Chapter 66
လူသား သယ်ယူဆောင်ရေးစက်
ယောင်စစ် သူမရှေ့ရှိ မှန်သားပြင်ကို ပိတ်လိုက်ပြီး သူမ၏ အထောက်အထားကို ထုတ်ဖော်ပြမှုအတွက် နောင်တပင်မရချေ။ သွေးစုပ်ဖုတ်ကောင်များ၏ ဂုဏ်သိက္ခာဖြင့်ပင် လောင်းကြေးထပ်လိုက်သေးသည်။
သူမ အသက်ပြင်းပြင်းရှူကာ သူမ၏ တုန်လှုပ်ခြောက်ခြားနေသော ခံစားချက်များကို ဖိနှိပ်လိုက်သောအခါ မမျှော်လင့်ထားစွာဖြင့် တိတ်ဆိတ်နေသော အခန်းဖြင့် ရင်ဆိုင်လိုက်ရသည်။
သူမ လူအုပ်ကို ကြောင်အနေသာအမူအယာဖြင့် ကြည့်လိုက်သည်။
"ဘာ... ဘာဖြစ်လို့လဲ..."
သူမရဲ့အစွမ်းတွေ ကျရှုံးသွားလို့ အသိပြန်ပျောက်သွားကြတာလား...
"ပ.. ပဉ္စမမျိုးဆက်..."
နောက်ဆုံးတွင် သွေးစုပ်ဖုတ်ကောင်များထဲမှတစ်ယောက်က ပြန်အသိဝင်လာ သူစိတ်ထဲတွင် တွေးနေသော အရာကို အော်ပြောမိလိုက်သည်။ နောက်တစ်စက္ကန့်တွင် လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
"သခင်မလေး... ဒါသခင်မလေးပဲ..."
"လွန်ခဲ့တဲ့ နှစ်နှစ်က ငါအနီဂြိုလ်ပေါ် ပြန်ရောက်တုန်းက ပဉ္စမမျိုးဆက်သခင်မလေးအကြောင်းကြားလိုက်မိသေးတယ်... ဒါပေမယ့် ငါတကယ်လို့မထင်ခဲ့ဘူး..."
"သခင်မလေး... သခင်မလေး ကျွန်တော်တို့ကို လူကိုယ်တိုင်လာကယ်တယ်နော်..."
"အဟားဟား... မိုက်လိုက်တာ.. ငါသခင်မလေးနဲ့ တကယ်ကြီးတွေ့ခွင့်ရပြီ..."
"ငါနောက်တစ်ကြိမ် ထပ်အဖမ်းခံရရင် စိတ်ထဲမထားဘူး..."
"ငါရောပဲ ငါရောပဲ..`
"ငါရောပဲပါတယ်နော်..."
"ငါ့လည်းထည့်ရေဦးလေ..."
ယောင်စစ် ဆွံ့အမိသွားသည်။
နင်တို့တွေ ငါဘယ်သူလဲဆိုတာတောင် မသိပဲ လိုက်လာကြတာပေါ့လေ... သွေးမျိုးဆက်အစွမ်းက အဲ့လောက်ကြီးတဲ့ လွှမ်းမိုးမှုရှိတာလား... အဲ့တာ မျိုးဆက်တိုင်းရဲ့ အမွေလား...
ဒါပေမယ့်
ငါ့အစွမ်းတွေ မကျရှုံးသွားလို့ ဝမ်းသာပါတယ်လေ...
╮(╯▽╰)╭
ဆက်တိုက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်တွင် သွေးစုပ်ဖုတ်ကောင်များအားလုံး တစ်ညီတစ်ညာတည်း ဒူးတစ်ဖက်ထောက်လိုက်ပြီး သွေးစုပ်ဖုတ်ကောင်တို့ ဂါရဝပြုနည်းဖြင့် ဦးညွတ်လိုက်ကြသည်။ သူတို့သူမကို ကြည့်နေသော အကြည့်များက ငြှိမ်းသက်ရန်ပင်မဖြစ်နိုင်သော အလင်းတို့ဖြင့် ပြည့်နှက်နေကာ မတိုင်မီက သူတို့တွင်ရှိခဲ့သော အသက်မဲ့နေသာ အကြည့်များနှင့် အလွန်ခြားနားလှပေသည်။ ယောင်စစ် စတင်၍ မသက်မသာဖြစ်လာကာ ထိုအကြည့်များအောက်တွင် မီးကျွမ်းလုမတတ်ဖြစ်လာသည်။
ကုရှုချန်းသည် ဤအခွင့်အရေးကို ဆုပ်ကိုင်၍ လူအုပ်ကြီးကိုဖြတ်ကျော်လာခဲ့သည်။ သူ၏အသိဉာဏ်ဖြင့် ပြည့်စုံသာလွန်သော အကြည့်တို့ဖြင့် လူအုပ်ကို ဖြတ်ကြည့်လိုက်လေသည်။
"သခင်မလေး... ကျွန်တော် လော့ယင်းနဲ့အတူတူ အခြေစိုက်စခန်းကို စစ်ဆေးပြီးပါပြီ.. သင်္ဘောတွေက ဂိတ်ကနေထွက်သွားပြီဖြစ်ပြီး ဒီအခြေစိုက်စခန်းကို ပြင်ပဆက်သွယ်မှုဆီက ကာဆီးထားတဲ့ စက်ကွင်းတစ်ခုရှိနေပါတယ်.."
