အခန်း ၉၇၇
မျက်နှာဖြတ်ရိုက်ဖို့မွေးဖွားလာတာ
မန်နေဂျာချန် ဖက်ထုပ်စွပ်ပြုတ်ကို ကျောက်စိမ်းတူတစ်စုံဖြင့် ညှပ်ယူကာ သူ့ပါးစပ်ထဲထည့်လိုက်သည်။
ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်လာသည်မှာ မျက်လုံးအိမ်ထဲမှ ထွက်ကျလာမည့်ဟန်ပင် ပေါက်နေသည်။
သူ၏ ထိတ်လန့်သွားသောအမူအယာက တစ်ခန်းလုံးကို တိတ်ဆိတ်သွားစေသည်။
အရမ်းပူတယ်... မီးတောင်ရှင်တစ်ခုကနေ ချော်ရည်တွေကျနေတဲ့အတိုင်းပဲ...
ကြည်လင်လှသော စိမ့်စမ်းရေများက သူ့ပါးစပ်ထဲဝင်ရောက်လာပြီး သူ၏ ပါးစပ်အတွင်းရှိ အစိတ်အပိုင်းတိုင်းကို စိမ့်ဝင်သွားသည်။
ဆူပွက်နေသောအရည်များက မန်နေဂျာချန်၏ မျက်နှာကို နီရဲသွားစေကာ အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။
ဂလု
သို့သော် သူ့ကိုယ်သူမထိန်းနိုင်ပဲ ထိုပူပြင်းနေသောစွပ်ပြုတ်များကိုမြိုချမိပြီး သူ၏လည်ချောင်းမှတစ်ဆင့်အစာအိမ်သို့ပင် ကျဆင်းသွားလေသည်။
ပူပြင်းနေသော ခံစားချက်က သူ၏အစာအိမ်ထဲသို့ရောက်သွားအခါ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
အမှန်အတိုင်းပြောရလျှင် တောက်လောင်နေသောခံစားချက်က မည်သည့်နာကျင်မှုကိုမှ ဆောင်ယူမပေးပဲ မန်နေဂျာချန်ကို စိတ်ကျေနပ်စေသည်။
အမှန်တကယ်ပင်... ထိုသည်က စိတ်ကျေနပ်ခြင်းဖြစ်သည်။
တောက်လောင်နေသော ခံစားချက်ကို ဖိနှိပ်ပြီးနောက်တွင် အရသာရှိလှသော စွပ်ပြုပ်က သူ၏အရသာခံဖုများကို လှုံ့ဆော်လာသည်။
၎င်းက မန်နေဂျာချန်ကို မျက်စိများမှေးစင်းသွားစေပြီး မုတ်ဆိတ်များကိုပင် လှုပ်ရမ်းသွားစေလောက်အောင် အရသာရှိပေသည်။
တစ်ချိန်တည်းတွင် ဖက်ထုပ်စွပ်ပြုတ်များ၏အထက်တွင် အငွေ့များ ထွက်ပေါ်နေဆဲဖြစ်သည်။
သင်းပျံ့မွှေးကြူသောရနံ့ကိုပါ ခံစားလိုက်ရသဖြင့် မန်နေဂျာချန် အဆက်မပြတ်ဝါးနေလိုက်သည်။
သလင်းကြည် ဖက်ထုပ်စွပ်ပြုတ်က အလွန်နူးညံ့ပျော့ပြောင်းနေလေသည်။ ၎င်း၏အသားထဲတွင် လေအချို့ပါဝင်နေသဖြင့် ဖက်ထုပ်၏ အပြင်လွှာကို ကိုက်လိုက်ချိန်တိုင်းတွင် အတွင်းရှိလေများက သူ၏အာရုံကို လှုံ့ဆော်ပေးလေသည်။ ၎င်းက အနံ့အရသာနှင့် ခံစားချက်အသစ်ဖြစ်ပေသည်။
ဒီ ဖက်ထုပ်စွပ်ပြုတ်ရဲ့ အပြင်လွှာက....
