Chapter 85
ငှက်မျိုးတစ်ရာ
" ဂိုဏ်းချုပ်ကျောက်က နှိမ့်ချလွန်းနေပါပြီ ဒီနေ့က ဂိုဏ်းချုပ်ရဲ့မွေးနေ့ဆိုတော့ ကျွန်တော်တို့ကပဲ ဂုဏ်ပြုပေးရမှာပေါ့..."
ကျွမ်းချင်က မတ်တပ်ရပ်ပြီး ဝိုင်ခွက်ကိုမြှောက်လိုက်သည်။
" ကျေးဇူးပြုပြီး..."
" ခေါင်းဆောင်ကျွမ်းက မအားမလပ်တဲ့ကြားက ကြွရောက်ပေးလို့ ဒီကကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ..."
ဂိုဏ်းချုပ်ကျောက်က ပိုမိုပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ကျွမ်းချင်ကိုကြည့်နေသည့် မျက်လုံးများက ပိုမ်ုတောက်ပလာသည်။ သူက တိုင်းပြည်ကံကြမ္မာဖြင့် ပေါင်းစပ်ထားသောနဂါး၊ ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်သည့်ရောင်ဝါများဖြင့် လွှမ်းခြုံထားသော နဂါးတစ်ကောင် ဖြစ်ပေသည်။
ဘေးနားရှိ ဓာတ်ပုံရိုက်ရန် တာဝန်ယူထားရသော ချင်းရှောင်ဂိုဏ်းမှ တပည့်များက ကင်မရာအမြန်မြှောက်ပြီး ကျွမ်းချင်နှင့် ဂိုဏ်းချုပ်ကျောက်တို့ ခွက်ချင်းတိုက်နေသည့်ပုံကို ရှု့ထောင့်ပေါင်းစုံမှ ရိုက်ကူးလိုက်သည်။ Editပြီးသည့်နောက်တွင် ထိုပုံများကို သူတို့ဂိုဏ်းခန်းမဆောင်ထဲ ချိတ်ဆွဲထားမည်ဖြစ်သည်။
ဗီဒီယိုရိုက်သူနှင့် ကင်ရာသမားများကလည်း ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူးနေကြသည်။ ကျင့်ကြံသူများစွာကလည်း ဖုန်းများထုတ်ပြီး တိတ်တဆိတ်ဓာတ်ပုံခိုးရိုက်နေသည်။
အချို့ကမူ ရှု့ထောင့်ကိုသေချာချိန်ပြီး ကျွမ်းချင်နှင့်အတူ ပြီးပြည့်စုံသော selfieများ ရိုက်နေကြသည်။ ထို့နောက်တွင် ဓာတ်ပုံကို သူငယ်ချင်းများနှင့် မိသားစုထံ forwardပြီး အားပါးတရ ကြွားဝါပြောဆိုကြမည်ဖြစ်သည်။
ဖရဲစေ့စားနေသည့် အင်တာနက်အသုံးပြုသော ကျင့်ကြံသူများက ပို၍တက်ကြွနေသည်။ သူတို့က ကျွမ်းချင် မွေးနေ့ပွဲတက်ရောက်သည့်ပုံများကို ဖိုရမ်ပေါ်တင်ပြီး ရန်စသည့်ကျင့်ကြံသူကို Pear Xနှင့် Two-Star 8မော်ဒယ်ဖုန်းများ အမြန်ဝယ်ရန် ဖိအားပေးနေကြသည်။ သို့မှသာ ဖုန်းဝါးစားသည့်liveကို အခြားသူများဖြင့် အတူတူကြည့်နိုင်မည်ဖြစ်သည်။
ဖရဲစေ့စားသူများအပြင် လူအချို့ကလည်း ကျွမ်းချင် မွေးနေ့ပွဲတက်ရောက်ရန် ရုတ်ချည်းဆုံးဖြတ်လိုက်ရသည့်အကြောင်းများကို သိချင်နေကြသည်။
ဗျူရိုမှာရှိတဲ့ ချင်းရှောင်ဂိုဏ်းရဲ့ အဆင့်မြင့်ဝန်ထမ်းနှစ်ယောက်ကြောင့်များလား... အင်တာနက်ပေါ်မှာ အုတ်အော်သောင်းနင်းဖြစ်နေတာတွေကိုမြင်ပြီး သူ့ဝန်ထမ်းတွေကို မျက်နှာသာပေးချင်လို့များလား...
