Chapter 68
ကျိယွီရှောင်က ကုမ္ပဏီ၏ စာများကို ပြန်ပြီးပြီးချင်းမှာပင် ကျိလဲ့ယွီ၏ 'ပါးပါး'ဟုခေါ်သံကျယ်ကြီးကို ကြားလိုက်ပေသည်။ သူမော့ကြည့်လိုက်သောအခိုက်တွင် ကျိလဲ့ယွီက သူ့အိပ်ရာဘေးသို့ ရောက်လုနီးနီးဖြစ်နေပေသည်။
ကျိယွီရှောင်က ပြုံးကာ သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"အရမ်းပျော်နေတယ်ပေါ့..."
ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။ သူက ဦးစွာ ဖိနပ်များကို ချွတ်လိုက်ပြီး အိပ်ရာထဲသို့ ဝင်လိုက်လေသည်။ ထို့နောက် သူက အိပ်ရာပေါ်မှ ကျိယွီရှောင်နှင့် အိပ်ရာရှေ့မှ လင်းလော့ချင်းနှင့် လင်းဖေးကို ကြည့်လိုက်လေသည်။ သူ့မျက်နှာမှာ ကလေးဆန်ကာ အပြစ်ကင်းသော ပျော်ရွှင်မှုတစ်ခု ပါဝင်နေပေသည်။
"ဒီည အတူတူ အိပ်ကြစို့..."
လင်းလော့ချင်းမှာ သူ့အပျော်များ ကူးစက်သွားပြီး မသိစိတ်ဖြင့် ရယ်မောလိုက်သည်။
"ဟင်း..."
သူက လင်းဖေးကို ငုံ့ကြည့်ကာ နောက်ကျောကို ပွတ်ပေးလိုက်သည်။
"သွားလေ..."
ထို့နောက် လင်းဖေးက ခြေညှပ်ဖိနပ်ကို ချွတ်ပြီး အိပ်ရာထဲသို့ ဝင်လိုက်သည်။
လင်းလော့ချင်းက တခြားတစ်ဖက်သို့သွားကာ စောင်ကို မလိုက်လေသည်။
အိပ်ရာမှာ အလွန်ကြီးပေသည်။ ကလေးနှစ်ယောက်နှင့် လူကြီးနှစ်ယောက် အိပ်နေသည်ကိုပင် ပြည့်ကျပ်မနေချေ။
ကျိလဲ့ယွီက ခေါင်းစောင်းကာ သူ့ညာဘက်မှ ကျိယွီရှောင်ကိုရော သူ့ဘယ်ဘက်မှ လင်းဖေးနှင့် လင်းလော့ချင်းကိုရော ခေတ္တမျှ ကြည့်လိုက်သည်။ သူက အလွန်ပျော်နေ၍ လုံးဝ အိပ်မရပါချေ။
"သား ပုံပြင်နားထောင်ချင်တယ်..."
သူက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ထို့နောက် စကားပြောပြီးသောအခါ လင်းလော့ချင်းကို ကြည့်လိုက်လေသည်။
ကျိယွီရှောင်မှာ သူ့ကို လင်းလော့ချင်းနှင့် အနီးသို့ ခေါ်ချင်ကာ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"အဲ့ဒါဆိုရင် လော့ချင်း... သူတို့ကို ပုံပြင်ပြောပြလိုက်..."
"ငါစဉ်းစားလိုက်ဦးမယ်..."