မန်နေဂျာချန် မှင်သက်သွားပြီး ပုဖန်၏ ဂျုံနယ်သည့် နည်းလမ်းကိုပြန်တွေးမိလိုက်ပြီး သူ၏ မျက်လုံးများ တင်းမာသွားသည်။
ထို ကြမ်းတမ်းသည့် ဂျုံနယ်နည်းက သူ့ကို စိတ်လှုပ်ရှားသွားစေသည်။
ဒီလိုနူးညံ့အိစက်တဲ့ ဖက်ထုပ်အပြင်လွှာက ကြမ်းတမ်းတဲ့ ဂျုံနယ်နည်းကနေရတဲ့ ရလဒ်တဲ့လား....
ထိုနယ်နည်းက ဂျုံသားကို ပိုမိုနူးညံ့စေကာ ဂျုံသားထဲကို စားဖိုမှူး၏ အစစ်အမှန်စွမ်းအင်များ ပိုမိုစိမ့်ဝင်သွားစေပုံပေါ်သည်။
၎င်းကို ပါးစပ်ထဲတွင်ငုံထားရုံဖြင့် မန်နေဂျာချန် အစစ်အမှန်စွမ်းအင်အနည်းငယ်က သူ၏ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည်ကို ခံစားရစေသည်။
ထိုပေါက်ကွဲမှုများက မပြင်းထန်သလို စားသုံးသည့်သူကိုလည်း စိတ်အနှောင့်အယှက်မဖြစ်စေပေ။ သာယာသော ခံစားချက်ကိုသာ ခံစားရစေသည်။
သို့သော် ဖက်ထုပ်စွပ်ပြုပ်၏ အဆာပလာများက အပြင်လွှာထက် ပိုမိုအရသာရှိသည်။
စိတ်ဝိဉာဉ်သားရဲ ငါးကောင်၏အသားဖြင့်လုပ်ထားပြီး တစ်ကောင်၏အသားတွင် မသေမျိုးစွမ်းအင်ပါဝင်နေသည်။
မန်နေဂျာချန်ကို တန်ဖိုးရှိလှသော ကြက်သားကိုပင်သတိရသွားစေသည်။ ၎င်းက အရွယ်မရောက်သေးသော်လည်း မသေမျိုးစွမ်းအင်များဖြင့် ပြည့်နေသဖြင့် ကြက်သားပေါက်လေး၏အရသာက အခြားသော အဆာပလာများထက် ပိုမိုအရသာရှိနေသည်။
အခြားသော စိတ်ဝိဉာဉ်သားရဲများ၏ အသားက ဖြည့်စွက်ရုံသာသုံးထားသော်လည်း ၎င်းတို့တွင် ကောင်းကင်တွင်ပျံသန်းသော၊ ပင်လယ်တွင်ကူးခတ်သော၊ မြေပြင်တွင်ပြေးလွှားသော သားရဲမျိုးစုံပါဝင်လေသည်။
ထိုကွဲပြားခြားနားသော စိတ်ဝိဉာဉ်သားရဲများ၏ အသားက လူများကို ယစ်မူးစေသော အရသာကိုဖန်တီးပေးလေသည်။
Chomp chomp
ကျွတ် ကျွတ် (အစားအသောက်ဝါးသံပါ ထင်သလိုရေးထားတယ် ဟဲ")
မန်နေဂျာချန် မျက်စိများမှေးကျဉ်းသွားသည်။
ဖက်ထုပ်စွပ်ပြုတ်ပေါ်တွင်လည်ပတ်နေသော မသေမျိုးစွမ်းအင်ကို ကြည့်ပြီးနောက်တွင် သူ့ပါးစပ်ထဲသို့သာ ထည့်လိုက်သည်။
ကိုက်လိုက်သောအခါ သူ၏မျက်လုံးများက တောက်ပလာပြီး မကြာခင်တွင် သူ၏အစာအိမ်ထဲသို့ လျောဆင်းသွားသည်။
မန်နေဂျာချန်၏ သူငယ်အိမ်များ ပြူးကျယ်လာပြီး ပုဖန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
ပုဖ ထိုတုံ့ပြန်မှုကို မြင်လိုက်သောအခါ ကြောင်အသွားခဲ့သည်။
ကြည့်ရတာ... သူပြောချင်နေတာက "ဘာလို့ အရမ်းပူနေတာလဲ..."ဆိုတဲ ပုံစံကြီးလိုပဲ...
