အပိုင်း ၅၇
Viewers 12k

"မင်းငါ့ကိုဘာလို့ အဲလိုကြီးကြည့်နေတာလဲ"
စစ်ကျွင်းတောက်ကမေးလိုက်သည်။
"မင်းပဲ ဟက်စကီးကိုလည်းဖက်ပေးရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား..."
ငါပြောခဲ့တာဟုတ်တယ်။ ဒါပေမယ့် မင်းရဲ့စံသတ်မှတ်ချက်သုံးခုက အရမ်းတင်းကြပ်တယ်မဟုတ်ဘူးလား။
ဝမ်မင်ယီ သူ့ကိုလန့်လာပြီဖြစ်သည်။
ကြည့်ရတာ သူ့ကောက ဒီအချိန်မှာ သူ့အတွက်တကယ်ကို ထိတ်လန့်သွားပုံပဲ။
စစ်ကျွင်းတောက်က ကုတင်ပေါ်မှ ကီးဘုတ်များကို ကြည့်ကာ ဒီတစ်ကြိမ်တော့ သူလွတ်မြောက်ဖို့မလွယ်ဟုခန့်မှန်းမိသည်။ မဟုတ်လျှင် သူ ဤကီးဘုတ်များကို ဂရုစိုက်လိမ့်မည်မဟုတ်။
"ဘာဖြစ်တာလဲ"
သူ နောက်ဆုံးတွင် ဇာတ်လမ်းတစ်ခုလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။
"ရွာထဲမှာ ရိုက်ကူးရေးရှိတာမဟုတ်ဘူးလား၊ အဲဒါဆို ဘာလို့ ငလျင်လှုပ်တုန်းက မင်းအဲဒီ့နေရာမှာ ရှိမနေခဲ့တာလဲ၊ ငါထွက်သွားပြီးတော့ ဘာတွေဖြစ်ခဲ့တာလဲ"
ဝမ်မင်ယီ ဖြစ်ပျက်ခဲ့မျှကို ရေးပြရန် ကီးဘုတ်ကို အသုံးပြုခဲ့ရသည်။
စစ်ကျွင်းတောက်က ထိုအရာကိုကြည့်ရင်း ကြောက်ရွံ့လာမိသည်။ ဝမ်မင်ယီသာ ခွေးအဖြစ်မပြောင်းနိုင်ခဲ့ရင်၊ ခွေးတွေရဲ့စကားကိုသာ နားမလည်ခဲ့ရင်၊ သူတွေးပင်တွေးမကြည့်ရဲပါ။
ထိုဖြစ်နိုင်ခြေကို သူတွေးမိရုံဖြင့် စစ်ကျွင်းတောက်မှာ ရင်ထဲတင်းကြပ်လာသလို ခံစားလိုက်ရသည်။
သူ၏မသိစိတ်က ဘေးနားရှိ ဟက်စကီးလေးကို ပွေ့ဖက်လိုက်ပြီး သူ့ကိုမှီနေစေလိုက်သည်။ စစ်ကျွင်းတောက် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ကာပြောလိုက်သည်။
"ရွာထဲက ခွေးတွေကို တကယ်ကျေးဇူးတင်တယ်၊ မင်းသူတို့ပြောတာကို နားလည်နိုင်တာကိုရောပဲ"
“ဟုတ်တယ်"
ဝမ်မင်ယီက သူ၏လက်ဖဝါးများဖြင့် ရိုက်လိုက်ကာ ပြောသည်။
“ဒါတွေအားလုံးအတွက် သူတို့ကို ကျေးဇူးတင်ရမယ်၊ အဲလိုမဟုတ်ရင် ခွေးဟောင်သံတွေကို ကြားရင်တောင် ငလျင်လှုပ်မယ်လို့ တွေးမိမှာမဟုတ်ဘူး၊ တခြားလက္ခဏာတွေ တကယ်မရှိခဲ့ဘူး...”
စစ်ကျွင်းတောက် နားလည်သွားခဲ့သည်။ သူနားလည်သွားတာကြောင့် သူဘာကို ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့လဲဆိုတာကို ကောင်းကောင်းသိပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူက ဝမ်မင်ယီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ခေါင်းကို နမ်းလိုက်ကာ အသံကျယ်ကျယ်ဖြင့် နှစ်သိမ့်လိုက်သည်။
"အဆင်ပြေသွားပါပြီ၊ မကြောက်နဲ့တော့..."
