အပိုင်း ၉၉၀
Viewers 53k

အခန်း ၉၉၀

ပိုင်ရှင်ပု vs သောင်းကျန်းသောကလေး


ပုဖန် အနီရောင်စားဖိုမှူး၏ အင်္ကျီလက်ဖျားကို ခါလိုက်ကာ မူလျှို့အာကိုပြောလိုက်သည်။

"ကောင်းပြီလေ... သွားကြတာပေါ့..."


မူလျှို့အာ၏ မျက်နှာ တောက်ပသွားသည်။


ငရဲဘုရင်အာဟက အစပ်ချောင်းကိုက်ရင်း ထိုင်ခုံပေါ် မှီထိုင်နေသည်။ ပုဖန် စားသောက်ဆိုင်ထဲမှ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူ့ပါးစပ်မှ ဝါးစားသံများ ထွက်ပေါ်လာသည်။


အပေါ်ထပ်မှ ခြေသံများကြားရပြီး နယ်သာရီပေါ်ထွက်လာသည်။


"နယ်သာရီ... ဒီကလေးပုဖန်က ဆရာလုပ်ဖို့ အပြင်ထွက်သွားတယ်တဲ့... ငါတော်တော်လေးသိချင်မိတယ်... အဲ့လိုကျောက်တုံးမျက်နှာနဲ့လူက ဆရာတစ်ယောက်ဖြစ်လာနိုင်ပါ့မလား... သူ ကလေးမလေးတွေအကုန်လုံးကို ခြောက်လှန့်ပစ်မှာမဟုတ်ဘူးလား..."


ငရဲဘုရင်အာဟ ပြောလိုက်သည်။


"နင်သိချင်နေရင် သွားကြည့်သင့်တယ်... အဲ့ကလေးတွေကို ဆွဲဆောင်ဖို့ အစပ်ချောင်းသုံးမလားမှ မသိနိုင်တာ..."


နယ်သာရီ ဘာမှမထူးခြားသလိုပြောလိုက်သည်။


ငရဲဘုရင်အာဟ၏မျက်လုံးများ ခေတ္တမျှတောက်ပသွားသော်လည်း ခေါင်းရမ်း၍ပြန်ဖြေလိုက်သည်။


"မင်းပြောတာအဓိပ္ပါယ်ရှိသားပဲ.... အမ် စိတ်မရှိပါနဲ့.. ဒီဘုရင်မသေမျိုးမြို့တော်ကို တစ်ပတ်လောက် ပတ်လိုက်ဦးမယ်.... ကလေးတွေဆီက အစပ်ချောင်းလုတယ်ဆိုတာက ရှက်စရာပဲ..."


လက်နောက်ပစ်၍ အစပ်ချောင်းဝါးကာ ရင်ကိုကော့၍ စားသောက်ဆိုင်ထဲမှ ထွက်သွားလိုက်သည်။


နယ်သာရီ ငရဲဘုရင်အာကိုကြည့်၍ မျက်လုံးသာလှိမ့်လိုက်သည်။



မူလျှို့အာနှင့် ပုဖန်တို့ လမ်းမအရှည်ကြီးတစ်လျှောက် အတူတူလျှောက်လာကြကာ လမ်းဘေးဘက်နှစ်ဖက်လုံးရှိ ဆိုင်ငယ်လေးများကို ကျော်ဖြတ်ခဲ့လိုက်သည်။


"ကျွန်မ ရှင့်ကို ပထမဆုံးမြင်တော့ ထုံယွဲ့နဲ့ ပြဿနာဖြစ်နေတုန်းအချိန်ကပဲ... ကျွန်မရှင့်ကို သာမန်စားဖိုမှူးလေးတစ်ယောက်လို့ ထင်ခဲ့တာ..."


မူလျှို့အာ ရယ်ရယ်မောမောနှင့် ဆက်ပြောလာသည်။


"နောက်တော့ ရှင်က ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး သူမကို နောင်တရအောင်လုပ်ပစ်လိုက်တာပဲ... သူမက မသေမျိုးမီးဖိုချောင်အဆောက်အဦးကနေတောင် နှင်ထုတ်ခံလိုက်ရပြီလေ..."