ဒီသလင်းကြည်ဖက်ထုပ်စွပ်ပြုတ်က မန်နေဂျာချန်၏ အစစ်အမှန်စွမ်းအင်နှင့် သူ၏စိတ်ဝိဉာဉ်ပင်လယ်ကို လှိုင်းထသွားစေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ပင် တိုးတက်သွားပြီး အနည်းငယ်မျှသာတိုးတက်လာခြင်းမဟုတ်ပေ။
"မင်းရဲ့ ဖက်ထုပ်စွပ်ပြုတ်..."
မန်နေဂျာချန် လေအေးတစ်ချက်ရှိုက်သွင်းမိသည်။ ထိုဖက်ထုပ်များက သူ၏ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေသည်လား။
မသေမျိုးမြို့တော် မသေမျိုးမီးဖိုချောင်အဆောက်အဦးသည် အင်အားစုမျိုးစုံမှ များစွာသော စားဖိုမှူးများကို အကဲဖြတ်ပေးခဲ့သည်။ သို့သော် ၎င်းတို့ထဲတွင် ကျင့်ကြံခြင်းအဆင့်မြင့်တတ်စေသော ဟင်းပွဲကိုတွေ့ရန်မှာ အလွန်ရှားပါးလှပေသည်။
ဤကဲ့သို့သော ဟင်းပွဲမျိုးကရှိသော်လည်း မလိုအပ်သဖြင့် မသေမျိုးမြို့တော့တွင် အလွန်တရာအဖိုးတန်လှပေသည်။
အတိုချုပ်ပြောရလျှင် ထိုကဲ့သို့သော ချက်ပြုတ်နည်းကို သူကောင်းမျိုးနွယ်မိသားစုများက ထိန်းချုပ်ထားသော အလွန်တရာအဖိုးတန်သော ရတနာများနှယ်ဆက်ဆံကြသည်။
ထို့ကြောင့် အကျိုးသက်ရောက်မှုများပါဝင်သော ဟင်းပွဲများက အလွန်အမင်းရှားပါးလှချေသည်။
ဒီ ဖက်ထုပ်စွပ်ပြုတ်ကို မသေမျိုးတစ်ယောက်က ချက်တာဆိုပေမဲ့... တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို ဘာဘေးထွက်ဆိုးကြိုးမှမရှိဘဲ မြင့်တက်စေတယ်... ဒီလို အကျိုးကျေးဇူးက ရူးလောက်စရာပဲ...
မန်နေဂျာချန်၏ မျက်လုံးများ တောက်ပသွားသည်။
ဒီသေမျိုးက သာမန်လူတစ်ယောက်မဖြစ်နိုင်ဘူး...
ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်တော့ပဲ မန်နေဂျာချန် နောက်ထပ်ဖက်ထုပ်စွပ်ပြုတ်ကိုယူကာ တစ်ခုလုံး ပါးစပ်ထဲထည့်လိုက်သည်။
သူ၏ သွားများ ဖြင့်ကိုက်ဝါးမိချိန်တွင် နူးညံ့လှသော အပေါ်ယံလွှာပြဲသွားပြီး စွပ်ပြုတ်ရည်များကို ထွက်ပေါ်လာစေသည်။
မန်နေဂျာချန်တုန်ရီသွားကာ သူ့မျက်နှာ နီရဲသွားများ မျက်လုံးများက သွေးရောင်လွှမ်းသွားသည်။
ပူနွေးသောစွပ်ပြုတ်က သူ၏ပါးစပ်ထဲသို့ရောက်လာချိန်တွင် စိမ့်စမ်းရေလို့ ညင်ညင်သာသာစီးဆင်းမလာတော့ပဲ ရေတံခွန်လိုသာ အားနှင့် စီးဆင်းလာတော့သည်။
မန်နေဂျာချန် တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလို တုန်ရီသွားပြီး လန်းဆန်းတက်ကြွသော ခံစားချက်ကို ရသွားလေသည်။
ဤခံစားချက်ကို ဖော်ပြရန် 'ကျေနပ်နှစ်သိမ့်သည်' ဟူသောစကားလုံးတစ်လုံးကိုသာ သုံးနိုင်သည်။
ပရိတ်သတ်များက မန်နေဂျာချန် ဖက်ထုပ်စွပ်ပြုတ် တစ်ခုပြီးတစ်ခုစားနေသည်ကို ကြည့်ပြီး အနည်းငယ် ကိုးရိုးကားရားဖြစ်နေကြသည်။
မန်နေဂျာချန်သည် မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ လူအများလေးစားခံရသော အကြီးအကဲဖြစ်လေသည်။ သူက မသေမျိုးစားဖိုမှူးစာမေးပွဲကို အကဲဖြတ်ပေးနိုင်သည် ဆိုကတည်းက သူ၏ ရာထူးမှာ ပုံမှန်မဟုတ်ပေ။
သူကိုယ်တိုင်က မသေမျိုးစားဖိုမှူးမဟုတ်သော်လည်း မသေမျိုးစားဖိုမှူးများစွာ၏ ဟင်းပွဲမျိုးစုံကို စားဖူးချေသည်။
သူ့ကို ဝံပုလွေတစ်ကောင်လို အတင်းထိုးသိပ်၍စားနေပုံကို မြင်ရရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ပေသည်။
ဒီဖက်ထုပ်စွပ်ပြုတ်တွေက အဲ့လောက်အရသာရှိတာလား..
လေထဲတွင် ပျံ့လွင့်နေသော ရနံ့များကို ရှူရှိုက်မိချိန်တွင် ပရိတ်သတ်များ မနေနိုင်မထိုင်နိုင် တံတွေးမြိုချလိုက်ရသည်။
အင်း.. တကယ့်ကို အရသာရှိမယ့်ပုံပဲ...
ရုတ်တရက် ပရိတ်သတ်များ ထိတ်လန့်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံး အကြောင်းတစ်ခုကို သတိရလိုက်၍ဖြစ်သည်။
"အဲ့သေမျိုးက... အစစ်အမှန် မသေမျိုးစားဖိုမှူးဖြစ်သွားပြီလား..."
"ဖက်ထုပ်ပြုတ်က ငါးခုရှိတယ်လေ... အကုန်လုံးမှာ မသေမျိုးစွမ်းအင်ရှိတာလား..."
"ကြည့်ရတာ တော်တော်လေးမိုက်တာပဲ... ဒီဖက်ထုပ်စွပ်ပြုတ်တွေအကုန်လုံး အရသာရှိမယ့်ပုံပဲ..."
ပရိတ်သတ်များ စိတ်မသက်မသာဖြစ်လာကြပြီး အော်ဟစ်သံများ ဆူညံလာကြသည်။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့၏စကားများတွင် အထင်သေးသော စကားလုံးများရှိမနေတော့ပေ။
မန်နေဂျာချန် ပုဖန်၏ ဟင်းပွဲကို စားနေပြီ ဆိုကတည်းက ပုဖန်က မသေမျိုးစားဖိုမှူးဖြစ်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ မသေမျိုးစားဖိုမှူးဆိုသည်မှာ မြင့်မြတ်လှသော ဂုဏ်ပုဒ်တစ်ခုဖြစ်လေသည်။
ဒီသေမျိုးက အထူးတန်းအဆင့်စားဖိုမှူးကနေ မသေမျိုးစားဖိုမှူးဖြစ်အောင် သုံးရက်ပဲ အချိန်ယူခဲ့တယ်... တကယ့်ကို အံ့ဖွယ်ပဲ...
