အပိုင်း ၇၁
Viewers 25k

Chapter 71




ညမှောင်လုနီးပါးဖြစ်သည်။


ထိုအချိန်တွင် အဖေလင်း၏ဖုန်း ၀င်လာလေသည်။ သူက လင်းလော့ချင်းနှင့် အပေးအယူလုပ်ရန် ရက်ပေါင်းများစွာ စောင့်နေသ်ောလည်း လင်းလော့ချင်းထံမှ ဖုန်းကောလ်၊ wechatမတ်ဆေ့ခ်ျ တစ်စုံတစ်ရာ၀င်မလာခဲ့ချေ။ အဖေလင်းက ကျိယွီရှောင်ကို ကြောက်ပြီး ကျိယွီရှောင်နှင့် ရင်မဆိုင်ရဲသည့်အတွက် ခေါင်းငုံ့ရန် ဆုံးဖြတ်လိုက်သည်။


“ငါ လော့ချင်းနဲ့ တကယ်ပြန်‌ပေါင်းစည်းချင်တယ်...သန်း၅၀ဆိုလည်း သန်း၅၀ပေါ့...လော့ချင်းအတွက် လျော်ကြေးနဲ့ မင်းတို့အတွက် ငါ့ရဲ့မင်္ဂလာလက်ဖွဲ့လို့ သဘောထားပေး...ယွီရှောင် ဒီလောက်ဆို မင်း ကျေနပ်သင့်ပြီမလား..."


ကျိယွီရှောင်က သန်း၅၀လောက်ကို ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ...


သို့သော် ယင်းက လင်းလော့ချင်းပြောခဲ့သည့် ပမာဏဖြစ်လေသည်။ ထို့အပြင် လူ‌တစ်ယောက်က ဘယ်လောက်တန်ဖိုးရှိမရှိ အခြားလူက မဆုံးဖြတ်နိုင်ပေ။


ထို့အပြင် လင်းမိသားစု၏ပိုင်ဆိုင်မှုအရ သန်း၅၀က အဖေလင်းအတွက် နှလုံးထိခိုက်စရာ ပမာဏဖြစ်နေပြီဖြစ်သည်။ ထို့ထက်ပိုများလျှင် အဖေလင်းက နောက်ဆုတ်သွားတော့မည်ဖြစ်သည်။


ထို့အတွက်ကြောင့် ကျိယွီရှောင် နူးညံ့စွာ ပြောလိုက်သည်။


"ဦးလေးရဲ့စကားတွေကို ပြန်နားထောင်ကြည့်ပါဦး...ဦးလေးက လော့ချင်းရဲ့အဖေလေ...ဦးလေးကိုသေချာပေါက် ‌လာတွေ့ရမှာပေါ့...မနက်ဖြန် ပိုက်ဆံလွှဲပေးဖို့ အဆင်ပြေလား..."


အဖေလင်း : '"..."


ပထမစကားက လူသားဆန်သော်လည်း ဒုတိယစကားက ငွေနှင့် ပတ်သက်နေလေသည်။


သူက ငွေပဲသိတယ်...


သို့သော် ယခုအချိန်တွင် သူ ထိုသို့ မပြောနိုင်ပေ။


"ကောင်းပြီ...မနက်ဖြန် လွှဲပေးလိုက်မယ်...မင်းနဲ့လော့ချင်းက ဘယ်အချိန်လာကြမှာလဲ..."


"ကျွန်တော် မေးလိုက်မယ်...သူ အဆင်ပြေတဲ့အချိန်လာခဲ့မယ်လေ..."


ကျိယွီရှောင် နူးညံ့စွာ ပြောလိုက်သည်။


"ကောင်းပြီ...အခု လော့ချင်းကို ဖုန်းပေးလိုက်...ငါ သူနဲ့ စကားပြောချင်တယ်..."


အဖေလင်း အလောတကြီး တိုက်တွန်းလိုက်သည်။


"မလောပါနဲ့...မနက်ဖြန်မှ ပြောကြလေ..."