"ဒီလိုမျိုးက ကျုပ်ပုံမှန် လုပ်နေကြပါပဲ..."


ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။


သူပုံမှန် ဘာတွေများလုပ်တာပါလိမ့်...


မူလျို့အာ အံ့အားသင့်သွားသည်။

ပုဖန်က တကယ့်ကို မနှိမ့်ချတတ်တဲ့ လူပဲ...


သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း အတွင်းစက်ဝိုင်းသို့ ခပ်မြန်မြန်ရောက်ရှိလာသည်။


အတွင်းစက်ဝိုင်းသည် အပြင်စက်ဝိုင်းနှင့် မကွာခြားချေ။ ၎င်းကို တံတိုင်းအသစ်ကြီးတစ်ခုဖြင့်ကာရံထားပြီး ကိုယ်ပိုင် ဝင်ပေါက်ပင် ရှိနေသည်။


မူလျှို့အာ ပုဖန်ကို ဝင်ပေါက်ဆီခေါ်သွားသောအခါ အစောင့်များက သူ့ကို မနှောင့်ယှက်ကြပေ။ သူက မူလျှို့အာ၏ အဆင့်အတန်းကြောင့် အလွယ်တကူ ဝင်ခွင့်ရခြင်းဖြစ်သည်။


အထဲသို့ ဝင်သွားပြီးနောက်တွင် ပုဖန် လေထုက လုံးဝကွာခြားနေသည်ဟုခံစားရပြီး အပြင်ဘက်စက်ဝိုင်းထက် အလွန်ကွဲပြားနေလေသည်။


ဤနေရာတွင် လေကပင် ၎င်း၌ ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်း တိုးဝင်ချင်နေသည်။ ယင်းက သူ့ကို အလွန်အမင်း လန်းဆန်းသွားစေသည်။


"အတွင်းစက်ဝိုင်းထဲက စိတ်ဝိဉာဉ်စွမ်းအင်ရဲ့ သိပ်သည်းမှုက အတော်လေးမြင့်မားတယ်... အစီအရင်က မြို့တစ်ခုလုံးကို လွှမ်းခြုံထားတာကိုတော့ ပြောပြစရာတောင် မလိုလောက်တော့ပါဘူး... အစီအရင်က ကျင့်ကြံခြင်းအတွက် အလွန်ကိုသင့်တော်တဲ့ အပြင်စက်ဝိုင်းကနေ စိတ်ဝိဉာဉ်စွမ်းအင် အများစုကို စုပ်ယူတယ်လေ... အဲ့တာကြောင့်ပဲ မသေမျိုးစားဖိုမှူးအများစုက အင်အားကြီးမိသားစုတွေထဲဝင်ချင်ကြတာ... သူတို့က အတွင်းစက်ဝိုင်းထဲမဦနေပြီး ဒီစိတ်ဝိဉာဉ်စွမ်းအင်တွေကို စုပ်ယူ ကျင့်ကြချင်ကြတာလေ..."

မူလျှို့အာ ပြောလိုက်သည်။


အခွင့်အရေးရှိပါက သူမပုဖန်ကို မူမိသားစုထဲသို့ ခေါ်သွင်းချင်သည်။


ပုဖန် ခေါင်းငြိမ့်ပြလိုက်ကာ ခေါင်းမော့၍ ခပ်လှမ်းလှမ်းကို ကြည့်လိုက်သည်။


အတွင်းစက်ဝိုင်းကိုဝင်လိုက်သည်နှင့် မသေမျိုးသစ်ပင်က ပိုမိုထင်ရှားလာကာ မျက်စိဖမ်းစားလွယ်သည်။


အတွင်းစက်ဝိုင်းကို မသေမျိုးသစ်ပင်ကို ဝန်းရံ၍ ဆောက်ထားခြင်းဖြစ်ပြီး ပိုမိုနည်းကပ်လေ စိတ်ဝိဉာဉ်စွမ်းအင်တို့ ပိုမိုများပြားလေဖြစ်သည်။


