အပိုင်း ၁၁၂
Viewers 38k

Chapter 112


ချီရှင်းချန်က နှစ်ဘက်လုံးဖဲကြိုးများကို လက်နှစ်ဖက်ဖြင့် ဆွဲလိုက်သည်။ ကျွမ်းပစ်ပြီးနောက်၊ သူသည် ဇောင်ထိုးအနေအထားတွင် ရှိနေသည်။


သူ့ဘယ်ဘက်ခြေထောက်ကို ဖဲကြိုးများဖြင့် တင်းကျပ်စွာ ပတ်ထားသည်။


လူတွေကို တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ လွှဲယမ်းနေသောလက်ကဖဲကြိုးနှင့်အတူ  လျင်မြန်စွာမြှောက်တက်လာသည်။ဤအနောက်တိုင်းပုံစံရှောင်ချီလောင်ရှီးက သတင်းထုတ်လွှင့်မှုနှင့် ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်၏ ဗီဒီယိုများတွင် ပေါ်ထွက်ရန်အတွက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဆက်ကပ်ပညာများကို တစ်ချိန်က အားကိုးခဲ့ကြောင်း သူတို့ သတိရသွားချိန်မှာ…


ဖဲကြိုးများက မြေပြင်အထက် ငါးမီတာနီးပါးမှာ 

ချီရှင်းချန်ကို လေထဲတွင် တန်းလန်း ချိတ်ဆွဲထားပြီးဖြစ်သည်။


သံမဏိကြိုးများကဲ့သို့သော အကာအကွယ်အစီအမံများကို မတွေ့ရပေ။


"ဖာ့ခ်"


"အိုးမိုင်ဂေါ့"


"အိုးမိုင်ဂေါ့"


ကျောက်တုံးကြီးကို ရေကန်ထဲ ပစ်ချလိုက်သလိုပင်။ "ဝိုး" ခနဲဖြင့် အသံသွင်းစတူဒီယိုမှာ ပွက်ပွက်ဆူလာသည်။


ကံမကောင်းစွာပဲ၊ လေထဲမှာ ဇောက်ထိုးချိတ်ဆွဲထားသည်က ပွဲပြီးသွားသည်ဟုမဆိုလိုပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် ချီရှင်းချန်၏ရှိုးပွဲက ယခုမှစတင်ခဲ့ခြင်းဖြစ်သည်။


သူက "မိုးပျံပိုး" ဟုခေါ်သော ကောင်းကင်ဘားတစ်မျိုးကို ဖျော်ဖြေခဲ့သည်။ဖျော်ဖြေသူက အဝတ်အစား၊ မိတ်ကပ်စသည်ဖြင့်ပြင်ဆင်ကာ လေထဲတွင် နည်းပညာဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုးကို အပြီးသတ်ရန် ဖဲကြိုးတစ်ချောင်း သို့မဟုတ် နှစ်ခုကို အသုံးပြုရသည်။ အကျိုးသက်ရောက်မှုက လေထဲတွင် ပျံနေသကဲ့သို့ အလွန်ပြေပြစ်သည်။


အချိန်က တင်းကျပ်ပြီး ချီရှင်းချန် အချိန်ဖြုန်း၍မရပေ။သူသည် ဖဲကြိုးများကို ဆွဲကိုင်ကာ မတ်တပ်ရပ်နေသည့် အနေအထားသို့ ပြန်သွားရန် သူ့ခါး၏ ခွန်အားကို အသုံးပြုခဲ့သည်။


ထို့နောက် ညာခြေထောက်ကို ရှေ့သို့ဆန့်ကာ ကိုယ်ကိုနောက်သို့ပြန်ညွတ်ပြီး ခြေနှစ်ဖက်ကို မျဥ်းတစ်ဖြောင့်ထဲဖြစ်အောင် လေထဲတွင် ခွဲလိုက်သည်။


"အားးးး...ပျော့ပြောင်းနေတာပဲဟယ်"


"ဒါက တကယ် လူသားတစ်ယောက်ရဲ့ ပျော့ပြောင်းမှုဟုတ်ရဲ့လား...ငါ့မျက်လုံးတွေက ငါ့ကိုလှည့်စားနေတာလား"


