အပိုင်း ၁၀၀၂
Viewers 62k

အခန်း ၁၀၀၂

မလွှမ်းမိုးနိုင်သော ငရဲဘုရင်၊ ဟင်းချက်ပြိုင်ပွဲ


ယခုအချိန်တွင် လေထုပင်တောင့်ခဲနေသည့်နှယ် ဖြစ်နေသည်။


ပတ်ဝန်းကျင်မှလူများက သူတို့ကိုယ်သူတို့ ရွှံ့ညွန်တောထဲတွင် ပိတ်မိနေသည်ဟု ခံစားလိုက်ရပြီး လှုပ်ရှား၍ပင် မလွယ်ကူနေပေ။


လူတိုင်းလေဟာနယ်ထဲရှိ ငရဲဘုရင်အာဟကိုကြည့်လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့ဤမျှအံ့ဩဖွယ်မြင်ကွင်းကို မြင်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။


နယ်သာရီ၏ အနက်ရောင်များလုံးများတွင်ပင် ထိတ်လန့်မှုတို့ ပြည့်နှက်သွားသည်။

ဒါ.. ဒါ သူမသိတဲ့ ငရဲဘုရင်ရောဟုတ်ရဲ့လား...


ပန်းပွင့်လေးက နယ်သာရီနောက်တွင် ပုန်းနေသည်။ ကြက်သွေးနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ငရဲဘုရင်ကိုကြည့်ပြီး သူမ၏ သုံးပန်လှမြွေမျက်လုံးလေးများတွင် အလင်းတို့ပြည့်နှက်သွားသည်။


လော့ကျီး သူမပါးစပ်ကို အုပ်လိုက်မိပြီး မျက်လုံးထဲတွင် လေးစားမှုတို့ ပြည့်နှက်နေသည်။


"ဝိုး... ငရဲနတ်ဘုရားချပ်ဝတ်ပဲ... အစ်ကိုကြီးငရဲဘုရင်အာဟက အရမ်းချောတယ်..."


ကြက်သွေးနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ငရဲဘုရင်အာက ထိုအချိန်တွင် လူတိုင်း၏အာရုံစိုက်ခံဖြစ်သွားခဲ့သည်။ သူနှင့်ခပ်လှမ်းလှမ်းတွင်ရှိသော မသေမျိုးမီးတောက်ပင် သူ၏ တောက်ပမှုတွင် မှိန်ဖျော့သွားခဲ့သည်။


သံယပ်တောင်ကိုင်ထားသော ကျင်းကျောင်းက ငရဲဘုရင်အာဟကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။


"ဒီအရှင်သခင်အမုန်းဆုံးက အဖေ့အကြောင်းပြောတဲ့လူတွေပဲ..."


ငရဲဘုရင်အာဟ အေးစက်စွာပြောလိုက်သည်။


ငရဲနတ်ဘုရားချပ်ဝတ်ကိုဝတ်ဆင်လိုက်သည်နှင့် ငရဲဘုရင်အာဟ၏ အော်ရာနှင့် အသွင်အပြင်က လုံးဝပြောင်းလဲသွားသည်။ ၎င်းက လူများက သူကလုံးဝမတူညီသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားဟန် ခံစားလိုက်ရသည်။


ထိုအချိန်တွင် ငရဲဘုရင်အာဟက ငရဲကမ္ဘာ၏ ကြီးမြတ်သောအရှင်ကို စူးစိုက်ကြည့်နေသည်။


"နောက်ဆုံးတော့ မင်း ငရဲနတ်ဘုရားချပ်ဝတ်ကို ဝတ်လိုက်ပြီပဲ... အခုမှပဲ ငရဲကမ္ဘာရဲ့အရှင်သခင်နဲ့တူတော့တယ်.."


ကျင်းကျောင်း လှောင်ပြောင်လိုက်သည်။


သူ အလောင်းတစ္ဆေဝိဉာဉ်ချိတ်ပိတ်ယပ်တောင်ကို တင်းတင်းကိုင်လိုက်ပြီး သူ့မျက်လုံးများက အာရုံစူးစိုက်မှုတို့ ပြည့်လာသည်။ ခဏအကြာတွင် သူ့ပခုံးတစ်ကြိမ်မျှလှုပ်ခါသွားပြီး ယပ်တောင်က ကြီးမားလာသည်။


သူ ကြီးမားသည့်သံယပ်တောင်ကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ငရဲဘုရင်အာဟရှိရာကို ခပ်လိုက်သည်။


