အပိုင်း ၁၁၅
Viewers 29k

Chapter 115





ချီရှင်းချန်က စိတ်ခံစားမှုများကို ကိုင်တွယ်ရာတွင် အမြဲတမ်းတော်ခဲ့သည်။အန်းရန် သူ့ကို နှိုးသောအခါတွင် သူ ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူ့မျက်လုံးက သွေးရောင်အနည်းငယ်လွှမ်းနေသည်ကလွ၍ ကျန်သည့်အရာအားလုံးက ပုံမှန်ပါပင်။


ဤတစ်ကြိမ်တွင် သူက အလျင်အမြန်ထွက်ခွာလာသဖြင့်S Cityမှ အထူးလက်ဆောင်များ သို့မဟုတ် အမှတ်တရလက်ဆောင်များ မဝယ်မိခဲ့ပေ။သူ့မိသားစုအတွက် လက်ဆောင်များ မဝယ်ခဲ့သဖြင့်အချိန်အနည်းငယ်ယူကာ ညီအကိုမောင်နှမများ ပျော်ရွှင်စေရန်အတွက် ရာသီအလိုက် အဝတ်အစားများဝယ်ရန် သူ့အိမ်အနီးရှိ ကုန်တိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။ 


သူပြန်လာမည့်အချိန်အတိအကျကို သူ့မိသားစုကို မပြောခဲ့ပေ။ သူ့ခရီးဆောင်အိတ်ကို ဆွဲယူကာ လက်ဗွေဖြင့် သော့ဖွင့်သောအခါတွင် ဒုတိယထပ်ရှိ စာကြည့်ခန်းငယ်တွင်ဒီဇိုင်းဆွဲနေသည့် ချီယွီကျီးတစ်ယောက်သာ ရှိသည်။


"ကျဲ ပြန်လာပြီ"


ရှင်းရှင်း ပြန်ရောက်ပြီလား...


သူ့အသံကြားသောအခါ ချီယွီကျီးက ကွန်ဒင်ဆာဘောပင်ကို ချက်ချင်းချလိုက်ပြီး ဖိနပ်ပင်းမစီးဘဲ ပြေးထွက်သွား၏။ 

"ရှင်းရှင်း မင်းပြန်လာတာ စောသားပဲ... ညမှပြန်လာမယ်ထင်တာ"


အိမ်မှာပင် သူမ မသပ်မရပ် ဖိုသီဖတ်သီဖြစ်နေခြင်းမျိုး လုံးဝမရှိပေ။ သူမက အညိုရောင်ပိတ်စကတ်ရှည်နှင့် အဝါရောင်ဖျော့ဖျော့ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်ကို ခေါင်းနောက်တွင် ခပ်လျော့လျော့ ချည်နှောင်ထားပြီး အနက်ရောင် အနားကွပ်အပြာရောင် မျက်မှန်တစ်စုံကို ၀တျထားသည်။ သူမက မိတ်ကပ်မလိမ်းဘဲ လှပနေခဲ့သည်။


သူ့အစ်မကိုတွေ့သောအခါ ချီရှင်းချန်၏ စိတ်အခြေအနေ အတော်လေးတိုးတက်လာ၏။ သူက ဟာသပင်လုပ်နိုင်နေသည်။ 

"ဒါဆို ကျဲစိတ်ထဲမှာ ကျွန်တော်က မိသားစုကို ဂရုမစိုက်တဲ့လူပေါ့"


ချီယွီကျီး ခေါင်းညိတ်ချင်ပေမဲ့ နောက်ပိုင်းမှာ သူမကိုယ်သူမ ထိန်းနိုင်ခဲ့သည်။


ဤကောင်လေးက သူ့ချစ်သူကိုအဖော်ပြရန် တစ်ခေါက်ထက်မက ရှိူးကို စောစောစီးစီး ပြန်သွားခဲ့သည်။ သူ့သဘောသဘာဝကို သူတို့မြင်ပြီးပြီဖြစ်၏။


သူက *တံတောင်ဆစ်ကို အပြင်သို့လှည့်ထားသော ဂေါ်ဖီထုပ်လေးမျှသာဖြစ်သည်။

ဟမ့်...

