အပိုင်း ၁၁၁
Viewers 29k

Chapter 111




လူအုပ်ထဲရှိ ဝေချင်က သူ့ကို နှာခေါင်းရှုံ့သည်။ ထို့နောက် ညစ်ပတ်သောအရာကို ရှောင်ကြဉ်သကဲ့သို့ ခေါင်းကိုလှည့်၍ နောက်တဖန် မကြည့်တော့ပေ။


ချီရှင်းချန် အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့သော်လည်း ဝေချင်၏ခံစားချက်ကို သူနားလည်နိုင်ခဲ့သည်။ အချိန်တိုအတွင်း မမျှတသည့် အချစ်ခံစားချက်ကို သူခံစားခဲ့ရ၏…မည်သို့ပင်ဖြစ်စေ ဤသည်က နာကျင်ရပြီး မကောင်းပါချေ။


၎င်းကိုတွေးတောရင်း ပိုင်ရဲ့က သူ့အပေါ် အမြဲတမ်း အမြဲတမ်းမျက်နှာသာပေခဲ့သည်ကို ရုတ်တရက် သတိထားမိလိုက်၏။


ပိုင်ရဲ့နှင့် သူ၏ဆက်ဆံရေးကို အတည်မပြုခင်မှာ သူက မကြာခဏဆိုသလို မနာလိုဖြစ်တတ်သူဖြစ်၏။ အခုမှ တွေးကြည့်သောအခါ သူ့၌မနာလိုဖြစ်စရာ အနေအထား (အခွင့်အရေး)ရှိမနေပါချေ။


တခြားသူသာဆိုလျှင် သူ့ကို လျစ်လျူရှုထားသည်မှာကြာပြီဖြစ်လိမ့်မည်။


ပိုင်ရဲ့တစ်ယောက်ကသာလျှင် ဒေါသမထွက်ခဲ့ပေ။ ယင်းအစား၊ သူက သူ့ကို စိတ်လိုလက်ရ အလိုလိုက်ပြီး သူ၏ ယုတ္တိမရှိသော မနာလိုစိတ်ဖြင့်ပင် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။


... သူက ပိုင်ရဲ့ ပိုသဘောကျလာမိသလိုပါပင်။


ဖုန်းကိုထုတ်ကာ အောက်နှုတ်ခမ်းကို ကိုက်၍နှိပ်လိုက်သည်။


[ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ]


သူ့သတ္တိကို စုဆောင်းရင်း နောက်ထပ် စကားနှစ်ခွန်း ထပ်ထည့်လိုက်သည်။


[ကောကော]


ပိုင်ရဲ့: "…"


စင်နောက်မှာသာ လူသိပ်မရှိပါက သူ ပြေးသွားပြီး နေ့တိုင်း သူ့နှင့် ပရောပရီလုပ်နေသည့် ဖန်လေးကို နမ်းမိလိမ့်မည်။

..............


နည်းပြများ၏ စွမ်းဆောင်မှုအတွက် ပရိသတ်ဦးရေ ၁၀၀၀ သတ်မှတ်ထားသည်။ တရားမျှတမှုအတွက်၊ စနစ်က ၎င်းတို့ကို ကျပန်းရွေးချယ်ခဲ့သည်။ တစ်ယောက်ယောက်က ပိုများသည့်ပရိသတ်အချိုးရသည်မျိုး ပြဿနာရှိနိုင်သော်လည်း၊အပေါ်ယံတွင်ကွာခြားမှုများစွာမရှိသောကြောင့်၎င်းသည်ပိုမိုမျှတသည်။


အမှတ်ပေးနည်းလမ်းမှာ တိုက်ရိုက်မဲပေးခြင်းနှင့် အွန်လိုင်းမဲပေးခြင်းတို့လည်းဖြစ်သည်။ အဖွဲ့တစ်ဖွဲ့စီ၏ ဖျော်ဖြေမှုအပြီးတွင် ပရိသတ်က အဖွဲ့တစ်ခုလုံး၏ ဖျော်ဖြေမှုကို အမှတ်ပေးမည်ဖြစ်သည်။ တွက်ချက်ပြီးနောက်၊ ၎င်းတို့ကို အဆင့်သတ်မှတ်ရန်နှင့် ဖယ်ရှားရန်အတွက် သင်တန်းသားတစ်ဦးစီ၏ အွန်လိုင်းမဲပေးမှုရမှတ်တွင် ရမှတ်များကို ပေါင်းထည့်မည်ဖြစ်သည်။


ဖျော်ဖြေမှုအစီအစဉ်သည် ကျပန်းရွေးချယ်မှုအတွင်း သီချင်းများ၏အစဥ်လိုက်အပေါ် အခြေခံထားသည်။ ပထမအုပ်စုမှာ ပိုင်ရဲ့၏အဖွဲ့၊ ဒုတိယအုပ်စုမှာ ကျန့်ယွီယန်၏အဖွဲ့၊ တတိယအုပ်စုမှာ ဝေချင်။ အဖွဲ့၊ စတုတ္ထအုပ်စုမှာ ချီရှင်းချန်၏ အဖွဲ့ဖြစ်ပြီး ပဉ္စမအုပ်စုမှာ ချန်ကျားရီ၏အဖွဲ့ဖြစ်သည်။


