အပိုင်း ၉၅၃
Viewers 53k

အခန်း ၉၅၃

ဒီဈေးဆိုင်ငယ်လေးက ပြဿနာဖြစ်ချင်နေတာပဲ...


ထုံယွဲ့သည် အဆင့်နိမ့်နယ်ပယ်မှလာသော သေမျိုးကောင်လေးကို အထင်သေးနေသည်။ ဖြစ်နိုင်သည်က ထုံယွဲ့သာမက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင်ရှိသော တခြားသူကောင်းမျိုး မိသားစုများလည်း အထင်သေးကြလိမ့်မည်။


ဩဇာကြီးသောမိသားစုများသည် လက်ဝါးကြီးအုပ်လိုသော ခံစားချက်မျိူးရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မသေမျိူးမြို့တော်ရှိ အရင်းအမြစ်အများစုကို ထိန်းချုပ်ထားရုံသာမက မရေမတွက်နိုင်သော စားဖိုမှူများလည်း ရှိကြသည်မှာ ပြောစရာမလိုပေ။ အခြေခံအားဖြင့် မသေမျိုးစားဖိုမှူး တစ်ဦးစီတွင် ရှင်းလင်းပြတ်သားသော ရပ်တည်ချက်ရှိပြီး ၎င်းတို့ကို သူကောင်းမျိုးမိသားစုမှ ခေါ်ယူသွားမည်ဖြစ်သည်။


အဆင့်နိမ့်နယ်ပယ်မှ သေမျိူးတစ်ဦး၏ ကျွမ်းကျင်မှုသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ခြစ်ရာတစ်ခုမျှ ဖြစ်စေနိုင်မည် မဟုတ်ပေ။ သဘာဝအရင်းအမြစ်များကို အသုံးပြုခြင်းမှလွဲ၍ ၎င်းတို့သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်နည်း... သူကောင်းမျိုးမိသားစုများသည် မြေကြီးကို အလဟဿဖြစ်စေသူဟု သတ်မှတ်ထားသော သေမျိူးများကို မလိုချင်ကြပေ။


ပုဖန်၏ သက်ဝင်လှုပ်ရှားနေသော ဈေးဆိုင်ငယ်လေးကို မြင်လိုက်ရသောအခါ ထုံယွဲ့၏နှလုံးသားက ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာသည် သူမ မခံစားနိုင်သည့် ရှက်စရာကောင်းသည်ဟူသော ခံစားချက်မျိုးပင်။


သူမက ပုဖန်၏ စစ်ဆေးချက်ဖြေဆိုခွင့်ကို ငြင်းဆိုထားပြီးဖြစ်သော်လည်း ၎င်းက အဘယ်ကြောင့်မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ဆက်လက်နေထိုင်နေရသနည်း...


သေမျိုးလောကမှ ထိုပုဂ္ဂိုလ်သည် ထူးထူးခြားခြား အရင်းအမြစ်များ မရှိရုံတင်မက သူ၏မွေးရာပါ ကျွမ်းကျင်မှုသည်လည်း မလုံလောက်သေးပေ။ ထို့ ကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ သူဘယ်လိုရပ်တည်နိုင်မလဲ...


ဤအကြောင်းပြချက်ကြောင့် ထုံယွဲ့ စိတ်မချမ်းမသာ ဖြစ်နေရခြင်းဖြစ်သည်။


မသေမျိုးမီးဖိုချောင် အဆောက်အဦ်းမှ လူတစ်ဦးအနေဖြင့် သူမ ပုဖန်ကို စစ်ဆေးချက်ကို မဖြေဆိုစေချင်လျှင် ပုဖန်သည် ဖြေခွင့်မရှိပေ။


ပုဖန် လောကကြီးကိုပြောင်းပြန်လှန်ဖို့ ဖြစ်နိုင်ပါ့မလား... အကယ်၍ သူသာ မသေမျိုးမြို့တော်တစ်ခုလုံးကို သူ၏ဈေးဆိုင်ငယ်လေးတွင် စည်ကားအောင်လုပ်နိုင်ခဲ့လျှင်....


