အပိုင်း ၉၆၆
Viewers 53k

အခန်း ၉၆၆

ဒီကောင်က သေကိုသေရမယ်...


(လက်ရှိမစ်ရှင်ဖြစ်တဲ့ မသေမျိုးမြို့တော်မှာ ဆိုင်ခွဲဖွင့်ခြင်းကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်... မစ်ရှင်ဆု... အင်မော်တယ် ဖြတ်တောက်ခြင်းနည်းလမ်းပါ...သင့်လုပ်ငန်း လွှဲပြောင်းခြင်းတာဝန်ကို ပြီးမြောက်တဲ့အတွက် ဂုဏ်ယူတယ်... အဆင့်တက်သွားပါပြီ...မစ်ရှင်ဆုက...)


ပုဖန်၏ ခေါင်းထဲတွင် စနစ်၏ လေးနက်သော အသံ ထွက်ပေါ်လာသည်။


ဤအသံကြောင့် ပုဖန် အံ့အားသင့်သွားသည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်သွားသည်။


ကျော်လွှားနိုင်မှု။ သူ ဤနေရာမှ ကျော်လွှားနိုင်မည်ဟု မထင်ခဲ့သော်လည်း သုံးနှစ်ကျော်ကြာခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။


ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ အဆင့်တက်သွားတာ လမ်းကြောင်းမှန်ပေါ် ရောက်နေတာပဲ...


ပုဖန်၏အော်ရာ အလွန်ပြောင်းလဲသွားသည်။ သူ၏ စစ်မှန်သော စွမ်းအင်များ တစ်ဟုန်ထိုး တိုးမြင့်လာသည်။


သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ကျောက်စိမ်း ပလ္လင်တစ်ခုသည် သူ၏ခေါင်းထက်တွင် ထွက်ပေါ်လာပြီး မီးတောက်များက ထိုပလ္လင်ကို ပြည့်လျှံစေခဲ့သည်။ နတ်ဘုရားမီးတောက်တစ်ခု...နှစ်ခု...သုံးခု...


နတ်ဘုရားမီးတောက် ကိုးခုသည် နတ်ပလ္လင်ထက်၌ ကခုန်နေသည်။


ထိုအချိန် ပုဖန်၏အော်ရာသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ရွှေရောင်စက်ဝန်းတစ်ခုက သူ့ကို ကာထား၏။ သူ၏ဖိအားများ ပွင့်ထွက်လာသည်နှင့်အမျှ အနီရောင်ဝတ်ရုံမှာ တဖျပ်ဖျပ်ခတ်နေသည်။


ထိုမြင်ကွင်းသည် လူအားလုံးအတွက် လန့်စရာဖြစ်နေသည်။


ဒီသေမျိုးကောင်က ဆေးတွေများ စားထားတာလား...


သူ့ရဲ့ကျင့်ကြံခြင်း အခြေခံက ဘာလို့ အဲ့လောက်မြန်မြန် တိုးသွားတာလဲ...


သူ၏ ကျင့်ကြံမှုအခြေခံသည် စံနှုန်းနှင့် ဆန့်ကျင်ပြီး လျင်မြန်စွာ လည်ပတ်နေသောကြောင့် သူသည် ဖောက်ပြန်ပျက်ဆီးရန် လွယ်ကူနေပေလိမ့်မည်။


အဲ့ဒီသေမျိုးက လျှို့ဝှက်နည်းလမ်းတွေ သုံးနေတာလား...


ဟုတ်တယ်...သူအဲ့လို လုပ်နေတာပဲ ဖြစ်ရမယ်...