သို့သော်


ကျင်းကျောင်း၏ မျက်လုံးများ ကျုံ့ဝင်သွားတော့သည်။


သေစေနိုင်သော လေများက ပေါ်ထွက်မလာခဲ့ပေ။


အတိအကျပြောရလျှင် သူ၏ယပ်တောင်က ခပ်ပင်မခပ်မိလိုက်ချေ။


ငရဲဘုရင်အာဟက ကျင်းကျောင်းရှေ့တွင်ရုတ်တရက်ကြီးပေါ်လာခဲ့သည်။ ထို့နောက် ကြက်သွေးနီရောင်ချပ်ဝတ်တို့ ဖုံးလွှမ်းထားသော လက်ဖြင့် သံယပ်တောင်ကို ဆုပ်ကိုင်လိုက်လေသည်။


ကျင်းကျောင်းမည်မျှပင် ကြိုးစားနေပါစေ သူ၏ယပ်တောင်က ရွေ့ပင်မရွေ့ချေ။


ငရဲနတ်ဘုရားချပ်ဝတ်ကို တတ်ဆင်ထားသော ငရဲဘုရင်အာဟ၏ မျက်လုံးများ ပြောင်းလဲသွားသည်။ ထိုမျက်လုံးများက ကျဉ်းမြောင်းနေကာ အေးစက်ပြီး မြင့်မြတ်ကာ မာနကြီးသော အသွင်ကိုဆောင်နေသည်။


ကျင်းကျောင်း ငရဲဘုရင်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူတို့၏ မျက်လုံးများက လေဟာနယ်ထဲတွင် ဆုံသွားကြသည်။


ငရဲဘုရင်အာဟ နောက်ထပ်လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ချောင်းလေးကို မြှောက်လိုက်သည်။


သူ့လက်ချောင်းများကို ငရဲနတ်ဘုရားချပ်ဝတ်က ဖုံးလွှမ်းနေသည်။ သူ့လက်ချောင်းက ကျင်းကျောင်း၏ နှဖူးကို တို့ထိလိုက်သည်။


ဘုန်း


ကျင်းကျောင်း နောက်သို့လွင့်ပျံသွားကာ ပေါက်ကွဲသံတို့ပင် ဆူညံလာလေသည်။


ဘုန်း ဘုန်း ဘုန်း


ကြာပန်းအမွေအနှစ်နယ်မြေသည် ထိုလှိုင်းလုံးများကြောင့် ပေါက်ကွဲတော့မည်ဟုပင် ထင်နေရသည်။


ငရဲဘုရင်အာဟက လေထဲတွင် ရပ်နေသည်။ သူ၏ခေါင်းဆောင်းအောက်တွင် သူ့မျက်လုံးများက မထူးခြားနားသည့်ဟန် ဖြစ်နေသည်။


ထိုရိုက်ချက်တစ်ချက်ဖြင့် ကျင်းကျောင်းရှုံးနိမ့်သွားခဲ့သည်။


သို့သော်


၎င်းကအဆုံးသတ်မဟုတ်သေးပေ။


ကြာပန်းအမွေအနှစ်နယ်မြေ အက်ကွဲသွားကာ အစိတ်စိတ်အမြွှာမြွှာကျိုးပျက်သွားသည်။


ကျင်းကျောင်း ကျိုးပျက်သွားသော နယ်မြေအစိတ်အပိုင်းပေါ်တွင် ငြိမ်သက်စွာရပ်နေပြီး ငရဲဘုရင်အာဟကို မော့ကြည့်လိုက်သည်။


သူ့နှဖူးပေါ်တွင် ယောင်ကိုင်းနေသော အရာတစ်ခုရှိပြီး သွေးများပင်ထွက်နေသည်။


ကျင်းကျောင်းဒဏ်ရာရရှိသွားပြီ ဖြစ်လေသည်။


"အရမ်းသန်မာတယ်... ဒါပေမဲ့ ခံစားလို့ကောင်းတယ်...."


