စုန့်ဟယ်
ကြက်...)
ဝမ်မင်ယီ : ('မူလတန်းကြက် )
[အသိဥာဏ်နိမ့်တာကိုပြောချင်တာပါ]
လူတွေနှင့် ကြက်တွေကြားမှာ အမှန်တကယ် ဘယ်လိုရလဒ်မှ ရှိမလာနိုင်ပေမယ့် ကြက်နှင့်ကြက်ကြားမှာတော့ ရလဒ်ကောင်းတွေ ထွက်လာပေလိမ့်မည်။ မူလတန်းကြက်နှင့် မူလတန်းကြက်။ ပြီးပြည့်စုံသည့် ပြိုင်ပွဲတစ်ခုပင်။
စုန့်ဟယ်သက်ပြင်းချလိုက်သည်။ မူလတန်းကြက်နှစ်ကောင်ကြားက ရှုပ်ထွေးပွေလီနေတဲ့ခံစားချက်တွေကြောင့် သူ့နှလုံးသားလေးပင် ငြီးငွေ့လာသည်။
ဝမ်မင်ယီ : ('စကားမစပ် မင်းအခု တရုတ်ပြည်မှာရှိသေးလား')
စုန့်ဟယ်
'အမ်း၊ ဘာဖြစ်လို့လဲ')
ဝမ်မင်ယီ : ('ဘာမှမဖြစ်ပါဘူး')
အဲဒါက သူ့အရင်ဘဝနှင့် မတူဘူးဟူ၍ ဝမ်မင်ယီ တွေးမိသည်။ ဤအချိန်တွင် သူတို့ ပြည်ပမှာရှိနေသင့်သည့်တိုင် ယခုဘဝတွင်မူ အိမ်၌သာရှိနေကြသည်။ သူပြန်လည်မွေးဖွားလာသည့်နေ့ကစ၍ အကြောင်းအရာ တော်တော်များများက တကယ်ကို ကွဲပြားသွားခဲ့သည်။
စစ်ကျွင်းတောက် ရေချိုးပြီးထွက်လာချိန်တွင် ကုတင်ပေါ်၌ တောင်ပေါ်လင်းယုန်တစ်ကောင်ပမာ ထိုင်နေသည့် ဝမ်မင်ယီက လကိုကြည့်ရင်းဖြင့် သက်ပြင်းချနေသည်ကို တွေ့လိုက်ရသည်။
သူ ဝမ်မင်ယီကို မေးလိုက်သည်။
ဝမ်မင်ယီက ဘဝအကြောင်းကို တွေးနေဆဲဖြစ်သည်။ သူထွက်လာတာကိုမြင်သောအခါ ဝမ်မင်ယီက သူ့အပေါ်ကို လှိမ့်လာပြီး အိပ်ဖို့ပြင်တော့သည်။ စစ်ကျွင်းတောက်က သူက ငလျင်ရဲ့အကျိုးသက်ရောက်မှုတွေကို ခံစားနေရတုန်းပဲဟူ၍ တွေးလိုက်မိတာကြောင့် ဆက်မမေးတော့ဘဲ ခေါင်းကိုသာပွတ်သပ်ပေးလိုက်ရင်း သူ့လက်နှစ်ဖက်ကို ကိုင်ကာ အိပ်ပျော်သွားတော့သည်။
နောက်နေ့မနက် ၈ နာရီမှာ ချန်လုက ဝမ်မင်ယီထံ စာပို့ပြီး နိုးပြီလားဟု မေးလာသည်။
ဝမ်မင်ယီက အိပ်ပျော်နေဆဲဖြစ်၏။ စစ်ကျွင်းတောက်က ဖုန်းကို ကောက်ကိုင်၍ ကြည့်လိုက်သည့်တိုင် စာတော့မပြန်လိုက်ချေ။
ချန်လုက ပြန်စာမရရှိသဖြင့် သူမနိုးသေးတာကို သိလိုက်ပြီး သူ့ကိုထပ်၍မတိုက်တွန်းတော့ချေ။
စစ်ကျွင်းတောက်က ဖုန်းကို ခေါင်းအုံးဘေးမှာ ထားလိုက်သည်။ သူခေါင်းကို လှည့်ကြည့်လိုက်စဉ် ဝမ်မင်ယီမှာ သူ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
မနေ့က မတော်တဆမှုပြီးကတည်း ဝမ်မင်ယီ၏ ပုံမှန်အနေအထားကို သူပထမဆုံးမြင်ရတာဖြစ်သည်။ထိုအရာက သူနှင့်ရင်းနှီးနေပြီဖြစ်သည့် ဟက်စကီးမဟုတ်သလို လိမ္မော်ရောင်ကြောင်လေးလည်းမဟုတ်ပါချေ။ ငယ်စဉ်ကတည်းက သူမြင်တွေ့လာရသည့် ဝမ်မင်ယီ၏ ပုံမှန်ပုံစံသာဖြစ်တော့၏။