လင်းလော့ချင်းက လင်းဖေး ဘေးတွင် ထိုင်လိုက်သည်။ သူက ခေတ္တမျှ တွေးတောလိုက်ပြီး သူတို့က စနိုးဝိုက် သို့မဟုတ် စင်ဒရဲလားကဲ့သို့ ပုံပြင်များကို မကြိုက်လောက်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူက သူတို့ကို 'ဘူးသီးခြောက်ညီနောင်များ'အကြောင်း ပြောပြနိုင်ပေသည်။ ထို့နောက် သူက 'စိန်ညီနောင်'အကြောင်း ဆက်ပြော၍ရပေသည်။
လင်းလော့ချင်းက လည်ချောင်းရှင်းကာ သူတို့အား 'ဘူးသီးခြောက် ညီနောင်များ'ပုံပြင်ကို စတင်ပြောလိုက်ပေသည်။
နောက်ဆုံးတွင် ကလေး ၇ယောက်နှင့် ဘူးသီး ၇လုံး ရှိပေသည်။ ၄င်းမှာ ပုံပြင်အဖြစ်ပြောရန်အတွက် အလွန်ကျန်ပြန့်ပေသည်။ ကျိလဲ့ယွီမှာ ဤပုံပြင်ကို စိတ်စားလျှင်ပင် စတုတ္ထမြောက်ကလေးကို မြွေဝိညာဉ်က ဖမ်းသွားသည်ကိုကြားသောအခါ အိပ်ချင်စွာ သူ့မျက်လုံးများကို မပိတ်ပဲ မနေနိုင်တော့ချေ။
လင်းဖေးက အသက်ရှုသံ တိုးတိုးကို နားထောင်ကာ သူ့ကို ပုံပြင်ပြောပြနေဆဲ ဖြစ်သော လင်းလော့ချင်းကို ကြည့်လိုက်လေသည်။
လင်းလော့ချင်း ပုံပြင်ပြောပြသည်ကို ကြားဖူးသည်မှာ ဤသည်က ပထမဆုံး မဟုတ်ပါပေ။ သူဤနေရာသို့ ပြောင်းမလာခင်နေ့များတွင် လင်းလော့ချင်းက သူနှင့် နေ့တိုင်းနီးပါးအိပ်ပြီး သူ့ကို အိပ်ရာဝင်ပုံပြင်များ မကြာခဏ ပြောပြပေသည်။
သို့သော် ဤသည်မှာ သူအိပ်သည့် အိပ်ရာပေါ်တွင် လူအရမ်းများနေသည့် ပထမဆုံးအကြိမ်ဖြစ်ပေသည်။
သူက ကျိလဲ့ယွီ၏ ခန္ဓာကိုယ် အပူချိန်ကို ခံစားရပြီး ကျိယွီရှောင်၏ ရံဖန်ရံခါ စပ်စုသော မေးခွန်းများနှင့် လင်းလော့ချင်း၏ ညင်သာသောအသံကိုလည်း ကြားရပေသည်။
'သူက ပုံပြောတော့ အတော်ကောင်းသားပဲ...'
လင်းဖေးက တွေးလိုက်သည်။
သူက မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး ပဉ္စမကလေးသည်လည်း အဖမ်းခံလိုက်ရသည်ကိုလည်း သဲသဲကွဲကွဲကြားလိုက်ပေသည်။ လင်းဖေးက ဤဘူးသီးခြောက်ကလေးများ အုပ်စုမှာ အလွန် တုံးအသည်ဟု ခံစားလိုက်ရပေသည်။
တစ်ယောက်တည်းက ရန်သူကို မနိုင်ရင် ဘာလို့ ညီအစ်ကိုတွေ အတူတူမလုပ်တာလဲ... သူတို့က နောက်ကျန်ခဲ့တဲ့ ညီလေးတွေကို မစောင့်နိုင်ဘူးလား...
လင်းဖေးသည် သူတို့ ကျိလဲ့ယွီကဲ့သို့ စာကောင်းကောင်း မလေ့လာပဲနေသည်ဟု ခံစားလိုက်ရသည်။
သူက တွေးတောရင်း အိပ်မောကျသွားလေသည်။ သူ့အိပ်မက်ထဲတွင် သူက နွယ်ပင်တစ်ခုပေါ်မှ ဘူးသီးတစ်လုံးအဖြစ် ပြောင်းသွားပုံရပေသည်။ သူဘေးတွင် ဘူးသီးကြီး နှစ်လုံးနှင့် ဘူးသီးလေးတစ်လုံး ရှိနေသည်။ ဘူးသီးလေးမှာ အလွန်လှပပြီး ဖြူဖွေးကာ နူးညံ့ပေသည်။ ၄င်းက ကိုယ်ပိုင်အကိုင်းပေါ်တွင် ဟိုရမ်းဒီရမ်းလုပ်နေကာ သူ့ကို ဝင်တိုက်နေပေသည်။
"ငါက စာနည်းနည်းပဲ ဖတ်တယ်လို့ မင်းကို ဘယ်သူပြောတာလဲ... ငါ့ကို အထင်သေးဖို့ မင်းကို ဘယ်သူက ခွင့်ပြုတာလဲ... ငါစာအုပ်တွေ အများကြီး ဖတ်တာ အသိသာကြီးကို... စာအုပ်တွေမှ အများကြီးနော်..."
"ငါ စာဖတ်နည်းတယ်လို့ ပြောနေပြန်ပြီ... ဟွန့်..."
