Chapter 69
ကျိယွီရှောင်မှာ ဤလူက အမှန်ပင် စိတ်အားထက်သန်ကာ အလွန်တက်ကြွသည်ဟု ခံစားရပေသည်။
ဒီဖက်မှာ ကလေးတွေက အိပ်နေတာကို လင်းလော့ချင်းက ကူညီပေးချင်နေသေးတယ်...
သူဘယ်လို ကူညီပေးမှာလဲ...
လက်နဲ့လား...
ကျိယွီရှောင်မှာ စိတ်အေးခါစတွင် ဤအခြေအနေကို ခံစားလိုက်ရပြီး ထပ်မံတိုးတက်လာပုံရပေသည်။
လင်းလော့ချင်းမှာ ဆက်တိုက်မေးနေပေသည်။
"မင်းလိုသေးလား..."
ကျိယွီရှောင်က နောက်လှည့်ကာ သူ့ရှေ့မှ လူကို အနမ်းတစ်ခုအတွက် ဖိထားလိုက်သည်။
"ငြိမ်ငြိမ်နေ..."
သူက လင်းလော့ချင်း၏ နှုတ်ခမ်းများကို ကိုက်လိုက်သည်။
"ဒီအတိုင်း ဆက်ဖြစ်နေရင် မင်းနဲ့ ငါ ဒီည အိပ်ရမှာမဟုတ်ဘူး..."
"အဲ့ဒါကြောင့် ကူညီပေးမယ်လို့ပြောတာပေါ့..."
လင်းလော့ချင်းက တီးတိုးဆိုလိုက်သည်။
"ကလေးတွေ ရှိတယ်လေ..."
"ကလေးတွေ မရှိရရင် ရလား..."
လင်းလော့ချင်းက သိလိုနေပေသည်။
ကျိယွီရှောင် : "..."
ကျိယွီရှောင်က ခေါင်းငုံ့ကာ ထိုလူကို ထပ်မံနမ်းလိုက်ပြီး လင်းလော့ချင်းကို တစ်ခွန်းမှမပြောနိုင်အောင် နမ်းလိုက်ပြီး လင်းလော့ချင်း၏ နှုတ်ခမ်းမှာ သူ့၏ အကိုက်ခံနေရပေသည်။
'သူက လူတွေကို လှည့်စားတဲ့နေရာမှာ တကယ်တော်တယ်...'
ကျိယွီရှောင်က သူ့ကိုကြည့်ပြီး စိတ်ထဲမှ မေးလိုက်လေသည်။
'ဆွဲဆောင်မှု ရှိလိုက်တာ...'
"ကောင်းကောင်းနေ..."
သူက လင်းလော့ချင်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
လင်းလော့ချင်းက မလွတ်ချင်ပဲ သူ့ကို ဖက်ထားလေသည်။ သူက ကျိယွီရှောင်ကို တွယ်တာမှုဖြင့် ကြည့်လိုက်လေသည်။
ကျိယွီရှောင် : "..."
ဟုတ်ပြီ...
ကျိယွီရှောင်က သူရေအေးအေးချိုးရမည် သို့မဟုတ်ပါက သူ ဒီည အိပ်နိုင်မည် မဟုတ်တော့ဟု တွေးလိုက်သည်။
"အိပ်တော့..."
သူက လင်းလော့ချင်းကို လက်မောင်းထဲတွင် ဖိထားကာ မီးပိတ်ရန် လက်မြှောက်လိုက်ပေသည်။
လင်းလော့ချင်းက သူ့အသက်ရှုသံကို ခံစားရပြီး မေးလိုက်လေသည်။
"မင်းက နောက်မလှည့်ဘူးလား..."
"မင်းလုပ်ချင်လား..."
"ဒါပေါ့..."
ကျိယွီရှောင်က ရယ်လိုက်လေသည်။
"အဲ့ဒါဆို ငါသည်းမခံနိုင်ဘူး... ဟုတ်ပြီလား..."
လင်းလော့ချင်းက ပျော်နေပေသည်။ သူက ကျိယွီရှောင်ကို တင်းတင်းဖက်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး မေးလိုက်လေသည်။
"အဲ့ဒါဆို မင်းက ဘာလုပ်မှာလဲ..."
"ငါက ခဏနေမှ ရေသွားချိုးလိုက်မယ်..."