စစ်ကျွင်းတောက် မသိစိတ်နှင့်အတူ သူ့ရင်ခွင်ထဲရှိလူကို ပွေ့ဖက်ထားလိုက်မိသည်။ မနေ့က ကြောက်စိတ်တွေက သူ့နှလုံးသားထဲကို နောက်တစ်ကြိမ် စိမ့်ဝင်လာပြန်သည်။
သူက သူ့လက်တွေကြားမှ လူငယ်လေးကို မျက်တောင်မခတ်တမ်း မလှုပ်မယှက် ငုံ့ကြည့်နေမိသည်။ သို့သော်လည်း မလုံလောက်သလို သူထင်မိသည်။
မင်မင်က သူ့ရင်ခွင်ထဲတွင် ရှိနေပြီဖြစ်သည့်တိုင် သူ့တွင် စိတ်ကျေနပ်မှု မရှိနိုင်သေးချေ။
မသိလိုက်စွာပင် စစ်ကျွင်းတောက်က သူ့လက်နှစ်ဖက်ဖြင့် နောက်တစ်ကြိမ် တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြန်သည်။ ဝမ်မင်ယီမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခံရတာကြောင့် အနေရကျပ်နေသလို ညည်းတွားလာသည်။
ထိုအခါမှသာ စစ်ကျွင်းတောက်က အနည်းငယ် စိတ်လျော့လိုက်ကာ သူ့ကို ဆက်အိပ်စေခဲ့သည်။
ဝမ်မင်ယီက မနိုးသေးပေ။ အခန်းတွင်းရှိ အပူပေးစက်၏ အပူချိန်က အနည်းငယ် မြင့်လာပြီး သူ၏မျက်နှာမှာလည်း ပါးနီးလိမ်းခြယ်ထားသည့်အတိုင်း နီမြန်းလာသည်။
စစ်ကျွင်းတောက်က သူ့ကို ကြည့်နေရင်းဖြင့် မနေနိုင်တော့စွာ ခေါင်းငုံ့ပြီး မျက်နှာကို နမ်းလိုက်တော့သည်။
နွေရာသီ၏ပွင့်ဖတ်များကဲ့သို့ပင် အလွန်နူးညံ့ပြီးသိမ်မွေ့လှသည်။
ထိုခံစားချက်ကို ခံစားလိုက်ရချိန် သူနမ်းလိုက်တဲ့ နေရာကို စိုက်ကြည့်ရင်းဖြင့် သူအရင်နမ်းဖူးစဉ်က ဝမ်မင်ယီ၏ မျက်နှာမှာ နီရဲလာတာကို ယောင်ဝါးဝါး သတိရလိုက်သည် ။
စစ်ကျွင်းတောက်မှာ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ထပ်မံနမ်းလိုက်ပြန်သည်။
သူခိုးတစ်ယောက်ပမာ အပြစ်ရှိသလို ခံစားရသော်လည်း မရပ်တန့်နိုင်ပေ။
သူ့လက်နှစ်ဖက်ကြားရှိ မင်မင်၏နူးညံ့သိမ်မွေ့တဲ့ အရေပြားလေး၊ သွယ်လျသည့် ခန္ဓာကိုယ်လေးနှင့် နှလုံးခုန်သံတို့ကို သူခံစားရသည် ။
သူက ဝမ်မင်ယီကို သူ့ရင်ခွင်ထဲတွင် ဖက်တွယ်ထားပြီး ရတနာတစ်ခုပမာ ကြည့်နေခဲ့သည်။ သူ့ကိုနမ်းချင်တာကို မရပ်တန့်နိုင်ချေ။ သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားချင်သည်။ သူ အခု ဒီမှာရှိနေတာကို အတည်ပြုချင်သည်။ ဝမ်မင်ယီ အဆင်ပြေနေတယ်ဆိုတဲ့အကြောင်း၊ သူ့ဘေးနားတွင် အသက်ရှင်နေသေးကြောင်း အာမခံချက်လိုချင်သည်။