ဝမ်မင်ယီ သူ့စကားတွေကို နားထောင်ပြီးနောက်တွင် သူ့နှလုံးသားထဲရှိ ငြိမ်ကျသွားသည့် အကြောက်တရားများက သူ့ခေါင်းထဲကို ရောက်လာသည်။ သူက စစ်ကျွင်းတောက်ကိုကြည့်လိုက်ပြီး သူ့ကိုပွတ်သပ်လိုက်သည်။ သူ့ပုခုံးပေါ်ကို ခေါင်းဖြင့် ဝမ်းနည်းစွာ မှီလိုက်၏။
သူ လုံးဝ အကြောက်အလန့်ကင်းနေခဲ့တာတော့ မဟုတ်ပါ။ ဖြစ်ပျက်တော့မည်ကို သိလိုက်ရာမှစ၍ လွတ်မြောက်လာပြီးချိန်အထိ ဝမ်မင်ယီမှာ ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။
သူသေမှာကို ကြောက်သလို သူသေဆုံးသွားပြီးနောက် စစ်ကျွင်းတောက်၏ စိတ်နေစိတ်ထား ထပ်ပြီး ပြောင်းလဲသွားမှာကိုလည်း ကြောက်သည်။
သူ့မှာ လုပ်စရာတွေ အများကြီးကျန်နေသေးသည်။ သူက ငယ်လွန်းသေး၏။ သူ ထိုမျှအလျင်စလို ထွက်မသွားချင်ပေမယ့် သူ့သဘာဝအရ တခြားသူတွေရှေ့မှာ အားနည်းချက်ကို ထုတ်မပြတတ်ချေ။ ထို့ကြောင့် သူသည် အကြောက်အလန့်မရှိသည့်ပုံဖြင့် ကားထဲတွင် တည်ငြိမ်စွာ ထိုင်နေခဲ့၏။
သူဘယ်လောက်ကြောက်နေခဲ့သလဲ သူကိုယ်တိုင်သာသိသည်။ သူ့နှလုံးသားတစ်ခုလုံး စစ်ကျွင်းတောက်ကို တောင့်တနေခဲ့ပြီး သူ့ကိုတွေ့မြင်ချင်ခဲ့သည်။
ဝမ်မင်ယီမှာ ငယ်စဉ်ကလေးဘဝကတည်းက သူ့ဝန်ကိုသူ ထမ်းလေ့ရှိသည်။ သူက သူ့ဝန်ထုပ်ဝန်ပိုးကိုသူ ထမ်းပိုးထားရင်း သူ့ကိုယ်သူ ကာကွယ်ကာဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ကြီးပွားတိုးတက်မည့်လမ်းကို ဂုဏ်ယူစွာ လျှောက်ခဲ့သည်။
သို့ပေမယ့် စစ်ကျွင်းတောက် သူ့အနားမှာရှိနေချိန်တွင်မူ သူက ဝမ်မင်ယီ၏ပုခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို ဆွဲယူကာ သူ့လက်ကို ဆွဲကိုင်ကာ သူ့ကိုကူညီရင်း တစ်လှမ်းချင်း ရှေ့ကိုဦးဆောင်ခေါ်သွားပေလိမ့်မည်။
ဝမ်မင်ယီကသူ့ကိုယုံကြည်သည်။ သူ့အပေါ်၌ အားကိုးမှီခို၏။ စစ်ကျွင်းတောက်ရှေ့တွင် သူ၏အားနည်းချက်တွေကို ထုတ်ဖော်ပြသပြီး အရာအားလုံးကို စစ်ကျွင်းတောက်ထံ လွှဲပြောင်းပေးလေ့ရှိသည်။ သူကပဲ စစ်ကျွင်းတောက်အတွက် ထူးခြားတဲ့သူမဟုတ်သလို သူ့အတွက်လည်း စစ်ကျွင်းတောက်က ထူးခြားသူပင်။