ကျိယွီရှောင်က ကူကယ်ရာမဲ့ ပြန်ဖြေလိုက်သည်။
လင်းလော့ချင်းက ချက်ချင်း ရယ်လိုက်လေသည်။
"တကယ်လား..."
"အဲ့ဒါကြောင့် ကောင်းကောင်းနေ... ဟုတ်ပြီလား..."
"ဟုတ်..."
လင်းလော့ချင်းက ပြုံးလိုက်လေသည်။
သူစကားပြောပြီးနောက် ကျိယွီရှောင်ကို မှီကာ သူ့ခါးကို တင်းတင်းဖက်ပြီး မျက်လုံးများကို မှိတ်လိုက်လေသည်။
ကျိယွီရှောင်က သက်ပြင်းချကာ ဤသည်မှာ အမှန်တကယ်ပင် စိန်ခေါ်မှုများသော ညဟု ခံစားလိုက်ရသည်။
သူက လင်းလော့ချင်းကို ငုံ့ကြည့်ကာ တခြားသူကို လက်မောင်းထဲသို့ မဖက်ထားပဲ မနေနိုင်ပါပေ။ သူတို့က နီးကပ်နေသည်မှာ သိသာသော်လည်း သူက ပို၍ နီးကပ်ချင်နေပေသည်။
ကျိယွီရှောင်က သူ့မျက်လုံးများကို ပိတ်ကာ စိတ်အေးအေးထားလိုက်ပြီး စတင်ကာ 'ပျော်ရွှင်စရာ ခရီးတစ်ခု'ကို တိတ်တဆိတ် အလွတ်ဆိုလိုက်သည်။
နောက်တစ်နေ့ နံနက်တွင် နေမင်းက ပြတင်းပေါက်ကို ကျော်ဖြတ်ကာ ခန်းစည်းများကို ကျော်ဖြတ်ပြီး လင်းဖေး၏ မျက်နှာပေါ်သို့ ညင်သာစွာ ကျရောက်လာပေသည်။
လင်းဖေးက မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးကို ပွတ်လိုက်ကာ တဖြည်းဖြည်း ဖွင့်လိုက်လေသည်။
အခန်းမှာ တိတ်ဆိတ်နေပြီး လင်းလော့ချင်းက သူ့ဘေးတွင် မရှိတော့ပေ။ သူက ညာဘက်သို့ ကြည့်လိုက်ရာ လင်းလော့ချင်းမှာ ကျိယွီရှောင်၏ လက်မောင်းထဲတွင် အိပ်နေသည်ကို တွေ့လိုက်ပေသည်။
လင်းဖေးက မျက်နှာကျက်ကို ကြည့်ကာ ပြန်စဉ်းစားလိုက်သည်။ သူမနေ့ညက ပုံပြင်နားထောင်စဉ်က လင်းလော့ချင်းမှာ သူ့ဘေးတွင်ရှိသည်ကို သူသေချာမှတ်မိပေသည်။ သို့ဖြစ်၍ လင်းလော့ချင်း ကျိယွီရှောင်ဘက်သို့ ရွေ့သွားသည်မှာ သူအိပ်ပျော်သွားပြီးမှ ဖြစ်ရပေမည်။
သူက ၄င်းကို တွေးကာ လင်းလော့ချင်းကို ထပ်မံကြည့်လိုက်သည်။ လင်းလော့ချင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ် အိပ်နေဆဲဖြစ်သည်မှာ သိသာပေသည်။
ကျိယွီရှောင်သည်လည်း သူ့မျက်လုံးများကို ပိတ်ထားလေသည်။ လင်းဖေးဘေးတွင် ကျိလဲ့ယွီက သူ့ပခုံးပေါ်သို့ ရောက်လုဆဲဆဲ ဖြစ်လေသည်။
ဤသည်မှာ လင်းဖေး တစ်ခါမှ မခံစားခဲ့ဖူးသော ခံစားချက်ဖြစ်ပေသည်။
သူက လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို ကြည့်လိုက်ပြီးနောက် သူ့ကို ဖက်ထားသော လင်းဖေးကို ကြည့်လိုက်ပေသည်။ ပထမဆုံးအကြိမ်အဖြစ် သူအိပ်ခဲ့သော အိပ်ရာပေါ်တွင် လူအများကြီး ရှိနေခြင်းဖြစ်သည်။
'နွေးလိုက်တာ...'
