အပိုင်း ၁၀၂၈
Viewers 62k

အခန်း ၁၀၂၈

မသေမျိုးမြို့တော်၏ မတော်တဆမှု ... မူယန်သေဆုံးခြင်း


သူတို့ ရွုံးသြားတာလား ...


ဆူညံနေသော လူအုပ်ထဲမှ လူတိုင်း တောက်ပသော မျက်လုံးများဖြင့် ပုဖန်ကို ကြည့်နေကြသည်။


ပိုင်ရှင်ပု အနိုင်ရခဲ့ပြီဖြစ်သည်။ အဆင့်နိမ့်နယ်ပယ်မှ မသေမျိုးစားဖိုမှူးမှ အံ့ဩဖွယ်ရာများကို နောက်တစ်ကြိမ် ဖန်တီးခဲ့ပြန်သည်။ 


ယခုတစ်ကြိမ် သူ၏ပြိုင်ဘက်များမှ ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ ဖြစ်သည်။ ထို့အပြင် ထိုငါးဦးကို နှိမ်နင်းရန်အတွက် လှုပ်ရှားမှု တစ်ခုကိုသာ အသုံးပြုခဲ့သည်။ မယုံကြည်နိုင်စရာပင်။


" ငါ သူတို့ကို မှတ်မိတယ် သူတို့က ဆွေးနွေးပွဲအတွက် ရောက်လာတဲ့ ဒုတိယအလွှာက စားဖိုမှူးတွေပဲ ..."


" ဘာ ... ပိုင်ရှင်ပုက ဒုတိယအလွှာက မသေမျိုးစားဖိုမှူး ၅ယောက်လုံးနဲ့ တကယ်ပြိုင်ခဲ့တာလား ..."


" သူတကယ်ပဲ အဲ့ဒီလူတွေကို ချေမှုန်းနိုင်ခဲ့တာလား ..."


ပုဖန်နှင့် ယှဉ်ပြိုင်ခဲ့သူများကို လူအချို့က သတိထားမိကြသည်။ 


ထိုလူများမှ ဒုတိယအလွှာမှ စားဖိုမှူးများ ဖြစ်သည့်အတွက် မှတ်မိလွယ်သည်။ ပထမအလွှာက်ု သူတို့ ရောက်စဉ်ကတည်းက လူအများစု၏ အာရုံစိုက်မှုများကို ရရှိထားကြခြင်းဖြစ်သည်။


ယခုအချိန်တွင်မူ လူအများ၏ အာရုံစိုက်မှုများမှာ သူတို့ထံတွင် မရှိတော့ပေ။


ပုဖန် ဒုတိယအလွှာက မသေမျိုးစားဖိုမှူးတွေကို အနိုင်ယူခဲ့တာပဲ ...


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...


ပထမအလွှာမှာ စားဖိုမှုးများသည် မည်သည့်ရှု့ထောင့်မှမဆို ဒုတိယအလွှာ စားဖိုမှူးများထက် ပို၍သန်မာကြသည်ကို လူတိုင်းသိသည်။ အဘယ့်ကြောင့်ဆိုသော် ပထမအလွှာတွင် အကန့်အသတ်နှင့်သာ ရရှိသော အရင်းမြစ်များကြောင့် ဖြစ်သည်။


နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ပထမအလွှာမှ မသေမျိုးစားဖိုမှူးများမှာ ကျော်ကြားလာခဲ့သည်။ ထိုစားဖိုမှူးများ မသေမျိုးစားဖိုမှုးပြိုင်ပွဲအတွင်းတွင် သူတို့၏ ပင်ကိုစွမ်းရည်များကို ပြသခဲ့ကြပြီး အဆင့်နှစ်ရာအတွင်း ပါဝင်လာကြသည်။


သို့သော် ထိုသို့သော် စားဖိုမှူးများမှာ ရှားပါးလှသည်။ ရှိပါကလည်း ယခုအချိန်တွင် ကျော်ကြားသော တတိယအဆင့် မသေမျိုးစားဖိုမှူး ဖြစ်နေလောက်သည်။


ပိုင်ရှင်ပုက အဲ့လို ပင်ကိုစွမ်းရည်ရှိတဲ့ စားဖိုမှူးလား ...


လူတော်တော်များများ သိချင်နေကြသည်။


သေမျိုးကမ္ဘာမှ လာသည့် စားဖိုမှူးတစ်ဦးဖြစ်သော်လည်း သူ၏တိုးတက်မှုမှာ မြန်ဆန်လွန်းလှသည်။


" ဘာ ... မီးဖိုကို စားရမှာလား ..."