လင်းလော့ချင်းမှာ ကလေးနှစ်ယောက် အိပ်ပျော်သွားသည်ကို မြင်၍ စကားပြောခြင်းကို ရပ်လိုက်ပြီး ပုံပြင်ဆက်မပြောတော့ပါချေ။
သူက ကျိယွီရှောင်ကို ကြည့်ကာ သူ့ကို ပြုံးပြလိုက်သည်။
"သူတို့ နှစ်ယောက်လုံး အိပ်သွားကြပြီ..."
"အဲ့ဒါဆို ငါတို့လဲ အိပ်ကြစို့..."
လင်းလော့ချင်းက ခေါင်းညိတ်ကာ မီးပိတ်ရန် လက်တစ်ဖက်မြှောက်လိုက်လေသည်။ ထို့နောက် ကျိယွီရှောင်က သူ့ကို မေးသည်ကို ကြားလိုက်သည်။
"မင်း ဒီဘက်မလာဘူးလား..."
လင်းလော့ချင်းမှာ အတန်ကြာအောင် ကြောင်အသွားပြီး ထိုသူကို လှည့်ကြည့်လိုက်သည်။ ကျိယွီရှောင်က ပြုံးကာ စောင်ကို ညင်သာစွာ မလိုက်သည်။
လင်းလော့ချင်း : "..."
လင်းလော့ချင်းက လှုပ်ရှားရန် အနည်းငယ် အဆင်သင့်ဖြစ်နေသည်ဟု ခံစားလိုက်ရပေသည်။
"မင်း ငါမရှိပဲ တစ်ယောက်တည်း မအိပ်နိုင်ဘူးလား..."
သူက တမင်တကာ မေးလိုက်လေသည်။
ကျိယွီရှောင်က ရယ်လိုက်သည်။
"ငါဘယ်သူ့အကြောင်းတွေးနေတာလဲ... အဲ့ဒါက မင်းငါမရှိပဲ အိပ်မပျော်မှာ စိုးရိမ်လို့ပါ..."
"ငါကတော့ ငါမရှိရင် အိပ်မပျော်တာ မင်းလို့ ထင်တာပဲ..."
လင်းလော့ချင်းက ရယ်မောလိုက်သည်။
"အဲ့ဒါဆို မင်းက ဒီဖက်မလာဘူးလား..."
လင်းလော့ချင်းက သူ့မေ့စေ့ကို မော့လိုက်သည်။
"ငါစဉ်းစားလိုက်ဦးမယ်..."
ကျိယွီရှောင်က ပြုံးလိုက်သည်။
"ဟုတ်ပြီ... မင်း အရင် စဉ်းစားလိုက်ဦး..."
သူက ပြောပြီးသည်နှင့် လှဲချကာ သူ့ကို နောက်ကျောပေးသွားလေသည်။
လင်းလော့ချင်းက ချက်ချင်းပင် ၄င်းကို မြင်ရာ အိပ်ရာထဲမှ ထွက်လိုက်သည်။ သူမျက်နှာပေါ်မှ အပြုံးမှာ ဖုံးကွယ်၍ မရပါပေ။
သူက ကျိယွီရှောင်ဘက်သို့ ခက်ဖွဖွ လျှောက်သွားပြီး ကျိယွီရှောင်က မော့ကြည့်လာသည်။
"စဉ်းစားပြီးပြီလား..."
"ငါက မင်းအတွက် အကြွင်းမရှိ သဘောတူပါတယ်..."
လင်းလော့ချင်းက ဝင့်ကြွားသော အမူအရာတစ်ခု ရှိနေပေသည်။
ကျိယွီရှောင်မှာ သူ့ပုံစံကြောင့် နှလုံးသားထဲတွင် ရှင်းပြရခက်သော ယားကျိကျိခံစားချက်ကို ခံစားရပြီး တိတ်တဆိတ် စောင်ကို မလိုက်သည်။
လင်းလော့ချင်းက ဝင်လာကာ ကျိယွီရှောင်၏ လက်မောင်းကို တိုက်ရိုက် ဖိကာ သူ့ကို ဖက်ထားလိုက်သည်။
သူက မျက်လုံးများကိုပင့်ကာ ကျိယွီရှောင်ကို ညင်သာစွာ ကြည့်လိုက်သည်။ သူက အနည်းငယ် ရှက်ရွံ့ကာ သူ့နှလုံးသားထဲတွင် ချိုမြိန်မှုအချို့ကိုနေသည်ကို ခံစားရပေသည်။
အလင်းရောင် မှိန်ဖျော့ဖျော့အောက်တွင် သူ့သွေးကြောများမှာ သကြားရည်အဖြစ်သို့ ပြောင်းသွားလေသည်။
ကျိယွီရှောင်က သူ့၏ မျက်လုံးတောက်တောက်များကို ကြည့်ကာ သူ့ကို မေးလိုက်သည်။
"ကြည့်ကောင်းလား..."
