အပိုင်း ၅၉
Viewers 12k

ဝမ်မင်ယီ၏ ပရိသတ်တွေက ဒီ့အတွက် အဆင်သင့်မပြင်ထားမိပေ။ မြေငလျင်အကြောင်း သိကြပြီးနောက်တွင် ဝမ်မင်ယီ၏ အသက်ဆုံးရှုံးမှာကို စိုးရိမ်နေကြသည်။ ဝမ်မင်ယီက သူ၏ဝေ့ပေါ်တွင် သူလုံခြုံနေသည်ဟု ပြောပြီးချိန်မှာတောင် သူတို့က သူ့ကို ဘေးကင်းလုံခြုံစွာနေဖို့ သူ့ဝေပေါ်မှာ စာချန်ဖို့ကိုပင် ကြောက်ရွံ့နေခဲ့ကြသည်။ ကြောက်ရွံ့မှုလွန်ကဲခြင်းက သူတို့အား အခြားအရာများကို ဂရုစိုက်ရန် အချိန်မရှိစေခဲ့ချေ၊၊ ထို့ကြောင့် ဝမ်မင်ယီ နောက်တစ်ကြိမ် hot search တွင်ပါလာသည့်အခါ သူတို့က သတင်းထောက်များ၏ အင်တာဗျူးဗီဒီယိုကို မြင်တွေ့လိုက်ရပြီး အနည်းငယ် ရှုပ်ထွေးသွားကြသည်။
သို့ပေမယ့် သိပ်မကြာခင်မှာပင် ဝမ်မင်ယီ၏ ပရိသတ်များက Amwayရှိ ဖြတ်သွားဖြတ်လာများကို တက်တက်ကြွကြွဖြင့် တုံ့ပြန်ခဲ့ကြသည်။
[သူက သူပါပဲ၊ ငါတို့တိတိလေးရဲ့ ပညာရေးစွမ်းဆောင်ရည်က အရမ်းကောင်းတယ်။]
မားကတ်တင်းအကောင့်များနှင့် ဖိုရမ်များက ထိုသတင်းကိုတင်ပြီး မကြာမီမှာပင် လူတိုင်းက အံ့အားသင့်သွားကာ သက်ပြင်းချမိကြသည်။
[ဒါက အရမ်းမိုက်လွန်းတယ်၊ အဲဒါက ကိုးနှစ်မသင်မနေရ ပညာရေးပဲ၊ သူ ဘယ်လိုလုပ် ဒီလိုရလဒ်မျိုးကို ချပြနိုင်ရတာလဲ"]
[ငါပထဝီကို အလကားသက်သက် သင်ခဲ့မိသလို ခံစားရတယ်]
[ငါက သတင်းအနုပညာကျောင်းသားဖြစ်ဖို့ မထိုက်တန်ပါဘူး ၊ ငါသာဆို အဲလိုပုံမှန်မဟုတ်တာကို သတိထားမိမှာမဟုတ်ဘူး]
[ဖာ့ခ်၊ နံပါတ်တစ်တွေက တကယ်ကိုမတူဘူးပဲ၊ ငါတို့က ရွှယ်ပါ့တွေရဲ့ကမ္ဘာကို နားမလည်နိုင်ပါဘူးကွာ"]
ဖျော်ဖြေရေးသတင်း၏ သတင်းထောက်က ဝမ်မင်ယီနှင့်အဆက်အသွယ်ရဖို့ ကြိုးစားခဲ့သည်။ သို့သော် ဝမ်မင်ယီက ထိုအကြောင်းကို လူသိရှင်ကြား မဖော်ပြလိုသဖြင့် ချန်လုကိုသာ ပြောခိုင်းလိုက်သည်။