ကျိယွီရှောင် ပြောပြီးနောက် ဖုန်းချလိုက်သည်။


အဖေလင်းက ဖုန်းထပ်မံ အချခံရသည့်အတွက် အလွန်ဒေါသထွက်လာလေသည်။ လင်းလော့ချင်းနှင့်တွေ့လျှင် ကျိအုပ်စုနှင့် သူ့ကုမ္ပဏီကို ပူးပေါင်းရန် နည်းလမ်းရှာရမည်ဖြစ်သည်။ မ‌ပူးပေါင်းနိုင်ခဲ့လျှင်ပင် လင်းလော့ချင်းကို ကျိယွီရှောင်ထံမှအကျိုးကျေးဇူးအချို့ ရယူရန် တိုက်တွန်းရမည်ဖြစ်သည်။ မဟုတ်လျှင် သူ့ပိုက်ဆံ သန်း၅၀ အလကားဖြစ်သွားမည်ဖြစ်သည်။


ထိုသို့တွေးလိုက်သောအခါ အဖေလင်း စိတ်တိုလာလေသည်။ 


လင်းလော့ချင်းက တော်တော် စိတ်ပျက်စရာကောင်းတာပဲ...ဒုက္ခိတ တစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး...ငတုံး...


လင်းလော့ချင်းက ထိုကိစ္စများကို ဂရုစိုက်ရန် ပျင်းရိသည့်အတွက် ဖုန်းကိုပြန်ယူလိုက်ပြီး ကျိယွီရှောင်ကို မေးလိုက်သည် 


"အောင်မြင်လား..."


"မနက်ဖြန် ပိုက်ဆံရပြီ..."


ကျိယွီရှောင် ပြုံးကာ ပြောလိုက်သည်။


လင်းလော့ချင်း ရယ်မောလိုက်သည်။


'ပိုက်ဆံရဖို့ အရမ်းလွယ်တာပဲ...'


"ဒါပေမဲ့ ပိုက်ဆံရပြီးရင် မင်းအဖေနဲ့ တကယ် သွားတွေ့မှာလား..."


ကျိယွီရှောင် စူးစမ်းလိုက်သည် 


"ငါ သူ့ကို တကယ် သွားတွေ့မှာ...ငါတို့က လောင်းကစားစားပွဲ၀ိုင်းမှာ ရှိနေတာပဲ...သူ့ဆီက ပိုက်ဆံထပ်လိုချင်ရင် အချိုလေးတွေ နည်းနည်းကျွေးရမှာပေါ့..."


"ကောင်းပြီ..."


ကျိယွီရှောင်တွင် ထင်မြင်ချက် မရှိပေ။


"ဒါပေမဲ့ မင်း လိုက်တွေ့စရာ မလိုဘူး..."


လင်းလော့ချင်းက ကျိယွီရှောင်က ပြဿနာများမည်ကို ကြောက်သဖြင့် တွေးဆကာ ပြောလိုက်သည်။


"ငါ တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်..."


"မင်း ဘာတွေ တွေးနေတာလဲ..."


ကျိယွီရှောင်က တစ်ဖက်လူမျက်နှာကို ညှစ်လိုက်သည်။


"အိမ်ထောင်ကျပြီး ပထမဆုံး မိဘအိမ်ပြန်တာလေ...ငါတို့အတူတူ သွားသင့်တာပေါ့..."


"ဒါ့အပြင် ငါ မလိုက်ရင် ဘယ်သူက မင်း သရုပ်ဆောင်တာကို ကူညီပေးမှာလဲ..."


ထိုစကားများကို ကြားသောအခါ လင်းလော့ချင်း၏နှလုံးသားထဲ၌ ပျော်ရွှင်မှုများ ထပ်မံပြည့်နှက်လာပြီး နူးညံ့စွာ ပြောလိုက်သည်။


"အွန်း..."


လင်းလော့ချင်း၏မျက်နှာထက်မှ ထိန်းချုပ်မရသည့် ပျော်ရွှင်မှုများကို တွေ့သောအခါ ကျိယွီရှောင်က ကူရာမဲ့စွာ တစ်ဖက်လူ မျက်နှာကို ထပ်ညှစ်လိုက်သည်။ 


ဝေ့ကျွင်းဟယ်က ကျိယွီရှောင်၏ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက် ထွက်လာသည်အထိ မစောင့်နိုင်တော့သည့်အတွက် စစ်ဆေးမည့်အရာများကို ဂရုတစိုက်ဖတ်လိုက်ပြီး ကျိယွီရှောင်ထံ wechatမတ်ဆေ့ခ်ျပို့ကာ သတိပေးလိုက်သည်။


 [စစ်ဆေးမှာ ဒါတွေပဲလား...ဘာမှ မကျန်ခဲ့ဘူးမလား...]


ကျိယွီရှောင် : “……”


 [ဘာကျန်ခဲ့ရမှာလဲ...]


ဝေ့ကျွင်းဟယ် တွေးလိုက်သည်။


'ငါ ပြောချင်တာကို မင်းသေချာ သိရဲ့သားနဲ့...'