သူ သူ့ညာဘက်ခြေထောက်ကို ပြန်ဆွဲယူပြီး ဖဲကြိုးတွေကို နှစ်ကြိမ်လောက် လှည့်ပတ်လိုက်ကာ သူ့ဂျာကင်ကပန်းဖွားတွေက တဖျပ်ဖျပ်ခတ်နေသည်။ ဘယ်ညာ လှည့်ပြီးနောက် လက်နှစ်ဖက်ကိုဖွင့်ကာ အပေါ်အောက် ဖြည်းဖြည်းချင်း လှုပ်ယမ်းသွားသည်။ စက်လက်မောင်းများလို အပြန်ပြန်အလှန်လှန် ရွေ့လျားနေသဖြင့် သူက သေမျိုးကမ္ဘာဆီသို့ ဆင်းသက်လာသော မသေမျိုးနတ်သားတစ်ဦးကဲ့သို့ပင်။


အလွန်လှပပြီး အစစ်အမှန်ဟုပင်မထင်ရပေ။


ပုလွေသံက တဖြည်းဖြည်း အားနည်းလာသည်။ နောက်ဆုံးတွင် ချီရှင်းချန်က သူ၏ခြေထောက်များကို လိမ်ပြီး ဖဲကြိုးများပေါ်တွင် ချိတ်လိုက်သည်။ ရုတ်တရက် သူ့လက်ကိုလွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပြုတ်ကျလာသည်။



ပရိသတ်များ ပါးစပ်ဟောင်းလောင်းဖြင့် အသက်ရှူရန် မေ့သွားလောက်အောင် လန့်သွားကြသည်။ စင်နောက်ဘက်တွင် ပိုင်ရဲ့၏လက်များ စိုးရိမ်မှုဖြင့် တင်းမာလာပြီး သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင် တုန်ယင်သွားသည်။


ကံကောင်းထောက်မစွာဖြင့် ချီရှင်းချန်၏ခြေကျင်းဝတ်များက ခိုင်မြဲစွာချိတ်ထားသည်။ပြုတ်ကျသွားပြီးနောက် နေရာမှာ ခိုင်မြဲစွာ တွဲလောင်းလျက်သား ရှိနေသည်။ နောက်ဆုံးမှာ ပရိသတ်က သက်ပြင်းချလိုက်ပါ၏။


လေထဲတွင် တစ်စက္ကန့်မျှ ခေတ္တရပ်ပြီးနောက် ပုလွေသံသည် လွင့်ပါးသွားတော့မည်ဖြစ်သည်။ သူ့ခြေထောက်များက ဖဲကြိုးများဖြင့် ရစ်ပတ်ထားဆဲဖြစ်ပြီး သူကမလှုပ်သေးပေ။၎င်းနောက် ဖဲကြိုးတွေကို ဘယ်လက်နှင့် ကိုင်ပြီး အပေါ်ကို တက်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်ကို လေးကိုင်းသဏ္ဍာန် ညွှတ်ထားပြီး ညာလက်ဖြင့် လေထဲမှာ အလေးပြုလိုက်သည်။ သူ ပရိသတ်အားလုံး၊ ပရိုဂရမ်အဖွဲ့မှ အဖွဲ့ဝင်များနှင့် နေ့ရောညပါ လေ့ကျင့်ခဲ့သော အဖွဲ့သားများအားလုံးကို အလေးပြုခဲ့သည်။


ပုလွေသံရပ်သွားပြီး ချယ်လိုက နောက်ဆုံးနုတ်ကိုတီးခတ်သည်။ချီရှင်းချန် နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့ ဆင်းလာခဲ့သည်။


ပရိသတ်ထဲမှာ တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက်ဖြင့်… လူတိုင်းက မတ်တပ်ရပ်ပြီး ကိုယ့်ကိုယ်ကို ငြိမ်အောင်မရပ်ရသေးသည့်စင်မြင့်အလယ်က လူတစ်ယောက်ကို ကြည့်နေကြသည်။


