အပိုင်း ၇၂
Viewers 25k

Chapter 72



ကျိလဲ့ယွီ..လင်းဖေးမျက်လုံးထဲမှ သံသယများကို မြင်သောအခါ ဒေါသထွက်လာလေသည်။


"မနက်ဖြန်ကစပြီး သား ကိုကိုဆီက စာအုပ်တစ်အုပ်ယူယူဖတ်မယ်…ဖတ်ပြီးတဲ့စာအုပ်ကို ကိုကို့စား‌ပွဲပေါ် နေ့တိုင်း တင်တင်ထားမယ်…"


ထို့နောက် ကျိယွီရှောင်ဘက် လှည့်ကာ ဒေါသတကြီး ပြောလိုက်သည်။


"သားလည်း စာလေ့လာချင်တယ်…အကောင်းဆုံး စာအုပ်တွေ ၀ယ်ပေး…"


ကျိယွီရှောင် :"..."


"ရှောင်ယွီ မင်းက အရင်းအမြစ်တွေ ဖြုန်းတီးနေတာပဲ…"


ကျိလဲ့ယွီ :"..."


သူ တကယ် နားမလည်တော့ဘူး…


"မင်း အကောင်းဆုံးစာအုပ်တွေ လိုချင်ရင် ဒါက အရင်းအမြစ်‌တွေကို ဖြုန်းတီးနေတာပဲ…"


ကျိလဲ့ယွီ ထိုစကားကို သေချာနားမလည်သော်လည်း ကောင်းသည့်စကား မဟုတ်မှန်း နားလည်လေသည်။


သူ့ရှုရှုက ပြောင်းလဲသွားပြီ…သူ့ရှုရှု သူ့ကို မချစ်တော့ဘူး…


သူ့၏ဒေါသထွက်နေသော မျက်နှာလေးက လည်ဆံမွှေး တထောင်ထောင်နှင့် ကြောင်လေးနှင့် တူလေသည်။


လင်းလော့ချင်း ကျိလဲ့ယွီ၏စူပုတ်နေသော မျက်နှာလေးကို မြင်သောအခါ မထိန်းချုပ်နိုင်တော့ပေ။ သူ ကျိလဲ့ယွီကို ပွေ့ဖက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။


"ဟုတ်တယ်…ဟုတ်တယ်…ရှောင်ယွီက ကောင်းကောင်း လေ့လာချင်တာပဲ…"


ထို့နောက် ကျိလဲ့ယွီ၏မျက်နှာလေးကို နမ်းလိုက်သည်။


"ငါတို့ရှောင်ယွီက အခုမှ ငါးနှစ်ပဲ ရှိသေးတယ်… ဒီအသက်အရွယ်မှာ စာအုပ်တွေ အများကြီးဖတ်တာ အရမ်းကောင်းနေပြီ…"


ကျိလဲ့ယွီ အမြန် ခေါင်းငြိမ့်လိုက်သည်။


ဟုတ်တယ်…သူက စာအုပ်တွေ အများကြီးဖတ်ပြီးနေပြီ…


လင်းလော့ချင်း ကျိလဲ့ယွီ၏နဖူးကို အပြုံးလေးနှင့် ပွတ်သပ်ပေးလိုက်သည်။


"အရမ်းတော်တယ်…"


သူ ကျိလဲ့ယွီကို ခေါင်းကို ထိလိုက်သည်။ ကျိလဲ့ယွီ ကျေနပ်နေလေသည်။ သူ လင်းလော့ချင်း၏လက်မောင်းကို မှီလိုက်ပြီး ရဲဘော်ရဲဘက်တစ်ယောက် ရလိုက်သလို ခံစားနေရလေသည်။


သူ ကျိလဲ့ယွီကို ခေါင်းကို ထိလိုက်သည်။ ကျိလဲ့ယွီ ကျေနပ်နေလေသည်။ သူ လင်းလော့ချင်း၏လက်မောင်းကို မှီလိုက်ပြီး ရဲဘော်ရဲဘက်တစ်ယောက် ရလိုက်သလို ခံစားနေရလေသည်။


