Chapter 70
စာအုပ်ထဲ မကူးပြောင်းမီ သူက သာမာန်သရုပ်ဆောင်လေးပင်ဖြစ်သည်။ ကုမ္ပဏီက သိပ်တန်ဖိုးမထားသလို အရင်းအနှီးလည်း သိပ်မရှိပေ။ သူက သူ့ဘာသာပြင်ဆင် ရိုက်ကူးနေရပြီး လက်ထောက်လည်း မရှိပေ။ ထို့ကြောင့် သူ ရှောင်၀မ်ကို ကြိမ်ဖန်များစွာ ကြည့်မိနေလေသည်။
ဝူရှင်းယွမ်က လင်းလော့ချင်း ရှောင်၀မ်ကို ကြည့်နေသည်ကို မြင်သောအခါ ရှောင်၀မ်၏ ငယ်ရွယ်သည့်အသက်ကြောင့် ထင်သည့်အတွက် နှစ်သိမ့်ပေးလိုက်သည်။
"ကုမ္ပဏီမှာရှိတဲ့ လက်ထောက်အသစ်တွေထဲမှာ ရှောင်၀မ်က အတော်ဆုံးပဲ...မင်း သူ့ကို အရင် သုံးကြည့်လေ...နောက် လိုအပ်လာမှ ငါ တခြားတစ်ယောက် ထပ်ပေးမယ်..."
“ရပါတယ်...”
လင်းလော့ချင်းက ကျော်ကြားမှု နည်းပါးလေသည်။
“ကျွန်တော် နာမည်ကြီးလာမှ ထပ်ပြောကြတာပေါ့...”
“ကောင်းပြီ...”
ထိုစကားကို ကြားပြီးနောက် ဝူရှင်းယွမ် သူ့ကို မနှစ်သိမ့်ပေးတော့ချေ။
နောက်ဆုံးတွင် လင်းလော့ချင်း၏အထောက်အထားက သူဋ္ဌေး၏အိမ်ထောင်ဖက်ဖြစ်သော်လည်း သူသာသိပြီး အခြားလူများက မသိချေ။ အကယ်၍ လင်းလော့ချင်းက လက်ထောက်များ ထပ်လိုချင်လျှင် ဖြစ်နိုင်သော်လည်း ကုမ္ပဏီမှ အခြားအနုပညာရှင်များနှင့်အေ့ဂျင်များ၏ဝေဖန်မှုများကို သဘာ၀အတိုင်း ဆွဲဆောင်လိမ့်မည်ဖြစ်သည်။ လင်းလော့ချင်းက ယခုမှ ကုမ္ပဏီနှင့် လက်မှတ်ထိုးထားသည့် လူသစ်ဖြစ်ပြီး ရလဒ်များလည်း မရှိသေးချေ။
ယခု လင်းလော့ချင်းက လက်ထောက် ထပ်မလိုအပ်ကြောင်း ပြောသောအခါ ဝူရှင်းယွမ်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
လူသစ်များက အလွန်ထင်ပေါ်မနေသင့်ပေ။
သူ လင်းလော့ချင်းကို auditionနှင့်ပတ်သက်၍ လိုအပ်ချက်အချို့ကို ပြောပြလိုက်သည်။ သူတို့စကားပြောပြီးသောအခါ auditionနေရာသို့ ရောက်လာကြပြီဖြစ်သည်။
