အပိုင်း ၉၇၉
Viewers 61k

အခန်း ၉၇၉

မသေမျိုးပစ္စည်းခုတ်ပိုင်းခံလိုက်ရပြီ


ပရိတ်သတ်များက အသက်ရှူရန်ပင် ရုန်းကန်နေရသည်။


၎င်းတို့က ခပ်လှမ်းလှမ်းတွင်ရှိသော ထုံချန်း ပုဖန်ကိုနှစ်ခြမ်းခြမ်းရန် ခုတ်ပိုင်းလိုက်သည့်ပုံကို မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြည့်နေကြသည်။


သူတို့ သွေးသံရဲရဲမြင်ကွင်းကို မြင်ယောင်မိ၍ မကြည့်မိစေရန် မျက်လုံးသာမှိတ်လိုက်ကြသည်။


မူလျှို့အာ သက်ပြင်းချလိုက်သည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးက ပုဖန်ကို လက်လျော့လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။


မန်နေဂျာချန်က မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ထုံချန်းက ပုဖန်ကိုရင်ဆိုင်ရန် ထုံမိသားမှ ကျင့်ကြံသူနှစ်ယောက်ကိုခေါ်လာခဲ့သည်။ သဘာဝကျစွာဖြင့် သူထိုလူများကို မကိုင်တွယ်နိုင်ပေ။


သို့သော် သူ၏ အထင်ကိုကျော်လွန်စွာ ပုဖန်၏ကမ္ဘာမြေ မသေမျိုးရုပ်သေးရုပ်က ထိုနှစ်ဦးကို ဆန့်ကျင်နိုင်နေသည်။


အမှန်အတိုင်းပြောရလျှင် ၎င်းက သူ့အတွက် များစွာ ကောင်းကျိုးမပြုခဲ့ပေ။ သူထိုနှစ်ယောက်ကို တားနိုင်သော်လည်း ထုံချန်း၏အစွမ်းများက ပုဖန်ထက် များစွာ သန်မာလေသည်။


ထုံချန်းနှင့်ရင်ဆိုင်ရာတွင် ပုဖန် သေချာပေါက် တစ်စစီဖျက်ဆီးခံရမည်ဖြစ်သည်။


အနီရောင်မီးဖိုချောင်သုံးဓား၏ အလင်းရောင်က လူတိုင်းကို ညှို့ယူသွားခဲ့သည်။ ၎င်းက မသေမျိုးပစ္စည်း၏ အလင်းရောင်ဖြစ်သည်။


မသေမျိုးပစ္စည်းများဆိုသည်မှာ မသေမျိုးသစ်ပင်မှ ကြီးထွားလာသည့် မီးဖိုချောင်သုံး ကိရိယာများဖြစ်ကြသည်။ ၎င်းတို့က ဆင့်ကဲတိုးတက်နိုင်သော စိတ်ဝိဉာဉ်ပစ္စည်းများဖြစ်သည်။


စားဖိုမှူးများက ထိုစိတ်ဝိဉာဉ်နှင့် ဆက်သွယ်နိုင်ခဲ့လျှင် ၎င်းတို့၏ ချက်ပြုတ်နိုင်စွမ်းကပိုမို တိုးတက်လာမည်ဖြစ်သည်။


သာမန်လူများအတွင်မူ ထိုကဲ့သို့သော ပစ္စည်းများကို အင်အားကြီးမိသားစုများက လက်ဝါးကြီးအုပ်ထားဖြင့် ၎င်းတို့၏တစ်ဘဝလုံးတွင် တစ်ခါမျှမတွေ့သွားရသည်လည်း ဖြစ်နိုင်သည်။


သို့သော် ယခုတွင် ၎င်းတို့အားလုံး မသေမျိုးပစ္စည်းတစ်ခုကို မျက်မြင်ကိုယခတွေ့ကြုံတွေ့ခဲ့ရပြီဖြစ်သည်။


ပုဖန်က ဘယ်လိုလုပ် ခုခံနိုင်မှာတဲ့လဲ...