ဝမ်မင်ယီက သူ့ကို နှုတ်သီးဖြင့် ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး ၄င်းကို စစ်ကျွင်းတောက်၏ လက်မောင်းတွင်တင်ကာ သူ၏အရွယ်အစားကိုလုံးဝ ဂရုမစိုက်စွာနှင့် ရင်ခွင်ထဲသို့ မြူးတူးစွာ တိုးဝင်လိုက်သည်။ စစ်ကျွင်းတောက်က သူ့ကိုကိုင်ထားရင်း အမွှေးများကို ပွတ်သပ်ပြီးနောက် မနေနိုင်စွာ ဖက်လိုက်သည်။
ဒါက သူရဲ့ မင်မင်ပဲ။ တက်ကြွပြီး ပြီးပြည့်စုံတဲ့ မင်မင်။
ဝမ်မင်ယီက wechatတွင် လုယွင်ဖေးနှင့် အခြားသူများအား စကားပြောချိန်တွင် စစ်ကျွင်းတောက်က ရေသွားချိုးလိုက်သည်။ သူက စစ်ကျွင်းတောက် ရေချိုးသန့်စင်ပြီး ပြန်လာသည်နှင့် အတူအိပ်ရန် စောင့်နေလိုက်သည်။
လုယွင်ဖေးနှင့် လီယွမ်ချင်းတို့သည် ကပ်ဘေးအပြီးတွင် ဖြစ်ပျက်ခဲ့သမျှကို အလွန်စိတ်ဝင်စားကြနေပြီး ဆက်လက်မေးမြန်းကြသည်။ ဝမ်မင်ယီက ခွေးတွေပြောနေတာကို သူကြားခဲ့သည့်အပိုင်းကို ဖယ်လိုက်ပြီး သူ၏ ဇာတ်လမ်းကို ပြန်ပြောပြလိုက်သည်။
ရုတ်တရက် ဖုန်း မြည်လာသောအခါ သူက1ကိုနှိပ်လိုက်သည်။ ယင်းမှာ စုန့်ဟယ်ခေါ်တာဖြစ်သည်။
ba.ဝမ်မင်ယီက သူရဲ့ခြေဖဝါးကို မြှောက်ပြီး စာရိုက်ကာ ဝေပေါ်(weibo)မှ မက်ဆေ့ပို့လိုက်သည်။
'(ဘာဖြစ်လို့လဲ၊ ဖုန်းဖြေရတာ အဆင်မပြေလို့ စာပို့ပြီး ပြောလို့ရတယ်')
သူလည်းစိတ်ပူနေတာလား။ ဝမ်မင်ယီတွေးလိုက်သည်။ ဒါပေမယ့် သူ ရိုက်ကူးရေးလုပ်မယ့်နေရာကို စုန့်ဟယ်ကို မပြောပြဖူးတာကို သတိရသွားသည်။ ဒီတော့ စုန့်ဟယ်က သူရှီဝမ်ရွာမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေ မသိသင့်ဘူးလေ။ ဟုတ်တယ်မလား။
ဝမ်မင်ယီက သေချာစဉ်းစားလိုက်သည်။သူ့အရင်ဘဝက ဖြစ်ခဲ့တဲ့အတိုင်းသာဆို စုန့်ဟယ်က ယခုအချိန်မှာ ကျန့်ဖုန်းနှင့်အတူတူ နိုင်ငံခြား၌လေ့ကျင့်နေသင့်တာမလား။
တခြားအကြောင်းအရာတစ်ခုခုကို ပြောဖို့ဖြစ်မည်ဟု သူထင်လိုက်သည်။
သို့သော်လည်း စုန့်ဟယ်ထပ်ပို့သည့် မက်ဆေ့က သူ့မျက်နှာကို ဖြတ်ရိုက်သွားသည်။
'(မင်းအဆင်ပြေရဲ့လား ၊ ငါ့ဖုန်းကိုချနိုင်သေးတယ်ဆိုတော့ မင်းအဆင်ပြေမှာပါ')
ဝမ်မင်ယီ ''...''
တကယ်ကို အဲ့ဒီကိစ္စအတွက် ဖြစ်နေတာပဲ။
ဝမ်မင်ယီ အံ့သြသွားသည်။
'(ငါ ရှီဝန်ရွာမှာ ရိုက်ကူးရေးရှိတာကို မင်းဘယ်လိုသိတာလဲ၊ ရှောင်စုန့်ဟယ် မင်းငါ့ကိုအရမ်းဂရုစိုက်တာပဲ~...)
