အပိုင်း ၆၁
Viewers 12k

'ကျွန်တော့်မှာအချိန်မရှိဘူး''
စစ်ကျွင်းတောက်က ပြောလိုက်သည်။
'' သူမလာပြီး လျှောက်ကစားချင်ရင် လင်းမူကို လိုက်ပြခိုင်းလိုက်မယ်၊ မိန်းကလေးအချင်းချင်း ပေါင်းသင်းရလည်းလွယ်တယ်''
''အဲ့ဒါကတူလို့လား...''
ကျိစစ်ယောင်က သူမသားက ဆိုလိုရင်းကို မသိသေးဘူးဟု ခံစားနေရသည်။
" ဒါဆို ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်၊ အချိန်ကျလာရင် မင်း သူမကိုသွားခေါ်လိုက်...''
ဝမ်မင်ယီက သူ့ရဲ့ကြောင်လက်လေးပေါ်တွင် ခေါင်းတင်လိုက်သည်သူ၏ရင်ထဲတွင် တိတ်ဆိတ်သက်ပြင်းချလိုက်ပြီး နားရွက်များကိုလှုပ်ခါလိုက်သည်။ သူငယ်ချင်းတစ်ယောက်ရဲ့သမီးဟုတ်လား! သူမကို သွားတောင်ခေါ်ခိုင်းလိုက်သေးတယ်! ဦးတည်ချက်က မရိုးသားဘူးလို့ ခံစားနေရတယ်!
စစ်ကျွင်းတောက်က ငြင်းနေဆဲဖြစ်သည်။
'' ကျွန်တော်မသွားနိုင်ဘူး၊လင်းမူကိုပဲသွားခေါ်ခိုင်းလိုက်ပါ..."
''လင်းမူ လင်းမူ လင်းမူ၊ အဲ့ဒီလင်းမူရဲ့ အမည်အစစာလုံးက စစ်လား ၊ ဧည့်သည်တွေက အဝေးကနေလာရတာ ၊ ငါတို့က အိမ်ရှင်ကောင်းပီသရမယ်လေ၊ ဒါက မင်းအမြဲတမ်း အခြားလူတွေကိုဆက်ဆံတဲ့ ပုံစံလား...''
စစ်ကျွင်းတောက် ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။
''ကျွန်တော်က အမျိုးသမီးတွေနဲ့ ဆက်ဆံတာရှားတယ်၊ လိုအပ်ရင် လင်းမူမှာ သူတို့နဲ့ ဆက်ဆံဖို့ ယေဘုယျအားဖြင့် တာဝန်ရှိတယ်...''
''အဲ့ဒါဆိုရင် အခုချိန် ဒီကိစ္စအတွက် မင်းမှာ တာဝန်ပိုရှိတာပေါ့...''
ကျိစစ်ယောင်က ဤနောက်ဆုံးစကားလုံးများကို ချန်ထားလိုက်သည်။
''မဟုတ်ရင် မင်းအမြဲတမ်း မိန်းမတွေနဲ့ မဆက်ဆံတော့ဘူးလား၊ အိမ်ထောင်မပြုတော့ဘူးလား....''
စစ်ကျွင်းတောက် ထိုစကားကိုကြားသောအခါ အေးဆေးစွာဖြင့်ဖြေသည်။
''ဖြစ်နိုင်တယ်''
ကျိစစ်ယောင်၏ မျက်လုံးများပြူးကျယ်သွားသည်။
''မင်းဘာပြောတာလဲ''
စစ်ကျွင်းတောက်သည် သူ၏ အေးဆေးတည်ငြိမ်သော အသွင်အပြင်ကို ထိန်းသိမ်းထားသည်။
"အရင်က နှစ်ယောက်လုံးကို မပြောဖူးပေမယ့် အခုပြောပြလို့ရတယ်၊ ကျွန်တော်က ယောက်ျားတွေကိုပဲ ကြိုက်တာ၊ ဒါကြောင့် အိမ်ထောင်မပြုတာ အံ့သြစရာမဟုတ်ဘူး...”
ခဏလောက်စဉ်းစားပြီး ထပ်ပြောလိုက်သည်။
“ဒါမှမဟုတ် အိမ်ထောင်ပြုဖို့ နိုင်ငံခြားကို သွားမယ်...”