ပုဖန်က ထုံချန်း မပြင်ဆင်ရသေးမီ ဒယ်အိုးဖြင့် နှစ်ကြိမ်ရိုက်နိုင်ခဲ့သည်ဖြစ်သော်လည်း ဤအကြိမ်တွင် သူအခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မည်မဟုတ်ပေ။


အဆုံးတွင် ထုံချန်းက မသေမျိုးပစ္စည်းကိုပင် ထုတ်သုံးနေပြီဖြစ်သည်။


အခြားလူများက အနီရောင်အလင်းတန်းက ပိုမိုလင်းလက်လာသောကြောင့် ၎င်းတို့၏ မျက်လုံးများကို အုပ်လိုက်ကြသည်။


အချို့က အလင်းရောင်စူးစူးကို မခံနိုင်တော့ဟန်ဖြင့် မျက်ရည်များစီးကျလာနေကြသည်။


ဘုန်း


ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးက အခန်းအလယ်တွင်ထွက်ပေါ်လာသည်။ ဖုန်မှုန့်များက အဆက်မပြတ်မြင့်တက်လာပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


"ပြီးသွားပြီ..."


ရွှမ်ယွမ်ရှားဟွေ့နှင့် ရွှမ်ယွမ်ရွှမ်တို့က အပျက်အဆီးများကြားတွင်ရပ်နေပြီး မြင့်တက်လာသောဖုန်မှုန့်များကိုကြည့်၍ သက်ပြင်းချလိုက်မိကြသည်။


ရွှမ်ယွမ်ရွှမ် ငြီးငြူမိလိုက်သည်။ သူမ၏ သွယ်လျသောလက်များက ရွှမ်ယွမ်ရှားဟွေ့၏ အင်္ကျီထောင့်စွန်းကို ဆွဲထားကာ သူမ၏မျက်လုံးများက စာနာသနားစိတ်တို့ ယိုဖိတ်နေသည်။


"မသေမျိုးအချက်အပြုတ်နယ်မြေမှာ... သူကောင်းမျိုးနွယ်မိသားစုတွေက အုပ်စိုးသူတွေဖြစ်ကြပြီး... သေမျိုးတွေနဲ့ သာမန်လူသားတွေမှာ ရပိုင်ခွင့်ပြောပိုင်ခွင့်တောင် မရှိကြပါလား..."


ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချလိုက်ကာ ရွှမ်ယွမ်ရွှမ်၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။


"အဲ့ဒီ့ မိသားစုတွေက အမိန့်ပေးအုပ်ချုပ်ကြတယ်... မြို့အရှင်ရဲ့ အိမ်တော်ကလည်း အင်အားကြီးမိသားစုပါပဲလေ..."


မူလျှို့အာ၏ အမူအယာက ရှုပ်ထွေးသွားသည်။ သူမ အရာတိုင်းကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ပုဖန်ကို ကာကွယ်ရန် ကျရှုံးနေဆဲဖြစ်သည်။


ထို ပုံမှန်နဲ့ကွဲပြားနေတဲ့ သေမျိုးက မကြာခင်တော့မည်ဖြစ်သည်။ ၎င်းက အင်အားကြီးမိသားစုများကို ဆန့်ကျင်သည့် ရလဒ်ဖြစ်ပေတော့သည်။


ဆူညံနေသော ပရိတ်သတ်များက အပျက်အဆီးများကိုကြည့်လိုက်မိပြီး ငြိမ်ကျသွားကြသည်။


အမ်...


ရုတ်တရက် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်များအတွင်းမှ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။


ပုံရိပ်နှစ်ခုလား... ဘယ်လိုလုပ် ပုံရိပ်နှစ်ခုဖြစ်နေတာလဲ...


ယုတ္တိရှိရှိပြောရမယ်ဆိုရင် ပုံရိပ်တစ်ခုနဲ့တစ်ဝက်ဖြစ်ရမှာလေ...


အဲ့သေမျိုးက ထုံချန်းကြောင့် နှစ်ခြမ်းခြမ်းခံလိုက်ရပြီလေ... ဟုတ်တယ်မလား... သူရဲ့ အလောင်းတစ်ခြမ်းက မြေပေါ်လဲနေရမှာလေ...


ဖလပ်


လေပြင်းက ဖြတ်သန်းတိုက်ခိုက်သွားပြီး ဖုန်မှုန့်များကို ပျံ့လွင့်သွားစေသည်။ ၎င်းက လူများ၏ မျက်နှာကို ဖြတ်ရိုက်သွားပြီး လေဓားများက ဖြတ်တောက်သွားပြီး ထပ်ရှသောနာကျင်မှုများကို ဆောင်ယူလာခဲ့သည်။


လေဓားတွေက အရမ်းထက်တာပဲ...