ကျင်းကျောင်း အေးစက်စွာပြုံးလိုက်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။


ရုတ်တရက် သူ၏သံယပ်တောင်ကို ယမ်းချလိုက်သည်။


ဘုန်း


အေးစက်သောသေခြင်းနှင့်အတူ လေမုန်တိုင်းတစ်ခု နောက်တစ်ကြိမ် ဖြတ်သန်းသွားပြန်သည်။


နောက်ဆုံးတွင် ထိုလေပြင်းက လေဆင်နှာမောင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။ ကျိုးပဲ့နေသော မြေကြီးက သန့်ရှင်းသွားကာ စုစည်းသွားပြီး ကျောက်နဂါးကြီးတစ်ကောင်ဖြစ်လာခဲ့သည်။


ငရဲဘုရင်အာဟက လေထဲတွင်မျောလွင့်နေဆဲဖြစ်သည်။ သူလက်ပိုက်၍သာ ထိုမြင်ကွင်းကို မျက်နှာသေဖြင့်ကြည့်နေသည်။


သူ့ဆီလာနေသော ဧရာမလေဆင်နှာမောင်းကြီးနှင့် ရင်ဆိုင်နေသော်လည်း ဟိန်းဟောက်နေသော ကျောက်နဂါးကြီးက သူ့အပေါ်သက်ရောက်မှုတစ်စွန်းတစ်စမှ ရှိပုံမပေါ်ပေ။ သူ မြင့်မြတ်ထည်ဝါကာ မာနကြီးနေဆဲဖြစ်သည်။


သူနောက်ကျောရှိ သတ္တုအတောင်ပံကြီးများက နောက်တစ်ကြိမ်လှုပ်ခါသွားကာ သူပျံထွက်သွားခဲ့သည်။


ဝုန်း ဝုန်း


အတောင်ပံနှစ်ခုက ချွန်ထက်လှသော ဓားများအဖြစ် ပြောင်းလဲသွားပြီး ကျောက်နဂါးကြီးကို ခုတ်ပိုင်းသွားသည်။ ထိုဓားများ လျှင်မြန်စွာ လှုပ်ရှားလိုက်သည်မှာ သာမန်မျက်စိဖြင့်ပင် မမြင်ရပေ။


ကျောက်နဂါးကြီး အစိတ်စိတ်ကျေမွသွားကာ လေဆင်နှာမောင်းလဲ ပြိုကွဲသွားသည်။


ကျင်းကျောင်း ရူးသွပ်စွာ ရယ်မောလိုက်သည်။


သို့သော် ခဏအကြာတွင် သူ၏ရယ်သံရပ်သွားခဲ့သည်။


အဘယ့်ကြောင့်ဆိုသော် ငရဲဘုရင်အာဟက သူရှေ့တွင် ပေါ်လာ၍ဖြစ်သည်။


"ဘာတွေများ ရယ်နေရတာလဲ...."


ငရဲဘုရင်အာဟ အေးစက်စွာပြောလိုက်သည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။


ဘုန်း


သူ ကျင်းကျောင်း၏ မျက်နှာကို ရိုက်နှက်လိုက်သည်။


ကျင်းကျောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ့မျက်နှာ ပုံပျက်သွားပြီး အနောက်သို့ လွင့်ပျံသွားတော့သည်။


ဝုန်း ဝုန်း ဘုန်း


မြေပြင်ပေါ်ပြန်ကျသွားပြီး အဆက်မပြတ်ပေါက်ကွဲသံတို့ ထွက်ပေါ်လာပြန်သည်။ မီတာရာချီသောအက်ကြောင်းကြီး ဖြစ်ပေါ်လာပြီး ကျင်းကျောင်း၏ ခန္ဓာကိုယ်က ထိုအထဲတွင်ရှိနေသည်။


"မင်းတိုက်ခိုက်ချင်တာမလား... လာလေ..."


လျှပ်တစ်ပြက်အတွင်း ငရဲဘုရင်အာဟက တွင်းကြီးထဲမှ ကုပ်တွယ်၍ ထွက်နေသော ကျင်းကျောင်းအပေါ်တွင် ပေါ်ထွက်လာသည်။


သူ၏ ခြေထောက်များက ဖြေးဖြေးချင်း နစ်မြုပ်သွားသည်။


ကျင်းကျောင်းခေါင်းပြူထွက်ထွက်လိုက်ပြီး မြေပြင်ပေါ် ခြေဆောင့်နင်းလိုက်ကာ ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာစေပြန်သည်။


ဘုန်း


ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ကျင်းကျောင်း မြေပြင်ပေါ်မှ လေထဲသို့ ပျံထွက်လာသည်။


ငရဲဘုရင်အာဟ သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။


ကျင်းကျောင်း၏ မျက်လုံးများ ကျုံ့ဝင်သွားသည်။


ဘုန်း ဘုန်း ဘုန်း


မမြင်နိုင်သော လက်သီးချက်များက ကျင်းကျောင်း၏ ခန္ဓာကိုယ်ထဲ နစ်ဝင်သွားပြီး သူ့ကို လေထဲတွင် အဆက်မပြတ် တွန့်လိမ်နေစေသည်။ သူ၏ အနက်ရောင်ချပ်ဝတ်ပင် အတော်လေး ချိုင့်ဝင်နေပြီဖြစ်သည်။


"မင်းပဲငါနဲ့ တိုက်ခိုက်ချင်နေတာမလား... လာတိုက်လေ..."