["နေ့တိုင်း ကြိုးစားလေ့လာပြီး တိုးတက်အောင်လုပ်ပါ၊ မင်းတို့ရဲ့ပညာရေးတိုးတက်ပြီး သင်ယူခဲ့သမျှကို လိုက်နာကျင့်သုံးနိုင်ဖို့ ဆုတောင်းပေးပါတယ်] ဟူ၍။
သူတို့ထဲတွင် လူအချို့ကတော့ အံ့သြတကြီးဖြင့် ရှာဖွေကြသည်။
[ဝမ်မင်ယီက တကယ်ကြီး ဒါရိုက်တာယွီနဲ့ အလုပ်တွဲလုပ်ခဲ့တာလား၊ သူ့နောက်ခံက တော်တော်ကောင်းလို့လား]
[ဒါရိုက်တာယွီရွှမ်ဝမ်က ဒရာမာအသစ်ကိုရိုက်ကူးနေပြီလား]
အချို့လူတွေက ရုတ်တရက် မေးခွန်းထုတ်လာသည်။
[ဘာအကြောင်းလဲ]
ဝမ်မင်ယီ၏ပရိတ်သတ်များက ပြောခဲ့သည်။
[အဲဒါက ဒရာမာအသစ်မဟုတ်ပါဘူး၊ ပြည်သူ့ဝန်ဆောင်မှုကြော်ငြာတစ်ခုပါ၊ ငါတို့တိတိလေးလည်း auditionဝင်ဖြေခဲ့တယ်လေ]
[ဒါရိုက်တာယွီက ပြည်သူ့ဝန်ဆောင်မှုကြော်ငြာရိုက်တယ်လား]
[ဟုတ်တယ်၊ ခန်းကျယ်ရောပဲ"]
[ဒါဆို ဝမ်မင်ယီ ဒီတစ်ခါတော့ အကျိုးအမြတ်ရသွားတာပဲ၊ သူက ဒါရိုက်တာယွီရယ် ရုပ်ရှင်ဧကရာဇ်ခန်းရယ်နဲ့ အတူတွဲလုပ်ရတာလေ၊ အနာဂတ်မှာ သူ့မှာအဆက်အသွယ်နဲ့နောက်ခံကောင်းတွေ ရှိလာလိမ့်မယ်]
[အဲဒါက ဝမ်မင်ယီနဲ့ထိုက်တန်တယ်၊ သူကလူတွေအများကြီးကို ကယ်ခဲ့တာ၊ သူကအကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်]
[ဟုတ်တယ်၊ သူနဲ့ထိုက်လို့သူရတာပဲ]
[ပြီးတော့ ရွာသားတွေပြောတဲ့အတိုင်းဆို ဝမ်မင်ယီက သူတို့ရဲ့ကယ်တင်ရှင်တဲ့၊ သူကတကယ်ကို ထိုက်တန်တယ်]
ဆွေးနွေးမှုတွေ အများကြီးရှိခဲ့သည်။ ဝမ်မင်ယီ၏ပရိတ်သတ်များကလည်း ဆွေးနွေးသည့်အကြောင်းအရာ၏ခေါင်းစဉ်က ဝမ်မင်ယီအတွက် ကောင်းတာကို မြင်ပြီးနောက်တွင် ဆွေးနွေးရခြင်းအပေါ် စိတ်သက်သာရာရသွားကြသည်။
ကျန့်ဖုန်းက hot searchကို ကြည့်ပြီးနောက် ဝေပေါ်တွင် ဝမ်မင်ယီတင်ထားသည့် သူအဆင်ပြေပါတယ်ဆိုတဲ့သတင်းကို တွေ့လိုက်ရသည်။
