အခန်း ၁၀၀၈
အရှင်မင်းကြီး ပြန်လာလိမ့်မယ်
" ဝဲစားခွေး ငါ့ရဲ့မျက်ခေါင်းပေါက်တောင်ဝှေးကို ဖျက်ဆီးရင် မင်းကို ဒီတိုင်းလွှတ်ထားလိမ့်မယ် မထင်နဲ့ ... "
မျက်ခေါင်းပေါက်တောင်ဝှေး၏ အထက်တွင် ယင်းလုံ၏ အသံ ထွက်ပေါ်လာသည်။ ခွေးဘုရင်ကို ဟိန်းဟောက်နေစဉ် သူ၏ဆံပင်ဖြူများ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
သို့သော် ခွေးဘုရင်က လှောင်ရယ်ပြီး တုံ့ပြန်သည်။ စကားတစ်ခွန်းမှ မပြောပဲ သူ၏လက်ဖဝါးကို ကိုင်လိုက်သည်။
ထိုခွေး၏ လက်ဖဝါး လေထုကို ရိုက်ခတ်ကာ ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင် ယင်းလုံ၏ အရိပ်ကို ထိမှန်ခဲ့သည်။
အရိပ် တုန်လှုပ်သွားသောအခါ ယင်းလုံ၏ ဒေါသနှင့်အော်သံများ ပဲ့တင်ထပ်ကာ ပျောက်ကွယ်သွားသည် ။
အဝေးတွင် ...
ကျင်းကျောင်း လေအေးများကို ရှုသွင်းလိုက်သည်။ ခွေးဘုရင် သခင်ယင်းလုံ၏ အရိပ်ကို အားမစိုက်ဘဲ ရိုက်ချိုးလိုက်သည်ကို ကြည့်လျက် သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ငရဲစွမ်းအင်များ အနီးတစ်ဝိုက်တွင် လှည့်ပတ်နေသကဲ့သို့ မျက်ခေါင်းပေါက်တောင်ဝှေးသည် နတ်ဘုရားအလင်းဖြင့် တောက်ပလာသည်။
ယင်းလုံ၏ပုံရိပ်ကို ရိုက်ချိုးပြီးနောက် ဟင်းလင်းပြင်သည်လည်း ချက်ချင်းပင် ကွဲအက်လာသည်။
လက်ဖဝါးဖြင့် မျက်ခေါင်းပေါက်တောင်ဝှေးကို ပုတ်ကာ ကွဲအက်နေသော လေဟာနယ်ထဲသို့ ပြန်ထည့်လိုက်သည်။
ခွေးဘုရင် ဖမ်းဆုပ်လိုက်သည်။
ကျင်းကျောင်း၏ နှုတ်ခမ်းများ တုန်ယင်လာသည်။
ထိုအရာသည် သခင်ယင်းလုံ၏ နတ်ဘုရားလက်နက်ဖြစ်ပြီး ခွေးဘုရင်က ထိုအရာကို လွယ်ကူစွာ သိမ်းဆည်းသွားသည်။
ကမ္ဘာမြေအကျဉ်းထောင်၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော ကမ္ဘာမြေအကျဉ်းထောင်မှ ခွေးဘုရင် သည် သူ၏ဂုဏ်သတင်းနှင့်အညီ အမှန်တကယ်နေထိုင်ခဲ့သည်။
ငရဲဘုရင်အာဟ ပြုံး၍ ပါးစပ်ထဲရှိ အစပ်ချောင်းကို စုပ်နေသည်။
ခွေးဘုရင်၏ မထီမဲ့မြင်ပြုတတ်သော ကိုယ်ရည်ကိုယ်သွေးကို ခံနိုင်ရည်ရှိသောကြောင့် သူ အံ့ဩခြင်းမရှိပေ။
အကယ်၍ ထိုအရူးယင်းလုံ မျက်ခေါင်းပေါက်တောင်ဝှေးကို ပြန်လိုချင်ပါက ရုန်းကန်ရန်အတွက် ပြင်ဆင်ထားရပေမည်။
ခွေးဘုရင်၏ မျက်လုံးများက စေ့စေ့စပ်စပ် ကြည့်နေသဖြင့် ကျင်းကျောင်း၏ ခန္ဓာကိုယ်ကို မသက်မသာ ဖြစ်စေသည်။
သူ၏ မူလရှုပ်ထွေးရွှေဘူးသီးကို အမြန် ဖွက်ထားလိုက်သည်။ ထိုအရာသည် သူ၏ညီ ယင်ကျောင်း၏ ပစ္စည်းဖြစ်သည်။ အကယ်၍ ထိုဝဲစားခွေး ယူဆောင်သွားပါက ပြန်လည်ရရှိရန် ခက်ခဲပေလိမ့်မည်။
လော့ကျီး မြေပြင်ပေါ်မှထကာ ခွေးအမွှေးများကို ဂရုတစိုက် ဖယ်လိုက်သည်။
ထို့နောက် မရဏနတ်မင်းဓားကောက်ကို ယူကာ ခွေးဘုရင်ကို လေးစားစွာဖြင့် ကြည့်နေသည်။
" ခွေးဘုရင် ကျွန်မက ရှင့်ရဲ့ နံပါတ်တစ် ပရိသတ်ပါ ... အိုင်ဒေါတစ်ယောက်အနေနဲ့ ပရိသတ်ကို ဒီလို မဆက်ဆံသင့်ဘူး ..."