ထိုသို့ဆိုပါက ကျွမ်းချင်မှာ အမှန်ပင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပေသည်။
စီမံခန့်ခွဲရေးဗျူရိုမှ ဝန်ထမ်းတစ်ယောက်က အလျင်အမြန်ရုပ်ဖျက်ပြီး ပြန်ဖြေသည်: စိတ်ကူးယဉ်မနေနဲ့တော့... ငါတို့ဘော့စ်ကဖြင့် ဖိုရမ်ကို ကြည့်တောင်ကြည့်တာ မဟုတ်ဘူး အင်တာနက်ပေါ်က ပဋိပက္ခတွေကို မြင်ဖို့ဆိုတာ ဝေးသေး... သူ ဘယ်သူနဲ့ တူတူသွားတာလဲဆိုတာ မင်းတို့တစ်ချက်ကြည့်သင့်တယ်...
သူနဲ့ တူတူသွားတဲ့သူတဲ့လား... အဲဒါ ကျင့်ကြံရေးလောကထဲကို ဟိုတစ်လောကရောက်လာတဲ့ ဗီဒီယိုထဲက အဓိကဇာတ်ဆောင် ဖူကျင့်ကြံသူ မဟုတ်ဘူးလား
... ဖူလီက ကျင့်ကြံဆင့်နက်နဲပြီး အိုးကျန်းနဲ့တောင် တိုက်ခိုက်နိုင်တယ်လေ... သူက နဂါးသခင်ကျွမ်းချင်နဲ့ မွေးနေ့ပွဲတူတူတက်တယ်ဆိုလည်း မသင့်တော်တာတော့ မဟုတ်ပါဘူး...
ကျင့်ကြံသူ A: ငါ တစ်ခုခုကို သဘောပေါက်သွားသလိုပဲ...
ကျင့်ကြံသူ B: ငါလည်း တစ်ခုခုကို သဘောပေါက်သွားပြီ...
ထိုလူအနည်းငယ်၏ စကားများကြောင့် အံ့အားသင့်သွားကြသည့်လူများ : သူတို့ ဘာတွေသဘောပေါက်နေကြတာလဲ...
ကျင့်ကြံသူ A: ငါကြောက်တယ် မပြောရဲဘူး...
ကျင့်ကြံသူ C: သူတို့နှစ်ယောက်က စုံတွဲဝတ်စုံ ဝတ်ထားသလိုပဲ အဲဒါကိုပြောချင်တာလား...
ကျင့်ကြံသူ A: အပေါ်က ကျင့်ကြံသူက လူသစ်လေးထင်တယ် ငါ ဘာမှမပြောပါဘူး မင်း ထမင်းနပ်မှန်အောင်စားဖို့ သတိရနော်... အပေါ်ကcommentကို မြင်သွားတဲ့ ကျင့်ကြံသူတွေနဲ့ moderatorတွေ အဲဒါ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော်...
ကျင့်ကြံသူ Aက ထိုသို့စာပြန်ပြီးနောက်တွင် ထပ်မပေါ်လာတော့ပေ။ သူ ဆက်မပြောရဲတော့သည်မှာ ထင်ရှားပေသည်။
သို့ရာတွင် သူ ပေါ်လာခြင်း မပေါ်လာခြင်းက အရေးမကြီးတော့ပေ။ ယခုအရေးကြီးသည့်အရာမှာ ဖရဲစေ့စားသော ကျင့်ကြံသူပေါင်းများစွာက အံ့အားသင့်သွားကြခြင်းပင်။ စွမ်းအားကြီးသည့်သခင်နှစ်ယောက် အတူတကွပေါ်လာသည်မှာ မထူးဆန်းသော်လည်း အကယ်၍ ထိုနှစ်ယောက်က ဝတ်စုံတူတူအထိ ဝတ်ထားလျှင်တွင်မူ အနည်းငယ်...
နဂါးသခင်ကျွမ်းချင်နဲ့ စီနီယာဖူလီတို့က...