သူက မျက်မှောင်ကြုတ်လိုက်ရင်း ပထမဆုံးအကြိမ် သူ့ကိုယ်သူ မိုက်မဲသည်ဟု ခံစားလိုက်ရသည်။ မနေ့က သူဘာလို့ Weibo ကို အရင်မကြည့်လိုက်တာလဲ။ Weibo ကို အရင်ကြည့်လိုက်ရင် အဲဒါနဲ့ပတ်သက်ပြီး သူစိတ်ပူစရာလိုမှာ မဟုတ်ဘူး။ပြီးတော့ သူ စုန့်ဟယ်ကိုလည်း ဝမ်မင်ယီအဆင်ပြေလားလို့ မေးစရာလိုမှာမဟုတ်ဘူး။
ဒီတော့ သူမနေ့က ဘာလို့များ အဲဒာကိုမတွေးမိပါလိမ့်။
စုန့်ဟယ်က ရေသန့်ဘူးယူရင်း သူ့ကိုဖြတ်သွားသည်။ ထိုအခါ သူ့မျက်လုံးထောင့်မှနေ၍ ကျန့်ဖုန်း၏ကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းမျက်နှာပြင်တွင်ပေါ်နေသည်မှာ ဝမ်မင်ယီ၏ Weibo ဖြစ်နေတာကို တွေ့လိုက်ရသည်။
ဟေး၊ ကျန့်ဖုန်းက ဝမ်မင်ယီကို တော်တော်ဖြစ်နေတာပဲ။ စုန့်ဟယ် တွေးလိုက်သည်။ သူက အချိန်တိုင်း အာရုံစိုက်ထားတာပဲ။
၁၂နာရီခန့်တွင် ဝမ်မင်ယီနှင့် သူ၏အဖွဲ့က လေယာဉ်ပေါ်တက်ပြီး ရှားဟယ်စီရင်စုရှိရာမြို့သို့ သွားခဲ့ကြသည်။ မြို့လယ်ခေါင်ကို ရောက်သည့်အခါတွင် ဟိုတယ်၌ စားသောက်ပြီးနောက် လွတ်လွတ်လပ်လပ် သွားလာကြသည်။
ရွာက ထွက်လာချိန်၌ ဘယ်သူကမှ ခရီးဆောင်အိတ် တွေ မသယ်လာတဲ့အတွက် လူတော်တော်များများက ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကုန်တိုက်သွားဖို့ အဝတ်အစားနှင့် အခြားနေ့စဉ်သုံးပစ္စည်းတွေဝယ်ဖို့ စီစဉ်ကြသည်။
ထိုအချိန်တွင် ဝမ်မင်ယီမှာ hot searchတွင် ဝင်နေဆဲဖြစ်သောကြောင့် တိတ်တဆိတ်နေဖို့ လိုအပ်သဖြင့် စစ်ကွင်းတောက်ကို ပစ္စည်းပြန်ဝယ်ဖို့ရာ ကူညီပေးရန် တောင်းဆိုလိုက်ရသည်။
ဝမ်မင်ယီ ကုတင်ပေါ်တွင် လှဲရင်း ဂိမ်းဆော့နေစဉ် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။ သူက ဂိမ်းကိုရပ်လိုက်ပြီး အိပ်ယာမှထကာ တံခါးကိုဖွင့်လိုက်သည်။ ခန်းကျယ်က တံခါးအပြင်ဘက်တွင် ရပ်နေသည်။
ဝမ်မင်ယီ အနည်းငယ် အံ့သြသွားပြီးမေးလိုက်သည်။
"ခန်းကော၊ မင်းတစ်ခုခုလိုလို့လား..."
ခန်းကျယ်က ပြုံးလိုက်ပြီး...
"ကိုယ် ဝင်လာလို့ရလား..."