အေးစက်စွာ ရယ်မော၍ တစ်ဖက်သို့လှည့်သွားသည့် ထုံယွိ့ကိုကြည့်ကာ မူလျှို့အာ သက်ပြင်းချလိုက်သည်။


သူကောင်းမျိုးမိသားစုများ လူများသည် အလွန်မောက်မာထောင်လွှားနေကြဆဲ ဖြစ်သည်။


သို့သော် အဆင့်မိန့်နယ်ပယ်မှ ထိုသေမျိုးသည် ထူးခြားဆန်းကြယ်သည်ဟု မူလျှို့အာ အမြဲတွေးခဲ့သည်။


ခေတ္တခဏ ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် သူ၏အငွေ့အသက်မှာ ကွဲပြားသွားသကဲ့သို့ ခံစားလိုက်ရသည်… သူ့အဖေနဲ့တောင်မှ ခပ်ဆင်ဆင်တူနေတယ်…


ဤအရာကိုတွေးလျက် မူလျှို့အာ ရုတ်တရက် ထိတ်လန့်သွားသည်။


သူမ‌အဖေလို တစ်စုံတစ်ယောက်...


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ဟာသတစ်ခုလိုပဲ...


သူမအဖေရဲ့သွင်ပြင်နဲ့ အဲ့ဒီသေမျိုးကို ဘယ်လိုနှိုင်းယှဉ်ရမှာလဲ...


ဒါတောင်မှ မူလျှို့အာ သိချင်နေတုန်းပဲ... လက်ကိုဆုပ်ကိုင်လျက် မသေမျိုးမီးဖိုချောင် အဆောက်အဦးမှထွက်သွားပြီး လမ်းပေါ်ရှိ ဈေးဆိုင်လေးသို့ ချဉ်းကပ်သွားသည်။


မူလက သူမသည် မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ ဝတ်စုံကိုဝတ်ဆင်ထားသော်လည်း အရှေ့တံခါးမှ မထွက်မီ သူမ၏အဝတ်အစားများ ပျောက်ကွယ်သွားပြီး ပုံမှန်အဝတ်အစားများ ဖြစ်သွားသည်။


မူလျှို့အာ၏ ပုံသဏ္ဌာန်မှာ အလွန်မလှပသော်လည်း လူများအား နွေးထွေးမှုနှင့် ခင်မင်ရင်းနှီးသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။


ယခုအချိန်တွင် ပုဖန်၏ ဆိုင်ငယ်လေးမှာ ကောင်းမွန်စွာ စီစဉ်ထားပြီး နောက်ထပ်ဟော့ပေါ့ကို စတင်ပြုလုပ်နေပြီဖြစ်သည်။


ပထမစားပွဲခုံရှိ လူသန်ကြီးလေးဦးသည် သူတို့၏ပါးစပ်တွင် ဆီများပေသည်အထိ စားသောက်ပြီးပြီဖြစ်သည်။ မျက်နှာမှာ နီမြန်းနေကာ နဖူးမှ ချွေးများဖြင့် ရွှဲရွှဲစိုနေသည်။


သို့သော် သူတို့၏ အတွင်းအကျဆုံး ခံစားချက်များမှာ တုနှိုင်းမရပေ ။ ဒီဟော့ပေါ့… သိပ်အရသာရှိတယ်...


အလွန်အရသာရှိသည့်အတွက် သူတို့၏ စိတ်လှုပ်ရှားမှု ခံစားချက်များကို ဖုံးဖိမထားနိုင်ကြပေ။


ရိုးရိုးသားသား ပြောရလျှင် ဒါက မသေမျိုးစားဖိုမှူးမှ ချက်ပြုတ်ထားသော အမြင့်ဆုံးအရသာကဲ့သို့ မဟုတ်ပေ။ ပါဝင်ပစ္စည်းတစ်ခုကို ပါးစပ်ထဲထည့်လိုက်သည့်အချိန်တိုင်း သူတို့၏ တစ်ကိုယ်လုံးကို လန်းဆန်းသွားသကဲ့သို့ ပုံမှန်လူများ လက်ခံနိုင်သည့် စီးဆင်းနေသော ရေ၏ငြိမ်သက်စွာ ညည်းညူသံနှင့် တူသည်။