နေ့လည် ၁ နာရီတွင် ပရိသတ်များ ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြသည်။နေ့လည် ၁ နာရီ ၄၀ တွင် ချန်ကျားရီ၏ ကြေငြာချက်အောက်တွင် ပထမအဖွဲ့ ပေါ်လာသည်။


ပိုင်ရဲ့၏ဖျော်ဖြေမှုဖြစ်သောအခါ ပရိသတ်များနှင့် အခြားသင်တန်းသားအုပ်စုများ အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ချီရှင်းချန် နှင့် သူ၏အဖွဲ့၀င်များသည် စင်မြင့်နောက်ကွယ်ရှိ  LCD ဖန်သားပြင်ရှေ့တွင် ရပ်နေကြသည်။ သင်တန်းသားငါးဦးဖြင့် ဝန်းရံထားသော လူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။


"ချီလောင်ရှီး" 


ရှဲ့ယွမ်က လည်ပင်းကို ဆန့်လိုက်သည်။


"ပိုင်လောင်ရှီးမှာ ကျွန်တော်တို့အဖွဲ့လိုပဲ ပုံသေစင်တာမရှိဘူးလား"



"ဟမ်... မတ်တပ်ရပ်နေတဲ့ အနေအထားကနေ ကြည့်ရတာ အဲလိုဖြစ်ပုံပဲ"


မုန့်မုန့်က မတ်တပ်ရပ်နေပုံ အနေအထားကိုကြည့်ပြီး ခေါင်းညိတ်လိုက်၏။


မုန့်မုန့်၏ စကားတွေကို ကြားသောအခါ စင်နောက်က တခြားသူတွေလည်း သတိထားမိသွားသည်။ပိုင်ရဲ့က အဖွဲ့၏အနောက်ဘက်တွင် ရပ်နေပြီး လူသုံးဦးက သူ့ကို ပိတ်ဆို့ထားသည်။ သူ့အတွက် စင်တာဖြစ်ရန် မဖြစ်နိုင်ပေ။


"ပိုင်ရဲ့ကိုဝိုင်းထားသည်" ဟု ထင်ယောင်ထင်မှားဖြစ်ရသည့် အကြောင်းအရင်းကို လူတိုင်းနားလည်ရန် အချိန်အတော်ကြာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အရှိန်အဝါက အလွန်ပြင်းထန်ပြီး တောက်ပလွန်းသောကြောင့် ဖြစ်သည်။ အနောက်မှာ ရပ်နေလျှင်ကင် သူ့အလင်းရောင်ကို ဘယ်သူမှ ပိတ်ဆို့တားဆီး၍မရပါချေ။


သူ ထိုနေရာမှာရှိနေသရွေ့ ပရိသတ်၏မျက်လုံးတွေက သူ့အပေါ် အလိုအလျောက် အာရုံစိုက်နေမှာဖြစ်ပြီး တခြားဘယ်သူ့ကိုမှ မမြင်နိုင်တော့ပါချေ။


ဤသည်က ပိုင်ရဲ့ပါပင်။


ချီရှင်းချန်၏အကြည့်များ ပို၍ပြင်းပြလာသည်။ ကင်မရာမှာ ဖမ်းမိသွားမှာကြောက်သဖြင့် ချက်ချင်းပဲ သူ့ကိုယ်သူ ထိန်းပြီး ဖျော်ဖြေမှုကို အလေးအနက်ထား စောင့်ကြည့်ရန် သူ့အဖွဲ့အဖွဲ့ဝင်တွေနှင့် ထိုင်လိုက်၏။


"သူတို့အဖွဲ့ရဲ့ သီချင်းပုံစံက လေးတွဲ့တွဲနိုင်တယ်... ခံစားချက်တွေ အများကြီးရှိတယ်" 


ရန်ရွယ်ရင်က စာကြောင်းအနည်းငယ်ကို နားထောင်ပြီး ချီးကျူးလိုက်သည်။


"ပိုင်လောင်ရှီးရဲ့ အလှည့်အပြောင်းက အံ့သြစရာကောင်းတယ်...နားထောင်ရတာ ခေါင်းတွေကို တစစ်စစ်ဖြစ်လာတယ်"


ချီရှင်းချန်က သူ့ကိုယ်သူတွေးလိုက်သည်။


 'အဲဒါက ပြောစရာတောင် လိုသေးလို့လား'


လုကျိနန်: "အုပ်စုတစ်ရဲ့ သီချင်းက ဆိုရခက်ရုံတင်မကဘူး၊ အကကလည်း အခက်အခဲတော့ မလျှော့ဘူး...ပိုင်လောင်ရှီးက ရက်စက်တယ်၊ သင်ပေးတာလည်း ကောင်းတယ်" 


