အပိုင်း ၁၀၁၉
Viewers 62k

အခန်း ၁၀၁၉

ဟင်းချိုပျစ်ပျစ် တစ်ငုံစာနှင့် ဘဲကင် တစ်ကိုက်စာ


" ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး ..."


ပုဖန် ထိုသို့ ပြောလိုက်သည့်အခါ အားလုံးအကြည့်များ ဖလှယ်နေကြသည်။


သူတို့ဘယ်လို စားရမှာလဲ ... စွပ်ပြုတ်ရည်သောက်ပြီးမှ ဘဲသားစားရမလား ...


မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ပုဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။


" ကောင်းပြီလေ ဘယ်လိုစားရတယ်ဆိုတာ ပြပေးမယ် အာရုံစိုက်ကြပါ ... ဒါက ဘဲကင်စားရတဲ့ နည်းလမ်းပဲ ..."


လူအုပ်ကြီး အံ့ဩသွားပြန်သည်။

ဘဲကင်စားဖို့ အာရုံစိုက်စရာ လိုသေးတာလား ...


သို့သော် သူတို့တွင် အများကြီး တွေးတောနေရန် အချိန်မရှိပေ။


လယ်ယာမြေရှိ စိတ်ဝိညာဉ်ဂျုံများမှ ရရှိသော ဂျုံမှုန့်ကို အသုံးပြု၍ ပြုလုပ်ထားသော ကော်ပြန့်ဖတ် တစ်ခုကိုယူလိုက်သည်။ ၎င်းတွင် ဝိညာဉ်စွမ်းအင်များ အလျှံအပယ် ဖြစ်နေသည်။ 


နူးညံ့နေသော ကော်ပြန့်ဖတ်များမှာ ပါးလွှာ၍ ပူနွေးနေသည်။ သူ၏ လက်ဖဝါးပေါ် ဖြန့်လိုက်သည့်အခါ လက်တစ်ခုလုံး နွေးသွားသည်။ တစ်စုံတစ်ယောက်၏ အသားရည်ကို ဖြည်းညှင်းစွာ ပွတ်ပေးနေသကဲ့သို့ ခံစားရသည်။ 


ပုဖန်ကို အားလုံး မျှော်လင့်တကြီး ကြည့်နေကြသည်။ 


ကော်ပြန့်ဖတ်ကို လက်တစ်ဖက်တွင်ကိုင်၍ အခြားလက်တစ်ဖက်က တူကိုကိုင်ပြီး စိတ်ဝိညာဉ်အသီးအရွက်များကို လှီးဖြတ်၍ ထည့်လိုက်သည်။


ထို့နောက် အရောင်တောက်ပနေသော ဘဲကင်ကို ယူပြီး အသီးအရွက်များပေါ်သို့ တင်လိုက်သည်။ ထို့နောက် ကြက်သွန်မြိတ်အနည်းငယ် ထည့်လိုက်သည်။


ထို့နောက် တူကိုယူ၍ နူးညံ့သော ကော်ပြန့်ဖတ်များ၏ ထောင့်များကို ကပ်လိုက်သောအခါ အလိပ်တစ်ခု ဖြစ်သွားသည်။


ထို့နောက် အတွင်းတွင်ဘဲကင်ရှိသော အလိပ်ကို တူဖြင့်ယူပြီး အစောပိုင်းက ပြင်ဆင်ထားသည့် ငရုတ်နှစ်များထဲ ထည့်လိုက်သည်။


ပုဖန် ထိုငရုတ်နှစ်ကို အထူးတလည် ရောစပ်ထားခြင်းဖြစ်သည်။ ဘဲကင်စားသောအခါ ကင်ထားသောဘဲအသား နူးညံ့သော ကော်ပြန့်ဖတ်နှင့် ငရုတ်နှစ်တို့၏ အရသာကို အတူတကွ ခံစားနိုင်ရမည်။


ဤအစိတ်အပိုင်းတစ်ခုစီတိုင်းကို ခွဲခြား၍ မရပေ။ တစ်စုံတစ်ခု မရှိပါက ဤကောင်းမွန်သော အစားအစာကို အထွဋ်အထိပ်ရောက်အောင် မခံစားနိုင်ပေ။ 


အနီရောင်ငရုတ်နှစ်ထဲသို့ ထိုအလိပ်ကို နှစ်ပြီးနောက် ပုဖန် ပါးစပ်ထဲ ထည့်လိုက်သည်။


" အိုး ..."