အစောပိုင်းက ဝင့်ကြွားခဲ့သော မသေမျိုးစားဖိုမှူးမှာ ယခုအချိန်တွင် ဖြူဖျော့နေပြီဖြစ်သည်။ ပုဖန် အခြေအနေများကို ထိုသို့ဖြစ်အောင် ပြုလုပ်လိုက်မည်ဟု သူ မထင်ထားပေ။ 


ပထမအလွှာမှ မသေမျိုးစားဖိုမှူမှာ မိုးကြိုးပြစ်ဒဏ်နှစ်ခုကို အစပျိုးခဲ့သော ဟင်းလျာကို ချက်ပြုတ်ခဲ့သည့်အပြင် မမျှော်လင့်စွာနှင့် သူတို့၏ မိုးကြိုးနဂါးများကိုပါ တစ်ချက်တည်းနှင့် ဖျက်ဆီးလိုက်သည်။ 


သူတို့ ပျော်ရွှင်နေကြပြီး ဂုဏ်ယူနေကြသည့် အခိုက်အတန့်တွင် သူတို့၏ မိုးကြိုးနဂါးကြီးများမှာ အပိုင်းပိုင်း အစစ ဖြစ်ကုန်သည်။


" အာ ... မီးဖိုကို စားတဲ့ကိစ္စကို ထားလိုက်ပါဦး စားဖိုမှူးစိန်ခေါ်ပွဲရဲ့ ပြစ်ဒဏ်ကိစ္စကို အရင်ရှင်းရမယ် ..."


ပုဖန် ပြောလိုက်သည်။ သူ၏လက်နှစ်ဖက်လုံးကို အနီရောင်စားဖိုမှူးဝတ်စုံ၏ အိတ်ကပ်ထဲသို့ ထည့်ထားပြီး အဝေးတစ်နေရာကို ငေးစိုက်ကြည့်နေသည်။


ရောင်ခြည်များ ဖြာထွက်နေသော နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာကို ရှီးရှီးသယ်ဆောင်လာသည်။ အဖုံးပေါ်ရှိ နတ်မင်းမှာ အသက်ဝင်နေပုံရပြီး သူ၏မျက်နှာတွင် ကြီးမားသော အပြုံးကြီးတစ်ခု ရှိနေသည်။


ပုဖန် ကလေးသုံးဦးကို သင်ခန်းစာတစ်ခု သင်ပေးချင်သောကြောင့် နတ်မင်းဆွေ့ဆွေ့ခုန်ကို ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခင်က သူတို့ကို သင်ပေးခဲ့သောဟင်းလျာမှာ သာမန်နတ်မင်း‌ဆွေ့ဆွေ့ခုန်ဟင်းလျာ ဖြစ်သောကြောင့်ဖြစ်သည်။ 


ယခင်က ပုဖန်၏ နတ်မင်းဆွေ့ဆွေ့ခုန်ကို မသေမျိုးဟင်းလျာပုံစံဖြင့် မမြင်ဖူးခဲ့ကြပေ။ 


ပုဖန်၏ ချက်ပြုတ်ခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ ပါဝင်ပစ္စည်းများ၏ အဆင့်များလည်း တိုးတက်လာပြီစ နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာလည်း အဆင့်မြင့်လာခဲ့သည်။


ယခု ပုဖန်၏ နတ်မင်းဆွေ့ဆွေ့ခုန်မှာ အဆင့်သုံးသို့ ရောက်ရှိနေပြီဖြစ်သည်။


‌ အတော်ဆုံး ပထမအဆင့် မသေမျိုးစားဖိုမှူးသာလျှင် အဆင့်သုံး မသေမျိုးဟင်းလျာကို ချက်ပြုတ်နိုင်သည်။


" ပြစ်ဒဏ်လား ... ဘာပြစ်ဒဏ်လဲ ..."


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ ဒေါသဖြင့် အော်ဟစ်နေကြသည်။ ပုဖန်၏ စကားကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲကုန်သည်။ 


သူတို့၏ အမူအရာများမှာ မည်းမှောင်နေသည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့၏သင်္ဘောသည် ရေမြောင်းထဲတွင် မှောက်သွားသဖြင့် ဝန်ခံရန် ခက်ခဲနေကြသည်။


အစပိုင်းတွင် ရှောင်ပုကျွင်၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရန် အတွက် သူတို့ ပုဖန်ဆီသို့ ရဲရင့်စွာသွားပြီး စိန်ခေါ်ခဲ့ကြသည်။ 


ဒီ‌စားဖိုမှူးက တကယ် ထူးဆန်းတာပဲ ...