ကျိစစ်ယောင် အံ့သြသွားသည်။ သူမ ပေါ့ပေါ့တန်တန် ပြောလိုက်သည့် စကားတစ်ခွန်းက ဒီလို ပေါက်ကွဲစေတတ်တဲ့သတင်းမျိုး ထွက်လာစေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူ့သားက မိန်းမတွေကို မကြိုက်ဘူး ဒါပေမယ့် ယောက်ျားတွေကြိုက်တယ်ဟုတ်လား။
ကျိစစ်ယောင်က မယုံကြည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်းတကယ်ပြောတာလား"
စစ်ကျွင်းတောက် ခေါင်းညိတ်လိုက်သည်။
"ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ဟာသလုပ်စရာလား"
ကျိစစ်ယောင် : "..."
ကျိစစ်ယောင်က တိတ်တဆိတ် ထရပ်လိုက်သည်။
" ငါ အချိန်ယူဖို့လိုတယ်''
ထို့နောက်ဆက်ပြောသည်။
"မင်းငယ်ငယ်လေးတည်းက မင်းလုပ်သမျှပံ့ပိုးပေးမယ်လို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် ဒီလောက်ကြီးတဲ့ ကိစ္စကို လက်ခံနိုင်ဖို့ အချိန်တစ်ချို့လိုတယ်''
စစ်ကျွင်းတောက်က အဲဒါကို နားလည်သည်။
''ဒါဆိုကောင်းကောင်းအနားယူလိုက်ပါဦး၊ ကောင်းသောညပါ''
ကျိစစ်ယောင် : "..."
ကျိစစ်ယောင်က သူမ အိပ်မပျော်နိုင်လောက်ဘူးလို့ ခံစားရသည်။
ထွက်မသွားခင်မှာ သူမလှည့်ပြီးမေးလိုက်သည်။
"မင်းယောက်ျားတွေကို ကြိုက်တာ ဘယ်တုန်းက သိသွားတာလဲ..."
''တက္ကသိုလ်မှာတုန်းက...''
စစ်ကျွင်းတောက် တည်ငြိမ်စွာပြောလိုက်သည်။
"ဒါဆို အခု မင်းကြိုက်တဲ့လူရှိလား..."
စစ်ကျွင်းတောက် အနည်းငယ် အံ့အားသင့်သွားသည်။ နောက်တစ်စက္ကန့်တွင် သူက “မရှိဘူး” ဟု ငြင်းလိုက်သည်။
ကျိစစ်ယောင် သက်ပြင်းတစ်ချက်ချလိုက်သည်။
“အရင်မလိုပါဘူး၊ နောက်နေ့မှ ပြောရအောင်"
သူမပြောပြီးတာနှင့် အပြင်ထွက်ပြီး တံခါးပိတ်လိုက်သည်။
ဝမ်မင်ယီက စောင်ကိုဖွင့်ကာ ထထိုင်လိုက်ပြီး သူ၏ အဖြူရောင်အမွှေးများက လှုပ်ခါနေသည်။ တံခါးခေါက်သံကို ထပ်မံကြားရသောအချိန်တွင် သူက မိခင်၏သူငယ်ချင်း၏သမီးအကြောင်း စစ်ကျွင်းတောက်နှင့် စကားပြောတော့မည့်အချိန်ဖြစ်သည်။
"ကျွင်းကျွင်း ငါဝင်လာလို့ရမလား"
အဲ့ဒါက ဝမ်ဝေ့ပင်။
ဝမ်မင်ယီ : "..."