လော့ကျီး သူမ၏ မရဏနတ်ဘုရားဓားကောက်ကို ကိုင်ဆောင်ထားပြီး လေးနက်စွာ ပြောလိုက်သည်။
ထို ရူးနေသော အမျိုးသမီးကို ကြည့်ကာ ခွေးဘုရင် နှုတ်ခမ်းကို တွန့်ချိုးလိုက်သည်။
အဝေးတွင် ပုဖန် လေဟာနယ်ကို ဖြတ်လျှောက်လာပြီး သူတို့ထံသို့ ချဉ်းကပ်လာသည်။
ပုဖန်ကို ကြည့်ပြီး ခွေးဘုရင်၏ မျက်လုံးများ အရောင်တောက်သွားသည်။
" ကောင်လေးပုဖန် မင်းရဲ့အော်ရာက ပြောင်းသွားပြန်ပြီ အိုး ... မင်း တိုးတက်မှု ရှိလာတာပဲ..."
ပုဖန်ကို မြင်သောအခါ ကျင်းကျောင်းနှင့် လောကျီးတို့ မျက်ခုံးများ ပင့်လိုက်မိကြသည်။
သူတို့ ပုဖန်ကို မသိသည့်အတွက် ဤလူသားသည် အဘယ်ကြောင့် ဤမျှ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည်ကို သူတို့ မသိခဲ့ကြပေ။
ပုဖန် ငရဲကမ္ဘာသင်္ဘော ပေါ်သို့ ရောက်သောအခါ နယ်သာရီ၏ မည်းနက်နေသော မျက်လုံးများက ပုဖန်ကိုကြည့်နေ၍ စိတ်မအေးဖြစ်သွားသည်။
သူ၏လက်ပေါ်ရှိ မာပိုတို့ဟူးသည် အလွန်မွှေးကြိုင်ပြီး လူတို့၏ အရသာခံဖုများကို လှုပ်ခါသွားစေသည်။
" ဟမ် ဘာတွေဖြစ်သွားတာလဲ ..."
ပုဖန် မျက်ခုံးများကို ပင့်လိုက်သည်။
" အိုး မိတ်ဆွေလေးပုဖန် ဒီခွေးဝကြီးက နဂါးနံရိုးချိုချဉ် စားချင်နေတယ်..."
နယ်သာရီ စကားမပြောမီမှာပင် မဟူရာနဂါးဘုရင် အခွင့်အရေးကို အရယူကာ ပုဖန်၏ ခြေထောက်ကိုဖက်၍ ငိုကြွေးနေသည်။
ပုဖန် အံ့ဩလွန်း၍ စကားမပြောနိုင်တော့ပေ။
နယ်သာရီ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
ပန်းပွင့်လေး သက်ပြင်းချနေသည်။ သူမ၏ လက်သေးသေးလေးများဖြင့် နဖူးကိုပွတ်ပြီး ခေါင်းယမ်းနေသည်။
ပုဖန် ဘာပြောရမည်မသိ ဖြစ်သွားသည်။
တကယ်လို့ ခွေးဘုရင်က နဂါးနံရိုးချိုချဉ် စားချင်နေရင် မဟူရာနဂါးဘုရင်က ဘယ်လိုဖြစ်ပြီး အသက်ရှင်နေပြီး သူ့ခြေထောက်တွေကိုဖက်ပြီး ငိုနေရတာလဲ ...