နူးညံ့သော ကော်ပြန့်လိပ်ကို ပါးစပ်ထဲ ထည့်ပြီးနောက် စတင် ဝါးလိုက်သည်။


ထိုအလိပ်ထဲသို့ သူ၏သွား နစ်ဝင်သွားသည်နှင့် ကော်ပြန့်ဖတ်၏ တုံ့ပြန်မှုက သူ့အား အရူးအမူး ဖြစ်သွားစေသည်။


ဘဲကင်၏ ခပ်ပျစ်ပျစ် စွပ်ပြုတ်ရည်နှင့် ပူစပ်စပ်ငရုတ်နှစ်တို့ကိုဖြင့် ပေါင်းစပ်ထားသောကြောင့် ငရုတ်နှစ်၏ အရသာ ပေါက်ကွဲထွက်လာသည်။ 


စပ်သည့် အရသာ ပျက်ပြယ်သွားသည်။ အလွန်မစပ်တော့သော်လည်း လူများမမေ့နိုင်မည့် အရသာမျိုးပင်။


ဝှစ် ဝှစ် ...


နူးညံ့သော ကော်ပြန့်ဖက် ပြေကျသွားသည်။ စိတ်ဝိညာဉ်အသီးအရွက်များမှာ ကြွတ်‌ဆတ်နေပြီး ဘဲကင်၏အရသာ ပေါ်ထွက်လာသည်။


ချက်ချင်းပင် ဘဲသားထဲမှ အရည်ရွှမ်းသော အဆီများ ထွက်လာသည်။ ၎င်းမှာ ထူထဲပြီး ချိုမြနေသည့်အတွက် လူများကို ကျေနပ်အားရစွာ ငေးကြည့်နေမိစေသည်။


ဂလု ...


ဘဲအသားလိပ်ကို ပုဖန် မျိုချလိုက်သည်ကို တွေ့သောအခါ အားလုံး မထိန်းနိုင်ပဲ မျက်လုံးများပြူး၍ တံတွေးမျိုချမိကြသည်။


ကြည့်ရတာ အရမ်းအရသာ ရှိမယ့်ပုံပဲ ...


" အားလုံး သုံးဆောင်ကြပါဦး ..."


ပုဖန် ဝါးနေလျက် ပြောလိုက်သည်။


သူ စကားပြောလိုက်သည့်အချိန်တွင် ထူထဲသော အဆီအနှစ်များနှင့် မသေမျိုးစွမ်းအင်များ ချက်ချင်းပင် ပါးစပ်ထဲမှ အငွေ့များအဖြစ် ထွက်ပေါ်လာသည်။


" နားမလည်ကြဘူးလား နောက်တစ်ခါ လုပ်ပြရဦးမှာလား ..."


ပုဖန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ 


နောက်ဆုံးတွင် အားလုံး အကြည့်များလွှဲ၍ ပုဖန်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။ သူတို့၏လက်များ လှုပ်ရှားလာသည်။


ပုဖန် လုပ်သည့်အတိုင်း နူးညံ့သည့် ‌ကော်ပြန့်ဖက်ကို ယူ၍ လက်ထဲထည့်ပြီး အသီးအရွက်များကို အပေါ်တွင် ဂရုတစိုက် တင်လိုက်သည်။


ထို့နောက် ပုဖန် ဖြတ်တောက်ထားသော တောက်ပနေသည့် ဘဲကင်တစ်တုံးကိုယူလိုက်သည်။ ဟင်းသီးဟင်းရွက်များ အပေါ်မှတင်ပြီး ကော်ပြန့်ဖက်များဖြင့် လိပ်လိုက်သည်။


ထို့နောက် ထိုအလိပ်ကို ငရုတ်နှစ်ထဲ စိမ်လိုက်သည်။


ထိုဘဲကင်လိပ်ကို ပါးစပ်ထဲမထည့်မီ နှုတ်ခမ်းများသပ်လိုက်သည်။ 


ဝါးလိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ ချက်ချင်း ပြောင်းလဲသွားသည်။ 


ငရုတ်နှစ်က တကယ့်ကို တစ်ခုခုပဲ...


" ဒီ ခံစားချက်က ... ဒါက အသူရာချောက်နက်ကြီးရဲ့ ရနံ့ပဲ ..."