ချီရှင်းချန် သူ့ကိုယ်သူတွေးလိုက်သည်။


 'အဲဒါက ပြောစရာတောင် လိုသေးလို့လား'


ရှဲ့ယွမ်:"ကျွန်တော့်အခန်းဖော်ကပြောတယ်... ဒီသီချင်းကြောင့် မူးလဲလုနီးပါးဖြစ်ခဲ့တဲ့သင်တန်းသားရှိတယ်တဲ့... ဒါပေမဲ့ အုပ်စုတစ်ထဲက တစ်ယောက်ကမှ  ပိုင်လောင်ရှီးကို စိတ်မဆိုးကြဘူး...ပိုင်လောင်ရှီးနဲ့ သင်တဲ့ ငါးရက်တာက အနုပညာနယ်ပယ်ထဲဝင်ပြီးကတည်းကနေ သူတို့ရင်ထဲအထိဆုံး ငါးရက်မြောက်နေ့လို့ အားလုံးက ပြောကြတယ်...ပိုင်လောင်ရှီးက အံ့သြစရာကောင်းလွန်းတယ်... ဒါပေါ့... ကျွန်တော်တို့ရဲ့ ချီလောင်ရှီးလည်း အတူတူပါပဲ"


ချီရှင်းချန်က သူ့ကိုယ်သူတွေးလိုက်သည်။


 'အဲဒါက ပြောစရာတောင် လိုသေးလို့လား'


ကျန်းယန်: "ဝူး...ပိုင်လောင်ရှီးရဲ့ ဘေ့စ်ရက်ပ်က လစ်ထွက်နေတာပဲ


ချီရှင်းချန် သူ့ကိုယ်သူတွေးလိုက်သည်။


 'အဲဒါက ပြောစရာတောင်လိုသေး...'


သူ့စိတ်ထဲမှာ ဂုဏ်ယူမဆုံးနိုင်ခင် အုပ်စုလေးထဲက လူတိုင်းက သူ့ကို တညီတညွတ်တည်း လှည့်ကြည့်လာကြသည်။


ချီရှင်းချန်သည် လူတိုင်းက လေတိုက်(ကြွားလုံးထုတ်)ပြီးပြီဖြစ်၍ သူလေတိုက်ရမည့် အလှည့်ရောက်ပြီဟု တွေးလိုက်၏။ 


"ရဲ့ကောက နွေဦးရဲ့ ပထမဆုံးလေညင်း ၊ နွေရာသီရဲ ပထမဆုံး ဖရဲသီး ၊ ဆောင်းဦး ရဲ့ ပထမဆုံး စပါးနှံ ၊ ဆောင်းရာသီရဲ ပထမဆုံး နှင်းပွင့်ပဲ...တောင်ပေါ်က ကြည်လင်တဲ့ စမ်းချောင်း၊ တောထဲက သမင်တွေနှင့် ကမ္ဘာပေါ်မှာရှိတဲ့ လှပတဲ့ အရာအားလုံး...သူက ဖန်ဆင်းရှင် လူသားတွေကို ဖန်တီးဖို့ရာအတွက် မှီငြမ်းယူရတဲ့စံညွှန်းပဲ"


အုပ်စု ၄ ဆွံံ့အနေကြသည်။


"ချီလောင်ရှီး" 


မုန့်မုန့်က တံခါးကို ညွှန်ပြသည်။


"တေးကွက်ဖော်ဆရာက လောင်ရှီးကို ရှာနေတယ်"


ချီရှင်းချန်:"အိုး ကျဲရေ... ကျွန်တော့်အတွက် အဲဒီအပိုင်းကို ဖျက်ပေးဖို့ ကျဲကို ဒုက္ခပေးရဦးမယ်"


ထိုသို့ဖြင့် ချီရှင်းချန်က ထပြီး စင်္ကြံဆီ သွားလိုက်သည်။တေးကွက်ဖော်ဆရာက သူ့လက်ထဲမှာ စာရွက်စာတမ်းတစ်ခုကို ကိုင်ထားပြီး "ချီလောင်ရှီး နောက်ကဟာကို ဖျော်ဖြေချင်တာ သေချာလား" ဟု မေးလာသည်။


"ဟုတ်ကဲ့"


"ကြိုးတွေမထည့်ဘူးနော်"


"မထည့်ဘူး... ဝိုင်ယာကြိုးတွေထည့်ရင် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး"


"ကောင်းပြီ ...ငါသိပြီ"


တေးကွက်ဖော်ဆရာက သူ့လက်ထဲက စာရွက်စာတမ်းကို ဝှေ့ယမ်းပြသည်။ 


"ဒါက မသက်ဆိုင်ကြောင်းရှင်းလင်းချက်တစ်ခုပါ...ဖျော်ဖြေမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့ရင်၊ ထုတ်လုပ်ရေးအဖွဲ့က တာဝန်မယူပါဘူး... ဒါက ကုမ္ပဏီလုပ်ထုံးလုပ်နည်းပါ...ပူးပေါင်းဆောင်ရွက်ပြီး လက်မှတ်ထိုးပေးပါ... ကိုယ်ရေးကိုယ်တာ ရှုထောင့်ကနေကြည့်ရင်တော့ မင်းကို မတော်တဆမှုတစ်ခုမှဖြစ်တာ မမြင်ချင်ဘူး"