လင်းလော့ချင်း သူ့ကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"ဒီလိုဆို ရှောင်ယွီက ကိုကို့ရဲ့စကားကို နားထောင်မှာလား…"


ကျိလဲ့ယွီ လင်း‌ဖေးကို ကြည့်လိုက်သည်။ လင်းဖေးက သူ နားထောင်ထောင် မထောင်ထောင် ဂရုမစိုက်သည့်ပုံပေါ်သည်။


ကျိလဲ့ယွီ မေးကို မြှောက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။


"ပြောတဲ့အပေါ် မူတည်တယ်…"


"ဘာဆိုလိုတာလဲ…"


'သူ သားကို ချော့ပေးရင် နား‌ထောင်မယ်…'


ကျိလဲ့ယွီ စိတ်ထဲတွင် ပြောလိုက်သည်။


သို့သော် သူ ယင်းကို ထုတ်မပြောခဲ့ပေ။ ချိုမြိန်စွာ ပြုံးလိုက်ပြီး ကွေးညွှတ်နေသည့် မျက်လုံးလေးဖြင့် ပြောလိုက်သည်။


"ဟုတ်တယ်မလား ကိုကို…"


လင်းဖေး :"..."


ကျိလဲ့ယွီက သူ့စကား နားထောင်စရာ မလိုပါဘူး…


"ကျွန်တော် အိပ်တော့မယ်…"


သူ တည်ငြိမ်စွာ ပြောလိုက်သည်။


ဘာလဲ…


လင်းလော့ချင်း သိချင်သွားသည်။


ကလေးနှစ်ယောက်က ဘယ်လို စကားဝှက်‌တွေ လာဖွက်နေကြတာလဲ…


ဒီအသက်အရွယ်နဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးတွေ ရှိနေပြီလား…


အရမ်းမြန်လွန်းတယ်…


လင်းလော့ချင်း လင်းဖေးကို ကြည့်လိုက်ပြီး သူ့လက်မောင်းထဲမှ ကျိလဲ့ယွီကို ကြည့်လိုက်သည်။ 


အေးစက်တဲ့ ငရဲဘုရင်နဲ့ ဗီလိန်ကြီး ဖြစ်ထိုက်ပါတယ်…ဒီအသက်အရွယ်မှာတောင် ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိနေကြပြီပဲ…


ကျိလဲ့ယွီ အိပ်ချင်နေပြီဖြစ်သည်။ ယခု လင်းဖေး အိပ်နေသည်ကို မြင်သောအခါ မျက်လုံးမှိတ်လိုက်လေသည်။


ကျိယွီရှောင်.ကျိလဲ့ယွီကို နမ်းလိုက်သည်။ အခုတလော သူ လူများကို နောက်ပြောင်ကျီစယ်ရသည်ကို အလွန်သဘောကျနေလေသည်။ သူ သူ့တူလေး သူ နောက်ပြောင်သည်ကို မေ့သွား‌စေရန် စကားအနည်းငယ် ပြောကာ ချော့လိုက်သည်။


ကျိလဲ့ယွီက ဒေါသထွက်ဟန် ပြုမူနေသော်လည်း အမှန်တကယ်တွင် ယင်းကို ဂရုမစိုက်ပေ။ ကျိယွီရှောင် သူ့ကို ချော့လာသောအခါ သူ ကျိယွီရှောင်ကို ကျွမ်း၀င်စွာ ပြန်နမ်းလိုက်ပြီး နှုတ်ဆက်အနမ်းပေးလိုက်သည်။


"Goodnight ဒယ်ဒီ…"


"Goodnight ပါ…"


ကျိယွီရှောင် ပြောလိုက်သည်။


ထို့နောက် သူ လင်းလော့ချင်းကို ကြည့်လိုက်သည်။


"ပါးပါးလည်း Goodnightပါ…"


"Goodnightပါဗျာ…"