လူလေးဦးသည် မီနူးကိုကြည့်လျက် ဟင်းလျာများမှာ‌ယူနေကြသည်။ သူတို့ကို ကြည့်ရသည်မှာ ချမ်းသာပုံရသည်။ ပုဖန်၏ ဈေးနှုန်းများမှာ ဈေးကြီးသော်လည်း အများအပြားမှာနေဆဲပင် ဖြစ်သည်။


ပုဖန်မှ ဟင်းလျာများစွာကို ပြင်ဆင်ပြီးထားသော်လည်း မမြည်းစမ်းရသေးသော ဟင်းပွဲများစွာ ရှိပါသေးသည်။


သူတို့ဝိုင်ကိုမြင်သောအခါ မြည်းစမ်းချင်ကြသည်။ သို့သော် ဝိုင်၏ဈေးနှုန်းကို မြင်သောအခါ ထိုဈေးကြီးသောဝိုင်သည် အလွန်ရက်စက်သည်ဟု တွေးလိုက်ကြသည်။


နှင်းခါးမီးတောက်သိမြင်မှုဝိုင်အတွက် အင်မော်တယ်သလင်းကျောက်ရှစ်ခုဖြစ်သည်။


ဈေးကြီးသော်လည်း သူတို့သည် ဝိုင်ကို မရှိမဖြစ် လိုအပ်နေသေးသည်ဟုထင်ကြသည်။ ဟော့ပေါ့အစပ်နှင့်တွဲစားထား ပေါက်ကွဲလန်းဆန်းစေမည့် ခံစားချက်မျိုးကို ခံစားကြလိုခြင်းဖြစ်သည်။


ထိုကဲ့သို့ ခံစားချက်မျိုးကို တွေ့ကြုံလိုသည့်အတွက် လူလေးဦးသည် ဝိုင်မှာလိုက်ကြသည်။ 


ခဏအကြာတွင် ပုဖန် နှင်းခါးမီးတောက်သိမြင်မှုဝိုင်ကရားကို ယူလာပြီး စားပွဲပေါ်တွင် ချထားလိုက်သည်။ အထူးပြုလုပ်ထားသော အဖုံးကိုဖယ်ပြီး ခွက်ငယ်တစ်ခုစီတွင် ငှဲ့ပေးလိုက်သည်။


သန့်ရှင်း‌သည့်ဝိုင်ကို ခွက်ထဲထည့်လိုက်သောအခါ မြူခိုးများ အထက်သို့ဝေ့ဝဲနေသည်။ ပုဖန်ရေခဲများ ထပ်ထည့်လိုက်သောအခါ စွဲမက်ဖွယ်ရာ ဖြစ်သွားသည်။


၎င်းတို့ထဲမှ တစ်ယောက်သည် သည်းမခံနိုင်ဖြစ်ကာ ပုဖန်ဆီမှ ဝိုင်ကောင်းကောင်းကို ယူလိုက်ပြီး ခေါင်းမော့ကာ တစ်ကျိုက်တည်းသောက်လိုက်သည်။


လည်ချောင်းထဲသို့ ဝိုင်‌ဝင်ရောက်သွားသည်နှင့် တစ်ကိုယ်လုံး တုန်ခါသွားစေသည်။ ပူ၍နီမြန်းနေသော သူ၏မျက်နှာသည် ရေခဲရေဖြင့် စိုစွတ်နေပုံရပြီး အရေပြားမှ အငွေ့များ တက်လာသကဲ့သို့ ဖြစ်နေသည်။


" အင်း... အရမ်းမိုက်တယ်... တော်တော်ကောင်းတဲ့ဝိုင်ပဲ..."


 ကြွက်သားများနှင့်လူကပြောလိုက်သည်။ သူ၏တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားမှုတို့ကြောင့် ပျံတက်သွားတော့မည်ဟု ထင်နေရသည်။


ထို့နောက် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ထိုစားပွဲတွင် တွေ့နိုင်သည်။


ထိုလူလေးယောက်သည် အိုးထဲမှငါးကိုစားပြီး ၎င်းထံမှစပ်သောအရသာသည် နှာခေါင်းကို ယားယံစေပါသည်။ နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို သောက်ပြီးနောက်တွင် ခံစားချက်သည် မနှိုင်းယှဉ်နိုင်အောင်ပင်။ 


ယေဘုယျအားဖြင့် သူတို့၏ဘဝသည် အလွန်လှပသည်ဟု ခံစားခဲ့ရသည်။


ဟုတ်ပါတယ်… ဒီလှပတဲ့ဘဝအတွက် လူတစ်ယောက်ဟာ အင်မော်တယ်သလင်းကျောက်တွေ အများကြီးသုံးဖို့ လိုပါတယ်...