သို့သော် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အစပိုင်းအဆင့်မှ အထွတ်အထိပ်သို့ ရောက်စေသော လျှို့ဝှက်နည်းလမ်းသည် သာမန်မဟုတ်နိုင်ပေ။


မည်သို့ပင်ဖြစ်စေ ကြည့်ရှု့သူများသည် သံသယဝင်နေကြသည်။ ပုဖန် ယခု မည်သည့်နည်းလမ်း အသုံးပြုလိုက်ကြောင်း သူတို့ မသိပေ။


အကယ်၍ သူသည် လျှို့ဝှက်နည်းလမ်းအချို့ အသုံးပြုခဲ့ပါကလည်း သူ၏ ကျင့်ကြံခြင်းအခြေခံသည် ထုံချန်းထက်နိမ့်နေဦးမည် ဖြစ်သည်။


စစ်မှန်မသေမျိုးနယ်ပယ်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ထက် တစ်ဆင့်မြင့်သည်ဖြစ်ရာ အကယ်၍ ပုဖန်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်ကို ရောက်သွားပါကလည်း ထုံချန်းသည် သူ့အားလွယ်လွယ်ကူကူ သတ်ပစ်နိုင်သည်။


နယ်ပယ်နှစ်ခုကြားတွင် ကြီးမားသော ကွာဟချက်နှင့် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပြီး ဤကွာဟချက်ကို ဖြည့်ဆည်းရန် နည်းလမ်းမရှိပေ။


ဖြူး …


သူ၏ တိုးပွားလာသော ကျင့်ကြံမှုအခြေခံသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။


နောက်ဆုံးတွင် နတ်ဘုရားမီးတောက်များ ပျောက်ကွယ်သွားသည်။ ပုဖန် ဘာမျှမဖြစ်လိုက်သကဲ့သို့ပင် ခေါင်းမော့၍ ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။


ပတ်ဝန်းကျင်ရှိလူများ၏ ကြောင်အမ်းအမ်းပုံစံ များကို မြင်လိုက်ရသောအခါ ပုဖန်၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ ဘာတွေ အဲ့လောက် အံ့ဩနေကြတာလဲ...ဒါက သာမန် ကျော်လွှားနိုင်မှု့လေး တစ်ခုပဲကို...


ယခုအချိန် ထိုကိစ္စကို အာရုံမစိုက်နိုင်သေးပေ...


" ဟေး ငါမေးထားတဲ့ မေးခွန်းကရော..." ပုဖန် ပြောလိုက်သည်။


သူပြောပြီးသည်နှင့် လူတိုင်းသည် ပြန်အမှတ်ရသွားကာ ပုဖန်ကို စိတ်ရောဂါဝေဒနာရှင်တစ်ဦးအဖြစ် ကြည့်နေကြသည်။


" မသေမျိုးစားဖိုမှူး စစ်ဆေးချက်လား..." 


 ထုံချန်း၏ နှုတ်ခမ်းသည် မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားသည်။


ပုဖန် မိုးကြိုးပြစ်ဒဏ်ကို အစပြုနိုင်ခဲ့သော်လည်း မသေမျိုးစွမ်းအင်ကို မစုစည်းနိုင်‌ခဲ့ပေ။ ဆိုလိုသည်မှာ သူ့တွင် အရည်အချင်းမပြည့်မီသောကြောင့် အချိန်တိုအတွင်း မသေမျိုးစားဖိုမှူး ဖြစ်လာရန် မဖြစ်နိုင်ပေ။


ဤသည်ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူတိုင်းသိကြသည်။


ဥပမာ ရွှမ်ယွမ်ရှားဟွေ့သည် သူ၏ မွေးရာပါ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သောကြောင့် နောက်ဆုံးတွင် ယနေ့၌ မသေမျိုးစားဖိုမှူးဖြစ်လာခဲ့သည်။


ဤဥပမာကို ကြည့်ခြင်းဖြင့် ပုဖန်သည် အချိန်တိုအတွင်း မသေမျိုး စာဖိုမှူးဖြစ်မလာနိုင်ပေ။ ဒီလိုကြိုးပမ်းမှုကို သူဘယ်လိုလုပ်ရနိုင်မှာလဲ...


မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ အိမ်တော်သခင်မလေး အနေနှင့် မူလျှို့အာသည် ပုဖန်၏ မေးခွန်းနောက်ကွယ်မှ အကြောင်းပြချက်ကို သေချာပေါက် နားလည်သည်။


စစ်မှန်မသေမျိုးနယ်ပယ်တွင် အလွန် သန်မာပြီး ထုံချန်းထက်ပင် သန်မာသော မန်နေဂျာချန်သည် ပုဖန်ကို ကြည့်နေချိန်၌ သူ၏မျက်နှာမှာ မဲနက်နေသည်။


" ကောင်လေး အရမ်းစိတ်ကူးမယဉ်နဲ့... မင်းရဲ့စွမ်းဆောင်ချက်ကိုကြည့်ပြီး ငါမှားခဲ့တာကို ဝန်ခံပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် မသေမျိုးစားဖိုမှူး ဖြစ်လာဖို့က ဒီလောက် မလွယ်ဘူး မင်းတစ်ခါကျရှုံးပြီးပြီ မင်းအောင်မြင်ချင်တယ်ဆိုရင် အနည်းဆုံး အလုပ်ကြိုးစားပြီး စွမ်းရည်တွေကို နှစ်ပေါင်းများစွာ တိုးတက်အောင် လုပ်ရမယ်..."


မူလျှို့အာလည်း ခေါင်းငြိမ့်လျက် ပြောလိုက်သည်။ 


" ပုဖန် စိတ်မပူပါနဲ့ မသေမျိုးမီးဖိုချောင်အဆောက်အဦး ရှိနေသရွေ့ ရှင့်ကို ဘယ်သူမှ မထိစေရဘူး ထုံမျိုးနွယ်တွေကတောင်ပေါ့... ရှင့်ရဲ့ပင်ကိုစွမ်းရည်က ကောင်းမွန်လွန်းတော့ အနာဂတ်မှာ မသေမျိုးစားဖိုမှူးဖြစ်လာမှာ သေချာတယ်... ကိုယ့်အနာဂတ်ကိုယ် မဖျက်ဆီးပါနဲ့..."


ယနေ့ အဖြစ်အပျက်များသည် အလွန်အံ့ဩစရာကောင်းပြီး အချိန်ကောင်းများ ရရှိခဲ့သည့်အတွက် ပတ်ဝန်းကျင်ရှိ ပရိသတ်များ၏ မျက်လုံးများမှာ အရောင်တောက်နေသည်။


အစပိုင်းတွင် ပုဖန်သည် အထူးအဆင့်စားဖိုမှူး စစ်ဆေးချက်၌ သူ၏ ဟင်းလျာသည် မိုးကြိုးပြစ်ဒဏ်ကို ဖြစ်ပေါ်စေပြီး သူ၏ပြင်းထန်သော မွေးရာပါစွမ်းရည်ကို ပြသခဲ့သည်။။ ထိုဖြစ်စဉ်ကို မြင်တွေ့ပြီးနောက် အခြားလူများက သူသည် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကိုလည်း အောင်နိုင်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ပုဖန်၏ဟင်းလျာသည် သူတို့မျှော်လင့်ထားသည်နှင့် ခြားနားစွာ မသေမျိုးစွမ်းအင် မရှိပေ။


ထုံချန်း၏ ဝင်ရောက်စွက်ဖက်မှုနှင့် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ အကာအကွယ်ပေးခြင်းတို့သည် ကမ္ဘာကြီးအပေါ် ၎င်းတို့၏အမြင်ကို ကျယ်ပြန့်စေခဲ့သည်။


ပုဖန်၏ ကျင့်ကြံမှုအခြေခံသည် တစ်ဟုန်ထိုး တိုးတက်လာပြီး‌နောက် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေဆိုလိုသည်ဟုပင် ပြောခဲ့သည်။


သူဘာလို့ ကောင်းကင်ဘုံကို မတက်သေးတာလဲ...