လင်းဖေးက တွေးလိုက်သည်။
'ငါ့မျက်နှာပေါ်ကို နေထိုးနေတဲ့ အတိုင်းပဲ... နွေးပေမဲ့ အရမ်းစူးမနေဘူး... အဲ့ဒါက နေကြောင့် ငါ့အသားကို မလောင်သွားစေဘူး...'
လင်းဖေးက နေရောင်ခြည်ထဲတွင် လှဲနေကာ ထရန် အလျင်မလိုပါပေ။ သူက ကျိလဲ့ယွီ၏ မျက်နှာကိုပင် စိတ်ဝင်တစားထိလိုက်လေသည်။
၄င်းက နူးညံ့ကာ အိစက်နေပေသည်။ သူက ပါးချိုင့်ကလေးတစ်ခုကို ထိလိုက်သည်။
ကျိလဲ့ယွီက သူ့လက်ကို မကျေမနပ် ရိုက်လိုက်သည်။ သူ့ခေါင်းမှာ သူ့မျက်နှာပေါ်မှ အကြမ်းဖက်မှုကို ရှောင်ရန်ကြိုးစားရင်း လင်းဖေး၏ ပခုံးထဲတွင် နစ်မြုပ်လုဆဲဆဲ ဖြစ်သည်။
လင်းဖေးက ပြုံးကာ ထိနေခြင်းကို ရပ်လိုက်လေသည်။
သူက အတန်ကြာအောင် တိတ်တဆိတ် လှဲနေလိုက်သည်။ ထို့နောက် ကျိယွီရှောင်သည်လည်း နိုးလာပေသည်။
လင်းလော့ချင်းက အိပ်နေဆဲ ဖြစ်သည်။ သူက ကျိယွီရှောင်ကို မှီထားကာ သူ့မျက်နှာက နေထွက်ချိန်အလင်းရောင်ကဲ့သို့ အနည်းငယ် နီနေပေသည်။
ကျိယွီရှောင်က မနေ့ညက ဖြစ်ခဲ့သည်ကို ပြန်တွေးလိုက်ပြီးနောက် သူက ခေါင်းငုံ့ကာ လင်းလော့ချင်း၏ မျက်နှာကို နမ်းလိုက်လေသည်။ ၄င်းမှာ သူအမှတ်ရသကဲ့သို့ နူးညံ့နေပေသည်။
သူက ၄င်းကို တွေးမိပြီး မနေ့ည၏ နီးကပ်မှုကို ပြန်သတိရကာ လင်းလော့ချင်းအား နှုတ်ခမ်းကိုလည်း နမ်းလိုက်ပေသည်။
ကျိယွီရှောင်က နမ်းပြီးနောက် ခေါင်းပြန်လှည့်လာရာ လင်းဖေးက သူ့ကို တိတ်တဆိတ် ကြည့်နေသည်ကို တွေ့လိုက်ပေသည်။
ကျိယွီရှောင် : "..."
ကျိယွီရှောင်က လူမိသွား၍ ချက်ချင်းပင် အပြစ်ရှိသလို ခံစားလိုက်ရပေသည်။
ကျိယွီရှောင် ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်ပြီး လင်းဖေး၏တည်ငြိမ်နေသောအမူအရာကို ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်။
“ ဖေးဖေး နိုးလာပြီလား..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
“ဘယ်အချိန်က နိုးလာတာလား...”
“ခုနလေးတင် နိုးလာတာ...”
"ခုနလေးတင် ဆိုတာက...”
ကျိယွီရှောင် မဝံ့မရဲမေးလိုက်သည်။
“ရှုရှုကျိထက် နည်းနည်းစောတဲ့အချိန်က...”
လင်းဖေး အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
‘ဒါဆို သူ အားလုံးမြင်သွားပြီပေါ့...’