လင်းလော့ချင်း ပြုံးကာ ပြန်ဖြေလိုက်သည်။


"မင်းပါးပါးကို နမ်းလိုက်ဦး…"


ကျိယွီရှောင် သတိပေးလိုက်သည်။


"ပါးပါးကို အခုမနမ်းရင် ငါ့ကိုလည်း နမ်းလို့ မရဘူးနော်…"


ကျိလဲ့ယွီ.လင်းလော့ချင်း၏ကြင်နာသော ပွေ့ဖက်မှုနှင့် ပွေ့ဖက်မှုမှ အနွေးဓာတ်ကို တွေးမိသွားပြီး ထထိုင်လိုက်ကာ လင်းလော့ချင်း၏မျက်နှာကို နမ်းလိုက်သည်။ သူ့အသံက ဖုတ်ပြီးခါစ ကိတ်မုန့်တစ်လုံးကဲ့သို့ နူးညံ့ချိုမြိန်နေလေသည်။


“Good nightပါးပါး…”


“Good night ‌ရှောင်ယွီ...” 


လင်းလော့ချင်း ပြုံးကာ ပြန်ပြောလိုက်သည်။


ထိုမြင်ကွင်းကို ကြည့်ပြီး လင်းဖေးလည်း တစ်ယောက်ချင်းစီကို Goodnightဟု နှုတ်ဆက်လိုက်ကာ မျက်လုံးမှိတ်လိုက်သည်။


လင်းလော့ချင်း ကျိယွီရှောင်၏ပါးစပ်လှုပ်ရှားပုံကို ကြည့်လိုက်လေသည်။


"မင်း ဒီကို လာမှာလား…"


"ခဏနေဦး…"


လင်းလော့ချင်း နှုတ်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။


ကလေးနှစ်ယောက် အိပ်ပျော်သွားသည်အထိ စောင့်ပြီးနောက် ကျိယွီရှောင်ဘက်သို့ သွားလိုက်ကာ ကျိယွီရှောင် လက်မောင်းထဲ ပစ်၀င်လိုက်သည်။


နေရာကျဉ်းကျဉ်းလေးမှ လူနှစ်ယောက်က မတူညီသည့် စိတ်ခံစားချက်များ ရှိနေလေသည်။ ယခင်ကလည်း အိပ်ရာတစ်ခုထဲတွင် အိပ်ခဲ့ကြသော်လည်း မမျှော်လင့်စွာနှင့် အလွန်ရင်ခုန်နေကြလေသည်။


လင်းလော့ချင်း သူ့ကို ကြည့်နေသည်မှာ ဤည တစ်ခုခု မလုပ်ဘူးလားဟု မေးနေသယောင်ဖြစ်နေလေသည်။


ကျိယွီရှောင် တကယ် တစ်ခုခု လုပ်ချင်သော်လည်း ကံမကောင်းစွာနှင့် ကလေးနှစ်ယောက်က ဘေးတွင် ရှိနေသောကြောင့် မလုပ်နိုင်ပေ။


ထို့ကြောင့် သူ ခေါင်းငုံ့လိုက်ပြီး လင်းလော့ချင်းနှုတ်ခမ်းကို နမ်းလိုက်သည်။


"Goodnight…"


လင်းလော့ချင်းလည်း သူ့ကို ပြန်နမ်းလိုက်သည်။


"Goodnight…"


သူတို့၏နှုတ်ခမ်းနှင့်သွားများက ရောယှက်နေပြီး အသက်ပြင်းပြင်းရှုသံက သူတို့ကြား ပျံ့နှံ့နေလေသည်။ ကျိယွီရှောင် စိတ်မထိန်းနိုင်တော့သည့်အတွက် တစ်ဖက်လူကိုလက်မောင်းထဲ ဆွဲသွင်းကာ ဖိနမ်းလိုက်သည်။


