အပိုင်း ၆၈
Viewers 16k

Chapter 68 

အကျင့်ဆိုးတွေကို ပြောင်းရမယ်


"ဒါဆို ဘာလို့ငါ့ကိုမစောင့်တာလဲ..."

သူမထမင်းစာချိန်နောက်ကျလျှင် သူရောက်လာမည်ကိုသိသော်လည်း သူ့ကိုမစောင့်ပဲ ထိုအန္တရာယ်ရှိသော အခြေအနေထဲသို့သာ ခုန်ဆင်းခဲ့သည်။


"..."

ယောင်စစ် ကြောင်အသွားသည်။ သူမစိတ်ထဲတွင် ထိုအတွေးတစ်ခါမျှမပေါ်လာဖူးသလို ထိုအကြံကိုလည်း လျစ်လျူရှုမိလိုက်ပုံပေါ်လေသည်။


မူရွှမ်၏ မျက်နှာမဲမှောင်သွားကာ သူ၏အကြည့်များက မကျေနပ်ချက်တို့ဖြင့်ပြည့်လာသည်။ အသက်ပြင်းပြင်းရှူ၍ သူမ၏ခေါင်းကိုသာ ပုတ်ပေးလိုက်တော့သည်။

"စစ်စစ်... ငါကမင်းရဲ့အုပ်ထိန်းသူပါ... မင်းက စကြဝဠာကြီးတစ်ခုလုံးကို ဖျက်ဆီးချင်တယ်လို့ ပြောရင်တောင် ကူညီပေးမှာ... ငါ့ကိုပိုပြီးအားကိုးလို့ရပါတယ်..."


ယောင်စစ်၏နှလုံးသားက ဆုပ်ကိုင်ခံလိုက်ရသလိုတင်းကြပ်သွားပြီး သူမ၏လည်ချောင်းထဲတွင် ခံစားချက်များနှင့် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်လာသည်။ ထူးဆန်းသောအသံဖြင့် သူမ "ဖေဖေ"ဟု ခေါ်လိုက်မိသည်။


"မူရွှမ်.."


"မူရွှမ် ကျွန်မတောင်းပန်ပါတယ်... ကျွန်မအရာရာတိုင်းကိုကိုယ်တိုင်လုပ်ခဲ့ရတော့ အကျင့်ပါနေခဲ့တာပါ..."

သူမ တစ်ယောက်တည်းနေခဲ့ရပြီး ကိုယ်တိုင်သာဆုံးဖြတ်ချက်ချခဲ့ရသည်။ တာဝန်အားလုံးကို သူမပခုံးပေါ်ထမ်းရွက်ခဲ့ရပြီး မည်သူ့ကိုမှ အားမကိုးနိုင်ခဲ့ချေ။


သို့သော် ယခုတွင် သူမ၌အဖေတစ်ယောက်ရှိလာပြီဖြစ်သည်။ ယခု သူမနှင့် ထမင်းအတူစားရန် စောင့်ဆိုင်းပေးတတ်သူက သူ့အပေါ်မှီခိုရန်မျှော်လင့်နေသည်။


သို့သော် သူမက ထိုသို့မလုပ်ခဲ့မိချေ။


"ကျွန်မပြောင်းလဲပစ်မယ်... တကယ်ပြောင်းလဲပစ်မယ်..."


"အင်း..."



သွေးစုပ်ဖုတ်ကောင်များအပေါ် မရားသဖြင့်စမ်းသပ်မှုများအကြောင်းက တစ်မျိုးနွယ်လုံးကို ပြင်းပြင်းထန်ထန်ဒေါသထွက်စေသည်။ ကယ်တင်ခံခဲ့ရသော သွေးစုပ်ဖုတ်ကောင်များက မည်သည့်ပြဿနာမျှမရှိကြောင်းသေချာစေရန် အကြီးအကဲကောင်စီမှ ဗဟိုဌာနများတွင်ထားပြီး အသေအချာစောင့်ကြည့်နေလျက်ရှိသည်။ 


ယောင်စစ်သည် သူမ၏ဖိနှိပ်မှုစွမ်းအင်ကို စိတ်မချ၍ အဖမ်းဆီးခံခဲ့ရသော သွေးစုပ်ဖုတ်ကောင်များ နာကျင်ဖွယ်မှတ်ဉာဏ်များကို ပြန်မမှတ်မိစေရန် သေချာစေရန်အတွက် မူရွှမ်ကို သူ၏စိတ်စွမ်းအင်ကို ထိုသူများအပေါ် သုံးပေးရန် ပြောလိုက်သည်။ ဤနည်းဖြင့် ၎င်းတို့၏ မှတ်ဉာဏ်များက လုံးလုံးလျားလျားဖျက်ဆီးခံသွားရမည်ဖြစ်သည်။ 


ကျန်သုံးယောက်တွင် တူလေးကုကနှစ်ရက်မျှ အနားယူကာ ပြန်လည်ကုသလိုက်လိုက်ရပြီး ပိုင်ရိကဒဏ်ရာမရပေ။ လော့ယင်းသည်လည်း ပြန်လည်သက်သာလာပြီဖြစ်သည်။