ဒုတိယမြောက်အိုးကို ပြင်ဆင်ပြီးသောအခါ ပုဖန်၎င်းကို ဒုတိယစားပွဲသို့ သယ်လာခဲ့သည်။


ဤတစ်ကြိမ်တွင် အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦး စားသောက်ကြသည်။


ထိုလူလေးဦး၏ စားပွဲအမူအကျင့်တွေကြောင့် သူတို့၏ အစာစားချင်စိတ်ကို နှိုးဆွပေးခဲ့သည်မှာ ကြာပြီဖြစ်သည်။ထို့ကြောင့် သူတို့၏ ဗိုက်များက ငြီးတွားသံများဆူညံနေပေပြီ။


ယခု သူတို့ရှေ့တွင် ဟော့ပေါ့ရှိနေပြီဖြစ်သည်။ နောက်ဆုံး၌ အရသာခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။


ဟင်းရည်ဆူလာသည်နှင့် အပူအငွေ့များသည် ကောင်းကင်သို့ တက်လာသည့် မှိုပုံစံတိမ်တိုက်များ ကဲ့သို့ပင်။


ပါဝင်ပစ္စည်းများကို အိုးထဲထည့်ပြီးနောက် ပြန်မထုတ်ခင် ခဏစောင့်နေကြသည်။ ထို့နောက် ကိုယ်တိုင်ပြုလုပ်ထားသော ပဲငံပြာရည်အနှစ်ထဲသို့ နှစ်ကာ ပါဝင်ပစ္စည်းများကို ပါးစပ်ထဲထည့်လိုက်သည်။


သူတို၏မျက်နှာပေါ်တွင် ကျေနပ်အားရမှု ခံစားချက်တစ်ခု ပေါ်လာသည်။  


ဤဟော့ပေါ့လုပ်ငန်းသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့သည်။ အမှန်တွင် သူမှားသွားပြီဖြစ်သည်။ ကောင်လေးပုဖန်ကို သူ ဘယ်တော့မှ သံသယ မဖြစ်သင့်တော့ဘူး... ဒါနဲ့ ဘယ်အချိန်တည်းက ဒီကောင်လေးက အလိုလိုသိစိတ်နဲ့ ကတ်ကစားတတ်သွားတာလဲ...


အမှန်တွင် ရှူးရှဲအစပ်ချောင်းနှင့် သွေးကျောက်ပုစွန်ကို သဘာဝအတိုင်း ချက်ပြုတ်နိုင်သော စားဖိုမှူးတစ်ဦး၏ တည်ရှိမှုသည် ၎င်း၏ထူးခြားချက်ဖြစ်သည်။ မဟုတ်ပါက ငရဲကမ္ဘာ၏ ထက်မြက်ပြီး မြင့်မြတ်သော ဤအရှင်သခင်သည် ထိုကဲ့သို့ ရူးသွပ်သော စိတ်ဓာတ်ဖြင့် မည်သို့ စွဲလန်းနိုင်မည်နည်း...


ငရဲဘုရင်အာဟသည်လည်း ဟော့ပေါ့အစပ်ကို မြည်းစမ်းချင်နေသည်။


စားပွဲတစ်လုံး... နှစ်လုံး... သုံးလုံး...


အဆုံးတွင် နာမည်ကြီးဟော့ပေါ့သည် စားသုံးသူအမြောက်အများကို ဆွဲဆောင်ခဲ့သည်။


သို့သော်လည်း ယခု အချိန်နှောင်းသွားသောကြောင့် ပုဖန်က ဆိုင်သိမ်းဆည်းရန်ပြင်နေပြီဖြစ်လေရာ အနီးအနားရှိ စားသုံးသူများကို နောင်တရသွားစေသည်။


"ဟလေး... ဈေးဆိုင်ပိတ်လိုက်တော့..." 


