Chapter 113
သူတို့နှစ်ယောက်လုံးက ယောက်ျားတွေဖြစ်သည်။ စိတ်ကြွလာသည့်အခါ တစ်ခုခုလုပ်သည်က ပုံမှန်ပါပင်။ သူဘာလုပ်ရမှန်းမသိပေမဲ့ သူ့ကြောင့် ပိုင်ရဲ့ကို ထိန်းချုပ်မထားစေချင်ပေ။
သူ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါသည်။
ထိုစကားများကိုကြားသောအခါ ပိုင်ရဲ့ ထိုအကြောင်းတွေကို ဆက်တွေးမနေတော့ပေ။ သူ တိုးတိုးလေး သက်ပြင်းချလိုက်သည်။
ဖန်လေး၏ ရှက်ရွံ့တတ်သော အကျင့်စရိုက်ကြောင့် ထိုစကားများကို ပြောရန် အများကြီး အားစိုက်ထုတ်ပြီး သတ္တိမွေးရခဲ့မည်ကို သူသိသည်။
ဖန်လေးက သူ့ကို အများကြီးသဘောကျ၍ဖြစ်ရမည်။
ပိုင်ရဲ့၏ အကြည့်တွေက ရုတ်ချည်း ပျော့ပြောင်းသွားသည်။ သူက ခေါင်းစောင်းပြီး ဖန်လေး၏ မေးစေ့လေးကို ကိုက်လိုက်သည်။ သူက သူ့လက်မကို ပါးပြင်ပေါ် အမြတ်တနိုး ပွတ်သပ်ရင်း တိုးတိုးလေးပြောလိုက်သည်။
"မင်းက ကိုယ့်ချစ်သူပါ...ဒါကြောင့် မင်းရဲ့တာဝန်က ကိုယ့်ကို သဘောကျဖို့၊ ကိုယ့်ကို ဂရုစိုက်ဖို့၊ ကိုယ့်ဆီကနေ အကာအကွယ်ခံဖို့ပဲ၊ ကိုယ့်ကို ကျေနပ်အောင်လုပ်ပေးဖို့ မဟုတ်ဘူး...ကိုယ့်ရဲ့ဆန္ဒတွေကို ဖွင့်ထုတ်ဖို့ ကိရိယာတစ်ခု ဖြစ်လာဖို့မဟုတ်ဘူးလေ"
ချီရှင်းချန် အနည်းငယ် ထိတ်လန့်မှင်တက်သွားသည်။
ပိုင်ရဲ့: "သိပြီလား"
အချိန်အတော်ကြာပြီးနောက်၊ ချီရှင်းချန်က "အမ်း" ဟု တိုးတိုးလေးပြောသည်။
ပိုင်ရဲ့ နှာခေါင်းရဲရဲ၊မျက်လုံးရဲရဲလေးများကို ကြည့်ပြီး တစ်ဖက်လူကို သူရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။
"ပြီးတော့ မင်းရဲ့ ပုံမှန်ဆက်ဆံရေးတွေကို ကိုယ်ဝင်စွက်ဖက်မှာ မဟုတ်ဘူး...ဒီနေ့ရှဲ့ယွမ် မင်းကို ဖက်တဲ့အခါ ကိုယ် နည်းနည်းတော့ စိတ်မချမ်းသာပေမဲ့ မင်း ဒါကို စိတ်ထဲထည့်နေစရာ မလိုဘူး...ကိုယ်က ပိုင်ဆိုင်ချင်စိတ်ကြီးလွန်းတာ...မင်းနဲ့ဘာမှမဆိုင်ဘူး"
"မင်းနဲ့ ဘာမှမဆိုင်ဘူး ဘယ်လိုလုပ်ဖြစ်မလဲ"
ချီရှင်းချန်က စိုးရိမ်တကြီးပြောသည်။
"ကောကိုစိတ်မချမ်းမသာဖြစ်စေတာက ကျွန်တော့်အပြစ်ပဲလေ"
ဒီလော့ဂျစ်က ဘယ်ကလာတာလဲ...