" အားလုံးပဲ သွားရအောင် ... အပြစ်ဒဏ်က ဟာသသက်သက်ပါပဲ ..."


ဒုတိယအလွှာမှ စားဖိုမှူးများ မျက်နှာမပျက်ရန်အတွက် ထုံရွှေ ကြိုးစားကယ်ဆယ်လိုက်သည်။


" စားဖိုမှူးတစ်ယောက်အတွက် မီးဖိုချောင်သုံးဓားက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိကြသားပဲမလား ... ဒီလိုရက်စက်တဲ့ စည်းကမ်းက ကမ္ဘာပေါ်မှာ ဘယ်လိုရှိနိုင်မှာလဲ ..."


" ဟုတ်တယ် ဒါက အကျင့်စာရိတ္တအရလည်း မသင့်လျော်ဘူး ...ငါတို့ရဲ့ မီးဖိုချောင်သုံးဓားတွေကို လက်လွှဲမပေးနိုင်ဘူး ..."


ထုံရွှေက သူတို့ ရုန်းထွက်ရန် လမ်းစကို ဖန်တီးပေးထားသောကြောင့် စိတ်အားထက်သန်နေသည့် ဒုတိယအလွှာမှစားဖိုမှူးများ သူတို့လည်း သဘောတူညီကြောင်း မြန်မြန်ဆန်ဆန် ထုတ်ပြောလိုက်ကြသည်။ တစ်ယောက်စီတိုင်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အပြုံးများ ရှိနေကြသည်။


ပရိသတ်များက သူတို့ကို အထင်အမြင်သေးစွာ ကြည့်ကြသည်။


အရင်က သဘောတူထားပေမယ့် အခုတော့ ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိကြဘူး ... ဒါက အရှက်ကင်းမဲ့ပြီး မျက်နှာပျက်စရာပဲ ...


" မင်းတို့က ငြင်းချင်တယ်ပေါ့ ဒါပေမဲ့ စားဖိုမှူးစိန်ခေါ်ပွဲရဲ့ စည်းမျဉ်းတွေက လွယ်လွယ်နဲ့ချိုးဖျက်လို့ မရဘူး ..."


ပုဖန် တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏ မျက်နှာသေဖြင့် အကြည့်များက ထိုစားဖိုမှူးများပေါ် ကျရောက်နေသည်။


မူရှော့ မူယို့နှင့် မူရှီးရှီးတို့ ကလေးသုံးယောက် ပုဖန်အနားသို့ ရောက်လာပြီး နတ်မင်းဆွေ့ဆွေ့ခုန်အိုး အဖုံးကို ဖွင့်လိုက်ကြသည်။


ကြွေအိုးထဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။


ကလေးသုံးယောက်၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အကြည့်များ ပေါ်လာသည်။ ရနံ့ကို ရှုရှိုက်မိလိုက်သည့်အချိန်တွင် မိန်းမောသွားကြသည်။


မသေမျိုးစွမ်းအင် ရွှေရောင်အလင်းတန်းနှင့် ကြွယ်ဝသောရနံ့ ဤသုံးမျိုး၏ပေါင်းစပ်မှုက ပရိသတ်ကို ဆွဲဆောင်သွားသည်။


ဝုန်း ဝုန်း ...


ကောင်းကင်တွင် တိမ်မည်းများ ပြန့်ကျဲသွားသည်မှာ ကြာပြီဖြစ်သော်လည်း ကျယ်လောင်သည့် မိုးခြိမ်းသံများ ထွက်ပေါ်နေဆဲဖြစ်သည်။


အထက်မှ စွမ်းအားကြီးသည့် ဖိအားများ ထွက်ပေါ်လာသကဲ့သို့ မသေမျိုးစားဖိုမှူးငါးယောက်၏ မျက်နှာများ ‌ပြောင်းလဲသွားကြသည်။ 


" ဒါက ..."


ပုဖန် အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ 


" အဲ့ဒါ စတင်နေပြီပဲ စားဖိုမှူးစိန်ခေါ်ပွဲကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မဟာနိယာမလမ်းကြောင်းကြီးက အသိအမှတ်ပြုထားတာ ဒါပေမဲ့ မင်းတို့က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ငြင်းဆိုခဲ့တယ် ..."


ဖျောက် ဖျောက် ဖျောက် ...


