အပိုင်း ၆၇
Viewers 16k

Chapter 67

အိမ်တွင်းမှ စစ်အေးတိုက်ပွဲ

 

မူရွှမ်တောင့်ခဲသွားကာ ယောင်စစ်ခေါင်းလေးကို အသာအယာပွတ်လိုက်သည်။ သူမ၏နောက်ဘက်ရှိ လူအုပ်ကြီးမှ အော်သံထွက်ပေါ်လာပြီး သူမကို လန့်သွားစေသည်။


"အဟားဟားဟား... ဘုရင်ကြီးဟ..."


"အစစ်ကြီးဟ အစစ်ကြီး... အသက်ပါရှူနေတာ..."


"ဘုရားရေ... ဒါဘုရင်ကြီးအစစ်ပဲ.. ငါ့ရဲ့အရှင် မျက်စိကန်းပါပြီ မျက်စိကန်းသွားပါပြီ..."


"ဘုရင်ကြီးကော သခင်မလေးကော ဒီနေရာကိုရောက်နေတယ်... ငါအိပ်မက်မက်နေတာလား ပြောကြပါဦး..."


"ငါဓာတ်ပုံရိုက်ထားမှဖြစ်မယ်... ငါ့ကွန်ပျူတာလက်ပတ်ဘယ်မှာလဲ... တစ်ယောက်ယောက် ငါ့ကို ကွန်ပျူတာလက်ပတ်လေးများ ငှားကြပါလား.."


"အဟားဟားဟာ ဟားဟားဟား ဟား..."


ယောင်စစ် ပြောစရာစကားပင် ပျောက်ရှသွားသည်။


ငါတို့အကုန်လုံး သွေးစုပ်ဖုတ်ကောင်တွေပဲ မဟုတ်ဘူးလား... အဲ့လောက် ပုံကြီးချဲ့ဖို့ လို့လို့လားဟင်...


ဒါနဲ့ ... လွန်ခဲ့တဲ့တစ်မိနစ်လေးကတင် နင်တို့က ငါ့ဖန်တွေမဟုတ်ဘူးလား... သစ္စာမရှိတဲ့ဖန် စုတ်တွေ..."


o(>﹏<)o



မူရွှမ်က သူမ၏အဖေပီသပါပေသည်။ သူ၏ တည်နေရာဝင်ပေါက်ဖွင့်သည့်အစွမ်းက မတူညီသည့်အဆင့်တွင်ရှိနေပြီး လက်တစ်ချက်အဝှေ့ဖြင့် အနီရောင်ဂြိုလ်သို့သွားသော လမ်းတစ်ခုပေါ်လာလေသည်။ အဆင်ပြေစေရန် အကြီးအကဲကောင်စီသို့ ဦးတည်ထားခြင်းဖြစ်သည်။


စကားတစ်ခွန်းမှမပြောပဲ မူရွှမ် သွေးစုပ်ဖုတ်ကောင် တစ်အုပ်ကြီးကို အကြီးအများထံပို့လိုက်သည်။ ထိုမှသာ အကြီးအကဲများက ထိုလူများကို ပြန်လည်နေရာချထားပေးနိုင်မည်ဖြစ်သည်။ သူကတော့ ယောင်စစ်လက်ကိုဆွဲကာ အိမ်သို့ပြန်လိုက်လေသည်။


ပြဿနာများအကုန်လုံးပြီးဆုံးသွားပြီးနောက်တွင် သူတို့ ညစာစားရန် တစ်နာရီမျှနောက်ကျသွားပြီဖြစ်သည်။ ယောင်စစ် တစ်ခါမျှ ထိုလောက် ညစာစားချိန် နောက်မကျဖူးပေ။  ယောင်စစ်တစ်ယောက် မူရွှမ်၏ စရိုက်အရ သူမကို ထိုင်ခုံပေါ် အတင်းထိုင်ခိုင်းပြီး သူမလည်ချောင်းထဲ ဘဲသွေးကို အတင်းအကျပ်လောင်းထည့်မည်ဟု ထင်ခဲ့သည်။


သို့သော် မူရွှမ်က သူ၏ပုံစံနှင့် ကွဲထွက်နေသည်။ သူမကို အစားအသောက် ပြင်ပေးပြီးနောက်တွင် သူမကိုလျစ်လျူရှုကာ သူ၏ကွန်ပျူတာလက်ပတ်ဖြင့် ဆိုဖာထောင့်တွင် သွားထိုင်လေသည်။ သူမ သူ၏အာရုံကို ဆွဲဆောင်ရန် ကြိုးစားနေသော်လည်း သူမကို အကြည့်တစ်ချက်ပင် မစွန့်ကြဲပေ။


သူ၏မျက်နှာက မာကြောခက်ထန်နေကာ သူ၏တစ်ကိုယ်လုံးမှ တင်းမာနေသော ခံစားချက်တို့ ထုတ်လွှတ်နေသည်။


ယောင်စစ် သူ၏အေးစက်နေသော အော်ရာကို မခံစားနိုင်တော့ပေ။ 


သူဒေါသထွက်နေလေသည် အနည်းငယ်ဒေါသထွက်နေခြင်းပင်မဟုတ်ပေ။ နှစ်နှစ်ဆယ်ကျော်လုံး မိဘမဲ့တစ်ယောက် အဖြစ်သာ သနားစဖွယ်အတွေ့အကြုံရှိသောယောင်စစ်သည် သူမ၏မိဘများကို ချော့ပင်မချော့ဘူးပေ။ မည်သို့လုပ်ရမည် ကိုင်ရမည်ကို သိမနေသဖြင့် ဘာဆက်လုပ်ရမည်ကို တွေးသာတွေးနေတော့သည်။ ကူညီပေးမယ့်လူ လိုအပ်နေပါတယ် ဗျို့...