လူအုပ်ကြီး အော်ဟစ်လိုက်ကြသည်။


ရွှမ်ယွမ်ရှားဟွေ့ သူ့လက်ကိုမြှောက်ကာ အစစ်အမှန်စွမ်းအင်များ ထွက်ပေါ်လာစေပြီး ရွှမ်ယွမ်ရွှမ်ဆီ လေဓားများရောက်မလာနိုင်အောင် ကာကွယ်ပေးလိုက်သည်။


သို့သော် လေဓားတစ်ချောင်းက ရအောင်ဖောက်ထွက်သွားပြီး ရွှမ်ယွမ်ရွှမ်၏ ဆံသားတစ်မျှင်ကို ဖြတ်တောက်သွားသည်။


"မဟုတ်သေးဘူး... ဒီဓားစွမ်းအင်က.. အဲ့တာ ထုံချန်းရဲ့ မသေမျိုးပစ္စည်းဆီးကလာတဲ့ စွမ်းအင်မဟုတ်ဘူး..."


ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တကြားအော်လိုက်လေသည်။


ရွှမ်ယွမ်ရွှမ် ကြောင်အသွားသည်။


သူတို့နှင့်အဝေးရှိ မူလျှို့အာသည်လည်း ကြောင်အသွားကာ အခန်းအလယ်ကို စိုက်ကြည့်လိုက်မိသည်။


ဘုန်း


ဖုန်မှုန့်များ ပြန့်ကြဲသွားကာ စင်မြင့်တစ်ခုလုံးကို ဖျက်ဆီးသွားသည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။


ထုံချန်း တောင့်ခဲနေကာ သူ၏မျက်နှာပေါ်တွင် ပြတ်ရှရာကြီးတစ်ခု ရှိနေသည်။ ထိုပြတ်ရှရာကြီးမှ သွေးများစီးကျနေသည်။


သို့သော် သူက အခြားအရာကိုသာ အာရုံစိုက်နေသည်။ သူ၏မျက်လုံးများက ရှေ့ကိုသာ စိုက်ကြည့်နေသည်။


ထိုနေရာတွင် ရွှေရောင်အလင်းတစ်ခု တောက်ပနေကာ သူ၏မျက်လုံးကိုပင် အောင့်မျက်စေသည်။ ထိုအလင်းတန်းကို အရာဝတ္ထုတစ်ခုမှ ထုတ်လွှတ်နေခြင်းဖြစ်ပြီး ၎င်း၏ရွှေရောင် အလင်းက ကျောရိုးတစ်လျှောက် ကြက်သီးပင် ထနေစေသည်။


ဝုန်း


ကြည်လင်းပြီး ပဲ့တင်ထပ်နေသော အသံတစ်ခုထွက်ပေါ်လာသည်။


ခဏအကြာတွင် ပရိတ်သတ်များက အသက်ပြင်းပြင်းရှူကာ သူတို့ ဒီတစ်သက်မမေ့နိုင်တော့မည့် မြင်ကွင်းကို စိုက်ကြည့်နေလိုက်ကြသည်။


ထုံချန်းလက်ထဲရှိ ဓားက နှစ်ခြမ်းကျိုးကာ ပြုတ်ကျနေပြီး မြေပြင်ပေါ်ကျချိန်တွင် ကလင်ဟူသော အသံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရချေသည်။


မသေမျိုးပစ္စည်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်


"ဘယ်....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ..."


သူကောင်းမျိုးနွယ်မိသားစုမှ အငယ်တစ်ယောက်က တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ အော်ဟစ်လိုက်သည်။

 

ကျန်သူများအားလုံး မှင်သက်သွားကြသည်။


ပုဖန်က မျက်နှာသေဖြစ်နေဆဲဖြစ်သည်။ သူ၏လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ထားကာ ဓားကလည်ပတ်သွားပြီး အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ခပ်မြင့်မြင့်မြှောက်ထားဆဲဖြစ်သည်။


ဘုန်း


အနက်ရောင် ဒယ်အိုးက အောက်သို့ ကျဆင်းနေပြီး ထုံချန်း၏ မျက်လုံးထဲတွင် ပိုမိုကြီးမားလာသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်မြှောက်လိုက်ချိန်တွင် ထုံချန်းက အသိပြန်ဝင်လာပြီဖြစ်သည်။


သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။ ထို ဒယ်အိုးက သူ့ရှေ့တွင် ပေါ်ထွက်လာပြီဖြစ်သည်။


ဒီသောက်ဒယ်အိုးပဲလားဟ....