ပိုင်ရဲ့ ခဏလောက် စကားမပြောနိုင်ဖြစ်သွား၏။ပိုင်ရဲ့ သူ့ကို အပြစ်ဒဏ်ပေးသလိုမျိုး နှာခေါင်းလေးကို ညှစ်လိုက်သည်။
သူ၏ မိသားစုနောက်ခံကြောင့် ပိုင်ရဲ့က ငယ်စဉ်ကတည်းက ချမ်းသာသော သခင်လေးများစွာကို သိကျွမ်းခဲ့သည်။ အကုန်လုံးက ဘဝင်မြင့်သွေးနာထင်ရောက်နေကြသူတွေချည်းပင်။ဖန်လေးက ဘာကြောင့် ဤမျှလောက်အထိ ကိုယ့်ကိုကိုယ်အယုံအကြည်မရှိပြီး သူ့ကိုယ်သူ နိမ့်ကျသည့်အနေအထားမှာ အမြဲထားနေလဲဆိုသည်ကို သူနားမလည်ပေ။
စရိုက်တစ်ခုက နေ့ချင်းညချင်း မဖွံ့ဖြိုးနိုင်သလို တစ်ခါနှစ်ခါ မပြောင်းနိုင်သည်က စိတ်မကောင်းစရာပင်။ပိုင်ရဲ့ အနာဂတ်တွင် သူ့ဖန်လေး၏ ယုံကြည်မှုကို မွေးမြူရန် စီစဉ်ထားသည်။
ရှင်းရှင်းက သေချာပေါက်ကြယ်လေးဖြစ်သည်ကို ယခု မည်သို့ဖြစ်၍ဖုန့်မှုန့်တွေနှင့် ဖုံးလွှမ်းနေရသနည်း။
သူက သူ့မျက်နှာချင်းဆိုင်က ကောင်ငယ်လေးကို ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။
"မင်းက အရမ်းကောင်းတယ်...တကယ်ကိုကောင်းတယ်...မဟုတ်ရင် ကိုယ် မင်းကို ချစ်မိမှာ မဟုတ်ဘူး"
… တကယ်လား ...
ချီရှင်းချန် နှာရှုပ်လိုက်ပြီး မယုံနိုင်ဖြစ်နေသည်။
.....
ပွဲဦးထွက်ပါတီမစမီ တစ်ပတ်အလိုတွင် နည်းပြများဝင်ကူသည့် အပိုင်းကို တရားဝင်ထုတ်လွှင့်ခဲ့သည်။
"My Time"က ပြီးဆုံးတော့မည်။ အကြောင်းအရာနှင့် အာရုံစိုက်မှု နှစ်ခုစလုံးသည် အဆင့်သစ်တစ်ခုသို့ တိုးလာခဲ့သည်။ အွန်လိုင်းပေါ်က လူတွေ၏အရှိန်အဟုန်ကို ကြည့်လိုက်လျှင် ဤသည်က ဤနှစ်၏ နံပါတ်တစ် ရသစုံ ရှိုးဖြစ်မှာ သေချာ၏။ဤနှစ်၏မျက်နှာသစ်ဘုရင်က "My Time" ကနေ ထွက်လာခါနီးနေလေပြီ။
တစ်ပတ်အကြာတွင် စင်မြင့်က နည်းပြများနှင့် ဘာမှမဆိုင်တော့ပါချေ။သင်တန်းသားတွေကို လမ်းညွှန်ပေးရန်လည်း မလိုပေ။ကျန့်ယွိယန် နှင့် အခြားသူများသည် ၎င်းတို့၏ အလုပ်ကြွေးဆပ်ရန် သို့မဟုတ် အနားယူရန် အိမ်ပြန်ခဲ့ကြသည်။
ဝေချင်လည်း ပါ၏။နည်းပြများဝင်ကူသည့် အပိုင်းကစပြီး သူ ကိုယ်အလေးချိန် အများကြီး ကျသွား၏။ သူက ချီရှင်းချန် နှင့် ပိုင်ရဲ့ အနီးတစ်ဝိုက်တွင် ဆက်ဝေ့လည်ကြောင်ပတ်လုပ်နေခဲ့ပြီး ဘာတစ်ခွန်းမှ သူတို့ကိုမပြောပေ။
ချီရှင်းချန် သူ့ကို လေးစားမိသည်။ သူက သူမယှဉ်နိုင်မှန်း သိသောအခါမှာ ထွက်ခွာသွားခဲ့သည်။ ယောက်ျားတစ်ယောက်အနေနှင့် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့၏။
ပိုင်ရဲ့နှင့် ချီရှင်းချန်နှစ်ယောက်စလုံးက ရှိုးမှာ ဆက်နေရန် ရွေးချယ်ခဲ့ကြသည်။ "My Time" ပြီးဆုံးပြီးနောက်၊ ချီရှင်းချန်က အွန်လိုင်းဒရာမာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်သလို ပိုင်ရဲ့မှာလည်း လုပ်စရာတွေအများကြီးရှိသည်ကို သူတို့ သိကြသည်။