စုန့်ဟယ် : '...'
စုန့်ဟယ်က သူ့ဘေးက ကျန့်ဖုန်းကို ပြောစရာစကားမဲ့စွာဖြင့် ကြည့်လိုက်မိသည်။ ဝမ်မင်ယီကို အထူးအလေးပေးနေခဲ့တဲ့သူက သူမဟုတ်ပဲ ကျန်းဖုန်းသာဖြစ်သည်။ ဒီကျန်းဖုန်းက ဝမ်မင်ယီကို တစ်ဖက်သတ် ကြိတ်ကြိုက်နေတာ သူ့ကိုယ်သူမသိဘူးလေ။
လွန်ခဲ့သည့်ငါးမိနစ်ခန့်ကို ပြန်သွားရသော်.... ကျန့်ဖုန်းနှင့် ကျန်လေးယောက်သည် အကစတူဒီယိုတွင် အစမ်းလေ့ကျင့်ပြီးနောက် ပြန်လာခဲ့ကြသည်။ ကျန့်ဖုန်းက သူ့၏ဖုန်းကို ထုတ်ကြည့်ရင်း ငလျင်သတင်းကိုမြင်လိုက်သည်။ ပထမတွင်တော့ သူကအလေးအနက်မထားသော်လည်း ရှီဝန်ရွာ၏တည်နေရာကို မြင်လိုက်သောအခါ သူအနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
အခန်းထဲကို ရောက်ပြီးနောက်တွင် ကျန့်ဖုန်းက ရုတ်တရက် တုံ့ပြန်ခဲ့သည်။
ယီးပဲ! အဲဒီနေရာက ဝမ်မင်ယီက ယွီရွမ်ဝမ်၊ ခန်းကျယ်တို့တွေနှင့် ရိုက်ကူးရေးလုပ်နေတဲ့နေရာမလား။
ထိုအချိန်တွင် သူကအလွန်ဒေါသထွက်နေသည်။သူက ထိုသုံးယောက် အတူအလုပ်တွဲလုပ်နေတာကို သိလိုက်သည့်အခါ ဂျင်းနဲ့သံပုရာသီးကို စားမိလိုက်သလို ခံစားလိုက်ရသည်။
သူက ရိုက်ကူးရေးနေရာကို သိချင်သောကြောင့် အင်တာနက်တွင် ရှာဖွေခဲ့ပြီး ရိုက်ကူးသည့်နေရာနှင့်ပတ်သက်၍ အသေးစိတ်ကို သိရှိခဲ့သည်။ ကျန့်ဖုန်းက ဆောင်းပါးကိုဖတ်လိုက်ပြီး ရွာအမည်ကိုတွေ့သောအခါ သူရှုပ်ထွေးသွားရသည်။
ဒီရွာနှင့် အနောက်နန်းဆောင်ကမယ်တော်ကြီးနှင့် ပတ်သက်မှုတစ်ခုခုရှိလို့လား။ မဟုတ်ရင် ဘာလို့ ဒီရွာကို ဒီလိုခေါ်တာလဲ။
သို့ပေမယ့် သူ ထိုအကြောင်းနှင့်ပတ်သက်ပြီး သိပ်မတွေးတော့ဘဲ မေ့သွားခဲ့သည်။
အခုတော့ကောင်းရော။ ဝမ်မင်ယီက နောက်ဆုံးတော့ ဒီလူကြီးနှစ်ယောက်ကို အမိဖမ်းဖို့စီစဉ်နိုင်ခဲ့ပြီ။ရှေ့ခြေကိုပီတိနှင့် ထုတ်ဖော်ပြနေတုန်းရှိသေး၊ နောက်ခြေက ငလျင်နှင့် တွေ့နေရပြီ။ နည်းတောင်နည်းသေးတယ်။ မယုံရင်ကြည့်လိုက်၊ ဘယ်သူကမှ ကောင်းကင်ဘုံနှင့် မလွတ်ကင်းနိုင်ဘူး။