နောက်ဆုံးတွင် လေးခုမြောက်နှင့် ငါးခုမြောက် ဖက်ထုပ်များက မန်နေဂျာချန်၏ ပါးစပ်ထဲတွင် အဆုံးသတ်သွားရတော့သည်။
ဖက်ထုပ်ငါးခုလုံးကို စားပြီးနောက်တွင် သူနှုတ်ခမ်းသူ သပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ မတ်တတ်ထရပ်လိုက်သည်။
သူ၏ သွေးရောင်လွှမ်းနေသောမျက်လုံးများက ပုဖန်ကိုစိုက်ကြည့်နေပြီး မန်နေဂျာချန် ချီးကျူးစကားဆိုလိုက်သည်။
"အရသာရှိတယ်... အံ့ဖွယ်ကောင်းတယ်... ဂုဏ်ယူပါတယ် မင်း မသေမျိုးစားဖိုမှူးဆိုတဲ့ ဂုဏ်ထူးကိုရသွားခဲ့ပြီ..."
ဝိုး...
ပရိတ်သတ်များ ထိုစကားကိုကြားသောအခါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
သူ တကယ်ကြီး မသေမျိုးစားဖိုမှူးဖြစ်လာပြီ..
ရွှမ်ယွမ်ရှားဟွေ့ နေရောင်အောက်တွင် ရပ်နေသော ပုဖန်ကိုကြည့်လိုက်သည်။ သူလက်ပိုက်လိုက်ကာ ပြုံးသာပြုံးနေလိုက်သည်။
ရွှမ်ယွမ်ရွှမ် စိတ်ရှုပ်သွားသည်။ မည်သူမှအသိအမှတ်မပြုကြသော စားဖိုမှူးငယ်လေး ပုဖန်သည် ၎င်း၏ သည်းခံနိုင်မှုကြောင့် မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်လာခဲ့သည်။
သူတို့ကို မျက်နှာပျက်စေရန် အချိန်သုံးရက် ကြာခဲ့သည်။
ရွှမ်ယွမ်ရွှမ် သူမပုဖန်ကို ပထမဆုံးတွေ့ခဲ့ချိန်ကိုပင် သတိရသွားသည်။ တောသားလူငယ်လေးမှသည်...
ယခုတွင်တော့ မသေမျိုးစားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့ချေပြီ။
ရွှမ်ယွန်ရှားဟွေ့ သူ့ညီမ၏စိတ်ရှုပ်နေသော အမူအယာကိုကြည့်၍ နှုတ်ခမ်းများကွေးညွတ်သွားကာ သူမခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"ကောင်မလေး... အစ်ကိုပြောတာမှတ်မိသေးလား... မသေမျိုးစားဖိုမှူးကို လိုချင်ရင် မြန်မြန်လှုပ်ရှားရမယ်ဆိုတာလေ... အခု နောက်ကျနေပြီဆိုပေမယ့် စိတ်ပူစရာမလိုပါဘူး... ညီမလေးရဲ့ အရည်အချင်းကိုယုံပါတယ်..."