ကျိယွီရှောင် ယခု မျက်လုံးများကို မှိတ်ပြီး ပြန်အိပ်ချင်နေလေသည်။
လင်းဖေးက မရှက်ရွံ့ပေ။
သူ့အမြင်အရ ကျိယွီရှောင်က လင်းလော့ချင်းကို နမ်းခြင်းက ပုံမှန်ပင်ဖြစ်သည်။ အဆုံးတွင် လင်းလော့ချင်းက အလွန်တွယ်ကပ်တတ်ပြီး အနမ်းများကို သဘောကျလေသည်။
သူပင် မနေ့ညက လင်းလော့ချင်းကို နမ်းပေးရသေးလေသည်။ လင်းလော့ချင်းက ကျိယွီရှောင်ထံမှ အနမ်းရလျှင် အလွန်ပျော်ရွှင်နေသင့်သည်။ အဆုံးတွင် ယင်းမြင်ကွင်းက သူ့အတွက် ဘာမှမဟုတ်ချေ။
လင်းဖေး၏မျက်လုံးများက လှုပ်ရှားမှုမရှိသည့်အတွက် သူ လင်းလော့ချင်းကို နမ်းသည်ကို လင်းဖေး မြင်မမြင် မခန့်မှန်းနိုင်တော့ပေ။
လင်းဖေးနိုးလာသည့်အချိန်အရ သူ မြင်လိုက်သင့်သော်လည်း လင်းဖေး၏တုံ့ပြန်မှုက မမြင်လိုက်သည့်ပုံ ဖြစ်နေလေသည်။
သူ လင်းဖေးအား မည်သို့မေးရမည်နည်းကို တွေးဆနေချန် လင်းလော့ချင်း၏နာရီalarmမြည်သံကို ကြားလိုက်ရလေသည်။
ကျိယွီရှောင်က နာရီကို လျင်မြန်စွာ လှမ်းယူလိုက်ပြီး alarmကို ပိတ်လိုက်သည်။
Alarmမြည်သံကြားမှ ကျိယွီရှောင်က လင်းလော့ချင်း ယနေ့Auditionရှိမှန်း သတိရသွားလေသည်။
သူ လင်းလော့ချင်း၏ပခုံးများကို လှုပ်လိုက်ပြီး သူ့ကို နိုးလိုက်သည်။ ကျိလဲ့ယွီ မနိုးလာစေရန် တိုးညှင်းစွာ နိုးနေလေသည်။
လင်းလော့ချင်းက မျက်လုံးများကို ကြောင်တက်တက်ဖွင့်လိုက်သောအခါ ကျိယွီရှောင်က သူ့ကို မေးလာလေသည်။
"Alarmမြည်နေပြီ...မင်း ဒီနေ့ Auditionသွားရမှာမလား..."
"ဟမ်..."
လင်းလော့ချင်း မျက်လုံးများကို ၀န်လေးစွာ ပွတ်သပ်လိုက်သည်။
"ထတော့..."
ကျိယွီရှောင် လင်းလော့ချင်းမျက်နှာကို ညှစ်လိုက်သည်။
"ဖေးဖေးလည်း နိုးနေပြီ..."
လင်းလော့ချင်း လှည့်ကြည့်လိုက်သောအခါ လင်းဖေးက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
သူ လင်းဖေးကို ပြုံးပြလိုက်ပြီး ထထိုင်လိုက်ကာ လက်နှစ်ဖက်ကို ဆန့်ကားလိုက်သည်။
"လာ...ရှုရှုကို ဖက်ပေး..."
လင်းဖေး :"..."
လင်းလော့ချင်းက တကယ်တွယ်ကပ်လွန်းတယ်...
လင်းဖေးက ကူရာမဲ့မှု ၂၀%၊ အလိုလိုက်မှု ၆၀%၊ မျှော်လင့်ထားမှု ၂၀%ပါသော မျက်လုံးအကြည့်ဖြင့် လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်း အံ့အားသင့်သွားသည်။ လင်းဖေးက ယခင်ကထက် သူ့ကို ပိုသဘောကျလာပုံ ပေါ်လေသည်။
သူ့နှုတ်ခမ်းထောင့်က တစ်ဖန် ကွေးညွှတ်လာပြီး လှုံ့ဆော်လိုက်သည်။
"မြန်မြန် လာဖက်ပေး..."
'သိပါတယ်...'
လင်းဖေး တွေးလိုက်သည်။ ထို့နောက် သူ့အပေါ်မှ ကျိလဲ့ယွီလက်များကို ဖယ်လိုက်ပြီး အိပ်ရာပေါ်မှထလိုက်ကာ လင်းလော့ချင်း၏နံဘေးသို့ လျှောက်သွားလိုက်သည်။
လင်းလော့ချင်းက လင်းဖေးကို ကုတင်ပေါ် မတင်လိုက်ပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
"မင်းက အရမ်းချိုမြန်တာပဲ..."
