အပိုင်း ၁၀၂၆
Viewers 53k

အခန်း ၁၀၂၆

ငါးယောက် တစ်ယောက် လျှပ်စစ်နဂါးများဖြင့် ပစ်ခတ်ကြခြင်း


" စားဖိုမှူးစိန်ခေါ်ပွဲလား ..."


" စိတ်ကြီးဝင်နေတာပဲ ..."


" မင်းတစ်ယောက်တည်း ငါတို့ ငါးယောက်နဲ့ ပြိုင်မှာလား ... ဟာသတွေ မပြောစမ်းနဲ့ ...


ပုဖန်၏ စကားလုံးများမှာ တိတ်ဆိတ်နေသော ရေကန်ထဲသို့ ပစ်ချခံရသည့် ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ဖြစ်သွားသည်။


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ အချင်းချင်း ထိတ်လန့်စွာ ကြည့်နေကြသည်။


ဤပထမအလွှာမှ စားဖိုမှူးကို သတ္တိရှိလိမ့်မည်ဟု မထင်ထားကြပေ။ မမျှော်လင့်စွာနှင့် သူ၏မျက်နှာတွင် ကြောက်လန့်မှု အစအနပင် ရှိမနေချေ။


ထိုမျှသာမက စားဖိုမှူးစိန်ခေါ်ပွဲဟု ခေါ်သည်ကိုပင် အကြံပြုလာသည်။


" မင်းက သေချင်နေတာပဲ ... စားဖိုမှူး မလုပ်ချင်တော့ဘူးလား ..." 


သူတို့၏မျက်နှာများတွင် အမျက်ဒေါသများကို မြင်နေရသည်။ ပုဖန်၏စကားများနှင့် အကျင့်စရိုက်က သူတို့ကို ကန့်သတ်ချက်ရောက်အောင် တွန်းပို့နေသည်။


ထုံရွှေ ကမူ အံ့ဩလွန်း၍ ဘာ‌ပြောရမည်မသိ ဖြစ်နေသည်။ ပုဖုန်ထိုမျှ ယုံကြည်ချက် ရှိလိမ့်မည်ဟု သူမထင်ထားပေ။ 

သူက တကယ်ပဲ အဲ့လောက်တောင် သန်မာတာလား...


စားဖိုမှူးစိန်ခေါ်ပွဲတွင် ရှုံးနိမ့်သူများမှ အနိုင်ရသူများကို မီးဖိုချောင်သုံးဓားများ လက်လွှဲပေးရမည် ဖြစ်သည်။


ထိုကိစ္စမှာ အနည်းငယ် အကြင်နာမဲ့သည်။ မသေမျိုးစားဖိုမှူးတိုင်းတွင် သူတို့၏ မီးဖိုချောင်သုံးဓားများအပေါ် တုနှိုင်းမရသည့် မေတ္တာများရှိကြသည်။ ထိုဓားများက သူတို့၏ လက်မောင်းကို တိုးချဲ့ထားသကဲ့သို့ပင်။


အကယ်၍ ရှုံးသွားပါက သူတို့၏လက်မောင်းကို အနိုင်ရသူထံ ပေးလိုက်ရသည်နှင့် တူနေသည်။


ဒါက ...


" မင်းက သေချင်နေတာပဲ ...

ဒုတိယအဆင့် မသေမျိုးစားဖိုမှူး ဒေါသတကြီး ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ စစ်မှန်စွမ်းအင်များ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာသည်။


" ဒီလိုဆိုရင်တော့ ငါတို့ မင်းကို ကောင်းကောင်းပြုမူနေထိုင်တတ်ဖို့ သင်ပေးရတော့မှာပဲ ... အဲ့တာမှ ကွာဟချက် ဘယ်လောက်ကြီးမားတယ် ဆိုတာကို

နားလည်သွားမှာ ..."


သူတို့ အမြဲ‌တစေ ပထမအလွှာမှ စားဖိုမှူးများကို အထင်သေးခဲ့ကြသည်။ ယခုတွင် သူတို့ထဲမှတစ်ယောက်က ၎င်းတို့ကို မထီမဲ့မြင် ပြုလာပြီဖြစ်သည်။


ယခုအချိန်ထိ မထိမဲ့မြင့် ပြုခဲ့ကြသူများမှာ သူတို့သာဖြစ်သည်။


အဲ့အမှိုက်ကောင်က တစ်ပုံစံတည်းပြန်ပြီး မထီမဲ့မြင်လုပ်တာကို ခံမယ်ထင်နေလား ...