"ဘာက ကြည့်ကောင်းရမှာလဲ..."
"မင်းက ငါ့ကို အကြာကြီးစိုက်ကြည့်နေလို့လေ... ထုံးစံအတိုင်း ငါက ကြည့်ကောင်းလားလို့ မေးနေတာ..."
"ဘယ်လောက်ကြာသေးလို့လဲ..."
လင်းလော့ချင်းက ပြန်ပြောလိုက်သည်။
"ခဏလေးပဲ ရှိသေးတာ အသိသာကြီးကို..."
"အဲ့ဒါဆို မင်းက ဘယ်လောက်ကြာကြာကြည့်ချင်လို့လဲ... တစ်သက်လုံးလား..."
'အဲ့ဒါက မဖြစ်နိုင်ဘူး...'
လင်းလော့ချင်းက စိတ်ထဲတွင် တွေးလိုက်လေသည်။
ကျိယွီရှောင်က အဖြေများ အပြည့်နီးပါးဖြစ်နေသောမျက်လုံးများကို ကြည့်လိုက်ကာ အတန်ပင် ပူလာသည်ဟု ခံစားရပေသည်။
သူ့နောက်တွင် အိပ်နေသော ကျိလဲ့ယွီရှိပေသည်။ သူက ကျိလဲ့ယွီကို နိုးမသွားစေလို၍ နောက်သို့ မဆုတ်နိုင်ပါပေ။ သို့သော် သူက ဘေးအစွန်တွင် အိပ်နေခြင်းဖြစ်ရာ ရရှိသော နေရာလပ်မှာ မကြီးပါပေ။ လင်းလော့ချင်းပါ ရှိနေသောအခါ သူတို့နှစ်ဦးက တစ်ယောက်၏ အသက်ရှုနှုန်းကိုပင် တစ်ယောက်က ရှင်းရှင်းလင်းလင်း ခံစားနိုင်လု နီးနီး ဖြစ်လေသည်။
ကျိယွီရှောင်က ရုတ်တရက် သူလင်းလော့ချင်းကို နမ်းခဲ့သည့်အချိန်ကို သတိရသွားလေသည်။
ထိုအနမ်းမတိုင်မီက သူက များစွာ မတွေးလိုက်ပဲ လင်းလော့ချင်း၏ ပါးစပ်မှ စကားလုံးများကို တားဆီးလိုက်ချင်သည်သာ ဖြစ်သည်။ နမ်းပြီးနောက်လည်း သူက များစွာမတွေးပဲ လင်းလော့ချင်းက ထပ်မံစကားမပြောနိုင်တော့ဟုသာခံစားရသည်ဖြစ်သည်။ လင်းလော့ချင်းက ဆေးကြောရန်သွားသည့်အချိန်မှသာ သူတို့နမ်းခဲ့သည်ကို သဘောပေါက်ခြင်း ဖြစ်သည်။
ကျိယွီရှောင်မှာ အသက်ကြီးပြီဖြစ်သော်လည်း ဤကဲ့သို့အတွေ့အကြုံမျိုး မရှိခဲ့ပါပေ။ ဤသည်မှာ သူ တစ်စုံတစ်ယောက်၏ နှုတ်ခမ်းကို နမ်းသည့် ပထမဆုံးအကြိမ်ဖြစ်သော်လည်း ၄င်းကို ဘာလဲဆိုသည်ကို သဘောပေါက်ရုံသာ ဖြစ်သေးသည်။ သူက သူ့၏ အစီအစဉ်များထဲတွင် မရှိသည့် ရုတ်တရက် အနမ်းကို အလျင်အမြန် အဆုံးသတ်လိုက်ပြီး ဖြစ်လေသည်။
၄င်းက အလွန်များ၍ သူက ထိုနောက်မှ အဖြစ်အပျက်ကို ပြန်တွေးကြည့်လိုက်ရာ သူက လင်းလော့ချင်းကို အမှန်တကယ်နမ်းလိုက်သည်လားဆိုသည်ကို သိချင်နေပေသည်။
အဲ့တုန်းက သူတို့ တကယ်ကြီး နမ်းလိုက်တာလား...