(T/N–အပြင်လူဘက်လိုက်)

သို့ပေမဲ့ သူမမောင် ပြန်လာသရွေ့ သူမ အလွန်ပျော်သည်။ချီယွီကျီး သူမ၏ဖိနပ်တစ်ရံကို အမြန်ဝတ်ကာ သူမအကြိုက်ဆုံးရှင်းရှင်းကို နှုတ်ဆက်ရန် ဆင်းလာခဲ့သည်။ သူမ သေခြင်းတရား၏မေးခွန်းကို မေးလိုက်သည်။


"ဒီည ဘာဟင်းရည်သောက်ချင်လဲ... ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီး ဒီညလုပ်ပေးဖို့ အန်တီကျန်းကို ခိုင်းလိုက်မယ်"


"ဂလု-" 

ချီရှင်းချန် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီးပြောလိုက်သည်။

"မလိုပါဘူး ကျဲ... ဒီညကျဲစားချင်တာသားစားပါ"


"ရပါတယ်... မင်းမရှိတဲ့အချိန် တစ်လခွဲလောက်မှာ ဟင်းရည်အသစ်တွေကို ငါလေ့လာခဲ့တယ်...အဲဒါတွေကို မင်းစားကြည့်ဖို့ ငါလုပ်ပေးမယ်"


 သူတကယ်မစားကြည့်ချင်ပါ...


သို့ပေမဲ့ အစ်မဖြစ်သူ၏ခံစားချက်ကို ထိခိုက်အောင်လည်း မလုပ်ရက်ပေ။သူကး သူ့ကိုယ်သူ အားတင်းပြီးပြောလိုက်သည်။

"ဒါဆို သက်သတ်လွတ်ဟင်းရည်ချက်ပေး...ရှိူးမှာ စားရတာ ငြီးငွေ့နေပြီ" 


"ကောင်းပြီ" 

ချီယွီကျီးက အဆင်သင့်ပဲ သဘောတူလိုက်၏။


သူမမောင် ပြန်ရောက်တိုင်း သူမက အလုပ်အရှုပ်ဆုံးပင်။သူမက သူပိန်သွားလား ဝလာသလား၊သူ့ကည်းစားဆီကနေအနိုင်ကျင့်ခံလာရသလားစသဖြင့် သူမမောင်၏ အခြေအနေကို သေချာလေ့လာပြီး ယနေ့ညချက်ပြုတ်ရန် စီစဉ်ထားသော ဟင်းလျာများအကြောင်း ရေရွတ်နေသည်။


ရှည်လျားသောစာရင်းကို နားထောင်ရင်း၊ချီရှင်းချန် သူမကို အနှောင့်အယှက်မပေးဘဲ မနေနိုင်ခဲ့ပေ။

"ကျဲ...ကျွန်တော်က အများကြီးစားလို့မရဘူး... ဆယ်ရက်လောက်နေမှာ ပွဲတက်ရမယ်...ကြိုပြီး ဝိတ်ချထားရမှာ"


ချီယွီကျီက မျက်မှောင်ကြုတ်လိုက်သည်။ 

"ဝိတ်ချတာကို စိတ်မပူပါနဲ့...ဒီည ပုံမှန်ပဲစားပါ... မနက်ဖြန်ကစပြီး မင်းနဲ့ငါ ဝိတ်ချမယ်...ဒါ့ပြင် ဒီညတော့ မင်းတစ်ယောက်တည်း စားရမှာမဟုတ်ဘူး...ရှောင်ကျင်းလည်း လာနေပြီ" 


"လျန်ကျင်းလား"


"ဟုတ်တယ် ...ငါလာခိုင်းလိုက်တာ" 


ချီယွီကျီးက မျက်တောင်ခတ်လိုက်သည်။ သူမ၏မျက်လုံးထဲရှိ ပျော်ရွှင်မှုမှာ စိုးရိမ်ပူပန်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ 


"အခုတလော သူ မိန်းကလေးတစ်ယောက်နဲ့ အရမ်း ရင်းနှီးနေတယ်လို့ လျန်မိသားစုရဲ့ အိမ်ထိန်းဆီကကြားရတယ်...ဦးလေးလျန်နဲ့ အန်တီလျန်က ကိုယ့်နိုင်ငံမှာ ရှိတာမဟုတ်ဘူး...အစ်မတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ပြီး သူတို့အတွက် အခြေအနေတွေကို ငါမေးရမယ်"