ကျင်းကျောင်း ကြက်သီးထသွားသည်။ သူ၏နှုတ်ခမ်းနှင့် ကြွက်သားများအားလုံး လှုပ်ခါနေသည်။


နူးညံ့သော ကော်ပြန့်ဖက်ကို ဝါးပြီး အတွင်းမှ ဘဲကင်ကို အရသာခံလိုက်သည်။


နူးညံ့သော အရောင်အဆင်းနှင့် အရသာရှိသော ဘဲကင်က ကျင်းကျောင်း၏ မျက်လုံးများကို ဝေဝါးသွားစေသည်။ 


ဂျွတ် ဂျွတ် ...


ကျင်းကျောင်း အဆက်မပြတ်ဝါးပြီး မျိုချလိုက်သည်။ ထို့နောက် စွပ်ပြုတ်ပူပူ တစ်ငုံစာ သောက်လိုက်သည်။ သူ၏မျက်လုံးများမှိတ်ပြီး တလက်လက်တောက်နေသော မျက်ရည်များ ကျဆင်းလာသည်။


" အရမ်း ခံစားသွားရတယ် ... ပြီးပြည့်စုံတဲ့ အရသာပဲ အသားရဲ့ ရနံ့က မွှေးကြိုင်နေပြီး မမေ့နိုင်တဲ့ ချောက်နက်ကြီးရဲ့ အော်ရာလိုပဲ ... အရမ်း အရသာရှိတယ် ..."


ကုန်းရှို့ပန်လည်း ဘဲသားကို ကော်ပြန့်ဖတ်ဖြင့်လိပ်ပြီး ငရုတ်ရည်ထဲ နှစ်ပြီးနောက် ပါးစပ်ထဲ ထည့်လိုက်သည်။


သူ၏ အချက်အပြုတ်စွမ်းရည်က ပုဖန်ထက် အားမနည်းဟု သူအမြဲတမ်း ထင်ခဲ့မိသည်။ ကြာပန်းအမွေအနှစ်နယ်မြေတွင် အမွေအနှစ်ကို ထုတ်ယူစဉ်က ထုံယော့၏ အကောက်ကြံမှု့ကြောင့် ကျရှုံးခဲ့ရသည်။


ထိုတိုက်ပွဲတွင် သူ၏တို့ဟူးဟင်းလျာကို ပုဖန်၏ မာပိုတို့ဟူးက အမှန်တကယ် မချေမှုန်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူရှုံးသည်ဟု အမှန်တကယ် လက်မခံခဲ့ပေ။


ဤတစ်ကြိမ် ပုဖန်၏ အစားအသောက်ကို သူကြုံတွေ့လိုက်ရသည်။


ဝှစ် ...


ဘာ ...


ပထမတစ်ကိုက်နှင့်ပင် သူ၏ ဦးနှောက်ထဲသို့ ကြယ်ပျံတစ်စင်း ဖြတ်သန်းသွားသကဲ့သို့ ကုန်းရှို့ပန်၏တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်သွားသည်။ 


" ထူးကဲလိုက်တာ ... အရမ်း အရသာရှိတာပဲ ..."


ကုန်းရှို့ပန် ၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ဖြစ်နေသည်။  


ဒီဟင်းမှာ လူတွေရဲ့ နှလုံးသားကို ထိမိသွားစေတဲ့ အရသာတစ်ခု ရှိတယ် ...


ကော်ပြန့်ဖက်ရဲ့ နွေးထွေးမှုနဲ့ နူးညံ့မှု ရနံ့မွှေးတဲ့ဘဲကင် ကြွတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အထူးသဖြင့် ငရုတ်နှစ်ရဲ့ အရသာက လူတွေကို နစ်မြုပ်သွားစေတယ် ...


ကော်ပြန့်ဖက်မှာ နူးညံ့သော်လည်း သူတို့၏ လည်ချောင်း ထဲတွင် ကျည်ဆန်များ ပေါက်ကွဲနေသကဲ့သို့ စွမ်းအင်တစ်မျိုးဖြင့် ဖုံးအုပ်ထားသည်။ မေ့ပျောက်ရန် ခက်ခဲသော ခံစားချက်တစ်မျိုးပင်။