… ကုမ္ပဏီကြီးတွေက လူတွေက သည်အတိုင်းပဲ လျှောမွှေးနှင့်ဗာရာဏသီချဲ့ ချင်ကြသည်။ချီရှင်းချန် စဉ်းစားလိုက်သည်။သူ ယခင်က ဤရှိုးကို အကြိမ်ပေါင်းများစွာ ဖျော်ဖြေခဲ့ဖူးပြီး တစ်ခါမှ ပြဿနာမရှိခဲ့ပါချေ။


စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်၊ ချီရှင်းချန် စင်နောက်သို့ ပြန်သွားခဲ့သည်။ ထိုအချိန်တွင် အုပ်စုတစ်က ၎င်းတို့၏ ဖျော်ဖြေမှု ပြီးဆုံးသွားခဲ့ပြီး ပရိသတ်၏ ထောက်ခံမဲများကို လက်ခံနေခဲ့သည်။


လူတိုင်းမျှော်လင့်ထားသည့်အတိုင်း ပရိသတ် 1,000 တွင် 800 ကျော် မဲပေးခဲ့ကြသည်။ မဲပေးမထားသည့် ကျန်သူများသည် ၎င်းတို့ပံ့ပိုးသည့် သင်တန်းသားများက အခြားအုပ်စုများတွင် ရှိနေကြ၍ အုပ်စုတစ်ကို အမှတ်ပိုမပေးချင်သောကြောင့်ဖြစ်သည်။


၎င်းနောက် အုပ်စုနှစ် ရောက်လာ၏။ကျန့်ယွီယန်က  ကိုရီးယားအချစ်သီချင်းကို ပြုပြင်ဖန်တီးခဲ့ပြီး ယင်းက jazz funk နှင့်တွဲထားသောအခါ အလွန်ချစ်စရာကောင်းပြီး စုစုပေါင်း အမှတ် 700 ကျော် ရရှိခဲ့သည်။


၎င်းနောက် အုပ်စုသုံးအလှည့် ရောက်လာပြီး ဝေချင် စင်ပေါ်တက်သွား၏။


ဝေချင်၏ဝတ်စုံက ချီရှင်းချန်နှင့်ဆင်တူသည်။ယင်းက အမိုက်စား ရော့ခ်စတိုင်ဖြစ်သည်။ မီးခိုးရောင်မိတ်ကပ်နှင့် အိုင်းလိုင်နာ၊ အားပြင်းသောအကြည့်နှင့် လျှို့ဝှက်ဆန်းကြယ်သော အသံအကျိုးသက်ရောက်မှုများနှင့်အတူ၊ အမြင်အာရုံအကျိုးသက်ရောက်မှုမှာ အလွန်ပြင်းထန်သည်။


သီချင်း၏ ပထမကိုယ်ထည်ပြီးနောက် သံပြိုင်အပိုဒ်ကို ရောက်လာပြီဖြစ်သည်။


ဝေချင်က ရှေ့သို့ လျှောက်သွားလိုက်သည်။

သူ့ပါးစပ်ကို မဖွင့်ခင်မှာ ရုတ်တရက် သူ့အင်္ကျီအနားကို မလိုက်သည်။

သူ၏ကောင်းစွာလေ့ကျင့်ထားသော ဝမ်းဗိုက်ကြွက်သားများနှင့် Apolloခါးပတ်ကို ပရိသတ်ရှေ့တွင် ပြသလိုက်ရ္ ပရိသတ်က စက္ကန့်ပိုင်းလောက် ထိတ်လန့်သွားပြီး အမျိုးသမီးပရိသတ်တွေက အသံမြင့်ကာ အော်ဟစ်အားပေးခဲ့ကြ၏။


"အားးးး —" 


နည်းပြတစ်ယောက်ရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ဝေချင်လို ချောမောတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို မြင်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ...ကံကောင်းလိုက်တာ...


စင်နောက်တွင် ရှဲ့ယွမ်၏ ပါးစပ်က ဟောင်းလောင်းပွင့်နေ၏။ 


"ငလူး... ဆရာဝေက အလုပ်အရမ်းကြိုးစားတာပဲ"


"မဆဲနဲ့" 


ချီရှင်းချန်က ကင်မရာကို ကြည့်လိုက်သည်။


"ကျဲ ကျေးဇူးပြုပြီး ဒီစကားကို ဖျက်ပေးပါ...ရှဲ့ယွမ် ရှိုးကို ငြိမ်ငြိမ်လေးကြည့်"


"ကောင်းပါပြီ…"