ဒီလိုဘဝမျိုး၊ ဒီလိုမျိုး မြတ်နိုးမှုမျိုး။ သူ့တစ်သက်တာမှာ စွန့်လွှတ်နိုင်တဲ့အရာတွေ အများကြီးရှိခဲ့သည်၊၊ သူဂရုမစိုက်တဲ့အရာတွေလည်း အများကြီးရှိခဲ့ပေမယ့် သူဘယ်တော့မှမစွန့်လွှတ်နိုင်ခဲ့တဲ့အရာကတော့ ဝမ်မင်ယီ တစ်ယောက်တည်းသာဖြစ်သည်။ ဝမ်မင်ယီက သူ့နှလုံးသားထဲမှာ ရှိနေပြီး တဖြည်းဖြည်း စွဲလမ်းမှုကအမြစ်တွယ်လာခဲ့သည်။ သူ့နှလုံးသားက ဝမ်မင်ယီ အဆင်ပြေလျှင် သူအဆင်ပြေနေလိမ့်မည်၊၊ ဝမ်မင်ယီသာ တစ်ခုခုဖြစ်ခဲ့လျှင် သူ့ကမ္ဘာလေးသည်လည်း ထပ်၍ တည်ရှိနိုင်တော့မည်မဟုတ်ချေ။
သူက ဝမ်မင်ယီကို နမ်းလိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြန်သည်။
ဝမ်မင်ယီ နိုးလာသည့်အခါတွင် စစ်ကျွင်းတောက်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသလို ယောင်ဝါးဝါး ခံစားလိုက်ရသည်။ သူက မှိန်းနေရင်းဖြင့် မျက်လုံးများကို ပွတ်သပ်ကာ နှုတ်ဆက်လိုက်သည်။
စစ်ကျွင်းတောက် ပြုံးလိုက်ပြီး ဝမ်မင်ယီကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။
စစ်ကျွင်းတောက်က သူ အိပ်ပျော်နေစဉ် ခိုးပြီးနမ်းခဲ့ကြောင်းကို ဝမ်မင်ယီက မသိချေ။ သူက ထုံးစံအတိုင်း ပြုံးပြီး "ဘယ်အချိန်ရှိပြီလဲ" ဟု မေးလာသည်။
စစ်ကျွင်းတောက်က သူ့နာရီကို ကြည့်လိုက်သည်။
ဝမ်မင်ယီက သက်ပြင်းဖွဖွချလိုက်သည်။
"ဒါဆိုလည်း နည်းနည်းထပ်အိပ်လိုက်"
စစ်ကျွင်းတောက်က ဘာကိုမှအရေးမစိုက်ပဲ ပြောလိုက်သည်။
ဝမ်မင်ယီ ခေါင်းခါလိုက်သည်။
"မရတော့ဘူး ၊ နောက်ကျရင် ကျွန်တော်တို့ လူစုဖို့ရှိတယ်"သူက ခေါင်းငိုက်စိုက်ချလျက် ထထိုင်လိုက်သည်။
စစ်ကျွင်းတောက်က ကုတင်ပေါ်လှဲလျက်သားဖြင့် သူစိတ်မပါလက်မပါအိပ်ယာထနေပုံကို ကြည့်နေသည်။ ပြီးနောက် သူကထထိုင်လိုက်ပြီး နောက်မှနေ၍ ဖက်ထားလိုက်သည်။
ဝမ်မင်ယီ သူ့ကိူနောက်ပြန်လှည့်ကြည့်လိုက်သည်။ စစ်ကျွင်းတောက်က ညင်သာစွာမေးလိုက်သည်။
"ပြဿနာမရှိပါဘူး၊ မင်းအိပ်ချင်ရင် ထပ်အိပ်လို့ရတာပဲ၊ မင်းမနေ့က အဲလိုအရာနဲ့ကြုံခဲ့ရတာ၊ ခဏလောက်အနားယူတာက ပုံမှန်ပါပဲ"
သူ့စကားတွေကြောင့် ဝမ်မင်ယီ ယိမ်းယိုင်မသွားပါချေ။ သူ့မျက်လုံးလေးတွေက ကွေးတက်သွားခဲ့သည်။
စစ်ကျွင်းတောက်က သူ့ကိုကြည့်နေပြီး သူ့ကိုဖက်ထားလျက်သား နောက်ပြန်လှဲချလိုက်သည်။ ဝမ်မင်ယီ၏ကျောက တိုက်ရိုက်ပင် အိပ်ယာနှင့် ထိတွေ့သွားတော့၏။
ဝမ်မင်ယီက သူ့ကိုမှီလျက်သားဖြင့် နူးညံ့စွာပြောလိုက်သည်။
"ဒါဆို ကျွန်တော် နောက်ထပ်၁၀မိနစ်လောက် ထပ်အိပ်လိုက်ဦးမယ်၊ ဆယ်မိနစ်ပဲနော်"
"အင်း၊ ငါမင်းကို ခဏနေရင်နှိုးမယ်"