လက်ဖဝါးတစ်ချက်နဲ့တင် နဂါးဟင်းအနှစ် ဖြစ်သွားနိုင်တယ်လေ...
သူ၏မျက်လုံးများက ပန်းပွင့်လေးကို ကြည့်လိုက်ပြီး နှုတ်ခမ်းများက အပြုံးတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။
သူ၏လက်ထဲမှ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော တို့ဟူးကို ပေးကာ ပြောလိုက်သည်။
" ပန်းပွင့်လေး ဒီအရသာရှိတဲ့ဟာက မင်းဖို့ ..."
ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးလေးများ တောက်ပသွားကာ ခေါင်းမော့၍ ပုဖန်ကို ကြည့်လိုက်သည်။
" ဒီမှာ ဒီအနံ့မွှေးတဲ့ တို့ဟူးက မင်းဖို့ ... "
ပုဖန် တို့ဟူးကို ပန်းပွင့်လေးဆီသို့ ပေးလိုက်သည်။
ထုံယော့ ချီလင်စားဖိုမှူးဖြစ်ရန် ပြင်ဆင်ထားခဲ့သော တို့ဟူးဖြစ်၍ တို့ဟူးထဲရှိ စွမ်းအင်မှာ အလွန်များပြားသည်။
ပန်းပွင့်လေးကို ထိုတို့ဟူး ပေးလိုက်ခြင်းက ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။ကြီးမားသော စွမ်းအင်ပမာဏဖြင့် သူမ မကြာမီ ဆင့်ကဲပြောင်းလဲလာလိမ့်မည်။
ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံး အနေဖြင့် ဆင့်ကဲပြောင်းလဲ လာရန် စွမ်းအင်ပမာဏများစွာ လိုအပ်သည်မှာ သဘာဝပင်ဖြစ်သည်။
ပုဖန် သူမကို အစားကောင်းကောင်းကျွေးမည်ဟု ထင်ထားခဲ့သော်လည်း တို့ဟူးတစ်တုံးပေးရုံဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
သူမ အသားစားချင်နေသည်။ သူမလိုချင်သည်မှာ သွေးကျောက်ပုစွန်ဖြစ်သည်။
သူမ အလိုမရှိခဲ့သော်လည်း လက်ခံလိုက်သည်။
အဝေးတွင် ...
ကုန်းရှို့ပန် ထိုမြင်ကွင်းကို နာကျင်နေသော နှလုံးသားဖြင့် ကြည့်နေရသည်။
အဲ့တာက အဆင့်တစ်ဆယ် ရောက်လုနီးပါးဖြစ်ခဲ့တဲ့ မသေမျိုးဟင်းလျာလေ ... ကောင်းကင်ဘုံက လက်ဆောင်တစ်ခုကို ပုဖန် ဖြုန်းတီးလိုက်တာပဲ ...
အဆင့်မြင့် မသေမျိုးဟင်းလျာကို ကလေးတစ်ယောက်ကို ပေးလိုက်တယ် ... ပြီးတော့ ပိုအရေးကြီးတာက အဲ့ကလေးက ဝမ်းသာပုံ မပေါက်ဖူး ...
အကယ်၍ ပုဖန်သာ သူ့အား ထိုအရာကို ပေးခဲ့ပါက သူ့ကိုယ်သူ စတေးရမည်ဆိုလျှင်ပင် သဘောတူမိလိမ့်မည်။
ပန်းပွင့်လေး တို့ဟူးကို ဝါးပြီး မျိုချလိုက်သည်ကို ကုန်းရှို့ပန် မြင်သောအခါ နှလုံးသားမှ သွေးများစီးကျလာသလိုပင် ခံစားလိုက်ရသည်။
ဤတစ်ကြိမ် အမွေအနှစ်နယ်မြေသို့ ခရီးသည် စိတ်အနှောင့်အယှက်များစွာ ဖြစ်ခဲ့ရသည့်အပြင် လူများစွာ၏ အသက်လည်း ဆုံးရှုံးခဲ့ရသည်။
" ဘယ်လို ခံစားရလဲ ..."
ပုဖန် ပန်းပွင့်လေးကို ကြည့်၍ မေးလိုက်သည်။
" မိတ်ဆွေလေးပုဖန် ငါ့သမီးလေးကို ဆွဲဆောင်ဖို့ ဘာတွေကို သုံးနေတာလဲ ..."