လင်းလော့ချင်းက တစ်ဖက်လူ၏လက်မောင်းကို မှီပြီး ရှက်ရွံ့နေလေသည်။ သူ အသက်ရှုသံများကြား ဖြည်းညှင်းစွာ မျက်လုံးမှိတ်လိုက်သည်။


နောက်တစ်နေ့မနက်တွင် လင်းဖေးက အဦးဆုံး နိုးလာခဲ့လေသည်။ သူ့၏လုပ်ရိုးလုပ်စဉ်ကအလွန် သာမာန်ကျလေသည်။ နိုးလာပြီးနောက် သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လင်းလော့ချင်းက ကျိယွီရှောင်ဘက် ရောက်သွားပြန်ပြီဖြစ်သည်။


ထို့နောက် သူ တိတ်တိတ်လေး လှဲလျောင်းနေပြီး အခြားလူများ နိုးလာသည်ကို စောင့်နေလေသည်။


ကျိယွီရှောင်က လင်းဖေးနောက်မှ နိုးလာခဲ့လေသည်။ ဤတစ်ကြိမ်တွင် ယခု သင်ခန်းစာကို ယူ၍ လင်းဖေးဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ လင်းဖေးနိုးနေသည်ကို မြင်လိုက်ရလေသည်။


'ဘာလို့ ဒီလောက်အစောကြီး နိုးနေရတာလဲ…'


ကလေး..မင်း နည်းနည်းကြာကြာ ထပ်အိပ်လို့မရဘူးလား…


"Good morningဖေးဖေး…"


ကျိယွီရှောင် နူးညံ့စွာ နှုတ်ဆက်လိုက်သည်။


လင်းဖေး ပြန်နှုတ်ဆက်လိုက်၏။


"Good morning…"


ထို့နောက် သူတို့နှစ်ယောက်က လင်းလော့ချင်း အိပ်ရာနိုးလာပြီး ဆေးကြောရန် သွားသည်အထိ စကားစမြည်ပြောလိုက်သည်။ ကျိလဲ့ယွီအတွက်မူ သူက အိပ်ရသည်ကို အလွန်ကြိုက်သည့်အတွက် သူ့ကို မနိုးတော့ပေ။


သို့သော် မမျှော်လင့်စွာနှင့် လင်းလော့ချင်း ဆေးကြောပြီး ထွက်လာသောအခါ ကျိလဲ့ယွီနိုးနေပြီး အိပ်ရာပေါ်တွင် ထိုင်ကာ မျက်လုံးများကို ညင်သာစွာ ပွတ်သပ်နေလေသည်။


"ရှောင်ယွီ ဒီနေ့ထတာ စောတာပဲ…"


လင်းလော့ချင်း အံ့အားသင့်စွာ ပြောလိုက်သည်။


ကျိလဲ့ယွီ လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။ သူက ကောင်းစွာ မပွင့်လန်းရသေးသည့် ပန်းကလေးတစ်ပွင့်သဖွယ် နူးညံ့နုနယ်နေလေသည်။


"ပါးပါး…"


သူ လင်းလော့ချင်းကို အော်ခေါ်လိုက်သည်။


လင်းလော့ချင်း ကျိလဲ့ယွီဆီ လျှောက်သွားလိုက်ပြီး အိပ်ရာထက်မှ ပွေ့ချီလိုက်သည်။


"နိုးလာပြီဆိုတော့ မျက်နှာသစ်သွားတိုက်ရအောင်…"


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။ သူက ကြွေရုပ်လေးသဖွယ် နာခံ လှပ ဖြူစင်နေလေသည်။


'ဒီကလေးက စာအုပ်ထဲက ဖောက်ပြန်တဲ့ဖိုင်နယ်ဗီလိန်ဘော့စ်ကြီးဆိုတာကို ဘယ်သူယုံမှာလဲ…'