"နင်ပြောချင်တာ... ငါတို့ထွက်လို့မရဘူးပေါ့လေ..."
တူလေးကု ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့ ဤသေးငယ်လှသော ကန္တာရဂြိုလ်လေးတစ်ခုပေါ်တွင် အမှန်တကယ် ပိတ်မိသွားပြီဖြစ်သည်။ အဆိုးဆုံးမှာ ဤဂြိုလ်သည် မည်သူမှလာရောက်လည်ပတ်လေ့ရှိသော ဂြိုလ်မျိုးမဟုတ်ပဲ သယ်ယူပို့ဆောင်ရေးဆိုသည်မှာလည်း တစ်ဖက်သတ်သာဖြစ်ပြီး ၎င်းကလည်း ရန်သူဘက်မှ သာဖြစ်သည်။ သူတို့ အကူအညီတောင်းခံသည်ကို ကြားမိပါက ထိုရန်သူများက သူတို့က သေချာပေါက် လာသတ်ကြပေလိမ့်မည်။
"စိတ်မပူပါနဲ့.. အကုန်လုံးအဆင်ပြေသွားမှာပါ.. ငါတို့ နည်းလမ်းရှာတွေ့ပါလိမ့်မယ်..."
ယောင်စစ် သူမနည်းနည်းမှစိတ်ပူမနေသည်ကို ပြသရန် သူ၏ပခုံးကို ပုတ်ပေးလိုက်သည်။ သူမအချိန်ကြည့်ရန် ခေါင်းငုံ့လိုက်သော်လည်း သူမ၏ ကွန်ပျူတာလက်ပတ်က သူမ၏အစွမ်းကြောင့် ပျက်သွားပြီလေသည်။ သူမ တူလေးကုဘက်ကို လှည့်လိုက်ပြီး မေးလိုက်သည်။
"အိုး ဟုတ်သား... ဘယ်အချိန်ရှိပြီလဲ.. "
တူလေးကု၏ ကွန်ပျူတာလက်ပတ်သည်လည်း ချွတ်ထားခြင်းခံရသည်ဖြစ်ရာ အနောက်ဘက်ရှိ ဖန်သားပြင်ကိုလှမ်း၍ကြည့်လိုက်သည်။
"ညနေ ခြောက်နာရီ လေးဆယ့်ခုနစ်မိနစ်..."
"အိုး.. အဲ့တာဆို ပိုမြန်တာပေါ့..."
"မြန်တယ်..."
တူလေးကု အနည်းငယ် အံ့ဩသွားကာ သူမ၏စကားကို နားလည်သွားတော့သည်။
"သခင်မလေး ပြောချင်တာက..."
"သူရောက်လာပြီ..."
ယောင်စစ်း သက်ပြင်းချကာ ခေါင်းမော့လိုက်ပြီး သူမရှိနေရာ နေရာမှအပြင်ထွက်လိုက်သည်။ ထိုနေရာရှိ ကောင်းကင်တွင် အက်ကွဲကြောင်းတစ်ခုရှိနေသည်။ ၎င်းသည် သူ့အလိုလို ဆုတ်ပြဲသွားပုံရပြီး ထိုဝင်ပေါက်မှ လူတစ်ယောက်ထွက်ပေါ်လာသည်။
သူ ယောင်စစ်ထံ တိုက်ရိုက်လျှောက်လာပြီး သူ၏မျက်နှာက အေးစက်ကာ အမူအယာမဲ့နေပြီး မျက်ခုံးများက တွန့်ချိုးနေသည်။ သူ သူမကို စကားတစ်ခွန်းသာပြောလာသည်။
"မင်း ခုနစ်မိနစ်နစ်နဲ့ သုံးဆယ့်နှစ်စက္ကန့်နောက်ကျတယ်..."
သူ အတော်လေးစိတ်မကျေနပ်နေဟန် ဖြစ်နေသည်။
ယောင်စစ် တူလေးကုလက်မောင်းကို အနည်းငယ်တုန်ရီနေသာလက်ဖြင့် ထိုးလိုက်သည်။
"ငါမှာအစီအစဉ်ရှိတယ်လို့ မပြောဘူးလား..."
ထို့နောက် သူမ မူရွှမ်ကို ဖက်လိုက်သည်။
"ဖေဖေ.."
မြန်မြန်လေး လူသား သယ်ယူပို့ဆောင်ရေးစက်လုပ်ပြီး ငါ့ကို ပြန်ပို့လိုက်ပါတော့....