ဝမ်မင်ယီက ခပ်မြန်မြန်ပင် လမ်းဖယ်ပေးလိုက်သည်။
“ဆောရီး၊ ဝင်လို့ရပါတယ်"
ခန်းကျယ်က အခန်းထဲ ဝင်လာသည်။
ဝမ်မင်ယီက သူထိုင်နိုင်ရန်အတွက် ဆိုဖာရှိရာဆီ ခေါ်လာခဲ့သည်။ သူက ဟိုတယ်မှပေးထားသည့် သတ္တုရေဘူးကို သူ့အတွက် ယူပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ခန်းကျယ်ကပြောသည်။
ဝမ်မင်ယီ ခေါင်းယမ်းပြလိုက်၏။
"ပြဿနာမရှိပါဘူး"
သူက ခန်းကျယ်၏ဘေးမှာထိုင်လိုက်ကာ
"ကျွန်တော့်ကိုရှာတာ ကိစ္စရှိလို့လား"
ခန်းကျယ် သူ့ကိုကြည့်လိုက်သည်။ ရိုးရိုးသားသား ဝန်ခံရလျှင် ဝမ်မင်ယီ စစချင်း အဖွဲ့ထဲရောက်လာချိန်တွင် သူနှင့်ပတ်သက်၍ သိပ်ပြီး မခံစားခဲ့ရချေ။။ ဝမ်မင်ယီက တော်တဲ့ပုံပေါက်နေပေမယ့် သူဒီသိုင်းအဝိုင်းတွင် ရှိနေသည့်တစ်လျှောက်လုံး သူနှင့်ဆင်တူသည့် အောင်မြင်နိုင်မည့်ရုပ်ရည်ရှိသောလူများစွာကို မြင်တွေ့ခဲ့ရသည်။ ခန်းကျယ်က ရုပ်ရည်ထက် အတွင်းစိတ်ကို ပိုဂရုစိုက်သူဖြစ်သည်။
ဤအသက်အရွယ်၌ ဝမ်မင်ယီကို ရပ်တည်နိုင်လိမ့်မည်ဟုမထင်မိသလို သူ့အသက်အရွယ်တွင်အလေးအနက်ရှိမည်ဟုလည်း မထင်ခဲ့ချေ။ ထို့ကြောင့် ယဉ်ကျးစွာဆက်ဆံခြင်းက ယဉ်ကျေးစွာပြုမူခြင်းခြင်းမှ အစပြုခြင်းဖြစ်သည်။ သူက သူ့ကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။ အမှန်အတိုင်းဆို သူဝမ်မင်ယီကိုသဘောမကျခဲ့ချေ။
ယွီရွှမ်ဝမ်က သူ့ကို ဝမ်မင်ယီမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ရမှတ်အများဆုံးဖြစ်ကြောင်း ပြောမပြမီအထိပင်။ ထိုအချိန်တွင် ခန်းကျယ်က ဝမ်မင်ယီကို အမြင်အသစ်ဖြင့် ကြည့်ခဲ့သည်။ ထိုသို့သော ရလဒ်ကောင်းများရှိနေလျက်က ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဘာလို့ဝင်ခဲ့သလဲဆိုတာ သူနားမလည်နိုင်ခဲ့ချေ။ ချင်းဟွာက မကောင်းလို့လား။ ဒါမှမဟုတ် ပီကင်းတက္ကသိုလ်က မကောင်းလို့လား။ ဘွဲ့ရပြီးမှ ဒီအသိုင်းအဝိုင်းထဲ ပြန်လာလည်း ရတာပဲလေ။