မဟူရာနဂါးဘုရင် သတိထား၍ မေးလိုက်သည်။
ပုဖန် မဟူရာနဂါးဘုရင်ကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး လျစ်လျူရှု့ထားသည်။
အဖြူရောင်ကျောက်စိမ်းနှင့်တူသော တို့ဟူး ပန်းပွင့်လေး၏ ခန္ဓာကိုယ်ထဲ ရောက်သွားသောအခါ သူမကိုယ်မှ ရောင်ခြည်များ ဖြာထွက်လာသည်။
သူမ၏ သုံးပန်လှမြွေမျက်လုံး လျင်မြန်စွာ လည်ပတ်နေပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများ ထလာသည်။
မဟူရာနဂါးဘုရင် လန့်သွားသည်။
ဝှစ် ...
ပန်းပွင့်လေး သူမ၏ မျက်ခွံများ လေးလံလာသည်ဟု ခံစားနေရသည်။
ခဏအကြာတွင် သူမ မျက်လုံးများ မှေးစင်းလာသည်။ ထို့နောက် ပါးစပ်ဟ၍ ကလေးဆန်သော အသံလေးဖြင့် ပြောလိုက်သည်။
" ပုဖန် ဒီလူဆိုးနှစ်ယောက်က နယ်သာရီ့ကို ခေါ်သွားချင်နေကြတယ် သူမကို ပြန်ပေးဆွဲသွားမှာကို ခွင့်မပြုသင့်ဘူး ..."
ဘာ ...
ပုဖန် အံ့အားသင့်သွားသည်။
နယ်သာရီလည်း စိတ်ရှုပ်ထွေးသွားသည်။
မဟူရာနဂါးဘုရင်လည်း ကြောက်လန့်သွားသည်။
ဘုရားရေ...
အခု ပန်းပွင့်လေး စကားပြောနိုင်ပြီပေါ့ ...
ပန်းပွင့်လေး၏ စကားလုံးများက ပုဖန်ကို ခက်ထန်သွားစေသည်။
" သူတို့က နယ်သာရီကို ခေါ်သွားချင်တာလား ... ဘာလို့လဲ ..."
ပုဖန် နယ်သာရီဘက်သို့ လှည့်၍ သံသယဝင်စွာဖြင့် မျက်ခုံးများ ပင့်ထားလိုက်သည်။
နယ်သာရီ သူမနှုတ်ခမ်းများကို ဖိကပ်ထားလိုက်သည်။ သူမ၏ အနက်ရောင်မျက်လုံးများဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်နေပြီး ပုဖန်ကိုကြည့်ကာ စကားတစ်ခွန်းမျှ မပြောပေ။
အဝေးမှ ငရဲဘုရင်အာဟ သူ၏အစပ်ချောင်းများ သီးလုမတတ် ဖြစ်သွားသည်။
" ဟေး သူတို့ ဒီဘုရင်ကို ပြန်ပေးဆွဲချင်နေတာ အသိသာကြီးနော် ဟုတ်ပြီလား ...နယ်သာရီ့ကိုကျတော့ ဒီနေရာမှာ ရှိနေလို့ပဲ သူတို့နဲ့တူတူ ခေါ်သွားချင်နေတာ တကယ့် သားကောင်က ငါပဲ ... ဒီမြွေပေါက်စလေး အရေးကြီးတဲ့ ကိစ္စကို တလွဲထင်နေတယ်..."
တို့ဟူးတစ်တုံးသည် ပန်းပွင့်လေးကို စကားပြောအောင် လုပ်နိုင်မည်ဟု ခွေးဘုရင် မထင်ခဲ့ပေ။ သူမ၏ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်လွှတ်မှုကို ကြည့်လိုက်ရာ ကလေးမလေး ဆင့်ကဲပြောင်းလဲတော့မည်ကို သူသိသည်။
ဒါဟာ သူမရဲ့ တတိယအကြိမ်မြောက် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ပဲ ...
ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံး အသွင်တစ်ခါ ပြောင်းသည့်အချိန်တိုင်း အရောင်တစ်ခု တိုးလာပြီး သူမ၏စွမ်းအားသည်လည်း တိုးတက်လာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ခွေးဘုရင်၏နှာခေါင်း လှုပ်ယမ်းသွားပြီး မျက်လုံးများ မှေးစင်းသွားသည်။
" ကောင်လေးပုဖန် မင်းလက်ထဲက ဘာလဲ ..."