ဝမ်မင်ယီ သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ သို့သော် တစ်မိနစ်၊ နှစ်မိနစ် မိနစ်တွေကုန်သွားသည့်တိုင် သူအိပ်မရချေ။
"ကြည့်ရတာ ကျွန်တော်အိပ်မရတော့ဘူးထင်တယ်"
သူကအကူအညီမဲ့စွာဆိူလိုက်သည်။
စစ်ကျွင်းတောက်က သူ့လက်ကိုမြှောက်ကာ သူ၏ခွေးနားရွက်လေးတွေကို ထိလိုက်သည်။
"ဒါဆိုလည်း ထပြီးမျက်နှာသစ်တော့"
ဝမ်မင်ယီ သူ့နားကအထိအတွေ့ကို ခံစားလိုက်ရပြီးနောက် ရုတ်တရက် သူက စစ်ကျွင်းတောက်၏နားထံ လက်ကိုဆန့်ထုတ်လိုက်သည်။
စစ်ကျွင်းတောက် တုန့်ဆိုင်းသွားပေမယ့် သူ့ကိုယ်က အလိုလို ရှောင်ထွက်သွားသည်။
စစ်ကျွင်းတောက် သူ့ကိုမေးလိုက်သည်။
ဝမ်မင်ယီ တခစ်ခစ်ရယ်လိုက်ကာ "ကောက ကျွန်တော့်နားတွေကိုအမြဲညှစ်တယ်လေ၊ ကျွန်တော်လည်း ကောရဲ့နားကိုဖျစ်ညှစ်ချင်လို့"
စစ်ကျွင်းတောက် ရယ်လိုက်ရင်း အသာအယာဆူငေါက်လိုက်သည်။
ဝမ်မင်ယီက သူ့ကိုမကြောက်ပါချေ။ခွေးတစ်ကောင်ကဲ့သိူ့ သတ္တိရှိရှိဖြင့် စစ်ကျွင်းတောက်၏ နားရွက်ကို ညှစ်ရန် သူ့လက်ကို ထပ်မံဆန့်ထုတ်လိုက်သည်။
စစ်ကျွင်းတောက်က ရှောင်ထွက်လိုက်ပြီး ဝမ်မင်ယီသည်လည်း သူပြောင်းလိုက်တဲ့နေရာကိုလိုက်သည်။ စစ်ကျွင်းတောက် သူ့ကိုမရပ်တန့်နိုင်သည့်အခါ သူ့လက်ကိုလှမ်းဖမ်းလိုက်သည်။ ဝမ်မင်ယီက ရုန်းနေပြီး သူ့ကိုလွှတ်ပေးစေချင်သည်။ သို့သော်လည်း စစ်ကျွင်းတောက်က သူ့ကို အလွတ်မပေးခဲ့ပေ။ ဝမ်မင်ယီ အတော်ကြာအောင် ရုန်းနေပေမယ့် သူထိုအချုပ်အနှောင်ကမလွတ်နိုင်သည်ကိုတွေ့လိုက်ရစဉ် အရှုံးပေးလိုက်ရပြီး စစ်ကျွင်းတောက်ကိုသာ အကူအညီမဲ့စွာ ကြည့်နေရတော့သည်။
စစ်ကျွင်းတောက် ဝမ်မင်ယီ၏ မှားပါတယ်ဟူသော အကြည့်လေးကြောင့် ရွှင်မြူးသွားသည်။ သူကလက်ကိုလွှတ်ပေးလိုက်ပြီး သူ့ကိုလက်တွေကြားထဲဖက်ထားလိုက်ကာပြောသည်။
"ကောင်းပြီ၊ ထပ်ပြီးပြဿနာမရှာနဲ့တော့"
ဝမ်မင်ယီ ခေါင်းအုံးကိုရင်ခွင်ထဲထည့်ထားလိုက်ပြီး သူ့လက်မောင်းကို မကျေမနပ်ဖြင့် ကိုက်လိုက်သည်။ သိူ့တိုင် သူက သူ့ကိုလက်ဆန့်၍ ပြန်ဖက်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ စတင်အိပ်စက်လိုက်တော့သည်။
စစ်ကျွင်းတောက်က သူ့ကိုမနှောင့်ယှက်တော့ဘဲ စောင်ကိုဆွဲခြုံပေးလိုက်ပြီး သူ့ကိုဖက်ထားရင်းဖြင့် နူးညံ့စွာ စိုက်ကြည့်နေခဲ့သည် ။
သူတို့နှစ်ဦးလုံး ဆေးကြောသန့်စင်ပြီး၍ ချန်လုရှေ့၌ထပ်ပေါ်လာသည့်အခါ၊ ချန်လု၏နှုတ်ခမ်းတွေက သဘာဝမကျစွာ တွန့်ကွေးသွားတော့သည်။
"ဥက္ကဌစစ်၊ ရှင်ဘယ်အချိန်က ရောက်တာလဲ"
"ရှင့်အတွက်ခက်ခဲသွားရပြီ..."