သြဘာပေးသံများ၊ ပြင်းထန်သော လက်ခုပ်သံများက စတူဒီယိုကို လွှမ်းသွားသည်။စင်နောက်မှ ပိုင်ရဲအပါအဝင် သင်တန်းသားအားလုံး မတ်တပ်ထရပ်ပြီး လက်ခုပ်တီးလိုက်မိကြသည်။


ငါးမိနစ်အကြာတွင် စတုတ္ထအုပ်စု၏ ရမှတ်များ ထွက်ပေါ်လာသည်။ ၎င်းတို့သည် စုစုပေါင်း 907 မှတ်ရထားပြီး ပထမအုပ်စုနှင့် ဆယ်မှတ်အောက်သာ ကွာဝေးသည်။


ပိုင်ရဲ့၏ မျက်လုံးများထဲရှိ ကွယ်ဝှက်ထားသော မြတ်နိုးမှုကို မြင်လိုက်ရသောအခါ ဝေချင် ဤအချီတွင် သူ ချီရှင်းချန်ကို ရှုံးသွားမှန်း သိလိုက်သည်။


အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့သည်။


အောက်က ပရိသတ်၏ အားပေးမှုကို ကြည့်ပြီး ချီရှင်းချန် ဘာမှ မခံစားရပါချေ။


သူ၏ချောမောသော ရုပ်ရည်နှင့် ပုံစံကြောင့် ဆက်ကပ်အဖွဲ့တွင် ရှိနေစဉ် မရေမတွက်နိုင်သော "မိုးပျံပိုးစ"ဖျော်ဖြေပွဲများ ပြုလုပ်ရန် အဖွဲ့ခေါင်းဆောင်ဆီက ဆွဲခေါ်ခြင်း ခံခဲ့ရသည်။မီးဘာညာက သည်မှာလောက် မလှပေမဲ့ သိသိသာသာ ကွာခြားမှု မရှိပါချေ။


သူ့ကို အပျော်ဆုံးဖြစ်အောင် လုပ်ခဲ့သည်က သူ့အဖွဲ့ဝင်တွေ907 မှတ်ရသွားခြင်းဖြစ်သည်။သူတို့ ပထမအုပ်စု၏ ရမှတ်နှင့် ဤမျှ နီးကပ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါချေ။


သူ့အတွက် ဤသည်က ယခုအချိန်အထိကာလတစ်လျှောက်မှာ ပိုင်ရဲ့နှင့် အနီးကပ်ဆုံးအချိန် ဖြစ်နိုင်သည်။


ချီရှင်းချန် တည်ငြိမ်ဟန်ဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ကျန့်ယွီယန်၏ အင်တာဗျူးနှင့် နောက်ပြောင်မှုကို လက်ခံပြီးနောက် သူ့အဖွဲ့ကို ခေါ်ပြီး စင်ပေါ်ကနေဆင်းခဲ့သည်။


သို့သော်၊ သူ စင်္ကြံထဲသို့ဝင်ပြီး စင်နောက်ဘက်သို့ မရောက်မီ ရှဲ့ယွမ် သူ့ကို ပွေ့ဖက်လိုက်သည်။


"ချီလောင်ရှီး...လောင်ရှီးကို သေအောင် ချစ်တာဗျာ"


ထိုသို့ပြောရင်း သူက ဖက်ထားသည်ကလုံလောက်အောင် မတင်းကျပ်သလိုမျိုး နှစ်ခါမွှေ့ယမ်းလိုက်သေးသည်။


"...ဒါက မင်းရဲ့ကိုယ်ပိုင်ကြိုးစားမှုကြောင့်ပါ" 


ချီရှင်းချန် အနည်းငယ် အသက်ရှူကြပ်နေသည်။ "ရှဲ့ယွမ်...ငါ့ကို လွှတ်ဦး"