အချိန်တန်လျှင် ခွဲခွာရလိမ့်မည်။တောင် တစ်ယောက် မြောက်တစ်ယောက်နှင့် ဘယ်အချိန်ပြန်ဆုံကြမလဲဆိုသည်ကို မသိပေ။
ယခုတစ်ရက်ပိုအတူအချိန်ကုန်ဆုံးရလည်း တစ်ရက်ပင်။
ည ရှစ်နာရီမှာ ချီရှင်းချန် ပုလဲနို့လက်ဖက်ရည်တစ်ခွက်ကို မှာယူခဲ့သည်။ သူယခင်ကဲ့သို့ အချိန်အကြာကြီး ပိတ်မိနေမှာစိုး၍ တုန်ချန်အက်ပ်ကို ကြိုဖွင့်ပြီးဆိုဖာပေါ်တွင် လှဲနေရင်း ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။
ပထမဆုံးအခန်းကို မြင်လိုက်ရသောအခါ သူ ပုလဲနို့လက်ဖက်ရည်ကို ထွေးထုတ်လုမတတ် ဖြစ်သွားသည်။
ကျပန်းနည်းပြတွေရွေးသည့် အခန်းထဲမှာ ရှဲ့ယွမ်က နာမည်တံဆိပ်တစ်ခုကိုင်ထားပြီး ဆိုသည်။
"ပိုင်လောင်ရှီးက ဘယ်ဟာလဲ..."
ထို့နောက် မုန့်မုန့်က သူ အမည်ကဒ်နှင့်အတူ ဝင်လာခဲ့သည်။
"ပိုင်လောင်ရှီးရဲ့ သီချင်းက ဘယ်ဟာလဲ..."
ထို့နောက် လုကျိနန် ဝင်လာသည်။
"ပိုင်လောင်ရှီး 'Somebody' ပုံစံကို ကြိုက်လိမ့်မယ်...အုပ်စုလေးကို ကျွန်တော် ရွေးပါတယ်"
ချီရှင်းချန်၏ မျက်နှာ တဖြည်းဖြည်း မှောင်လာသည်။ ဟေ့ ဒီကောင်တွေက ငါ့ရည်းစားကို ဘာလို့ ဒီလောက် ကြိုက်နေကြတာလဲ...
ကျပန်းရွေးချယ်မှုအပြီးတွင် ချီရှင်းချန် အနှီမြင်ကွင်းကို မြင်လိုက်ရသည်။အုပ်စုလေး၏နောက်ကွယ်မှ နည်းပြမှာ သူဖြစ်သည်ကို သိသောအခါ၊အဖွဲ့ဝင်များ၏မျက်နှာပေါ်တွင် တွန့်ဆုတ်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
တိုက်ရိုက်မှတ်ချက်များ
[2333ရှောင်ယွမ်က ကလေးဆန်လွန်းတယ်...သူ့ခံစားချက်တွေကို ဘယ်လိုဖုံးကွယ်ရမှန်းမသိဘူး]
[မုန့်မုန့်က ရဲ့ကောကို မရွေးမိတဲ့အတွက် မပျော်ဘူး]
[ရဲ့ကောကို မရွေးမိဘဲကြယ်အလင်းတန်းအကဲဖြတ်သူကိုတည့်တည့်ရွေးမိတဲ့အတွက် အားလုံးက မပျော်ကြတာထင်တယ်... ငါလွတ်မြောက်ခဲ့ပြီ]
[ဟဲဟဲ ကံကောင်းလို့ ငါ့ကျဲက ဒီလိုပြောတာ... ဒီလိုမှမဟုတ်ရင် တချို့တချို့သော fan baseက ပိုပိုပြီး မာနကြီးလာလိမ့်မယ်...သူတို့က မင်းတို့ကို ထုတ်ပစ်ချင်တာဖြစ်နိုင်တယ် ~]
ရွဲ့စောင်းနေသော "~" ကိုကြည့်ပြီး ချီရှင်းချန်ဘာပြောရမှန်းမသိ။ သူ့တွင် ပရိသတ်များစွာမရှိသဖြင့်မှတ်ချက်တွေပြောသလောက် မရူးဟု သူထင်ခဲ့သည်။
သူက Weibo ကိုဖွင့်ပြီး ကြည့်လိုက်သည်။
… အိုးမိုင်ဂေါ့ ...သူ့မှာ Follower ခြောက်သန်းကျော်ရှိနေတယ်...
သူနောက်ဆုံးတွေ့လိုက်တုန်းက ငါးသန်းပဲရှိတယ်... ဘယ်တုန်းက တစ်သန်းတိုးလာတာလဲ...