အင်တာနက်အသုံးပြုသည့် ကျင့်ကြံသူများက ဖရဲစေ့စားနေကြစဉ်တွင် မွေးနေ့ပွဲက အဆုံးသတ်နားသို့ ရောက်ရှိလာသည်။ စားသောက်ပြီးချိန်တွင် ချင်းရှောင်ဂိုဏ်းက ကြွရောက်လာသည့် ဧည့်သည်များအတွက် အဆိုအကများဖြင့် ဖျော်ဖြေသည်။ တိမ်များ မြူခိုးများဖြင့် လွှမ်းခြုံထားသည့် ပင်မခန်းမဆောင်ကြီးမှာ စိတ်ကူးယဉ်နယ်မြေတစ်ခုနှင့်ပင် တူနေသည်။
စင်မြင့်ပေါ်မှ ဖုန်းဟွမ်ငှက်မွေးအကကို ကြည့်နေစဉ်တွင် ဖူလီက ကလေးဘဝမှ အဖြစ်အပျက်တစ်ခုကို ရုတ်ချည်း သတိရသွားသည်။ ထိုအချိန်က သူ ဖေးယီကို အလွန်ကြောက်ရွံ့ခဲ့သောကြောင့် ရောင်ပြန်မြူတောင်သို့ပြန်လာပြီး ရက်ပေါင်းများစွာအထိ ငိုနေခဲ့သည်။ မည်သူကမှ သူငိုသည်ကို မတားနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် သူ၏လှိုဏ်ဂူဝင်ပေါက်မှ စာကလေးနှင့် ရစ်ငှက်အစ်မကြီးတို့က သူတို့နှင့်အတူ လှပသော ငှက်ပေါင်းများစွာကို ခေါ်လာခဲ့ပြီး လှိုဏ်ဂူဝင်ပေါက်တွင် လှပသည့်အကများစွာကို ကပြခဲ့သည်။
ထိုအချိန်က လူသားအသွင်မပြောင်းနိုင်သော စာကလေးကပင် ဖုန်းဟွမ်အဖြစ် ဟန်ဆောင်နေခဲ့ပြီး ငှက်မျိုးတစ်ရာ၏ ရှိခိုးခြင်းကို ခံယူခဲ့သည်။ သူမ မည်သို့ပြုလုပ်ခဲ့ကြောင်း စာကလေးကို မေးမြန်းချိန်တွင် သူမက ဘုရင်ကန်းလေ့ စိုက်ထားသည့် ဝိညာဉ်ဆန်ကို အသုံးပြုကာ သူမနှင့်အတူ အိမ်မက်ဆန်သည့် ကကွက်တစ်ခုဖော်ရန် လာဘ်ထိုးခဲ့ခြင်းဟု ပြောပြလာသည်။
စာကလေး၏ အိမ်မက်က အလွန်မယုံကြည်ရသော်လည်း 'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက' က အလွန်ကြည့်ကောင်းပေသည်။ ထိုအချိန်က သူ ငယ်ရွယ်သေးသည့်အချက်ကို အကြောင်းပြပြီး ဘုရင်ကန်းလေ့ထံမှ ဝိညာဉ်ဆန်အိတ်များကိုယူကာ ထိုဆန်များပေးပြီး ငှက်များကို အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ကာ ကပြခိုင်းခဲ့သည်။
ချင်းရှောင်ဂိုဏ်းမှ ဖိတ်ခေါ်ထားသည့်လူများမှာ ဖုန်းဟွမ်ငှက်မွေးအကကို လှပသည့် ကိုယ်နေဟန်ထားများဖြင့် ကပြပြီး အလင်းကလည်း အရောင်တလက်လက်တောက်ပနေသည်။ သူ၏ ကလေးဘဝမှတ်ဉာဏ်က အလွန်လှပသောကြောင့် ဖြစ်နိုင်သော်လည်း ထိုနှစ်က ရှေ့တွင်ပျံသန်းနေခဲ့သည်မှာ အလွန့်အလွန်သေးငယ်လှသည့် စာကလေးဖြစ်ပြီး မျက်စိပသာဒ မဖြစ်သော်လည်း သူတို့၏ 'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက' က ပိုကြည့်ကောင်းသည်ဟု ဖူလီထင်နေမိသည်။
ရောင်စုံငှက်မွေးများနှင့် သူတို့၏ ချိုသာလှသော ကျိီကျီကျာကျာအသံများထက်ပို၍ လှပသောအရာ မရှိတော့ပေ။
" ဂိုဏ်းချုပ်ကျောက်က ဒီတစ်ခါ တော်တော်လေး အားထုတ်ထားတာပဲ ... ဒီမှာဖျော်ဖြေဖို့ ခုန်းယိုကိုတောင် ခေါ်ထားတယ်..."