ဝေချင်၏နည်းလမ်းက မှားသည်ဟု ချီရှင်းချန်မထင်ခဲ့ပေ။ နည်းပြတစ်ဦးအတွက် တာဝန်မှာ သင်တန်းသားများအား တိုးတက်အောင်မြင်စေရန် ကူညီပေးမည့် ရလဒ်ကောင်းများရရှိအောင် ကူညီပေးရန်ဖြစ်သည်။မည်သည့်နည်းလမ်းကို သုံးခဲ့သည်ဆိုခြင်းက အရေးမကြီးပါချေ။


ဝေချင်က ပရိတ်သတ်ကို ဆွဲဆောင်ရန် သူ၏ ခန္ဓာကိုယ်ကို ပြသရန် အားကိုးနေရုံသာ ဖြစ်သည် ။သီချင်းမဆုံးခင်မှာ သူက ရှည်လျားသည့် ဒုတိယမြောက်အမြင့်သံကို ဖျော်ဖြေခဲ့ပြီး အကျိုးသက်ရောက်မှုက အလွန်ကို တုန်လှုပ်ဖွယ်ဖြစ်သည်။


ပရိသတ်က တစ်ခါထဲ ထိန်းချုပ်မှုလွတ်သွားခဲ့သည်။


အဆုံးမှာ အုပ်စုသုံက ရမှတ် 867မှတ် ရခဲ့သည်။ပိုင်ရဲ့၏ 913 မှတ်နှင့် 40 မှတ်ပဲကွာ၏။(အပေါ်မှာ 800 ဆိုပြီး🥺)


ရမှတ်ကြေညာသည့်အခိုက်တွင် ပိုင်ရဲ့က ခေါင်းငုံ့ကာ စာရိုက်လိုက်သည်။


[ဖိအားမဖြစ်နဲ့... ကိုယ့်ပုံစံအတိုင်းပဲ ကိုယ်လုပ်]


ချီရှင်းချန်က စောင့်ဆိုင်းနေသည့်နေရာ၌ ရောက်နေပြီဖြစ်သည်။ သူက ပြန်ဖြေလိုက်သည်။

 [ဟုတ်ကဲ့...ကျွန်တော်နားလည်ပါပြီ ကောကော]


ထို့နောက် လက်ခုပ်တီးကာ အခြားငါးယောက်အားပြောလိုက်၏။


"ငါတို့ ဒီနေ့ ဖျော်ဖြေပွဲအတွက်ခွန်အားတွေ အများကြီးသုံးခဲ့တယ်၊ ဆင်းရဲဒုက္ခတွေ အများကြီးခံစားခဲ့ရတယ်၊အများကြီး ပင်ပန်းခဲ့ရတယ်...   ကျွမ်းကျင်မှုအရ တခြားအုပ်စုတွေက သေချာပေါက် မင်းတို့လောက်မတော်ဘူး...ဆိုတော့ မင်းတို့ရဲ့လေ့ကျင့်ရေးစိတ်ဓာတ်ကို ထုတ်ပြီး ဒီဖျော်ဖြေမှုကို အမှားသုညနဲ့ ပြီးအောင်လုပ်ပါ...မင်းတို့မှာယုံကြည်မှုရှိရဲ့လား"


သင်တန်းသားများ: "... ဟုတ်ကဲ့"


ချီရှင်းချန် : "မင်းတို့ဘာလို့ တိုးတိုးလေးပြောနေတာလဲ"


ရှဲ့ယွမ်က ခေါင်းငုံ့ကာ ဘာမှပြန်မပြောပေ။


ပွင့်ပွင့်လင်းလင်းပြောရလျှင် ပထမသုံးဖွဲ့က အလွန် သန်မာသည့်အတွက် စိတ်ဓာတ်မကျဖို့ရာ မဖြစ်နိုင်ပါချေ။ အထူးသဖြင့် အုပ်စုသုံး၏ ပုံစံက သူတို့နှင့်ဆင်တူသောကြောင့်ဖြစ်၏။ သူတို့ရှေ့တွင် ထိုကဲ့သို့သော ပုလဲရွဲကဲ့သို့အရာတစ်ခုရှိနေသည့်အခါ ချွေးများဖြင့်စတေး၍ ရရှိထားသော သနားစရာကောင်းသော ယုံကြည်မှုက အရိပ်အယောင်မျှမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။


ချီရှင်းချန်အနေဖြင့် သူတို့၏စိုးရိမ်မှုများကို ခန့်မှန်းနိုင်သည်။ 


"နှစ်မိနစ်ပဲကျန်တော့တယ်... မင်းတို့ ယုံကြည်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီဖျော်ဖြေမှုကို အပြီးသတ်ရမယ်...ဝမ်းနည်းနေပုံပေါက်တာထက် ပျော်နေပုံပေါက်တာက ပိုကောင်းတယ်... ဒါ့အပြင်…"


သူက ခဏရပ်လိုက်၏။ 


"ငါတို့ မလုပ်နိုင်ဘူးလို့ ဘာကြောင့် သေချာနေတာလဲ...အကောင်းဆုံးဖျော်ဖြေပြီး ကျန်တာတွေ ငါ့တာဝန်ထားလိုက် ဟုတ်ပြီလား"