ဤကား စာအုပ်ထဲသို့ ကူးပြောင်းပြီးနောက် လင်းလော့ချင်း၏ ဒုတိယမြောက် လူတွေ့စစ်ဆေးမှုဖြစ်လေသည်။ ယခုတစ်ခေါက်တွင် ယခင်ကထက် ပိုမိုပြင်ဆင်ထားသောကြောင့် သူ သရုပ်ဆောင်စွမ်းရည်က ပိုကောင်းမွန်လာလေသည်။ ဒါရိုက်တာက သူ့သရုပ်ဆောင်မှုကို ကြည့်ပြီး ဆက်တိုက်ခေါင်းငြိမ့်နေလေသည်။ ဖျော်ဖြေမှုပြီးနောက် ဒါရိုက်တာက မေးခွန်းအနည်းငယ်မေးပြီးနောက် သူ့ကို ပြန်လွှတ်လိုက်သည်။
လင်းလော့ချင်းက ဒါရိုက်တာ၏အမူအရာနှင့်အသံကို သတိပြုမိပြီး ဤဇာတ်ရုပ်ကို ရရှိနိုင်သည်ဟု ခံစားမိလေသည်။
သူ သူ့ကိုယ်သူ ကျေနပ်နေလေသည်။ ရှင်းရီက ယခင်ကုမ္ပဏီထက် ယုံကြည်စိတ်ချရပြီး ဝူရှင်းယွမ်က သူ့ကို ပေးသည့် ပထမဆုံး အလုပ်ဖြစ်လေသည်။ လင်းလော့ချင်းက ဤအရင်းအမြစ်ကို သေချာပေါက် အရယူပြီး ကျိယွီရှောင်ကို သူ့စွမ်းရည် ပြသရမည်ဖြစ်သည်။
သူ့အတွေး မမှားခဲ့ပေ။ နောက်တစ်နေ့တွင် လင်းလော့ချင်း ဝူရှင်းယွမ်ထံမှ သူ စစ်ဆေးမှုအောင်မြင်ခဲ့သည့်သတင်း ရရှိခဲ့လေသည်။ ဝူရှင်းယွမ်က ဇာတ်လမ်း၏ဇာတ်ညွှန်းအချို့ကို သူ့ထံ ထပ်မံပို့ပေးလာလေသည်။ နောက်ပိုင်းကိုအဖွဲ့နှင့် ပူးပေါင်းပြီးမှသာ ရမည်ဖြစ်သည်။
ယင်းက ရိုက်ကူးရေးစံသတ်မှတ်ချက်ချက်ဖြစ်ပြီး လင်းလော့ချင်းတွင် ထင်မြင်ချက်မရှိပေ။ သူ မေးလိုက်သည်။
"ဘယ်တော့ စရိုက်မှာလဲ..."
"ထွေထွေထူးထုး မရှိရင် လ၀က်လောက်နေရင် စရိုက်လောက်တယ်...မင်း မင်းရဲ့စာသားတွေကိုအရင်သေချာမှတ်ထား...ဒါမှအဖွဲ့နဲ့ပေါင်းရင် သေချာလုပ်နိုင်မှာ..."
အဆုံးတွင် ဝူရှင်းယွမ်က လင်းလော့ချင်း သရုပ်ဆောင်ခဲ့သည့် ဒရမ်မာနှစ်ကားကို ကြည့်ခဲ့ပြီး လင်းလော့ချင်း၏သရုပ်ဆောင်စွမ်းရည်ကို သိသည့်အတွက် ပါးနပ်စွာ မေးလိုက်သည်။
"လော့ချင်း လ၀က်လောက်ဖတ်ပြီး ဇာတ်ကောင်ကို နားလည်အောင်လုပ်...လိုအပ်ရင် ငါ ဆရာတစ်ယောက်ငှားပေးမယ်...မင်း လိုအပ်လား..."
လင်းလော့ချင်း : “……”
ဝူရှင်းယွမ်က မူလပိုင်ရှင်၏သရုပ်ဆောင်စွမ်းရည်ကို တကယ်နားလည်ကြောင်း ခံစားမိလေသည်။
ကံမကောင်းစွာနှင့် ယခုလင်းလော့ချင်းက မလိုပေ။
“အစ်ကို၀ူရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော် ကိုယ့်ဖာသာ ပြင်ဆင်လိုက်ပါမယ်..."