သူ့အစ်မပြောသည်ကိုကြားပြီးနောက်၊ချီရှင်းချန် အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားခဲ့သည်။မူလပိုင်ရှင်က လျန်ကျင်းကို သဘောကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု သူ့မှာ ရည်းစားရှိနေပြီဖြစ်သလို လျန်ကျင်းကလည်း သူကြိုက်သည့်လူကို ရှာတွေ့သွားပြီဖြစ်၍ သူတို့နှစ်ယောက်လုံး ဦးတည်ချက်ပန်းတိုင်ရှိနေပြီဖြစ်သည်။ဤသည်က သူတို့၏အတိတ်အတွက် ပြိးပြည့်စုံသော အဆုံးသတ်တစ်ခုပါပင်။


သူခရီးဆောင်အိတ်ကို အပေါ်ထပ်သို့ ဆွဲတင်ကာ ချီယွီကျီးနှင့် ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။ ချီမိသားစုတွင် စားဖိုမှူးတစ်ယောက်ရှိသောကြောင့် သူကိုယ်တိုင်လုပ်ရန် မလိုအပ်ပါချေ။ချီရှင်းချန်က ခဏလောက် တွေးပြီးပြောလိုက်သည်။


 "ဒီည ဟင်းနှစ်ပွဲ ချက်မယ်" 


"မင်းချက်မှာလား" 

ချီယွီကျီး အံ့သြသွားသည်။

 "ဟင်းချက်တတ်လို့လား"


"ကျွန်တော် ရသစုံရှိုးတွေရိုက်တုန်းက သင်ခဲ့တာ" 

ချီရှင်းချန် သူမကို အရူးလုပ်လိုက်သည်။ 

"သိပ်တော့မကောင်းဘူး...စမ်းကြည့်မလို့"


ယနေ့က ပျော်ရွှင်စရာနေ့တစ်နေ့ဖြစ်၏။အစစ်အမှန်ကမ္ဘာမှာ သူ့မိသားစုအတွက်ချက်ကျွေးရန် အခွင့်အရေးမရှိသဖြင့် သည်မှာ တွေ့ကြုံခံစားချင်ခဲ့သည်။သူချက်မည့်ဟင်းရွက်တွေကို အရင်ဆေးကြောပြီး လှီးဖြတ်လိုက်၏။ ထို့နောက် သူကချီယွီကျီး၏ စွပ်ပြုတ်ချက်နည်းကို ဘေးမှကြည့်သည်။


ထို့နောက် ထိုနတ်သမီးလေးက အကြေးခွံမချွတ်ရသေးသောငါးကို အိုးထဲသို့ ပစ်ချသည်ကို သူမြင်လိုက်ရသည်။



ချီရှင်းချန် ပြောစရာစကားမဲ့နေ၏။သူ့အစ်မ၏ ငါးစွပ်ပြုတ်က ထိုမျှအရသာဆိုးသည်က မဆန်းတော့။


"ကျဲ" 

သူ နတ်သမီးလေးကို အမြန်တားလိုက်သည်။ 

"ငါးအကြေးခွံတွေကို ခြစ်ရမယ်လေ"


"ဒီငါးက နူးညံ့နေတော့ ခြစ်စရာမလိုဘူး...ပြီးတော့ ငါးအကြေးခွံမှာ ဗီတာမင်နဲ့ ကော်လဂျင် အများကြီး ပါဝင်တယ်...ခြစ်ထုတ်လိုက်ရင် အာဟာရတွေ ဆုံးရှုံးသွားမှာပေါ့"


… သူမ တကယ်မှန်သည်ပင်။ချီရှင်းချန် သူမကို မချေပနိုင်ပေ။ သူ သူမလက်ထဲမှ ငါးကို ဆွဲယူရုံသာတတ်နိုင်ခဲ့သည်။


"ကျဲ...ကျွန်တော်တို့မိသားစုက အာဟာရမချို့တဲ့ဘူး...ကျွန်တော်လုပ်လိုက်မယ်"


မီးဖိုချောင်မှ အဒေါ်ကြီးက ငါး၏ဗိုက်ကို သန့်စင်ထားသောကြောင့် အကြေးခွံများသာ ကျန်တော့သည်။ချီရှင်းချန် ဓားကိုယူကာ ငါးအကြေးခွံများကို အသေအချာ ခြစ်ထုတ်လိုက်သည်။ချီယွီကျီးက သူ့ကို ဒေါသတကြီးကြည့်ပြီး လက်နှစ်ဖက်ကို ခါးထောက်လိုက်၏။