Weibo ကို အံ့အားသင့်စွာ ပိတ်လိုက်ပြီး ရှိုးကို ဆက်လက်ကြည့်ရှုခဲ့သည်။ ဖန်သားပြင်ပေါ်မှာ သူက သင်တန်းသားများကို လေ့ကျင့်ရေးအခန်းသို့ ပြန်ခေါ်လာခဲ့သည်။ သူက မှတ်စုစာအုပ်ကို ကြည့်ကာ စာကြောင်းအနည်းငယ်ဖြင့် "Somebody" ၏ လိုက်လျောညီထွေဖြစ်စေမည့် ဦးတည်ချက်ကို ရွေးချယ်ခဲ့သည်။
[ကျွန်တော် ရှောင်ချီ ရဲ့ မှတ်စုစာအုပ်ကို အကြိမ်အနည်းငယ် တွေ့ဖူးတယ်...အရင်တုန်းက ဘာအတွက်လဲဆိုတာ မသိခဲ့ပေမဲ့ အခု ပြိုင်ပွဲဝင်တွေရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားတာကို သိလိုက်ရတယ်]
[U1S1၊ သူက မှတ်စုစာအုပ်တစ်အုပ်လုံးကို မှတ်တမ်းတင်ခဲ့တာ...ရှောင်ချီတိတိက တကယ်ကို လေးနက်ပြီး အလုပ်ကြိုးစားတယ်]
[ကွာ...ရှောင်ချီရဲ့ လျင်မြန်ပြီး ပြတ်ပြတ်သားသား စတိုင်လ်ကို ကြည့်လိုက်တော့ ရုတ်တရက် သူ့ကို နည်းနည်း သဘောကျသွားတယ်...QAQ ဘာလုပ်ရမလဲ...ငါ့သားအတွက် မဲတောင်းဖို့ ဒီကိုရောက်လာတာလေ]
[HHH ဖန်လုပ်လိုက်... သူက ရုပ်ချောပြီး အလုပ်ကြိုးစားတယ်...သူ့အတွက် ရင်းနှီးမြုပ်နှံတာက အရှုံးမရှိဘူး...ဘယ်လိုပဲဖြစ်ဖြစ် ကြယ်ပွင့်တွေနောက်လိုက်တာက *နံရံကျော်တက်တာလိုပဲမဟုတ်ဘူးလား ဟားဟား]
(T/N–ဖောက်ပြန်)
ချီရှင်းချန် ကုတင်ဘေး စားပွဲပေါ်ရှိ မှတ်စုစာအုပ်ကို မကြည့်ဘဲ မနေနိုင်။ ပြိုင်ပွဲဝင်များ၏ အချက်အလက်များကို မျှတစွာ အကဲဖြတ်ရန်မှလွဲ၍ အခြားအကြောင်းမရှိဘဲ သူ မှတ်တမ်းတင်ခဲ့သည်။ဤသည်က နည်းပြတစ်ယောက်အနေဖြင့် သူ့တာဝန်ဖြစ်သည်။ ချီးမွမ်းခြင်း သို့မဟုတ် လေးနက်မှုနှင့် မထိုက်တန်ပါချေ။
ထို့နောက် အဖွဲ့သားများနှင့် နေ့လယ်စာ စားချင်သည်ဟု အံကြိတ်ကာ ပြောသည့်နေ့သို့ ရောက်ရှိလာသည်။
[ရဲ့ကောက?...သူ့ကို နေ့လယ်စာကျွေးဖို့ သူ့ဘက်ကနေစပြောတယ်... တစ်ဆိတ်လောက် ဒါက ငါသိတဲ့ "ငါ့ကို အလုပ်ပြင်ပမှာ မထိနဲ့" ဆိုတဲ့ ရဲ့ကောရောဟုတ်သေးလား]
[သူက ရှောင်ချီတိတိအပေါ် ကောင်းရုံတင်မကဘူး...ရှောင်ချီတိတိရဲ့ အဖွဲ့သားတွေအပေါ်လည်း ကောင်းတယ်...အိုးမိုင်ဂေါ့ ဘယ်လိုတောင် ချိုမြိန်တဲ့ ဘီစကစ်မျိုးလဲ]
[အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့ အိုကေ... ဇာတ်ညွှန်းကို နားလည်ပေးရအောင်]
[ရဲ့ကောက အဖွဲ့လေးကိုပဲ ဖိတ်တယ်လို့ ယ်ဇာတ်ညွှန်းက ပြောမလဲ...သူတို့ကို ဒကာခံချင်ရင် အကုန်လုံးကို ဒကာခံမှာပေါ့... ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့် ဒီလိုလုပ်တာက ပုံမှန်ပါပဲ...ညဥ့်ကောင်းကင်တွေကတောင် ဘာမှ မပြောဘူး...WQ(ဝေချင်)ရဲ့ အမာခံဖန်တစ်ယောက်က ဘာတွေများ ထူးပြီးဖြစ်ပျက်နေတာလဲ]
ညဥ့်ကောင်းကင်များ ပြောစရာစကားမဲ့နေသည်။
[ငါတို့ ဘာမှ မပြောခဲ့ဘူးမလား...ငါတို့ ဘာမှ မပြောရဲပါဘူးနော်...ရဲ့ကောက သူ့အဖွဲ့သားတွေကို နေ့လယ်စာကျွေးတတ်တဲ့သူမျိုးမဟုတ်ဘူး...အဲဒါကို ရှင်းလိုက်ရင် CPဖန်တွေရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ဖြည့်ဆည်းပေးလိုဖြစ်နေမှာ]
ဟင့် ရွှတ် ရွှတ်...