ကျန့်ဖုန်းက အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။ သို့သော် နောက်စက္ကန့်မှာပဲ တဖန်စိုးရိမ်လာပြန်သည်။
'သူဘာမှမဖြစ်လောက်ပါဘူး ဟုတ်တယ်မလား' ကျန့်ဖုန်းကတွေးလိုက်သည်။ လူကောင်းတွေကကြာကြာမနေရပေမယ့် ကပ်ဘေးတွေကတော့ နှစ်ထောင်ပေါင်းများစွာထိရှိနေမှာပဲမလား။ သေချာတာကတော့ ဒီကပ်ဘေးက ဝမ်မင်ယီကို ဒုက္ခရောက်အောင်မလုပ်နိုင်ပါဘူး။ ဟုတ်တယ်မလား။
သူက ထိုသို့တွေးနေပေမယ့် အနည်းငယ်တော့စိုးရိမ်နေဆဲပင်ဖြစ်သည်။ သူကwechatကိုဝင်ပြီ ဝမ်မင်ယီကို မင်းအသက်ရှင်နေသေးလားလို့ မေးချင်ခဲ့သည်။ သို့ပေမယ့် သူကအရှုံးဘက်ကဖြစ်နေတယ်ဟု ခံရလိုက်ရသည်။
သူက ဝမ်မင်ယီ၏ နံပါတ်တစ်ရန်သူဖြစ်သည်။ပြိုင်ပွဲစတင်ချိန်မှ ပြီးဆုံးတဲ့အချိန်ထိ သူက'မင်းအသက်ရှင်နေသေးလား'ဆိုတဲ့ နွေးထွေးတဲ့ စကားလုံးတွေကို ပို့မယ်များထင်နေလား။ နိုးပါ၊ သူလုပ်သင့်တာက "လက်စားချေမယ်" ဆိုပြီးပို့သင့်တာလေ။ အဲဒါက သူလုပ်ချင်တာပဲ။
သို့ပေမယ့် ကျန့်ဖုန်း ထိုသို့ မပို့နိုင်ခဲ့ချေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူနှင့် ဝမ်မင်ယီကြားတွင် လေးနက်သည့်မုန်းတီးမှုများ၊ သဘောထားကွဲလွဲမှုများမရှိပေ။ ပြိုင်ပွဲပြီးပြီးနောက်တွင် မကျေနပ်မှုများနှင့် အရှုံးမပေးလိုမှုများကြောင့်သာဖြစ်သည်။ထိုအရာများက ဝမ်မင်ယီကိုမုန်းရန် လှုံဆော်ခဲ့ပြီး သူကခေါင်းဖြင့်ဝင်တိုးခဲ့သည်။ သို့ပေမယ့် ထိုကဲ့သို့ ကြီးကြီးမားမားတစ်စုံတစ်ရာဖြစ်ပျက်လာချိန်တွင် သူသိသည်။ ကျန့်ဖုန်းက ဘာမှမပြောပေမယ့် သူ့စိတ်ထဲတွင်က ဝမ်မင်ယီအသက်ရှင်နေလျှင်ပိုကောင်းသည်ဟု တွေးနေခြင်းကို။
အားလုံးပြီးသည့်နောက်တွင် သူ့ခွေးခေါင်းကို ရိုက်နှက်ချင်သည့်တိုင်အောင် ဝမ်မင်ယီက အချိန်တိုင်း ဒေါသထွက်နေခဲ့သည်။ သူ့ကိုရိုက်နှက်လျှင်ပင် သေသည်အထိတော့ မရိုက်ပေ။
ကျန့်ဖုန်းက သူအသံမထွက်ပဲ ပြီးမည့် အကြံတစ်ခုရလိုက်သည်။ သူက အဖွဲ့ထဲတွင် ဝမ်မင်ယီနှင့် အကောင်းဆုံးဆက်ဆံရေးရှိသည့် စုန့်ဟယ်ကိုရှာခဲ့၏။