အနောက်တွင်ထိုင်နေသည့် ကျင့်ကြံသူတစ်ယောက်က အထင်ကြီးစွာဖြင့် ပြောလိုက်သည်။
" ခုန်းယိုက ဖုန်းဟွမ်နေရာမှာ ဖျော်ဖြေတာ သူနဲ့ အနီးစပ်ဆုံးတူတယ်လို့ ပြောကြတာပဲ..."
ခုန်းယိုတဲ့လား...
ဖူလီက စင်မြင့်ပေါ်တွင် ကျက်သရေရှိစွာ ကပြဖျော်ဖြေနေသည့် လှပသောမိန်းကလေးကို လှမ်းကြည့်လိုက်သည်။
အဲဒါ ဒေါင်းမိစ္ဆာမဟုတ်ဘူးလား... ပြီးတော့ ဒီဒေါင်းရဲ့ မူရင်းပုံစံက ယောက်ျားလေးလေ...
ဖုန်းဟွမ်အက က အားလုံးကိ ရင်သပ်ရှု့မောစေပြီးငှက်မျိုးတစ်ရာ၏ ရှိခိုးခြင်းကို ရယူထားနိုင်သည်။ထို့ကြောင့် 'ဖုန်းဟွမ်ငှက်မွေးအက' ကို 'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက' ဟုလည်း ခေါ်ကြပေသည်။ သို့ရာတွင် ဒေါင်းမျိုးနွယ်မှ ယောင်ကျင့်ကြံသူများက 'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက'ဟူသော အမည်ကို ပခုံးထမ်းရမည်က ကြီးလေးလွန်းလှ၍ အကနာမည်ကို 'ဖုန်းဟွမ်ငှက်မွေးအက'ဟု ပြောင်းလဲရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
သို့ရာတွင် 'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက'၏ အလှစစ်က ဖုန်းဟွမ်၏အကတစ်မျိုးတည်းပေါ်တွင် မူတည်နေခြင်းမဟုတ်ပဲ ဖုန်းဟွမ်နှင့် ငှက်မျိုးတစ်ရာအကြားမှ အံ့ဩဖွယ်ရာ စည်းလုံးညီညွတ်မှုအပေါ်ပါ မူတည်နေသည်ဟုသာ ဖူလီခံစားရသည်။ ထိုနှစ်က ဝိညာဉ်ဆန်နှင့် အလဲအလှယ်လုပ်ပြီး ကပြခဲ့သော ငှက်များကပင် စင်မြင့်တွင် နှစ်ပေါင်းတစ်ရာခန့် ဖျော်ဖြေခဲ့သော အကသမားများထက် ပိုဂရုစိုက်ပေသည်။
အိုင်း... မျက်မှောက်ခေတ် ကျင့်ကြံရေးလောကရဲ့ ဂျူနီယာတွေကို စီမံခန့်ခွဲရေးဗျူရိုက ကာကွယ်ပေးနေတာကိုး... သူတို့က စားစရာလည်း မရှားပါးတဲ့အပြင် အဲ့နှစ်က ငှက်တွေလိုမျိုး အလုပ်ကြိုးကြိုးစားစားလုပ်စရာလည်း မလိုဘူးလေ...
အပျင်းထူတတ်တဲ့မိစ္ဆာတွေအတွက်တော့ အေးအေးဆေးဆေးနေနိုင်တဲ့ ဘဝတွေပဲ..
'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက' ပြီးဆုံးသည့်နောက်တွင် ပရိသတ်များက လက်ခုပ်ဩဘာများ ချီးမြှင့်ကြသည်။ ခုန်းယိုက ပရိသတ်များကို နှုတ်ဆက်ရန်အတွက် စင်မြင့်လယ်သို့ ထွက်လာသည်။ သူ၏ ကြီးကျယ်ခမ်နားပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သော အပြုအမူတွင် ဒေါင်းတစ်ကောင်၏ မာနကြီးမှုမျိုး ပါဝင်နေပေသည်။
စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးနေကြသည့် ကျင့်ကြံသူများနှင့်အတူ ဖူလီကလည်း ပြုံးပြီး လက်ခုပ်တီးနေလိုက်သည်။ သူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ကျွမ်းချင်က ခေါင်းငုံ့လျက် အခွံမာသီးများ စားနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ ကျွမ်းချင်၏လက်မောင်းကို တို့လိုက်သည်။
ကျွမ်းချင်က သူ့ကိုလှည့်ကြည့်လာသည်။
" လက်ခုပ်တီးလေ..."