မသေမျိုးမြို့တော်၏ ထိပ်ပိုင်းမိသားစုများက မသေမျိုးသစ်ပင်နှင့် နီးကပ်စွာ တည်ရှိကြသည်။


မသေမျိုးသစ်ပင်က မယှဉ်ပြိုင်နိုင်လောက်အောင် ကြီးမားပြီး တိမ်ထုကို ခွင်း၍ တည်ရှိနေသည်။ ခေါင်းမော့၍ ကြည့်မည်ဆိုပါကလည်း ထူထဲစွာရှိနေကြသည့် သစ်ရွပ်များကိုသာ မြင်ရပေလိမ့်မည်။


သစ်ကိုင်းများက ကောင်းကင်ကို ထိုးထွက်နေပြီး တိမ်လွှာများကို ခွင်း၍ရှိနေသည်။


"ကျွန်မတို့ရောက်ပြီ... ဒါကျွန်မရဲ့ မူမိသားစုရဲ့ အိမ်တော်ပဲ..."


မူလျှို့အာ ပြောလိုက်သည်။


ပုဖန် အံ့အားသင့်သွားသည်။

ငါတို့ ရောက်ပြီလား...


ရောက်သွားပြီပေါ့လေ.... မသေမျိုးသစ်ပင်နဲ့ နီးတောင်မနီးဘူး... မြို့တော်သခင်ရှိတဲ့ မူမိသားစုက ဒီနေရာကိုပဲ သိမ်းပိုက်နိုင်တယ်လား... ဒီနေရာမှာ သူတို့က ထိပ်ပိုင်းမိသားစုတောင် မဟုတ်ဘူးပေါ့လေ...


မူလျှို့အာက ပုဖန်စဉ်းစားနေသည်ကို နားလည်ဟန်ဖြင့် သူမမျက်နှာတွင် ခါးသီးမှုတို့ ဖြတ်ပြေးသွားသည်။


"မူမိသားစုက ရှင်ထင်သလောက် အင်အားမကြီးဘူး... မဟုတ်ရင် ထုံယွဲ့က မသေမျိုးမီးဖိုချောင် အဆောက်အဦးမှာ ထင်ရာစိုင်းနေနိုင်ပါ့မလား..."


ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။


မူမိသားစုတွင် ကိုယ်ပိုင်ပြဿနာများရှိကြမည့် ပုံပေါ်လေသည်။


မည်သည်မှမဆိုပဲ ပုဖန် မူလျှို့အာနှင့်အတူ အိမ်တော်ထဲသို့ ဝင်လိုက်သည်။


၎င်းက အလွန်အမင်းကြီးမားလှသော အိမ်တော်ကြီးဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအင်များက ပြင်ပကထက် များစွာသိပ်သည်းလှသည်။


ဤနေရာတွင်ရှိကြသော လူများ၏ ကျင့်ကြံဆင့် သန်မာနေရသည်ကို မအံ့ဩတော့ပေ။ ဤကဲ့သို့သော ပတ်ဝန်းကျင်၌ ကျင့်ကြံသည့်သူများ၏ ကျင့်ကြံဆင့်က အလွန်လျှင်မြန်စွာ တိုးတက်နိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။


"ရှင့်ကို ပတ်ပြစေချင်သေးလား..."


မူလျှို့အာမေးလိုက်သည်။


"မလိုပါဘူး... သူတို့ဆီသာ ခေါ်သွားပေးပါ..."