လင်းဖေး တိတ်ဆိတ်နေလိုက်သ်ောလည်း သူ့ခန္ဓာကိုယ် နွေးထွေးသွားသလို ခံစားနေရလေသည်။
ထို့နောက် လင်းလော့ချင်း လင်းဖေးကို လွှတ်ပေးလိုက်ပြီး ရေချိုးရန် အိပ်ရာမှထလိုက်သည်။
လင်းဖေးလည်း ဆေးကြောရန် သူ့အခန်းသို့ ပြန်ချင်သော်လည်း ဖိနပ်စီးပြီးနောက် တစ်စုံတစ်ခုကိုသတိရသွားပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။
ကျိယွီရှောင်က သူ့ကို ပြုံးကာ မေးလာလေသည်။
"ဘာဖြစ်လို့လဲ..."
လင်းဖေးက နောက်ပြန်ဆုတ်လိုက်ပြီး ကျိယွီရှောင်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ကာ မေးလိုက်သည်။
"ရှုရှုရော ကျွန်တော့်ကို ပွေ့ဖက်ချင်လား..."
လင်းဖေးက မနေ့ညက လင်းလော့ချင်း ပြောခဲ့သည့်စကားကို ပြန်သတိရသွားခြင်းဖြစ်သည်။
သူက လင်းလော့ချင်းနှင့်သာ အိပ်သည့်အတွက် ကျိယွီရှောင်က မနာလိုဖြစ်နေပြီး သူ သူ့ကို ကြိုက်မကြိုက် စိုးရိမ်နေသည်ဟု ဆိုလေသည်။
ယခု သူ လင်းလော့ချင်းကို ဖက်ပြီး ကျိယွီရှောင်ကို မဖက်လျှင် ကျိယွီရှောင် မနာလို ထပ်ဖြစ်လာနိုင်သည်။
ကျိယွီရှောင် :"....."
လင်းဖေးက အမူအရာမဲ့သောမျက်နှာဖြင့် နွေးထွေးသည့်မေးခွန်း မေးနေသည်ကို မြင်သောအခါ ဤကလေးက အလွန်ချစ်စရာကောင်းသည်ဟု ကျိယွီရှောင် ခံစားလိုက်ရသည်။
သူက လင်းဖေးနှင့် အဆက်အဆံ သိပ်မရှိပေ။ လင်းဖေးက စကားပြောရသည်ကို မကြိုက်ဘဲ စာဖတ်ခြင်းကိုသာ နှစ်သက်သူဖြစ်ပြီး သူ့၌ သူ့ကိုယ်ပိုင်ကမ္ဘာနှင့်ကိုယ်ပိုင်အတွေးအခေါ် ရှိလေသည်။ ကျိယွီရှောင်က ထိုကမ္ဘာကို ချိုးဖျက်ရန် ရှက်ရွံ့သည့်အတွက် လင်းဖေး၏အသေးအဖွဲကိစ္စလေးများကိုသာ ဂရုစိုက်နိုင်လေသည်။
သူနှင့်လင်းဖေးကြားမှ အကွာအဝေးကို ခံစားမိသော်လည်း လူများက တဖြည်းဖြည်း နီးကပ်လာနိုင်သည်ဟု သူ ထင်သည်။ ထို့ကြောင့် သူ လင်းဖေးအား သူ့ကို သဘောကျရန်၊ သူနှင့် နီးကပ်ရန် တွန်းအားမပေးခဲ့ပေ။ သူက လင်းဖေး ဤမိသားစုထဲတွင် ကျိလဲ့ယွီကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ကြီးပြင်းလာရန်ကိုသာ မျှော်လင့်လေသည်။
ယင်းက လုံလောက်ပြီဖြစ်သည်။
တစ်နေ့တွင် လင်းဖေးက "သူ့ကို ပွေ့ဖက်ချင်လား" မေးလာလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်မကူးမိခဲ့ချေ။
ကျိယွီရှောင် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
"ဖက်လို့ရလား..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
ကျိယွီရှောင်က ကုတင်ခေါင်းရင်းကို မှီကာ ထထိုင်လိုက်သည်။ လင်းဖေးက ကျိယွီရှောင်၏ ခြေထောက်များက အဆင်မပြေသည်ကို သိသည့်အတွက် သူက စတင် ပွေ့ဖက်လိုက်သည်။
ကျိယွီရှောင် ရယ်မောလိုက်ပြီး လင်းဖေးခေါင်းကို ထိလိုက်သည်။
"ဖေးဖေးက အရမ်းကောင်းတာပဲ..."