လင်းလော့ချင်း တွေးလိုက်သည်။


 မျက်နှာနဲ့အကျင့်စရိုက်က တကယ် လိုက်ဖက်မညီဘူး…


လင်းလော့ချင်း ကျိလဲ့ယွီကို သူ့အခန်းသို့ မပြန်ခိုင်းလိုက်ပေ။ သူ တစ်ခါသုံးသွားတိုက်တံကို ရှာတွေ့သည့်အတွက် သူ့အခန်းမှာပင် မျက်နှာသစ်သွားတိုက်ပေးလိုက်သည်။


ကျိလဲ့ယွီ ခွေးခြေခုံပေါ်မှ ခုန်ချလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။


"သား ကိုကို့ကို သွားခေါ်လိုက်ဦးမယ်…ပြီးရင် မနက်စာတူတူစားကြမယ်…"


"ကောင်းပါပြီ‌ဗျာ…"


လင်းလော့ချင်း ကျိလဲ့ယွီပခုံးကို ပုတ်ပေးလိုက်သည်။


ကျိလဲ့ယွီ အမြန်ပြေးထွက်လာပြီး ခဏအကြာတွင် လင်းဖေးအခန်းသို့ ရောက်သွားလေသည်။


လင်းဖေးလည်း ဆေးကြောပြီးဖြစ်သည်။ သူ ရှားစောင်းပင်ကို ရေလောင်းပြီးနောက် လင်းလော့ချင်း သူ့ကို အောက်အတူဆင်းရန် လာခေါ်သည်ကို စောင့်နေခြင်းဖြစ်သည်။


သို့သော် ရလဒ်အနေနှင့် ကျိလဲ့ယွီရောက်လာလေသည်။


"သွားကြရအောင်…ပါးပါးက ကိုကို့ကို မနက်စာအတူစားဖို့ ခေါ်ခိုင်းလိုက်တယ်…"


လင်းဖေး စာအုပ်ကို ပိတ်လိုက်ပြီး ထရပ်လိုက်သည်။


ကျိလဲ့ယွီ လင်းဖေးနံဘေးသို့ လျှောက်လာပြီး မေးလိုက်သည် 


"ကိုကို...မင်းစကားကို နား‌ထောင်စေချင်လား…"


ဤမေးခွန်းကို သူ မနေ့ညက မေးချင်နေသော်လည်း လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ ရှိနေသည့်အတွက် မမေးနိုင်ခဲ့ပေ။


လင်းဖေး တည်ငြိမ်စွာ ပြောလိုက်သည်။


"နားထောင်ထောင် မထောင်ထောင် ပြဿနာမရှိဘူး…"


ကျိလဲ့ယွီ : "တကယ်လား…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


ကျိလဲ့ယွီ အဖြေကို မကျေနပ်သည့်အတွက် နှုတ်ခမ်းစူလိုက်သည်။


"ကိုကို သားကို ချော့ရင် သားနားထောင်မယ်…"


လင်းဖေး :"..."


'သူလည်း အချော့ခံရတာ ကြိုက်တာပဲလား…'


သူ ကျိလဲ့ယွီကို ရှေ့မတိုးသာ နောက်မဆုတ်သာ ကြည့်လိုက်သည်။


ကျိလဲ့ယွီ မျက်တောင်ခတ်လိုက်ပြီး တိတ်တခိုး ပြုံးလိုက်သည်။


"ဒီလိုဆို သား စကားနားထောင်တာ မနားထောင်တာက သားနဲ့ မဆိုင်ဘူးနော်…ကိုကိုနဲ့ပဲဆိုင်တာ…"


လင်းဖေး ထိုစကားကို ကြားသောအခါ ရုတ်တရက်ပြုံးလိုက်သည်။


လင်းဖေးက တစ်ခါတစ်ရံမှ ပြုံးလေ့ရှိသော်လည်း သူ့အပြုံးက တိမ်တိုက်များ၊ မိုးရေစက်များ ၊ ‌နှင်းကျပြီးနောက် ပထမဆုံးတောက်ပသည့် နေရောင်ခြည်များထက် လှပလေသည်။ သူ့၏တောက်ပသည့်အပြုံးက လူများကို မှေးမောမှင်တက်စေလေသည်။