သူသည် စစ်ဆေးချက်ကို ကျရှုံးခဲ့သော်လည်း မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေဆိုရန် မျှော်လင့်ချက် မပျောက်ကွယ်သေးပေ။ 


အကယ်၍ သူ၏စွမ်းအားကို အသုံးပြု၍ ကျင့်ကြံမှုအခြေခံကို တိုးမြှင့်စေလိုက်လျှင် မသေမျိုးစားဖိုမှူး ဖြစ်လာနိုင်မလား... 


လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးထဲတွင် နစ်မြုပ်နေသကဲ့သို့ ပုဖန်သည်လည်း တိတ်ဆိတ်နေပြီး မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသည်။


" ကျုပ်အခုမှ အဆင့်တစ်ခုကို ကျော်လွားနိုင်ခဲ့တာ... ကျုပ်ကို မသေမျိုးစားဖိုမှူး စစ်ဆေးချက် ဖြေဖို့ အခွင့်အရေးပေးပါ အဲ့တာမှ ဒီကို နောက်တစ်ကြိမ် ထပ်လာပြီး မဖြေရမှာ..." 


ပုဖန် တည်ငြိမ်စွာနှင့် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။


သို့သော် အခြားသူများ ကြားသောအခါတွင် သူ့ကို ရိုက်နှက်ချင်သွားကြသည်။


မသေမျိုးစားဖိုမှူး စစ်ဆေးချက်ဖြေဖို့ အခွင့်အရေး ပေးရမယ် ဟုတ်လား...


အခြားသူများ တစ်သက်လုံးကြိုးစားလျှင်ပင် ထိုအဆင့်ထိ မရောက်နိုင်ကြပေ။ အခု သူကဘာဖြစ်လို့ မသေမျိုးစားဖိုမှူး စစ်ဆေးမှုကိုပါ ဖြေချင်နေတာလဲ...


ထိုပြောဆိုချက်သည် ရန်သူများ တိုးပွားစေခြင်းနှင့် မကွာခြားပေ ။ သူတို့ဆီက ဓာအစင်းတစ်ထောင်ကိုလိုချင်နေတာလား...


" ကျုပ် စိတ်ရင်းမှန်နဲ့ ပြောတာပါ..."


 မူလျို့အာမှ နောက်ပြောင်နေသည်ဟု ထင်သွားမည်စိုး၍ ပုဖန်ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။


" ကျွန်မ..." မူလျို့အာ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ သူဒီလောက် လေးနက်နေဖို့မှ မလိုတာ...


မလှမ်းမကမ်းမှ ရွှမ်ယွမ်ရှားဟွေ့ စကားမပြောနိုင် ဖြစ်သွားသည်။ အစေပိုင်းကမှ မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေဆိုခဲ့သည်ဖြစ်၍ မည်မျှ ခက်ခဲကြောင်း သူသိသည်။


သူ့ထံတွင် အရည်အချင်းများ လုံလုံလောက်လောက် မစုစည်းထားပါက ကျရှုံးသွားနိုင်သည်။


ဒါပေမဲ့ အဲ့တာကလွယ်တယ်လို့ ပုဖန်ဘာလို့ တွေးနေတာလဲ...


မန်နေဂျာချန်သည် ပုဖန်၏ လေးနက်မှုကို ခံစားမိသဖြင့် သူ၏နှုတ်ခမ်းမွေးကို ပွတ်သပ်လိုက်သည်။ နှစ်ခါလောက် ချောင်းဆိုးပြီးသောအခါ ပြောလိုက်သည်။