ညဥ့်ကောင်းကင်ဖြစ်ရတာ အရမ်းခက်ခဲတယ်...
ကားပါကင်သို့သွားရာလမ်းတွင် ပိုင်ရဲ့ ချီရှင်းချန်၏ပခုံးပေါ်တွင် တံတောင်ဆစ်ကိုတင်လိုက်သည်။
ယ
[F*ck! ဒီမြင်ကွင်းက ကျောင်းသားဘဝဝတ္ထု တစ်ပုဒ်ရေးဖို့ လုံလောက်တယ်...အရမ်းကောင်းတယ်!]
[မနေ့ညကတည်းက ကျိုရဲ့ရှင်းချန်ညီအစ်မတွေ သက်သတ်လွတ်စားနေတာ ကြာပြီ...နောက်ဆုံးတော့ သူတို့ တစ်ယောက်ကို တစ်ယောက် ထိလိုက်တာ တွေ့လိုက်ရပြီ...မြန်မြန် မြန်မြန်လုပ်]
[ငါ့သွား... ပိုးစားလွန်းလို့ဆွေးနေပြီဟာ]
[အမေက ငါ့ကို ဘာလို့ မြေကြီးပေါ်မှာ ဒူးထောက်ပြီး ငိုနေတာလဲလို့ မေးတယ်... ဘာလို့လဲဆို ငါကိုးကွယ်တဲ့အတွဲက အရမ်းချိုလို့လေ]
အသားကင်ဆိုင်ထဲသို့ဝင်ပြီးနောက် အားလုံးထိုင်ကြသည်။ပိုင်ရဲ့က ပထမဆုံးအသားကို ချီရှင်းချန်ကို ပေးလိုက်၏။
[ပြိုကျ၊ ပြိုကျ၊ ပြိုကျ...ရဲ့ကောရဲ့ အေးစက်စက်နဲ့ ခပ်ခွာခွာနေတဲ့ပုံက လုံးဝပြိုကျသွားပြီ...]
[ရဲ့ကောက သူ့ညီငယ်တွေကို အကာအကွယ်ပေးရတာသဘောကျနေရုံပါ…ဟုတ်လား... သူ့မှာ ညီတွေ အများကြီးရှိပေမဲ့ ရှင်းရှင်းကလွဲလို့ သူ ကာကွယ်တာ တစ်ယောက်မှ မတွေ့ဖူးဘူး]
[ရဲ့ကောက သူ့တံတွေးနဲ့ပေနေတဲ့ တူနဲ့ ရှောင်ချီကို အသားထည့်ပေးတယ်...ရှောင်ချီကလည်း စားတယ်... သွယ်ဝိုက်အနမ်းလို့ခေါ်ရမလား]
…သွယ်ဝိုက်အနမ်းလား...သူတို့က အကြိမ်ပေါင်းများစွာ နမ်းခဲ့ကြဖူးသည်။ချီရှင်းချန် သူ့ကိုယ်သူတွေးလိုက်သည်။
'သွယ်ဝိုက်အနမ်းက ဘာမှမဟုတ်သေးဘူး... မိုးဖွဲလေးပဲ ရှိသေးတယ်'
ထို့နောက် ပိုင်ရဲ့က သူ့ကို စားပွဲငယ်လေးတစ်ခုဆီသို့ ဆွဲခေါ်သွားသည်။
[ရဲ့ကော အသားကင်တာကို မြင်နေရတာ မယုံနိုင်စရာပဲ...အံ့သြစရာကောင်းတယ်]
[ပိုင်သခင်လေးက အငြိမ်းစားယူသွားပြီ...အခု သူက သူ့ဇနီးအတွက် အသားကင်နေတဲ့ နှစ်ဆယ့်လေးရပ်သောခင်ပွန်းဝတ္တရားတို့နဲ့ ယောကျာ်းကောင်းတစ်ယောက် ဖြစ်နေပြီ]
[ရုတ်တရတ်ကြီး ငါ "ငါ့လက်ကိုဆေးပြီး မင်းအတွက် ဟင်းရည်လုပ်ပေးမယ်"လို ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားရတယ်...ပိုင်ရဲ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ သူဘယ်လိုများလုပ်ခဲ့တာလဲ]
ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။ သူက မှတ်ချက်ကို စခရင်ရှော့ရိုက်ပြီး ပိုင်ရဲ့ကို ပို့လိုက်၏။