ငလျင်လှုပ်တာနှင့် ကြုံတွေ့ရတဲ့အချိန်အထိ သူ့သံသယများကို မရှင်းနိုင်ခဲ့ချေ။ ဝမ်မင်ယီက လူတိုင်းကို ကပ်ဘေးမှ လွန်မြောက်စေရန် အောင်မြင်စွာ ကူညီဖို့အတွက် သူက စိတ်အားထက်သန်စွာဖြင့် ပြတ်ပြတ်သားသားပြုမူခဲ့သည်။ ထိုအရာက ခန်းကျယ် မမျှော်လင့်ထားသည့်အရာပင်။ သူက တစ်နေ့နေ့တွင် တက္ကသိုလ်ကျောင်းသားလေးတစ်ဦးထံမှ ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
မနက်စာစားချိန်၌၊ ယွီရွှမ်ဝမ်က သူ့ကို ဝမ်မင်ယီအကြောင်း ပြောသည်။ သူ့စကားတွေက အလွန်ရိုးစင်းပြီး အဓိပ္ပါယ်က အရမ်းရှင်းသည်။
"ရှောင်ဝမ်က ဒီအသိုင်းအဝိုင်းထဲကို ဝင်လိုက်တာ၊ သူက ငယ်ပြီးတော့ အရည်အချင်းမရှိသေးဘူး၊ သူ့ကလူကောင်းလေးပါ၊ နောင်အနာဂတ်မှာ သူ့အတွက်ကျောထောက်နောက်ခံကောင်းကောင်းလိုတယ်၊ မင်းကသူ့ကို ကူညီလိုက်ပါ"
ယွီရွှမ်ဝမ်က သူ့ကို အလွန်ကျေးဇူးတင်နေခဲ့သည်။
သူအောင်မြင်လာတာက ယွီရွှမ်ဝမ်ကြောင့်ဟုပင် ပြောနိုင်သည်။ နှစ်များစွာကြာပြီးနောက်တွင် သူတို့နှစ်ဦးသည် သူငယ်ချင်းဖြစ်နေပြီဖြစ်သည်။ မှန်သည်။ ယွီရွှမ်ဝမ်က တောင်းဆိုလျှင် သူသေချာပေါက် သဘောတူမှာဖြစ်သည်။ သူလည်း ထိုသို့လုပ်ဖို့ရာ ရည်ရွယ်ချက်ရှိပြီးသားပင်။
ဒီအဖြစ်အပျက်ကြောင့် ဝန်ထမ်းများနှင့် ရွာသားများက ဝမ်မင်ယီအပေါ်ကို ကျေဇူးကြွေးတင်ခဲ့သည်။ သူက ကျေးဇူးကိုဘယ်လိုပြန်ဆပ်ရမလဲ မသိတဲ့လူမဟုတ်ချေ။ ဝမ်မင်ယီက သူ့ကို ကယ်တင်ခဲ့မှတော့ သူကလည်း ဝမ်မင်ယီကို သဘာဝကျကျပင် ကူညီပေးမှာဖြစ်ကြောင်းပြောစရာမလိုတော့ပေ။
သူ သူ့ရှေ့က လူငယ်လေးကို လှမ်းကြည့်လိုက်သည်။ သူ၏အသွင်အပြင်၊ ဉာဏ်ရည်ဉာဏ်သွေးများဖြင့် အခြားသူများက သူ့ကို မကူညီလျှင်ပင် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူသည် အောင်မြင်လာလိမ့်မည်။
သူက သူ့လမ်းကို ပိုပြီး ချောချောမွေ့မွေ့ဖြစ်သွားအောင် လုပ်ပေးရုံသာဖြစ်၏။
“ဒီတစ်ခါအဖြစ်အပျက်အတွက် ကျေးဇူးပါပဲ”
ခန်းကျယ် ပြောလိုက်သည်။
ဝမ်မင်ယီက
"ရပါတယ်၊ ခန်းကော အဲဒါကို စိတ်ထဲထားစရာမလိုပါဘူး"
"ကြော်ငြာရိုက်ပြီးရင် မင်းမှာ ဘာအလုပ်ကျန်သေးလဲ...မင်း အလုပ်ရှုပ်နေလား"
ဝမ်မင်ယီက တစ်ခဏမျှငြိမ်သက်သွားပြီး တစ်စုံတစ်ခုကို မရေမရာ ခန့်မှန်းမိလိုက်သည်။