ယောင်စစ် သူမစိတ်ထဲတွင် ပေါ်လာသော ပေါက်ကရအကြံများကို ဘေးဖယ်ကာ ဘဲသွေးတစ်ပန်းကန်လုံးကို နာနာခံခံမော့သောက်လိုက်သည်။ သူမ ပန်းကန်အလွတ်ကို ပြန်မပေးမီ နောက်တစ်ပန်းကန်ပင် ထပ်ထည့်လိုက်သေးသည်။


"အဟမ်း... အဖေရေ... စားလို့ပြီးပြီနော်..."

ကြည့်လိုက် အကုန်လုံးကုန်သွားပြီ...


ဆိုဖာပေါ်ရှိလူက သူမကို လုံးဝဂရုမစိုက်ပဲ သူမဘာမှမပြောလိုက်သကဲ့သို့ သူ၏ကွန်ပျူတာလက်ပတ်ကိုသာ သဲကြီးမဲကြီးကြည့်နေသည်။


ငါ့မှာလည်း မကျေနပ်ချက်တွေ ရှိပါတယ်နော်... သူ့ကို မူရွှမ်လို့ခေါ်ဖို့တောင် ပြန်ပင်မပေးနိုင်လောက်အောင် ဖြစ်နေတယ်ဆိုတော့... တကယ်ကြီးကို ဒေါသထွက်နေပုံပဲ...


"ကျွန်မ မှားသွားပါတယ်.."


သူမ ပန်းကန်လုံးကို ဘေးချလိုက်ပြီး သူ့ဘေးနားသွားရပ်ကာ လက်များကို အောက်သို့ချ၍ နောင်တရနေဟန် မျက်နှာလေးလုပ်ပြလိုက်သည်။


မူရွှမ်၏ လက်များက ရုတ်ချည်းပင်ရပ်သွားပြီး နောက်ဆုံးတွင် ပြန်လည်တုံ့ပြန်လာသည်။ အေးစက်နေသောလေသံဖြင့် သူမကိုမေးလာသည်။

"မင်းဘာအမှားလုပ်ခဲ့တာလဲ..."


"အမ်..."


ယောင်စစ် တောင့်ခဲသွားသည်။

ဟုတယ်နော်... ငါဘာအမှားလုပ်ခဲ့တာလဲ.. သူမက အကြီးအကဲကောင်စီကတောင် ဆုကြေးပေးရမယ့် ကိစ္စကြီးကို လုပ်ခဲ့တာလေ... ဖေဖေမူက ဘာလို့စိတ်ဆိုးနေရတာလဲ....


မူရွှမ် အသက်ပြင်းပြင်းရှူကာ သူမကို တိတ်တဆိတ်ကြည့်လိုက်သည်။ သူ သူမကိုစိုက်ကြည့်ကာ တစ်လုံးခြင်းပြောလိုက်သည်။

"စစ်စစ်.. မင်းက အခုမှ မွေးကာစပဲရှိသေးတာ..."


"အာ... ကျွန်မသိတယ်လေ..."


"မင်းသိတယ်လား..."

သူ မျက်မှောင်ကြုတ်လိုက်ကာ သူမအပေါ် တင်းမာမှုများ ပိုမိုပြင်းထန်လာသည်။

"မင်းသိတယ်ဆိုရင်... ဘာဖြစ်လို့ ဒီလောက် အန္တရာယ်များတဲ့နေရာကို တစ်ယောက်တည်းသွားရတာလဲ... ငါမင်းကိုပြောတယ်လေ မင်းရဲ့အစွမ်းက မတည်ငြိမ်သေးပါဘူးလို့... အဲ့အပြင် မင်းမှာရှိတာက ပြောင်းပြန်အစွမ်းလေ... အဲ့နေရာမှာ သွေးစုပ်ဖုတ်ကောင်တွေသာမရှိဘူးဆိုရင် အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်မယ်ဆိုတာ သေချာလား..."


"အာ..."

သူ အမှန်များကိုသာပြောသွားခြင်းဖြစ်သည်။ သူမပြန်ပင် ပြန်မငြင်းနိုင်တော့ပေ။

"ကျွန်မ အဲ့တုန်းက တူလေးကုကို အရမ်းစိတ်ပူသွားတာ... သင်္ဘောတွေရော ဆက်သွယ်ရေးတွေကော အကုန်ပြတ်တောက်သွားတယ်လဲသိရော... ရှင့်ကိုချက်ချင်းလှမ်းခေါ်မလို့ပါပဲ... ကျိန်ပြောရဲပါတယ်..."

သူမ သက်သေပြရန် လက်သုံးချောင်းပင် ထောင်ပြလိုက်သေးသည်။