ထိုအမှိုက်ကောင် အမှန်အကယ်ပင် ငါးယောက်တစ်ယောက် တိုက်ပွဲ လုပ်ရဲသည်အထိ စိတ်ကြီးဝင်နေသည်။ 


ငါတို့ကိုများ စက္ကူကျားရုပ်တွေလို့ ထင်နေလား ...


ဝီ ...


အားလုံး၏ရှေ့မှ မြင်ကွင်း ရုတ်တရက် လင်းလက်သွားသည်။ 


ထုံရွှေ မူလျှို့အာနှင့် ကလေးများ အဝေးသို့ တွန်းပို့ခံရပြီး မသေမျိုးစားဖိုမှူးအဖွဲ့ကို အဝေးမှကြည့်နေကြသည်။


ယခု ပုဖန်ကို မသေမျိုးစားဖိုမှူးငါးဦးမှ ဝန်းရံထားသည်။ 


ဝုန်း ဝုန်း ဝုန်း ...


ထိုငါးဦးမှ ၎င်းတို့၏ တောက်ပနေသော ကိုယ်ပိုင်မီးဖိုများကို ထုတ်လိုက်ကြသည်။


ဝှစ် ... 


နောက်ထပ် ထုတ်ယူလာသည်မှာ ဓားများဖြစ်ပြီး ၎င်းတို့တစ်ဝိုက်တွေ မသေမျိုးစွမ်းအင်များ ဝေ့ဝဲနေသည်ကို တွေ့နိုင်သည်။ 


ဤစားဖိုမှူးများသုံးသော မီးဖိုချောင်သုံးဓားများမှာ မသေမျိုးကိရိယာများ ဖြစ်သည်။ ပတ်ပတ်လည်ရှိ မသေမျိုးစွမ်းအင် ပမာဏကိုကြည့်၍ အလယ်အလတ်အဆင့် မသေမျိုးကိရိယာများဟု ပြောနိုင်သည်။


အဝေးတွင် ...


မူလျို့အာ၏ အကြည့်များတွင် စိုးရိမ်မှုတို့နှင့် ပြည့်နှက်နေသည်။ ထိုလူငါးဦး မည်သူဖြစ်သည်ကို သူမ သိသည်။ ၎င်းတို့သည် မြို့တော်သခင်ထံ မကြာသေးမီကမှ လာရောက်လည်ပတ်သည့် ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများဖြစ်သည်။


သူတို့၏ အချက်ပြုတ်စွမ်းရည်များကို သံသယဝင်ရန် မလိုပေ။ ထိုစားဖိုမှူးများမှာ မသေမျိုးစားဖိုမှူးပြိုင်ပွဲတွင် အဆင့်တစ်ရာအတွင်း ဝင်နိုင်သည်အထိ ယုံကြည်ချက်ရှိကြသူများ ဖြစ်သည်။


မူရှီးရှီး မူလျှို့အာ၏ လက်မောင်းထဲတွင် ရှိနေဆဲဖြစ်သည်။ သူမ ငယ်ရွယ်သော်လည်း ငတုံးမဟုတ်ပေ။ ပုဖန် တိုက်ပွဲတစ်ခုနှင့် အပြင်းအထန် ရင်ဆိုင်နေရကြောင်းသိသည်။ 


" လောင်ပု သူတို့ရဲ့ဖင်တွေကို သေအောင်ရိုက်ပစ် ..."


မူရှီးရှီး သူမလက်သီးများကို ဘောလုံးကဲ့သို့ ဆုပ်ထားလျက် အော်ပြောလိုက်သည်။


မူလျှို့အာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။


ဒီကလေးမလေး ကတော့ ...


ထိုအချိန်တွင် စားဖိုမှူးငါးဦးမှ ပုဖန်ကို အထင်အမြင်သေးစွာ ကြည့်နေသည်။


" စားဖိုမှူးစိန်ခေါ်ပွဲဟုတ်လား ... ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ် ..."


ပုဖန် အသက်ရှူထုတ်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား လက်ထဲတွင် ပေါ်လာသည်။


" ဒါဆိုရင်လည်း စားဖိုမှူးစိန်ခေါ်ပွဲကို စကြတာပေါ့ ..." 