သူ ကျိလဲ့ယွီ၏မျက်နှာကို ညှစ်လိုက်သည်။


 ကျိလဲ့ယွီ၏မျက်နှာက နူးညံ့သောကြောင့် ဖြူဖျော့ဖျော့ မျက်နှာက ချက်ချင်း ပန်းရောင်ပြောင်းသွားလေသည်။ ယင်းက ကြွေကျလာသော နှင်းဆီပွင့်ဖတ်များ သို့မဟုတ် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော နှင်းဆီကိတ်မုန့်နှင့် တူလေသည်။


"သွားကြစို့…"


လင်းဖေး ပြောလိုက်သည်။


ကျိလဲ့ယွီ လင်းဖေး၏စိတ်နေစိတ်ထားကို နားမလည်နိုင်ပေ။ သို့သော် တွေးပြီးနောက် လင်းဖေးက သူ့ကို ချော့သင့်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူ ယင်းကို ဆက်ဂရုမစိုက်တော့ပေ။


ထို့နောက် သူ အိတ်ကပ်ထဲမှ လက်ကို ထုတ်လိုက်ပြီး လင်းဖေး၏လက်ထဲ ထည့်လိုက်သည်။


"သွားကြစို့…"


ကျိလဲ့ယွီ ရယ်မောလိုက်သည်။


လင်းဖေး သူ့လက်ထဲမှ လက်ကို ကြည့်လိုက်ပြီး 'ကျိလဲ့ယွီက တကယ်တွယ်ကပ်လွန်းတယ်'ဟု တွေးလိုက်မိသည်။


သူ ကျိလဲ့ယွီလက်ကို ဆွဲကာ တံခါးဆီ ‌ဆွဲ‌ခေါ်သွားလိုက်သည်။


ကျိလဲ့ယွီက ဆုပ်ကိုင်ထားသည့်လက်များကို ပျော်ရွှင်စွာ လှုပ်ယမ်းနေလေသည်။ ကစားစရာအသစ် ရလိုက်သကဲ့ပင်ဖြစ်ပြီး ပျော်ရွှင်စွာ ကစားနေလေသည်။


လင်းဖေး:"..."


လင်းဖေး နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။


'တော်‌တော်ကလေးဆန်တာပဲ…ဒါပေမဲ့ ကျိလဲ့ယွီက ကလေးပဲလေ…ဒါက ပုံမှန်ပဲ…'


လူများက အောက်ထပ်သို့ အတူဆင်းသွားပြီး ထမင်းစားခန်းသို့ အတူ၀င်သွားကြလေသည်။


လင်းလော့ချင်းက ထမင်းစားခန်းထဲမှ မိသားစု၀င်များကို ကြည့်လိုက်သည်။ သူတို့ မနက်စာ အတူစားကြသည်က အလွန်ရှားပါးလေသည်။


ဒါက ပျော်စရာကောင်းတဲ့အချိန်ပဲ…


သို့သော်လည်း ပျော်စရာအချိန်တိုင်း အနှောင့်အယှက်က ရှိစမြဲဖြစ်သည်။ လင်းလော့ချင်း၏ ဖုန်းက မသင့်လျော်စွာ မြည်လာလေသည်။


သူ ဖုန်းကို ကြည့်လိုက်သောအခါ အဖေလင်း ဆက်လာခြင်းဖြစ်သည်။


အဖေလင်းက ငွေလွှဲပြီးကတည်းက ကြယ်နှင့်လကို စောင့်မျှော်နေလေသည်။ သို့သော် နှစ်ရက်ကြာသည့်အထိ လင်းလော့ချင်း၏အရိပ်ကိုပင် မမြင်ရပေ။ ထို့ကြောင့် အဖေလင်းက အိမ်ပြန်လာရန်အတွက် တိုက်တွန်းရန် ဖုန်းဆက်လာခြင်းဖြစ်သည်။ 


"ဟုတ်ကဲ့…"


လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။


"‌ကျွန်တော်တို့ နောက်နှစ်ရက်ကြာရင် လာခဲ့မယ်…"


ပြောပြီးနောက် ဖုန်းချလိုက်ပြီး ကျိယွီရှောင်ကို မေးလိုက်သည်။


"နောက်နှစ်ရက်ကျရင် အပြင်သွားဖို့ အဆင်ပြေလား…"


"ဘယ်နေ့ဖြစ်ဖြစ်ရတယ်…"


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


"ဒါပေမဲ့ ငါတို့ မနက်ဖြန်သွားပြီး ဒါကို စောစော ဖြေရှင်းလိုက်ရင် ပိုကောင်းမယ်…"


“အို‌ကေ…” 


လင်းလော့ချင်း သဘောတူလိုက်သည်။


“ဘယ်သွားကြမလို့လဲ…” 


စားနေစဉ် ကျိလဲ့ယွီ စူးစမ်းလိုက်သည်။


"ပါးပါးအဖေအိမ်ကို ပြန်မလို့လေ…"


လင်းလော့ချင်း ရှင်းပြလိုက်သည်။


ထိုစကားကို ကြားသောအခါ လင်းဖေး အနည်းငယ် အံ့ဩသွားလေသည်။ သူ့အမေက လင်းလော့ချင်းကို သူ့အဖိုးကို မတွေ့ရန် ပြောခဲ့သည်ကို သတိရသွားသည်။


ထိုအချိန်က လင်းလော့ချင်း ပြောခဲ့လေသည်။


"မင်းက‌တော့ အဖေ့ကို သွားတွေ့ပြီး ငါ့ကိုတော့ မတွေ့ခိုင်းဘူးလား…မင်းက အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်…"


သူ့အမေက လင်းလော့ချင်းကို ရိုးသားစွာ ပြန်ပြောခဲ့သည်။


"ငါက အဲ့ကို ဖေးဖေးအတွက် သွားခဲ့တာ…ငါ့မှာရွေးချယ်စရာ မရှိဘူး…အဖေ့နှလုံးသားထဲမှာ ငါတို့ မရှိဘူး…သူ ငါတို့ကို နှင်ထုတ်လိုက်ကတည်းက ငါတို့ ကိုယ့်ဘ၀နဲ့ကိုယ် ရှင်သန်သင့်တယ်…ဒါမှ ငါတို့က သူ့ကို အားကိုးစရာ မလိုဘူးဆိုတာ သူ သိသွားမှာ…"


"ဒါတောင် မင်းက သူ့ဆီ သွားခဲ့ဝာ မဟုတ်ဘူးလား…မင်း သူ့ကို အားကိုးနေတာပဲလေ…"


လင်းလော့ချင်း မငဲ့မညှာ ပြောလိုက်သည်။


လင်းလော့ရှီး၏မျက်နှာက ချက်ချင်းဆိုသလို ကူရာမဲ့ပြီး ၀မ်းနည်းလာလေသည်။ သူ ပြောစရာစကားကင်းမဲ့သွားခဲ့သည်။


လင်းဖေးက တစ်နေရာတွင် ရပ်နေခဲ့ပြီး သူတို့စကားဝိုင်းကို နားထောင်နေခဲ့သည်။ သူ့အမေက ၀မ်းနည်းနေသည်ဟု သူ ထင်လေသည်။


သူ စကားဝိုင်းမှ 'အဖေ'ဟူသော စကားလုံးကိုနားမလည်နိုင်ခဲ့ပေ။ သူ့အမေတွင် အဖေရှိ‌သော်ငြားလည်း သူ့တွင် အဖေမရှိပေ။


အဖေက ရှိဖို့မလိုတဲ့ပုံ ပေါ်တယ်…


ဒါ့အပြင် သူကလည်း အဖေမရှိဘဲ ကောင်းကောင်းနေနေတာပဲ…


သူ အဖေမလိုပါဘူး…


ထိုညတွင် လင်းလော့ရှီး အခန်းထဲ ၀င်လာသောအခါ သူ လင်းလော့ရှီးကို ကြားလေမသွေး ပွေ့ဖက်လိုက်သည်။