ပုဖန် မူလျှို့အာပြောသည်ကို ငြင်းလိုက်သည်။


မူလျှို့အာ အံ့ဩသွားကာ နောင်တရသလို ခံစားလိုက်ရသည်။ သူမ ပုဖန်နှင့် အချိန်အတော်ကြားဖြုန်းခွင့်ရမည်ဟု ထင်ခဲ့သည်။


အချိန်ခဏမျှ လမ်းလျောက်ပြီးနောက်တွင် ပုဖန်သည် မူအိမ်တော်က မြို့ငယ်လေးတစ်ခုစာ ကြီးမားသည်ဟု သတိပြုမိလိုက်သည်။


မူလျှို့အာကို မြင်သမျှလူတိုင်းက သူမကိုနှုတ်ဆက်ကြပေသည်။ အဆုံးတွင် သူမက မြို့တော်အရှင်၏ သမီးဖြစ်ကာ မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ ဂျူနီယာသခင်မလေးဖြစ်သည်။


"မသေမျိုး ကျောင်းတော်..."


ပုဖန် အဆောက်အဦးရှေ့ရှိ ဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး ထိုပေါ်ရှိစာလုံးများကို ဖတ်လိုက်သည်။


"ဒီနေရာက ကျွန်မတို့ မူမိသားရဲ့ မသေမျိုးစားဖိုမှူးတွေ ရှိတဲ့နေရာပဲ... ဂျူနီယာလေးတွေအကုန်လုံး အထဲမှာရှိတယ်...."


မူလျှို့အာ ရယ်မောလိုက်ပြီး သူမ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။


"အထဲအရင်ဝင်သွားလိုက်... ကျွန်မနောက်က လိုက်ခဲ့မယ်..."


ထိုသည်နှင့် သူတို့နှစ်ဦး ထိုအဆောက်အဦးထဲ ဝင်သွားကြသည်။


ထိုနေရာကို အပိုင်းရှစ်ပိုင်းခွဲထားပြီး အလွန်အသက်ဝင်ကာ အရောင်စုံလျက်ရှိသည်။ လေထုထဲတွင် ရှေးဦးအငွေ့အသက်တို့ပင် စီးဆင်းနေဟန်ရှိနေသည်။


သူတို့ ဒုတိယထပ်သို့ မရောက်မီ ဆူညံသံများကို ကြားနေရပြီဖြစ်သည်။


ပုဖန် မျက်မှောင် ကုတ်ကျသွားသည်။


မူလျှို့အာ၏ မျက်နှာတွင် ကိုးယိုးကားယားအမူအယာဖြစ်သွားခဲ့သည်။


"ပိုင်ရှင်ပု... ရှင်ဆက်သွားလိုက်ပါ... ကျွန်မ မနှောင့်ယှက်တော့ပါဘူး..."


ပုဖန်ခေါင်းငြိမ့်ပြလိုက်ကာ လက်ပိုက်၍ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။


ပုဖန် ထိုအခန်းထဲ ခေါင်းဝင်ရုံသာရှိသေးသည် သူ၏နှလုံးသား တုန်လှုပ်သွားခဲ့သည်။


ဝှီးကနဲမြည်သံဖြင့် ဂျုံလုံးကြီးတစ်ခုက သူ့ခေါင်းထံ ချိန်ရွယ်၍ ပြေးထွက်လာသည်။ ယင်းနှင့်အတူ ရယ်မောသံတို့ ထွက်ပေါ်လာသည်။


"ထိလိုက်စမ်း... ထိလိုက်စမ်း..."


သို့သော် ပုဖန်၏ အတွေးတစ်ချက်ဖြင့် ထိုဂျုံလုံးက လေပေါ် ပျံဝဲသွားလေသည်။


ထိုဂျုံလုံးကို ကြည့်၍ ပုဖန်၏ နှုတ်ခမ်းထောင့်တို့ ကွေးတက်သွားသည်။


ဒီကလေးတွေက... တကယ့်ကို ငဆိုးလေးတွေပဲ... 


မူလျှို့အာ ပုဖန်ကို အောက်ထပ်မှလှမ်းကြည့်ပြီး သူမမျက်နှာပေါ်ရှိ ကိုးယိုးကားယားနိုင်မှုက ပိုမို ထင်ရှားလာသည်။ 


မူလျှို့အာ ရင်ထဲတွင် ကျိတ်၍ဆုတောင်းနေမိသည်။ သူမ ပုဖန်ကို ထိုကလေးဆိုးလေးများကို ထိန်းချုပ်နိုင်ရန် မျှော်လင့်နေမိသည်။


"ဝိုး... သူကာလိုက်တယ်.. မူရှို့ နင့်အလှည့်ပဲ..."