စစ်ကျွင်းတောက်က စောင်ကို သူ့ခေါင်းပေါ် ထပ်မံဖုံးအုပ်လိုက်ပြီး ''ရပါတယ်'' ဟုပြောလိုက်သည်။
ဝမ်မင်ယီက ဒေါသတကြီးနှင့် သူ့ကိုတိုးဝှေ့လိုက်သည်။ ဘယ်လိုတောင်သူ့ကို ဖုံးထားရတာလဲ၊ သူ့အမေကိုတောင် သူမတွေ့ရဘူးလား။
ဒါပေမယ့် သူ့အမေက စစ်ကျွင်းတောက်ကို ဘာပြောမလို့ပါလိမ့်
"တစ္ခုခုရွိလို့လား"
စစ်ကျွင်းတောက်က သူမကို မေးလိုက်သည်။
ကုတင်ပေါ်ထိုင်နေသည့် သူ့ကိုမြင်သောအခါ ဝမ်ဝေလည်း ဝင်ထိုင်လိုက်သည်။ သို့သော် သူမလက်ကို စောင်ပေါ်တင်လိုက်သည်နှင့် ပျော့ပျောင်းသော အရာတစ်ခုကို သူမ ခံစားလိုက်ရသည်။
" စောင်အောက်မှာ တစ်ခုခု ဝှက်ထားတာလား"
သူမကစပ်စုစွာ မေးလာသည်။
ဝမ်မင်ယီ : ! ! !
'မင်းဒါကိုတောင် ခံစားလို့ရတာလား'
ဝမ်မင်ယီသည် သူ့ခြေထောက်များကို ရုပ်လိုက်သင့်လားဟုတွေးကာ စိုးရိမ်မိသွားသည်။
စစ်ကျွင်းတောက်က သူ့ထက် အများကြီး တည်ငြိမ်သဘ်။
"မင်မင်အရင်က ထားခဲ့မိတဲ့ အရုပ်တစ်ရုပ် ဖြစ်နိုင်တယ်"
သူကပြောလိုက်ပြီး သူမျက်နှာအမူအယာက မပြောင်းလဲပေ။
"မင်မင်က အရုပ်ဝယ်ခဲ့တာလား"
ဝမ်ဝေ့ အံ့သြသွားသည်။
"ကျွင်းကျွင်း မင်းငါ့ကိုအဲ့ဒါကိုဘယ်တုန်းကမှမပြောဖူးဘူး..."
''အရာအားလုံးတော့ ကျွန်တော်လည်း မပြောပြဖြစ်ဘူးလေ''
"မှန်တယ်။"
ဝမ်ဝေ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါဒီတစ်ခေါက်ပြန်ရောက်တော့ မင်မင်က ငါ့ကို အရမ်း သဘောမကျတော့ဘူးဆိုတာ ငါသိတယ်၊ သူ အခုနောက်ပိုင်း ဘယ်လိုနေလဲ၊ ကျောင်းမှာ သူ့အတန်းဖော်တွေနဲ့ ဆက်ဆံရေးက ကောင်းရဲ့လား...”
''ဘာလို့ မင်မင့်ကို သွားမမေးတာလဲ''
"မင်မင်က အိပ်ပျော်နေပြီ..."
ဝမ်ဝေ့က ပြောသည်။
"ငါနဲ့စကားပြောပြီးတော့ အိပ်ပျော်သွားတယ်၊ ငါ သူ့ကို မနှောင့်ယှက်ချင်ဘူး။"
"ကောင်းပါတယ်...သူ့ရဲ့ အတန်းဖော်တွေနဲ့ အဆင်ပြေပါတယ်..."
စစ်ကျွင်းတောက် ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် သူနဲ့ ပိုဆက်သွယ်သင့်တယ်...အချိန်တိုင်း သူ့ရဲ့နောက်ဆုံးအခြေအနေနဲ့ ပတ်သက်တာတွေ မေးဖို့ ကျွန်တော့်ကိုခေါ်နေမယ့်အစားပေါ့...''
ဝမ်မင်ယီ : "..."
'သူ့အမေက စစ်ကျွင်းတောက်ကို မေးခဲ့တယ်လား'
ဝမ်ဝေ့က ပြုံးလိုက်သည်။
''တခြားနည်းမှမရှိတာ...''