 "ဘယ်အစုတ်ပလုတ်ရသစုံရှိူးက မင်းကို ဒီလိုမျိုး ကြမ်းတမ်းတဲ့ အလုပ်မျိုး လုပ်စေခဲ့တာလဲလဲ"


ချီရှင်းချန်က ဘာမှ မပြောပါချေ။ချီမိသားစုနှင့် အချိန်ပိုကြာလာသည်နှင့်အမျှ ဤအမြောက်စာမိသားစုကြီးကို သူပိုပိုနှစ်သက်လာသည်။ လက်ရှိဘဝကိုလည်း ပိုပိုပြီး နှစ်သက်လာခဲ့၏။


သူ့ကို ဂရုစိုက်သူတွေ ရှိတဲ့ဘဝ...


သူ သည်ကို ပထမဆုံးကူးပြောင်းလာတုန်းက သည်က အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အတွက် သူ့ကိုယ်သူ အမြဲပိတ်လှာင်ထားပြီး ချီမိသားစုကို သူ၏အစစ်အမှန်မိသားစုအဖြစ် ဘယ်တုန်းကမှ မဆက်ဆံခဲ့ပေ။ မူလရှင်းရှင်းက ထွက်သွားပြီဖြစ်ကြောင်း၊ သူတို့ရှေ့တွင် ရပ်နေသူမှာ အသစ်စက်စက် ဝိညာဉ်တစ်ခုဖြစ်ကြောင်း သူ သူတို့ကိုမပြောခဲ့ပေ။


ယခုချိန်တွင် သူ ချီမိသားစုကို နက်နက်နဲနဲ နားလည်လာပြီး သူတို့နှင့် ပိုပို၍ ပေါင်းသင်းဆက်ဆံလာသောကြောင့်၊ သူ သူတို့ဆီကနေ ဆက်၍ ဖုန်းကွယ်မထားချင်တော့ပေ။


ချီရှင်းချန် သူတို့ကို ပြောပြရန် အခွင့်ကောင်း ရှာမည်ဟု တိတ်တဆိတ် တွေးလိုက်၏။သူတို့လက်ခံနိုင်လျှင်မူလပိုင်ရှင်ကိုယ်စား သူဝတ္တရားဖြည့်ပေးမည်။သူတို့လက်မခံနိုင်လျှင် သူ မူလပိုင်ရှင်ကိုပြန်ခေါ်နိုင်မလားသိရအောင် သဲလွန်စတွေရှာမည်။


နောက်ဆုံးမှာ ဤသည်က စာအုပ်ထဲက လောကဖြစ်၏။ ဇာတ်လမ်းဇာတ်ကြောင်းပြီးသွားပါက၊ အစမှတ်သို့ ပြန်ရောက် သွားနိုင်သည်။


ချီယွီကျီ မီးခိုးမွှန်မည်ကို စိုးရိမ်သဖြင့် ချီရှင်းချန် သူမကို ချော့ပြီးပထုတ်လိုက်သည်။ နာရီဝက်လောက်ကြာသောအခါ သူချက်ထားသည့် ဟင်းသုံးမျိုးက အဆင်သင့်ဖြစ်နေပြီဖြစ်၏။ စားဖိုမှူးက နောက်ဆုံး ဟင်းနှစ်ပွဲချက်ရန်ပဲ ကျန်တော့သည်။ လက်ကိုဆေးပြီး အပြင်ထွက်ကာ သန့်ရှင်းသောအဝတ်အစားကိုလဲဝတ်လိုက်ပြီး ညစာစားရန် အသင့်ပြင်ထားလိုက်သည်။


ထို့နောက် လျန်ကျင်းက ဧည့်ခန်းထဲတွင် ပန်းစည်းများ ကိုင်ဆောင်ထားလျက်ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူက ပန်းအိုးကို မျက်နှာမူကာ ချီယွီကျီး နှင့် မည်သို့မည်ပုံ ပိုကောင်းအောင် လုပ်ရမည်ကို ဆွေးနွေးနေသည်။


"လျန်ကျင်း" 