ယခုတွင် သူက ၄င်းကို စတင်ပြီး သံသယဝင်စပြုလာလေသည်။
သူ့အကြည့်များက လင်းလော့ချင်း၏ နှုတ်ခမ်းများဆီသို့ မသိလိုက်ပဲ ရွေ့လျားသွားလေသည်။
၄င်းက အလွန်နီရဲကာ ရွှန်းစိုနေလေသည်။ ၄င်းက နူးညံ့ကာ နမ်းစရာကောင်းသည့်ပုံရပေသည်။ ကျိယွီရှောင်က ၄င်းကို ထပ်မံသတိရသွားလေသည်။ ထိုအချိန်က သူက လင်းလော့ချင်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်သာမက အောက်နှုတ်ခမ်းကိုပါ သူ့လက်များဖြင့် ကစားလိုက်ပေသည်။
အဲ့ဒါဘယ်လို ခံစာရတာပါလိမ့်...
သူက တိမ်တိုက်တစ်ခုသဖွယ် နူးညံ့မှုကို ပြန်တွေးကြည့်လိုက်သည်။
ကျိယွီရှောင်က စောင်အောက်တွင် ပူလာသည်ကို ခံစားလိုက်ရသည်။ အရမ်းပူလာ၍ သူက လင်းလော့ချင်းကိုပင် မကြည့်နိုင်ပါပေ။
လင်းလော့ချင်းက သူ့၏ စူးစိုက်သောအကြည့်ကို ခံစားရ၍ မျက်တောင်ခတ်လိုက်လေသည်။ သူ့နှလုံးသားက ဆွဲညစ်ခံထားရသကဲ့သို့ပင်။
သူက နှလုံးခုန်သံများ တိုးလာသည်ကို သိိသိသာသာ ခံစားရသည်။ ဤသည်က တိတ်ဆိတ်သော အခန်းထဲတွင် အထူးသဖြင့် သိသာနေ၏။
သူက အနည်းငယ် ရှက်ရွံ့နေဟန်ရပြီး သူ့လက်ကိုမြှောက်ကာ မီးပိတ်လိုက်လေသည်။ သို့သော် သူစောင်အောက်မှ လက်ဆန့်လိုက်သည့် အခိုက်အတန့်တွင် ကျိယွီရှောင်၏ ဆွဲယူခြင်း ခံလိုက်ရသည်။
ထို့နောက်တွင် ကျိယွီရှောင်က ခေါင်းငုံ့ကာ တခြားသူ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
လင်းလော့ချင်းက ချက်ချင်းပင် ကြောင်အသွားလေသည်။
နောက်ဆုံးတစ်ခေါက်က မြန်ဆန်လှသော အနမ်းနှင့်မတူသည်မှာ ဤတစ်ကြိမ်တွင် ကျိယွီရှောင်က လွတ်ပေးရန် အလျင်မလိုပါချေ။
လင်းလော့ချင်းမှာ သူ့နှုတ်ခမ်းသည် ညင်သာစွာ အပွတ်ခံလိုက်ရပြီး အကိုင်ခံလိုက်ရသည်ဟု ခံစားရပေသည်။ သူက နူးညံ့စွာ၊ ညင်သာစွာနှင့် အနမ်းခံ နေရပေသည်။
ကျိယွီရှောင်က ဂရုတစိုက်နှင့် စိတ်ရှည်ရှည် နမ်းနေသည်မှာ နောက်ဆုံးတစ်ကြိမ်က နောင်တအတွက်ပြန်လည် ပြုလုပ်နေသကဲ့သို့ပင်။ သူက အနမ်းကို အဆုံးသတ်ရန် ငြင်းဆန်နေပြီး ချစ်မြတ်နိုးရသည်မှာ ကြာပြီဖြစ်သော အချိုပွဲတစ်ခုကို အရသာခံနေသည်နှင့် တူလှသည်။ ၄င်းက နူးညံ့ကာ စွဲမက်ဖွယ်ကောင်းပေသည်။
၄င်းမှာ လင်းလော့ချင်းက အနည်းငယ် မူးဝေလာသည်ဟု ခံစားရကာ မသိစိတ်ဖြင့် သူ့ကိုဖက်ထားသည့် အချိန်အထိ ဖြစ်ကာ နောက်ဆုံးတွင် သူ့နှုတ်ခမ်းက ဖြည်းညင်းစွာ ခွဲကွာသွာလေသည်။