ဘန်း


ဤအကြိမ်တွင် ပုဖန်က မညှာတာတော့ပေ။ သူ၏ အင်အားအကုန်လုံးကိုသုံး၍ ထုံချန်း၏မျက်နှာကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။


အရိုက်ခံရပြီးနောက်တွင် ထုံချန်း နောက်သို့လဲကျသွားသည်။ သူ့နှာခေါင်းမှ သွေးများစီးကျလာပြီး ကျိုးသွားမလိုပင်ဖြစ်နေသည်။


ဘန်း


ထုံချန်း မြေပြင်ပေါ်ကို အမှောက်သိပ်ခံလိုက်ရပြီး သူ၏နှာခေါင်းကို အုပ်ကိုင်ထားလေသည်။


ပုဖန် ထုံချန်ဘေးသို့ ခပ်ဖြေးဖြေးလျှောက်လာသည်။


ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်မြှောက်ထားပြီး သူ၏အစစ်အမှန်စွမ်းအင်များကို ဓားတစ်ချောင်းလုံးကို လွှမ်းခြုံလိုက်သောအခါ နဂါးတစ်ကောင်က ကောင်းကင်ပေါ် ပျံတက်သွားခဲ့သည်။


ခဏအကြာတွင် ပုဖန်လက်ထဲရှိ နဂါးအရိုးမီးဖိုချောင်သုံးဓားက ကြီးမားလာကာ ကြီးမားသော သားသတ်ဓားကြီးတစ်ချောင်း ဖြစ်လာသည်။ နတ်နဂါးတစ်ကောင်၏ ပုံရိပ်က ၎င်းအပေါ်တွင် လည်ပတ်နေပြီး ၎င်း၏လက်သည်းများကို ဖြန့်ကားကာ အစွယ်များကို လှစ်ဟာပြနေသည်။


ပရိတ်သတ်များက ထိုနဂါးပုံရိပ်ကို မြင်သောအခါ တုန်လှုပ်သွားကြသည်။


"အဲ့သေမျိုး... သူ့...သူ့မှာလည်း မသေမျိုးပစ္စည်းတစ်ခုရှိတယ်လား..."


"အဲ့ဒီ့ ရွှေရောင်ဓားက သခင်လေးထုံရဲ့ မသေမျိုးပစ္စည်းကို ဖျက်ဆီးပစ်လိုက်တာလား..."


"ထုံချန်းရဲ့ မသေမျိုးပစ္စည်းက ပျက်ဆီးသွားပြီလား..."


ပရိတ်သတ်များ၏ နှဖူးပေါ်တွင် ချွေးစများရစ်သီလာသည်။ ပုဖန်က ၎င်းတို့ကို အံ့အားသင့်စရာများစွာကို ပေးစွမ်းခဲ့လေသည်။


သူကတကယ်ရော သေမျိုးဟုတ်ရဲ့လား...


ဒီတော့ သေမျိုးတွေအကုန်လုံးက အဲ့လောက် မိမိုက်ပြီး သန်မာကျတယ်ပေါ့လေ...


အဲ့ဒီ့ရွှေရောင်မီးဖိုချောင်သုံးဓား... အဲ့ဒီ့ မသေမျိုးပစ္စည်းက ဘယ်အဆင့်လောက်ရှိလဲ...


အမှန်တကယ်တွင် မသေမျိုးပစ္စည်းများ၌ ကိုယ်ပိုင်အဆင့်များရှိကြသည်။ သို့ရာတွင် ပရိတ်သတ်အများစုက ထိုကဲ့သို့ အဆင့်များရှိသည်ကို မိသိကြဘဲ သူကောင်းမျိုးနွယ်ဝင်များကသာ သိကြပေသည်။


၎င်းက မသေမျိုးဟင်းချက်နည်းစာအုပ်ထဲမှ ဟင်းပွဲနာမည်များနှင့် ဆင်တူပြီး သာမန်လူများက ထိုကဲ့သို့သော သတင်းအချက်အလက်များကို ဘယ်သောအခါမှ သိနိုင်လိမ့်မည်မဟုတ်ပေ။