စစ်ကျွင်းတောက်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်သည်။
ချန်လုမှာ စကားအများကြီး မပြောရဲဘဲ မနက်စာစားရန် သူတို့နှင့်အတူ အောက်ထပ်ရှိစားသောက်ဆိုင်သို့ ဆင်းလိုက်တော့သည်။
ယွီရွှမ်ဝမ်နှင့်ခန်းကျယ်က မနက်စာစားနေကြပြီဖြစ်သည်။ ဝမ်မင်ယီလာနေတာကိုတွေ့ပြီးနောက်၊ သူတို့က လာထိုင်ဖို့ ခေါ်ကြသည်။
ဝမ်မင်ယီ စစ်ကျွင်းတောက်ကိုကြည့်လိုက်ပြီးနောက် နှစ်ယောက်သားအတူတကွ စားစရာအချို့ကိုယူကာ ထိုင်လိုက်ကြသည်။
ယွီရွှမ်ဝမ်က ရုတ်တရက်ပေါ်လာသည့် စစ်ကျွင်းတောက်ကိုကြည့်ကာ အံ့သြတကြီးမေးလိုက်သည်။
"မင်းအစ်ကိုက မင်းကိုလာရှာတာလား"
ဝမ်မင်ယီ ခေါင်းညိတ်ပြလိုက်သည်။
ယွီရွှမ်ဝမ်မှာ စစ်ကျွင်းတောက်ကို ထပ်မကြည့်ပဲမနေနိုင်ချေ။ သူတိူ့ညီအစ်ကိုကြားကဆက်ဆံရေးက အတော်လေးကောင်းတာကို တွေ့လိုက်ရသည်။
"မနေ့ညက နောက်ဆက်တွဲငလျင်လှုပ်သေးတယ်၊ မင်းခံစားမိလား"
ဝမ်မင်ယီ ခေါင်းခါပြရင်း စစ်ကျွင်းတောက်ကို အကျင့်အတိုင်း ကြည့်မိပြန်သည်။ စစ်ကျွင်းတောက်က ပြန်ဖြေလိုက်၏။
"ငါရောပဲ ၊ ပမာဏကသေးတယ်ထင်တယ်၊ အရေးလုပ်စရာတော့မလိုပါဘူး"
ဝမ်မင်ယီ ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ခဏနေရင်၊ ငါလက်ထောက်ကို မင်းအတွက်လက်မှတ်ဝယ်ခိုင်းလိုက်မယ်၊ ငါတို့နေ့လည်စာစားပြီးရင် ဖေးဟယ်ရှားကို ရိုက်ကူးရေးအတွက်သွားရအောင်၊ အရင်ရိုက်ထားတာတွေက သုံးလို့မရတော့ဘူး၊ ငါတို့ပြန်ရိုက်ရမယ်"
"ပစ္စည်းတွေအတွက် ဘယ်လိုလုပ်မလဲ"
ဝမ်မင်ယီ စိုးရိမ်သွားသည်။
"ကျွန်တော်တို့ရွာကထွက်လာတော့၊ အချို့ကိရိယာတွေပါမလာဘူးမလား"
"အဲဒါကို ငါ့အဆက်အသွယ်နဲ့ ဖြေရှင်းပြီးပြီ၊ သူတို့တွေ လေကြောင်းနဲ့ပို့ပေးလိမ့်မယ်၊ ဒီတော့ စိတ်မပူပါနဲ့"
ဝမ်မင်ယီ နားလည်စွာ ခေါင်းညိတ်လိုက်သည်။
သူကတစ်စုံတစ်ခုကိုစဉ်းစားမိပြီး ဒါရိုက်တာကိုပြောလိုက်သည်။
"ကျွန်တော် လက်မှတ်ကို ကိုယ့်ဟာကိုယ် ဝယ်သင့်တယ်၊ ကျွန်တော့်ကောအတွက်ပါ တစ်ခုဝယ်ရမှာမို့ပါ"
"ယွီရွှမ်ဝမ်က စစ်ကျွင်းတောက်ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းရဲ့ကောရော အတူလိုက်လာမှာလား"