သူစကားပြောသည့်အခါ သူ့အကြည့်တွေက ခိုင်မာပြီး သူ့အမူအရာက စိတ်အေးလက်အေးရှိနေသည်။သင်တန်းသားတွေက သူ့အမူအရာကိုမြင်သောအခည ဘာကြောင့်မှန်းမသိပေမဲ ရုတ်တရက် စိတ်အေးသက်သာရှိသွားသလို ခံစားလိုက်ရသည်။


သူတို့အကုန်လုံး ပြိုင်တူဆအာ်လိုက်ကြသည်။ "ဟုတ်ကဲ့ပါဗျ"


"ဟုတ်ပြီ"


ချီရှင်းချန်က သူ့လက်ကို လူခြောက်ယောက်နှင့် ဖွဲ့စည်းထားသည့် စက်ဝိုင်း၏ အလယ်မှာ ထားသည်။ 


"အုပ်စု ၄ အကောင်းဆုံးလုပ်ကြမယ်"


ကျန်ငါးယောက်က သူတို့လက်များကို သူ့လက်ပေါ်မှာ ထပ်လိုက်သည်။ 


"အုပ်စု ၄ အကောင်းဆုံးလုပ်ကြမယ်"

.........


စင်မြင့်မီးများ မှိန်သွားသည်။ချီရှင်းချန်က သူ့အဖွဲ့အား စင်မြင့်ပေါ်သို့ ဦးဆောင်ခေါ်သွားကာကာ ၎င်းတို့၏ပုံစဲအလိုက် တန်းစီသည်။


ထို့နောက် အဝေးမှ ဂီတသံ ထွက်ပေါ်လာပြီး မီးများပွင့်လာသည်။ရန်ရွယ်ရင်က လှည့်၍ လက်နှစ်ဖက်ဖြင့် မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။၎င်းနောင် အနိမ့်သံနှင့် ပဲ့တင်ထပ်နေသော တီလုံးမဲ့သီချင်းတစ်ပုဒ်ဖြင့် အဖွင့်ကိုစတင်လိုက်သည်။


သူ့အသံက ကြည်လင်ပြီးရှင်းသန့်သည်။ ပရိသတ်များ မျက်စိမှိတ်ပြီး ဂရုတစိုက် နားမထောင်မိဘဲမနေနိုင်ကြ။


နောက်တစ်စက္ကန့်တွင်၊ ဘေ့စ်နှင့် လေးလံသော ဒရမ်များ ရုတ်တရက် ဖြတ်ဝင်လာသည်။မုန့်မုန့်က ဆိုးသွမ်းစွာ ပြုံးပြပြီး တန်းစီနေသော ပုံစံမှ ခုန်ထွက်လိုက်သည်။ တိုတောင်းသောအမြင့်သံနှစ်ခုက ဂီတ၏စည်းချက်ကို တိုက်ရိုက်အရှိန်မြှင့်ပြီး ပဓာနသီချင်း၏ ပထမအပိုင်းသို့ တွန်းပို့သည်။


ထိုသို့သော ဆန့်ကျင်ဘက်အဖွင့်သည် စိတ်ခံစားချက်ကို နှိုးဆွနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ အောက်နားက ပရိသတ်က အချင်းချင်း စကားပြောကြသည်။။ 


"ဒီအဖွဲ့ထဲက ပထမနှစ်ယောက်က တော်တော်လေး ကောင်းတယ်နော်"


"ဟုတ်တယ်...ငါလည်း အဲ့လိုပဲထင်တယ်"


သီချင်း၏48BPMက  သီဆိုရ ပိုလွယ်၏။ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အားနည်းနေသော လုကျိနန်ကို ပေးအပ်ရန် လူတိုင်းက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ဒုတိယမြောက်48BPMမှာ ချီရှင်းချန်ဖြစ်သည်။


"...ဟင်" 


ပရိသတ်က မနေနိုင်ဘဲ သိချင်သွားကြသည်။ "နည်းပြတွေအားလုံး သံပြိုင်အပိုဒ်ဆိုကြတာ မဟုတ်ဘူးလား...ဒီအပိုင်းထပ်ပေါင်းလိုက်တော့ ကြယ်အလင်းတန်အကဲဖြတ်သူရဲ့ အခန်းကဏ္ဍက နည်းနည်းကြီးသွားတယ်ဟုတ်တယ်မလား"


"ဟုတ်တယ်... ငါတို့မုန့်မုန့်ကိုလည်း သူ့မျက်နှာကို ပြဖို့ နောက်ထပ် စက္ကန့်နည်းနည်းလောက် အချိန်ပေးပါဦးဟယ်"


"ဟဲ့...နင့်အသံကို လျှော့ ...နောက်က ကြယ်အလင်းတန်းတွေကြားသွားဦးမယ်"