တံခါးခေါက်သံကြားလိုက်ရချိန်တွင် စုန့်ဟယ်က ရေချိုးဖို့ ပြင်နေခဲ့တာဖြစ်သည်။ သူတံခါးကိုဖွင့်လိုက်စဉ် သူက သူ၏အဖွဲ့ခေါင်းဆောင်ကို တွေ့လိုက်ရ၏။
"ဘာကိစ္စလဲ"
သူကမေးလိုက်သည်။
"မင်း ရှီဝမ်ရွာမှာ ငလျင်လှုပ်သွားတာကိုသိလား"
စုန့်ဟယ် ခေါင်းညိတ်လိုက်သည်။
"သိတယ်လေ၊ ငါ့ဖုန်းမှာ အသိပေးချက်ဝင်သားပဲ"
"ဒါဆို မင်းဘာလို့ တည်ငြိမ်နေရတာလဲ"
ကျန့်ဖုန်း အံ့ဩသွားသည်။
"ဒါဆို အဲ့တစ်ယောက် အဆင်ပြေလို့ပဲနေမယ်"
"ဘယ်သူလဲ "
စုန်ဟယ်ကမေးလိုက်သည်"
"ဘယ်သူအဆင်ပြေတာလဲ"
"ဘယ်သူဖြစ်နိုင်ဦးမှာလဲ၊ ဟိုတစ်ယောက်ပေါ့"
ကျန့်ဖုန်းက ဝမ်မင်ယီ၏နာမည်ကို ထုတ်မပြောချင်ပေ။
စုန့်ဟယ်မှာ အတော်ကြာအောင် မတုန့်ပြန်နိုင်ပဲဖြစ်သွားသည်။
"ဘယ်တစ်ယောက်လဲလို့၊ မင်း နာမည်လေးပဲပြောလိုက်လို့မရဘူးလား အား"
ကျန့်ဖုန်း : "..."
ကျန့်ဖုန်းက ဒေါသတကြီးဖြင့် စုန့်ဟယ်၏ခေါင်းကို ခေါက်လိုက်သည်။ ပြီးနောက် ဒေါသတကြီးဖြင့် တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။
"မင်းဒီလောက်တုံးတာ ဒီဂိမ်းကို ဘယ်လိုများနိုင်လဲ၊ အခြားဘယ်သူဖြစ်နိုင်ဦးမှာလဲ၊ ဟုတ်တယ် ဝမ်မင်ယီပဲ၊ ကျောက်တုံးခေါင်းရဲ့၊ သူက ဒါရိုက်တာယွီတို့ ကောင်းကျယ်တို့နဲ့ ရှီဝမ်ရွာကိုသွားပြီး ရိုက်ကူးရေးလုပ်နေတာလေ!"
စုန့်ဟယ်မှာ ပို၍ပင် ရှုပ်ထွေးသွားရသည်။
"မင်းဘယ်လိုသိတာလဲ၊ ဝမ်မင်ယီက မင်းကို ရိုက်ကူးမယ့်နေရာကို မပြောပြဖူးဘူးမလား၊ ဒါရိုက်တာယွီနဲ့ ရုပ်ရှင်ဧကရာဇ်ခန်းအကြောင်းရောပြောခဲ့သေးတာလား"
ကျန့်ဖုန်း : "..."
စုန့်ဟယ် နားလည်လိုက်သည်။
“အိုး~ မင်းက အင်တာနက်မှာ အတိအကျသွားရှာထားတာပဲ~”
ကျန့်ဖုန်း ဒေါသထွက်လာသည်။
"သူ့အကြောင်းကို ဘယ်သူက တကူးတကသွားရှာလို့လဲ၊ တိုက်ဆိုင်ပြီး သိတာကွ!”
စုန့်ဟယ် : "အိုး~"
ကျန့်ဖုန်း၏ စိတ်ရှည်သည်းခံမှုမှာ ကုန်သွားပြီဖြစ်သည်။
"မင်းပဲ အိုး အိုး အိုး~နေလိုက်၊ ဘာကိစ္စ စကားထစ်နေရတာလဲ၊ ငါကမေးကြည့်တာပါ၊ သူ့ငယ်သူငယ်ချင်းပဲမဟုတ်ဘူး၊ မင်းသူငယ်ချင်းလည်းဟုတ်တယ်လေ!"