ငရဲဘုရင်အာဟ၏ အေးစက်ကာ ကျဉ်းမြောင်းနေသော မျက်လုံးများတွင် ကြမ်းကြုတ်မှုတို့ ပြည့်နှက်သွားသည်။


သို့သော် ကျင်းကျောင်းတွင် ဆန့်ကျင်နိုင်ရန် ခွန်အားတစ်မျှမှ မကျန်တော့ပေ။


သူတို့နှင့်အဝေးတွင် လော့ကျီးပါးစပ်အဟောင်းသားနှင့်ဖြစ်နေသည်။


နယ်သာရီနှင့် ပန်းပွင့်လေးတို့က နေရာတွင် ကြောင်အနေကြသည်။


ဒီတစ်ဖက်သတ်တိုက်ခိုက်မှုကြီးက... ဘာတွေဖြစ်သွားရတာလဲ...


ဘုန်း


ငရဲဘုရင်အာဟက ကျင်းကျောင်း၏ ခေါင်းကိုဆုပ်ကိုင်လိုက်သောအခါ သူ့ခန္ဓာကိုယ်တုန်ရီသွားတော့သည်။


ဘန်း


ငရဲဘုရင်အာဟက မနူးညံ့ပေ။ ကျင်းကျောင်းကို နှဖူးချင်းတိုက်ချလိုက်သည်။


ကျင်းကျောင်း၏ ခေါင်းက ပေါက်ကွဲတော့မလို ဖြစ်သွားသည်။ သူ့နှာခေါင်းပေါက်နှင့် ပါးစပ်မှ သွေးများ ဖြာထွက်လာသည်။


သူ ဤကဲ့သို့သော ပြင်းထန်လှသည့် အခြေအနေမျိုးထဲ တစ်ခါမှမရောက်ဖူးပေ။


သူ့မျက်နှာက ပုံပျက်နေကာ သူ့ချပ်ဝတ်ပင် ချိုင့်ဝင်နေသည်။


ဝှစ်


အဆုံးတွင် ကျင်းကျောင်းလဲကျသွားပြီး သူ့ခန္ဓာကိုယ်က မြေပေါ်တွင် ပျော့ခွေနေသည်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြင့် အသက်ပြင်းပြင်းရှူနေရသည်။


ငရဲကမ္ဘာသင်္ဘောပေါ်တွင် နယ်သာရီ သက်ပြင်းချလိုက်မိသည်။


ငရဲဘုရင်အာဟက ငရဲကမ္ဘာ၏ အရှင်သခင်သာဖြစ်သည်။


သူ့မနှုတ်ခမ်းထောင့်များ မြင့်တက်သွားရသည်။ ကျင်းကျောင်းကဲ့သို့ ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်က သူ့ကိုဖိနှိပ်နိုင်မည်မဟုတ်ပေ


ဝုန်း ဝုန်း


ကျောက်တုံးက ဖြေးဖြေးချင်း လှိမ့်ဆင်းလာသည်။


ကျင်းကျောင်းက ငရဲဘုရင်အာဟကို ထူးဆန်းသလိုကြည့်လိုက်သည်။ သွေးများအန်ထွက်နေသော်လည်း မတ်တပ်ပြန်ရပ်ကာ ရယ်နေဆဲဖြစ်သည်။


"အရှင်ငရဲဘုရင်... ကစားပွဲပြီးသွားပြီ..."


ဘာ...