အခန်းထဲမှ စူးရှရှအော်သံလေး ထွက်ပေါ်လာသည်။


ပုဖန် အခန်းထဲလျှောက်ဝင်လိုက်သောအခါ သူ့ခေါင်းပေါ်သို့ ကျခါနီးဖြစ်နေသော အနက်ရောင်ဒယ်အိုးကြီးကို အာရုံခံလိုက်မိသည်။


အနက်ရောင်ဒယ်အိုးကြီးက အလွန်အမင်းကြီးမားပြီး ၎င်းပြုတ်ကျလာချိန်တွင် လေဖိအားတစ်ခုကိုပင် ခံစားလိုက်ရသည်။


ပုဖန် သူ၏စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ကာ အနက်ရောင်ဒယ်အိုးကြီးကို သူ့ခေါင်းပေါ်တွင် ရပ်တန့်သွားစေသည်။ 


"ဝိုး... ထပ်ကာလိုက်ပြန်ပြီ.. မူရှို့ နင်ကအရမ်းအားနည်းတာပဲ... ဒီသခင်မလေးကိုကြည့်ထားလိုက်..."


အော်ဟစ် အားပေးနေသော ကလေးငယ်များ၏အသံမျိုးစုံ ထွက်ပေါ်လာသည်။


ဝှီး ဝှီး ဝှီး


ပုဖန် သူ့ထံသို့ စိတ်ဝိဉာဉ်သားရဲဥများစွာ ပျံသန်းလာသည်ကိုကြည့်ပြီး တောင့်ခဲသွားရသည်။


တစ်ချက်ကြည့်ရုံဖြင့် ထိုဥများတွင် သိပ်သည်းလှသော စိတ်ဝိဉာဉ်စွမ်းအင်များစွာပါဝင်နေ၍ သာမန်ဥများမဟုတ်သည်ကို လူတိုင်းသိနိုင်ပေသည်။


ပုဖန် သူ့စိတ်ထဲတွင် သက်ပြင်းသာချလိုက်သည်။

ဒီ ကလေးဆိုးတွေကတော့...


သူ၏စိတ်စွမ်းအင်များက စတင်ပြောင်းလဲသွားပြီး ဥများကို လေထဲတွင် ပျံဝဲနေစေသည်။


သို့သော် ခဏအကြာတွင် ပုဖန်၏ မျက်ခုံးတို့ တွန့်ချိုးသွားသည်။ သူ့ရှေ့တွင်ရှိသော ဥတစ်လုံးက စတင်အက်ကွဲလာသည်ကို မြင်လိုက်ရသည်။


ဥမှ အကာနှင့်အနှစ်များက သူ့ဆီပျံထွက်လာသည်။


ကလေးများ၏ အော်ဟစ်သံများက ပိုမိုဆူညံလာပြီး စားပွဲခုံပင် စိတ်လှုပ်တရှား ရိုက်ပုတ်နေလိုက်ကြသည်။


"တော်သားပဲ..."


ပုဖန် မထူးမခြားနားစွာပြောလိုက်သည်။ ထို့နောက် ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓားက သူ့လက်ထဲတွင် ပေါ်လာသည်။


ဓားကိုကိုင်၍ ခပ်သာသာ ဝှေ့ယမ်းလိုက်ရာ ဖြန်းကနဲမြည်သံထွက်ပေါ်လာပြီး သူ့ရှေ့ရှိအရာများစွာကို ဝှစ်ကနဲနောက်သို့ ပြန်ပို့လိုက်ကာ သူ့ရှေ့တွင်ရပ်နေသော ကလေးဆိုးလေးပေါ် ကျဆင်းသွားသည်။


ရုတ်ချည်းပင် လူတိုင်း တိတ်ဆိတ်သွားကြသည်။


"ဟမ်... သူတို့က ဒီလိုတောင်လုပ်နိုင်တယ်ပေါ့လေ..."