''ဒီနှစ်အကုန်မှာ ဇာတ်ပို့နေရာအတွက် မဆုံးဖြတ်ရသေးတဲ့ ဇာတ်လမ်းတစ်ခုရှိတယ် မင်းစိတ်ဝင်စားရင် ကြိုးစားကြည့်လို့ရတယ်''
သေချာပေါက်ပင် ဝမ်မင်ယီစိတ်ဝင်စားပါသည်။ခန်းကျယ်ရဲ့ရုပ်ရှင်တွေကို ဘယ်သူကစိတ်မဝင်စားဘဲ နေမှာလဲ ။
''ကျေးဇူးတင်ပါတယ်ခန်းကော၊ ကျွန်တော်ဘောကျပါတယ် ''
''ရပါတယ်၊ ငါ လူရွေးပွဲလုပ်မယ့် အချိန်နဲ့နေရာကို wechatကနေပို့ပေးမယ်၊ မမေ့စေနဲ့''
''ကောင်းပါပြီ''
ကောင်းကျယ်က ခေါင်းငုံ့ကာ သူ့ကို စာတစ်စောင်ပို့လိုက်သည်။သူကအကြာကြီးမနေပေ။ စာပို့ပြီးသည်နှင့်ထွက်သွားလိုက်သည်။
သူထွက်သွားပြီးနောက်တွင် ဝမ်မင်ယီက ချန်လုကို သူနှင့်အတူ ပျော်နိုင်စေရန် မျှော်လင့်ကာ ထိုအကြောင်းပြောပြလိုက်သည်။
ချန်လုက အလွန်အံ့သြသွားသည်။ထိုအဖြစ်အပျက်အပြီးတွင် ယွီရွှမ်ဝမ်နှင့် ခန်းကျယ်တို့ ဝမ်မင်ယီကို ကောင်းကောင်းအထင်ကြီးသွားကြကာ ကူညီပေးလိမ့်မည်ဟု ခန့်မှန့်ထားသော်လည်း ခန်းကျယ်က ထိုမျှမြန်မြန် လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
''ဒါက အဆိုးထဲအကောင်းပဲ'' သူမကပြောလိုက်သည်။ ''မင်မင် ဒါကနင့်ရဲ့ ပထမဆုံးရုပ်ရှင်ပဲ အခွင့်အရေးကိုသေချာဆုပ်ကိုင်ရမယ်...''
''ကျွန်တော်သိပါတယ်...''
ဝမ်မင်ယီက ပြုံးကာ သူ၏ကံကောင်းမှုကို တွေးလိုက်သည်။
နောက်တစ်နေ့တွင် အဖွဲ့သားများက ရွာသို့ သွားကြသည်။ ရှီဝမ်ရွာနှင့်ခြားနားစွာပင် ဟယ်ရှားရွာ၏ ဖွံ့ဖြိုးတိုးတက်မှုက မဆိုးပေ။ အားလုံးကိုလွယ်ကူစွာရရှိနိုင်သည်။ ဝမ်မင်ယီလည်း ညဘက်မှာရေချိုးနိုင်ခဲ့သည်။ စစ်ကျွင်းတောက်လည်း ဤနေရာတွင် အလုပ်လုပ်နိုင်ခဲ့၏။ အရာရာတိုင်းက လမ်းကြောင်းမှန်ပေါ်တွင် စနစ်တကျ ရှိနေသည်။
ပြန်လည်ရွေးချယ်ထားသော ဒေသခံသရုပ်ဆောင်များနှင့်အတူ ဝမ်မင်ယီနှင့် ကောင်းကျယ်တို့သည် သူတို့၏ဇာတ်ကွက်များကို ပြန်လည်ရိုက်ကူးခဲ့သည်။ ခန်းကျယ်က ဝမ်မင်ယီကို သင်ခန်းစာများ ရှင်းပြရန် ကိုယ်ကိုငုံ့ကိုင်းလိုက်သည်။ ခန်းကျယ်က စကားပြော၍ပြီးသွားချိန်တွင် ဇာတ်ညွှန်းအတိုင်း ဝမ်မင်ယီကိုလှည့်ကြည့်လိုက်သည်။ ဝမ်မင်ယီကလည်း သူ့ကို ပြန်ကြည့်နေသည်။ ခန်းကျယ်က သူ၏မျက်လုံးများမှာ အလွန်တရာကြည့်ကောင်းလှကြောင်းကို ရုတ်ရက်တွေ့လိုက်သည်။အလွန်တောက်ပပြီး၊ အလွန်သန့်စင်လွန်းကာ အကြည့်များက ကြည်လင်နေသည်။