လူငယ်များက ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ကြောင်း ဝူရှင်းယွမ် သိသည်။ကံကောင်းထောက်မစွာနှင့် ထိုဇာတ်ရုပ်က သရုပ်ဆောင်စွမ်းရည်များစွာ မလိုအပ်ပေ။ ရိုက်ကူးရေးစမှ အဖွဲ့ထဲမှ ဆရာတစ်ယောက်ငှားလျှင်လည်း အဆင်ပြေလေသည်။ လင်းလော့ချင်းက ဒါရိုက်တာထံမှ အဆူခံပြီးမှ သူ့အကြံ လက်ခံမည်ဖြစ်သည်။
ထိုသို့တွေးပြီးနောက် ညွှန်ကြားချက် အနည်းငယ်ထပ်ပေးလိုက်ပြီး ဖုန်းချလိုက်သည်။
လင်းလော့ချင်းက ဇာတ်ညွှန်းကို ဖတ်ရန် အလျင်မလိုချေ။ ယခု သူ့တွင် ဇာတ်ညွှန်းထက် အရေးကြီးသည့်အရာ ရှိနေလေသည်။
လင်းလော့ချင်း တံခါးကို ခေါက်လိုက်ပြီး ကျိယွီရှောင်၏စာဖတ်ခန်းထဲ ၀င်သွားလိုက်သည်။
"ငါတို့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ မသွားသင့်ဘူးလား..."
သူ ကျိယွီရှောင်ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။
အခုလေးတင် အလုပ်ပြီးသွားသည့် ကျိယွီရှောင် :"..."
သူ့မိန်းမက ဒီကိစ္စကို ဘယ်တော့မှ မမေ့ဘူးပဲ...
“သွားပါမယ်..."
ကျိယွီရှောင် ကူရာမဲ့စွာ ပြောလိုက်သည်။
"ငါ ဝေ့ကျွင်းဟယ်ကို ဆရာ၀န်နဲ့ ရက်ချိန်းတောင်းခိုင်းထားတယ်...မနက်ဖြန်မနက် သွားကြမယ်..."
လင်းလော့ချင်း ၀မ်းသာသွားသည်။
"တကယ်လား..."
"ငါက လိမ်ပါ့မလား..."
လင်းလော့ချင်း ကျေနပ်သွားသည်။
"ဒီလိုဆို ငါ မင်းကို သတင်းကောင်း ပြောပြရဦးမယ်...ငါ auditionအောင်သွားပြီ..."
"မြန်လိုက်တာ..."
ကျိယွီရှောင် အံဩသွားသည်။
ဒီလိုဆို သူ ထွက်သွားတော့မှာမလား...
"ဘယ်တော့စမှာလဲ..."
"လ၀က်ကြာရင်ပေါ့..."
ကျိယွီရှောင် :"..."
အရမ်း မြန်လွန်းတယ်...လ၀က်ကြာရင်လား...နှစ်၀က်ကြာမှ စလို့ မရဘူးလား...
သို့သော် သူ့မျက်နှာက နူးညံ့သိမ်မွေ့နေဆဲဖြစ်သည်။
"အရမ်းကောင်းတယ်...ကွန်ဂရက်ကျူးလေးရှင်း...ဘယ်မှာ ရိုက်ကြမှာလဲ...ရုပ်ရှင်ရိုက်တဲ့စခန်းကိုသွားရမှာလား..."
"မလိုပါဘူး..."
လင်းလော့ချင်း ရယ်မောလိုက်သည်။
"ဒီမှာပဲ ရိုက်မှာ...ငါ အလုပ်မများရင် မင်းတို့ကို အိမ်ပြန်လာတွေ့လို့ရတယ်..."
ကျိယွီရှောင်၏သွေးများ ချက်ချင်း ပြန်ဆူပွက်လာလေသည်။
"ဒီမှာရိုက်မှာလား..."
"ဟုတ်တယ်...မော်ဒန်ဒရမ်မာတွေက ဘယ်မှာရိုက်ရိုက် ရိုက်လို့ရတယ်လေ..."
လင်းလော့ချင်း ပြုံးလိုက်သည်။
ကျိယွီရှောင် သူ့ကို ကြည့်ကာ ရယ်မောလိုက်လေသည်။
သို့သော် သူ လျင်မြန်စွာ သဘောပေါက်သွားသည်။
မော်ဒန်ဒရမ်မာများကို ဘယ်မှာရိုက်ရိုက် ရိုက်၍ရသော်လည်း ဤမြို့တွင် ဖြစ်နေလေသည်။
ဒါက ဘယ်လိုလုပ် တိုက်ဆိုင်တာဖြစ်မှာလဲ...