မာပိုတို့ဟူး၏ ရနံ့ကို ခံယူလျက် ခွေးဘုရင်၏ မျက်လုံးများ စူးစူးရဲရဲဖြစ်လာသည်။
" ဒါလား မာပိုတို့ဟူးလေ ..."
မာပိုတို့ဟူးကို လက်ထဲတွင် ကိုင်ထားပြီး အနီးကပ် သေချာကြည့်လိုက်သည်။
ဤဟင်းလျာကို ချက်ပြုတ်ပြီးသည်နှင့် ထုံယော့က ရုန်းရင်းဆန်ခတ်ဖြစ်မှု တစ်ခု ဖန်တီးလိုက်သောကြောင့် မည်သူမှ စားရန် အခွင့်အရေး မရသေးပေ။
" ဟေး မင်းတို့ အရှင်မင်းကြီးကို အာရုံစိုက်လို့ရမလား ငါပြန်သွားတော့မယ် ..."
ငရဲဘုရင်အာဟ ပြောလိုက်သည်။
ဘာ ...
ငရဲဘုရင်အာဟ၏ စကားများကို ကြားလိုက်ရသောအခါ အားလုံးစိတ်ရှုပ်ထွေးသွားသည်။
ကျင်းကျောင်းနှင့် လောကျီးတို့ ငရဲဘုရင်အာဟကို အလိုလို လှည့်ကြည့်မိလိုက်သည်။
ငရဲဘုရင်က ပြန်လိုက်ခဲ့မယ် တဲ့လား ...
သူက အခုမှ ကမ္ဘာမြေအကျဉ်းထောင်ကို ပြန်ချင်ပြီတဲ့လား ဒါမဲ့သူ အမြဲတမ်း ငြင်းဆန်နေတာပဲလေ ...
ခွေးဘုရင် ငရဲဘုရင်အာဟ၏ ဦးနှောက်ကို လိုက်မမှီတော့ပေ။ ခေါင်းမော့၍ သံသယဝင်စွာ မေးလိုက်သည်။
" ဘာကို ဆိုလိုတာလဲ ..."
" ငါ့စိတ်ကို ပြင်ဆင်ပြီးပြီ ငရဲကမ္ဘာရဲ့ အရှင်သခင် အနေနဲ့ ကြီးလေးတဲ့ တာဝန်ယူမှုတွေ ရှိသေးတယ် အဲ့ဒီတာဝန်တွေအတွက် ငါ့ရဲ့လူအိုကြီးက ငရဲအကျဉ်းထောင်နဲ့တောင် တိုက်ခိုက်ခဲ့တာ ... ဘယ်လိုပဲဖြစ်ဖြစ် ငါကငယ်ရွယ်သေးတဲ့အတွက် သူနဲ့တန်းတူအဆင့်ကို တစ်နေ့မှာရောက်လာနိုင်တယ် အဲ့အချိန်ရောက်လာခဲ့ရင် ငါလည်း ငရဲအကျဉ်းထောင်ကို တိုက်ခိုက်မယ် ..."
ငရဲဘုရင်အာဟ ပြောလိုက်သည်။
ကျင်းကျောင်း တောက်ပသော မျက်လုံးများဖြင့် ငရဲဘုရင်အာဟကို ကြည့်လိုက်သည်။
လော့ကျီး၏ မျက်လုံးများမှာ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
" အစ်ကိုကြီးငရဲဘုရင် ရှင်ကအရမ်း ခန့်ညားတာပဲ ..."
ငရဲဘုရင် အသက်ရှုထုတ်လိုက်ပြီး အစပ်ချောင်းကို ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူ၏ဆံပင်ကို ခါယမ်း၍ မှုန်ဝါးနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
" ဝဲစားခွေး အဲ့လိုနေ့ရက် ရောက်လာခဲ့ရင် ငါနဲ့တူတူ ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ပေးမလား ..."
ငရဲ အကျဉ်းထောင်ကို တိုက်ခိုက်မယ်တဲ့လား ...