ဝေ့ကျွင်းဟယ် စကားပရိယာယ်သုံးကာ ပြောလိုက်သည်။


[တချို့ပြဿနာတွေက စောစောရှာတွေ့ပြီး စောစောကုသနိုင်ရင် စောစော ပျော်ရွှင်မှု ရနိုင်တာပေါ့...]


ထို့နောက် သူ သေချာ စဉ်းစားလိုက်ပြီး'ပျော်ရွှင်မှု'နေရာတွင် '□□’ ကို အစားထိုးလိုက်ပြီး စာပို့လိုက်သည်။


ဖုန်းစခရင်ပေါ်မှ စာများနှင့် ‘□□’ ကို မြင်သောအခါ ကျိယွီရှောင်၏နားထင်များ လှုပ်သွားလေသည်။


[မင်း ဒီတောအတွင်း တော်တော် အဆင်ပြေနေပုံပဲ...] 


'ဝေ့ကျွင်းဟယ်က သစ်ပင်စိုက်ချင်နေတာမို့လို့ ဒီလိုစကားတွေကို အဆင်မခြင် ပို့လိုက်တာလား...


ဝေ့ကျွင်းဟယ် : [ငါက မင်းအကျိုးအတွက် လုပ်ပေးနေတာ...မင်းက ငါ့အစ်ကိုကြီးပဲလေ...ငါ မင်းကိုဂရုစိုက်ရမှာပေါ့...]


‌ကျိယွီရှောင် : [ပါးစပ်ပိတ်ထား...မင်းမရှိရင်တောင် ငါ အဆင်ပြေတယ်...ကိုယ့်ဖာကိုယ်သာ ဂရုစိုက်...]


ဝေ့ကျွင်းဟယ် ပဟေဋိဖြစ်သွားသည်။


 [တကယ် အဆင်ပြေတာလား...]


ကျိယွီရှောင် : “……”


ကျိယွီရှောင် : [မင်းရဲ့ လုပ်‌ဆောင်ပေးမှုအတွက် ကျေးဇူးတင်တယ်...ငါ အခုပဲ ချီးကျူးခံထားရတာ...]


‌ဝေ့ကျွင်းဟယ် အံ့ဩသွားပြီး ဖရဲသီးစားလိုက်သည်။


[ဘယ်သူချီးကျူးတာလဲ...မရီးလား...နောက်ဆုံးတော့ မင်း မထိန်းနိုင်တော့ဘဲ မရီးနဲ့တကယ့်စုံတွဲတွေဖြစ်သွားကြပြီပေါ့...ကောင်းလိုက်တာ...မင်း လူဖြစ်လာပြီ..."


ကျိယွီရှောင် : “……”


'တော်တော် အံ့ဩစရာကောင်းတဲ့ တွေးခေါ်မှုပဲ...'


ကျိယွီရှောင် : [ဒါက မင်း ဂရုစိုက်သင့်တဲ့အရာမဟုတ်ဘူး...နားလည်လား...]


ဝေ့ကျွင်းဟယ် : [ဒါနဲ့ မင်းနဲ့မရီးက နာမည်နဲ့ထိုက်တန်သွားပြီလား...]


ဘယ်လိုလုပ် ထိုက်တန်ဦးမှာလဲ...


ဒီလူက ဘာလို့ ဒီလောက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းရတာလဲ...


ဝေ့ကျွင်းဟယ် : [အဲ့လိုမဟုတ်ရင် မရီးက မင်းကို နှစ်သိမ့်ပေးဖို့ လိမ်ပြောတာလဲ ဖြစ်နိုင်တာပဲ...]


ကျိယွီရှောင် :"....."


ဘာကို ဖြစ်နိုင်တာလဲ...


သူ့ရဲ့ရွှေလင်းယုန်က အရမ်း အစွမ်းထက်တယ်...


ဝေ့ကျွင်းဟယ် : [မင်းက အမြဲ ဒီလိုကြီးပဲ...မရီးက ဒီအသက်အရွယ်မှာ ငယ်ရွယ်ပြီး အားမာန်တက်ကြွတယ်...အားအင်တွေအပြည့်ဖြစ်နေတာ...မင်းနာမည်နဲ့ ထိုက်တန်အောင် မလုပ်နိုင်ရင် မင်း သူ့ကို မရှက်ဘူးလား...]


ကျိယွီရှောင် :"....."


[မင်း ဘာပြောလိုက်တာ...]