"မလွှတ်ဘူး...လောင်ရှီးကအကောင်းဆုံးပဲ


မုန့်မုန့်က ဘေးကနေပြောသည်။


"ချီလောင်ရှီး...ရှဲ့ယွမ် ပြောတာ မှန်ပါတယ်...ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ကောင်းကောင်းသိပါတယ်...တကယ်တော့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေမှုက အုပ်စုသုံးနဲ့ဘာမှမကွာဘူး...ကျွန်တော်တို့မှာ အဓိကအဆိုရှင်မရှိတော့ နည်းနည်းတောင် ပိုဆိုးသွားသေးတယ်... အုပ်စုသုံးထက် ပိုဆိုးတယ်... ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်တွေအတွက် လောင်ရှီးကကူဖြည့်ပေးခဲ့တာပါ... 906 မှတ်ရဲ့ တစ်ဝက်ကို လောင်ရှီးက ယူပေးခဲ့တာ...တကယ်ကို ကျေးဇူးတင်ပါတယ်"


ရန်ရွယ်ရင်: "ဟုတ်တယ်"


သင်တန်းသားတွေက ထိုသို့ပြောသည့်အတွက် ချီရှင်းချန် ငြင်းမနေတော့ပေ။ 


"ကောင်းပြီ...မင်းတို့ရဲ့ကျေးဇူးတင်မှုကို ငါလက်ခံတယ်... ရဲဘော်လေး ရှဲ့ယွမ်….."


"အဟမ်း"


ရှဲ့ယွမ်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခါနီးမှာ နောက်ကနေ ချောင်းဆိုးသံနှစ်ချက်ထွက်လာသည်။


လုကျိနန်က အသံလာရာကို ကြည့်ပြီးပြောလိုက်သည်။


"ပိုင်လောင်ရှီး..."


"အင်း... မင်းတို့ကောင်းကောင်းလုပ်ခဲ့တယ်"


ပိုင်ရဲ့က သူတို့ကို ချီးကျူးနေပေမဲ့ သူ့မျက်လုံးတွေက ချီရှင်းချန်၏နောက်ကျောကို ကြီးစွာသော ဂရုစမစိုက်ဟန်အမူအရာဖြင့်ကြည့်ပြီး "ရှဲ့ယွမ် လွှတ်လိုက်" ဆိုပြီး အမိန့်ပေးနေလေသည်။


ရှဲ့ယွမ်: "…"သူ့လက်ကို တိတ်တိတ်လေး လွှတ်လိုက်သည်။


ဒါက ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုလားဆိုတာ သူမသိပေမဲ့ ပိုင်လောင်ရှီးရဲ့ လေသံက အရမ်းပျော်နေပုံမပေါ်ဘူးလို့ သူခံစားရတယ်...


နောက်ဆုံးတွင် ချီရှင်းချန် လတ်ဆတ်သောလေကို ပြင်းပြင်းထန်ထန်ရှုရှိုက်လိုက်သည်။


ထို့နောက် ပိုင်ရဲ့ သူ့အား လက်ညိုးထိုးလာပြီး သူကလည်း သူ၏ချစ်လှစွာသော အဖွဲ့သားများကို ချက်ချင်းချန်ထားခဲ့လိုက်သည်။ 


"အမ်း...အဲဒါဆို... မင်းတို့ စင်နောက်သွားပြီး ကောင်းကောင်း အနားယူလိုက်ဦး...ငါ မင်းတို့ရဲ့ပိုင်လောင်ရှီးနဲ့ ဆွေးနွေးစရာရှိတယ်...ငါ ခဏနေမှ ပြန်လာခဲ့မယ်"


"ကောင်းပါပြီ ရှောင်ချီလောင်ရှီး"


အကြောင်းတစ်ခုခုကြောင့် ချီရှင်းချန် ပိုင်ရဲ့ မပျော်ဘူးဟု ခံစားရသည့်အတွက် သင်တန်းသားတွေက သူ့ကို သွားခွင့်မပြုလျှင်ပင် သူသွားရမှာဖြစ်သည်။ သူ ရှဲ့ယွမ်ကြောင့်တွန့်သွားသည့်အင်္ကျီလေးကို ပြန်ဆွဲချပြီး ပိုင်ရဲ့၏နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့သည်။


ပိုင်ရဲ့က ဦးဆောင်ပြီး သန့်စင်ခန်း၏အတွင်းဆုံးခန်းထဲကို ဝင်လိုက်သည်။ချီရှင်းချန်က နောက်ကနေလိုက်သည်။ချက်ခနဲ ပိုင်ရဲ့က တံခါးကို လော့ချလိုက်၏။