ကျင်းကျောင်း၏ မျက်လုံးများတွင် တိုက်ခိုက်ချင်စိတ်များနှင့် ပြည့်နှက်နေသည်။
ငရဲကမ္ဘာ၏ အကျဉ်းထောင် သုံးခုတွင် ပျက်သုဉ်းခြင်း အကျဉ်းထောင်မှာ အားအနည်းဆုံးဖြစ်ပြီး ငရဲအကျဉ်းထောင်မှာ အဆန်းကြယ်ဆုံးဖြစ်သည်။ ကမ္ဘာမြေအကျဉ်းထောင်မှာ အလယ်အလတ်နေရာတွင် ရှိနေသည်။ သူတို့ ငရဲအကျဉ်းထောင်ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း ကျရှုံးခဲ့ကြသည်။
အကယ်၍ ငရဲအကျဉ်းထောင်ကို ကျူးကျော်ရန် အရှင်မင်းကြီးနှင့်အတူ လိုက်ပါနိုင်ပါက ထိုနေရာတွင် သေဆုံးသွားပါကလည်း အရေးမကြီးပေ။
အရှင် ငရဲဘုရင်က နောက်ဆုံး သူ့ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုလိုက်ပြီပေါ့...
" ငရဲ အကျဉ်းထောင်ကို တိုက်ခိုက်မယ် ဟုတ်လား ..."
ခွေးဘုရင် ငရဲဘုရင်အာဟကို ကြည့်လိုက်သည်။
" ဟုတ်တယ် ငါတို့ ကြယ်ပင်လယ်ကြီးကို အောင်နိုင်ကြမယ် မင်း ... ငါနဲ့တူတူလိုက်မလား ..."
ငရဲဘုရင်အာဟ ရယ်လိုက်သည်။
" ဟင့်အင်း ..."
ခွေးဘုရင်က တည်ကြည်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် လေထုမှာ အလွန် ကမောက်ကမ ဖြစ်သွားသည်။
ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
မည်းမှောင်နေသော မျက်နှာနှင့် ငရဲဘုရင်ကိုကြည့်၍ မရယ်မိစေရန် နယ်သာရီ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။
...
မသေမျိုးသစ်ပင်၏ အထွဋ်အထိပ်နေရာမှ သစ်သားအိမ်ရှေ့တွင် ဟားတိုက်ရယ်မောသံတစ်ခုကို ကြားနေနိုင်သည်။
" မူး ဟားဟား ဘယ်လောက်တောင် ကိုးရို့ကားယား နိုင်လိုက်လဲ ဒီခွေးကတော့ တကယ်ပါပဲ ချက်ချင်းကိုပဲ "ဟင့်အင်း" လို့ပြောလိုက်တယ် ဟားဟားဟား ..."
ဆံပင်ရွှေရောင်နှင့်လူမှာ အလွန်ရယ်မောလွန်းနေသည့်အတွက် မျက်လုံးထောင့်မှ မျက်ရည်များပင် စီးကျလာသည်။
ယာယာ နှုတ်ခမ်းများကို စေ့ထားလိုက်သည်။
ကမ္ဘာမြေအကျဉ်းထောင်က ခွေးဖြစ်ဖို့ ထိုက်တန်ပါတယ် သူ့မှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခု ရှိတယ် ..."
ဒါပေမဲ့ ကျွန်မရဲ့ လေးစားရပါသော နယ်ပယ်သခင် ဘာလို့ဒီလောက်တောင် ရယ်နေရတာလဲ ... အဲ့ခွေးက သခင့်ကို အသေသတ်လုနီးပါး ဖြစ်ခဲ့တာကို မေ့သွားတာလား ...
အလွန်အမင်း ရယ်မောမှုကြောင့် ကြွက်သားများပင် တုန်ခါနေသော နယ်ပယ်သခင်ကို ကြည့်၍ ယာယာ အကူအညီမဲ့ ဖြစ်သွားသည်။
...
ထိုခွေးသည် သူ့အတွက် အကုသိုလ်ကောင်ဟု ငရဲဘုရင်အာဟ ထင်လိုက်သည်။
" မင်း ပြောင်းလဲ သွားပြီပဲ ငါ့ရဲ့လူအိုကြီးကို ကူညီပြီး ငရဲအကျဉ်းထောင်ကို တိုက်ပေးမယ်လို့ ပြောခဲ့တယ်လေ ..."
ငရဲဘုရင်အာဟ အစပ်ချောင်းကို ကိုင်၍ ပြစ်တင်ရှုံ့ချသော အသံဖြင့် ပြောလိုက်သည်။
" မင်းရဲ့အဖေက အရမ်းသန်မာတယ်လေ ... မင်းကတော့ ..."