ပုဖန် ပြောလိုက်သည်။


ပုဖန် ထိုသို့ပြောလိုက်သည်နှင့် သူတို့၏နှလုံးသားထဲကို မွှေနှောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ခေါင်းများကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။


မမြင်နိုင်သောစွမ်းအားတစ်ခု အထက်မှ ဖိအားများကို တွန်းပို့နေသညိ။ 


စားဖိုမှူးငါးယောက်လုံး၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ ဤ ခံစားချက်မှာ အနည်းငယ် ထူးဆန်းနေသည်။


ပုဖန် ထိုခံစားချက်ကို ရင်းနှီးနေသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 


သို့ရာတွင် ငါးယောက်နှင့်တစ်ယောက် ဤဖိအားမှာ မသေးငယ်ပေ။


နောက်ထပ် အတွေးတစ်ခုဖြင့် မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။


အဝေးတွင်လည်း စားဖိုမှူးငါးဦးမှ ပါဝင်ပစ္စည်းများကိုစတင်ထုတ်ယူနေသည်။


မီးဖိုပေါ်ရှိ ပါဝင်ပစ္စည်းများကို မသေမျိုးစွမ်းအင်များ လှည့်ပတ်နေသည်။


ခဏအကြာတွင် ဓားများ လေထဲတွင် ပျံ့လွင့်နေချိန်တွင် ဓါးအလင်းရောင်များ ထွက်ပေါ်လာသည်။


ပါဝင်ပစ္စည်းများသည်လည်း လေပေါ်တွင် မျောလွင့်နေသည်။


ချက်ချင်းပင် ထိုစားဖိုမှူးငါးဦးလုံး သူတို့၏ အချက်ပြုတ်စွမ်းရည်များကို ပြသကြသည်။ ရွေ့လျားနေစဉ် ၎င်းတို့၏ ခန္ဓာကိုယ်မှ ဖိအားလှိုင်းများ ထွက်ပေါ်လာသည်။


ထုံရွှေ၏ မျက်လုံးသူငယ်အိမ် ‌ကျဉ်းမြောင်းသွားသည်။ သူ၏ မျက်လုံးရှေ့မှ စားဖိုမှူးစိန်ခေါ်မှုက သူ့အား အံ့အားသင့်စေခဲ့သည်။


လေထုထဲတွင် ကြောက်မက်ဖွယ်ဖိအားများဖြင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပို၍ တုန်ယင်လာသည်။


" ကောင်းတယ် အရမ်းသန်မာကြတယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဒုတိယအလွှာက စားဖိုမှူးတွေ ဖြစ်ထိုက်ပါပေတယ် ..."


ဝုန်း ဝုန်း ဝုန်း ...


စားဖိုမှူးငါးယောက်၏ ဖိအားများ တစ်ဟုန်ထိုး ပြင်းထန်လာသောကြောင့် သူတို့၏ခေါင်းပေါ်တွင် အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူတို့၏ စွမ်းရည်များကို ခမ်းနားစွာ ပြသထားသောကြောင့် ထိုအရိပ်များသည် ကောင်းကင်ကို လျစ်လျူရှုထားပုံရသည်။


" ဒါဆို သူတို့စနေကြပြီပေါ့ ... ငါ့ကိုတော့ စိတ်မပျက်စေပါဘူး ..."


ပုဖန် ဖြည်းညှင်းစွာ အသက်ရှုထုတ်၍ ပြောလိုက်သည်။


အဆက်မပြတ် တောက်ပမှုများနှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားလက်ထဲတွင် ပတ်ချာလည်နေသည်။ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သွားကာ အနီးပတ်ဝန်းကျင်၏ ထောင့်တိုင်းကို လင်းထိန်နေစေသည်။


ကျယ်လောင်သော နဂါးကြီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားတွင် ရွှေရောင် တောက်ပလာသည်။


တစ်ချိန်တည်းမှာပင် အမျိုးမျိုးသောပါဝင်ပစ္စည်းများ သူ၏စနစ် သိုလှောင်မှုနေရာမှ ပျံထွက်လာသည်။


ဤ စားဖိုမှူးစိန်ခေါ်ပွဲတွင် အဓိကဆိုလိုရင်း မပါသောကြောင့် ချက်ပြုတ်ရမည့်ဟင်းလျာကို လွတ်လပ်စွာရွေးချယ်နိုင်သည်။ သေချာသည်မှာ တခြားတစ်ယောက်ကို အနိုင်ယူရန် သူတို့၏ အကောင်းဆုံး ဟင်းလျာကို ရွေးချယ်ကြလိမ့်မည်။