စုန်ဟယ်က သူ့ကို အပေါ်အောက် စုန်ဆန်ကာကြည့်သည်။ သူ့စိတ်ထဲမှ ပြောလိုက်သည်- သူငယ်ချင်း၊ ဒါပေမယ့် မင်း သူ့ကို ပိုအာရုံစိုက်နေတာ အသိသာကြီးကို၊ မင်းသူ့အကြောင်းကို အင်တာနက်မှာတောင် တကူးတကသွားရှာလိုက်သေးတယ်~။
သူဝမ်မင်ယီကို ဖုန်းခေါ်လိုက်သည်။ ကျန့်ဖုန်းက အရှက်မရှိစွာပင် သူ့ဘေး၌ထိုင်ကာ နားထောင်ဖို့စောင့်နေ၏။
စုန့်ဟယ်က စပီကာကိုနှိပ်လိုက်သည်နှင့် ဖုန်းချသွားသည်။
ကျန့်ဖုန်း : "..."သူအမြင်မမှားဘူး။ သူအနားမှာရှိနေတာမို့ ဖုန်းချလိုက်တာကို မြင်လိုက်သည်။ ဝမ်မင်ယီက အဲလောက် သတ္တိမကောင်းပါဘူး။
နောက်တစ်စက္ကန့်တွင် စုန့်ဟယ်က ဝမ်မင်ယီ၏ WeChat ထံမှ မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့သည်။
'ဘာဖြစ်လို့လဲ၊ ဖုန်းဖြေရတာ အဆင်မပြေလို့ စာပို့ပြီး ပြောလို့ရတယ်'
စုန့်ဟယ် မေးလိုက်သည်။
'မင်းအဆင်ပြေရဲ့လား ၊ ငါ့ဖုန်းကိုချနိုင်သေးတယ်ဆိုတော့ မင်းအဆင်ပြေမှာပါ'
ထို့နောက် ဝမ်မင်ယီ ထံမှ မက်ဆေ့ခ်ျအသစ်တစ်ခုကို လက်ခံရရှိလိုက်ပြန်သည်။
'ငါ ရှီဝန်ရွာမှာ ရိုက်ကူးရေးရှိတာကို မင်းဘယ်လိုသိတာလဲ၊ ရှောင်စုန့်ဟယ် မင်းငါ့ကိုအရမ်းဂရုစိုက်တာပဲ~
စုန့်ဟယ်က ကျန့်ဖုန်းကိုကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုပြန်ဖြေလိုက်ရမလဲ"
"သူကမင်းသူငယ်ချင်းလေ၊ ဘာပြန်ဖြေရမလဲဆိုတာ ဘာလို့ ငါ့ကိုလာမေးနေတာလဲ၊ သူက ငါ့သူငယ်ချင်း မဟုတ်ဘူး "
စုန့်ဟယ် စာပြန်လိုက်သည်။
'(လွန့်ခဲ့တဲ့ရက်နည်းနည်းလောက်ကတွေ့ခဲ့တာပါ၊ မင်းအဆင်ပြေလား')
ဝမ်မင်ယီက ကုတင်ပေါ်တွင်ထိုင်ကာ အဖြေကိုပြန်ရေးရန် သူ၏လက်ဖဝါးများကို အသုံးပြုလိုက်သည်။
('ငါအဆင်ပြေပါတယ်၊ စောစောစီးစီး ထွက်လာနိုင်လို့ ဘယ်သူမှ မထိခိုက်သွားဘူး၊ အားလုံးအဆင်ပြေပါတယ်')
စုန့်ဟယ် : ('အဲဒါကောင်းတယ်')
ကျန့်ဖုန်းက ဝမ်မင်ယီ အဆင်ပြေနေတာကိုမြင်ရပြီးနောက် ထွက်သွားဖို့လုပ်တော့သည်။ ထွက်မသွားမှီသူက စုန့်ဟယ်ကို ပြောလိုက်သည်။
“မင်းမှာ ဒီနေ့ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ ပြောပြခွင့်မရှိဘူး”
စုန့်ဟယ် ခေါင်းညိတ်လိုက်သည်။
"ငါသိပါတယ် "
သူကတံခါးကို ပိတ်ကာ ထိုင်ခုံ၌ထိုင်လိုက်ပြီး ဝမ်မင်ယီကို စာပြန်လိုက်သည်။
'(ကျန့်ဖုန်း သွားပြီ')
ဘာမှနားမလည်သော ဝမ်မင်ယီ : "..."