ချီရှင်းချန်က သူ့ကို ပြုံးပြီး နှုတ်ဆက်လိုက်သည်။ 

"ဘယ်လိုနေသေးလဲ...လက်တွေ့လေ့ကျင့်ရေးက အဆင်ပြေလား"


လျန်ကျင်း၏နောက်ကျော တောင့်တင်းသွားပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။


သူ့မျက်နှာကိုမြင်လိုက်သာ်နှင့် ချီရှင်းချန် သူ့လူမှားသွားသည်ဟု ထင်မိလုနီးပါးပင်။


လျန်ကျင်း၏ ခန္ဓာကိုယ်က အချိုးအစားကျပြီး သူ့မျက်နှာက ချောမောပြီး နူးညံ့သည်။ ယခုမူ သူ၏မျက်နှာက အဝါရောင်သန်းပြီး ဖြူဖျော့နေခဲ့သည်။ သူ့ပါးပြင်များက အနည်းငယ် ညိုလာပြီး မျက်လုံးအောက်တွင်လည်း ညိုမဲနေသည်။ သူ့နှုတ်ခမ်းတွေက ဖြူဖျော့၍နေသည်။


စိတ်အခြေအနေကောင်းမနေကြောင်း ထင်ရှားသည်။


"... မင်းကြည့်ရတာ အဆင်မပြေဘူး... ပရောဂျက်အတွက် အခက်အခဲကြုံရလို့လား" 

ချီရှင်းချန် အနည်းငယ် စိတ်ဆင်းရဲသွားသည်။


"မဟုတ်ပါဘူး" 

လျန်ကျင်းက သူ့ကို တစ်ချက်ကြည့်ပြီး အဝေးကို လှမ်းကြည့်လိုက်၏။ 


"ရာသီအကူးအပြောင်းမှာ ကောင်းကောင်းအနားမယူဖြစ်လို့နေမှာ... စိတ်အခြေအနေ မကောင်းဘူး...ကိစ္စမရှိပါဘူး"


"တကယ်လား...တစ်ခုခုရှိရင် ငါ့ကိုပြော...တတ်နိုင်သလောက် ငါကူညီမယ်"


လျန်ကျင်းက ညင်သာစွာ ခေါင်းညိတ်ပြပြီး ချီယွီကျီး နှင့် ပန်းများကို ဆက်လက် ထိုးနေသည်။


လျန်ကျင်း နှင့် အဆက်အသွယ် သိပ်မရှိသော်လည်း ချီရှင်းချန် သူ့အပေါ် လျန်ကျင်း၏ သဘောထားက ယနေ့ အနည်းငယ် ထူးဆန်းသည်ဟု ရှင်းရှင်းလင်းလင်း ခံစားရလေသည်။


လျန်ကျင်းကို လေဆိပ်မှာ သွားကြိုသည့်နေ့မှာ တစ်ဖက်လူက သူ့ခေါင်းကို ထိချင်သည်ကို ယောင်ဝါးဝါး မှတ်မိနေခဲ့သည်။လျန်ကျင်း S City သို့ အလည်အပတ်လာစဥ်ကလည်း သူ့လက်မောင်းကို မိမိပုခုံးပေါ်တင်ကာ အလွန်ရင်းနှီးစွာ ပြုမူခဲ့သည်။


ပိုင်ရဲ့က ဤအရာကြောင့်ပင် မနာလိုဖြစ်ခဲ့သေးသည်။


သို့သော် သူ ယနေ့ကဲ့သို့ စိမ်းကားနေသလို တစ်ကြိမ်တစ်ခါမှမခံစားရဖူးပေ။


ချီယွီကျီးကအနားမှာရှိနေသဖြင့် မေးရ အဆင်မပြေပေ။ သူ ထိုနေရာမှာရပ်ပြီး ခဏလောက်စဉ်းစားကာ သူ့အခန်းထဲကို ဆက်လျှောက်သွားခဲ့သည်။


ရိုးရိုးရှင်းရှင်း ရေချိုးပြီး အဝတ်အစားလဲပြီးနောက် ချီယွမ်ရှောင် နှင့် အဖေချီတို့ ပြန်ရောက်နေပြီဖြစ်သည်။


"အိုး ကြည့်စမ်း... ဒါက ငါတို့ရဲ့ရှောင်ရှင်းရှင်း မဟုတ်ဘူးလား" 