 " မင်းတကယ်ကို မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေဆိုချင်တယ်ဆိုရင် နောက်ထပ် သုံးရက်စောင့်ရမယ်... ဒီစစ်ဆေးချက်က ကြီးကျယ်တဲ့ပွဲတစ်ခု ဖြစ်တဲ့အတွက် ငါတို့က ချိန်းဆိုမှုတွေလည်း ကြိုတင်လုပ်ရပြီး မိုးကြိုးကာကွယ်မှုပုံစံလည်း ပြင်ရဦးမယ်... မင်းရဲ့ မြေကမ္ဘာ အင်မော်တယ်ရုပ်သေးက မိုးကြိုးပြစ်ဒဏ်ကို ဝါးမျိုနိုင်ပေမယ့် ဆုံးရှုံးမှုတွေနည်းအောင်တော့ မိုးကြိုးကာကွယ်မှုပုံစံကို ပြင်ဆင်ထားရဦးမယ်..."


မန်နေဂျာချန်၏ စကားကိုကြားပြီးနောက် အားလုံးအံ့ဩသွားကြသည်။


ဘာကြီး... တကယ်ပဲလား...


မန်နေဂျာချန်က အဲ့သေမျိုးကောင်းကို မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေခိုင်းမှာလား...


ထိုအချိန်တွင်း ထုံချန်း သူတို့၏စကားများကို ကြားပြီး တိတ်ဆိတ်နေခဲ့ပြီး ခဏအကြာတွင် ရယ်မောသံ ထွက်လာသည်။


ထုံချန်း၏ မမျှော်လင့်ထားသော ရယ်သံကြောင့်ပတ်ဝန်းကျင်ရှိလူတိုင်း အေးခဲသွားခဲ့သည်။ မကြာခင်မှာပင် သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူ၏ ပျော်ရွှင်စရာကောင်းသည့် ခံစားချက်များ ကူးစက်သွားသလိုပင် ရယ်မောသံများ ထွက်လာသည်။


သူကောင်းမျိုးမိသားစုမှ လူငယ်များသည်လည်း အလွန်ရယ်စရာကောင်းသော ဟာသကို ကြားလိုက်ရကဲ့သို့ တူတူရယ်မောနေကြသည်။


အားလုံး၏ ရယ်သံများသည် အထင်သေးခြင်းတို့ဖြင့် ပြည့်နှက်နေသည်။


" မင်း ... သေမျိုးကောင် မင်းကအချိန်ဆွဲဖို့ စစ်ဆေးချက်ကို ဖြေချင်နေတာပဲ... မသေမျိုးစားဖိုမှူး ဖြစ်တာက မင်းကိုကယ်တင်ပေးနိုင်မယ် ထင်နေတာလား... ဒီမသေမျိုးမီးဖိုချောင် အဆောက်အဦးကရော မင်းကိုကယ်တင်ပေးနိုင်မှာတဲ့လား...အသုံးမဝင်ဘူး ဘယ်အရာကမှ ငါ့ကို မရပ်တန့်နိုင်ဘူး..."


ထုံချန်းအလွန်အမင်း ရယ်မောနေသည့်အတွက် သူ၏မျက်လုံးမှ မျက်ရည်များပင် ကျလာသည်။ နောက်ဆုံးတွင် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ပုဖန်ကို စိတ်မဝင်စားစွာ ကြည့်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။


ဒီသေမျိုးကောင်ကြည့်ရတာ အကြံအစည်တစ်ခုရှိပုံပဲ...


ထုံချန်း၏ မိမိကိုယ်ကို ဖြောင့်မတ်စွာ ခွဲခြမ်းစိတ်ဖြာချက်ကို ပုဖန် နားထောင်လျက် လက်ချောင်းများကို ပွတ်သပ်ကာ စကားမပြောဘဲ နေခဲ့သည်။


ဒီကောင်က တကယ်ကို စိတ်ကူးယဉ်တာပဲ...