ပုဖန်က ဧရာမဓားကြီးကို ပခုံးတွင်ထမ်းကာ မျက်လုံးများက မည်သည်ကိုမှ ဂရုမစိုက်ဟန် ဖြစ်နေသည်။


သူတို့နှင့်အဝေးတွင် ထုံမိသားစုမှ အစစ်အမှန် မသေမျိုးကျင့်ကြံသူနှစ်ဦးက ဝှိုက်တီနှင့်တိုက်ခိုက်နေသည်။ ကြည့်ရသည်မှာ ထိုနှစ်ဦးက ဝှိုက်တီကို အနိုင်မယူနိုင်သည့်ပုံ ပေါ်လေသည်။


ထုံမိသားစုကျင့်ကြံသူနှစ်ယောက်က ထုံချန်းနှင့် ပုဖန်၏ တိုက်ပွဲကို လှမ်းကြည့်နေကြသေးသည်။ သို့သော် ၎င်းတို့၏ သခင်လေးက နှာခေါင်းသွေးယိုကာ မြေကြီးပေါ် လဲကျသွားမည်ဟု မထင်ထားခဲ့ကြပေ။


"သေစမ်း..."

အစစ်အမှန်မသေမျိုး ကျင့်ကြံသူတစ်ယောက်က ဆဲဆိုမိသွားသည်။


သူ၏ လှံရှည်က ထောင်ပေါင်းများစွာသော အရိပ်များအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်မှ ပြုတ်ကျလာသည်။ သူ ဝှိုက်တီကို နောက်ဆုတ်သွားရန် တွန်းအားပေးပြီး ထုံချန်းကို ကယ်ရန်ပြုလုပ်လိုက်ခြင်း ဖြစ်သည်။


သို့သော် လျှပ်စီးကြောင်းများဖြင့် ဖုံးအုပ်နေသော စစ်နတ်ဘုရားတုတ်က သူ့ကိုတားလိုက်သည်။ ၎င်းက ပျံသန်းသွားပြီး ထောင်သောင်းချီသော တုတ်အရိပ်များက လှံရှည်၏အရိပ်များကို လမ်းလွှဲလိုက်ကာ လျှပ်စီးလက်သလို ပြေးထွက်သွားသည်။


ထိုအစစ်အမှန် မသေမျိုးကျင့်ကြံသူ ချောင်းဆိုးကာ သွေးတစ်လုပ်အန်ထုတ်လိုက်သည်။


အခြား အစစ်အမှန်မသေမျိုး ကျင့်ကြံသူက ဝှိုက်တီ၏ နောက်ကျောဘက်ကို ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးရှာနေသော်လည်း မအောင်မြင်ခဲ့ချေ။


ရုတ်တရက် အခြေအနေက ပြောင်းလဲသွားကာ အရာအားလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်သည်။


"မင်း... မင်းဘာလိုချင်တာလဲ..."


ထုံချန်းသည် သူ့ကို အရိပ်တစ်ခုအုပ်မိုးသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏သွေးထွက်နေသော နှာခေါင်းကို အုပ်ကိုင်ကာ ကြိုးစား၍ မျက်လုံးဖွင့်လိုက်သည်။ သို့သော် သူ့ကိုကြိုဆိုနေသည့် မြင်ကွင်းမှာ ထိုသေမျိုးကောင်သာဖြစ်နေသည်။


"မင်း... သောက်သေမျိုးကောင်..."


ထုံချန်း၏ မျက်လုံးများ သွေးရောင်လွှမ်းသွားကာ အော်ဟစ်လိုက်သည်။


လေပြင်းတစ်ချက်တိုက်ခတ်လာပြီး ပုဖန်၏ ဆံပင်ကို ချည်နှောင်ထားသော ကတ္တီပါကြိုးက ပြတ်တောက်သွားသည်။ချက်ချင်းပင် သူ၏ဆံပင်က လေနှင့်အတူ လွင့်မျောနေလေသည်။


ပုဖန် ထုံချန်းကို မျက်စိဆွေကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်တည်သွားသည်။


ခဏအကြာတွင် သူ၏ပခုံးကို လှုပ်လိုက်ကာ နဂါးအရိုးမီးဖိုချောင်သုံးဓားကို ထုံချန်းပေါ် ခုတ်ချလိုက်သည်။


ပရိတ်သတ်များက အလွန်အမင်းကြောက်လန့်သွားကာ ကြက်သီးမွေးညင်းပင် ထောင်ထသွားသည်။


အဲ့ဒီ့သေမျိုး... သူထုံချန်းကို သတ်ရဲတယ်လား...