ပုဖန် ငရဲဘုရင်အာဟကို တစ်ချက်ကြည့်၍ အသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။


ငရဲဘုရင် ပုဖန်ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေလိုက်သည်။


ပုဖန်ပြောသည့်အတိုင်း မလုပ်ရန် ငြင်းဆန်မိသည်။ သူ ဈေးဆိုင်လေး ဖွင့်ရန် ကူညီခဲ့သော်လည်း ဟော့ပေါ့ကို မမြည်းစမ်းခဲ့ရပေ။


ဒေါသထွက်လွန်းသဖြင့် နှာခေါင်းမှ အငွေ့များ ထွက်လာသည်ဟုပင် ထင်ရသည်။


ပုဖန်က မီးဖိုချောင်သုံးကိရိယာများကို သပ်ရပ်စွာသိမ်းဆည်းနေရင်း ငရဲဘုရင်အာဟကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ်ပြုံးသွားသည် ။


" နောက်ကျ ဟော့ပေါ့စားချင်ရင် မြန်မြန်လုပ်..."


ငရဲဘုရင်အာဟလန့်သွားပြီး ခဏကြာသောအခါ မျက်လုံးများ အရောင်တောက်လာသည်။


"ကောင်လေးပုဖန် တကယ်ပြောတာလာ...မင်း ဒီဘုရင်ကို လှည့်စားရဲရင် ဒီချစ်ဖို့ကောင်းတဲ့ဘုရင်ကို ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဖူးနော်..." 


ငရဲဘုရင် အစပ်ချောင်းကို ပါးစပ်ထဲထည့်လျက် စူပုတ်ကာ ပြောနေသည်။


စကားပြောပြီးသောအခါ သူသည်ရှုပ်ပွနေသည်များကို ရှင်းပစ်လိုက်သည်။ နောက်အခိုက်အတန့်တွင် စားပွဲများ ကုလားထိုင်များနှင့် အခြားအရာများကို လက်ခံရရှိပြီး စနစ်၏သိုလှောင်မှုနေရာကို ပို့လိုက်သည်။


" ပိုင်ရှင်ပု နက်ဖြန်ဈေးဆိုင် ဘယ်အချိန်ဖွင့်မှာလဲ..." 


ဟော့ပေါ့၏ ဆွဲဆောင်မှုအောက်တွင် ယစ်မူးသွားသူတစ်ဦးက ပုဖန်ကိုမေးလိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးကိုထုတ်ယူ၍ လာမေးသူကို တစ်ချက်ကြည့်ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။ 


“" ဟော့ပေါ့ရဲ့ လူကြိုက်များမှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် မနက်ဖြန်အတွက် ဆိုင်ရဲ့ အဓိက ဟင်းလျာကတော့ ဟော့ပေါ့ပါပဲ...ဆိုင်ဖွင့်ချိန်နဲ့ ပတ်သက်ပြီးကတော့..."


ပုဖန်ခဏရပ်တန့်သွားပြီးနောက် ခေါင်းလှည့်၍ အ‌ကွာအဝေးတစ်ခု၌ရှိသော မသေမျိုးဖိုချောင် အဆောက်အဦးကို ကြည့်လိုက်သည်။ 


" မသေမျိုးမီးဖိုချောင် အဆောက်အဦး ဖွင့်တဲ့အချိန်က ကျုပ် ဈေးဆိုင် စဖွင့်တဲ့အချိန်ပါပဲ..."


သူတို့ကို ပြဿနာတက်စေချင်သည် ဆိုတည်းက အဆုံးထိ လုပ်ရမည်ဖြစ်သည်။


စားသုံးသူများ၏ မျက်နှာမှာ ရှုပ်ထွေးသွား၏။ အဲ့တာကဘာအဓိပ္ပါယ်လဲ...


ပုဖန်နဲ့ မသေမျိုး မီးဖိုချောင်အဆောက်အဦးမှာ ကိစ္စလေးတွေ ရှိနေတာလား...