ရှင်းရှင်း: [(စခရင်ရှော့) ပရိသတ်တွေက ကောရဲ့ပင်ကိုယ်စရိုက်နဲ့ ဒီလိုမျိုး ဘယ်လိုလုပ်ခဲ့တာလဲလို့ မေးနေကြတယ်... ]
မက်ဆေ့ချ်ကို အောင်မြင်စွာ ပေးပို့ခဲ့သော်လည်း ဖုန်းမှ တုံ့ပြန်မှု မရှိခဲ့ပေ။တစ်ဖက်က ရေချိုးနေပုံရသည်။
ချီရှင်းချန် ဆက်ဖတ်နေလိုက်သည်။
ရှိုး၏ အဓိကနေရာကိုရောက်လာပြီဖြစ်သည်။
[ရဲ့ကောကတော့ ရဲ့ကောပါပဲ...သူက အမြဲတမ်းအစ်ကိုတစ်ယောက်ဖြစ်လိမ့်မယ်... အခန်းတိုင်းက ပျော်စရာကောင်းတယ်...ရဲ့ကောကို ထာဝရချစ်နေမယ်]
[ကျန့်ယွီယန် ရှင် ကျွန်မနားကို ကိုယ်ဝန်ရှိအောင်လုပ်နေတာပဲ]
[F*ck f*ck f*ck f*ck f*ck ဝေချင်ရဲ့တင်ဆက်မှုက ပေါက်ကွဲအား ပြင်းထန်လွန်းတယ်... နှာခေါင်းသွေးလျှံတာကို မတားနိုင်တော့ဘူး...F*ck f*ck f*ck]
ပထမအုပ်စုသုံးစု၏ မှတ်ချက်သုံးစုံက စခရင်ကို လွှမ်းမိုးသွားသည်။ချီရှင်းချန် စကားလုံးများကြားရှိ ကြာကွက်လပ်များမှတဆင့် ဖျော်ဖြေမှုကို ကြည့်ရှုရုံသာတတ်နိုင်ခဲ့သည်။
သို့ပေမယ့် သူ့အလှည့်ရောက်လာသည့်အခါ ကြားကွက်လပ်တစ်ခုမှပင် ရှာမတွေ့ခဲ့ပါချေ။
ပြွတ်သိပ်နေသော ကျည်ဆံစခရင်၊ အရောင်ပါသည်တွေရော မပါသည်တွေကပါ စခရင်ကို လုံးလုံးလျားလျား ဖုံးအုပ်ထားသည်။
[အယ်...ကြယ်အလင်းတန်းအကဲဖြတ်သူက စင်တာနေကာကို မတောင်းဘူး... အံ့သြစရာပဲ]
[သူက ရှိူးလုပ်နေတာလေ...ကိုယ့်ခွန်အားကမလုံလောက်ရင် စင်တာနေရာ လုယူတဲ့အတွက် လှောင်ပြောင်ခံရမှာ သေချာတယ်...နောက်မှာရပ်ပြီး မင်းလိုမျိုးနှံကောင်ဆီက ချီးကျူးမှုကို ဘာလို့ မခံယူရမှာလဲ 2333]
[အထက်က အဝါရောင်စာသား ...ဘယ်မိသားစုကလဲ... ထွက်သွားပါ]
အဝါရောင်စာသားက ပြန်ဖြေသည်။
[ငါက ဘယ်မိသားစုကမှ မဟုတ်ဘူး...ကြယ်အလင်းတန်းအကဲဖြတ်သူက စင်တာနေရာမှာ ရပ်တည်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ရင် အဝါရောင်စာသားကို ဖယ်ရှားလိုက်မယ်နော် 2333]
ပရိသတ်တွေ၏ ရန်ဖြစ်မှုတွေကသူ့ကို ရှိူးကြည့်ရန် နှောင့်နှေးစေခဲ့ပါသည်။ သူ့စိတ်အခြေအနေကိုလည်း ထိခိုက်စေသည်။ချီရှင်းချန် ရှိုးအပိုင်းတွေကနေ သူဘာတွေ ချို့တဲ့နေသည်ကို ရှာဖွေပြီး သူ့ကိုယ်သူ လေ့ကျင့်ရန်နှင့် တိုးတက်ရန် အချိန်ရှာနိုင်ချင်ခဲ့သည်။