သို့သော်လည်း အဖွဲ့ဖွဲ့စည်းမှုပြီးဆုံးသောအခါ၊ သူတို့ခြောက်ယောက်သည် သူတို့၏ဖွဲ့စည်းပုံကို လျင်မြန်စွာပြင်ဆင်ပြီး သံပြိုင်၏ ဘရိတ်ဒန့်အကအပိုင်းသို့ ဝင်ရောက်ခဲ့ကြသည်။


နောက်ဆုံးအတန်း၏ဘယ်ဘက်အစွန်ဆုံးမှာ ရပ်နေသည့် ချီရှင်းချန်ကိုမြင်သောအခါ မုန့်မုန့်၏ဖန်က သူ့ပါးကို ကိုင်လိုက်ပြီး ရှက်ရွံ့စွာပြော၏။


"ရှောင်ချီလောင်ရှီးကို ငါမှားအပြစ်တင်မိတာပဲ... သူက ပိုင်လောင်ရှီးလိုပဲ စင်တာနေရာကို မရွေးချယ်ခဲ့ဘူး"


ပိုင်ရဲ့က လူကြိုက်များဖို့ မလိုအပ်ပေမဲ့ ချီရှင်းချန်က ကွဲပြားလေသည်။ တစ်လျှောက်လုံး သံသယဝင်ခံထားရသူသည် လူအများစုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။ သူ့ကို ပရိသတ်က မြင်ရန်နှင့် ပရိတ်သတ်၏လက်ခံအတည်ပြုချက်ကို လိုအပ်လေသည်။


သို့ပေမဲ့ သူ မလုပ်ခဲ့ပေ။ သင်တန်းသားတွေကို သူ့အတွက် ကခိုင်းမည့်အစား အဖွဲ့၏အဖွဲ့ဝင်ဖြစ်ရန် ရွေးချယ်ခဲ့၏။


"ဟုတ်တယ်" 


အခြား မုန့်ဖန်က ပြောသည်။


"တကယ်တော့...Fအတန်းကို ချန်ထားခဲ့အပိုင်းက သူ့ကို ပံ့ပိုးဖို့ ပရိုဂရမ်အဖွဲ့က ဇာတ်ညွှန်းဖန်တီးထားတာလို့ ငါ အမြဲတွေးခဲ့တယ်...ရှောင်ချီလောင်ရှီးကက တကယ်ကို သဘောကျဖို့ ထိုက်တန်တယ်ဆိုတာ အခုမှ နားလည်သွားပြီ"


"ငါလည်း လုံးဝ သဘောတူတယ်... ငါ သူ့ဖန်တစ်ယောက်ဖြစ်လာနေပြီ ဟားဟားဟား"


ဘရိတ်ဒန့်က အလွန်သပ်ရပ်ပြီး လက်မြှောက်သည့်ထောင့်တောင်မှ အတူတူပင်ဖြစ်ကာ သီချင်း၏ဒုတိယ ကိုယ်ထည်အပိုင်းကို ရှဲ့ယွမ် နှင့် ရန်ရွယ်ရင်တို့က အတူတကွ သီဆိုခဲ့သည်။ ထို့နောက် ဘရိတ်ဒန့်၏ ဒုတိယ သံပြိုင်အပိုဒ်ဖြစ်၏။


ထိုနောက်မှာ ဒရမ်တီးသံတွေက ပိုမြန်လာသည်။ သူတို့ငါးယောက်က ဒေါင်လိုက် ကော်လံနှစ်ခုမှာ တန်းစီပြီး ကျန်းယန်၏ပုခုံးတွေကို ဆုပ်ကိုင်လိုက်ကြသည်။


ကျန်းယန်က ကင်မရာရှေ့တွင် သူလည်ပင်းကို ဖြတ်သည့် အမူအရာ ပြုလုပ်ခဲ့သည်။ စင်မြင့်အောက်က ဖန်မလေးတွေက သူ၏အေးစက်မိမိုက်မှုကြောင့် သဘောကျသွားပြီး သူ့နာမည်ကို အော်လိုက်ကြသည်။ 


"ကျန်းယန်...ကျန်းယန်"


အကျိုးသက်ရောက်မှုကို အလွန်ကျေနပ်ပြီး ကျန်းယန်က ခေါင်းကို ခါယမ်းလိုက်သည်။လျှာကိုဆတ်ခနဲလှုပ်ကာ ပထမဆုံးရက်ပ်ဖြင့် စင်မြင့်က သူ့အိမ်ဖြစ်လာခဲ့သည်။


15 စက္ကန့်နီးပါးရက်ပ်ဆိုပြီးနောက် ကျန်းယန်က ထူးချွန်ပြောင်မြောက်စွာဖျော်ဖြေခဲ့သည်။နောက်ဆုံးတွင် သူသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် အဖွဲ့ထံသို့ ပြန်သွားခဲ့သည်။


သူက တန်းစီထားသည့်ထဲမဝင်ခင်မှာ ချီရှင်းချန်ကို အသာအယာပုတ်ခဲ့သည်။ "ကျွန်တော် စင်ကို အစ်ကို့ဆီထားခဲ့လိုက်ပြီနော် အစ်ကို" ဟု ဆိုလိုပုံရသည်။


ကျန်းယန်၏ လက်ဖျားခါလောက်သောဖျော်ဖြေမှု၏တွန်းအားအောက်တွင် မျက်လုံးများအားလုံးသည် ချီရှင်းချန်ကို အာရုံစိုက်နေခဲ့သည်။ကျန်းယန်သယ်ဆောင်လာသည့်အပျော်ကို သူဘယ်လိုဆက်လုပ်မလဲ သိချင်နေကြသည်။


ဆက်ရက်ပ်ဆိုပြီး ဆက်လောင်(ကျွမ်း)လိမ့်မည်လား...