သို့သော် အကောင်းဆုံးအပိုင်းမှာ ဘဲကင်ဖြစ်သည်။ မီးကိုထိန်းညှိခြင်းမှာ ပြီးပြည့်စုံပြီး အရေခွံမှာ ကြွတ်ဆတ်နေသော်လည်း နူးညံ့မှုလည်း ရှိနေသည်။ ဘဲကင်၏ အစိတ်အပိုင်းအားလုံးမှာ အထွဋ်အထိပ်တွင် ပွင့်လန်းနေသည်။


" ပြီးပြည့်စုံလိုက်တာ ... ပြီးပြည့်စုံတယ်" ဆိုတဲ့ စကားလုံးတစ်ခုနဲ့ပဲ ဖော်ပြလို့ရတယ် ... မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးခဲ့တဲ့ ဟင်းလျာဆိုတာ ဒါမျိုးပဲ မယုံကြည်နိုင်စရာ ကောင်းလိုက်တာ ..."


ကုန်းရှို့ပန်၏ မျက်နှာတွင် မယုံကြည်မှုနှင့် လေးစားမှုမျာဖြင့် ပြည့်နှက်နေသည်။ ဤဟင်းလျာတွင် မသေမျိုးစွမ်းအင်များ သိပ်သည်းစွာ မပါဝင်သော်ကြောင့် အဆင့်မြင့် ဟင်းလျာမဟုတ်ပေ။


သို့ရာတွင် ...


အလွန်ပြောင်မြောက်ပြီး ပါဝင်ပစ္စည်းအားလုံးမှာ ပြီးပြည့်စုံစွာ အနာအဆာကင်သောကြောင့် ၎င်း၏ အရသာမှာ ဟင်းလျာများစွာကို ကျော်လွှားနိုင်သည်။ 


ကုန်းရှို့ပန် သက်ပြင်းချလိုက်သည်။ သူ၏မျက်နှာတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။


ထိုအချိန် တခြားသူများ၏ မျက်နှာတွင်လည်း ထိုသို့ပင်။ 


နယ်ပယ်သခင်တိထိုက် စူးစမ်းချင်နေမိသည်။


ဤသို့ စားပုံစားနည်းကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင်တစ်ဦး အနေဖြင့် အရသာများနှင့် ပါဝင်ပစ္စည်းများကို မည်သို့ ပေါင်းစပ်ရမည်ကို သူ သိသည်။ သို့သော်လည်း ‌ဤပေါင်းစပ်မှုမှာ စိတ်ဝင်စားစရာပင်။


ဘဲကင်၏ အပူချိန် ထိန်းညှိမှုမှာ ထူးကဲကောင်းမွန်လှသည်။ အမှန်တကယ်တွင် ဤလုပ်ငန်းစဉ် တစ်ခုလုံးကို သေသေချာချာ စေ့စေ့စပ်စပ် လုပ်ဆောင်ခဲ့ပြီး အဆင့်တိုင်းကို တိကျစွာ ဂရုတစိုက်လုပ်ဆောင်ခဲ့သည်ကို သိရှိနိုင်သည်။


နူးညံ့သော ကော်ပြန့်ဖက်တွင် ပေါက်ကွဲစေတတ်သော စွမ်းအင်ကို သိုလှောင်ထားသောကြောင့် နယ်ပယ်သခင်တိထိုက်၏ မျက်ခုံးမွှေးများကို မြင့်တက်သွားစေသည်။ ထင်ရှားသည်မှာ ဤ ဂျုံနယ်ခြင်းနည်းစနစ်မှာ အနည်းငယ် ထူးဆန်းနေသည်။


သူဝါးပြီး မျိုချလိုက်သည်။


‌အဆုံးတွင် နယ်ပယ်သခင်တိထိုက် ပြုံးလိုက်သည်။

" မဆိုးပါဘူး ..."


သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်နှင့်

ဝတ်ရုံရှည်ကြီးတစ်ခု ပေါ်လာပြီး သူ၏ကိုယ်ကို ဖုံးအုပ်လ်ုက်သည်။


ထို့နောက် ဘဲကင်လိပ်တစ်ခုကို ပါးစပ်ထဲ ထပ်ထည့်လိုက်သည်။ စွပ်ပြုတ်ပူပူကို သောက်လိုက်သည့်အခါ ပါးစပ်မှ အငွေ့များ ထွက်လာသည်။


" ဝိုး ... အရမ်းအရသာရှိတာပဲ ..."


နယ်ပယ်သခင်၏ မျက်လုံးများ အရောင်တောက်လာပြီး စားပွဲခုံကို ထုရိုက်လိုက်သည်။


သူ အားလုံးကို လန့်သွားစေသည်။


ထို့နောက် ...