ဝမ်မင်ယီ သူ့ခေါင်းကိူညိတ်လိုက်သည်။ စစ်ကျွင်းတောက်က ဘာမှမပြောပေမယ့် ထိုသို့ကြီးမားသည့်မတော်တဆဖြစ်ပြီးနောက်တွင် စစ်ကျွင်းတောက်က သူ့ကို နောက်ထပ်တစ်ယောက်တည်း ထားခဲ့လိမ့်မည်မဟုတ်ချေ။
"သူ ကျွန်တော့်ကို စိတ်ပူနေတာ"
ယွီရွှမ်ဝမ် ထိုအကြောင်းကို တွေးမိပြီးသားပင်။ ထိုအရာက အမှန်ပင်။ ဝမ်မင်ယီသာ ပုံမှန်မဟုတ်သည့်အချက်ကို သတိမထားမိဘဲ ပြတ်သားစွာမပြုမူခဲ့လျှင်၊ သူတို့မှာ ယခုအချိန်တွင် ရှီဝမ်ရွာတွင် သေဆုံးပြီးနေပြီဖြစ်သည်။ ဤအဖြစ်အပျက်အပြီးမှာတောင် ဝမ်မင်ယီက အဖွဲ့သားတွေနှင့်အတူ ရိုက်ကူးရေးဆက်လက်လုပ်ဆောင်နေတာကြောင့် သူ့ရဲ့ ကော က စိုးရိမ်ပူပန်နေသည်မှာ ပုံမှန်သာဖြစ်သည်။
မနက်စာ အတူတူစားကြပြီးနောက် ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်က ပြန်သွားကြသည်။ အခန်းတံခါးဝသို့ သူလျှောက်သွားသည်နှင့် ချန်လုထံမှ ဖုန်းဝင်လာသည်။
ဝမ်မင်ယီ တံခါးကိုဖွင့်လိုက်ပြီး ဘာဖြစ်တာလဲဟုမေးလိုက်သည်။
ချန်လု၏ လေသံမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။
"ငါတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အချက်ပြလိုင်း ပြန်ကောင်းလာတယ်မလား၊ ရွာလူကြီးက ခရိုင်အစိုးရကို ဆက်သွယ်ခဲ့ပြီးတော့ ခရိုင်အစိုးရက သူတို့ကို ယာယီနေရာချထားပေးတယ်လေ၊ သူတို့က ဒီကပ်ဘေးကြီးရဲ့နစ်နာသူတွေဆိုတော့ သတင်းထောက်တွေက သူတို့ကို အင်တာဗျူးဖို့ သွားကြတယ်၊ အင်တာဗျူးမှာ သူတို့ရွာပျက်စီးသွားပေမယ့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမရှိဘူးဆိုတော့ သတင်းထောက်တွေက အံ့အားသင့်ပြီး မေးတယ်လေ၊ သူတို့အားလုံးက မင်းကိုကျေးဇူးတင်နေကြတယ်"
ရှီဝမ်ရွာမှလူတွေက ဝမ်မင်ယီနှင့် သူ၏အဖွဲ့၊ အထူးသဖြင့် ဝမ်မင်ယီကို အလွန်ကျေးဇူးတင်နေကြသည်။ ဆက်သွယ်ရေးကွန်ရက်များ ပြန်ပြင်ဆင်ပြီးသည်နှင့် သူတို့ကအကူအညီရခဲ့သည်။ သူတို့ကိုဆက်သွယ်ဖို့ကြိုးစားနေတဲ့ မိသားစုဝင်တွေနှင့် အဆက်အသွယ်ရခဲ့ပြီး သူတို့က သတင်းကိုပြောပြကြသည်။ သက်ကြီးရွယ်အိုတွေက သားသမီးများထံမှ စိုးရိမ်ပူပန်မှုကို ကြားတဲ့အခါ မျက်ရည်ကျကြသည်။ ဒါကိုမြင်တော့ ကလေးတွေက လမ်းမှာရောက်နေပြီဖြစ်ပြီး အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဟူ၍ မိဘများကို နှစ်သိမ့်ပေးကြသည်။