ဒီနဂါးလေးက ယဉ်ကျေးမှုရှိဖို့ လိုနေပြီ...
ဖြောင်း ဖြောင်း ဖြောင်း...
ကျွမ်းချင်က မျက်နှာသေကြီးဖြင့် လက်ခုပ်သုံးကြိမ်တီးလိုက်သည်။ အနားမှ စာကလေးမိစ္ဆာက ဓာတ်ပုံတစ်ပုံခိုးရိုက်ပြီး ကျင့်ကြံသူဖိုရမ်ကို တင်လိုက်သည်။
< ခုန်းယိုရဲ့အကကို နဂါးသခင်ကျွမ်းချင်တောင် သဘောကျသွားတာပဲ >
အကယ်၍ ဤပို့စ်ကို လွန်ခဲ့သော နေ့တစ်ဝက်ခန့်က တွေ့မည်ဆိုပါက ပျင်းရိနေသော ကျင့်ကြံသူများက ဖရဲစေ့စားနေကြပြီဖြစ်သည်။ သို့ရာတွင် ဓာတ်ပုံထဲတွင်ပါသည့် ကျွမ်းချင်နှင့် မော်ဒယ်တူဝတ်စုံဝတ်ထားသည့်ဖူလီကြောင့် ယနေ့ည၌ အရာအားလုံးက ကွဲပြားသွားပြီဖြစ်သည်။
ကျင့်ကြံသူ A: တစ်ခုခုကို သဘောကျရင် ဘယ်သူက မျက်နှာသေကြီးနဲ့ နေလို့လဲ...
ကျင့်ကြံသူ B: ဘေးနားက စီနီယာဖူလီကတောင် နဂါးသခင်ကျွမ်းချင်ထက်ပိုပြီး စိတ်ပါလက်ပါ လက်ခုပ်တီးနေသေးတယ်...
ကျင့်ကြံသူ C: ဒီမှာ လုံးဝပြီးပြည့်စုံတဲ့ ကျင့်ကြံသူဖိုရမ် ရှိနေတာကို လူသားတွေရဲ့ဖိုရမ်တွေအတိုင်း လိုက်မလုပ်ကြပါနဲ့ ဘာလို့ မဆိုင်တဲ့ကိစ္စနှစ်ခုကို အတင်းဆိုင်အောင် လုပ်နေတာလဲ... ဈေးကွက်ရှာနေတာလား ဒီလိုလှည့်ကွက်တွေလုပ်ဖို့ မလိုတော့ပါဘူး...
ကျင့်ကြံသူ D: ပို့စ်တင်တဲ့သူက လူသားဖိုရမ်တွေထဲ မရောက်ဖူးဘူးထင်ပါတယ် လူသားတွေက အဲ့ထက်ဆိုးတဲ့လှည့်ကွက်တွေ လုပ်ကြတယ်...သူတို့က ခေါင်းစဉ်ကို တုံးတုံးအအကြီးတွေ မသုံးတဲ့အပြင် ဒီလို ကိုးရို့ကားယားလည်း မရေးကြဘူး... အနည်းဆုံးတော့ ဖြတ်သွားဖြတ်လာဟန်ဆောင်ပြီး ခုန်းယိုရဲ့ ပုံလှလှလေးတွေရိုက်ရုံပဲ... ပြီးတော့မှ ဖြတ်သွားဖြတ်လာဟန်ဆောင်ပြီး ဘယ်ဧည့်သည်တွေ လာကြလဲဆိုတာမေးတာ... အဲ့အခုကျမှ ပို့စ်တင်တဲ့သူက 'နွေးထွေးတဲ့ အင်တာနက်သုံးသူတွေ' အတွက် နဂါးသခင်ကျွမ်းချင်က လက်ခုပ်တီးနေတဲ့ပုံကို မတော်တဆသဘောမျိုးနဲ့ တင်လိုက်မှာ... အဲဒါမှ တခြားလူတွေရဲ့ သိချင်စိတ်တွေလည်းများလာပြီး ခုန်းယိုကလည်း ကျင့်ကြံရေးလောကရဲ့ အထူးချွန်ဆုံးအကသမားလား ဘာညာနဲ့ ဝင်ပြောကြမှာ...