ပုဖန် နဂါးအရိုးမီးဖိုချောင်သုံးဓားကို သုတ်လိုက်ကာ စားပွဲထံသို့ လျှောက်လှမ်းသွားသည်။


ဘန်း


ပုဖန် ရှေ့သို့ လျှောက်လိုက်သောအခါ အနက်ရောင်ဒယ်အိုးကြီးက မြေပြင်ပေါ် ဘုန်းကနဲကျသွားသည်။ ထို့နောက် အဖြူရောင်ဂျုံ့မှုန့်များက ဒယ်အိုးထဲကျဆင်းသွားကာ ဥခွံများစွာက ကြမ်းပြင်ပေါ် အစိတ်စိတ်အမြွှာမြွှာကျကွဲသွားသည်။


ဒုတိယထပ်ရှိကလေးများက ပုဖန်ကိုကြည့်လိုက်ကြသည်။ ဤနေရာတွင် ကလေးမလေးသုံးယောက်နှင့် ကောင်ကလေးငါးယောက် စုစုပေါင်းရှစ်ယောက်ရှိနေသည်။


သူ့ရှေ့တွင် ကလေးမလေးက ဘာဖြစ်သွားမှန်းမသိဟန်ဖြင့် ထိတ်လန့်နေဟန် မျက်နှာဖြင့် ရပ်နေသည်။


ကြက်ဥတွေက ပျံထွက်သွားတာပါ... ဘယ်လိုလုပ် နောက်ပြန်ရောက်လာရတာလဲ...


"ဘယ်လို... ငါဥနဲ့ အပေါက်ခံလိုက်ရပြီ... ရှီးရှီး ဥနဲ့အပေါက်ခံလိုက်ရပြီ..."


ကလေးမလေးက သတိပြန်လည်လာကာ ကျယ်လောင်စွာ ငိုကြွေးလာသည်။


သူမဒီလိုမျိုး တစ်ခါမှ အရှက်ခွဲမခံရဖူးပေ...


"ရှီးရှီးမငိုပါနဲ့... ငါနင့်အစား လက်စားချေပေးမယ်..."


ဘရိုကိတ်ဝတ်ရုံ ဝတ်ဆင်ထားသောကောင်လေးက ကလေးမလေးနားပြေးလာ၍ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် သူ့ခေါင်းကိုမော့၍ ပုဖန်ကို စိုက်ကြည့်လိုက်သည်။


"ခင်ဗျား သောက်သေမျိုး... ခင်ဗျား ရှီးရှီးကိုအနိုင်ကျင့်ရဲတယ်... ဒီအတွက် ပြန်ပေးဆပ်ရမယ်မှတ်..."


ဘန်း


ကျယ်လောင်သော မြည်သံဖြင့် ပုဖန် နဂါးအရိုးမီးခိုချောင်သုံးဓားကို ခုတ်ချလိုက်သည်။


ရုတ်တရက်


အဖိုးတန်သစ်သားဖြင့် ပြုလုပ်ထားသော စားပွဲက နှစ်ခြမ်း ကွဲသွားခဲ့သည်။


ကျယ်လောင်သောအသံကြီးက ကလေးများအားလုံးကို ထိတ်လန့်သွားစေကာ ၎င်းတို့အားလုံး ကြောင်အသွားကြသည်။


ငိုနေသော ကလေးမလေးပင် မျက်လုံးလေးပြူးကာ သူ့ကိုကြည့်လာသည်။


သူ့ကို အော်ဟစ်နေသော ကောင်လေးက ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေသည်။


"လက်စားချေမယ်... ဟုတ်တာပေါ့ မင်း လုပ်နိုင်တာ သေချာတာပေါ့..."