စုန့်ဟယ်က ဘာကိုမှ ဖုံးကွယ်မထားပါ။ ဘာပဲပြောပြော သူက အခြားဘယ်သူ့ကို မပြောခဲ့ဘူးလေ။ ဝမ်မင်ယီက အခြားတစ်ယောက်မှ မဟုတ်ပဲ။ သူက ပါဝင်ပတ်သက်နေတဲ့သူပဲဟာ။
စုန့်ဟယ် 🙂 သူသတင်းကိုမြင်တာနဲ့ မင်းကိုစိတ်ပူနေတာလေ၊ သူကမင်းကို တိုက်ရိုက်မေးဖို့ ရှက်နေတာ၊ ဒါကြောင့် ငါ့အခန်းထဲလာပြီး မင်းကိုမေးခိုင်းဖို့ လာရှာတာ)
ဝမ်မင်ယီက မယုံချေ။
'(မင်း ကျန့်ဖုန်းအကြောင်းပြောနေတာလား၊ ကလေးကလားနဲ့ ပျင်းစရာကောင်းပြီး ဦးနှောက်ထဲ ရေတွေပဲပြည့်နေတဲ့ မူလတန်းကြက် ကျန့်ဖုန်းလေ၊ မင်းလာနောက်နေတာလား ၊ ကျန့်ဖုန်းဆိုရင် - ပျော်လိုက်တာ၊ ကောင်းချက်ပဲ ဆိုပြီး ဖြစ်နေသင့်တာမလား')
စုန့်ဟယ် : ('မဟုတ်ဘူး~')
စုန့်ဟယ် : ('ကျန့်ဖုန်းက မင်းကို တကယ်ဂရုစိုက်ပါတယ်')
စုန့်ဟယ် : ('ဒီတစ်ခါ ကြော်ငြာရိုက်မယ့်နေရာကိုလည်း သူက အတိအကျရှာခဲ့သေးတယ်~')
ဝမ်မင်ယီ : "..."
ဝမ်မင်ယီက သူ့မျက်လုံးတွေ ကန်းသွားပြီဟု ခံစားလိုက်ရသည်။
စုန့်ဟယ်က နောက်ဆုံးတွင် သူ၏ထင်မြင်ချက်ကိုပြောလိုက်သည်။
'(သူကမင်းကို တော်တော်သဘောကျပုံပဲ')
ဝမ်မင်ယီမှာ သူ၏ခွေးမျက်လုံးတွေ တကယ်ပဲ ကန်းသွားသလို ခံစားလိုက်ရသည်။
ဝမ်မင်ယီ : ('မဖြစ်နိုင်ဘူး၊ အဲဒီမူလတန်းကြက်၊ အစကတည်းက သူက ငါ့ကို လုံးဝကြည့်ရတာမဟုတ်ဘူး!')
စုန့်ဟယ် 🙁 သူက သူငယ်တန်းကျောင်းသားလေးတစ်ယောက်လိုပဲ၊ သူသဘောတဲ့သူကို အနိုင်ကျင့်လိမ့်မယ်')
ဝမ်မင်ယီ သူ့ကီးဘုတ်အပေါ် လဲကျလုနီးနီးပင်။ မဖြစ်နိုင်ပေ။ သူက အရွယ်ရောက်ပြီး လူကြီးတစ်ဦးဖြစ်သည်။ ထို မူလတန်းကြက်၏ ချစ်တဲ့နည်းလမ်းကို သူနားလည်မပေးနိုင်ချေ။လက်လျော့လိုက်တော့ ကျန့်ဖုန်း။ သူတို့ကြားမှာ ဖြစ်နိုင်ချေ လုံးဝမရှိဘူး ။
ဝမ်မင်ယီ : ('သူ့ကို လက်လျှော့ဖို့ပြောလိုက်၊ လူတွေနဲ့ ကြက်တွေကြားမှာ ရလဒ်ဆိုတာ ရှိမှာမဟုတ်ဘူးလို့၊ လူတွေနဲ့တိရိစ္ဆာန်တွေကြားမှာ ကွာခြားချက်က အကြီးကြီးပဲကွ')