အမှန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ စားဖိုမှူးစိန်ခေါ်ပွဲမှာ ပြင်းထန်လှသည်။ စားဖိုမှူးများ ၎င်းတို့၏အမြင့်ဆုံးစွမ်းရည်ကို အသုံးပြုကာ တစ်ဦးနှင့်တစ်ဦး မိုးကြိုးပြစ်ဒဏ်များဖြင့် ချေမှုန်းကြခြင်းဖြစ်သည်။


တဂျောက်ဂျောက် အသံများ ထွက်ပေါ်လာသည်။


ဒုတိယ‌အလွှာမှ မသေမျိုးစားဖိုမှူးတစ်ယောက်က မီးဖိုချောင်သုံး ဓားရှည်ကြီးကို ထုတ်လိုက်သည်။ သူဆွဲထုတ်လိုက်သည့် အရှိန်မှာ အလွန်မြန်လွန်းသဖြင့် ကြည့်ရှု့နေသူများ ချက်ချင်းပင် အံ့ဩသွားကြသည်။


သူ၏ ပါဝင်ပစ္စည်းများကို တစ်ကြိမ်တည်း ခုတ်ပစ်သည့် အရှိန်မှာ အလွန်မြန်ပြီး လက်မောင်းသုံးခု ရှိနေသည်ဟုပင် ထင်ရသည်။


မကြာခင်မှာပင် သူ၏ပါဝင်ပစ္စည်းများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လှီးဖြတ်လိုက်သည်။ အပိုင်းတစ်ခုစီကို အတိအကျဖြတ်တောက်ထားပြီး တစ်ခုနှင့်တစ်ခု ထပ်တူကျနေသည်။


လူအားလုံး သူတို့၏ အချက်ပြုတ်စွမ်းရည်များ ပြဿနေချိန်တွင် ၎င်းတို့၏ မီးဖိုချောင်သုံး ဓားများမှ အလင်းရောင်မျိုးစုံ ထုတ်လွှတ်ပေးလျက် ရှိသည်။


မူရှီးရှီနှင့် အခြားကလေးများ မူလျှို့အာ၏ ရင်ခွင်ထဲတွင်နေပြီး စားဖိုမှူးစိန်ခေါ်ပွဲကို စောင့်ကြည့်နေကြသည်။


ဒီ စားဖိုမှူးစိန်ခေါ်ပွဲက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ ...


" ဆရာပုပဲ သေချာပေါက် နိုင်မှာ ..."


" ဆရာပုရဲ့ အချက်ပြုတ်စွမ်းရည်က မြင်ဖူးသမျှထဲမှာ အတော်ဆုံးပဲ ... သူ ရှုံးစရာ အကြောင်းမရှိဘူး ..."


" လောင်ပုကို ဘယ်သူမှ မလွှမ်းမိုးနိုင်ဘူး ... သူတို့ကို ဖျက်ဆီးပစ်လိုက် လောင်ပု ..."


ကလေးသုံးယောက်က ပုဖန်ကို အားပေးနေကြသည် ။


ချက်ပြုတ်မှု အသေးစိတ် အချက်အလက်များကို သူတို့လက်လွတ်မည်မဟုတ်သည်မှာ သေချာသည်။ ပုဖန် ဖြစ်ဖြစ် ထိုစားဖိုမှူးများပင်ဖြစ်ဖြစ် သူတို့၏ အချက်ပြုတ်စွမ်းရည် အားလုံးမှာ လေ့လာရကျိုးနပ်သည်။


နောက်ဆုံးမှာတော့ ဒါက အဆင့်မြင့် စားဖိုမှုးစိန်‌ခေါ်ပွဲ တစ်ခုပဲလေ ...


ဝုန်း ဝုန်း ဝုန်း ...