ပိုင်ရဲ့နှင့် ပိုနီးကပ်ချင်ခဲ့သည်။
သူ ကျည်ဆံစခရင်ကို(မှတ်ချက်ဘားတန်း) ပိတ်ပြီး သက်ပြင်းချကာ စိတ်ထဲကထုတ်လိုက်သည်၊ကျန်းယန်၏ ရက်ပ်ကိုလိုက်ကြည့်ရင်း သူ ပေါ်လာသည့် အပိုင်းကို တွေ့လိုက်ရသည်။
သို့သော် ကျည်ဆန်စခရင် ပေါက်ကွဲသွားသည်ကို သူ မသိလိုက်ပေ။
[F*ck ဒီရုပ်လေးနဲ့တင်ရပြီ... ချစ်တယ် ချစ်တယ်ချစ်တယ်]
[ရှောင်ချီက ကြည့်ကောင်းမှန်း ငါသိတယ်...ဒါပေမဲ့ သူက ဒီလောက် ကြည့်ကောင်းမှန်း ငါမသိဘူး .. ဒီအပိုင်းက မနက်ဖြန် Douban မှာ နာမည်ကြီးတော့မယ်ထင်တယ်]
[အား...အာားး...အာာား... သူ ပျံနေတယ်...သူ ပျံနေတယ် ...]
[လကို တိမ်တိုက်တွေက ဖုံးလွှမ်းထားသလိုမျိုး ..လေထဲက နှင်းပွင့်လေးတွေလိုမျိုးလွင့်မျောနေတာ… ဒီမြင်ကွင်းကို မြင်လိုက်တာနဲ့ ဒီစကားက ချက်ချင်းပဲ စိတ်ထဲမှာ ပေါ်လာတယ်...သူ...တကယ်ကို သေမျိုးလောကထဲကို ဆင်းသက်လာတဲ နယ်နှင်ဒဏ်ပေခံလိုက်တဲ့မသေမျိုးနတ်ဘုရားလေး]
[ရှင်းရှင်းက အရည်အချင်းရှိတယ်...မြတ်နိုးဖွယ် လေးစားဖွယ်လေး!]
[ရှင်းရှင်းက အရည်အချင်းရှိတယ်...မြတ်နိုးဖွယ် လေးစားဖွယ်လေး! (အောက်ပါဖွဲ့စည်းပုံကို မဖျက်ပါနှင့်)]
ပရိသတ်များသည် ကျည်ဆန်စခရင်နှင့် ခဏတာ ကစားကြသည်။ ၎င်းနောက် တစ်ယောက်ယောက်က သတိရသွား၏။
[ဟေ့ ခုနအဝါရောင်စာသား ဘယ်မှာလဲ...သူ့အရောင်တွေကို ချွတ်ပြီး တောင်းပန်မယ်လို့ ပြောခဲ့တာလေ...ငါတို့ရှင်းရှင်းရဲ့ပါဝါကို မြင်ပြီး ထွက်ပြေးသွားတာလား]
[… ငါ အဝါရောင်စာသားပါ...ငါထွက်မပြေးဘူး...ငါ့အရောင်တွေကို ချွတ်ပစ်လိုက်တာ...QBQ ကြယ်အလင်းတန်းကျဲကျဲတို့ အားလုံးကို တောင်းပန်ပါတယ်...ချီလောင်ရှီးကိုလည်း တောင်းပန်ပါတယ်... ချီလောင်ရှီးက တကယ်ကို အရည်အချင်းရှိတယ်]
ကောင်းပြီ၊အဝါရောင်စာသား၏သဘောထားက စိတ်ရင်းမှန်ဖြင့်ဖြစ်သည်ကို မြင်လျှင် လူတိုင်းက သူ့ကို လွှတ်ပေးလိုက်ပြီး စကားဆက်ကြသည်။
[ကောင်းကင်ဘုံကနတ်ဘုရားလေးရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး ငါ သူ့ဖန်တစ်ယောက်ဖြစ်လာပါပြီ... ကြယ်အလင်းတန်းအဖွဲ့အစည်းက ငါ့ကိုလက်ခံပေးပါ]
[ငါရောပဲ...တစ်လက်စတည်း ငါ့ကိုပါလက်ခံပေး]
[ဟားဟား...ငါ့ညီမလည်း အခုလေးတင်မှ ဖန်ဖြစ်လာတယ်... ဒီနှစ်မှ ရှစ်နှစ်ပဲရှိသေးတာ]