လင်းလော့ရှီးက သူ့ကို နူးညံ့စွာ ပြုံးပြလာလေသည်။


သူ သူ့အမေ ပျော်ရွှင်ရန် မျှော်လင့်သည်။ သို့သော် သူ့အမေက ပျော်ရွှင်မနေသည့်အတွက် သူ မေးလိုက်သည်။


"ဘာဖြစ်လို့လဲ…"


လင်းလော့ရှီး ပြုံးကာ ပြန်ဖြေလိုက်သည်။


"ဘာမှ မဖြစ်ပါဘူး…သား ပုံပြင်နားထောင်ချင်လား…"


လင်းဖေး ခေါင်းခါလိုက်သည်။


"အမေ ရှုရှုနဲ့ ပြောနေတာကို ကျွန်တော်ကြားတယ်…သူ့ကို ဂရုမစိုက်နဲ့တော့…သူ့ကို ဂရုမစိုက်တော့ရင် အမေ ပျော်ရွှင်နေမှာ…"


‌လင်းလော့ရှီး အံ့ဩသွားသည်။


"ဘယ်လို ပြောလိုက်တာလဲ…သူက အမေ့မောင်လေး…ပြီးတော့ သားရဲ့ဦးလေးလေ…သူ့ကို တစ်ယောက်တည်း ပစ်ထားလို့ မရဘူး…"


"ဒါပေမဲ့ သူက အမေ့ကို မပျော်အောင် လုပ်နေတယ်လေ…"


"ဒါက အ‌ဆင်ပြေပါတယ်…"


လင်းလော့ရှီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


လင်းဖေး နားမလည်နိုင်ပေ။ 


ဘာလို့ အမေက လင်းလော့ချင်းကို ဂရုစိုက်ပေးရမှာလဲ…


ဘာလို့ အ‌မေက မပျော်ရမှာလဲ…


အမေ့ကိုယ်အမေ ဂရုစိုက်တာ ပိုမကောင်းဘူးလား…


သို့သော် လင်းလော့ရှီးက သူ့ကို နမ်းလာလေသည်။


"ဖေးဖေး...သားဦးလေးနဲ့အမေက မိသားစုတွေပဲ…အမေ သူ့ကို လျစ်လျူမရှုနိုင်ဘူး…ဒါ့အပြင် သူကလည်း မင်းကို လျစ်လျူရှုလို့ မရဘူး…အမေတို့က မိသားစုတွေမို့လို့ပဲ…"


လင်းဖေး နားမလည်နိုင်တော့ပေ။


သူ့ကို လင်းလော့ချင်း ဂရုစိုက်ပေးဖို့ မလိုပါဘူး…သူ့အ‌မေက လင်းလော့ချင်းကို ဂရုမစိုက်တော့ရင် ကောင်းမယ်…ဒီ

လိုဆို အမေ၀မ်းနည်းနေစရာ မလိုတော့ဘူး…


သို့သော် လင်းလော့ရှီးက ထိုသို့လုပ်ရန် ကံဇာတာပါနေလေသည်။


သူနှင့်လင်းဖေးက အခြေခံအားဖြင့် မတူညီကြသည့် လူနှစ်ယောက်ဖြစ်သည်။ လင်းလော့ရှီးက ထုံးတမ်းအစဉ်အလာကို လိုက်နာပြီး အစ်မကြီးတစ်ယောက်အဖြစ် သူ့ကိုယ်သူ နစ်မြှပ်ထားလေသည်။ သို့သော် လင်းဖေးက ထိုကမ္ဘာမှ ရုန်းထွက်ခဲ့သည်။ သူက အစဉ်အလာများကို ဂရုမစိုက်ပေ။ သူ့ကိုယ်ပိုင်ကမ္ဘာ၌သာ မာနကြီးစွာ နေထိုင်လေသည်။