ကျင့်ကြံသူ A: အပေါ်က ကျင့်ကြံသူက လူသားလောကနဲ့ တော်တော်ရင်းနှီးတဲ့ပုံပဲ...
ကျင့်ကြံသူ D: ရွေးချယ်စရာ မရှိဘူးလေ... ငါ ငွေမရှိတဲ့အချိန်တုန်းက လူသားလောကမှာ ရေတပ်သားအဖြစ် လုပ်ခဲ့သေးတယ်... နောက်ဆုံးတော့ ငါအွန်လိုင်းလူလိမ်တစ်ယောက်နဲ့တွေ့ပြီး မှတ်ပုံတင်ကြေးယွမ်၃၀၀ အလိမ်ခံလိုက်ရတယ်... အဲ့လူလိမ်က ငါ့ကို ပိုစ့်တွေအများကြီးမှာ commentတွေလိုက်ရေးခိုင်းတယ်... ငါ ရက်ပေါင်းများစွာ မအိပ်ရလို့ ပင်ပန်းနေပေမယ့် မှတ်ပုံတင်ကြေး အလိမ်ခံလိုက်ရတဲ့အပြင် မီတာခတွေအများကြီး ကုန်သွားသေးတယ်
( ဒီနေရာက ရေတပ်သားဆိုတာ ရေတပ်က စစ်သားကို ပြောတာမဟုတ်ပဲ - ရည်ရွယ်ချက်ရှိရှိ မှတ်ချက်တွေ comment တွေနဲ့ အင်တာနက်ကို လွှမ်းမိုးဖို့ စုစည်းထားတဲ့ လူတွေကို ပြောချင်တာပါ၊ ရွှေကျွင်းရှစ်ဝမ် လို့လည်း ခေါ်ပါတယ် )
ကျင့်ကြံသူ C: လူသားတွေက တော်တော်ယုတ်မာပြီး အရှက်မရှိကြတာပဲ...
ကျင့်ကြံသူ B: အပေါ်က ကျင့်ကြံသူ အကုန်လုံးကို အဲ့လိုတော့ သိမ်းကြုံးမပြောပါနဲ့... ဒါက ကျင့်ကြံရေးလောကဖိုရမ်လေ ယောင်ကျင့်ကြံသူတွေအတွက်ပဲ လုပ်ထားတဲ့ဖိုရမ်မဟုတ်ဘူး... မင်း အဲ့လိုပြောတော့ အလိမ်ခံရတဲ့ ယောင်ကျင့်ကြံသူတွေ ဦးနှောက်မရှိတာပဲ အပြစ်တင်ရတော့မှာပေါ့... လူသားတွေသာဆို အဲ့လိုအလိမ်မျိုးတွေကို မယုံကြဘူး မင်းတို့မိစ္ဆာတွေပဲ ညှပ်ချခံရတာ...
[ Moderator: သတိပေးချက်၊ ဒီဖိုရမ်က လူမျိုးရေးခွဲခြားတာတွေကို တားမြစ်ထားပါတယ်၊ ကျင့်ကြံသူ ၂၃၄နဲ့ ၂၃၅က လူမှုရေးတိုက်ခိုက်မှုနဲ့ သံယဝင်ဝင်မှုကြောင့် ဖိုရမ်ထဲကိုမဝင်အောင် တစ်လ ဘန်းခံရပါမယ် ]
ဖရဲစေ့စားနေကြသော အင်တာနက် အသုံးပြုသူများ : ဘန်းခံလိုက်ရတဲ့ အကောင့်နှစ်ခုက အရူးတွေလား...
အခု ဘယ်ခေတ်တောင် ရောက်နေပြီလဲ... လူသားတွေက မိစ္ဆာတွေကို အထင်သေးနေတုန်းလား... အခုဆို လူသားနဲ့မိစ္ဆာအကြား လက်ထပ်တာတွေတောင် ရှိနေပြီလေ... နဂါးသခင်ကျွမ်းချင်တောင်မှ လူသားတစ်ဝက်၊ မိစ္ဆာတစ်ဝက်လေ... ဒီလိုအကြောင်းတွေကို ဆက်ပြောနေစရာအကြောင်းကို မရှိတာ...