လင်းလော့ချင်း၏ မျက်တောင်များက တုန်ယင်နေပြီး အခုမှ နမ်းထားသည့် နှုတ်ခမ်းများက တောက်ပနေကာ ရွှန်းစိုနေလေသည်။ သူတို့က မိုးရေထဲရှိ နှင်းဆီပန်းများကဲ့သို့ နူးညံ့ကာ ဆွဲဆောင်မှုရှိလှသည်။
ကျိယွီရှောင်က ရှေ့သို့ ထပ်မှီကာ နှုတ်ခမ်းများကို ခပ်ဖွဖွ မထိပဲ မနေနိုင်ပါပေ။ လင်းလော့ချင်းက အံ့ဩမှုများဖြင့် ပြည့်နေသော သူ့မျက်လုံးများကို ပင့်လိုက်လေသည်။ သူသည် ကျိယွီရှောင်က သူ့အားအဘယ့်ကြောင့် နမ်းပြီးရင်းနမ်းနေသည်ကို နားလည်ဟန်မရပေ။
ကျိယွီရှောင်၏ မျက်လုံးများက ကွေးနေကာ လင်းလော့ချင်း၏ နှုတ်ခမ်းများကို ထပ်ခါထပ်ခါနမ်းနေပေသည်။
လင်းလော့ချင်းမျက်နှာက အနမ်းကြောင့် ရဲတောက်နေသော်လည်း သူက မငြင်းဆန်ခဲ့ပါပေ။
"ကြိုက်လား..."
ကျိယွီရှောင်က မေးလိုက်သည်။
လင်းလော့ချင်း : "..."
အဖြေကို သိရဲ့သားနဲ့ မေးနေတယ်...
သူက ကျိယွီရှောင်ကို မကြိုက်ရင် အိပ်ရာထဲမှာ အခုထိရှိနေဦးမှာတဲ့လား...
ကျိယွီရှောင်က သူ့ကန်ချတာကို ခံနေရတာကြာနေလောက်ပြီ...
သို့ဖြစ်၍ လင်းလော့ချင်းက တမင်တကာ ဆိုလိုက်သည်။
"မကြိုက်ဘူး..."
"မင်းက မင်းရဲ့ နတ်ဘုရား မင်းကိုနမ်းတာကို မကြိုက်ဘူးလား... အဲ့ဒါဆိုရင် ဘာကို ကြိုက်တာလဲ..."
"ငါဘာကြိုက်တယ်လို့ မင်းထင်လဲ..."
လင်းလော့ချင်းက ပြန်မေးလိုက်သည်။
'...ဟုတ်ပြီ... သူ့မိန်းမက စိတ်ထဲမှာ ကားတစ်စီးပဲ ရှိတာပဲ...'
ကျိယွီရှောင်က လင်းလော့ချင်းကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်လေသည်။
"မင်းတကယ်ကြီး အဲ့လိုထင်တယ်လား..."
လင်းလော့ချင်းက အဲ့လိုမထင်တာ အသေအချာပဲပေါ့... ဒါပေမဲ့ ကျိယွီရှောင်က ရှက်လေလေ သူက ပိုစချင်လေလေပဲလေ...
သို့ဖြစ်၍ သူက ခေါင်းညိတ်လိုက်သည်။
"တခြားလား... ဘယ်လက်ထပ်ပြီသားလူက မလိုချင်မှာလဲ..."
ကျိယွီရှောင် : "..."
ကျိယွီရှောင်က လင်းလော့ချင်းကို ဖက်ထားလိုက်ပြီး တခြားသူကို ဖိထားလိုက်သည်။
"မင်းခံစားရလား..."
လင်းလော့ချင်း : "..."
လင်းလော့ချင်း "......"
သူက အစောပိုင်းတွင် ကျိယွီရှောင်၏ လက်မောင်းကို ဖိထားသည်ဖြစ်သော်လည်း ၄င်းမှာ သူ့၏ ခန္ဓာကိုယ် အပေါ်ပိုင်းသာ ဖြစ်လေသည်။ ယခုတွင် ကျိယွီရှောင်က သူ့ကို ဆွဲလိုက်ရာ ကျိယွီရှောင်မှာ... မသိလိုက်သည့်အချိန်၌ ထလာသည်ကို သဘောပေါက်သွားလေသည်။
လင်းလော့ချင်း : "..."