ဝှစ် ...


သူ ယခုလေးတင် ဝတ်ဆင်ထားသည့် ဝတ်ရုံကြီးကို ဆုတ်ဖြဲလိုက်သည်။


" ဒီလို အရသာရှိတဲ့ အစားအစာမျိုးက ငါ့ရဲ့ ဝတ်ရုံကို ဆုတ်ဖြဲ‌ပစ်ဖို့ ထိုက်တန်လွန်းတယ် ဒီဟင်းလျာက ငါ့ရဲ့ အဖော်အချွတ် အနုပညာကို မြှင့်တင်ပေးနေတာပဲ ..."


လူအားလုံး တအံ့တဩ ဖြစ်ကုန်သည်။ ရူးနေသော နယ်ပယ်သခင်ကိုကြည့်၍ အားလုံးဆွံ့အကုန်ကြသည်။ 


ကုန်းရှို့ပိုင်ကွမ်းနှင့် နယ်ပယ်သခင်တို့ ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ စားလက်စ ဘဲကင်များပင် သီးကုန်ကြသည်။ 


သောက်ဂွပဲ ... နယ်ပယ်သခင်က တကယ့်နှာဘူးကြီး ...


သို့သော် ပုဖန် အခြားလူများကို စိတ်ထဲတွင် မရှိပဲ နယ်သာရီ့ကိုသာ ကြည့်နေသည်။ 


ပထမအချက် အနေဖြင့် စနစ်၏ မစ်ရှင်ကို ပြီးမြောက်ရန်အတွက် ဤဟင်းလျာကို လိုအပ်သည်။ ဒုတိယအချက် နယ်သာရီ၏ ခန္ဓာကိုယ်မှ ကျိန်စာများကို နှိမ်နင်းနိုင်ကြောင်း သက်သေပြရမည်။


ယို့ကျီး ပုဖန်ကို ကြည့်လိုက်သည်။ ထို့နောက် ပုဖန်၏ နည်းလမ်းကဲ့သို့ ဘဲကင်ကို လိပ်လိုက်သည်။


" ကလေးမလေး ဒီမှာစားလိုက်ဦး ..."


ယို့ကျီး နယ်သာရီကို ပြောလိုက်သည်။


" အိုး ... ဘေဘီ ကိုယ်လည်းတစ်ခု လိုချင်တယ် ..."


ယင်ကျောင်း အရူးအမူးဖြစ်နေသော မျက်နှာဖြင့် လျှောက်လာသည်။


သို့သော် ယို့ကျီးက ဓားပြားကြီးနှင့်သာ ဖြတ်ရိုက်ပြီး တုံ့ပြန်လိုက်သည်။


အုန်း ...


ယင်ကျောင်း မိုးပေါ်မြောက်သွားပြီး စားသောက်ဆိုင် တံခါးနှင့်တိုက်မိကာ ညှပ်နေသည်။


ယခု နေရာလွတ်ရှိသွားပြီဖြစ်၍ ကြောင်ကဲသို့ သိမ်မွေ့သော ခြေလှမ်းများထြင့် ခွေးဘုရင် လှမ်းလာသည်။ သူသည်လည်း အရသာရှိသော ဘဲကင်ကို မြည်းစမ်းချင်နေသည်။


နဂါးနံရိုးချိုချဉ်ကဲ့သို့ မကောင်းလောက်သော်လည်း ပုဖန်၏ ဟင်းလျာဖြစ်သည့်အတွက် ခွေးဘုရင် စားမှဖြစ်မည်။


နယ်သာရီ သူမပါးစပ်ထဲသို့ ဘဲကင်လိပ်ထည့်ပြီး ဝါးလိုက်သည်။ 


ယို့ကျီးနှင့်ပုဖန် သူမကို ဂရုတစိုက် စူးစမ်းနေသည်။


နယ်သာရီ၏ ပါးများပြည့်ဖောင်းနေပြီး အစားအစာကို မဝါးနိုင်သကဲ့သို့ ဖြစ်နေသညိ။ ထို့နောက် ခဏအကြာတွင် သူမ ပို၍မြန်ဆန်စွာ ဝါးလိုက်သည်။


သူမ မျက်လုံးများ အရောင်တောက်သွားသည်။


" အရသာ ရှိလိုက်တာ ..."