လင်းဖေး ပြန်မပြောပေ။ သူ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်သော်လည်း စိတ်ထဲတွင် တွေးနေလေသည်။
'ဒီလိုဆို ကျိယွီရှောင် မနာလိုမဖြစ်တော့ဘူးပေါ့...'
အမှန်တွင် ကျိယွီရှောင်က ဘယ်သောအခါမှ ထိုကဲ့သို့သော အရာများကို မနာလိုမဖြစ်ဖူးပေ။
သို့သော် ဤအခိုက်အတန့်တွင် လင်းဖေးက သူနှင့်နီးကပ်လာသည့်အတွက် အလွန်ပျော်ရွှင်နေလေသည်။
သူက လင်းဖေးကို တစ်ခဏတာ တိတ်ဆိတ်စွာ ပွေ့ဖက်လိုက်ပြီး သူ့ကို ဆေးကြောရန် လွှတ်ပေးလိုက်သည်။
ထိုအခါမှ လင်းဖေး သူ့အခန်းသို့ ပြန်သွားလိုက်ပြီး မျက်နှာသစ်သွားတိုက်လိုက်သည်။
လင်းလော့ချင်းက အောက်ထပ်သို့ မဆင်းမီ သူ့အခန်းဆီ လာသောအခါ လင်းဖေးမေးလိုက်သည်။
"ရှုရှု ဒီနေ့ နည်းနည်း ပိုပျော်ချင်လား..."
"ဘာဆိုလိုတာလဲ..."
လင်းလော့ချင်း တွေးလိုက်ပြီး အံ့သြသွားလေသည်။
"မင်း ငါ့ကို နမ်းချင်လို့လား..."
လင်းဖေး ခေါင်းခါလိုက်သည်။
"တစ်ယောက်ယောက်က ရှုရှုကို နမ်းခဲ့တယ်..."
“ဘယ်သူလဲ...”
“ရှုရှုကျိ...”
လင်းဖေး မရှက်မရွံ့ ပြောလိုက်သည်။
"သူက ရှုရှု မနိုးခင် ရှုရှုကို နှစ်ခါတောင် နမ်းခဲ့တယ်..."
"တကယ်လား..."
လင်းလော့ချင်း ပြုံးလိုက်သည်။ ကျိယွီရှောင်က အပြင်ပန်း အေးစက်နေသော်လည်း အတွင်းမှာမူတက်ကြွနေလေသည်။
"ဘယ်နားနမ်းတာလဲ..."
"နဖူးပေါ်နဲ့ ပါးစပ်ပေါ်..."
လင်းဖေး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒါဆို ရှုရှု ဒီနေ့ ပိုပျော်နေမှာလား..."
လင်းလော့ချင်းက ခန့်မှန်းမရသော အပြုံးကို ပြုံးပြလိုက်သည်။
"နည်းနည်းပျော်မှာမဟုတ်ဘူး...သူက ငါ့ကို နှစ်ခါနမ်းတော့ နှစ်ဆပျော်မှာပေါ့..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
'ဒီလူ ပျော်နေသရွေ့...'
ထို့နောက် လင်းလော့ချင်းက လင်းဖေးကို ဆွဲကာ သင်ပေးလိုက်သည်။
"မင်းက ငယ်သေးတယ်...မင်း ငါ့ကိုနမ်းရင် ဒါမှမဟုတ် တခြားလူတွေကို နမ်းရင် မင်းမျက်နှာပေါ်ပဲ နမ်းရမယ်နော်...နှုတ်ခမ်းကို မနမ်းရဘူး...နားလည်လား..."
သူ ထပ်ဖြည့်ပြောလိုက်သည်။
"နှုတ်ခမ်းက လူကြီးတွေပဲ နမ်းတာ...မင်းက တခြားလူတွေရဲ့နှုတ်ခမ်းကို နမ်းဖို့ အရမ်းငယ်သေးတယ်...တခြားလူတွေက မင်းနှုတ်ခမ်းကို နမ်းရင်လည်း အဲ့ဒါကို ခွင့်မပြုပေးရဘူး..."
“ဟုတ်ကဲ့..."