သူက တကယ်ကိုသန့်စင်တဲ့လူဟူ၍ ခန်းကျယ် တွေးလိုက်မိသည်။ သူက လူ့အသိုင်းအဝိုင်း ဒါမှမဟုတ် ဤလောက၏ကျော်ကြားမှုများနှင့် ညစ်ညမ်းအောင်အရောင်ဆိုးခြင်း မခံရသေးချေ။ အန္တရာယ်ကျရောက်နေသည့်အချိန်၌ပင် သူ၏ပထမဆုံးတုံ့ပြန်မှုမှာ သူ့ဘာသာသူ ထွက်သွားရန်မကြိုးစားခဲ့ပဲ လူတိုင်းကို အတူတကွ ထွက်ခွာခွင့်ရရန်ပြုလုပ်ခြင်းဖြစ်သည်။
ရှားပါးပြီး အဖိုးတန်သော ကျောက်စိမ်းတုံးကဲ့သို့ပင်။
''အဆင်ပြေတယ်၊ ဒီအခန်းက ပြီးပြီ''
သူကအော်လိုက်သည်။
ခန်းကျယ် သူ၏အကြည့်တို့ကို ရုတ်သိမ်းလိုက်သည် ။ဝမ်မင်ယီလည်း ထရပ်ကာ အရိုးနှင့် ကြွက်သားများကို လှုပ်ရှားလိုက်သည်။
ခန်းကျယ်က အဖွဲ့ထဲမှကလေးများ နှင့်အတူ လေ့ကျင့်ခန်းလုပ်ရင်း ပြေးလွှားကစားနေသော သူ့ကိုကြည့်လိုက်သည်။ သူက အမှန်ပင်တက်ကြွမှုအပြည့်ရှိသည်ဟု ခံစားရသည်။ သူက ဝမ်မင်ယီကို ပြုံးကာကြည့်လိုက်သည်။
နောက်ဆုံးနေ့တွင် ဝမ်မင်ယီထံမှ ဖတ်စာအုပ်ကို ခန်းကျယ်က ယူသွားပြီးနောက် ကြော်ငြာတစ်ခုလုံး ပြီးဆုံးသွားသည်။
ယွီရွမ်ဝမ်က အဆုံးသတ် ပျော်ပွဲရွှင်ပွဲကို ကျင်းပခဲ့ပြီး အုပ်စုလိုက်ဓာတ်ပုံများ ရိုက်ကြကာ နောက်တစ်နေ့တွင် ရွာမှပြန်လာခဲ့ကြသည်။
ထိုအချိန်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပရန် ငါးရက်သာ လိုတော့သည် ။
သူ၏အဖေနှင့်အမေက စစ်ကျွင်းတောက်ကိုဖုန်းခေါ်ကာ နှစ်ရက်အတွင်း ပြန်လာမည်ဟု ပြောသည်။
သူတို့က သူ့ကိုနှစ်သစ်ကူအတွက် ဘာမှမဝယ်လာဖို့နှင့် သူတို့အတူဝယ်ကြမယ့်အကြောင်းပြောသည်။စစ်ကျွင်းတောက်၏ထင်မြင်ချက်ကိုမလိုကြပေ။ ဝမ်မင်ယီက ထိုစကားကိုကြားကာ သူ့ဖုန်းကို ငုံ့ကြည့်လိုက်သည်။ စာတိုမရှိချေ။
အိုး!..သူသိပြီ။
သူက စစ်ကျွင်း တောက်ဘက်သို့လှည့်၍ စိတ်ဆိုးစွာပြောလိုက်သည်။