သူတို့၏ ဓားစွမ်းရည်များကို ပြသပြီးနောက် မီးတောက်များ၏အလှည့် ရောက်လာသည်။ အားလုံး၏ မီးတောက်များမှာ မသေမျိုးမီးတောက်များ ဖြစ်ကြောင်း ပြောစရာပင် မလိုချေ။ 


အဆင့်မြင့် မသေမျိုးစားဖိုမှူးတစ်ဦး ဖြစ်လိုပါက ကိုယ်ပိုင် မသေမျိုးမီးတောက် ရှိရမည်ဖြစ်သည် ။


မသေမျိုးမီးတောက်များ ပေါ်လာသောအခါ ပတ်ဝန်းကျင်မှ အပူချိန် အဆမတန် မြင့်တက်သွားသည်။


ဤစားဖိုမှူးများ ၎င်းတို့၏မီးဖိုများဆီသို့ မီးတောက်များကို ညွှန်ပြလျက် ပုဖန်ကို မထီမဲ့မြင်ပြုကာ ကြည့်နေသည်။


ပထမအလွှာက သူတို့ရဲ့ အမှိုက်လို ပြိုင်ဘက်မှာ မသေမျိုးကိရိယာ မီးဖိုတောင် မရှိဘူး ... သူတို့နဲ့ ဘယ်လိုယှဉ်ပြိုင်မှာလဲ ...


ဟင်းချက်မီးဖိုများမှာ စားဖိုမှူးများအတွက် အလွန်အရေးပါသည်။ ပြိုင်ပွဲ မစတင်မီကပင် ရှုံးနိမ့်နေပြီဖြစ်သည်။ 


သို့သော် ပုဖန် မီးဖို မလိုပေ။ ဤတစ်ကြိမ်တွင် သူ၏ ကြယ်ပျံဖြတ်တောက်ခြင်း နည်းစနစ်ကို ပြသရပေမည်။


အလွန်မှောင်မိုက်သောညတွင် ကောင်းကင်မှ ကြွေကျနေသော ကြယ်ပျံများနှင့်တူသည်။


" ဒါက ပြီးပြည့်စုံတဲ့ ကြယ်ပျံဖြတ်တောက်ခြင်းနည်းစနစ်ပဲ သေချာကြည့်ထားကြ ..." 

ပုဖန် ပြောလိုက်သည်။


သူ၏အသံမှာ မူရှီးရှီး မူရှော့နှင့် မူယို့ တို့ဆီသို့ ရောက်သွားသည်။ ထိုကလေးများ၏မျက်နှာတွင် လေးစားသောအကြည့်များ ပေါ်လာကြသည်။


ဒုတိယအလွှာ စားဖိုမှူးများ အလွန် ဒေါသထွက်သွားကြသည်။


သူတို့နဲ့ တိုက်ခိုက်နေရတာတောင်မှ ဒီအမှိုက်က တခြားလူတွေကို သင်ပေးနေသေးတယ်ပေါ့ ...


ဒီကောင်က တကယ်သေချင်နေတာပဲ ...


သူ့ကို နင်းချေပစ်ပြီး သူ့ရဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ယူပစ်ရမယ် ... ဒီလိုမှ သူတို့ရင်ထဲက အမျက်ဒေါသတွေ ပြေပျောက်သွားမယ် ...


ဝုန်း ...


မီးတောက်များ ကောင်းကင်အထိ ပျံတက်သွားသည်။ ဤမသေမျိုးမီးတောက်များမှာ ကိရိယာပုံသဏ္ဍာန်များအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ မီးဖိုများကို ဝိုင်းထားသည်။


ဝေ့ဝဲနေသော အပူမှာ ကောင်းကင်ကို လွှမ်းခြုံသွားပြီး ထိုအခိုက်အတန့်တွင် အနံ့တစ်ခုက လေထဲ၌ ပြည့်လျှံလာသည်။


၎င်းတို့ အတူတကွ ဝိညာဉ်သားရဲအဖြစ် ပေါင်းစည်းသွားသည်။ 


ခဏအကြာတွင် ကောင်းကင်၌ တိမ်မည်းများ ဖြစ်ပေါ်လာသည်။


တိုက်ပွဲဧရိယာအပြင်ဘက်ရှိ လူစည်ကားသောလမ်းမှာ ဆူဆူညံညံဖြစ်သွားသည်။


သူတို့၏အထက်တွင် စုဝေးလာသော တိမ်အစိုင်အခဲများကိုကြည့်ပြီး ထိတ်လန့်ကုန်ကြသည်။ 


ကုန်းရှို့အိမ်တော်တွင် ကုန်းရှို့ပန် မျက်လုံးများဖွင့်လိုက်သောအခါ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။


" ဒီ ခံစားချက် ... ဒါ ပိုင်ရှင်ပုပဲ ..."