ဝေ့ကျွင်းဟယ် : [မင်းပဲ တွေးကြည့်...မရီးက မင်းကို အရိပ်အယောင်ပြနေတာ...မင်းနာမည်နဲ့ထိုက်တန်အောင် မလုပ်ချင်ရင်၊ မင်း ဘာမှမလုပ်ချင်ရင် မရီးက ဒီအခြေအနေကို ထိန်းထားရမှာပဲ...လက်မထပ်ရသေးတဲ့ စုံ‌တွဲတွေတောင် ကားပုံမှန် မောင်းတဲ့ဟာ...မင်းက လက်ထပ်ပြီးပြီလေ...ယာဉ်မောင်းလိုင်စင်ရပြီးသွားပြီ...အဲ့ဒါကို လမ်းလျှောက်နေတုန်းလား...မင်းက ဘာမှမဟုတ်ဘူးလို့ တွေးပေမဲ့ မရီးက အဲ့လိုတွေးမှာ မဟုတ်ဘူး...သူသာ မင်းလို တွေးရင် မင်းကို ဘာလို့ ဒီလိုပြောမှာလဲ...]


 ‘ဒါက ဟုတ်သလိုလိုပဲ...’


ကျိယွီရှောင် ထိုအကြောင်းကို လေးလေးနက်နက်တွေးပြီးနောက် လင်းလော့ချင်းတွင် မကောင်းသည့်ဆန္ဒများရှိကြောင်း ခံစားမိလိုက်သည်။


သူက စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ယင်းကို တောင့်ခံနိုင်သော်လည်း လင်းလော့ချင်းက တောင့်ခံချင်ပုံ မပေါ်ပေ။ လင်းလော့ချင်းက တောင့်ခံရန်လည်း မလိုအပ်ပေ။


သူက ကားမောင်းရန် ငြင်းဆန်နေသောကြောင့် လင်းလော့ချင်းက သူနှင့်အတူ လမ်းလျှောက်နေရလေသည်။


ယင်းက အချို့လူများအတွက် အနည်းငယ် ရှက်စရာကောင်းလေသည်။


ထိုသို့တွေးမိပြီးနောက် သူ ဝေ့ကျွင်းဟယ်ဆီ စာပြန်ပို့လိုက်သည်။


[ငါ နားလည်ပြီ...]


ဝေ့ကျွင်းဟယ် : [တကယ်လား...]


ကျိယွီရှောင် ရယ်လိုက်သည် : [ဟုတ်တယ်...]


သူ့စိတ်ကို လွှတ်ပေးလိုက်ရင် ရတာပဲမလား...


သူ သဘောပေါက်ပါတယ်...


ဝေ့ကျွင်းဟယ် : [ကောင်းတယ်...]


သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာနှင့် သူ့ညီအစ်ကိုက အဆင်ပြေနေပြီး ယင်းက မှားယွင်းသည့်အချက်ပေးသံသာ ဖြစ်သည်။ 


သူ့ညီအစ်ကိုက ဘယ်လိုလုပ် မစွမ်းဆောင်နိုင်ရမှာလဲ...


ဒီနားလည်မှုလွဲတာက သူ့ကို သေလုမတတ် ကြောက်စေတယ်...


ဝေ့ကျွင်းဟယ်က ကျိယွီရှောင်၏အခြားရုပ်ပိုင်းဆိုင်ရာအစီရင်ခံစာကို ကြည့်လိုက်သည်။


ကောင်းတယ်...ကျန်တဲ့အစိတ်အပိုင်းတွေက ကောင်းနေတုန်းပဲ...သူက ထူးချွန်တဲ့ ကားမောင်းသမားဖြစ်နိုင်တယ်...


လမ်းမှာ သေချာမောင်း အစ်ကို...


ခရီးလမ်းရှည်ရဲ့ အလင်းရောင်က အရှေ့မှာ လင်းနေပြီလေ...


‌တောင်တက်လမ်းက မျက်စိရှေ့မှာပဲ ရှိနေတယ်...


မင်းသူငယ်ချင်းက မင်းကို အားပေးနေမယ်...


ကျားယို့!!!