သူမနှုတ်ခမ်းများ ဖွင့်ဟ၍ ဝါးနေလျက် ပြောလိုက်သည်။ ချက်ချင်းပင် ထူထဲသော အဆီအနှစ်နှင့် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။


နယ်သာရီ ထိတ်လန့်သွားသည်။ သူမ ထိုအငွေ့များကို ချက်ချင်းစုပ်ယူပြီး ပါးစပ်ကို အုပ်ထားလိုက်သည်။


ဂျွတ် ဂျွတ် ...


ယခုအချိန် စားသောက်ဆိုင်ထဲတွင် ကြားနေရသည့် တစ်ခုတည်းသောအသံမှာ တဂျွတ်ဂျွတ် ဝါးနေသံများပင် ဖြစ်သည်။


ခွေးဘုရင် သူ၏လက်ဖဝါးဖြင့် ဘဲကင်လိပ်ကို ပြုလုပ်ပြီး ငရုတ်နှစ်ထဲတွင်စိမ်ကာ ပါးစပ်ထဲ ကျေနပ်အားရစွာ ထည့်လိုက်သည်။ 


သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှစ်သက်အားရစွာ ဝါးစားလိုက်သည်။


ဂလု ဂလု ...


နယ်သာရီ စွပ်ပြုတ်ပူပူကို မျိုချလိုက်သည်။


ယို့ကျီး သက်ပြင်းချလိုက်သည်။ ပုဖန်ကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။ 


" မင်းရဲ့ဟင်းလျာတွေက ငါ့ညီမလေးရဲ့ ကျိန်စာကို နှိမ်နင်းနိုင်လား ကြည့်ရသေးတာပေါ့ ..."


ပုဖန် အလေးအနက် ဖြစ်သွားသည်။


" ကျုပ်တို့ ကျိန်စာကို ကြည့်လို့ရမလား ..."


" ရတာပေါ့ ... "


ယို့ကျီး ဖြေလိုက်သည်။


ခဏအကြာတွင် လှည့်‌ပတ်နေသော ငရဲစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ပုံစံတစ်ခု သူမလက်ထဲတွင် ထွက်ပေါ်လာသည်။


ထိုပုံစံလေးမှာ သေးငယ်ပြီး သူမလက်ဖဝါး တစ်ဝက်ခန့်သာရှိသည်။


ယို့ကျီးသူမလက်ကို ကိုက်လိုက်သောအခါ ချက်ချင်းပင် ထိုပုံစံလေး လေထဲမြောက်တက်သွားသည်ာ။ ထို့နောက် သူမ ထိုပုံစံကို နယ်သာရီဆီသို့ တွန်းလိုက်သည်။


ထိုပုံစံ နီးကပ်လာသည်နှင့် ပုဖန် မျက်မှောင်ကြုတ်လာသည်။


ထိုပုံစံ နယ်သာရီ့ဆီသို့ နီးကပ်လာသည်နှင့် အစိမ်းရောင်အစက်အပြောက်များ ထွက်ပေါ်လာပြီး သူမနားတွင် ဝဲနေသည်။


ထိုအစိမ်းရောင် အလင်းတန်းများ မြွေငယ်များအဖြစ် ပြောင်းလဲသွားပြီး နယ်သာရီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။


" အယ် ..." 


ကိုယ်လုံးတီး နယ်ပယ်သခင်လည်း နယ်သာရီကို မြင်လိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။


" နှိမ်နင်းနိုင်တယ်လို့ ထင်ရတယ် ..."


နယ်ပယ်သခင်တိထိုက် မယုံကြည်နိုင်ပေ။ 

ဒါဆို သူ့ရဲ့ အရင်က ဆန်းစစ်မှုကြီးအကြောင်း ပြောမိတာ ငပေါကြီးလို ဖြစ်သွားတာပေါ့ ...


ပုဖန်၏ ဟင်းလျာမှ အဆီအနှစ်နှင့် စွမ်းအင်များက နယ်သာရီ၏ ကျိန်စာကို မကျော်လွှားနိုင်ဟု ယခင်က သူပြောခဲ့သည်။


ဒါပေမဲ့ ကြည့်ရတာ ဒီကျိန်စာမြွေတွေကို ကြည့်ရတာ အိပ်နေသလိုပဲ ...