ခွေးဘုရင် ငရဲဘုရင် အာဟကို ခြေဆုံးခေါင်းဆုံး သေချာကြည့်လိုက်သည်။
" ကျွတ် ကျွတ် ကျွတ် ... "
ငရဲဘုရင်အာဟ ဒေါသကြောင့် အဆုတ်များပင် ပေါက်ကွဲသွားတော့မည်ဟု ထင်လိုက်မိသည်။ ကိင်းကျောင်း သူ့အား အနိုင်ယူရန် နတ်ဘုရားလက်နက် ၅မျိုးကို အသုံးပြုခဲ့စဉ်ကပင် သူစိတ်မဆိုးခဲ့ပေ။
ခဏအကြာတွင် သူ အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။
" ကောင်းပြီလေ ဝဲစားခွေး မင်းက ကျိုးကြောင်းသင့်လျော်မှုလည်း မရှိဘူး ..."
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။
ငရဲဘုရင်အာဟက အခု ထွက်သွားချင်နေတာလား ...
သူ၏ အကြည့်များက ကျင်းကျောင်းနှင့် လောကျီးတို့ထံ ရောက်သွားပြန်သည်။
ဒီနှစ်ယောက်ကရော နယ်သာရီကို ခေါ်သွားချင်နေတာလား ...
ငရဲဘုရင်အာဟ တစ်စုံတစ်ခုကို သတိရသွားပုံ ပေါ်သည်။
ခေါင်းမော့၍ တောက်ပသော မျက်လုံးများဖြင့် ပုဖန်ကို ကြည့်လိုက်သည်။
" ကောင်လေးပုဖန် မင်း ဒီဘုရင်ကို လွမ်းနေမယ်မဟုတ်လား ..."
ပုဖန် ငရဲဘုရင်အာဟကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။
ခဏကြာသောအခါ...
သူ၏ခေါင်းကို ခါယမ်းလိုက်ငည်။
" ဘာလို့ ခင်များကို သတိရ ရမှာလဲ ..."
ထိုအချိန်၌ လေထုမှာ အလွန်အမင်း နေရခက်သွားသည်။
ရုတ်တရက် ပုဖန် သူ၏လက်ကို ကိုင်လိုက်သည်။
မသေမျိုးစွမ်းအင်ရှိသော အငွေ့တထောင်းထောင်းနှင့် မာပိုတို့ဟူးသည် ငရဲဘုရင်အာဟဆီသို့ ပျံသန်းသွားသည်။
" တကယ် ထွက်သွားချင်နေတာလား ..."
ပုဖန် မေးလိုက်သည်။
မာပိုတို့ဟူးကို လက်ခံလိုက်ရသည့်အတွက် ငရဲဘုရင်အာဟ အံ့အားသင့်သွားသည်။ ရနံ့က မွှေးပျံ့နေပြီး သူ့အား စားချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
" အနံ့က အရမ်းကောင်းတယ် ..."
ငရဲဘုရင်အာဟ ချီးကျူးလိုက်ပြီး ပုဖန် ဘက်သို့လှည့်ကာ ပြုံးပြလိုက်သည်။
" ငါနဲ့ သက်ဆိုင်တဲ့ တစ်စုံတစ်ခုကို ရှာဖို့အချိန်ရောက်ပြီ မင်းကလည်း ပန်းတိုင်ကို ရောက်ဖို့အတွက် အဆင်မပြတ် ကြိုးစားနေတာမို့ ငါလည်း ပြန်ပြီးတော့ ငါ့ရဲ့ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားရမယ် ..."
ငရဲဘုရင်အာဟ ပုဖန်၏ တိုးတက်လာမှုကို အသိအမှတ်ပြုခဲ့သည်။ ပုဖန်မှာ အားနည်းသော စားဖိုမှူးငယ်လေး ဘဝမှ မသေမျိုးစားဖိုမှူးပင် ဖြစ်လာခဲ့ပြီဖြစ်သည်။
ငရဲဘုရင်အာဟ စိတ်ထဲတွင် ခံစားသွားရသည်။
" ကောင်းတာပေါ့ ... အဲ့ဒီ မာပိုတို့ဟူးက ခင်များအတွက်ပဲ ..."
ပုဖန် ပြောလိုက်သည်။
ငရဲဘုရင် ပြုံးပြလိုက်သည်။
ကောင်လေးပုဖန်က သူ့ကို စိတ်ထဲ ရှိသားပဲ ...
