသည်ကို သိပေသည်။
ထို့ကြောင့်ပင် ကျိယွီရှောင် ထိုနေ့က အစည်းအဝေး ခန်းမထဲတွင် ကျိလဲ့ယွီကို ကာကွယ်ပေးရန် ကြိုးစားသည်ကို မြင်ပြီးနောက် သူက ကျိယွီရှောင်ကို ကာကွယ်ပေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"တကယ်လား..."
လင်းလော့ချင်းက အလွန်အံ့ဩသွားသော အမူအရာတစ်ခုပြလိုက်လေသည်။
"အဲ့ဒါဆိုရင် မင်းရှုရှုကျိက အရမ်းပျော်နေတော့မှာပဲ... သူက မင်းမအိပ်ချင်မှာစိုးနေလို့ မလာရဲတာ... သူက ငါ့ကိုပဲ လွှတ်လိုက်တာလေ..."
"ကျွန်တော် မအိပ်ချင်တာ မဟုတ်ပါဘူး..."
လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဟုတ်တယ်... ငါက မင်းသေချာပေါက် အိပ်ချင်မယ်လို့ ပြောသားပဲ... မင်းက အရမ်း အပြုအမူကောင်းတာလေ..."
လင်းလော့ချင်းက လင်းဖေး၏ မျက်နှာကိုထိရန် သူ့လက်ကို မြှေုာက်လိုက်သည်။
"အဲ့ဒါဆိုရင် ရှောင်ယွီကိုလည်း ခေါ်ခဲ့မယ်.... အဲ့လိုမှမဟုတ်ရင် ငါတို့ ၃ယောက်က တစ်အိပ်ရာထဲအိပ်ပြီး သူက တစ်ယောက်တည်း အိပ်ရမှာ သနားစရာလေး..."
"ဟုတ်..."
"အဲ့ဒါဆို သူ့ကို အတူတူ သွားခေါ်ကြစို့..."
လင်းလော့ချင်းက သူ့ကို အိပ်ရာထဲမှ ခေါ်ထုတ်လာလေသည်။
လင်းဖေးက ခြေညှပ်ဖိနပ်စီးကာ မီးများပိတ်ပြီး ကျိလဲ့ယွီ၏ အခန်းထဲသို့ သူနှင့်အတူ သွားလိုက်လေသည်။
ကျိလဲ့ယွီမှာ တံခါးခေါက်သံကြားသောအခါ tabletနှင့် ကစားနေပေသည်။ သူက ခေါင်းကလေးမော့ကာ အော်လိုက်လေသည်။
"ဝင်ခဲ့ပါ..."
လင်းဖေးနှင့် လင်းလော့ချင်းက လျှောက်ဝင်လာလေသည်။ ကျိလဲ့ယွီက မသင်္ကာဟန်ဖြင့် ထိုင်ကာ သူတို့ကို မေးလိုက်သည်။
"ဘာလို့လဲ..."
"ရှောင်ယွီ... သားရဲ့ ပါးပါးနဲ့ အိပ်ချင်လား..."
လင်းလော့ချင်းက ပြောလိုက်သည်။
"ဒီနေ့ မိသားစုတွေ အတူတူအိပ်ကြရင်ရော... သားရယ်၊ သားကိုကိုရယ်၊ သားပါးပါးရယ်ပေါ့..."
ကျိလဲ့ယွီက ထိုကဲ့သို့ကောင်းမွန်သောအရာကို မည်သည့်အခါမှ အိပ်မက်မမက်ခဲ့ပါပေ။ သူက tabletကို အမြန်အဆန် စွန့်ပစ်ကာ အိပ်ရာပေါ်မှ ထွက်ပြီး သူတို့ဆီသို့ ပြေးသွားလေသည်။
"အခုလား..."
လင်းလော့ချင်းမှာ သူက ဤကိစ္စနှင့် ပတ်သတ်၍ အလွန်စိတ်အားထက်သန်သည်ကို သဘောမပေါက်ပဲ ပြုံးလိုက်လေသည်။
"အခုပဲ... သွားစို့..."
ကျိလဲ့ယွီက ပျော်မြူးကာ သူ့နောက်မှလိုက်ပြီး တံခါးအပြင်သို့ ထိန်းမရအောင် ပျော်ရွှင်စွာ ထွက်လာလေသည်။
သူက ခိုးနားထောင်သည်ကို ရပ်လိုက်သော်လည်း ယနေ့တော့ နောက်ဆုံးတွင် အခန်းအပြင်၌ ရပ်နေခြင်းထက် အခန်းထဲသို့ ဝင်နိုင်ခဲ့လေပြီ။
ကျိလဲ့ယွီက အလွန်ပျော်ရွှင်နေပေသည်။ သူက ယခင်က မိဘများနှင့် အိပ်ရသည့် ခံစားချက်ကို အမှတ်ရပေသည်။ သူက ၄င်းမှာ ယခုတွင် ထပ်မံဖြစ်လာနိုင်သည်ဟု မမျှော်လင့်ထားပါပေ။
ကျိလဲ့ယွီက လင်းလော့ချင်း၏ မျက်နှာတစ်ခြမ်းကို တိတ်တဆိတ်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်များက ပျော်ရွှင်စွာ ကွေးတက်သွားလေသည်။
ကျိယွီရှောင်က ကုမ္ပဏီ၏ စာ
များကို ပြန်ပြီးပြီးချင်းမှာပင် ကျိလဲ့ယွီ၏ 'ပါးပါး'ဟုခေါ်သံကျယ်ကြီးကို ကြားလိုက်ပေသည်။ သူမော့ကြည့်လိုက်သောအခိုက်တွင် ကျိလဲ့ယွီက သူ့အိပ်ရာဘေးသို့ ရောက်လုနီးနီးဖြစ်နေပေသည်။
ကျိယွီရှောင်က ပြုံးကာ သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"အရမ်းပျော်နေတယ်ပေါ့..."