''ဒီမှာရိုက်ကူးမဲ့ဒရမ်မာကို ရွေးထားတာလား..."
လင်းလော့ချင်းက ယင်းကို ဖုံးကွယ်ချင်စိတ် မရှိသည့်အတွက် ခေါင်းငြိမ့်လိုက်သည်။
"ငါ အစ်ကိုဝူကို အဲ့အတွက် မေးခဲ့တာ...ငါတို့က အခုမှ လက်ထပ်ပြီးတာလေ...ငါ မင်းတို့နဲ့ အရမ်းကြီး ဝေးမနေချင်ဘူး..."
ကျိယွီရှောင်က တစ်ဖက်လူကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
သူ လင်းလော့ချင်းနှင့် ခွဲမနေချင်သည့်အတွက် လင်းလော့ချင်းက သူတို့မြို့မှာပင် ရိုက်ကူးရေးလုပ်ရန် မျှော်လင့်ခဲ့ဖူးလေသည်။
သို့သော် လင်းလော့ချင်း ယခု ထိုသို့ပြောလာသောအခါ သူ လင်းလော့ချင်းကို ဆွဲချမိသလို ခံစားနေရသည်။
သူ ဝူရှင်းယွမ်နှင့်လင်းလော့ချင်း၏ရွေးချယ်မှုကို မစွက်ဖက်ချင်သော်လည်း ပြောရမည်ဖြစ်သည်။
"မင်းရဲ့ကျော်ကြားမှုကို အထောက်အကူပြုမဲ့ ပိုကောင်းတဲ့ ရုပ်ရှင်တွေ ၊ ဒရမ်မာတွေ ရွေးချယ်သင့်တယ်လို့ ငါ ထင်တယ်..."
သူ လင်းလော့ချင်းကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
"မင်းရဲ့အလုပ်က မင်းနဲ့ပဲ သက်ဆိုင်တယ်...ငါ့အတွက် ထည့်တွေးပေးစရာ မလိုဘူး..."
လင်းလော့ချင်း ခေါင်းခါလိုက်သည်။
"ဒါက မင်းအတွက်ရယ်လို့ မဟုတ်ပါဘူး...ငါ ဘာလုပ်လဲ ငါသိတယ်...ငါ ရွေးချယ်မှုမမှားဘူးလို့လည်း ယုံကြည်တယ်...ရိုက်ကူးရေးရှုထောင့်က ကြည့်ရင် ဒီဇာတ်လမ်းက IPပေါ် အခြေခံထားပြီး ကိုယ်ပိုင်ကျော်ကြားမှုလည်းရှိတယ်...အမျိုးသားဇာတ်ဆောင်က တော်ပြီး အမျိုးသမီးဇာတ်ဆောင်ကလည်း ကျော်ကြားမှုနည်းနည်း ရှိတယ်...သူက လူတွေရဲ့အာရုံကို မရိုက်ခင်ကတည်းက ဆွဲဆောင်နိုင်လိမ့်မယ်...ငါ့ဇာတ်ရုပ်ကလည်း အရမ်းချစ်စရာကောင်းတယ်...ဒါ့ကြောင့် ဒီဒရမ်မာက ငွေမဆုံးရှုံးဘဲ အမြတ်ရလိမ့်မယ်ဆိုတာ ပြောရဲတယ်...ငါ ဒီဒရမ်မာအတွက် ကျေနပ်တယ်..."
"ငါ့ရဲ့ကိုယ်ပိုင်ရှုထောင့်က ကြည့်ရင်လည်း ငါ မင်းကို ဂရုစိုက်တဲ့အတွက် မင်းနဲ့အဝေးကြီး ခွဲနေရမှာကို စိုးရိမ်တယ်...ဒါ့အပြင် ဖေးဖေးကလည်း မင်းနဲ့နေတာ ကျင့်သားမရသေးဘူး...ဒါ့ကြောင့် ငါ ဒါကို ရွေးခဲ့ဝာာ..."
"ငါ့အတွက်တော့ ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ..."