ပုဖန် မထူးခြားသလိုပြောလိုက်ကာ ထိုကလေးကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။


ခဏအကြာတွင် သူ့အကြည့်က ငိုနေသော ကလေးမလေးဆီ ရောက်ရှိသွားသည်။


သူမလေးက လှပသော ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး နှစ်လိုဖွယ်ကောင်းနေသည်။ သူမ၏ဆံပင်ကို မြင်းမြှီးပုံစံ စည်းနှောင်ထားပြီး မျက်လုံးများက ရွှန်းလဲ့နေသည်။ သူမမျက်နှာတွင် ကလေးအဆီအချို့ရှိနေဆဲဖြစ်ကာ နှာခေါင်းလေးက နီနီရဲနေပြီး နှာရည်များ စီးကျနေသည်။


"မငိုနဲ့တော့... အသံထွက်တဲ့ ဘယ်သူ့ကိုမဆို မုန်လာဥ အလုံးတစ်ထောင် လှီးဖြတ်ခိုင်းမှာ... ပြီးတော့ ငါ့မှာ အချိန်အကန့်အသတ်ရှိတယ်... ငါမင်းတို့ကို အချက်အပြုတ်ဗဟုသုတတွေ သင်ပေးမှာ... ငါစသင်ပေးတာနဲ့ သေချာနားထောင်ပြီး လေ့လာကြ.. နားလည်လား..."


ပုဖန် ပြောလိုက်သည်။


ငဆိုးလေးရှစ်ယောက် ထိတ်လန့်သွားကာ အသက်မဲ့သွားဟန်ပင် ဖြစ်သွားသည်။ သူတို့ နှာခေါင်းကိုသာပွတ်လိုက်၍ ပုဖန်ကိုကြည့်လိုက်ကြသည်။


"မင်းက လက်စားချေချင်တာမဟုတ်လား.. ဒီကိုလာခဲ့..."

ပုဖန် ခုဏကသူ့ကို အော်ဟစ်ခဲ့သော ကောင်လေးကို ခေါ်လိုက်သည်။


ကောင်လေးက ကြောင့်လန့်သွားသော်လည်း ရင်ကော့ကာ သူ့ထံ ခပ်မြန်မြန်လျှောက်လာသည်။


"ကျွန်တော် ခင်ဗျားကို မကြောက်ဘူး... ကျွန်တော့်အဖေက မြို့အရှင်အိမ်တော်ရဲ့မဟာ အကြီးအကဲပဲ... ကျွန်တော်က..."


ဘန်း


သူ စကားပြော၍ မပြီးသေးမီ ပုဖန် သူ့ဓားကို ရိုက်ချလိုက်ပြီး နောက်ထပ်စားပွဲတစ်ခုကို ကျိုးသွားစေသည်။ သူ့ပါးစပ်ထဲရှိ စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။


ဘုရားရေ... ဒီဦးလေးက အရမ်းကြောက်ဖို့ကောင်းတာပဲ...


သူတို့ နောက်ထပ် စားပွဲတစ်လုံး ကျိုးသွားသည်ကို မြင်လိုက်ရပြီး စကားပင်မပြောရဲကြတော့ချေ။


"မင်းနာမည် ဘယ်လိုခေါ်လဲ..."


ပုဖန် ကောင်လေးကို ကြည့်၍ အေးစက်စွာမေးလိုက်သည်။


"ကျွန်တော်... ကျွန်တော့်အဖေက မြို့အရှင်အိမ်တော်ရဲ့ မဟာအကြီးအကဲပဲ...."


ဘန်း


ပုဖန် နောက်ထပ် စားပွဲတစ်ခုကို ရိုက်ချလိုက်ပြန်သည်။


ထိုကလေးဆိုးလေး၏ ခန္ဓာကိုယ် တုန်ရီသွားကာ ထိတ်လန့်သွားခဲ့သည်။


"ကျွန်တော့်ကို မူရှော့လို့ခေါ်တယ်... ကျွန်တော့်အဖေက......"


ဘန်း


နောက်ထပ် စားပွဲတစ်ခု ထပ်ပိုင်းကျိုးသွားပြန်သည်။


မူရှော့၏ အသံတုန်ရီသွားသည်။


"ကျွန်တော့်... ကျွန်တော့်ကို မူရှော့လို့ခေါ်ပါတယ်..."