"ကြိုက်လား..."
ကျိယွီရှောင်က တမင်တကာ မေးလိုက်လေသည်။
လင်းလော့ချင်းက ရှက်ရွံ့စွာ ခေါင်းငုံ့ထားလေသည်။
"ကြီးလား..."
ကျိယွီရှောင်က သူ့နားအနီးသို့ ရွေ့လာပေသည်။
ပါးစပ်ပိတ်ထား...
လင်းလော့ချင်း၏ မျက်နှာမှာ မယုံနိုင်အောင် ပူလောင်လာသည်။
သို့သော် ကျိယွီရှောင်က သူ့ကို မေးချင်နေဆဲ ဖြစ်သည်။
"ပူလား..."
လင်းလော့ချင်း : "..."
လင်းလော့ချင်း၏ နားများမှာ ရှက်ရွံ့မှုဖြင့် နီရဲနေပေသည်။
"ပါးစပ်ပိတ်ထား..."
"ဒါ မင်း နေ့တိုင်းလိုချင်နေတာမဟုတ်ဘူးလား... 'ကောင်းကင်ထောက်တိုင်လို တည်ငြိမ်တယ်'ဆိုတဲ့ စာကြောင်းနဲ့ ကိုက်ညီတယ်လို့ မင်းမထင်ဘူးလား... မင်းကျေနပ်ရဲ့လား..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းက အလွန်အမင်း ရှက်ရွံ့မှုဖြင့် သူ့မျက်နှာကို ဖုံးအုပ်ရန် လက်တစ်ဖက်မြောက်လိုက်လေသည်။
ကျိယွီရှောင်က တိုးဖွဖွရယ်လိုက်လေသည်။
"ဒါတောင် မင်းက ငါ့ကို နေ့တိုင်း ကျန်းမာရေး စစ်ဆေးမှုတစ်ခု လုပ်စေချင်နေသေးတာလား..."
"ငါက မင်းခန္ဓာကိုယ်ကို စစ်ဆေးဖို့ ကျန်းမာရေး စစ်ဆေးမှုတစ်ခု လုပ်ခိုင်းတာပါ..."
လင်းလော့ချင်းက ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
"ကုမ္ပဏီတွေက ဝန်ထမ်း အသစ်တွေအတွက် ကျန်းမာရေး စစ်ဆေးဖို့ စီစဉ်ပေးတယ်လေ... ငါက ရှင်းရီနဲ့ စာချုပ်ချုပ်ထားတာ... သူဌေးဖြစ်တဲ့ မင်းက မင်းကိုယ်မင်းတောင် မစီစဉ်ဘူး... မင်းက ကျန်းမာရေး စစ်ဆေးမှုမလုပ်ချင်ရင်လည်း ငါလုပ်ချင်တယ်..."
ကျိယွီရှောင်က အံ့အားသင့်သွားလေသည်။
"မင်းက ငါ့ခန္ဓာကိုယ်ကို စစ်ဆေးချင်ရုံပဲလား..."
"ဘာရှိသေးလို့လဲ..."
လင်းလော့ချင်းက သူ့မျက်လုံးများကို ပြလိုက်ပြီး တခြားသူကို စိုက်ကြည့်လိုက်သည်။
"မင်းက လူတိုင်းကို မင်းလိုပဲ စိတ်ထဲမှာ ကားတွေနဲ့ ပြည့်နေတယ်လို့များထင်နေလား..."
ကျိယွီရှောင် : "..."
ကျိယွီရှောင်မှာ သူအမှန်တကယ်မှားသွားသည်ဟု ခံစားလိုက်ရပေသည်။ လင်းလော့ချင်းမှာ နေ့တိုင်း ကားမောင်းချင်နေသောလူဖြစ်သည်မှာ သိသာပေသည်။
လင်းလော့ချင်းက သူ့ကို ဘယ်လိုလုပ်ပြီး အပြစ်တိုင်နိုင်ရတာလဲ...
"ဟုတ်ပြီ... ငါ နှစ်ရက်အတွင်း မင်းအတွက် ကျန်းမာရေး စစ်ဆေးဖို့ စီစဉ်ပေးမယ်..."
"မင်း ငါနဲ့လိုက်ခဲ့.."