ငရဲဘုရင်အာဟ ကြောင်အသွားသည်။


ခဏအကြာတွင် ကြောက်မက်ဖွယ်လေပြင်းတစ်ချက် ဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။


ဝှစ်


လေဟာနယ် ဖြတ်တောက်ခြင်းခံလိုက်ရသည်။


ဘုန်း


ငရဲဘုရင်အာဟ လေထဲမှ မြေပြင်ထိရောက်အောင် ထိုးချခံလိုက်ရသည်။


"အစ်ကိုကြီးငရဲဘုရင်က အရမ်းချောတယ်..... အရမ်းချောလွန်းလို့ လော့ကျီး အစ်ကို့ကို မတိုက်ခိုက်ချင်ဘူး... ဒါပေမဲ့ အရှင်ယင်းလောင်က အစ်ကိုကြီးငရဲဘုရင်ကို ပြန်ခေါ်ခိုင်းလိုက်တယ် ဒါကြောင့် လော့ကျီးတိုက်ခိုက်လိုက်ရတာပါ.... ဒါပေမယ့် အစ်ကိုကြီးကို ညီမချစ်သေးကြောင်း ယုံပေးပါ..."


လေထဲတွင် လော့ကျိက သူမ၏ မရဏနတ်မင်းဓားကောင်ကို ခုတ်ချလိုက်သည်။ သူမ၏ နူးညံ့နီရဲသော နှုတ်ခမ်းလေးများက အပြုံးကြောင့် တောက်ပနေသယောင်ပင် ဖြစ်နေသည်။


ကျင်းကျောင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပြန်လည်သက်သာသွားသည်။ ဖြေးဖြေးချင်း သူလော့ကျီးဘေးနား ပျံသန်းလာတော့သည်။


အပျက်အဆီးများရွေ့လျားသွားသည်။


ငရဲဘုရင်အာဟက မောင်မာစွာမတ်တတ်ရပ်လိုက်ပြီး သူတို့နှစ်ယောက်လုံးကို အမူအယာမဲ့စွာ ကြည့်လိုက်သည်။


"မိန်းမတွေစကားဆိုတာ... ယုံကိုယုံလို့မရဘူး..."


…......


ဤတစ်ကြိမ်တွင် ပုဖန် တို့ဟူးပုပ်ချက်မည် မဟုတ်တော့ပေ။ 


ထုံရော့က တောက်ပနေသော တို့ဟူးကိုပေးလာသည်။ ၎င်းက သာမန် ပါဝင်ပစ္စည်းမဟုတ်ပေ။


ထိုတို့ဟူးတုံးတွင် မသေမျိုးစွမ်းအင်များရှိနေပြီး လူများကို သီးသွားစေနိုင်သည်အထိ ထူထဲလေသည်။


"ဒီတို့ဟူးက မသေမျိုးပါဝင်ပစ္စည်းပဲ... လုံးဝပြီးပြည့်စုံတယ်..."


ကုန်းရှို့ပန် ခေါင်းငုံ့လိုက်ကာ တို့ဟူးကိုအနံ့ခံလိုက်သည်။


၎င်း၏ ရနံ့က သူ့နှာခေါင်းထဲသို့ ဝင်လာပြီး သူ့ကိုတုန်ယင်သွားစေသည်။ ချက်ချင်းပင် သူတစ်ကိုယ်လုံး လန်းဆန်းသွားခဲ့ပြီး သူ့စိတ်နှလုံးလည်း တည်ငြိမ်လာရသည်။


ကုန်းရှို့ပန်၏ စိတ်ဝိဉာဉ်ပင်လယ် မြင့်တက်လာသည်။ ထို့နောက် သူ၏စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီး မီးဖိုးပေါ်ရှိ ရွှေရောင်မီးတောက်ကို ဖုံးလွှမ်းသွားသည်။


သူ ရွှေကြာနတ်ဆိုးမီးတောက်ကို ထိန်းချုပ်ရန်ကြိုးစားလိုက်သည်။ သူချက်ပြုတ်ချင်ပါက ၎င်းကို ထိန်းချုပ်နိုင်ရမည်ဖြစ်သည်။


မထင်မှတ်ထားပဲ ရွှေကြာနတ်ဆိုးမီးတောက်က သူ့ကိုနာခံလေသည်။ သူ၏ထိန်းချုပ်မှုအောက်တွင် ၎င်းက သူ၏ လက်မောင်းများကို ဆန့်ထုတ်လိုက်သည်။


သူ့မျက်လုံးများ တောက်ပသွားသည်။


ကုန်းရှို့ပန်၏ လက်ထဲတွင် ခရမ်းရောင်မီးဖိုချောင်သုံးဓားပေါ်လာသည်။


ထိုခရမ်းရောင် မီးဖိုချောင်သုံးဓားတွင် များစွာသော အက်ရာများရှိနေပြီဖြစ်သည်။ မူလက သူ၎င်းကို နှစ်တစ်ထောင်မီးလျှံနှလုံးသားကြာစေ့ကို ချေမှုန်းရန် အသုံးပြုခဲ့သည်။