ဝေ့ကျွင်းဟယ်ကဲ့သို့ လင်းလော့ချင်းသည်လည်း ကျိယွီရှောင်၏ရုပ်ပိုင်းဆိုင်ရာ အစီရင်ခံစာကို လေ့လာခဲ့သည်။


သူ ကျိယွီရှောင်၏ရုပ်ပိုင်းဆိုင်ရာအစီရင်ခံစာကို ကြည့်လေလေ အံ့ဩရလေလေဖြစ်သည်။


တကယ် ထူးဆန်းတယ်…ခြေထောက်ဒဏ်ရာကလွဲပြီး ကျိယွီရှောင်ဆီမှာ အခြားပြဿနာတွေ မရှိဘူး…စစ်ဆေးမှုတိုင်းမှာရလဒ်ကောင်း‌ထွက်တယ်…ကျိယွီရှောင်က ဘယ်လိုလုပ်ပြီး တစ်နှစ်ကြာရင် သေသွားမှာလဲ…


လင်းလော့ချင်းက ခေါင်းကို ထောက်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။ 


တစ်ခုခုဖြစ်သွားလို့များလား…


ဦးတည်ချက် မရှိဘူး…သူ့အစ်ကိုက အက်စီးဒင့်တစ်ခုမှာ သေသွားတာလေ…ကျိယွီရှောင်လည်း အက်စီးဒင့်တစ်ခုမှာ သေသွားရင် အက်စီးဒင့်ဖြစ်နိုင်ချေက မြင့်မနေဘူးလား…


ဒါက အက်စီးဒင့်နတ်ဘုရားရဲ့ မျက်နှာသာပေးတာ ခံရတဲ့ မိသားစုလား…


‌ဒါပေမဲ့ ဒါက လူလုပ်အက်စီးဒင့်ဖြစ်နေရင်ရော….


သူ စာအုပ်ထဲမှ ကျိယွီရှောင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အရူးအမူး ပြန်စဉ်းစားနေသော်လည်း ကျိယွီရှောင်ကဇာတ်ပို့တစ်ယောက်သာဖြစ်လေသည်။ သူ ပေါ်လာသည့်နေရာများက ကျိလဲ့ယွီ၏ မှတ်ဉာဏ်များနှင့်စကားများတွင်သာဖြစ်၏။ ထို့ကြောင့် ပါ၀င်သောအကြောင်းအရာများက တကယ် သနားစရာကောင်းနေလေသည်။


စာအုပ်ထဲတွင် ကျိယွီရှောင်က ဒဏ်ရာရပြီး တစ်နှစ်အကြာတွင် သေဆုံးသွားသည်ဟု ဆိုလေသည်။ ထိုအချိန်မှစ၍ ကျိလဲ့ယွီက အဆုံးအစမရှိသည့် အမှောင်ထုထဲသို့ ကျရောက်သွားလေသည်။ သို့သော် အဘယ်ကြောင့်သေသွားကြောင်းနှင့် ဘယ်နေ့သေသွားကြောင်း မပြောထားခဲ့ပေ။


လင်းလော့ချင်း သက်ပြင်းချလိုက်သည်။


'ဒီကိစ္စက အရမ်းခက်ခဲလွန်းတယ်…'


ထားလိုက်တော့…သူ တစ်ကြိမ်မှာ ခြေတစ်လှမ်း လှမ်းနိုင်တယ်…အနည်းဆုံး အခု ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြီးရင် ကျိယွီရှောင်ရဲ့ခန္ဓာကိုယ်မှာ အခြားပြဿနာတွေ မရှိတာကို သိရတာပေါ့…ဒါက ကောင်းတဲ့အချက်ပဲ…


ကျန်တာတွေက သူ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး…


ဒါပေမဲ့ သူက ကျိယွီရှောင်နဲ့လက်ထပ်လိုက်တော့ ဇာတ်လမ်းကို ပြောင်းလိုက်တယ်လို့ ယူဆလို့ရတယ်မလား…ဒီလိုဆို ကျိယွီရှောင်ရဲ့အဆုံးသတ်ကိုလည်း ပြန်ပြင်ရေးလို့ရတာပဲမလား…


ရသင့်တယ်မလား…


ပြန်ပြင်လို့ ရကိုရရမယ်…


လင်းလော့ချင်း ကူရာမဲ့စွာ လက်ယှက်လိုက်ပြီး ဆုတောင်းလိုက်သည်။


'ဘုရားသခင် ကျေးဇူးပြုပြီး သူ့ကို ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်ပေးသနားပါ…တစ်နှစ်ကြာပြီးရင် မသေသွားပါစေနဲ့…'


ကျိယွီရှောင် အလုပ်ပြီး၍ အိပ်ခန်းထဲသို့ ပြန်လာသောအခါလင်းလော့ချင်း၏ဆုတောင်းနေဟန်ကို မြင်လိုက်ရသည်။


သူ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။


"ဘာတွေ ဆုတောင်းနေတာလဲ…"