ထိုစားသုံးသူသည် ရုတ်တရက် ခေါင်းခါယမ်းကာ နောက်ဆုံး သူထွက်မသွားမီ အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံရသည်။


အကယ်၍ ဤဆိုင်ပိုင်ရှင်သည် မသေမျိုးမီးဖိုချောင်အဆောက်အဦးနှင့် မကြေလည်မှုအချို့ရှိလျှင် ဤဆိုင်သည် မကြာမီ ပျောက်ကွယ်သွားတော့မည်ထင်သည်။


ဤအတောအတွင်း အဝေးမှ မူလျှို့အာသည် ဤစကားကို ကြားရသည့်အတွက် အလွန်စိုးရိမ်နေပုံရသည်။


ဒီသေမျိုးက... တကယ်ကိုပဲ မသေမျိုးမီးဖိုချောင် အဆောက်အဦးနဲ့ ဆန့်ကျင်ချင်နေတာလား... ဒါဆိုရင် ဒီဈေးဆိုင်ငယ်လေးနဲ့ မလုံလောက်ဖူး...


ပုဖန်ကို သူမအနည်းငယ် စိတ်ပျက်သွားသည်။ မသေမျိူးမီးဖိုချောင် အဆောက်အဦးက သူ၏ယခင်ကမ္ဘာနှင့် တူသည်ဟု တွေးတောနေခြင်းလား...


ဤသေမျိူး... ဤအမည်မဲ့ကမ္ဘာ၏ စိုးရိမ်မှုများ သူ့ထံတွင် မရှိသေးပေ။ အနှေးနှင့်အမြန်ဆိုသလိုပင် သူသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားရမည်ဖြစ်သည်။


ဟော့ပေါ့အတွက် သနားစရာကောင်းလိုက်တာ… ဒါဟာ ပြီးပြည့်စုံတဲ့ ဖန်တီးမှုသဘောတရားတစ်ခုပါပဲ...


...


မူလျှို့အာ၏အတွေးနှင့် စိတ်ပျက်မှုများကို ပုဖန် နားလည်မည်မဟုတ်ပေ။ အကယ်၍ သူသိပါကလည်း ဂရုစိုက်မည်မဟုတ်ပါ။ 


ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းပြီးသောအခါ ငရဲဘုရင်အာဟကိုခေါ်၍ မသေမျိုးမြို့တော်၏ လမ်းများထက်တွင် လျင်မြန်စွာ လျှောက်၍ ပျောက်ကွယ်သွားကြသည်။


...


 ည၏ ကန့်လန့်ကာသည် တဖြည်းဖြည်း ကျဆင်းလာလေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ညကောင်းကင်သည် အလွန်မှောင်မိုက်နေပါသည်။ ကြယ်မရှိ အလင်းရောင်မရှိသည့်အပြင် ပုန်းကွယ်နဂါးတိုက်ကြီးတွင် မြင်ရလေ့ရှိသော လကိုပင် မမြင်ရပေ။


ကောင်းကင်သည် မည်းမှောင်နေ၏။


သို့သော် မသေမျိုးမြို့တော်တွင် လမ်းများက တောက်ပနေပြီး ညအိပ်သောမြို့ကဲ့သို့ လူများ ဟိုဟိုဒီဒီသွားလာနေကာ မီးရောင်များလဲ လင်းထိန်နေသည်။


...


မသေမျိုးမြို့တော် တစ်နေရာရှိ တည်းခိုခန်းတစ်ခုတွင်


ပြတင်းပေါက်တစ်ခု ပွင့်လာပြီး လေပူများ လှိမ့်ထွက်သွားသည်။


" ဝဲစားခွေး... ဒီဘုရင်ရဲ့ သွေးကျောက်ပုစွန်တွေကို လာမခိုးနဲ့..."


"ဝိုး...နယ်သာရီလေး ဘာလို့အဲ့လို လုပ်ရတာလဲ... ဒီဘုရင်က အလုပ်ကြိုးစားပြီး မင်းအတွက် နတ်ဆိုးဖားအသားကို ချက်ပေးထားတာကို..."


" ခေါင်းပြောင်နဂါးကြီး...မင်းကိုကြည့်ရတာ ဝက်လိုပဲ... ပဲငံပြာရည်တွေကို ဘာလို့စားရတာလဲ..."