ဓားက လှုပ်ရှားသွားကာ ဓားအလင်းတစ်ခုကို ထုတ်လွှတ်လာသည်။ ကုန်းရှုပိုင်ဓားကို ထိပ်ဖျားပိုင်းနှင့်လက်ကိုင်နှစ်ခုစလုံးကို သေချာကိုင်ထားလိုက်သည်။


ထို့နောက် ဖြေးဖြေးချင်းချလိုက်ပြီး သူ့ဓားဖြင့်ဖြတ်တောက်လိုက်သည်။


သူတို့ဟူးကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။


ဝှစ် ဝှစ် ဝှစ်


သူ့လက်ထဲတွင် ဓားက လည်ပတ်နေပြီး တို့ဟူးအပိုင်းအစများစွာ ပျံထွက်လာသည်။


ဓားက တို့ဟူးတုံးကို ဖြေးဖြေးချင်းဖြတ်တောက်လိုက်သောအခါ တို့ဟူးတုံးက နူးညံ့စွာ တုန်ခါသွားသည်။


နောက်ဆုံးတွင်


လှပကာ ကြာပန်းလေးတစ်ပွင့်နှင့်တူသော မိန်းမပျိုတစ်ဦးက တို့ဟူးထဲမှထွက်လာခဲ့သည်။


သူ့လက်က ကြာပန်းနှင့်တူသော မိန်းမပျိုလေးကို ကူညီထောက်ပံ့ပေးထားသည်မှာ ၎င်းက အသက်ရှင်နေသည်နှင့်ပင်တူနေသည်။


သူမဆံပင်များ လွင့်ပျံနေကာ သူမ၏ ပျော့ပြောင်းလှသော ဖဲကြိုးလေးကလည်း ကြာပန်းနှင့်အတူ လှုပ်ခတ်နေသည်။ ၎င်းက မဖော်ပြနိုင်လောက်အောင် လှပလွန်းလှသည်။


မီးတောက်များ အပြင်ဘက်တွင် ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းရှိုက်မိသည်။


"ဒီဖြတ်တောင်ခြင်းနည်းလမ်းက လုံးဝကို ထိပ်တန်းပဲ..."


"ငါ့အစ်ကိုရဲ့ မွေးရာပါ ပင်ကိုယ်ပါရမီက တကယ့်ကို မယုံနိုင်စရာပဲ..."


ကုန်းရှို့ယွင် မော်ကြွားစွာ မေးငေါ့ပြလိုက်ပြီး သူမ၏ မျက်လုံးများတွင် ဂုဏ်ယူမှုတို့ အပြည့်ရှိနေသည်။


သူမ သူမအစ်ကို ချက်ပြုတ်နေသည်ကို ကြည့်သည့်အချိန်တိုင်း ဘဝင်ခိုက်ကြည်နူးသွားလေ့ရှိသည်။


ကုန်းရှို့ပန် တို့ဟူးမိန်းမပျိုလေးကို ဖြေးညင်းစွာ ဒယ်အိုးထဲထည့်၍ ပေါင်းလိုက်သည်။ ထို့နောက် အခြားပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်လေတော့သည်။


ဒုတ် ဒုတ် ဒုတ်


သူ၏ဓားက လျှပ်စီးပမာ ရွေ့လျားနေသည်။ ခဏအကြာတွင် ပါဝင်ပစ္စည်းများအားလုံးကို ခုတ်ပိုင်းလိုက်ပြီး အခြားအိုးတစ်လုံးသုံး၍ ချက်ပြုတ်လိုက်သည်။


ရွှေကြာနတ်ဆိုးမီးတောက်က အိုးအောက်ခြေတွင် စတင်လောင်ကျွမ်းလာပြီး ချက်ချင်းပင် အပူရှိန်မြင့်လာတော့သည်။


ကုန်းရှို့ပန်တွင် မသေမျိုးပစ္စည်းများစွာရှိပြီး ထိုဟင်းအိုးကလည်း မသေမျိုးပစ္စည်းသာဖြစ်သည်။


မသေမျိုးမီးတောက်အောက်တွင် ထိုဟင်းအိုးက လျှင်မြန်စွာ ပူလာသည်။


ရွဲ ရွဲ ရွဲ


ဆီထည့်လိုက်ပြီး မသေမျိုးဟင်းအိုးကို သူ့လက်ထဲတွင်ကိုင်ကာ အလျှင်အမြန်ကျော်လှော်လိုက်သည်။