ထိုသို့ပြောပြီးနောက်တွင် ရွှမ်ယွမ်ရှားဟွေ့ အားပါးတရရယ်မောလေတော့သည်။
ရွှမ်ယွမ်ရွှမ် ပထမက ကြောင်အသွားသော်လည်း ခဏအကြာတွင် နားလည်သွားဟန်ဖြင့် သူမမျက်နှာတစ်ခုလုံး ရဲရဲနီသွားသည်။
ရှက်ကိုးရှက်ကန်းဖြင့် သူမအစ်ကို၏လက်မှ လွတ်ရန် ဘေးသို့တိမ်းရှောင်လိုက်ပြီး နှုတ်ခမ်းလေးထော်ကာ ရန်တွေ့လိုက်သည်။
"အစ်ကိုနော်... ဘာတွေပြောနေတာလဲ... အစ်ကို့ကို ဂရုမစိုက်ပဲနေလိုက်တော့မှာ.."
ပျော်ရွှင်မှုမရှိ စိတ်ဓာတ်ကျမှုမရှိပဲ မျက်နှာသေဖြင့်ရှိနေသော သူကိုကြည့်ပြီး မျက်တောင်တို့က တုန်ရီနေသွားကာ သူမ၏မျက်လုံးများတောက်ပသွားသည်။
သူ့ကြည့်ရတာ... ချော... ချောသလိုပဲ...
မူလျှို့အာ လက်ပိုက်ထားကာ သူမနှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပုဖန်ကို ခေါင်းအသာငြိမ့်ပြလိုက်သည်။
ဒီသေမျိုးက... သူမမျှော်လင့်ထားသလိုပါပဲလား...
မဖြစ်နိုင်ဟုပြောခဲ့ကြသော သူများအားလုံးကို ဤဖြစ်ရပ်ဖြင့် မျက်နှာဖြတ်ရိုက်နိုင်ခဲ့သည်။
ကြည့်ရတာ ဒီသေမျိုးက လူတွေရဲ့မျက်နှာကို ဖြတ်ရိုက်ဖို့ မွေးဖွားလာသလိုပဲ... သူမ ပုဖန်ကို စတွေ့တဲ့အချိန်ကစပြီး လူဘယ်နှယောက်တောင် မျက်နှာပျက်ရပြီးပြီလဲ...
ထုံချန်း၏ ရင်ဘတ်တစ်ခုလုံးလေးလံလာသည်။ သူပုဖန်ကို အေးစက်စွာစိုက်ကြည့်နေဆဲဖြစ်သည်။
ပရိတ်သတ်များက ဟာသတစ်ခုကို ကြည့်နေရသလို ထုံချန်းကို ကြည့်နေကြသည်။
သူကောင်းမျိုးနွယ်မိသားစုမှ မျိုးဆက်အငယ်များက သူ့ကိုလှောင်ပြောင်သရော်နေကြသည်။
ထုံချန်း သူ မသေမျိုးမြို့တော်ရှိ ဂုဏ်သရေရှိ မိသားစုကြီးများကြားတွင် ဟာသတစ်ခုဖြစ်သွားကြောင်း နားလည်ပေသည်။
သေမျိုးတစ်ယောက်ဆီမှ မျက်နှာဖြတ်ရိုက်ခံရခြင်းသည် သူတစ်ယောက်တည်း ကြုံတွေ့ဖူးသော အရာဖြစ်ပေသည်။
သို့သော် ထုံချန်းက လျှင်မြန်စွာတည်ငြိမ်သွားပြီး ပြုံးလိုက်ကာ ပုဖန်ကို မျှော်လင့်ချက်များ ပြည့်လျှံနေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
"မင်းအခု မသေမျိုးစားဖိုမှူးဖြစ်သွားပြီဆိုပေမယ့်.. ဘာဖြစ်လဲ... သေမျိုးဆိုတာ ထာဝရ သေမျိုးဖြစ်နေမှာပဲ...."