ငရဲဘုရင်အာဟ၏ အဆက်မပြတ်အော်သံနှင့်အတူ လူတစ်စုသည် ဟော့ပေါ့စား၍ အလုပ်များနေသောကြောင့် အခန်းသည် အလွန်သက်ဝင်လှုပ်ရှားနေပါသည်။


ပုဖန် စီမံပြီးသား ပါဝင်ပစ္စည်းများကို စားပွဲပေါ်တင်လိုက်သည်။ ပါဝင်ပစ္စည်းများ၏ ချက်ပြုတ်သည့် လုပ်ငန်းစဉ်သည် ယခင်အတိုင်းပင်ဖြစ်ပြီး အသားအမျိုးမျိုးကို ရေခဲတုံးပေါ်တွင် သပ်ရပ်စွာ ခင်းကျင်းထားဆဲဖြစ်သည်။ ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း လှပလွန်းသည်။


ဟော့ပေါ့ဟင်းရည်က ပုဖန်အား စိတ်ကျေနပ်မှု ဖြစ်စေသည်။


ဟော့ပေါ့တစ်ခုတွင် ဟင်းချိုအချို့နှင့် လတ်ဆတ်သောပါဝင်ပစ္စည်းများကို တစ်ပြိုင်နက်တည်းစားနိုင်သည်။ အရသာတစ်မျိုးကို ဖောက်ထွက်ပြီး မူးဝေသွားစေသည့် ပေါင်းစပ်မှုတစ်မျိုးပင်။


ထိုအချိန်တွင် မသေမျိုးမီးဖိုချောင် အဆောက်အဦးနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသော မြင်နေကျမဟုတ်သည့် ဈေးဆိုင်၏ သတင်းသည် မသေမျိုးမြို့တော်တွင် ပျံ့နှံ့သွားခဲ့သည်။


ဟုတ်ပါတယ် ဒီသတင်းက မြန်မြန်ဆန်ဆန် ပျံ့နှံ့တာတော့ မဟုတ်ပေ...


ပုဖန်၏ ဈေးဆိုင်တည်နေရာမှာ အနည်းငယ်ခေါင်သဖြင့် စားသုံးသူများ အများအပြားလာရောက်ခြင်းမဟုတ်ပဲ သတင်းကို တစ်ဆင့်စကားနှင့် သယ်ဆောင်သွားသည့်အတွက် အလွန်ပျံ့နှံ့နေသည် မဟုတ်ပေ။


သို့သော် ဟော့ပေါ့စားဖူးလိုက်သူများအ‌တွက် မည်သည့်အခါမျှ မမေ့နိုင်ပေ။ သူတို့အတွက် ဟော့ပေါ့၏ ထူးခြားသော အရသာကို မေ့ပစ်ရန် ခက်ခဲလှသည်။


...


နောက်‌တစ်နေ့တွင် ပုဖန် ငရဲဘုရင်အာဟကို အတူခေါ်ဆောင်၍ တည်းခိုခန်းမှ ထွက်သွားပြန်သည်။


ယခုသူတို့တွင် အင်မော်တယ်သလင်းကျောက်များ ရှိနေသည့်အတွက် တည်းခိုခန်းသည် ၎င်းတို့၏ ယာယီနေထိုင်ရာ ဖြစ်နေသည်။


ယခု‌တစ်ခေါက်တွင် နယ်သာရီလည်း လိုက်ပါလာခဲ့သည်။


လူသုံးဦးက မသေမျိူးမီးဖိုချောင် အဆောက်အဦးရှေ့သို့ ရောက်ရှိကြပြီး ဈေးဆိုင် စတင်ခင်းကျင်းကြသည်။ သစ်သားစားပွဲများနှင့် ကုလားထိုင်များကို တစ်ခုပြီးတစ်ခု ဖယ်ထုတ်၍ လမ်းပေါ်၌ နေရာချကာ အရာအားလုံး မြန်မြန်ဆန်ဆန် ပြီးသွားကြသည်။ 


 " အစားအသောက်ဈေးဆိုင်..." ဟူသော စကားလုံးဖြင့် သစ်သားဘုတ်ကိုလည်း ထုတ်ယူပြီး ချထားခဲ့သည်။


သူတို့ ပေါ်လာသည်နှင့် ချက်ချင်းပင် လူများ ဝိုင်းအုံလာသည်။ ၎င်းတို့သည် ဟော့ပေါ့နှစ်သက်သူများ ၎င်းတို့၏သစ္စာအရှိဆုံး ဖောက်သည်များဖြစ်သည်။


လူအုပ်ထဲတွင် စိတ်အလှုပ်ရှားဆုံးမှာ သန်မာသော ညီအစ်ကိုလေးယောက်ဖြစ်ပြီး အားလုံးက ပုဖန်ကို မျက်လုံးနီများဖြင့် စိုက်ကြည့်နေကြသည်။


" ပိုင်ရှင်ပု... ကျွန်တော်တို့ကို ဟော့ပေါ့ပေးပါဦး..."