သူ၏ လှုပ်ရှားမှုများက နူးညံ့ကာ မြန်ဆန်နေသည်။


ထုံယော့ စိတ်ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး သူ၏ ချောမောသောမျက်နှာက ထူးဆန်းသွားသည်။


ရုတ်တရက် ထုံရော့၏ မျက်လုံးများ မှေးစင်းသွားပြီး ပုဖန်ဘေးသို့သွား၍ ကြည့်လိုက်သည်။


ဝှီး


ပုဖန်လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်ထွက်လာပြီး နဂါးဟိန်းသံထွက်ပေါ်လာကာ လူများကို ထိတ်လန့်သွားစေသည်။ 


ပုဖန်၏အတွေးတစ်ချက်ဖြင့် မသေမျိုးမီးတောက်က မဟူရာလိပ်ခုံးဒယ်အိုးအောက်သို့ ဝင်သွားခဲ့သည်။


ဘုန်း


မီးတောက်များက ကောင်းကင်ထိတိုင် မြင့်တက်သွားပြီး မဟူရာလိပ်ခုံးဒယ်အိုးကို အပူပေးလိုက်သည်။


"မသေမျိုးမီးတောက်လို့ အခေါ်ခံရဖို့ထိုက်တန်တယ်..."


ပုဖန်၏ မျက်လုံးများ တောက်ပသွားတော့သည်။ မြေကမ္ဘာမီးတောက်နှင့်ယှဉ်လျှင် မသေမျိုးမီးတောက်၏ အပူရှိန်က ပိုမိုပူပြင်းလေသည်။


သူ မြေကမ္ဘာမီးတောက်ကို အသုံးပြုပါက ဒယ်အိုးကိုအပူပေးရန်ပင် အချိန်အတော်ကြာအသုံးပြုရသည်။


ကုန်းရှို့ပန်နှင့်ကွဲပြားစွာ ပုဖန်က တို့ဟူးကို နူးညံ့စွာကိုင်တွယ်ဖြတ်တောက်ခြင်းမရှိပေ။


နဂါးအရိုးမီးဖိုချောင်သုံးဓားကိုမြှောက်ကာ ကြယ်ပျံဖြတ်တောက်ခြင်းနည်းစနစ်ကိုသုံး၍ တို့ဟူးတုံးကြီးကို အတုံးသေးသေးလေးများအဖြစ် ပိုင်းဖြတ်ခြင်းဖြစ်သည်။ ထိုတို့ဟူးတုံးလေးများက နူးညံ့ပြီး တုန်ခါနေသည်မှာ အလွန်စွဲမက်ဖွယ်ကောင်းပေသည်။


သူ၏ လယ်ယာမြေထဲမှ ပေါက်ကွဲမီးတောက်ငရုတ်သီးကို ထုတ်ယူလိုက်ပြီး လှီးဖြတ်လိုက်ကာ မဟူရာလိပ်ခုံး ဒယ်အိုးထဲ ထည့်ကြော်လိုက်သည်။ ခဏအကြာတွင် ၎င်းတို့ကို ဘေးသို့ ခဏဖယ်လိုက်သည်။


ထို့နောက် ခရမ်းရင့်ကြက်သွန်ဖြူကို ထုတ်လိုက်ပြီး ဖိချေလိုက်သည်။ ထို့နောက် များစွာသော ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်ပြန်သည်။


ပုဖန်ဘာချက်မှာလဲ..


ထုံရော့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


မသေမျိုးအချက်အပြုတ်နယ်မြေတွင် တို့ဟူးချက်ပြုတ်ရန် နည်းလမ်းများစွာရှိသည်။ တိုးဟူးကအလွန်အရသာရှိသည်ဖြစ်ရာ မည်သူမဆိုချက်ပြုတ်နိုင်ပြီး နူးညံ့ပျော့ပြောင်းမှုကိုထိန်းသိမ်းနိုင်သည်။


လူနည်းစုကသာ တို့ဟူးကို နုတ်နုတ်ဆင်းမည်ဖြစ်ကာ ၎င်းက လှပသောချက်ပြုတ်နည်းမဟုတ်ပေ။ ချက်ပြုတ်ပြီးသောအခါတွင် စားဖိုမှူး၏တို့ဟူးက ရှုပ်ထွေးသွားမည်ဖြစ်သည်။