ချီရှင်းချန်၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ အခြေအနေ မကောင်းဘူးဟု သူ ခံစားရ၏။


"…ရဲ့ကော" 


သူ အားမပါစွာခေါ်လိုက်သည်။ 


"ကော ဘာဖြစ်နေတာလဲ"


ပိုင်ရဲ့ လက်ပိုက်ပြီး သူ့ကို ဘာမှမပြောဘဲ အရေးမစိုက်ဟန်ဖြင့် ကြည့်နေသည်။


"တစ်ယောက်ယောက်က ကောကို စိတ်ဆိုးအောင်လုပ်လိုက်တာလား"


ပိုင်ရဲ့က "အင်း"ဟု ပြန်ဖြေသည်။


"အဲဒါဘယ်သူလဲ" 


ချီရှင်းချန်က သူ့အင်္ကျီလက်ကို လှန်တင်လိုက်သည်။ 


"ကျွန်တော် သူ့ကို သင်ခန်းစာပေးပစ်လိုက်မယ်"


ဘယ်သူလဲလို့ သူဘယ်လိုများ မေးရဲတာလဲ...


ပိုင်ရဲ့က ပြုံးပြီး အဖြေကို တိုက်ရိုက်ပြောပြလိုက်သည်။ 

"မင်း"


မင်း…မင်း…မင်း…


ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။ပိုင်ရဲ့ စိတ်မချမ်းသာအောင် သူဘာမှ မလုပ်ခဲ့ဘူး...


"အဲဒါ ရှဲ့ယွမ်လား" 


ချီရှင်းချန် မှန်းဆလိုက်သည်။ 


"အဲ့ကလေးက အမှတ်ကောင်းကောင်းရလို့ တအားပျော်နေတာ...ဝမ်းသာလွန်းအားကြီးပြီးသူလုပ်လိုက်တာရယ်...ကော မကြိုက်ရင် နောက်တစ်ခါ ဘယ်သူ့ကိုမှ မဖက်ခိုင်းတော့ဘူး"


… ဖန်လေးက ဘာကြောင့် ဒီလိုထင်ခဲ့တာလဲ...


သူ၏သတိထားနေသောလေသံကိုကြားပြီး ပိုင်ရဲ့ သူ့အပေါ်တက်ပြီး အေးစက်မနေရက်တော့သဖြင့်  စိတ်ရှည်လက်ရှည် ပြောလိုက်သည်။


"အဲဒါကြောင့် မဟုတ်ဘူး"


"ဘာကြောင့်လဲ..."


"ဒီလောက် အန္တရာယ်များတဲ့ဖျော်ဖြေမှုအတွက် စတီးကြိုးကို ဘာလို့မသုံးတာလဲ" 


ပိုင်ရဲ့က လေးလေးနက်နက်ပြော၏။ 


"ဘာလို့ ကြိုမပြောတာလဲ"


ချီရှင်းချန်ကရှင်းပြခဲ့သည်။


"ကျွန်တော်သာ စတီးကြိုးကို သုံးရင် မူလစိတ်လှုပ်ရှားစရာကောင်းပြီး ကျော့ရှင်းမှုနဲ့ အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး" 


ပိုင်ရဲ့ကိုဘာလို့ မပြောတာလဲဆိုတာကတော့... သူပြောလျှင် ပိုင်ရဲ့က သူ့ကို ဖျော်ဖြေခွင့်မပေးဘူးဆိုသည်က သေချာ၏။ပိုင်ရဲ့မသိအောင် သူ တမင်တကာ ဖုံးထားခြင်းဖြစ်သည်။


သို့သော် ပိုင်ရဲ့က သူ့ကို ဂရုစိုက်သောကြောင့် ဒေါသထွက်နေမှန်းလည်း သူသိသည်။ သူကြောက်ပေမဲ့ ပျော်၏။ ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ပူဖောင်းလေးတွေစီထလောက်အောင် ပျော်၏။


ခဏလောက်စဉ်းစားပြီး သူ ပိုင်ရဲ့၏အင်္ကျီလက်ကိုဆွဲကိုင်လိုက်သည်။ နှစ်ကြိမ်တိုင်တိုင် ခေါ်ပြီးပြီဖြစ်၍ တတိယအကြိမ်က တော်တော်လေးချောချောမွေ့မွေ့ခေါ်လိုက်နိုင်သည်။


"ကောကော ကျွန်တော်မှားသွားပါတယ်"


ပိုင်ရဲ့: "…"


"နောက်တစ်ခါဆို ကြိုပြောပါ့မယ် ...စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား"


ဒီလိုပြောတတ်အောင် ဘယ်သူသင်ပေးထားတာလဲ...