အဖေချီက စိတ်ကောင်းဝင်နေသည်။

"ပြန်မလာတာကြာပြီ...အိမ်က ဘယ်လိုပုံစံလဲရော မှတ်မိသေးလားကွဟမ်"


… သူ့လေသံက ချဉ်စူးနေသည်။ချီရှင်းချန်စိတ်မပါ့တပါ့ဖြင့်ရှင်းပြလိုက်၏။


 "အဖေ...ပရိုဂရမ်အဖွဲ့သားတွေက ထွက်သွားလို့မရဘူး...ဘာမှလုပ်လို့မရဘူး"


"မင်းတကယ်ထွက်သွားလို့မရတာလား ဒါမှမဟုတ် မထွက်သွားချင်တာလား"


ချီရှင်းချန် နင်သွားသည်။


သူ့အဖေက တစ်ခုခု သိနေသည်ဟု သံသယရှိမိသည်။


ထိုအချိန်တွင် အစားအသောက်ကအဆင်သင့်ဖြစ်နေပြီဖြစ်သဖြင့် ချီရှင်းချန် မေးခွန်းကိုရှောင်ရန် စားပွဲဆီသို့ အမြန်ပြေးသွားခဲ့သည်။လျန်ကျင်းက စားပွဲရှည်ကြီး၏ အပြင်ဘက်စွန်းမှာ ထိုင်ချင်ပေမဲ့ ချီယွီကျီးကဆိုသည်။


 "ရှောင်ကျင်း... ဘာလို့ ထူးထူးဆန်းဆန်း ဒီမှာထိုင်နေတာလဲ...ရှင်းရှင်းနဲ့ သွားထိုင်"


ငယ်စဉ်ကလေးဘဝကတည်းက လျန်မိသားစုထံ အစားအသောက်သွားစားသော မူလပိုင်ရှင်ဖြစ်စေ လျန်ကျင်းက ချီမိသားစုထံ အစားအသောက်လာစားသည်ဖြစ်စေ ၎င်းတို့သည် အမွှာများကဲ့သို့ အမြဲတစေ အတူတူထိုင်လေ့ရှိသည်။ မိသားစုနှစ်စုက ၎င်းကို ကျင့်သားရနေသည်မှာ ကြာပြီဖြလေသည်။


လျန်ကျင်းက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး ချီရှင်းချန်ဘေးတွင် ထိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ချီရှင်းချန်က ပန်းကန်လုံးနှင့် တူများကို သူ့ဆွတွန်းလိုက်ပြီး ဖုန်းကိုထုတ်ကာ စားပွဲကေို တိတ်တိတ်လေး ဓာတ်ပုံရိုက်လိုက်သည်။


သူ့လက်ကို စားပွဲအောက်မှာ ထားပြီး ပိုင်ရဲ့ဆီကို ပို့လိုက်သည်။


ရှင်းရှင်း: [ရုပ်ပုံ]


ရှင်းရှင်း: [လေယာဉ်ဆင်းပြီလား]


ပိုင်ရဲ့မှာ မနက်ဖြန် ဖက်ရှင်ပွဲတစ်ခုတက်စရာရှိခဲ့ပြီး ယနေ့ B City ကိုလေယာဥ်ဖြင့်သွားခဲ့သည်။ မသွားခင်မှာ လက်မှတ်အချက်အလက်ကို သူ့ကိုပြ၏။ ပျံသန်းချိန်အရ၊ ယခုအချိန်တွင် ဆင်းလောက်သင့်သည်။ သူ့ကို ဖန်တွေဝိုင်းနေ၍ သို့မဟုတ် သူ့ခရီးဆောင်အိတ်ကို စောင့်နေ၍ အကြောင်းပြန်ရန် အချိန်မရှိခြင်း ဖြစ်နိုင်သည်။


ချီရှင်းချန် ပိုင်ရဲ့ အကြောင်းပြန်လာမည်ကို မစောင့်နိုင်ဘဲ သူ့ဖုန်းကို ဆက်ကြည့်နေခဲ့သည်။လျန်ကျင်း လက်သုတ်ပုဝါကိုယူရန် ခေါင်းလှည့်လိုက်ချိန်တွင် ချီရှင်းချန်၏ဖုန်းစခရင်ကိုတွေ့လိုက်ရသည်။