၎င်းက တို့ဟူး၏ အရသာနှင့်နူးညံ့မှုကို ထိခိုက်စေသည်။


ပုဖန် တို့ဟူးကိုပြင်ဆင်သည့်နည်းမှာ အမှန်တကယ်တွင် မချက်သင့်သော ချက်ပြုတ်နည်းသာဖြစ်သည်။


မီးတောက်များအပြင်ဘက်တွင် ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှုယွင်တို့ ပုဖန်၏ချက်ပြုတ်နည်းကိုမြင်လိုက်ရပြီး အတော်လေး အံ့အားသင့်သွားခဲ့ကြသည်။


"ဒီရှုပ်ပွနေတဲ့ချက်နည်း... ဒီကလေး ဘယ်လိုလုပ် မသေမျိုးစားဖိုမှူးဖြစ်လာလဲ အံ့ဩမိတယ်... ဒီလိုလူနဲ့ပြိုင်ရတာ ငါ့အစ်ကိုအတွက်တော့ ရှက်စရာပဲ..."


ကုန်းရှို့ယွင် လှောင်ပြောင်သရော်လိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ မျက်မှောင်ကြုတ်လိုက်မိသည်။


"မဟုတ်ဘူး... ပိုင်ရှင်ပုက သာမန်စားဖိုမှူးမှမဟုတ်တာ... သူ့ရဲ့ဟင်းပွဲတွေက နောက်ဆုံးကြရင် လူတွေကိုအမြဲတမ်း အံ့အားသင့်စေတာချည်းပဲ..."


"နင်ငါ့အစ်ကိုကိုမချီးကျူးပဲ သူ့ကိုချီးကျူးတယ်ပေါ့..."


ကုန်းရှို့ယွင် ခေါင်းလှည့်ကြည့်လိုက်သည်။


ရွှမ်ယွမ်ရှားဟွေ့ ကိုးယိုးကားယားဖြစ်သွားသည်။


"အိုး... ကြည့်လိုက်အုံး သခင်လေးကုန်းရှို့့ချက်လို့ပြီးတော့မယ်..."


ရွှမ်ယွမ်ရှားဟွေ့ ကုန်းရှို့ပန်ရှိရာနေရာကိုလက်ညှိုးထိုးပြလိုက်ပြီး ကုန်းရှို့ယွင်၏ အာရုံစိုက်မှုကို လမ်းကြောင်းပြောင်းလိုက်သည်။


မီးတောက်ထဲတွင်


ကုန်းရှို့ပန် ပေါင်းအိုးကို ဖွင့်လိုက်သည်။


ရေနွေးငွေ့များထွက်ပေါ်လာပြီး အလင်းရောင်များ ထွက်ပေါ်လာသည်။


ရေနွေးငွေ့များ ပျောက်ကွယ်သွားသောအခါ လက်ထဲတွင်ကြာပန်းကိုင်ထားသော တို့ဟူးမိန်းမပျိုလေးထွက်ပေါ်လာသည်။ သူမကိုကြည့်ရသည်မှာ နတ်ဘုရားနယ်မြေမှ ဆင်းသက်လာသည့် နတ်သမီးပျိုလေးနှင့် တူနေသည်။


ဝုန်း ဝုန်း


သို့သော် ကုန်းရှို့ပန်က ထိုရုပ်ထု၏ လှပမှုကိုငေးမောရန် အချိန်မဖြုန်းခဲ့ပေ။


ရွှေရောင်အလင်းနှင့်အတူ သူဆီပူများကို တို့ဟူးရုပ်ထုပေါ်လောင်းချလိုက်သည်။


ရွဲ ရွဲ ရွဲ


အပူငွေ့များ ထပ်မံထွက်ပေါ်လာသည်။


ဝုန်း ဝုန်း 


ရုတ်တရက် တိမ်မဲများက နေရာနှစ်ခုမှ ရွေ့လျားလာသည်။ ခဏချင်းပင် ကြာပန်းအမွေအနှစ်နယ်မြေသို့ရောက်လာသည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ပန်တို့ခေါင်းမော့၍ ကောင်းကင်ကိုကြည့်လိုက်ကြသည်။


၎င်းတို့၏ မျက်လုံးများ ကျုံ့ဝင်သွားကြသည်။


"အနက်ရောင်တိမ်တိုက်နှစ်ခု... သူတို့နှစ်ယောက်လုံး မိုးကြိုးပြစ်ဒဏ်ခံယူရတော့မှာပဲ..."