ဖွင့်ချည်ပိတ်ချည်ဖြစ်နေသည့်သူ့ဖန်လေး၏ နှုတ်ခမ်းများကို ကြည့်ပြီး ပိုင်ရဲ့၏ ဒေါသများ ပြေပျောက်သွားသည်။ နာကျင်ခြင်းတွေ ကူကယ်ရာမဲ့ခြင်းတွေပဲ ကျန်ခဲ့တယ်...


ပြီးတော့ စိတ်ကူးတစ်ခုပေါက်လာတယ်....


သူတကယ်နမ်းချင်လာတယ်...


သို့ပေမဲ့ ပိုင်ရဲ့က အမှားလုပ်မိသူကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ပေ။ အေးစက်စက် အမူအရာကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ 


"တောင်းပန်လိုက်ရုံနဲ့ အဆင်ပြေမယ်လို့ မင်းထင်လား"


ချီရှင်းချန်က ပြန်မေး၏။


"ဒါဆို ဘာလုပ်ရမလဲ"


ပိုင်ရဲ့က ဘယ်ဘက်မျက်ခုံးကို ပင့်လိုက်သည်။


အိုး...သိပြီ...


ပိုင်ရဲ့၏ စိတ်ကို သူဖတ်နိုင်သလိုမျိုး ချီရှင်းချန်က ပိုင်ရဲ့၏အင်္ကျီလက်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားရင်း ပိုင်ရဲ့၏ရင်ဘတ်ကို ကျန်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။ သူက အနည်းငယ် ခြေဖျားထောက်လိုက်ပြီး ပိုင်ရဲ့၏ နှုတ်ခမ်းဆီသို့ ခေါင်းကိုတိုးကပ်သွားလိုက်၏။


ဖျော်ဖြေမှုပြီးခါစဖြစ်၍ ပူနွေးနေသည့် လက်ကလေးက သူ့ရင်ဘတ်ကို ဖိလိုက်သည်ကို ပိုင်ရဲ့ခံစားလိုက်ရသည်။မမျှော်လင့်ထားသော နွေးထွေးမှုလေးကို ခံစားရခြင်းကြောင့် ပိုင်ရဲ့မထိန်းချုပ်ထားနိုင်တော့ပေ။


သူ့လက်မောင်းကို ကောင်လေး၏ ခါးတွင် ရစ်ပတ်၍ ချီမလိုက်သည်။ချီရှင်းချန် ခြေဖျားထောက်လျက်ပါသွားပြီး ခြေချောင်းထိပ်များသာ ကြမ်းပြင်ကို ထိနိုင်လေသည်။ သူထိတ်လန့်သွားပြီး ပိုင်ရဲ့၏ပုခုံးတွေကို အမြန်ပွေ့ဖက်လိုက်သည်။


တကယ်တမ်းတွင် သူတို့နှစ်ယောက်က အရပ်အမောင်း ခေါင်း တစ်ဝက်လောက်သာ ကွာ၏။ ဝမ်းနည်းစရာမှာ ဖျော်ဖြေပွဲအတွက် ပိုင်ရဲ့က ထူထဲသော မာတင်ဘွတ်ဖိနပ်ကို ၀တ်ဆင်ထားပြီး ချီရှင်းချန်က ပါးလွှာပြီး ပျော့ပျောင်းသောဖိနပ်ကို ၀တ်ထားသည်။


ယင်းကြောင့် သူ့ကိုယ်သူ ချော်လဲခြင်းမှ ကာကွယ်ရန် ပိုင်ရဲ့ နှင့် နီးကပ်စွာ ကပ်ထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။