ကောင်းကင်မှ အပြာရောင်လျှပ်စီးကြောင်းများ ကျဆင်းလာပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။


ရွေ့လျားသည်မှာ အလွန်လျင်မြန်လှသည့်အတွက် ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။


ထို မသေမျိုးစားဖိုမှူး လျင်မြန်စွာ တုံ့ပြန်၍ ဘေးသို့ ခုန်ချလိုက်သည်။ မြေပြင် ကွဲအက်သွားကာ မကြာသေးမီက သူရပ်နေသည့်နေရာတွင် မှောင်မဲနေသော တွင်းကြီးတစ်ခု ပေါ်လာသည်။


ချက်ချင်းပင် ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ သဘောပေါက်သွားသည်။


ဤ အချက်အပြုတ်တိုက်ပွဲကို ကောင်းကင်ဘုံလမ်းကြောင်းကြီးမှ အသိအမှတ်ပြုထားသည်။ အကယ်၍ ယခုအချိန် သူတို့ ခုခံလျှင်ပင် ကောင်းကင်ဘုံလမ်းကြောင်းကြီးမှ သူတို့၏ မီးဖိုချောင်သုံးဓားများကို အသုံးပြုမရရန် ထိန်းသိမ်းထားလိမ့်မည်။


အဖြစ်မှန်ကို သဘောပေါက်သွားသည့်အခါ နှလုံးသားမှ သွေးများစီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။


သူတို့၏ မီးဖိုချောင်သုံးဓားများမှာ အဖိုးတန်ရုံသာမက ၎င်းတို့အားလုံးမှာ မသေမျိုးကိရိယာများဖြစ်သည်။ အချို့မှာ အလယ်ပလတ်အဆင့် မသေမျိုးကိရိယာများပင် ဖြစ်သည်။


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ ၎င်းတို့၏ဓားများကို ပထမအလွာ မသေမျိုးစားဖိုမှူးထံသို့ စွန့်လွှတ်လိုက်ရသည့်အတွက် နောင်တရမှုများနှင့် ပြည့်နှက်နေခဲ့သည်။


သူတို့ကို ခေါင်းငြိမ့်ပြနေသော ပုဖန်ကို စိုက်ကြည့်နေကြသည်။ 


အတွေးတစ်ချက်ဖြင့် ပုဖန်၏အောက်တွင် မှော်အခင်းအကျင်းတစ်ခု ပေါ်ပေါက်လာသည်။


မီးရောင်လက်နေသော မှော်အခင်းအကျင်း လှည့်ပတ်လာပြီး ဓားများထည့်ထားသည့် သလင်းကျောက်ကဲ့သို့ ‌သေတ္တာတစ်ခု ပေါ်ထွက်လာသည်။


သလင်းကျောက်ကဲ့သို့ တောက်ပနေသော သေတ္တာကို လူအုပ်ကြီး မြင်သောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။


အတွင်းတွင် မီးဖိုချောင်သုံးဓား များစွာရှိသည်။ ဓားအမျိုးအစားပေါင်းစုံကို မြင့်တွေ့လိုက်ရသဖြင့် အံ့အားသင့်ကုန်သည်။ တွေဝေ မိန်းမောစေသည့် မြင်ကွင်းတစ်ခုပင် ။


" မင်း ..."


ထို ဓားများထည့်ထားသည့် သေတ္တာကို ကြည့်လိုက်သောအခါ ပုဖန် ဤကိစ္စကို စီစဉ်ခဲ့သည်ကို သူတို့ သဘောပေါက်သွားသည် ။


ထို ဓားမျိုးစုံထည့်ထားသည့် သေတ္တာကို ကြည့်ခြင်းဖြင့် ပုဖန် စားဖိုမှူးစိန်ခေါ်ပွဲတွင် ပါဝင်ခဲ့သည့်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိရှိလိုက်ကြသည်။


ဝီ ...


သူတို့၏ နှလုံးသားများ မည်မျှပင် သွေးထွက်နေပါစေ ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ လိုက်နာရမည်ဖြစ်သည် သို့မဟုတ်ပါက ကောင်းကင်ဘုံလမ်းကြောင်းမှ လျှပ်စီးကြောင်းကို ထိမှန်ကြမည်ဖြစ်သည်။


အရောင်တောက်ပနေသော ဓားသေတ္တာမှ စုပ်ယူနေသော စွမ်းအားများ ထုတ်လွှတ်နေပြီး ထိုဓားများအားလုံး ပုဖန်ဆီသို့ လွင့်မျောလာသည်။ 


ပုဖန် လက်မြှောက်လိုက်သောအခါ အရောင်စုံဓားများ သူ၏ဘေးတွင် ဝန်းရံနေသည်။


ထိုနောက် လက်ချောင်းများကို အသာအယာပုတ်ပြီး ဓားများကို ရွေ့လျားအောင် ပြုလုပ်လိုက်သည်။ တဝီဝီအသံများ အဆက်မပြတ် ပဲ့တင်ထပ်လာသည်။


" ဒီ မီးဖိုချောင်သုံးဓားတွေက မဆိုးပါဘူး ..."