သူမကသက်ပြင်းချလိုက်သည်။
"ငါအလုပ်က ပြန်လာတဲ့အချိန် မင်မင်က အထက်တန်းပထမနှစ်ဖြစ်နေပြီ၊ ငါသူ့ကို ဖုန်းခေါ်ပြောပြီး ဖုန်းချချိန်တိုင်း သူကအရမ်းဝမ်းနည်းပြီး ငါ့ကိုစောစောပြန်လာစေချင်တယ်၊ သူပြောတာနားထောင်ပြီး ငါလည်း သူကို့ပြန်သွားပြီးကြည့်ဖို့မတတ်နိုင်ပဲ ဖုန်းသာချလိုက်တယ်၊ ခြောက်လအတွင်းမှာ အချိန်တစ်ဝက်လောက်က အဲ့အတိုင်းပဲ အပြန်အလှန်ဖြစ်နေခဲ့တာ...''
“အမေတွေက ဒီလိုပဲ၊ သားသမီးအတွက်ဆို စိတ်ပျော့ဖို့ အမြဲလွယ်တယ်၊ ဒါပေမယ့် ငါစိတ်ပျော့ညံ့လို့မရဘူး၊ ငါ့မှာ ကိုယ်ပိုင်လုပ်စရာတွေရှိတယ်၊ ငါအောင်မြင်ချင်တဲ့ပန်းတိုင်တွေလည်းရှိတယ်၊ အဲဒါကြောင့် မင်မင်ကိုဖုန်းခေါ်တာ ဖြည်းဖြည်းချင်း ရပ်လိုက်ပြီးတော့ မင်းကို အစားပြန်ခေါ်ခဲ့တာ၊ မင်းကိုဖုန်းဆက်တော့ မင်မင်ဘာတွေလုပ်နေလဲဆိုတာကို ငါသိနိုင်ပြီး အဲဒါက ငါ့စိတ်ခံစားချက်ကို မသက်ရောက်တော့ဘူးလေ၊ ဟုတ်တယ် အဲဒါက မင်မင်အတွက်တော့ နည်းနည်းမတရားဘူး..."
ဝမ်ဝေ့က ငြိမ်သက်စွာ ခေါင်းငုံ့ရင်း အသံတိုးတိုးဖြင့် ပြောသည်။
''သူအဖေနဲ့ငါ သူ့ကိုအရမ်းအားနာတယ်...''
စစ်ကျွင်းတောက်က စကားတစ်ခွန်းမှ မပြောဘဲ သူမကို ကြည့်နေသည်။
သူ့အသိစိတ်က သူ့ကိုလွန်ဆန်ပြီး ဝမ်ဝေကိုနှစ်သိမ့်ခွင့်မပြုချေ။ 'ခင်များ ကောင်းကောင်းလုပ်ခဲ့ပါတယ်'ဆိုတဲ့စကားမျိုးပေါ့။ သူက အလိမ်အညာတွေကို လုံးဝမပြောနိုင်ပါချေ။
သူက ဝမ်မင်ယီကြီးပြင်းလာတာကို တွေ့ခဲ့ရပြီး ဝမ်မင်ယီအတွက် အားနည်းချက်လေးရှိလာခဲ့သည်။ သူ့အတွက်တော့ ဝမ်ဝေ့ဖြစ်စေ၊ ကျောက်ဝမ်ယွီဖြစ်စေ၊ ဝမ်မင်ယီအပေါ် ပျက်ကွက်ခဲ့ကြသူများပင်။
ဝမ်မင်ယီ ကြီးပြင်းလာရာတစ်လျှောက်လုံးမှာ သူတို့ရှိမနေခဲ့ချေ။ သူတို့က ဝမ်မင်ယီကို ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ အကြွေးတင်နေဆဲပင်။
ကံကောင်းစွာဖြင့် ဝမ်ဝေ့က စစ်ကျွင်းတောက်၏နှစ်သိမ့်မှုကို မလိုအပ်ခဲ့ချေ။ သူမက စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီအကြောင်းကို ပြောချင်ခဲ့သည်။ သူတို့က ခဏကြာအောင် ပြောခဲ့ကြ၏။
စစ်ကျွင်းတောက်က ဝမ်မင်ယီ အနုပညာအသိုင်းအဝိုင်းထဲဝင်တာကို ဆန့်ကျင်ခဲ့ပြီး သူစာလေ့လာတာနှင့်ပတ်သက်၍ ပြောခဲ့သည်။ ဝမ်ဝေ့က နားထောင်နေပြီး ဝမ်မင်ယီက နောက်ဆုံးစာမေးပွဲမှာ ပထမနေရာယူခဲ့တဲ့အကြောင်းကြားတော့ မရယ်ပဲမနေနိုင်ခဲ့ချေ။