မတ်တပ်ထရပ်ပြီး ဝတ်ရုံရှည်ကို ဝတ်ပြီးနောက် အလျင်အမြန် ပြေးထွက်သွားသည်။


လမ်းတွင် သူ ရွှမ်ယွမ်ရှားဟွေ့နှင့် ဆုံသည် ။ တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး နားလည်သွားကြသည်။ 


ထိုအချိန်တွင် မသေမျိုးမြို့တော်ရှိ စားဖိုမှူးများအားလုံး အင်အားကြီးသော တည်ရှိမှုကို အာရုံခံမိကြပြီး အရင်းအမြစ်ရှိရာသို့ ပြေးလာသည်။


သူကောင်းမျိုး မိသားစုခေါင်းဆောင်များ၏ ရင်ထဲတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။


...


ဝီ ...


ကြီးမားသော ဖိအားကြောင့် မှော်အခင်းအကျင်းမှာ သက်ရောက်မှု တဖြည်းဖြည်း ဆုံးရှုံးသွားပြီး ၎င်း၏အတွင်းမှ မြင်ကွင်းကို ထုတ်ဖော်ပြသခဲ့သည်။


ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများ ထိုမြင်ကွင်းက်ို မြင်သောအခါ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး အဝေးမှနေသာ ကြည့်နေကြသည်။ 


ထိတ်လန့်နေသော အကြည့်များဖြင့် ယခုလက်ရှိ စားဖိုမှူးစိန်ခေါ်ပွဲကို ကြည့်နေကြသည်။ 


မကြာမီ မသေမျိုးစားဖိုမှူးငါးဦး ဝန်းရံထားသော ပိုင်ရှင်ပုကို မှတ်မိသွားကြပြီး အားလုံး အံ့အားသင့်လျက် အော်ဟစ်နေကြသည်။


" ဒီစားဖိုမှူးတွေက ပိုင်ရှင်ပုနဲ့ အချက်ပြုတ်ပြိုင်ပွဲ ပြိုင်နေကြတာလား ..." 


" ဝိုး ... တစ်ယောက်တည်းနဲ့ ငါးယောက်ကို ပြိုင်တာလား သတ္တိရှိလိုက်တာ ..."


" ဒီ မသေမျိုးစားဖိုမှူးငါးယောက်က အရမ်းသန်မာတာပဲ ..."


အနီးနားရှိ လူအုပ်ကြီး အချင်းချင်း ဆွေးနွေးနေကြပြီး တိုက်ပွဲမှာ ကြည့်ရှုသူများကို ပို၍ပင် ဆွဲဆောင်လာသည်။


ထိုမသေမျိုးစားဖိုမှူးငါးဦးမှာ ဒုတိယအလွှာမှဖြစ်ကြောင်း လူအချို့က သိသွားကြပြီး သတင်းသည် ဒီရေကဲ့သို့ တစ်ဟုန်ထိုးတက်လာသည်။


လူအုပ်ကြီး ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှုးများက ပထမအလွှာ စားဖိုမှူးများကို ချေမှုန်းနိုင်စွမ်းရှိသည်ဟု လူများ ယူဆကြသည်မှာ သဘာဝပင်ဖြစ်သည်။


ဒါပေမယ့် အခုတော့ မထင်မှတ်ပဲ ဒီလို ချဲ့ကားပြီး စိတ်ကူးမယဉ်နိုင်တဲ့ မြင်ကွင်းတစ်ခု ရှိခဲ့တယ် ... ဒုတိယအလွှာက စားဖိုမှုးငါးယောက်က ပထမအလွှာ စားဖိုမှူးတစ်ယောက်တည်းနဲ့ တစ်ပြိုင်နက် တိုက်ပွဲဝင်နေကြတယ် ...


ပြိုင်ဆိုင်နေသူများအတွက် နေရာတစ်ခု လိုအပ်သည်ကို သိကြ၍ အဝေးမှသာ ကြည့်ရှု့နေကြသည်။ 


မကြာမီ ကုန်းရှို့ပန် ရွှမ်ယွမ်ရှားဟွေ့နှင့် အခြား မသေမျိုးစားဖိုမှူးများ ရောက်လာကြသည်။ သူတို့ ဤတိုက်ပွဲကို အဝေးမှ တည်ငြိမ်စွာ ကြည့်နေကြသည်။ 


ဂျုန်း ဂျုန်း ...