… သူအကျွမ်းတဝင်ရှိသည့်လူ၏ ဓာတ်ပုံဖြစ်၏။


ထိုသူက စင်မြင့်အစွန်းတွင် ရပ်နေသည်။ဓာတ်ပုံထဲမှာ သူ့မျက်နှာတစ်ခြမ်းကိုသာ ရိုက်မိထားသော်လည်း ပြင်းထန်သောအရှိန်အဝါကို မဖုံးကွယ်နိုင်ပေ။သူ မာနကြီးပြီး မြင့်မြတ်ကာ ယင်းကိုလည်း အလွယ်တကူမြင်နိုင်သည်။


လင်းလက်ကာတောက်ပ၍နေသည်။


လျန်ကျင်း ရယ်မောလိုက်သည်။သူ့ကိုယ်သူရယ်ခြင်းပေလော၊အများပြည်သူသိပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ပိုင်ရဲ့၏ဓာတ်ပုံကို သူ၏စခရင်အဖြစ် ရဲရဲဝံ့ဝံ့သုံးရဲသည့် ချီရှင်းချန်ကိုရယ်ခြင်းပေလောကား မသိရ။


ဒီတော့ ဒါက မင်းသူ့ကို ဘယ်လောက်ကြိုက်လဲဆိုတာပေါ့...


သိပ်မကြာခင်မှာပဲ ချီမိသားစုအားလုံး စားပွဲမှာ ထိုင်ကြသည်။ လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် အလွန် ရင်းနှီးကြသည်ဖြစ်ရာ အဖေချီက ရိုးရိုးရှင်းရှင်းပဲဆိုလိုက်၏။


 "ကြိုဆိုပါတယ်ရှောင်ကျင်းရေ... ငါအများကြီးမပြောတော့ဘူး...ချီမိသားစုက မင်းအိမ်ပါပဲ...စားချင်ရာကြိုက်သလိုထည့်စား"


"ကောင်းပါပြီ" 

လျန်ကျင်းက ယဉ်ကျေးစွာပြောသည်။ "ကျေးဇူးတင်ပါတယ် အန်ကယ်ချီ"


သူတို့ကြီးပြင်းလာသောပုံစံကြောင့် ချီမိသားစုနှင့် လျန်ကျင်းတို့က အလွန်တိတ်ဆိတ်စွာ စားသောက်ကြသည်။ အများစုက ကိုယ့်ထမင်းကိုယ် စားပြီး ရံဖန်ရံခါ စကားအနည်းငယ်ပြောကြသည်။


ထို့ကြောင့် စားပွဲပေါ်ရှိ ဖုန်း၏တုန်ခါသံက အလွန်ထင်ရှား၍နေသည်။ တိုတောင်းသော "ဒွီ ဒွီ"အသံနှစ်ခုထွက်ပြီးနောက် အဖေချီကမေး၏။


"ဘယ်သူ့ဖုန်းလဲ...ယွမ်ရှောင် ထမင်းစားနေချိန်မှာ မင်းကို အရေးမကြီးတဲ့ကိစ္စတွေကိုင်တွယ် ခွင့်မပြုဘူးလို့ ငါပြောထားတယ် မဟုတ်ဘူးလား"


ချီယွမ်ရှောင် ပြောစရာစကားမဲ့နေသည်။


"အဖေ" 

ချီရှင်းချန်က သူ့လက်ကို အားမပါစွာ မြှောက်လိုက်သည်။ 


"အဲဒါ ကျွန်တော့်စာ"


"အိုး မြန်မြန် ပြန်ဖြေလိုက်... ပြီးရင် အေးအေးဆေးဆေး စားလို့ရအောင်" အဖေချီ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ 


"ထမင်းစားရင်းတောင် အလုပ်တွေရှုပ်နေတဲ့ မင်းအစ်ကိုကြီးလို သွားမလုပ်နဲ့... အစာအိမ်ရောဂါရလိမ့်မယ်"


ချီယွမ်ရှောင်ပြောစရာစကားမဲ့နေသည်။

သူဘယ်သူကို စော်ကားမိလို့လဲ...