...


မသေမျိုးမီးဖိုချောင် အဆောက်အဦး


မသေမျိုးမီးဖိုချောင်အဆောက်အဦးထဲမှ လူများအားလုံး ပုရွက်ဆိတ်ကဲ့သို့ ပြည့်ကျပ်နေသည့် မျက်နှာချင်းဆိုင်မှ လူအုပ်စုကို စူးစူးဝါးဝါး ကြည့်နေကြသည် ။


ထုံယွဲ့ နံနက်စောစောတွင် မသေမျိုးမီးဖိုချောင်အဆောက်အဦး ဝင်ပေါက်သို့ ရောက်သောအခါ ပုဖန်၏ သက်ဝင်လှုပ်ရှားနေသောဆိုင်ကို‌ တွေ့ရသောအခါ ဟမ့်ခနဲအသံပြု၍ သရော်လိုက်သည်။


မူလျှို့အာလည်း ရောက်လာလေသည်။ ပုဖန် မသေမျိုးမီးဖိုချောင်အဆောက်အဦးကို အမှန်တကယ် ဆန့်ကျင်ရန် ရည်ရွယ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူမ စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။


လူများတိုးပွားလာသည်နှင့်အမျှ စစ်ဆေးမှုများအတွက် မသေမျိုးမီးဖိုချောင်အဆောက်အဦးသို့ လူများပိုမိုများပြားလာပြီး ပုဖန်၏ဆိုင်ကို စူးစမ်းနေကြသည်။


ဟော့ပေါ့စားသူများသည် ချီးကျူးစကားများ အော်ဟစ်ပြောဆိုနေကြပြီး အစပိုင်းတွင် ၎င်းတို့ကို ဗြောင်ကျကျ စိုက်ကြည့်နေသော လူသစ်များသည် နောက်ဆုံးတွင် တန်းစီဇယားတွင် ပါဝင်လာသည်။


ရှည်လျားကျဉ်းမြောင်းသော လူတန်းသည် မျက်နှာချင်းဆိုင်လမ်းမှ မသေမျိုးမီးဖိုချောင်အဆောက်အဦး အဝင်ပေါက်အထိ တန်းစီနေသည်။


ဤကျော်ကြားမှုသည် ဖြတ်သန်းသွားသည့် မရေမတွက်နိုင်သော လူများကို အံ့ဩစေခဲ့သည်။


သို့သော် ထိုအံ့ဩသွားကြသူများသည်ပင် တန်းစီသည့်လူအုပ်ထဲ ပါလာကြသည်။


အဆုံးတွင် ဒေါသမျက်နှာကို သာမန်မျက်စိနှင့်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်‌လောက်သော ဒေါသများပြည့်နေသော မျက်နှာနှင့် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျင့်ကြံသူတစ်ယောက် ထွက်လာသည်။


" တစ်စုံတစ်ယောက်က မသေမျိုးမီးဖိုချောင် အဆောက်အဦးရဲ့ မျက်နှာချင်းဆိုင်မှာ ဈေးဆိုင် လာဖွင့်ထားတာပဲ... အရှေ့မှာတင်မကဘူး လူတန်းကြီးက ဝင်ပေါက်အထိ ရောက်လာပြီ... မင်းတို့မျက်လုံးထဲမှာ မသေမျိုးမီးဖိုချောင် အဆောက်အဦး ဆိုတာ ရှိသေး‌ရဲ့လား... ဘယ်လိုပြဿနာကို မီးမွှေးနေတာလဲ... ဒီဈေးဆိုင် ဒီနေရာမှာ မရှိရတော့ဘူး..."