လင်းလော့ချင်း လက်ကို အမြန်ချလိုက်ပြီး ဖုံးကွယ်ကာ ပြောလိုက်သည်။


"ဘာကို ဆုတောင်းရမှာလဲ…ဒရမ်မာအသစ်အဆင်ပြေဖို့ ဆုတောင်းနေတာပေါ့…"


ကျိယွီရှောင်က ထိုအဖြေ မှားယွင်းနေသည်ဟု မထင်သည့်အတွက် ထပ်မမေးတော့ပေ။


လင်းလော့ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကျိယွီရှောင်၏ရုပ်ပိုင်းဆိုင်ရာအစီရင်ခံစာကို ကောက်ယူလိုက်ပြီး အံဆွဲထဲ ထည့်လိုက်ကာ ဇာတ်ညွှန်းကို ထပ်ဖတ်လိုက်သည်။


ကျိယွီရှောင်က ရေချိုးပြီး အိပ်ရာ‌၀င်ရန် အချိန်တန်ပြီဟု တွေးလိုက်သည်။


သူ ဝေ့ကျွင်းဟယ်၏သတိပေးချက်ကို မှတ်မိသည်။ ထို့ကြောင့် သူ့အကြည့်များက လင်းလော့ချင်းအပေါ် တိတ်တဆိတ် ရွေ့လျားသွားပြီး ဤည တစ်ခုခု လုပ်ရ မလုပ်ရ တုံ့ဆိုင်းနေလေသည်။


လင်းလော့ချင်းက ကျိယွီရှောင်၏စိုက်ကြည့်ခြင်းကို ခံနေရသည့်အတွက် စိတ်မသိုးမသန့်ဖြစ်လာပြီး သံသယရှိစွာ မေးလိုက်သည်။


"ဘာဖြစ်လို့လဲ…"


“ဘာမှ မဖြစ်ပါဘူး….” 


ကျိယွီရှောင် သူ့ကို ကြည့်လိုက်သည်။


 “ငါ ရေချိုးတော့မယ်…”


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


 “အို‌‌ကေ…”


"ရေချိုးပြီးရင် ငါတို့…”


ကျိယွီရှောင် စကားမဆုံးမီ တံခါးက ရုတ်တရက်ပွင့်လာလေသည်။ ကျိလဲ့ယွီ၏ခေါင်းသေးသေးလေးက တံခါးကြားမှ ၀င်လာပြီး မျှော်လင့်တကြီး မေးလာလေသည်။


"ဒီနေ့ရော သားတို့အတူတူ အိပ်ကြမှာလား…"


ကျိယွီရှောင် :"..."


 လင်းလော့ချင်းက သူ့နတ်ဘုရား၏အတွေးကို မသိသည့်အတွက် ပြုံးကာ ပြောလိုက်သည်။


"အိပ်ကြမယ်…"


ကျိလဲ့ယွီ ချက်ချင်းဆိုသလို ပျော်ရွှင်သွားပြီး သူ့မျက်ခုံးများက တိမ်တိုက်‌‌ပေါ်မှ သက်တံသဖွယ် ကွေးညွှတ်သွားလေသည်။


“ပါးပါး သားရေချိုးဖို့ ကူညီပေးလို့ရလား…” 


သူ လင်းလော့ချင်းကို ပြောလိုက်သည်။


လင်းလော့ချင်းက လက်ထဲမှ ဇာတ်ညွှန်းစာအုပ်ကို ချလိုက်ပြီး ကျိလဲ့ယွီဆီသို့ လျှောက်သွားကာ သူ့ကို ပွေ့ချီလိုက်သည်။


"အိုကေ…"


ထို့နောက် သူ ကျိလဲ့ယွီ၏မျက်နှာကို နမ်းလိုက်ပြီး ကျိယွီရှောင်ဘက် လှည့်ကာ ပြောလိုက်သည်။


"ငါ ကလေးနှစ်ယောက်ကို ရေချိုးပေးဖို့ သွားလိုက်ဦးမယ်…"


ကျိယွီရှောင် :"..."