အဆုံးတွင်၊ သူသည် ပိုင်ရဲ့၏ခန္ဓာကိုယ်ပေါ်တွင် တွဲလဲခိုလုနီးပါးဖြစ်နေသည်။


သူ့အမာခံဖန်လေးကို အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့်ဖြစ်၍ ပိုင်ရဲ့၏ အနမ်းက မနူးညံ့ပေ။နှုတ်ခမ်းလွှာများ အချင်းချင်းကူးလူးပွတ်တိုက်မှုကြောင့် ချီရှင်းချန်၏နှုတ်ခမ်းများ များမကြာမီ နီမြန်းလာခဲ့သည်။


"အွန့်…"


နာကျင်မှုကြောင့်ဖြစ်မည်၊ချီရှင်းချန်တစ်ယောက် ညည်းလိုက်မိ၏။


ပိုင်ရဲ့ မျက်လွှာချကာ ကြည့်လိုက်သောအခါ ဖန်လေး၏ မျက်ရည်စတို့ဝေသီနေသော ရီဝေဝေမျက်လုံးများနှင့် နီရဲနေသောမျက်လုံးထောင့်များကို တွေ့လိုက်ရသည်။


သူ့နှလုံးခုန်သံများမှားသွားပြီး အသက်ရှူသံတွေ ဖရိုဖရဲဖြစ်သွားခဲ့၏။ သူ့လက်က မထိန်းနိုင်ဘဲ ကောင်လေး၏အင်္ကျီအစွန်းအောက်ကို ရောက်သွားခဲ့သည်။


သို့သော်လည်း ကောင်လေး၏ ခါးသွယ်သွယ်လေးကို ထိလိုက်သည်နှင့် သတိပြန်ဝင်လာပြီး လက်ကို အမြန်ပြန်ရုတ်လိုက်သည်။


တိုတောင်းသောထိတွေ့မှုအပြီးနောက်၊ ချီရှင်းချန် ပိုင်ရဲ့လက်ဆွဲထုတ်လိုက်သောအခါမှသာ တုံ့ပြန်နိုင်ခဲ့သည်။ သူ့တစ်ကိုယ်လုံး မီးလောင်ခံထားရသကဲ့သို့ ခေါင်းမှ ခြေဖျားအထိ နီရဲနေသည်။


"… တောင်းပန်ပါတယ်"


ပိုင်ရဲ့ကက သူ့ကို ညင်သာစွာ ချပေးလိုက်ပြီး တောင်းပန်သည်။ 


"ကိုယ် အခုနက မထိန်းနိုင်ခဲ့ဘူး"


ချီရှင်းချန်က ပိုင်ရဲ့ကို မကြည့်ဝံ့ပေ။ခေါင်းကိုအောက်ငုံ့ပြီး ကြွေပြားတွေကို ကြည့်နေခဲ့သည်။


သူ့စိတ်ထဲမှာ တစ်ဖက်လူဆီသူ့ကိုထိလိုက်စဥ်က ခံစားချက်တွေနှင့် ပြည့်နေသည်။


ဘာလဲဆိုတာတော့ သူ မပြောပြနိုင်ပေမဲ့...


ဒါပေမဲ့… အရမ်းအဆင်ပြေတယ်...သူကြိုက်တယ်...


သူ ခြေတစ်လှမ်းဆုတ်ပြီး တံခါးကို မှီလိုက်သည်။ သူက ခြေချောင်းတွေကို ကြမ်းပြင်ပေါ်မှာ ပွတ်သပ်ပြီး ခြင်တစ်ကောင်လို ပျော့ပျောင်းတိုးညှ

င်းသည့် အသံနှင့်ဆိုလိုက်သည်။


"တကယ်တော့ ကော ကိုယ့်ကိုကိုယ် ထိန်းချုပ်စရာ မလိုပါဘူး"


ပိုင်ရဲ့: "...?"


"ကျွန်တော်က ကောရဲ့ချစ်သူကောင်လေးပါ" 


ချီရှင်းချန် ခက်ခက်ခဲခဲပြောလိုက်သည်။


"ကော...ကျွန်တော့်ကိုထိချင်ရင် ထိလိုက်ပါ...ထိန်းချုပ်မထားပါနဲ့"