ထို့ကြောင့် ယနေ့နံနက်တွင် သတင်းထောက်များက သူတို့အား တွေ့ဆုံမေးမြန်းရာတွင် ရှီဝမ်ရွာမှ ရွာသားများက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြခဲ့ပြီး သူတို့၏ ကယ်တင်ရှင်ကို ချီးကျူးရန် မမေ့ခဲ့ကြပေ။
"ရှောင်ဝမ်ရေ ကျေးဇူးပါပဲ၊ ရှောင်ဝမ်နဲ့ ဒါရိုက်တာယွီက ရွာကို ရုပ်ရှင်ရိုက်ဖို့ လာတာပါ၊ ရှောင်ဝမ်က သင်လွယ်တတ်လွယ်တဲ့ တက္ကသိုလ်ကျောင်းသားလေးလေ၊ ငလျင်လှုပ်တော့မယ်ဆိုတော့သိတော့ သူက ငါ့ဆီလာပြီး ရွာသူရွာသားတွေကို လူစုခိုင်းတယ်၊ ပြီးတော့ အဖွဲ့ရဲ့ကားနဲ့ ငါတို့ရွာကထွက်လာခဲ့တယ်၊ အဲလိုသာမဟုတ်ရင် ငါတို့ ဘယ်အဆင်ပြေနေပါ့မလဲ"
ဒါကတော့ ရွာလူကြီးဖြစ်သည်။
"ဟုတ်တယ်၊ ဒီကလေးရှောင်ဝမ်က ကြည့်ကောင်းရုံတင်မကဘူး စိတ်ကောင်းရှိတဲ့ကလေးပဲ၊ ငါတို့က သူ့ကို မယုံမှာကို သူကကြောက်နေတာ၊ သူနဲ့ လိုက်လာဖို့ နည်းလမ်းတွေတောင် တွေးလိုက်သေးတယ် ၊အရင်က သူ့လို လိမ္မာတဲ့ကလေးငါမတွေ့ဖူးဘူး"
"နောက်တော့ ငါတို့လမ်းခွဲလိုက်ကြတယ်၊ ရှောင်ဝမ်က ငါတို့ကိုဆိုးရွားတဲ့ဘဝမှာနေရမှာကို စိုးရိမ်နေရှာတာ၊ ဒါကြောင့် သူကငါတို့ကို ပိုက်ဆံအချို့ပေးခဲ့တယ်လေ၊ ဒါရိုက်တာယွီနဲ့အခြားလူတွေကလည်းပေးကြတယ်၊ သူတို့အားလုံးက လူကောင်းတွေပါ၊ ငါတို့အတွက်တော့ သူတို့လိုလူတွေနဲ့ ဆုံတွေ့ခွင့်ရတာ တကယ့်ကံကြမ္မာကောင်းပဲ"
ဒါကတော့ အခြားရွာသားများဖြစ်သည်။
ကလေးများက လူကြီးတွေပြောနေတာကိုကြည့်ပြီး သူတို့လည်း ပြောချင်စိတ်တွေထက်သန်လာကြသည်။
"ကောကောက သားတို့ကို သကြားလုံးတွေပေးတယ်၊ အတူတူလည်းကစားပေးတယ်၊ ကောကောကကောင်းတယ်"
သတင်းထောက်က ရှုပ်ထွေးသွားသည်။
"အဲဒီ့ရှောင်ဝမ်ဆိုတာဘယ်သူလဲ၊ ခင်များတို့ ဘယ်သူ့အကြောင်းပြောနေကြတာတုန်း"
တာ့ပေါင်က အရပ်မရှည်ပေမယ့် သူ့အသံကလည်းတိုးမနေပေ။
"တောက်ပတယ်ဆိုတဲ့မင်၊ တက်ကြွတယ်ဆိုတဲ့ယီ"
ထိုသတင်း ထုတ်လွှင့်ပြီးချိန်တွင် ချက်ချင်းhotဖြစ်သွားသည်။
ရှီဝမ်ကျေးရွာတွင် ငလျင်လှုပ်ခတ်မှုမှာ ထိခိုက်မှုနည်းပြီး သေဆုံးမှုမရှိတာကြောင့် ပြင်းထန်သည့် ဆွေးနွေးမှုများ မပြုလုပ်ခဲ့သော်လည်း၊စိတ်အားထက်သန်သည့် အင်တာနက်အသုံးပြုသူအချို့ကတော့ ဒီကိစ္စကို အာရုံစိုက်ပြီး ဒုက္ခရောက်သူတွေကို ဆက်လက်အားပေးနေကြဆဲဖြစ်သည်။