ထိုစကားများကို ကြားသောအခါ ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
ပထမဆုံး သူက သူ့ဒဏ်ရာကို အကဲဆတ်သည့်အတွက် လင်းလော့ချင်းက ဤမြို့တွင် ရိုက်ကူးမည့်အကြောင်း ပြောသည့်အခါ သူ့ခြေထောက်များ အဆင်မပြေသည့်အတွက်ဟု တွေးခဲ့သည်။
လင်းလော့ချင်း ပြောခဲ့သည့် 'မင်းတို့'ဆိုသောစကားလုံးကို လျစ်လျူရှုလိုက်မိသည်။
လင်းလော့ချင်းက တာ၀န်ကျေပွန်သည့်ဦးလေးဖြစ်သည်။ သူက လင်းဖေးကို 'ကျွန်တော့်ကို ပွေ့ဖက်ချင်လား'ဟု အစပြု မေးလာရန်ပင် သင်ပေးခဲ့လေသည်။
သူက လင်းဖေးကို ဂရုစိုက်ပြီး လင်းဖေး၏စိတ်အခြေအနေကိုပင် ဂရုစိုက်လေသည်။ အဆင့်တိုင်းဂရုစိုက်ပေးခြင်းဖြစ်သည်။ သူက သူတို့လက်ထပ်ပြီးသောအခါ လင်းဖေးကို တစ်ယောက်တည်းထားမသွားနိုင်ပေ။ လင်းဖေးက သူနှင့် မနီးစပ်သေးသလို ရင်းလည်းမရင်းနှီးသေးပေ။
ထို့ကြောင့် သူ ဒဏ်ရာမရခဲ့လျှင် လင်းလော့ချင်းက လင်းဖေးအတွက် ဤရွေးချယ်မှုကို လုပ်မည်ဖြစ်သည်။
ယင်းက လင်းလော့ချင်း၏ပင်ကိုယ်ဗီဇဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ သို့သော် သူက လင်းလော့ချင်း သူ့ကိုယ်သူ ဂရုစိုက်ရန်သာ ပြောခဲ့လေသည်။
သူ လင်းလော့ချင်းကို လျှော့တွက်ခဲ့သည်။
သူက အားကိုးထိုက်သည့်သူ မဟုတ်ချေ။
“မင်းပြောတာ မှန်တယ်..."
ကျိယွီရှောင် ပြောလိုက်သည်။
“ငါ အတွေးလွန်သွားတယ်...ငါ မင်းရဲ့အလုပ်အပေါ် ကျွမ်းကျင်မှုနဲ့ လေးနက်မှုကို ယုံကြည်သင့်တယ်...မင်းက အမြဲတမ်း တာ၀န်ကျေပွန်တဲ့သူတစ်ယောက်ပဲ...ငါက မင်းကို ချည်နှောင်ထားတာမဟုတ်ဘူးပဲ..."
လင်းလော့ချင်း ပြုံးလိုက်သည်။
"ဒါဆို မင်း ငါ့ကို ပိုယုံကြည်သင့်တယ်..."
"ငါ အဲ့လိုလုပ်ပါ့မယ်..."
ကျိယွီရှောင် ကတိပေးလိုက်သည်။
"အမှန်အတိုင်း ပြောရရင် မင်း ဒီမြို့မှာ ရိုက်ရလို့ ငါ အရမ်းပျော်တယ်..."
"တကယ်လား..."
လင်းလော့ချင်းက တောက်ပနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
"ငါလည်း အရမ်းပျော်တယ်..."
လင်းလော့ချင်း၏မျက်လုံးထဲမှ တောက်ပမှုများကို မြင်သောအခါ ကျိယွီရှောင် တစ်ဖက်လူကို နမ်းချင်လာသည့်အတိုင်း ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
ပြုံးနေစဉ် လင်းလော့ချင်း၏အသံကို ကြားလိုက်ရလေသည်။
"မင်း ဘာလို့ ပြုံးနေတာလဲ..."
ကျိယွီရှောင် ခေါင်းမော့လိုက်ပြီး ပြန်မဖြေခဲ့ပေ။ တစ်ဖက်လူကိုသာ စိုက်ကြည့်နေလေသည်။
လင်းလော့ချင်း ပဟေဋိဖြစ်နေလေသည်။
"မင်း ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ..."
"ဒီကိုလာခဲ့..."