သူတို့၏အထက်တွင် သိပ်သည်းနေသော ဖိအားများ စုစည်းလာသည်။


ကောင်းကင်တွင် ပို၍ မည်းမှောင်နေသော တိမ်တိုက်များ ဝေ့ဝဲလာပြီး ပေါက်ကွဲသံများဖြင့် အဆက်မပြတ် တုန်ခါလာသည်။


တိုက်ပွဲမှာ တဖြည်းဖြည်း အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။


...


ခပ်လှမ်းလှမ်းမှ မြင့်မားသော မျှော်စင်တစ်ခုတွင် မြို့တော်သခင်မူယန် စားဖိုမှူးစိန်ခေါ်ပွဲကို ကြည့်ရှု့နေသည်။


သူ၏ မျက်လုံးများ တောက်ပသွားသည်။


" ကောင်းတယ် ... အဲ့ဒီစားဖိုမှူးငယ်လေး နောက်ထပ်လာမယ့် ပြိုင်ပွဲမှာ တောက်ပနိုင်မလားဆိုတာ ဒီရလဒ်ပေါ်မှာ မူတည်နေတယ် ..."


ထုံမိသားစု ကျန်းမိသားစုနှင့် ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူ အဖွဲ့ခေါင်းဆောင်များသည်လည်း အဖြစ်အပျက်များကို အမြင့်မှ ဖြန့်ကျက်ကြည့်ရှုနေကြသည်။


" မန်နေဂျာချွေ ဒီတိုက်ပွဲကို ဘယ်လိုထင်လဲ ..."

ထုံဝူတီ ရယ်မောလျက် မေးလိုက်သည်။


" ဘာမှ အကဲဖြတ်စရာမ မလိုပါဘူး မင်းတို့ပထမအလွှာက စားဖိုမှူးက အမှိုက်ပဲ သူ့ကိုယ်သူ သေအောင်နှိပ်စက်နေတာ ... သည်းထိတ်ရင်ဖိုဖြစ်စရာအကြောင်းလည်း မရှိဘူး ..." 


မန်နေဂျာချွေ အပြုံးဖြင့် ပြောလိုက်သည်။


ထုံဝူတီ၏မျက်နှာ ရုတ်တရက် တောင့်တင်းသွားသည်။


" အဲ့ဒါအပြင်ကို မင်းတို့ရဲ့ စားဖိုမှူးက ငါးယောက်တစ်ယောက်တိုက်ဖို့ ရွေးချယ်ခဲ့တယ် ... အဲ့ဒါ သေဖို့လမ်းစရှာနေတာပဲ သူသာ ချေမှုန်းခံလိုက်ရမယ်ဆိုရင် အဆင့်မြင့် မသေမျိုးစားဖိုမှူးဖြစ်ဖို့ သူ့ရည်မှန်းချက်တွေ‌ ပျက်စီးသွားတာပဲ ..."


" မန်နေဂျာချွေ ဒီစားဖိုမှူးက မြို့တော်သခင် ပြောခဲ့တဲ့ တစ်ယောက်ပဲ ... သူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာရဲ့ အသန်မာဆုံး စားဖိုမှူးပဲ ... အဲ့ဒါအပြင်ကို သူက ထူးဆန်းအံ့ဩဖွယ်ရာတွေကို အကြိမ်ပေါင်းများစွာ ဖန်တီးပေးခဲ့တယ် ..."

ထုံဝူတီ ပြောလိုက်သည်။


" ထူးဆန်းအံ့ဩဖွယ်ရာ ဟုတ်လား ... အဲ့ဒါမျိုး ဒီနေရာမှာ မတည်ရှိဘူး... အင်အားအစစ်အမှန်နဲ့ ရင်ဆိုင်ရရင် ဒါမျိုးလူတွေက ချေမွခံရတာပဲ ..." 


မန်နေဂျာချွေ အထင်သေးစွာ ပြောလိုက်သည်။ 


" ဒါနဲ့ ထုံမိသားစုခေါင်းဆောင် ကျွန်တော်တို့ မနေ့ကပြောခဲ့တဲ့ အခြေအနေတွေက အမှန်ပဲဆိုရင် ငါတို့လုပ်နေတာတွေက ဂုဏ်သိက္ခာကျဆင်းစရာပဲ ..."


" မန်နေဂျာချွေ မပူပါနဲ့ အဲ့လို မဖြစ်စေရပါဘူး ..."