ဘုန်း
ရုတ်တရက် ထုံချန်း၏ အော်ရာက တိုးမြှင့်သွားသည်။ မြင့်တက်လာသော အော်ရာက အခန်းထဲကိုဖြတ်ကျော်ကာ ကောင်းကင်ကိုပင် ထွင်းဖောက်သွားသည်။
အစစ်အမှန်မသေမျိုးအဆင့်၏ အော်ရာသုံးခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ပရိတ်သတ်များ တောင့်ခဲသွားကြသည်။ သူတို့အားလုံး ကြောက်လန့်သွားကာ အသက်ပင်မရှူရဲကြတော့ချေ။
အခြေအနေက မဖြေရှင်းနိုင်သေးမှန်း သတိထားမိသွားကြသည်။
ဝှစ် ဝှစ် ဝှစ်
ပုံရိပ်နှစ်ခုက လူအုပ်ကိုဖြတ်ကျော်ကာ ထုံချန်းဘေးတွင်လာရပ်လာကြသည်။ထိုအော်ရာနှစ်ခုက ထိုလူနှစ်ယောက်ထံမှ လာခြင်းဖြစ်သည်။
ထုံချန်းသည် အစစ်အမှန်မသေမျိုးအဆင့်တွင်ရှိနေပြီး ယခုတွင် နောက်ထပ် အစစ်အမှန်မသေမျိုးအဆင့်ကျင့်ကြံသူ နှစ်ယောက်က သူနှင့်ပူးပေါက်လိုက်ပြီဖြစ်သည်။ ထိုဖိအားပေါင်းစပ်မှုက ကြီးမားလှပေသည်။
မန်နေဂျာချန်၏ အမူအယာက ရုတ်တရက်ပြောင်းလဲသွားသည်။
"ထုံချန်း.. မင်းဘာလုပ်နေတာလံ... ဒါမသေမျိုးမီးဖိုချောင်အဆောက်အဦးနော်...မင်းရှုပ်ချင်တိုင်း ရှုပ်လို့ရတဲ့နေရမျိုးမဟုတ်ဘူး..."
မန်နေဂျာချန် အော်ပြောလိုက်သည်။
အစစ်အမှန်မသေမျိုးကျင့်ကြံသူ သုံးယောက်... ထုံမိသားစုက မသေမျိုးမီးဖိုချောင်အဆောက်အဦးကို စစ်ပွဲကြေငြာချင်တာလား...
ထုံချန်းက နောက်ကြောင်းပြန်လှည့်ပြီး မြို့အရှင်ကို ဖီဆန်ချင်နေတာလား...
သူကောင်းမျိုးနွယ်မိစားစုမှ သခင်ငယ်လေးများက ပင့်သက်ရှိုက်လိုက်မိသည်။ သူတို့ ထုံချန်း၏ လှုပ်ရှားမှုများကို ထိတ်လန့်တကြားကြည့်နေကြသည်။
ထုံချန်းတော့ သေမျိုးလေးတစ်ယောက်ကြောင့် စိတ်လွတ်သွားပြီ....
အစစ်အမှန်မသေမျိုးကျင့်ကြံသူသုံးယောက်၏ အော်ရာမြင့်တက်လာ၍ တစ်ခန်းလုံးက ပြိုကျမယောင်ပင် ဖြစ်လာသည်။
"မန်နေဂျာချန်... ကျုပ်မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ဆန့်ကျင်ချင်တာ မဟုတ်ဘူး... ကျုပ်အဲ့ဒီ့သေမျိုးကိုပဲလိုချင်တာ... သူ့ကို ကျုပ်ဆီအပ်လိုက်စမ်း..."
ထုံချန်း သေမျိုးဟူသော စကာလုံးကို ဖိ၍ပြောလိုက်သည်။
ဤနည်းဖြင့် မန်နေဂျာချန်ကို သေမျိုးတစ်ယောက်ကြောင့် မိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သည့် ထုံမိသားကို ဆန့်ကျင်ရန် မထိုက်တန်ကြောင်း ပြောလိုက်သည်။
"အဆုံးမှာတော့ မန်နေဂျာချန်ပဲ ဒီသေမျိုး... မသေမျိုးစားဖိုမှူးစာမေးပွဲပြီးတာနဲ့ မသေမျိုးမီးဖိုချောင် အဆောက်အဦးနဲ့ သက်ဆိုင်မှုမရှိဘူးဆို...ကျုပ်ဘာသာ သူ့ကို လှန်လိုလှန် မှောက်လိုမှောက်ဆိုပဲ... ခင်ဗျား ကိုယ့်စကားကိုယ်တော့ ပြန်ရုတ်သိမ်းလို့မရဘူးမဟုတ်လား..."