သူ မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို အမှန်တကယ်ဖြေဆိုချင်ကြောင်းကို ဤကမ္ဘာ၌ မည်သူမျှယုံကြည်မည် မဟုတ်ပေ။


သို့သော် ပုဖန်မှာ ထုံချန်းနှင့် ဆော့ကစားရန်ပင် ပျင်းလွန်းသည့်အတွက် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ကာ ထွက်သွားသည်။


" ဝှိုက်တီလာခဲ့... မိန်းကလေးမူ သုံးရက်ကြာရင် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ဖြေဆိုဖို့ လာခဲ့ပါ့မယ် အဲ့အချိန်ရောက်ရင်တော့ မိုးကြိုးကာကွယ်မှုပုံစံ ပြီးနေလောက်ပြီလို့ မျှော်လင့်ပါတယ်..."


ထုံချန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းအေးခဲသွားသည်။ ဟိုတစ်ယောက်က ငါ့ကို လျစ်လျူရှု့လိုက်တာလား...


သူ ခွဲခြမ်းစိတ်ဖြာပြီး စကားတွေအများကြီး ပြောခဲ့သော်လည်း ပုဖန်ကသူ့ကို မျက်နှာမပြသည့်အပြင် သူ၏စကားများကိုလည်း အသိအမှတ်မပြုပေ။


" မင်း ထွက်သွားချင်နေတာလား ဘယ်သူကခွင့်ပြုလို့လဲ... ငါကနေဆိုရင် မင်းရဲ့ မြေကမ္ဘာအင်မော်တယ် ရုပ်သေးနဲ့အတူ ဒီမှာပဲ နေရမယ်..."


ဝုန်း...


ထုံချန်း၏အော်ရာမှာ တစ်ဟုန်ထိုး တက်လာပြီး အရိပ်တစ်ခုလို လွင့်ထွက်သွားပြီးနောက် အရှိန်အဟုန်ဖြင့် ခုန်သွားသည်။


ထောင်ပေါင်းများစွာသော အရိပ်များ ထွက်ပေါ်လာပြီး ခဏအကြာတွင် ၎င်းတို့အားလုံး ပုဖန်ကို ချိန်ရွယ်ထားကြသည်။


ထုံချန်း တိုက်ခိုက်မည်ဟု မန်နေဂျာချန် မထင်ထားခဲ့ပေ။ သူအော်ဟစ်ကာ ကြားဝင်တော့မည့် အချိန်တွင်...


သို့သော် ထုံချန်း ကြိုတင်ပြင်ဆင်ထားသည်ဟု ထင်ရသည်။ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ရွှေရောင်ပုံရိပ်တစ်ခုသည် မန်နေဂျာချန်ကို ရပ်တန့်ရန် ရုတ်တရက် ပေါ်လာသည်။


ဝုန်း...


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ 

မန်နေဂျာချန်၏ လက်ဖဝါးသည် ရွှေ‌ရောင် မြေကမ္ဘာ အင်မော်တယ် ရုပ်သေးကို ထိမှန်သွားခဲ့သည်။


မန်နေဂျာချန်တွင် ထိုရွှေ‌ရောင်မြေကမ္ဘာ အင်မော်တယ်ရုပ်သေး မခုခံနိုင်သည့် စစ်မှန်မသေမျိုးနယ်ပယ်မှ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှု အခြေခံရှိသည်။


ထုံချန်း၏ မျက်လုံးများ လျင်မြန်စွာ ရွေ့လျားသွားပြီးနောက် ဖိအားများဖြင့် လှိမ့်ကာ မျက်စိတစ်မှိတ်အတွင်း ပုဖန်ရှေ့သို့ ပေါ်လာသည်။


ပတ်ဝန်းကျင်မှ လူများ ထိုကဲ့သို့ ကြောက်စရာကောင်းသော ဖိအားကို ကြောက်လန့်ကာ ထိတ်လန့်တကြား ထအော်ကြသည်။


" ဒီမှာနေစမ်း..."