ဒီစားဖိုမှူးငယ်လေးရဲ့ အစားအစာက တကယ်ပဲ ကျိန်စာကို နှိမ်နင်းနိုင်တာလား ...ဒီဟင်းလျာမှာ သူမသိတဲ့ ဒြပ်စင်တွေများ ပါနေတာလား ...


နယ်သာရီ၏ကျိန်စာများကို အမှန်တကယ် ဖိနှိပ်နိုင်ခဲ့သည်။ သို့မဟုတ်ပါက ထိုမြွေများ အဆက်မပြတ် လှုပ်ရှားရုန်းကန်နေပြီး ကျိန်စာစွမ်းအားများ ထုတ်လွှတ်နေမည်ဖြစ်သည်။ သူတို့က နယ်သာရီ၏ ခန္ဓာကိုယ်ကို တိုက်စားသွားပြီး သူမ၏စိတ်ဝိညာဉ်ကို နာကျင်စေမည် ဖြစ်သည်။  


" တကယ်ကို နှိမ်နင်းနိုင်တာပဲ ..."


ထိုကဲ့သို့မြင်ကွင်းကို ပုဖန် ပထမဆုံး မြင်ဖူးသည့်အတွက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။


နယ်သာရီ၏က်ိုယ်တွင် ကြောက်မက်ဖွယ် ကျိန်စာကြီး ရှိနေမည်ဟု စိတ်ပင်မကူးခဲ့ပေ။


" ဒါက သာမန် ကျိန်စာမဟုတ်ဖူး ... မင်းမမြင်နိုင်တဲ့ အထူးနည်းလမ်းတွေရှိတယ် ..."

ယို့ကျီး ပြောလိုက်သည်။


ပုဖန် မျက်မှောင်ကြုတ်သွားသည်။

" အဲ့ဒီကျိန်စာကို နယ်သာရီ ဘယ်လိုရလာတာလဲ ..."


နယ်သာရီ သူမ၏ကျိန်စာကြောင့် နှင်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒါပေမဲ့ အဲ့ကျိန်စာကို ဘယ်လို ရလာတာလဲ ...


မွေးတည်းက ပါလာတာများလား ...


သို့သော် ပုဖန် ထိုကိစ္စကို မေးမည့်အချိန်တွင် ယို့ကျီး သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ သူမ မျက်နှာ ပြောင်းလဲသွားပြန်သည်။


" ဒီကျိန်စာ ဘယ်ကရလာတာလဲ မင်းသိစရာ မလိုပါဘူး ... ငါ့ညီမလေးကို မင်းကို မှီခိုနေရတာ တခြားကိစ္စတွေ မတွေးပါနဲ့ သူမခန္ဓာကိုယ်က ကျိန်စာကိုပဲ ဆက်ပြီး နှိမ်နင်းပေးနေပါ... တစ်နေ့ကျရင် ငါ့ရဲ့ဓားကိုသုံးပြီး သူမကျိန်စာရဲ့ အရင်းမြစ်ကို ဖြတ်တောက်ပြီး သူမကို လွတ်လပ်ခွင့်ပေးမယ် ..."

ယို့ကျီး ပြောလိုက်သည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ ထပ်မံ သိချင်သေးသည်။ 


ထိုအချိန်တွင် ခွေးဘုရင်၏ ညင်သာ၍ ဆွဲငင်မှုရှိသောအသံက ကြားဝင်လိုက်သည်။


" ကောင်လေးပုဖန် ခွေးဘုရင် ပေါင်သားစားချင်တယ်... ပေါင်သားတစ်ပိုင်း ပေးလို့ ရမလား ..."


ပုဖန် အံ့အားသင့်သွားသည်။ ခွေးဘုရင်ကို ကြည့်လိုက်သောအခါ သု့အား ထိုကိစ္စကို မမေးမြန်းရန် အချက်ပြနေသည်။


ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။


ရုတ်တရက် ခွေးဘုရင်၏ မျက်လုံးများ လှုပ်ရှားသွားပြီး စားသောက်ဆိုင်၏ အပြင်ဘက်ကို စိုက်ကြည့်နေသည်။


သူ၏ နှုတ်ခမ်းထောင့်များက မဲ့ပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ 


" ကောင်လေးပုဖန် ငါ့အတွက် ဘဲပေါင်ကို ပြင်ပေးထားပါ ပြဿနာနည်းနည်းဖြေရှင်းဖို့ အပြင်ထွက်လိုက်ဦးမယ် ခဏနေရင် ပြန်လာမယ် ..."