ထုံချန်း၏ အော်ရာက ပိုမိုမြင့်တက်လာပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။
ပရိတ်သတ်များက သူ့ခေါင်းပေါ်တွင် စိတ်ဝိဉာဉ်ပင်လယ်မြင့်တက်လာသည်ကို မြင်နိုင်ပြီး ရွှေရောင်ပုံရိပ်က ထုံချန်းခေါင်းအထက်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်နိုင်လေသည်။
၎င်းက ထုံချန်း၏ မူလဝိဉာဉ်ဖြစ်သည်။ ၎င်းက အစစ်အမှန်အင်မော်တယ်တစ်ယောက်က နတ်ဘုရားအဆင့်ကျင့်ကြံသူများကို လွယ်ကူစွာချေမှုန်းနိုင်သည့် အကြောင်းပြချက်ဖြစ်လေသည်။
မန်နေဂျာချန် ထုံချန်း၏ စကားများကိုကြားသောအခါ သူ့မျက်နှာ မဲမှောင်သွားတေ့ာသည်။
ဟုတ်သား... သူအဲ့လိုပြောခဲ့တယ်..
ဘာပဲဖြစ်ဖြစ် အရင်က သူ ပုဖန်ရဲ့ အလားအလာကို နားလည်ခဲ့လို့လေ...
အခုတော့ သူ ပုဖန်ချက်တဲ့ဟင်းပွဲတွေက လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို တိုးမြင့်စေတယ်ဆိုတာ သိလိုက်ရတော့ အဲ့ဒီ့စွမ်းအင်ကို တကယ်ကြီး ဖမ်းဆုပ်ထားချင်နေပြီ... အကယ်၍ သူ့ကို မြို့အရှင်အတွက်ခေါ်ယူပေးနိုင်ရင် မြို့အရှင်ကို ထောက်ခံတဲ့လူတွေရဲ့ အဆင့်အတန်းကို တိုးမြင့်သွားစေမှာပဲ...
ဒီတော့ သူ ဒီသေမျိုးလေးကို ကာကွယ်ပေးရမယ်...
ရုတ်တရက် မန်နေဂျာချန် မူလျှို့အာမျက်နှာရှိ တင်းမာနေသော အမူအယာကိုမြင်လိုက်သည်။
၎င်းက သူ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။ သူ မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ သခင်မငယ်လေး၏ ဆုံးဖြတ်ချက်ကိုသိလိုက်သည်။
သူ စကားပြန်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ပုဖန်က ရုတ်တရက် ရွေ့လျားသွားသည်ကို မြင်လိုက်ရသည်။
ပုဖန်က မျက်နှာသေဖြင့် လက်နောက်ပစ်ကာ သူ့ရှေ့တွင်ရပ်နေသော လူသုံးယောက်ကို ကြည့်လိုက်သည်။ အစစ်အမှန်မသေမျိုးကျင့်ကြံသူသုံးယောက်ကို ရင်ဆိုင်နေရသော်လည်း သူ့မျက်နှာတွင် ထိတ်လန့်နေဟန် တစ်စိုးတစ်စိမှမရှိပေ။
သူ၏ အကြည့်များက လှောင်ပြောင်ဟန် ပြံနေသော ထုံချန်းဆီရောက်သွားပြီး မည်သူ့မှ ဂရုမစိုက်ဟန် ပြောလိုက်သည်။
"မင်း... ငါ့ဒယ်အိုးနဲ့ အထုခံချင်နေတုန်းလား...."