[ကျစ် တစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား... ပြိုင်ပွဲဝင်တွေရဲ့ဖန်ဖြစ်တာကြောင့် လူတိုင်းက စွမ်းရည်စစ်ရှိုးတွေကို ကြည့်ရှုကြတာလေ...ငါတို့က အခု... နည်းပြတွေကို ကြွေသွားတယ်တဲ့လား]
သူမ မှန်နေပုံရသည်။ အင်တာနက်ကနေတစ်ဆင့် ပရိသတ်တွေ အံသြသွား၏။
လူတွေက ဘာလို့ စွမ်းရည်စစ်ရှိုးတွေကို ကြည့်ရှုကြတာလဲ... သူတို့ရဲ့တိတိတွေကို ရွေးချယ်ဖို့လေ...ဒါပေမဲ့ သူတို့က ပြောင်းပြန်ဖြစ်ပြီး နည်းပြကို ရွေးချယ်ခဲ့ကြတယ်တဲ့လား...
အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင် ကောက်ချက်မချနိုင်သေးပေ။ကြယ်အလင်းတန်းအသစ်စက်စက်တစ်ယောက်က လက်များကို ဝှေ့ယမ်းလိုက်သည်။
[မေ့လိုက်ပါ... မေ့လိုက်ပါ...ရှောင်ချီက အရမ်းကို ချောမောပြီး ခိုင်မာတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်... သူက ချစ်စရာကောင်းလွန်းတယ်... အားလုံးက သူ့အပြစ်ပဲ]
[ကောင်းပြီ! နည်းပြတွေကို အတူတကွ ပျော်ရွှင်စွာ ရွေးချယ်လိုက်ကြပါစို့...လူတစ်ယောက်က တုန်ချန်ကို နည်းပြမဲပေးသည့်ချန်နယ်ဖွင့်ပေးပါရန် သွေးစာရေးလိုက်သည်!]
[လူနှစ်ယောက်က သွေးစာရေးလိုက်သည်!]
[လူသုံးယောက်က သွေးစာရေးလိုက်သည်!]
【.....】
မမျှော်လင့်ဘဲ အခြေအနေ တိုးတက်မှုသည် လမ်းကြောင်းမှ သွေဖည်သွားခဲ့သည်။ ဖျော်ဖြေပွဲအပြီးတွင် သင်တန်းသားများက အေးချမ်းစွာ အနားယူကြသည်။ သို့သော်၊#လူ ၁၀,၀၀၀ က နည်းပြအတွက်မဲပေးသည့်ချန်နယ်ကိုဖွင့်ရန် သွေးစာရေးလိုက်သည် # ခေါင်းစဉ်ကို ပရိသတ်က အချိန်နှင့်တပြေးညီ ခေတ်စားနေသောစာရင်းသို့ အတင်းအကြပ်တွန်းပို့ခဲ့သည်။
ချီရှင်းချန် သူ့ဖုန်းကို ပွတ်လိုက်သည်။ သူ့အမူအရာက ကြယ်အလင်းတန်းအသစ်စက်စက်ထက်ပင် ပိုရှုပ်ထွေးသွားသည်။
ယင်းက နှစ်မိနစ်လောက်အကြာ သူအထူးဂရုစိုက်မှုစာရင်းသွင်းထားသည့်တစ်စုံတစ်ယောက်၏
Weibo ပို့စ်ကို မတွေ့လိုက်ရခင်အထိသာပါပင်။
ပိုင်ရဲ့: [အရာအားလုံးမှာ ခြွင်းချက်ရှိတယ်]
ပိုင်ရဲ့ဘာကိုဆိုလိုသည်ကို မမေးမီတွင် သူ့ဖုန်းက မြည်လာသည်။ သူ၏ WeChat တွင် ပင်ချိတ်ထားသော ပိုင်ရဲ့က စာတိုလေးတစ်စောင် ပေးပို့ခဲ့သည်။
ပိုင်: [ခြွင်းချက်ကတော့ မင်းပါပဲ]