ကောင်းပြီ၊ သူချစ်ရသော ရှင်းရှင်းအတွက်ကြောင့် သူ သည်းခံရမည်။


သို့သော် ညီအစ်ကိုနှစ်ယောက်လုံး သူတို့အဖေပြောသည်က သူတို့ကျန်းမာရေးအတွက်ဖြစ်မှန်း သူတို့သိသည်။ချီရှင်းချန်က လိမ်လိမ်မာမာဖြင့်မက်ဆေ့ချ်ကို မြန်မြန်ကြည့်လိုက်သည်။


ပိုင်: [ကိုယ်ဟိုတယ်ကို ရောက်နေပြီ...ချက်ကင်ကောင်တာက ဧည့်ကြိုက ကိုယ့်ဖန်ဖြစ်နေတယ်... ကိုယ် သူ့ကို လက်မှတ်ထိုးပေးနေတာ... ဒါကြောင့် မင်းရဲ့မက်ဆေ့ချ်ကို အကြောင်းမပြန်ခဲ့တာ]


ပိုင်: [ဒါက ညစာလား]


ရှည်လျားသော ရှင်းပြချက်ကို ကြည့်ပြီး ချီရှင်းချန် မပြုံးဘဲမနေနိုင်။


သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက ပိုင်ရဲ့က စကားနှစ်ခွန်းသုံးခွန်းလောက်သာ အမြဲပြောခဲ့သည်။ စကားအများကြီးမပြောသလို စိတ်ရှည်ရှည်လည်း မရှင်းပြတတ်ပေ။


ပိုင်ရဲ့က သူ့အတွက် ပြောင်းလဲနေ၏။


သူအလွန်ကို ပျော်သွားသည်။


ချီရှင်းချန် သူ့အဖေ၏ ညွှန်ကြားချက်တွေကို ချက်ချင်း မေ့သွား၏။ သူ့ဖုန်းကို လက်နှစ်ဘက်နှင့်ကိုင်ပြီး လေးလေးနက်နက် စာရိုက်လိုက်သည်။

[ဒါက ညစာလေ... မိုက်လား?]


ပိုက်: [မိုက်တယ်]


ရှင်းရှင်း: [ကျွန်တော်လုပ်ထားတဲ့ ဟင်းသုံးမျိုးပါတယ်... ဘယ်သုံးမျိုးလဲမှန်းကြည့်]


ပိုင်: [ခရမ်းချဉ်သီးနဲ့ အမဲနှပ်၊ ရုံးပတီသီးနဲ့ဆော့၊ ပြည်ကြီးငါးပဲငံပြာရည်ကြော်]


???


ရှင်းရှင်း: [ဘယ်လိုလုပ်ခန့်မှန်းလိုက်တာလဲ]


ပိုင်: [မင်း "ဘက်ဂျက်ခရီးသွားကြမယ်"မှာ ချက်ဖူးတယ်လေ... အဲဒါကြောင့် မင်းက ရိုးရိုး အိမ်ချက်မြောက်ပိုင်း ဟင်းလျာတွေမှာ ပိုအားသန်တယ်ဆိုတာ ကိုယ်သဘောပေါက်လို့]


ယင်းက အမှန်ပါပင်။ချီရှင်းချန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဘုရားသခင်က လူသားတွေကို ဖန်ဆင်းတဲ့အခါ ဒီလောက် ဘက်လိုက်မနေသင့်ဘူး မဟုတ်လား...


သူဘာကြောင့် ပိုင်ရဲ့ကို အလှတရား၊ အရည်အချင်း၊ ကြင်နာမှု၊ ဉာဏ်ရည်ဉာဏ်သွေးစတာတွေကို အကုန်လုံး ပေးခဲ့ရတာလဲ...


တခြားသူတွေက

ဘယ်လိုလုပ်မလဲ...


ကျစ်...အဲဒါ မမှန်ဘူး...

ချီရှင်းချန် ၎င်းကို ပြန်တွေးကြည့်လိုက်သည်။ ကောင်းကင်ဘုံကို အန်တုနိုင်သော ပိုင်ရဲ့က သူ့အပိုင်ဖြစ်သည်။


ဆိုလိုသည်မှာ … ဘုရားသခင်က သူ့ကို ဖန်ဆင်းသောအခါတွင် သူ၏ “ကံ” အရည်အသွေးကို မြှင့်တင်ခဲ့သည်။


ဟားဟားဟားဟား...