"မင်မင်က တကယ်အံ့သြစရာပဲ"
"သူက ပိုကောင်းတဲ့ကျောင်းကိုရွေးလို့ရရက်နဲ့ Xတက္ကသိုလ်ကိုရွေးတဲ့အတွက် သူ့ကိုအပြစ်မတင်ဘူးလား"
စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်ဝေ့က သူမခေါင်းကို ယမ်းကာ
"ဟင့်အင်း"
သူမကပြောသည်။
"Xတက္ကသိုလ်ကလည်း ကောင်းတဲ့ကျောင်းပါပဲ၊ သူဘယ်ကိုသွားချင်လဲဆိုတာက အရေးမကြီးဘူး၊ ငါ့မှာ ဘာထင်မြင်ချက်မှမရှိဘူး၊ သူပျော်နေသရွေ့အဆင်ပြေပါတယ်"
စစ်ကျွင်းတောက်က ပြုံးလိုက်သည်။
"ဒါဆို မင်မင်က တကယ်ပျော်နေမှာပါ"
"သူပျော်လောက်လား"
ဝမ်ဝေ့က မသေချာပေမယ့် ဆက်ပြောသည်။
"သူဘာပဲလုပ်လုပ် ငါကန့်ကွက်မှာမဟုတ်ဘူး၊ သူကလေးဘဝက ငါသူ့ကိုဂရုတစိုက်သင်ပေးခဲ့သလို သူကလည်း ကောင်းကောင်းနားထောင်တယ်၊ ဒါပေမယ့် သူအခုအရွယ်ရောက်လာပြီ၊ ငါသူ့ကို နှစ်နည်းနည်းကြာတဲ့အထိ မတွေ့နိုင်ခဲ့ဘူး၊ သူတစ်ယောက်တည်းပဲ သင်ယူခိုင်းခဲ့တယ်၊ ဒါကြောင့် သူဘာလုပ်လုပ်အရေးမကြီးဘူး၊ အဲတာက တရားဝင်နေပြီး ဥပဒေနဲ့မဆန့်ကျင်သရွေ့ပေါ့၊ ငါသူ့ကိုထောက်ပံ့ပေးနေမှာပါ၊ ငါသူ့အတွက်လုပ်ပေးနိုင်တာတွေက အရမ်းနည်းတယ်၊ ပိုက်ဆံကလွဲလို့ ငါလုပ်ပေးနိုင်တာဆိုလို့ လိုအပ်ချက်မရှိ ထောက်ပံ့ပေးရတာပဲ"
စောင်အောက်မှာ ပုန်းနေတဲ့ ဝမ်မင်ယီက ခဏလောက် တုန့်ဆိုင်းသွားခဲ့သည်။ ခဏလောက်တော့ သူဘာတွေ ခံစားနေရလဲ မသိတော့ချေ။
ဝမ်ဝေ့ပြုံးလိုက်သည်။ ပြီးနောက် စစ်ကျွင်းတောက်နှင့်အတူ ဝမ်မင်ယီအကြောင်းကို ထပ်ပြောကြပြီး သူမအခန်းကို ပြန်သွားခဲ့သည်။
"ကောင်းသောညပါ"
"ကောင်းသောညပါ"
စစ်ကျွင်းတောက်က နောက်လိုက်ပြောလိုက်သည်။
ဝမ်မင်ယီက ဝမ်ဝေထွက်သွားတာကို တွေ့လိုက်သည်။ သူက စောင်ထဲက ထပ်ထွက်လာပြီး သူ့ကိုယ်သူ ထုတ်ဖော်လိုက်သည်။ သူကစစ်ကျွင်းတောက်ကိူကြည့်လိုက်ပြီး မကျေမနပ်ဖြင့် မြောင်ဟူ၍ အော်လိုက်သည်။ သူက သူရဲ့ကြောင်ကီးဘုတ်လေးရှိသည့် စားပွဲပေါ်ကို အမြန်ခုန်တက်လိုက်ပြီး စစ်ကျွင်းတောက်ကို ပြောချင်တဲ့စကားလုံးတွေကို မဖျတ်ဖျတ်ရိုက်လိုက်သည်။
ဝမ်မင်ယီ : (ကျွန်တော့်အမေက ကောကိုခေါ်တယ်လား၊ ဘာလို့မပြောပြတာလဲ!)