" ကောင်လေးပုဖန် ကျေးဇူးပြုပြီး ဒီဘုရင်ရဲ့ တောင်းဆိုချက် သေးသေးလေးကို စဉ်းစားပေးနိုင်မလား ..."
ပုဖန် အံ့ဩသွားသည်။
" ပြောပါ ..."
" ငါ့ကို ရှူးရှဲအစပ်ချောင်းတစ်ထောင်လောက် ပေးလိုက်နိုင်မလား ကမ္ဘာမြေအကျဉ်းထောင်ကို ပြန်ရောက်ရင် သေမလား ရှင်မလား မသိတဲ့ အခြေအနေနဲ့ ကြုံရတော့မယ် ..."
ငရဲဘုရင်အာဟ ရှက်ရွံ့စွာ ပြောလိုက်သည်။
ပုဖန် စိတ်ရှုပ်ထွေးသွားသည်။
" ထွက်သွားတော့ ..."
" ဟားဟားဟား..."
ငရဲဘုရင်အာဟ အားရပါးရ ရယ်လိုက်ပြီးနောက် မာပိုတို့ဟူးတစ်ဇွန်းကို ပါးစပ်ထဲ ထည့်လိုက်သည်။
သူ၏ အစာအိမ်ထဲသို့ မာပိုတို့ဟူးတစ်ဇွန်း ရောက်သွားသောအခါ သူ၏ ထုံ၍စပ်သောအရသာ ပေါက်ကွဲထွက်သွားသည်။ နူးညံ့၍ မွှေးကြိုင်သော တို့ဟူး၏ အရသာမှာ ငရဲဘုရင်အာဟ၏ ချွေးပေါက်များကို ပွင့်ထွက်သွားစေသည်။
" အရမ်းကောင်းတာပဲ ..."
သူ မာပိုတို့ဟူးကို လေထဲတွင် ကိုင်ထားလျက် တစ်ဖက်သို့ လှည့်လိုက်သည်။ ခဏအကြာတွင် ငရဲစွမ်းအင်များ သူ၏ ခြေထောက်အောက်မှ နေ၍ တဖြည်းဖြည်း တက်လာပြီး ပုံစံတစ်ခုပေါ်လာသည်။
ငရဲဘုရင်အာဟ တို့ဟူးကိုစားလျက် ထိုပုံစံထဲဝင်သွားပြီး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
" ကောင်လေးပုဖန် အရှင်မင်းကြီး ပြန်လာခဲ့မယ် အစပ်ချောင်းလေးတွေရေ ငါပြန်လာခဲ့မယ်နော် ..."
ဤသို့ဖြင့် ငရဲဘုရင်အာဟ အားလုံး၏ မြင်ကွင်းမှပျောက်ကွယ်သွားသည်။
ကျင်းကျောင်းနှင့် လော့ကျီးတို့ အကြည့်ချင်းဖလှယ်ကြပြီးနောက် ခွေးဘုရင်ဆီသို့ သွားကြသည်။
ကျင်းကျောင်း ရိုသေစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။
" လူကြီးမင်း ကျွန်တော်တို့ ငရဲကမ္ဘာအမျိုးသမီးကိုလည်း တူတူခေါ်ဆောင် သွားရပါမယ် ကျွန်တော်တို့ကို ဝင်မနှောင့်ယှက်ပါနဲ့ ..."
လော့ကျီး သူမ၏ မရဏနတ်မင်းဓားကောက်ကို ကိုင်ဆောင်ထားပြီး ပြုံးပြလိုက်သည်။
" ကျွန်မရဲ့အိုင်ဒေါ ရှင့်ရဲ့ သစ္စာရှိပရိသတ်ဖြစ်တဲ့ ကျွန်မကို နောက်ထပ် အမွှေးတစ်ပင်လောက် ပေးလို့ရမလား ..."
ခွေးဘုရင် စိုက်ကြည့်နေပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။
သို့သော်လည်း ခွေးဘုရင် ဘာမှမပြောရသေးခင် ပုဖန်၏ အေးစက်သောအသံမှာ လောကျီးနှင့် ကျင်းကျောင်းတို့နောက်မှ ထွက်လာသည်။
" မင်းတို့ဘာလို့ နယ်သာရီကိုပါ ခေါ်သွားရမှာလဲ ..."