အဆိုပါ သဘာဝဘေးသင့်သူများမှာ စိတ်ပိုင်းဆိုင်ရာ ဆိုးရွာနေခြင်းမရှိသလို အံ့သြစရာကောင်းလောက်အောင် အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရသူလည်း မရှိချေ။
လူအများက ထိုအရာနှင့်ပတ်သက်ပြီး အံ့သြနေကြကာ လူတွေက ဝမ်မင်ယီအကြောင်းကို စတင်ဆွေးနွေးလာကြသည်။
တစ်ဖက်တွင် သူတို့ကဆွေးနွေးနေကြပြီး အခြားတစ်ဖက်တွင် အမျိုးမျိုးသော ဘလော့ဂါများက ထိုအရာ၏ကောင်းမွန်သောအကြောင်းအရာနဲ့ ကောင်းမွန်သည့်အမြင်တို့ကြောင့် သတင်းကိုအလျင်အမြန် ရေးကြတော့သည်။
ဆိုရှယ်ဘလော့ဂါများက ပြောကြသည်- ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ရှိပါတယ်၊ လောကကြီးမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ရှိပါတယ်၊ ညီညွတ်မျှတတဲ့ လူ့အဖွဲ့အစည်းရဲ့ နိမိတ်လက္ခဏာကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
သိပ္ပံနှင့် ပညာရေး ဘလော့ဂါများက ရေးသားခဲ့သည်-[ အသိပညာသည် ကံကြမ္မာကို ပြောင်းလဲသည်၊၊ ပညာရေးသည် အနာဂတ်ကို ပြောင်းလဲစေ၏။ ဆေးပညာလေ့လာခြင်းသည် တရုတ်နိုင်ငံကို မကယ်တင်နိုင်သော်လည်း လေ့လာခြင်းက တရုတ်ပြည်သူတို့ကို ကယ်တင်နိုင်ခဲ့၏။]
ခံစားချက်ဆိုင်ရာသလော့ဂါတွေကရေးသည်-[ ထိတယ်ဟေး၊ ငါ ဒီလို မထိတာတော်တော်ကြာပြီ။]
အခြားဘလော့ဂါတွေတင်တာကိုကြည့်ပြီး ထပ်တင်စရာမရှိတော့သည့် hotဘလော့ဂါ-[ဝိုး၊ လာပြီးကြည့်လိုက်ပါ။]
မကြာမီ ဘလော့ဂါအမျိုးမျိုး၏အကူအညီဖြင့် [လူတွေကိုကယ်တင်သည့်ဝမ်မင်ယီ]ဟူ၍ hot searchတွင် ရှာဖွေမှုမြင့်တက်လာပြီး ထိုသတင်းမှာ ကြော်ကြားလာခဲ့သည်။
ခဏအကြာတွင် hot search၏ထိပ်ဆုံးကိုရောက်သွားပြီးနောက် ဖြတ်သွားဖြတ်လာ ပွဲကြည့်ပရိတ်သတ်များမှာ ထိုဗီဒီယိုကိုကြည့်ပြီး ရင်ထဲထိစွာငိုကြွေးကြတော့သည်။
"[ဒါကဝမ်မင်ယီလား၊ ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့အောင်နိုင်သူအနေနဲ့ hot searchမှာ တစ်ခါပေါ်လာနဲ့သူလေ၊ ဒီလောက်တောင်ပြင်းတယ်လား၊ အရမ်းကို အစွမ်းထက်တာပဲ၊ ကံကြမ္မာကိုပြောင်းလဲစေတဲ့ အသိပညာပေါ့လေ၊ တကယ်ကို ပြင်းထန်လွန်းလိုက်တာကွာ"]