စစ်ကျွင်းတောက်က သူ့ဘေးမှာထိုင်လိုက်ပြီး သူ့ကိုလက်တွေထဲ ပွေ့လိုက်ကာ သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးလိုက်သည်။
"သူမကမပြောခိုင်းလို့၊ မင်းက ဖျော်ဖြေရေးလောကထဲဝင်တာကို သူ့ကိုမပြောခိုင်းသလိုပေါ့"
ဝမ်မင်ယီ 🙁 အဲတာက ဘယ်လိုလုပ်တူမှာလဲ၊ ကျွန်တော်က ကောတန်ဖိုးအထားဆုံးလူလေ၊ သူမကဘယ်သူမို့လဲ၊ ကျွန်တော့်ကွယ်ရာမှာ သူမနဲ့ကတိကဝတ်လုပ်ရဲတယ်ပေါ့)
စစ်ကျွင်းတောက်က တည်ငြိမ်စွာပင် ပြန်ဖြေသည်။
"သူမက ကိုယ်တန်ဖိုးအထားလူသားရဲ့အမေလေ၊ လက်မခံရဘူးလား"
ဝမ်မင်ယီ 🙁 ကျွန်တော် စိတ်ဆိုးတယ် )
ဝမ်မင်ယီ : (ဒီလိုပုံနဲ့ လာချော့လို့မရဘူး)
စစ်ကျွင်းတောက် အကူအညီမဲ့စွာရယ်လိုက်ပြီး ကြောင်လေး၏မေးကို ထိလိုက်သည်။ ဝမ်မင်ယီက ခေါင်းကိုလှည့်လိုက်ပြီး သူ့ကိုမထိခိုင်းချင်ပေ။
"တကယ်စိတ်ဆိုးတာလား"
စစ်ကျွင်းတောက်က ငြင်သာစွာမေးလိုက်သည်။
ဝမ်မင်ယီက ခေါင်းညိတ်ပြသည်။ ဟမ့်!
သူ၏လက်နှစ်ဖက်လုံးကိုအသုံးပြုကာ စစ်ကျွင်းတောက်က သူ့ကိုမချီလိုက်ပြီးမေးသည်။
"မင်းစိတ်မဆိုးတော့အောင် ဘယ်လိုလုပ်ရမလဲ၊ နမ်းရမှာလား၊ ဖက်ရမှာလား၊ မြင့်မြင့်မြှောက်ပေးရမှာလား"
ဝမ်မင်ယီက သူ့ကိုလျှာထုတ်ပြလိုက်သည်။
ဘလာ ဘလာ~စစ်ကျွင်းတောက် သူကတကယ်ကို ကလေးဆန်တယ်ဟု တွေးလိုက်မိသည်။ သူက ကြောင်လေးကို ထပ်မံ၍ သူ့လက်တွေကြားပွေ့လိုက်ကာ ခေါင်းလေးကိုထိပြီး နားရွက်လေးကိုနမ်းလိုက်သည်။
သူ့နားရွက်ကို အနမ်းခံလိုက်ရတဲ့အခါ ဝမ်မင်ယီ အနည်းငယ် ရှက်သွားသည်။ သူက လက်ဝါးသေးသေးလေးဖြင့် သူ့ကိုရိုက်ပစ်သည်။ ဘယ်လိုလုပ် သူ့နားရွက်ကို နမ်းနိုင်သေးရတာလဲ၊ ထပ်မနမ်းနဲ့။
စစ်ကျွင်းတောက်က ထိုကြောင်လက်ဝါး၏ကောင်းကွကို အမိအရယူခဲ့သည်။ သူကသူတို့ကို ဖျစ်ညှစ်ရင်း မေးလိုက်၏။
"စိတ်ဆိုးနေသေးလား"
ဝမ်မင်ယီ : "..."