" ကောင်းပြီ ဒါဆိုရင်လည်း မျှော်လင့်နေပါ့မယ် ..."


...


" သူတို့ မိုးကြိုးပြစ်ဒဏ်ကို အစပျိုးတော့မယ် ..."


မူလျှို့အာ ဂုဏ်သိက္ခာရှိသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။


" ဒါက တကယ်ကို မိုးကြိုးပြစ်ဒဏ်ပဲ ..."


မူရှီးရှီး၏ မျက်လုံးကြီးများက တိမ်မည်းများအတွင်းမှ မိုးကြိုးပြစ်ဒဏ်ကို ကြည့်နေသည်။ သူမ အလွန် မနာလို ဖြစ်လာသည်။


သူမသည်လည်း တစ်နေ့တွင် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်သော ဟင်းလျာများ ချက်ပြုတ်နိုင်ရမည်။ 


ဂျိန်း ဂျိန်း ဂျိန်း ...


ပုဖန်၏ လက်များက မဟူရာလိပ်ခုံးဒယ်အိုးကို လှည်ထွက်သွားအောင် လုပ်လိုက်သည်။


ထို့နောက် မျက်နှာသေဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။


ထိုအချိန်တွင် ဒုတိယအလွှာမှ စားဖိုမှူးများလည်း ထိုသို့ ပြုလုပ်နေကြသည်။ 


ရုတ်တရက် သူတို့၏အကြည့်များ ပုဖန်ဆီသို့ရောက်သွားပြီး မြဲပြုံးပြုံးလိုက်ကြသည်။


ဝုန်း ...


ဒုတိယအလွှာ စားဖိုမှူးတစ်ဦးထံမှ ပြင်းထန်သော စိတ်စွမ်းအင်လှိုင်းလုံးကြီး ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင် လှောင်ရယ်သံများ ထွက်ပေါ်လာသည်။


" ပထမအလွာက အမှိုက်ရေ မင်းရဲ့ စိတ်ပျက်အားငယ်မှုတွေကို ငါတို့ မြင်ချင်တယ် ..." 


ဝုန်း ဝုန်း ဝုန်း ...


ဒယ်အိုးတစ်ခုချင်းစီ၏ အဖုံးများ ဖွင့်လိုက်သည်။ 


ရုတ်တရက် ဟင်းလျာများ၏ အနံ့များ ထွက်ပေါ်လာသည်။


ကောင်းကင်တွင် ဝေ့ဝဲနေသည့် တိမ်မည်းများ ချက်ချင်းပင် အရေအတွက် နှစ်ဆတိုးလာပြီး ကျယ်လောင်သည့် ပေါက်ကွဲသံများက ပို၍ ပြင်းထန်လာသည်။


ပုဖန် အနည်းငယ် အသက်ရှုထုတ်လိုက်သည် ။ ထို့နောက် မဟုရာလိပ်ခုံးဒယ်အိုးပေါ်တွင် တင်ထားသော အဖုံးကို လက်ညိုးဖြင့် လှန်လိုက်သည်။


ထိုအချိန်တွင် အလယ်ဗဟိုမှ တိမ်မည်းကြီးတွင် ရုတ်တရက် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာပြီး မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။


မိုးကြိုးတိမ် ခြောက်ခု ကောင်းကင်ကို ဖြတ်ကျော်ကာ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး အချင်းချင်း ခြိမ်းခြောက်နေပုံရသည်။


ကောင်းကင်ပေါ်တွင် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်။


မိုးကြိုးနဂါး ငါးကောင်မှာ ပုဖန် အစပျိုးလိုက်သည့် မိုးကြိုးပြစ်ဒဏ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။


ထိုမြင်ကွင်းက လူများကို အော်ဟစ်လာစေသည်။ ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူမျှ မမျှော်မှန်းထားကြပေ။


" ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ စားဖိုမှူး စိန်ခေါ်ပွဲလား ..."


ပုဖန် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်သည်။


ထိုနေရာတွင် ရုတ်တရက် လျှပ်စီးကြောင်းများ ပေါ်လာသည်။ 


မိုးကြိုးနဂါးကြီးခြောက်ကောင် အကြင်နာမဲ့စွာ တိုက်ခိုက်နေကြသည်။


" အခု ဘယ်သူ့ရဲ့ မိုးကြိုးပြစ်ဒဏ်က ပိုစွမ်းအားကြီးလဲ ..."