အဲ့လူက မသေမျိုးမြို့တော်ရဲ့ အာဏာအရှိဆုံး မိသားစုက ဉာဏ်ကြီးရှင် မသေမျိုးစားဖိုမှူးလေ...


နဂါးအရိုးမီးဖိုချောင်သုံးဓား၏ အစွမ်းက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလေသည်။ ထိုဓားသွား၏ ခုတ်ပိုင်းချက်အောက်တွင် လေထုပင် အက်ကွဲသွားပေသည်။


ထုံချန်း တုန်ရီသွားလေသည်။


ပုဖန်၏ မီးဖိုချောင်သုံးဓားက ထုံချန်း၏ ဓားကို ခုတ်ပိုင်းချက်တစ်ခုတည်းဖြင့် နှစ်ခြမ်းကွဲသွားစေခဲ့သည်။ အကယ်၍ ထိုဓားဖြင့် ထုံချန်း၏ လည်ပင်းကို ခုတ်ပိုင်းမည်ဆိုပါက တို့ဟူးတုံးကို ခုတ်ရသည်နှင့် ကွာခြားမည်မဟုတ်ပေ။


"မလုပ်နဲ့...."


"ညစ်ပတ်တဲ့ သတ္တဝါကောင်.... မင်းဘယ်လိုတောင် လုပ်ရဲရတာလဲ..."


နဂါးအရိုးမီးဖိုချောင်သုံးဓားက ထုံချန်းခေါင်းကို ခုတ်မိခါနီးတွင် ထိတ်လန့်ဖွယ်အော်သံနက်ကြီးထွက်လာပြီး ပုဖန်ရှေ့သို့ရောက်လာသည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦး အပြင်ဘက်မှ ကြောက်မက်ဖွယ်အော်ရာများ ထုတ်လွှတ်နေသူက ပုဖန်ရှေ့သို့ ချက်ချင်းရောက်လာခဲ့သည်။


လှံရှည်တစ်ချောင်းက လေဟာနယ်ကို ဖောက်ထွင်းကာ ပုဖန်၏ နဂါးအရိုးမီးဖိုချောင်သုံးဓားကို ထိမှန်သွားသည်။


ဒင်


ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး နဂါးအရိုးမီးဖိုချောင်သုံးဓားကို နောက်ပြန်ဆွဲယူလိုက်သည်။


ပတ်ပတ်လည်ရှိလူများ၏ တင်းမာပြီးသား အာရုံကြောများက ပိုမိုတင်းမာလာသည်။


ဒါ... ဒါ.. ထုံမိသားစုရဲ့ ကြယ်နှစ်ပွင့် အစစ်အမှန်မသေမျိုးကျင့်ကြံသူပဲ...


သို့သော် ခဏအကြာတွင် မြင်လိုက်ရသည့်အရာမှာ ၎င်းတို့ကို သက်ပြင်းပင် ရှ်ိုက်မိသွားစေသည်။


ပုဖန်က မရပ်တန့်လိုက်ပေ။ ယင်းအစား နဂါးအရိုးမီးဖိုချောင်သုံးဓားနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုးကိုပါ ကိုင်မြှောက်လိုက်ပေသည်။


ထို့နောက်...


သူထုံချန်း၏ ခေါင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက ထုံချန်း၏ မျက်လုံးထဲတွင် ကြီးသည်ထက် ကြီးလာသည်။


ထုံချန်း၏ အာရုံကြောများ တင်းမာလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သစ်ရွက်လေးတစ်ရွက်နှယ် ခိုက်ခိုက်တုန်နေသည်။ သူ အသက်တစ်ခါရှူသွင်းလိုက်သော်လည်း ထိုအသက်ရှူသံအစား ကြိမ်တစ်သောင်းမျှဆဲရေးနေချင်သည်။


သူ ထွက်ပြေးလိုက်ချင်သည်။ သို့သော် သူ၏စိတ်နှလုံးကို ကြီးမားသော အနက်ရောင်ဒယ်အိုးကြီးက ဖိနှိပ်ထားပြီး တစ်လက်မမှ မလှုပ်နိုင်ပေ။