" ဘာလို့ ကျင့်ကြံရေးလောက က လူတွေ ပြဿနာအရမ်းရှာနေရတာလဲ..."
ကျန်းခယ့်က ဖုန်းထုတ်ပြီး ဖိုရမ်ထဲကို ဝင်ကြည့်နေသည်။ သူ့အတွက်မူ ဤကိစ္စတွင် ဝင်ရောက်ပြောဆိုနေသည့် ကျင့်ကြံသူများက အလွန်အားနေသောကြောင့်သာဖြစ်သည်။ သူ ခြေဖျားထောက်ပြီး လက်ဖက်ရည်သောက်ကာ မုန့်စားနေသည့်ဘော့စ်ကို လှမ်းကြည့်လိုက်သည်။
သူက ရှိုးပွဲကို သဘောကျတယ်လို့ ပြောနေသေးတယ်၊ အဲ့အကအဖွဲ့သာ ဘော့စ်ကို ဒေါသထွက်အောင် သွားလုပ်မိရင် ခြေထောက်တွေ ကျိုးကုန်ကြမှာ...
'ငှက်မျိုးတစ်ရာ ဖုန်းဟွမ်ကို ရှိခိုးခြင်း အက' ဖျော်ဖြေမှုက အလွန်စိတ်လှုပ်ရှားစရာကောင်းလွန်းသောကြောင့် နောက်ပိုင်းတင်ဆက်မှုများက အလွန်သာမန်ဆန်သွားသည်။ ညပိုင်းမွေးနေ့ပွဲအပြီးတွင် ချင်းရှောင်ဂိုဏ်းက ကျေးဇူးတင်လက်ဆောင်များ ပေးချိန်တွင်မှ အခြေအနေက ပြန်လည်စည်ကားသက်ဝင်လာသည်။
ချင်းရှောင်ဂိုဏ်းက အလွန်ရက်ရောလှသည်။ ကျေးဇူးတင်လက်ဆောင်ကို တက်ရောက်ကြသည့် ဧည့်သည်တိုင်းအား ပေးသည့်အပြင် အထူးလက်ဆောင်အချို့အပြင် ဆေးပုလင်းတစ်ပုလင်းဆီ ထည့်ပေးလေသည်။ ငွေကြေးချို့တဲ့သော ကျင့်ကြံသူများအတွက်မူ ထိုဆေးပုလင်းများက ရခဲလှသော ပစ္စည်းကောင်းများဖြစ်သည်။
မွေးနေ့ပွဲကြီး ပြီးဆုံးသွားချိန်တွင် အားလုံးက တက်ကြွနေခဲ့ကြသည်။ အချို့က တိမ်တိုက်များစီးကာပြန်သွားပြီး အချို့က မှော်လက်နက်များ စီးသွားကြသည်။ ခုန်းယိုကမူ ကြိုးကြာနီစီးပြီးပြန်သွားသောကြောင့် မည်သူမှ သူ့ကို မကျော်နိုင်ကြပေ။ ကောင်းကင်ယံတွင် အလင်းတန်းများစွာ လင်းလက်လာသည်။ အကယ်၍ အရံအတားက ၎င်းတို့ကို ဖုံးကွယ်မပေးထားပါက မြေပြင်ပေါ်မှ လူသားများကြည့်လျှင် ကြယ်မိုးများရွာချသည်ဟုပင် ထင်နိုင်ပေသည်။
ဖူလီက လမ်းတစ်ဝက်တွင် ခေါင်းခါလိုက်သည်။
" ငါ တစ်ခုခုကို မေ့နေသလိုပဲ..."
" ချင်းရှောင်ဂိုဏ်းကပေးတဲ့ လက်ဆောင်ဘူး ကျန်ခဲ့တာလား..."
ကျွမ်းချင် ပထမဆုံးတွေးမိသည်က ထိုအကြောင်းဖြစ်သည်။
ဖူလီ ခေါင်းခါလိုက်သည်။
ချင်းရှောင်ဂိုဏ်းမှ ဧည့်သည်ခုံတွင် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် ထိုင်နေသော ခရမ်းရောင်နဂါး : ......