လင်းဖေး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူက အခြားလူများကို နမ်းခွင့်မပေးသလို အခြားလူများကိုလည်း မနမ်းချေ။ လင်းလော့ချင်းကသာ သူ့ကို နမ်းပြီး သူက ပြန်နမ်းရလေသည်။
လင်းလော့ချင်းက လင်းဖေး သဘောတူသည်ကို မြင်သောအခါ ထပ်မပြောတော့ပေ။ အဆုံးတွင်လင်းဖေး၏ပင်ကိုယ်စိတ်နေစိတ်ထားက သူ့ကို အချိန်အကြာကြီး သဘောကျခဲ့သော စာအုပ်ထဲမှအမျိုးသမီးဇာတ်ဆောင်ကိုပင် ပြန်သဘောမကျခဲ့ပေ။ မင်းသမီးက သူ့ကို 'ပွေ့ဖက်လို့ရမလား'ဟုမေးသောအခါပင် လင်းဖေးက ယင်းကို တိုက်ရိုက်ငြင်းပယ်ခဲ့လေသည်။
ဒီလိုစိတ်ထားနဲ့ တခြားသူတွေကို ဘယ်လိုလုပ် သွားနမ်းမှာလဲ...
ထို့အတွက်ကြောင့် လင်းလော့ချင်း လင်းဖေးနှင့်ပတ်သတ်ပြီး စိတ်သက်သာရရသွားကာ ယင်းကိုလျစ်လျူရှုလိုက်သည်။ သူက လင်းဖေးကို တိုတိုတုတ်တုတ်သာ ထပိမံသတိပေးလိုက်သည်။
ထို့နောက် သူ အခန်းထဲမှ ထွက်လာပြီး တံခါး၀တွင် စောင့်နေသည့် ကျိယွီရှောင်ကို မြင်သောအခါ အဓိပ္ပာယ်ရှိသည့်အပြုံး ပြုံးပြလိုက်သည်။
ကျိယွီရှောင်က ယင်းက ဘာဆိုလိုသလဲ မသိပေ။
"ဘာလို့ အဲ့လိုပြုံးနေတာလဲ..."
"ဘာရယ် မဟုတ်ပါဘူး..."
လင်းလော့ချင်း မ၀န်ခံခဲ့ချေ။
"ဒီနေ့ ရာသီဥတုကောင်းလို့ ပျော်နေတာ..."
ကျိယွီရှောင် :"..."
လင်းလော့ချင်း၏မျက်လုံးထဲမှ ဂုဏ်ယူမှုများကို ကျိယွီရှောင် မြင်နေရပြီး ယင်းက ထိုမျှ မရိုးရှင်းကြောင်း သူ သိလေသည်။
လင်းလော့ချင်း ပြုံးသာ ပြုံးနေပြီး ဘာမှ မပြောတော့ပေ။ သူက ဝှီးချဲလ်လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ဓာတ်လှေကားဆီ တွန်းလိုက်သည်။
မင်း ငါ့ကို တိတ်တိတ်လေး နမ်းတာကို ငါ မမြင်လိုက်ဘူး...
အဲ့ဒါက အရမ်းချစ်ဖို့ကောင်းတာပဲ...
လင်းလော့ချင်းက အလွန်ပျော်ရွှင်နေလေသည်။
နေ့လည်စာစားပြီးနောက် ဝူရှင်းယွမ်က ကတိပေးထားသည့်အတိုင်း လင်းလော့ချင်း auditionဖြေရန်အတွက် ကျိယွီရှောင်အိမ်သို့ ရောက်လာလေသည်။
လင်းလော့ချင်းက မနက်စောစောကတည်းက ပြင်ဆင်ပြီးဖြစ်သည်။ ကျိယွီရှောင်နှင့်ကလေးနှစ်ယောက်ကို စကာ
းပြောပြီးနောက် ကားပေါ်သို့တက်လိုက်သည်။
“သူက မင်းရဲ့လက်ထောက် ရှောင်၀မ်...”
ဝူရှင်းယွမ် မိတ်ဆက်ပေးလိုက်သည်။
“မင်း တစ်ခုခု လိုချင်ရင် သူ့ကို ခိုင်းလို့ရတယ်..."
ရှောင်၀မ်က အမြန် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ် အစ်ကိုလင်း...တစ်ခုခု လိုချင်ရင် ပြောသာပြော..."
"အင်း..."
လင်းလော့ချင်း ပြုံးလိုက်သော်လည်း အနည်းငယ်ထူးဆန်းနေသလို ခံစားနေလိုက်ရသည်။