ကျိယွီရှောင် ကူရာမဲ့စွာ ခေါင်းငြိမ့်လိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ တစ်ရက်နှစ်ရက် ရွေ့ဆိုင်းခြင်းက မထူးလှပေ။ မနက်ဖြန် သူ့သဘာ၀ကို လွှတ်ပေးလိုက်မည်ဖြစ်သည်။


ကျိယွီရှောင် ဝှီးချဲလ်ကို တွန်းလိုက်ပြီး ရေချိုးခန်းထဲသို့ ၀င်သွားလိုက်သည်။


ကျိလဲ့ယွီက လင်းလော့ချင်းနှင့် အတူ ပျော်ရွှင်စွာ ရေချိုးပြီးနောက် လင်းဖေးကို ရေချိုးပြီးသည့်အထိ စောင့်ပြီး လင်းဖေးနှင့်လင်းလော့ချင်းကို ဆွဲကာ ကျိယွီရှောင်၏အိပ်ခန်းထဲသို့ အတူသွားလိုက်သည်။


“‌နောက်တစ်ခါကျရင် သား ကိုကိုနဲ့အတူတူ ရေချိုးမယ်…ဒီလိုဆို ပါးပါး တစ်ယောက်ပြီးတစ်ယောက် ရေချိုးပေးစရာ မလိုတော့ဘူး…"


ကျိလဲ့ယွီက ကုတင်ပေါ်တွင် ထိုင်ကာ လင်းလော့ချင်းကို ပြောလိုက်သည်။


လင်းလော့ချင်းတွင် ထို့အတွက် ထင်မြင်ချက် မရှိသောကြောင့် လင်းဖေးကို ငုံ့ကြည့်လိုက်ရာ လင်းဖေးက ‌ပြန်တုံ့ပြန်လိုက်သည်။


"အတူတူချိုးလို့ အဆင်ပြေပါတယ်…"


"ကောင်းပြီ…"


လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။


"ဒီလိုဆို နောက်ကျရင် ငါ မင်းတို့ကို အတူတူရေချိုးပေးမယ်…"


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး စောင်ခြုံလိုက်သည်။ ထို့နောက် သူ လင်းလော့ချင်းကို ဘူးသီးညီအစ်ကိုများအကြောင်း ပြောပြရန် တောင်းဆိုလိုက်သည်။


ယခင်တစ်ခေါက် ပြောပြစဉ်က သူ စတုတ္ထမြောက်ကလေးကို ဖမ်းမိသည့်အထိသာ ကြားလိုက်ပြီး အိပ်ပျော်သွားသည့်အတွက် နောက်ပိုင်းဘာဆက်ဖြစ်သလဲ မသိလိုက်ချေ။


လင်းလော့ချင်းက နူးညံ့သောအသံဖြင့် မြွေဝိညာဉ်ကို ဘူးသီးလေးများ စု၍ နှိမ်နင်းသည်အထိ ပြောပြနေပြီး ထိုအချိန်တွင် ကျိလဲ့ယွီက သမ်းဝေလာကာ အိပ်ချင်လာလေသည်။


သို့သော် လင်းလော့ချင်းက ပုံပြင်အဆုံးထိ ပြီးအောင် ပြောပြခဲ့သည်။ ပုံပြင်ပြီးနောက် လင်းလော့ချင်း သူတို့ကို လွယ်လွယ် မလွှတ်ပေးနိုင်ခဲ့ပေ။


“ဒီပုံပြင်က ငါတို့ကို ဘာပြောပြလဲ သိလား…” 


သူ လင်းဖေးနှင့်ကျိလဲ့ယွီကို မေးလိုက်သည်။


ကျိလဲ့ယွီက အိပ်ချင်နေသော မျက်လုံးများကို စိတ်ရှုပ်ထွေးစွာ ‌ဖွင့်လိုက်ပြီး လင်းလော့ချင်းကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


လင်းဖေး တည်ငြိမ်စွာ ပြောလိုက်သည်။


"လူတစ်ယောက်ရဲ့သန်မာမှုက အကန့်အသတ်ရှိပြီး တစ်ခါတစ်လေမှာ တခြားလူတွေရဲ့အကူအညီလိုအပ်တာကို ပြောပြတယ်…"


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"တခြား ဘာပြောသေးလဲ…"


ကျိလဲ့ယွီ ခေါင်းနောက်လာလေသည်။


'တခြား ဘာရှိရဦးမှာလဲ…'


တွေးလေ ပိုရှုပ်ထွေးလာလေ ဖြစ်သည့်အတွက် ကျိလဲ့ယွီ လင်းဖေးကို လှည့်ကြည့်လိုက်ကာ သူ့အဖြေကို မျှော်လိုက်သည်။


လင်းဖေး :"..."


လင်းဖေး ကူရာမဲ့စွာ ဆက်ဖြေလိုက်သည်။


"အဖိုးက ဘူးသီးလေးတွေကို စောင့်ရှောက်ပေးခဲ့တယ်…ဒါ့ကြောင့် သူတို့အဖိုး အဖမ်းခံရတဲ့အခါ ဘူးသီးလေးတွေက သူတို့အဖိုးကို ပြန်ကယ်ခဲ့တယ်…ကလေးတွေလည်း အတူတူပဲ…သူတို့ကို ဂရုစိုက်တဲ့လူကို ပြန်ဂရုစိုက်ပေးသင့်တယ်…"


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


 “‌ နောက်ထပ် ဘာရှိသေးလဲ…”


ကျိလဲ့ယွီ : “!!!”