ဘန်း


မူရှော့ အံ့ဩသွားကာ ပုဖန်ကိုကြည့်လိုက်သည်။

သူဘာလို့ နောက်ထပ်စားပွဲတစ်လုံးကို ချိုးပစ်လိုက်ပြန်လဲ... သူ သူ့အဖေအကြောင်း ပြောတောင် မပြောရသေးဘူးလေ...


"တောင်းပန်တယ်... လက်ချော်သွားတာ..."


ပုဖန် နည်းနည်းမှပင် နည်းနည်းမှပင် ရှက်သည်ဟု မခံစားရဘဲ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


သူ မူလျှို့အာဘက်လှည့်၍ ပြောလိုက်သည်။


"အိုး... ကျုပ်ကိုနောက်ထပ် စားပွဲတွေယူပေးပါဦး..."


ထောင့်တွင်ကပ်၍ ချောင်းနေသော မူလျှို့အာက အသိပြန်ဝင်သွားကာ စားပွဲထပ်ရှာရန် ခပ်မြန်မြန်ပြေးထွက်သွားသည်။


ပုဖန် လက်လှုပ်လိုက်ပြီး သူ့လက်ထဲတွင် နက်မှောင်လှသော ဓားတစ်ချောင်းထွက်ပေါ်လာသည်။ သူ ကောင်လေးကို ပြောလိုက်သည်။


"ဒီဓားကိုယူပြီး ထောင့်ကိုသွားနေ... ဒါကို အကြိမ်တစ်ထောင်ဝှေ့ယမ်းလိုက်... မင်းလက်စားချေချင်တယ်မလား... လေ့ကျင့်ပြီးရင် လက်စားချေလှည့်..."


မူရှော့ ပုဖန်ကို အကြောက်ကြောက်အလန့်လန့်ကြည့်ကာ ဓားကိုယူလိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ကြမ်းပြင်ပေါ်သို့ အတုန်တုန်အရီရီလဲကျ မလိုဖြစ်သွားသည်။


သူ့ခြေထောက်များက တုန်ရီနေကာ လက်ထဲတွင် ဓားကို တင်းတင်းကိုင်ထားသည်။


"ဒီဓားကို အကြိမ်တစ်ထောင် ဝှေ့ယမ်းရမယ်..."


မူရှော့ ကမ္ဘာကြီးပင် မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ ထိုဓား၏ အလေးချိန်က သူ့ကို အဆုံးမဲ့စိတ်ဓာတ်ကျသွားစေသည်။


ပုဖန် ခေါင်းငုံ့ကြည့်လိုက်သည်။

"အကြိမ်နှစ်ထောင် လုပ်ချင်လို့လား..."


မူရှော့နှုတ်ခမ်းလေးများ တုန်ရီသွားကာ သူ့စိတ်ထဲတွင် မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ တကယ်ငိုချင်လာသည်။


"ကျွန်တော် လက်စားမချေချင်တော့ဘူး... မချေတော့ဘူးလေနော်..."


"မရဘူး... မင်းငါ့ကို ဓားနဲ့ လာခုတ်မှာကို စောင့်နေမယ်... မင်းသာလာမခုတ်ရင် ငါနေလို့ကောင်းမှာမဟုတ်ဘူး... အခုတော့ အခန်းထောင့်ကို သွားလိုက်တော့..."


ထို့နောက် ပုဖန် မူရှော့ကို ဂရုမစိုက်တော့ချေ။ သူ အခြားကလေးဆိုးများထံသို့ လှည့်ကြည့်လိုက်သည်။


သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ပြောလိုက်သည်။


"ဒီနေ့ကစပြီး ငါက မင်းတို့ ဆရာဖြစ်သွားပြီ... မင်းတို့တွေ ငါပြောတာနားထောင်ရမယ်... ကောင်းကောင်းနားထောင်တဲ့ ဘယ်သူ့ကိုမဆို အစပ်ချောင်းတစ်ခု ဆုချမယ်.. ဒီတော့ ကြိုးစားကြမယ် ငဆိုးလေးတို့..."