ဘုန်း


နားကန်းလုမတတ်ကျယ်သော အသံကြီးထွက်ပေါ်လာသည်။ ထို့နောက် မြေပြင်ပင် ချိုင့်ဝင်သွားခဲ့သည်။


ထုံချန်းကို အလယ်ဗဟိုပြု၍ ပတ်ပတ်လည်က ပင့်ကူအိမ်နှယ် အက်ကွဲသွားသည်။


သူ၏ ခေါင်းက မြေပြင်ထဲစိုက်ဝင်သွားပြီး ခန္ဓာကိုယ်က ငြိမ်ကျသွားခဲ့သည်။


ပရိတ်သတ်များက တစ်စုံတစ်ခု အက်ကွဲသွားသံကြားလိုက်ရသည်။


ထိုအသံက ထုံချန်း၏စိတ်ဝိဉာဉ်ပင်လယ်အထက်တွင် ဝဲပျံနေသော ပုံရိပ်မှထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းက ပုဖန်၏ တိုက်ခိုက်မှုကြောင့် အက်ကွဲသွားခဲ့ခြင်းဖြစ်သည်။


ဒယ်အိုးတစ်ခုဖြင့် နှစ်ကြိမ်အရိုက်ခံရပြီးနောက်တွင် ကြယ်တစ်ပွင့် အစစ်အမှန်မသေမျိုးဖြစ်သော ထုံချန်း၏ စိတ်ဝိဉာဉ်ပင်လယ် ကွဲကြေသွားခဲ့ရသည်။


ထုံချန်းသည် ကောင်းကင်ကို အုပ်မိုးသွားအောင် ကြီးမားလှသည့် အနက်ရောင်လိပ်ကြီးတစ်ကောင်ကို မြင်လိုက်ရပြီး သူ၏စိတ်ဝိဉာဉ်ပင်လယ် အပိုင်းပိုင်းဆုတ်ပြဲသွားရသည်။


ထို့နောက် သူ သတိလစ်သွားရသည်။


ဘုန်း


ထိတ်လန့်ဖွယ် စွမ်းအင်တစ်ခုက အဆက်မပြတ် မြင့်တက်လာခဲ့သည်။


ပုဖန် မျက်မှောင်ကြုတ်ကာ ခေါင်းမော့လိုက်ပြီး သူ့ကိုစူးစိုက်ကြည့်နေသော လူအိုကြီးကို ကြည့်လိုက်သည်။


ထိုလူအိုကြီးက သူ့မျက်လုံးကိုပြူးကျယ်နေကာ မျက်လုံးထောင့်များ ပြဲသွားမတတ် ပြူးကျယ်နေသည်။


"မင်း... မင်း..."

သူ အသံနက်ကြီးဖြင့် အော်လိုက်သည်။


ဘုန်း


ရုတ်တရက် လက်ဖဝါးချက်တစ်ခု ကျရောက်လာခဲ့သည်။ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုက ကြီးမားလှသော အစစ်အမှန်စွမ်းအင် လိုက်ကာကြီးတစ်ခု ပုဖန်ကို ချိန်ရွယ်၍ ပြေးထွက်လာဟန်နှင့်တူသည်။


ဝီး


အနီနှင့်အဖြူ အနီရောင်စားဖိုမှူးဝတ်ရုံက အလင်းတစ်ခုထွက်ပေါ်လာပြီး ခဏအကြာတွင် တုန်ခါသွားကာ တစ်စုံတစ်ခု ကျိုးပဲ့သွားဟန်ဖြစ်နေသည်။


ထိုအချိန်တွင် အနီရောင်စားဖိုမှူးဝတ်ရုံ၏ မမြင်ရသော လုပ်ဆောင်ချက်တစ်ခု အသက်ဝင်လာသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


လူအိုကြီးကို စိုက်ကြည့်လိုက်ကာ သူ၏မဟူရာလိပ်ခုံးဒယ်အိုးကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်လိုက်သည်။


ပရိတ်သတ်များက သရဲတွေ့လိုက်ရသလို လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။


သေမျိုးစားဖိုမှူးလေး... သူ လုံးဝတုန်လှုပ်မနေဘူး... သူတကယ်ကြီး ကြယ်နှစ်ပွင့် အစစ်အမှန်သေမျိုးကို ဆန့်ကျင့်မလို့လား...


သူ ကောင်းကင်ကို ဖီဆန်ချင်နေတာပဲ...