ထုံချန်း ပုဖန်က်ို အမြင့်မှနေ၍ ကဲ့ရဲ့သောမျက်နှာထားဖြင့် ကြည့်နေသည်။


ဒီစားဖိုမှူးက သာမန်သေမျိုးပဲ ဖြစ်တဲ့အပြင် ထုံမိသားစုက ဉာဏ်ကြီးရှင်ရှေ့မှာတော့ သူက အမှိုက်သာသာပဲ...


သို့သော် ထုံချန်း မျက်မှောင်ကြုတ်လိုက်သည်။


ပုဖန်၏ မျက်လုံးများ အလွန်ငြိမ်သက်နေသည်ကို သူတွေ့လိုက်ရသောကြောင့်ဖြစ်သည်။ 


သူ မျက်မှောင်ကြုတ်ကာ ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်...


မိုးကြိုးပြစ်ဒဏ်ကို ဝါးမျိုထားသော မြေကမ္ဘာ အင်မော်တယ်ရုပ်သေးမှာ မလှုပ်ရှားပေ။ ကြည့်ရတာတော့ ဒီကောင်လေးက ရုပ်သေးအပေါ် မမှီခိုတဲ့ပုံပဲ...


ဒီသေမျိုးကောင်က ဘာဆေးတွေများသောက်ထားတာလဲ... 


သူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ် ဖြစ်လာသော်လည်း ထုံချန်းမှာ သေမျိုးများ မခုခံနိုင်သည့် စစ်မှန်မသေမျိူးနယ်ပယ်တွင် ရှိသည် ဖြစ်သည်။


ဟိုဘက်က ဘာနည်းလမ်းတွေပဲ သုံးသုံး စိတ်မဝင်စားပေ။ သူဒီတိုင်းပဲ အားလုံးကို ဖောက်ခွဲပစ်လိုက်မယ်...


ဝုန်း... ဝုန်း...


ထုံချန်း၏ ပတ်ပတ်လည်ရှိ လေထုသည် ဖိသိပ်နေသကဲ့သို့ပင် ။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရာသည် တဆတ်ဆတ်တုန်ခါကာ တောက်လောင်နေသည်။


ဤသိပ်သည်းစွမ်းအင်သည် အလွန်အစွမ်းထက်သောကြောင့် ၎င်း၏ကြီးမားသောစွမ်းအားဖြင့် လေဟာပြင်ကို ပုံပျက်သွားစေခဲ့သည်။ ဤထိုးနှက်ချက်တစ်ချက်သည် လေထုထဲတွင် တွင်းနက်တစ်ခု ဖန်တီးနိုင်ပေသည်။


အကယ်၍ ပုဖန်ကိုသာ ထိမှန်သွားပါက မသေဆုံးလျှင်ပင် အပြင်းအထန် ဒဏ်ရာ ရသွားနိုင်သည်။


ပတ်ဝန်းကျင်ရှိလူများသည် သက်ပြင်းချရုံမျှလွဲ မတတ်နိုင်ပေ။


သူကောင်းမျိုးမိသားစုမှ လူငယ်များ၏ မျက်လုံးထဲတွင် အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။


ရွှမ်ယွမ်ရှားဟွေ့၏ အကြည့်များတွင် နောင်တနှင့် ပြည့်နှက်နေသည်။


ရွှမ်ယွမ်ရွှမ်၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။


မူလျှို့အာသည် မကျေမနပ်ဖြင့် ကြည့်နေသည်။


မန်နေဂျာချန်သည် ရွှေရောင်မြေကမ္ဘာ အင်မော်တယ်ရုပ်သေးကို အဝေးသို့ တွန်းပို့လိုက်ပြီးနောက် ပုဖန်ကို ကူညီရန်လာသော်လည်း အချိန်မမီတော့သည်ကို သိသည်။