သို့မဟုတ် ပိုမိုလက်ရာမြောက်သော အကစွမ်းရည်ကိုပြသရန် တစ်ကိုယ်တော်အကသို့ ပြောင်းလိမ့်မည်လား...


ချီရှင်းချန်လည်း ကျန်းယန်ကို ခေါင်းညိတ်ပြီး လိုင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ နောက်အခိုက်အတန့်တွင် သူ၏အသွင်အပြင်ကို မြင်သောအခါ စတူဒီယိုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။


မူလက ချီရှင်းချန်သည် အနီရောင် သားရေဂျာကင်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားခဲ့သည်။ယခု ဘယ်ချိန်ကမှန်းမသိ သူ့ဂျာကင်ကို ချွတ်ထားလေးသည်... အတွင်းထဲတွင်ရှိနေသည်က အနားတွင် ပန်းဖွားများပါသော အဖြူစွတ်စွတ်ရောင်ဂျာကင်ဖြစ်သည်။


သူ့မျက်လုံးထောင့်ရှိ ပန်းရောင်ကာခြယ်နှင့် တွဲလိုက်သောအခါ မက်မွန်ပန်းခင်းထဲက ခိုးထွက်လာသည့် နတ်ဆိုးလေးတစ်ကောင်လိုပါပင်။ တောက်ပသည့်မျက်လုံးများ၊ဖြူဖွေးသည့် သွားများဖြင့် အပြစ်ကင်းစင်မှုနှင့် သန့်ရှင်းစင်ကြယ်မှုတို့ တွဲလျက်ရှိနေသည်။


ထိုအချိန်တွင် ဒရမ်သံများ ပျောက်ကွယ်သွားကာ တေးဂီတသံများ နှေးကွေးလာသည်။ ပုလွေသံနှင့်အတူ လိုက်ပါလာသော ချယ်လိုသံ တစ်ဖန်ထွက်ပေါ်လာသည်။


ဖျော်ဖြေမှု၏စိတ်ခံစားချက်ရသနှင့် ကိုက်ညီရန် ဖြစ်နိုင်သည်၊ စတူဒီယို၏ မျက်နှာကျက်ကနေ ဖဲကြိုးဖြူနှစ်ချောင်း ပြုတ်ကျလာပြီး ချီရှင်းချန်၏ ဘယ်ညာတစ်ဖက်တစ်ချက်စီမှာ ကျသွား၏။


"ဖဲကြိုးတွေက တော်တော်လှတယ်...ငါတို့အရင်က မှန်းထားတာ အကုန် မှားသွားပုံရတယ်" 


အနောက်တန်းမှ အမျိုးသမီး ပရိသတ်က သူမ၏ သူငယ်ချင်းများကို တိုးတိုးလေး ပြောလိုက်သည်။


"ရှောင်ချီလောင်ရှီးက ရက်ပ်၊ တစ်ကိုယ်တော် မလုပ်ချင်ဘူး...သူ့မျက်နှာကို ရောင်းချင်နေတာ"


"ဒါပေမဲ့ သူ့မျက်နှာကို ငါ သဘောကျတယ်...သူအဲဒီမှာ မလှုပ်မယှက် ရပ်နေရင်တောင် ကြည့်ကောင်းတယ်...ငါ့မှာသာ ကောကောတစ်ယောက် မရှိသေးရင် ငါ သူ့အမာခံဖန်ဖြစ်နိုင်တယ် ဟားဟားဟား"


မိန်းကလေးတွေက စိတ်အား ထက်ထက်သန်သန်နှင့် ဆွေးနွေးကြ၏။ သို့သော် ချီရှင်းချန်က

ကျော်ကြားမှုကို ဆွဲဆောင်ရန် သူ့မျက်နှာကို အားကိုးလိုကြောင်း အားလုံးက သဘောတူခဲ့ကြချိန်မှာပဲ...


ချီရှင်းချန်က နှစ်ဘက်လုံးဖဲကြိုးများကို လက်နှစ်ဖက်ဖြင့် ဆွဲလိုက်သည်။ ကျွမ်းပစ်ပြီးနောက်၊ သူသည် ဇောင်ထိုးအနေအထားတွင် ရှိနေသည်။


သူ့ဘယ်ဘက်ခြေထောက်ကို ဖဲကြိုးများဖြင့် တင်းကျပ်စွာ ပတ်ထားသည်။