ကျိယွီရှောင်က မျက်ခုံးပင့်ကာ သူ့ကို တမင်သက်သက်ထိလိုက်လေသည်။
"ငါလုပ်နိုင်လား..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းမှာ ဤလူသည် အမှန်ပင် အရှက်ကင်းမဲ့သည်ဟု ခံစားလိုက်ရပေသည်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းက အကောင်းဆုံးပါ... မင်းလုပ်နိုင်ပါတယ်..."
"အဲ့ဒါမှ မှန်တာ..."
ကျိယွီရှောင်က စိတ်ကျေနပ်သွားလေသည်။
"ဟုတ်ပြီ... ငါမင်းနဲ့ အဖော်လိုက်ခဲ့ဖို့ အချိန်ပေးမယ်... အမလေး... မင်းကတော့ အရမ်းပျော်နေတော့မှာပဲ... မင်းရဲ့ နတ်ဘုရားက မင်းကို အရမ်းအလိုလိုက်ထားတာပဲ..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းက အနည်းငယ် နောက်ဆုတ်လိုက်သည်။
"အဲ့ဒါဆို ငါ့ရဲ့ နတ်ဘုရားက အခုရပ်လို့ရပြီလား..."
ကျိယွီရှောင်က သူ့၏ နီရဲနေသော မျက်နှာကို မြင်ကာ သူ့ကို ထပ်စချင်သည်ဟု ခံစားလိုက်ရသည်။ သို့ဖြစ်၍ ကျိယွီရှောင်က တီးတိုးဆိုလိုက်သည်။
"မင်းတကယ် ရပ်စေချင်တာလား... မင်းက အဲ့ဒါက ကောင်းကင်ထောက်တိုင်လိုပဲ တည်ငြိမ်တယ်လို့ မပြောဘူးလား... အခုကျတော့ မင်းက ကောင်းကင်ကို မထောက်ထားချင်တော့ဘူးပေါ့..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းက သူ့ခါးကို ဒေါသတကြီး ဆွဲဆိတ်လိုက်သည်။
ကျိယွီရှောင်က ပြုံးကာ သူ့လက်ကို ဆွဲလိုက်ပြီး ကောက်ကာ နမ်းလိုက်သည်။
"ဟုတ်ပါပြီ... နောက်ရက်မှပဲ ကောင်းကင်ကို ထောက်ကြတာပေါ့..."
"အဲ့ဒါဆိုရင် မြန်မြန်ရပ်အောင် လုပ်တော့..."
"ဟုတ်ပြီ..."
ကျိယွီရှောင်က သူ့ကို ထပ်ဖိထားလိုက်ပြန်သည်။
"ငါ့ကို အချိန်နည်းနည်းပေး... ငါ စိတ်အေးအေးထားလိုက်မယ်..."
လင်းလော့ချင်း : "..."
လင်းလော့ချင်းမှာ နာနာခံခံနှင့် မလှုပ်ရှားဝံ့ပဲ ဤလူကို ဖက်ထားခွင့်ပြုလိုက်ရသည်။
အတန်ကြာပြီးနောက် သူက ဘာမှပြောင်းသွားသည်ဟု မခံစားရပါပေ။
"ဒါမှမဟုတ် မင်းရေချိုးချင်လား..."
ကျိယွီရှောင် : "..."
ကျိယွီရှောင်သည်လည်း ဤကဲ့သို့ ဖက်ထားရန်မှာ မဖြစ်နိုင်ဟု ခံစားရပေသည်။ သူက လက်လွတ်ကာ နောက်လှည့်လိုက်သည်။
"အိပ်တော့... ငါ့ကို စိတ်ပူနေစရာမလိုဘူး..."
"အဆင်ပြေရဲ့လား..."
လင်းလေ
ာ့ချင်းက တုံ့ဆိုင်းနေပေသည်။
"အဆင်ပြေသွားမှာပါ..."
ကျိယွီရှောင်၏ အသံက တည်ငြိမ်နေပေသည်။
လင်းလော့ချင်းမှာ အလွန်စဉ်းစားတတ်ကာ လက်မခံပါပေ။
သူက ကျိယွီရှောင်ကို တိတ်တဆိတ်ခိုးကြည့်ကာ တွေးလိုက်ပြီး ကျိယွီရှောင်၏ နားနားသို့ တိုးကပ်သွားပြီး အသံတိုးတိုးနှင့် မေးလိုက်လေသည်။
"ဒါမှမဟုတ် ငါကူညီပေးရမလား..."
ကျိယွီရှောင် : "..."