ဝမ်မင်ယီ စဉ်းစားကြည့်လိုက်တော့ သူတကယ်ပင် စိတ်မဆိုးတော့တာကို သိလိုက်ရသည်။
သူက စစ်ကျွင်းတောက်ကို လှည့်ပြီးစာရိုက်ပြလိုက်သည်။
(အနာဂတ်မှာ ဒီလိုအရာမျိုး ကျွန်တော့်ကိုပြောပြရမယ်။)
စစ်ကျွင်းတောက် : "ကောင်းပြီ၊ ကိုယ်လုပ်မယ်..."
ဝမ်မင်ယီ 🙁 တူတူပဲ )
အခုတော့ သူ့ကိုဘာလို့ စစ်ကျွင်းတောက်က စောင်အောက်မှာဖွက်ထားလဲ သိပြီဖြစ်သည်။ အဲဒါကြောင့် သူမပြောပြလျှင်ပင် သူနှင့်ဝမ်ဝေ့ပြောနေတာတွေကို သူသိလိုက်ရပြီဖြစ်သည်။
အနာဂတ်တွင် ဝမ်ဝေ့က သူသာလိမ္မော်ရောင်ကြောင်လေးဖြစ်နေခဲ့တာကိုသိသွားခဲ့လျှင် သူ သူတို့ပြောတာကို ကြားခဲ့ကြောင်း သိမည်မဟုတ်တော့ချေ။
သို့ပေမယ့် အဲဒါကမဖြစ်နိုင်ပါဘူးဟူ၍ ဝမ်မင်ယီ တွေးလိုက်မိသည်။ သူက ဝမ်ဝေရဲ့ရှေ့မှာ ကြောင်တစ်ကောင်အဖြစ်ကို ပြောင်းလဲမှာမဟုတ်သလို ဝမ်ဝေ့ကလည်း သေချာပေါက်ပင် နားလည်မှာမဟုတ်ချေ။ ပြီးတော့သူမ၊ ဝမ်မင်ယီ အေးစက်စွာ နှာမှုတ်လိုက်သည်။ မထိုက်တန်ဘူး! သူ့အမေက သူပြောင်းလဲသွားတာကိုကြည့်ဖို့ လုံးဝမတန်ဘူး!
သူက သန်းဝေလိုက်ရင်း စာတစ်ကြောင်းရိုက်လိုက်သည်။
'(အိပ်ကြရအောင်')
စစ်ကျွင်းတောက်က နာခံစွာပင် သူ့ကိုကောက်မလိုက်ပြီး အိပ်ယာကိုသွားလိုက်သည်။
နောက်တစ်နေ့မနက်တွင် ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့ နှစ်ယောက်အတူ စူပါမားကတ်ကို ထွက်လာခဲ့ကြသည်။ ဝမ်ဝေနှင့် ကျိစစ်ယောင်အတွက် နှစ်သစ်ကူးလက်ဆောင်ဝယ်ရန်ဖြစ်သည်။ သူစျေးဝယ်ပြီး အိမ်ပြန်ရောက်သည့်အခါ ဝမ်မင်ယီက သူ့အခန်းထဲကို အနားယူဖို့ ပြန်သွားခဲ့ပြီး ရုတ်တရက် ကျိစစ်ယောင်ထံမှ တားဆီးခြင်းကို ခံလိုက်ရသည်။
ကျိစစ်ယောင်က သူ့ကိုသူ၏အခန်းထဲကို ဆွဲခေါ်လိုက်ကာ လသာဆောင်နားမှာထိုင်ခိုင်းပြီးထူးထူးခြားခြားပြောခဲ့သည်။
"မင်မင်၊ မွေးစားမေမေမှာ မင်းကိုမေးစရာတစ်ခုရှိတယ်"
"ဘာလဲ"
ကျိစစ်ယောင် ကုလားထိုင်တစ်လုံးကိုဆွဲယူကာ သူ့ဘေးတွင်ထိုင်လိုက်ပြီး ဝမ်းနည်းစွာပြောလာသည်။
"မင်းရဲ့မွေးစားဖေဖေနဲ့ငါ နိုင်ငံခြားမှာနေလာတာ နှစ်တော်တော်ကြာနေပြီ၊ မင်းရဲ့ကောကောမှာ အမြဲတမ်း သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေရှိတယ်၊ သူကငါတို့ကို ဘာကိုမှသိပ်မပြောပြဘူး၊ ဒါကြောင့် မင်းကိုမေးမလို့၊ အဲဒါက..."