"ကျွန်တော် ငါရိုက်ကူးရေးစလုပ်နေပြီဆိုတာ ကျွန်တော့်မိဘတွေကို မပြောနဲ့ ၊ ခင်များမိဘတွေကိုတောင် မပြောပဲနေရင် ပိုကောင်းမယ်''
စစ်ကျွင်းတောက်ကခေါင်းငြိမ့်လိုက်သည်။ ဝမ်မင်ယီက ဤအချက် အကြိမ်ရှစ်ရာခန့် အလေးထားပြောခဲ့သည်။ စစ်ကျွင်းတောက်က အသင့်ချရေးထား၏။ သူကဝမ်မင်ယီ၏ခေါင်းလေးကိုထိလိုက်ကာ ပြောလိုက်သည်။
''စိတ်မပူပါနဲ့"
နှစ်သစ်ကူးအကြို သုံးရက်အလိုတွင် စစ်မိဘများသည် ဝမ်မင်ယီ၏မိခင် ဝမ်ဝေနှင့်အတူ နောက်ဆုံးတွင် ပြန်လာခဲ့ကြသည်။
ဝမ်မင်ယီက သူမကို စစ်ကျွင်းတောက်၏မိဘများနှင့်အတူ ပြန်လာလိမ့်မည်ဟု မထင်ထားပေ။ သူမက ခနမျှ တုန့်ဆိုင်းသွားပြီး နောက်တစ်စက္ကန့်တွင် ဝမ်မင်ယီကို ပွေ့ဖက်လိုက်သည်။
ဝမ်ဝေက သူ့ကို ပွေ့ဖက်ထားပြီး
"ကလေး၊ အမေ မင်းကို အရမ်းလွမ်းတယ်!"
ဝမ်မင်ယီက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ မယုံပါဘူးနော်။
ဝမ်ဝေပြန်လာတော့ ဝမ်မင်ယီက သူမနှင့်အတူ အိမ်ကိုပြန်ဖို့ဖြစ်လာသည်။
စစ်ကျွင်းတောက်က ဝမ်ဝေ့ကိုအကြံပေးခဲ့သည်။
"မဟုတ်လည်း ဒီည ကျွန်တော်တို့အိမ်မှာ နားပါလား''
ဝမ်ဝေ့ကပြုံးကာ ပြောလိုက်သည်။
"ရပါတယ် ၊ အမြဲတမ်း မင်မင့်ကို ဂရုစိုက်ပေးဖို့ မင်းကိုပဲ နှောင့်ယှက်နေရတာ၊ အခုငါပြန်လာတော့ အိမ်ပြန်သင့်တာ သဘာဝပါပဲ''
စစ်ကျွင်းတောက်က ဘာပြောနိုင်တော့မှာလဲ။ ဝမ်မင်ယီက ကြားဖြတ်ကာ သူ့ကိုပြောလိုက်သည်။
" သူ(မ)ပြန်ပါစေ၊။ သူ ပြန်ပြီးတော့ ကောင်းကောင်းတွေ့ပါလိမ့်မယ်''
ဝမ်ဝေ့ကအစပိုင်းတွင် သူမကြည့်နေရသည့်အရာကို ဘာမှမတုံ့ပြန်ခြင်းသော်လည်း တံခါးကိုဖွင့်လိုက်စဉ် ဖုန်အလိမ်းလိမ်းတက်နေသည့်အိမ်ကို တွေ့လိုက်ရသောအခါ တိတ်ဆိတ်သွားခဲ့သည်။
"ဘေဘီ၊ ဒါ ဘယ်လိုဖြစ်ရတာလဲ"
ဝမ်ဝေ့ အံ့သြသွားသည်။
ဝမ်မင်ယီက အေးစက်စွာ ညည်းတွားလိုက်သည်။
ဝမ်ဝေ့က သူ့ရဲ့မျက်နှာကို ဆွဲဆိတ်လိုက်ပြီး
''ဘာလို့ အမြဲညည်းနေရတာလဲ၊ ဝက်ကလေး''
''အမေကမှဝက် ၊ အမေတို့တစ်အိမ်သားလုံးဝက်တွေ''
''ငါတို့ မိသားစုထဲ မင်းမပါလို့လား''
ဝမ်ဝေ့က ပြုံးကာ သူ့မျက်နှာကို ပုတ်လိုက်သည်။