ယောင်စစ်က ခြစ်ရာပင်မထင်ချေ။ သူမအဝတ်အစားတွင် အပြဲတစ်ချို့ရှိသော်လည်း သူမကလုံးဝအဆင်ပြေနေသည်။ သို့သော် သူမအဝတ်ပေါ်ရှိ အပြဲတစ်ချို့က လုံလောက်နေပြီဖြစ်သည်။ မူရွှမ်က သူမကို အချိန်အကြာကြီး စိတ်မကျေနပ်သည့်ပုံဖြင့်ကြည့်ပြီး အိမ်ကိုပြန်ခေါ်သွားပြီး အနားယူခိုင်းခဲ့သည်။


သူမ အိမ်တွက် အကျယ်ချုပ်ကျနေခဲ့ပြီး ဝက်တစ်ကောင်လို စားလိုက် အိပ်လိုက်သာလုပ်နေလိုက်ရသည်။ တစ်စုံတစ်ယောက်၏ အစိတ်စိတ်ကြေမွနေသော နှလုံးသားလေးကို စိတ်သက်သာရာရစေရန် ယောင်စစ် အိမ်ပြင်ကို မထွက်ရဲပေ။ သူမ၏တစ်ခုတည်းသော အပန်းဖြေရာမှာ စမ်းသပ်မှု၏နောက်ဆက်တွဲ ကိစ္စရပ်များနှင့် ပတ်သတ်၍ ယောင်ချမ့်ကို နေ့တိုင်း နှောင့်ယှက်၍မေးခြင်းဖြစ်သည်။


အကြီးအကဲကောင်စီက အလုပ်ရှုပ်နေလေသည်။


ပထမဆုံး သုတေသနအခြေစိုက်စခန်းကို သွေးစုပ်ဖုတ်ကောင်များက အသေအချာစုံစမ်းစစ်ဆေးခဲ့သည်။ ထိုအဖွဲ့အစည်း၏ ပစ်မှတ်က သွေးစုပ်ဖုတ်ကောင်များသာဟုတ်ကြောင်း တွေ့ခဲ့ရသည်။ မျိုးနွယ်တိုင်းနီးပါးက ထိုသူများ၏လက်အောက်တွင် စမ်းသပ်ခံပစ္စည်းအဖြစ် ခံစားခဲ့ရပြီး ကယ်တင်ခံခဲ့ရသည်မှာ သွေးစုပ်ဖုတ်ကောင်များသာ ဖြစ်ပေသည်။


အနီရောင်ဂြိုလ်သည် အဖွဲ့အစည်းကမသေနိုင်စွမ်းကို ရှာဖွေနေသည်ဟူသော ကိစ္စကိုသာချန်လှပ်၍ ကျန်အကြောင်းများအားလုံးကို မျိုးနွယ်စုတိုင်းသို့ အသိပေးခဲ့သည်။ ထိုသတင်းက စကြဝဠာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ ယခုအချိန်တွင် Euphoriaသည် အသေးငယ်ဆုံးသောဂြိုလ်ပေါ်တွင်ပင် လူသိအများဆုံးသော နာမည်ဆိုးကြီးတစ်ခု ဖြစ်လာခဲ့သည်။


အနီရောင်ဂြိုလ်တွင် ဂြိုလ်တွင်းဥပဒေအသစ်များကို ပြဌာန်းခဲ့လေသည်။


ဆောင်းခို(အိပ်စက်)ကြမည့် သွေးစုပ်ဖုတ်ကောင်များသည် အနီရောင်ဂြိုလ်၏ တာဝန်ရှိသူများကို ဦးစွာသတိပေးရမည်ဟူသော ပြဌာန်းချက်နှင့်၊ အနီရောင်ဂြိုလ်အပြင်တွင်နေသော သူများသည်လည်း ဆယ်နှစ်တစ်ခါဂြိုလ်သို့ပြန်လာရမည်ဟူသော ပြဌာန်းချက်များကို တင်းတင်းကြပ်ကြပ်ချမှတ်ခဲ့သည်။


အနီရောင်ဂြိုလ်သည် သုတေသနအခြေစိုက်စခန်းနှင့်ပတ်သတ်၍ ဖြစ်နိုင်ခြေရှိသမျှသဲလွန်စတိုင်းကို စစ်ဆေးစုံစမ်းကာ သွေးစုပ်ဖုတ်ကောင်များအားလုံး၏ တည်နေရာနှင့်ပတ်သတ်၍ အကြီးအကျယ်စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထိုစစ်ဆေးမှုက လူများစွာပျောက်ဆုံးနေသည်ကို မီးမောင်းထိုးပြခဲ့သော်လည်း အကြီးအကဲများက ထိုလူများဆောင်းခိုနေသည်လော လူယုတ်မာကောင်လုကြောင့် အဖမ်းခံရသည်လော သေချာမသိခဲ့ပေ။