ကျိစစ်ယောင်က အနည်းငယ် ရှက်ရွံ့နေပြီး ခဏကြာအောင်တုန့်ဆိုင်းနေခဲ့သည်။ ပြီးနောက် သူမကဆက်ပြောသည်။
"သူကြိုက်နေတဲ့လူတစ်ယောက်ယောက်များရှိလား"
ဝမ်မင်ယီ ခေါင်းခါပြလိုက်သည်။
"မရှိပါဘူး "
ကျန်းဇီမော့ကိုထည့်မတွက်ဘူး။ ကျန်းဇီမော့ကသာ သူ့ကောကိုကြိုက်နေတာလေ။ သူ့ကောက ဝမ်မင်ယီရောက်လာပြီး ကျန်းဇီမော့ကိုမလုပ်ကြံသေးခင်ထဲက သူ့ကိုလက်မခံသေးပါဘူးနော်။
"ဒါဆို မင်းရဲ့ကောက ယောက်ျားလေးတွေကိုကြိုက်တာလား၊ မိန်းကလေးတွေကိုကြိုက်တာလားဆိုတာရောသိလား"
"ယောက်ျားတွေ"
ဝမ်မင်ယီ အမှန်အတိုင်းပြောလိုက်သည်။
သူကကျိစစ်ယောင်ကိုကြည့်ကာ နှလုံးသားထဲမှအော်ဟစ်လိုက်သည်။
"လက်လျော့လိုက်ပါတော့ မွေးစားမေမေရေ၊ မွေးစားမေမေ့သူငယ်ချင်းရဲ့သမီးဆိုတာလည မဖြစ်နိုင်ပါဘူးနော်၊ သူငယ်ချင်းရဲ့သားဆိုရင်မှ အခွင့်အရေးရှိဦးမယ်"
ကျားမကွဲပြားနေရင် ချစ်သွားဖို့မဖြစ်နိုင်ပါဘူးတဲ့ဗျာ!
ကျိစစ်ယောင် သက်ပြင်းချကာ ထပ်မေးလိုက်သည်။
"ဒါပေမယ့် သူတစ်ခါမှ မချိန်းတွေ့ဖူးဘူးလေ၊ သူမသေချာတာလည်းဖြစ်နိုင်တာပဲ၊ မိန်းကလေးတွေကိုလည်း ကြိုက်နိုင်တာပဲ၊ ကြည့်ရတာ မတိုင်ခင်က သင့်တော်တဲ့တစ်ယောက်နဲ့ မတွေ့သေးလို့နေမှာ"
ဝမ်မင်ယီ : "..."
'လိင်တူလိင်ကွဲနှစ်မျိုးလုံးသဘောကျတဲ့လူလား'
"မဖြစ်နိုင်ဘူး"
သူကတိုးတိုးလေးပြောလိုက်သည်။
"အဲဒါက ပြောဖို့ခက်တယ်"
ကျိစစ်ယောင်မှာ သူမရဲ့ကိုယ်ပိုင်အိုင်ဒီယာရှိနေတာ သေချာနေသည်။
"ဘာကိုဆိုလိုတာလဲ"
ဝမ်မင်ယီ ရှုပ်ထွေးစွာမေးလိုက်သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်
Gongနဲ့Shouက သွေးသားတော်စပ်မှုမရှိပါဘူးနော်၊ အိမ်နီးချင်းကောကောနဲ့ အိမ်နီးချင်းတိတိလေးပါ၊ ယဉ်ကျေးသမှုနဲ့ ကောလို့ခေါ်တာပါ။
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်
စာရေးသူက Gong နဲ့ Shou ကို ညီအစ်ကိုတွေလို့ မှား ထင်နေကြမှာကို ကြောက်နေပုံပါပဲ အပိုင်းတိုင်းမှာ အဲ့ဒီ A/N လေးထည့်ထားပါတယ်