ထပ်ရှိသေးတယ်…


ကျိလဲ့ယွီ အခြေအနေ မကောင်းတော့ပေ။ သူ လင်းလော့ချင်းကို အံ့ဩစိတ်ရှုပ်စွာ စိုက်ကြည့်နေလေသည်။


ကျိယွီရှောင် ကျိလဲ့ယွီ၏မှိုင်းပျနေသည့် အမူအရာကို သဘောကျသွားပြီး ခေါင်းကို ထိကာ ပြောလိုက်သည်။


"တော်ပါတော့…ရှောင်ယွီကို ကြည့်ဦး…သူ မသန်စွမ်းငါးလေး ဖြစ်တော့မယ်…"


ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏အကြည့်များက ကျိလဲ့ယွီထံသို့ ရွှေ့ပြောင်းသွားလေသည်။ ထို့နောက် ကျိလဲ့ယွီ၏အမူအရာကို ကြည့်ကာ ကူရာမဲ့စွာ ပျော်ရွှင်လာမိသည်။


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီ ဒေါသထွက်စွာ နှာမှုတ်လိုက်ပြီး ခေါင်းကို ခေါင်းအုံးထဲ နှစ်၀င်လိုက်သည်။


လင်းလော့ချင်း သူ့ကို ပြန်ဆွဲလိုက်ပြီး လမ်းညွှန်ပေးလိုက်သည်။


"ဒါတွေအပြင် ညီအစ်ကိုတွေက တစ်ယောက်ကိုတစ်ယောက် ချစ်သင့်တယ်…ညီလေးက အစ်ကိုကြီးတွေ ပြောစကားကို နားထောင်ရမယ်…အငယ်ဆုံးဘူးသီးလေးကို ကြည့်…အစ်ကိုတွေရဲ့စကားကို နားမထောင်ဘဲ မြွေဝိညာဉ်ရဲ့စကားကို နားထောင်လိုက်လို့ အားလုံး မျိုချခံရလုနီးနီးပဲ…သူက သူ့အစ်ကိုတွေနဲ့ သူ့ကိုယ်သူကို သတ်လုနီးပါးဖြစ်‌သွားတာ…ရှောင်ယွီ သား သူ့လို မဖြစ်ရဘူးနော်…သားအစ်ကိုရဲ့စကားကို နားထောင်ရမယ်…နားလည်လား…"


ဤနည်းဖြင့် လင်းဖေးက သူ့ကို မျက်စိအောက်တွင် ထိန်းသိမ်းနိုင်သည်။


ကျိယွီရှောင်လည်း အလောတကြီး ၀င်ပြောလိုက်သည်။


"ဟုတ်တယ်…မင်း မင်းအစ်ကိုဆီက သင်ယူရမယ်…ဖေးဖေးက ဘယ်လို စဉ်းစားတတ်ပြီး စာဖတ်ရတာကို ဘယ်လောက်ကြိုက်လဲ မြင်တယ်မလား…ဒီလိုအချိန်မှာ မင်းက တက်ပလပ်ဘယ်လိုကိုင်ရမလဲပဲ သိတယ်…"


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီ ကျိယွီရှောင်က ထိုသို့ပြောလာသည်ကို မယုံကြည်နိုင်ပေ

။ 


ကောင်းတယ်…လင်းဖေးက သူက အမြဲတမ်း စာဖတ်နည်းတယ်တွေးနေတာ…အခုတော့ သူ့ကို စာအုပ်အများကြီး ဖတ်ခိုင်းတော့မယ်…


ရှူရှု ဘာလို့ အဲ့လိုစကားကို ပြောရတာလဲ…


"သား ဖတ်တယ်…"


ကျိလဲ့ယွီ ခုခံပြောဆိုလိုက်သည်။


 “သား စာအုပ်တွေ အများကြီး အများကြီးဖတ်တယ်…”


ပြောပြီးနောက် သူ လင်းဖေးဘက် လှည့်ကာ ပြောလိုက်သည်။


"သားက တကယ် စာအုပ်တွေ အများကြီး ဖတ်တာနော်…"


လင်းဖေး :"..."


အပြောနဲ့ လက်တွေ့က ထပ်တူမကျဘူး…