ကျိယွီရှောင်က ထိုင်ခုံကို မှီကာ ပြောလိုက်သည်။
လင်းလော့ချင်း သံသယဖြစ်စွာ တစ်ဖက်လူထံကို လျှောက်သွားလိုက်လေသည်။ သူက ကျိယွီရှောင်ကို ကြည့်ကာ လျှောက်လာပြီး နှလုံးသားထဲတွင် ပျော်ရွှင်နေလေသည်။ ထို့နောက် သူ ခါးကိုင်းလိုက်ပြီး ကျိယွီရှောင်ကို ငုံ့ကြည့်လိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏ခေါင်းကို ဖိလိုက်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။
လင်းလော့ချင်း ပြေပြေလေး ပြုံးလိုက်သည်။
သူ ထင်ထားတဲ့အတိုင်းပဲ...
ထို့နောက် သူ ကျိယွီရှောင်ကို ပြန်နမ်းလိုက်သည်။
သူ့ခံစားချက်က ပြတင်းပေါက်မှတစ်ဆင့် ၀င်လာသော နေရောင်ခြည်ကဲ့သို့ တောက်ပနေလေသည်။
"ဒီလိုဆို မင်း အလုပ်ဆက်လုပ်တော့...ငါလည်း ဇာတ်ညွှန်းအသစ်သွားဖတ်လိုက်ဦးမယ်..."
လင်းလော့ချင်း တိုးတိုး ပြောလိုက်သည်။
ကျိယွီရှောင် လင်းလော့ချင်းမျက်နှာကို ညှစ်လိုက်ပြီး သဘောတူလိုက်သည်။
လင်းလော့ချင်း သူ့ကို ကြည့်လိုက်ပြီး ဇာတ်ညွှန်းဖတ်ရန် ၀န်လေးစွာ ထွက်သွားလိုက်သည်။
သို့သော် နောက်ပြန်လျှောက်လာပြီး မေးလိုက်သည်။
"ဇာတ်ညွှန်းအသစ်ကို ပရင့်ထုတ်ပေးလို့ရလား..."
"ရတယ်..."
ကျိယွီရှောင် တစ်ဖက်လူကို ဇာတ်ညွှန်းအား သူ့ထံ အီးမေးလ်ပို့ခိုင်းလိုက်သည်။
လင်းလော့ချင်းက တစ်ဖက်လူ၏လှုပ်ရှားမှုများကို ကြည့်နေပြီး နူးညံ့စွာ မေးလိုက်သည်။
"ငါ ဒီမှာ ဇာတ်ညွှန်းဖတ်လို့ရော ရလား..."
ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။
"မင်း ကြိုက်သလောက်ပေါ့..."
လင်းလော့ချင်း ကျေနပ်စွာ ပြုံးလိုက်သည်။
ယင်းကို မြင်သောအခါ ကျိယွီရှောင် ကူရာမဲ့စွာ နောက်ပြောင်လိုက်သည်။
"ဒါပေမဲ့ မင်းက အရမ်းတွယ်ကပ်လွန်းတယ်...မင်း ငါနဲ့ ခဏလေးတောင် မခွဲနိုင်ဘူးလား...မင်း ငါ့ကို အရမ်းကြိုက်တာပဲလား..."
လင်းလော့ချင်း :"..."
လင်းလော့ချင်း၏မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာလေသည်။
"တချို့လူတွေ သူများမနိုးသေးချိန် နမ်းတာလောက်တော့ မဆိုးသေးပါဘူး..."
ကျိယွီရှောင် :"..."
"နှစ်ခါတောင်မှ..."
လင်းလော့ချင်း၏အပြုံးက ပိုမိုတောက်ပလာလေသည်။
ကျိယွီရှောင် :"!!!'
မဟုတ်သေးပါဘူး...ဖေးဖေး မင်းဘာလို့ မင်းရှုရှုကို အားလုံးပြောပြတာလဲ...
ပြောပြလို့မရတာတွေ ရှိတယ်ဆိုတာ မင်း မသိဘူးလား...