စားဖိုမှူးငယ်သည် သူခိုးတစ်ဦးနှင့် ကြုံတွေ့ခဲ့ရပုံရသည်။


ထိုအချိန်တွင် ပုဖန်သည် လှုပ်ရှားမှုလည်းမရှိ ရှောင်လည်း မရှောင်သည့်အပြင် မျက်တောင်ပင် မခတ်ချေ။


ထုံချန်း၏ ထိုးနှက်ချက်ကို ရဲရင့်စွာခံယူရန် သူ၏နေရာ၌ပင် ရပ်နေသည်။


သို့သော် ထုံချန်းကြောင့် ပုဖန် ရူးသွပ်သွားသည်ဟု လူအများက ထင်ကြသည်။


သနားစရာကောင်းတဲ့ လူငယ်လေး... သူကြောက်လွန်းလို့ မသေခင်မှာတောင် မျက်စိ မမှိတ်နိုင်ရှာဘူး...


ဝုန်း... 


ထုံချန်း၏ လက်ဖဝါးက ပုဖန်ရင်ဘတ်ကို ထိမှန်ပြီး နှလုံးသားကို ကြေကွဲရန်ပြုလုပ်ဖို့ ကြိုးစားနေချိန်တွက် လူများသည် ပုဖန်ကို လှောင်ပြောင်ခဲ့မိသည့်အတွက် နောင်တ‌ရနေကြသည်။


ထုံချန်း ရယ်လိုက်သည်။ ဒီသေမျိုးကောင်က သူ့ကိုစော်ကားလို့ သူနဲ့ထိုက်တန်တဲ့ နာကျင်မှုနဲ့ သေခြငးတရားကို ရသွားတာပဲ... ဒါပြီးရင်တော့ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက သူ့ဟာဖြစ်ပြီ..."


သို့သော်...


ထုံချန်း၏ အပြုံးသည် မျက်နှာပေါ်တွင် အေးခဲသွားပြီးနောက်မူလက အောင်ပွဲခံနေရာမှ ဖြည်းညှင်းစွာ ထိတ်လန့်သည့်အမူအရာသို့ ပြောင်းလဲသွားသည်။


ဘယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ပုဖန် မျက်နှာသေဖြင့် ထုံချန်းကို ကြည့်နေသည်။


ထုံချန်း၏ ထိုးနှက်ချက်ကို တိုက်ရိုက်လက်ခံရရှိချိန်တွင် အဖြူနီရောင်၀တ်ရုံမှ အလင်းရောင်များဖြာထွက်နေသည်။


ခွမ်း...


ကြည့်ရတာ တစ်ခုခုကွဲသွားသည့်ပုံပင်... အနီရောင်ဝတ်ရုံမှ မမြင်နိုင်သော လုပ်ဆောင်ချက်များကို အသုံးပြုခဲ့သည်... 


သို့သော်...


ပုဖန်ချက်ချင်းပင် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ဆောင်ပြီး လှည့်လိုက်သောအခါ လက်‌မောင်းမှ အဖြူအမဲ ပတ်တီးစများ လျှောကျသွားကာ ထောင်တျဲရုပ်ပုံများကို ပြသလိုက်သည်။


သူ၏ပတ်တီးအစင်းများ လွင့်ပျံလာသည်။


မဟူရာလိပ်ခုံးဒယ်အိုးကို မလိုက်သောအခါတွင် အဖြူရောင် ထောင်တျဲနှင့် အမဲရောင် ထောင်တျဲတို့ ဟိန်းဟောက်နေကြသည်။


ပုဖန်၏မျက်လုံးများ တည်ငြိမ်လျက် ပြောလိုက်သည်။


 " မင်းဒယ်အိုးနဲ့ အရိုက်ခံချင်သေးလား..."


ဘာလဲ...


ထုံချန်း စိတ်ကို စုစည်းမိသွားသောအခါ မွှန်ထူသွားသည်။


ခဏအကြာတွင် အမဲရောင်ဒယ်အိုးသည် သူ၏အမြင်အာရုံနှင့် နီးကပ်လာသည်...