" ဇီရှောင် မင်းဘာဖြစ်နေတာလဲ..."
နဂါးနီက ခရမ်းရောင်နဂါးနားကို နှစ်ကြိမ်တိတိ လာကြည့်သည်။
" ချင်းရှောင်ဂိုဏ်းက ရှု့ခင်းတွေလှလွန်းလို့ မင်း မပြန်ချင်တော့တာလား..."
ဒီသောက်တုံးက ငါတစ်ချက်မှ မလှုပ်နိုင်တာကို မသိဘူးလား...
နဂါးနက်နှင့် နဂါးပြာတို့က သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် နှုတ်ဆက်စကားပြောပြီး နောက်ကိုပြန်မလှည့်ကြည့်တော့သည့်အပြင် အပိုစကားတစ်ခွန်းမှ မပြောပဲ ထွက်သွားသည်။ သူတို့က ခရမ်းနှင့် မိုးပြာနဂါးမျိုးနွယ်တို့ထက်ပို၍ စိတ်အခြေအနေပြတ်သားကြသည်။ ကျွမ်းချင်က အရေအတွက် ၆၀ခန့်သာကျန်သော နဂါးမျိုးနွယ်စုတစ်ခုလုံးတွင် တိုင်းပြည်ကံကြမ္မာ၏နဂါးဖြစ်လာတည်းက အချို့သောအရာများကို သက်သေပြလိုက်ပြီးဖြစ်သည်။
ခရမ်းရောင်နဂါးက ကျွမ်းချင်ကို ရန်စခြင်းမှာ ယခင်က အထက်စီးဆန်ခဲ့မှုများကို မမေ့နိုင်သည်ထက် မပိုကြပေ။ ထိုအချိန်က သူတို့အားလုံးမှာ ရာပေါင်းများစွာသော ရေနေမိစ္ဆာများနှင့် ထောင်ပေါင်းများစွာသော မိစ္ဆာများက ချစ်ခင်အလိုလိုက်ခဲ့ကြသော ငယ်ရွယ်သည့် နဂါးသခင်ငယ်လေးများဖြစ်ကြသော်လည်း ကျွမ်းချင်က မိဘမဲ့ သွေးနှောနဂါးတစ်ကောင်ဖြစ်ကာ ထောက်ပံ့ပေးသူလည်း မရှိပေ။ ကျွမ်းချင်ကို သူတို့အနိုင်ကျင့်ကြလျှင်ပင် မည်သူမှ ဘာမှမပြောရဲပေ။
သို့ဖြစ်၍ လူသားများက အမှန်တွင် အမျှော်အမြင်ရှိသောလူသားများဟု ဆိုရပေမည်။ သူတို့က အချို့သောအကြောင်းများကို စောစောစီးစီးနားလည်ကြ၍ ငယ်ရွယ်သူများကို အနိုင်မကျင့်ပဲ အရာအားလုံးအတွက် အမြဲလွတ်လမ်းတစ်ခု ချန်ပေးထားတတ်ကြသည်။ ထိုမျိုးနွယ်သုံးခုသည် ထိုနှစ်များက တရားလွန်ပြုမူခဲ့ပြီး ငယ်ရွယ်သည့်နဂါးလေးတစ်ကောင်ကို လူသားလောကတွင် နေရုံမှတစ်ပါး ရွေးချယ်စရာမရှိအောင် တွန်းအားပေးခဲ့သည်။ ယခုအချိန်တွင် တစ်ဖက်လူက ကောင်းကောင်းမွန်မွန်နေပြီး သူတို့ကို အခက်တွေ့အောင် မလုပ်တော့သော်လည်း ခရမ်းရောင်နဂါးက သူ့သေတွင်းသူတူးမိခြင်းဖြစ်သည်။ ကျွမ်းချင်၏ လုပ်ဖော်ကိုင်ဖက် မဆိုနှင့် သူတို့သည်ပင် ခရမ်းရောင်နဂါး၏ ပြုမူပုံကို သည်းမခံနိုင်ကြပေ။
သူ့မှာ ဦးနှောက်မရှိတာကလွဲပြီး ဘာများဖြစ်နိုင်ဦးမှာလဲ...