အခန်းထဲမှ လင်းဖေးက ရုတ်တရက် နှာချေလိုက်လေသည်။
ကျိလဲ့ယွီ စိုးရိမ်သွားသည်။
"ဘာဖြစ်လို့လဲ...အအေးမိနေတာလား..."
လင်းဖေး ခေါင်းခါလိုက်သည်။ သူ နှာချေခြင်းကို လျစ်လျူရှုကာ စာအုပ်ဆက်ဖတ်နေလိုက်သည်။
ကျိလဲ့ယွီက လင်းဖေးစာအုပ်ကို ငုံ့ကြည့်လိုက်ပြီး လင်းဖေးစာအုပ်က ပိုကောင်းသလား သိချင်နေလေသည်။
သူ မကြိုက်တဲ့စာအုပ်တွေကို လင်းဖေးက ဘာလို့ ဒီလောက်တောင် ကြိုက်နေတာလဲ...
ကျိလဲ့ယွီ၏လုပ်ရပ်က လင်းဖေးကို လုံး၀မသက်ရောက်ပေ။
သို့သော် စာကြောင်းအချို့ဖတ်ပြီးနောက် လင်းဖေး၏စာအုပ်က သူ့စာအုပ်ထက် ပိုစိတ်၀င်စားစရာ မကောင်းကြောင်း သိလိုက်သည်။
ကျိလဲ့ယွီ သမ်းလိုက်ပြီး စာအုပ်ပေါ် မှောက်အိပ်လိုက်သည်။
လင်းဖေးက ထိုမြင်ကွင်းကို မြင်သောအခါ နှလုံးသားထဲ၌ ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"အိပ်ရာပေါ် သွားအိပ်..."
သူ ကျိလဲ့ယွီကို ပြောလိုက်သည်။
ကျိလဲ့ယွီ တုံ့ဆိုင်းနေလေသည်။
"သား ဒီလိုမျိုး ခဏလောက် အိပ်လို့ မရဘူးလား..."
လင်းဖေး တစ်ဖက်လူ၏ခုခံမှုကို မြင်သောအခါ ဆက်မဖြောင်းဖြတော့ပေ။ စာအုပ်သာ ဆက်ဖတ်နေလိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကို ကြည့်နေရင်း မျက်လုံးမှိတ်ကာ အိပ်ပျော်သွားလေသည်။
လင်းလော့ချင်းက ကျိယွီရှောင်၏လေသံအတိုင်းပြောလိုက်သည်။
"ကျစ် မင်းက အရမ်း တွယ်ကပ်လွန်းတယ်...ငါ့ကို နမ်းဖို့ ငါနိုးလာတဲ့အထိတောင် မစောင့်နိုင်ဘူးလား...မင်း ငါ့ကို အရမ်းကြိုက်တာပဲလား..."
ကျိယွီရှောင် : “……”
ကျိယွီရှောင် ခေါင်းငုံ့လိုက်ပြီး ဇာတ်ညွှန်းပရင့်ထုတ်ရန် ကူညီပေးလိုက်လေသည်။
လင်းလော့ချင်း ဂုဏ်ယူစွာ ပြုံးလိုက်ပြီး မျက်လုံးထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။
နေ့လည်ခင်း၌ သူက ကျိယွီရှောင်၏စာဖတ်ခန်းထဲတွင် ဇာတ်ညွှန်းဖတ်နေလေသည်။ ကျိယွီရှောင်က လင်းလော့ချင်း၏ချောမောသော
ဘေးတိုက်မြင်ကွင်းကို ရံဖန်ရံခါ ခေါင်းမော့ကြည့်နေလေသည်။ လင်းလော့ချင်းက ကြော့ရှင်းနေပြီး ဇာတ်ညွှန်းပေါ်တွင် အမှတ်အသားများ ဂရုတစိုက်လုပ်နေလေသည်။
အချိန်များက တဖြည်းဖြည်းရွေ့လျားနေသော်လည်း သူ့အတွက် မျက်စိတစ်မှိတ်သာ ကြာသလိုပင်ဖြစ်သည်။
အန်တီကျန်းက တံခါးလာခေါက်ပြီး ညစာဘာစားချင်သလဲ မေးကာမှ သတိပြန်၀င်လာကြလေသည်။