ပုဖန် ပြောလိုက်သည်။


မဆိုးဘူးဟုတ်လား ...


သူတို့က အလယ်အလတ်အဆင့် မသေမျိုးကိရိယာ တွေလေ ...


ဒုတိယအလွှာမှ စားဖိုမှူးများ၏ မျက်လုံးများတွင် အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ သူတို့၏ အချက်ပြုတ်စွမ်းရည်များ ကျဆင်းသွားမည် ဖြစ်သောကြောင့် မီးဖိုချောင်သုံးဓားများကို မဆုံးရှုံးလိုကြပေ။ 


တစ်စုံတစ်ယောက်ကို ဝါးစားမတတ် ကြည့်နေသော ၎င်းတို့၏ အကြည့်များကို ပုဖန် ဂရုမစိုက်ခဲ့ပေ။ 


အတွေးတစ်ချက်ဖြင့် သူ့အား ပတ်လည်ဝိုင်းနေသော ဓားများအားလုံး သေတ္တာထဲ ပြန်ရောက်သွားပြီး သေသပ်စွာ စီပြီးသား ဖြစ်သွားသည်။


" ဟမ့် ဂျူနီယာတစ်ယောက်က ငါတို့ ဒုတိယအလွှာက စားဖိုမှူးတွေကို ဆန့်ကျင်ဖို့ ကြံစည်ရဲတယ်ပေါ့ ... မင်းမှာ အဲ့ဒီ မသေမျိုးကိရိယာတွေကို ယူထားဖို့ အရည်အချင်း ပြည့်မီလို့လား ..." 


မီးဖိုချောင်သုံးဓားများအားလုံးကို သေတ္တာထဲ အစီအရီ ထည့်ပြီးသောအခါ ဟင်းလင်းပြင်မှ ထူးခြားဆန်းကြယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ 


ထိုအသံမှာ ဟင်းလင်းပြင်ကိုပင် ပေါက်ကွဲထွက်သွားစေနိုင်သည်။


တဝီဝီအသံမှာ ကျယ်လောင်လွန်းသဖြင့် အားလုံး၏ နားများပင်းကုန်မည်ဟုပင် ထင်ရသည်။


မူလျှို့အာ ကုန်းရှို့ပန်နှင့် အခြားလူများ၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲကုန်သည်။


ဒီအော်ရာ ... ဒါ ဒုတိယအလွှာက မသေမျိုးစားဖိုမှူး။အဖွဲ့ခေါင်းဆောင်တွေရဲ့ အော်ရာပဲ ...


ဝုန်း ...


ဟင်းလင်းပြင် ပေါက်ကွဲသွားသည်။ 


ရုတ်တရက် ကြီးမားသော စွမ်းအင်ဖြင့် ပြုလုပ်ထားသော လက်ကို ပုဖန်၏ ဓားသေတ္တာထဲသို့ ဖိချလိုက်ပြီး ထိုသေတ္တာကို အပိုင်းပိုင်းခွဲပစ်ချင်ပုံရသည်။


ယင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။


ပုဖန်၏ မျက်နှာမှာ မည်းမှောင်လာသည်။


အဝေးတွင် အစပိုင်းက စိတ်ပျက်အားငယ်နေသော မသေမျိုးစားဖိုမှူး ငါးယောက်၏မျက်နှာများမှာ ပျော်ရွှင်မြူးတူးသွားသည်။


" မန်နေဂျာချွေပဲ ... ငါတို့ရဲ့ မသေမျိုးကိရိယာတွေတော့ ဘေးကင်းပြီ ..."


" မန်နေဂျာချွေ သူ့ကို သတ်ပစ်လိုက် ... အဲ့အမှိုက်ကောင် ကျွန်တော်တို့ကို လှည့်စားတယ် ..."


" မန်နေဂျာချွေ ကျွန်တော်တို့အတွက် ရပ်တည်ပေးပါ ..."


သူတို့၏ မသေမျိုးကိရိယာကို ကယ်တင်ရန်အတွက် မသေမျိုးစားဖိုမှူးငါးယောက် ဤအခွင့်အရေးကို အသုံးချပြီး အော်ဟစ်ငိုယိုနေကြသည်။


ဝုန်း ဝုန်း ...


ကြီးမားသော လက်ဖဝါးကြီး ပုဖန်ဆီသို့ သွားနေသည်။ ၎င်းမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကို ထုတ်လွှတ်နေပြီး ကြောက်စရာကောင်းသော ဖိနှိပ်မှု အင်အားကို ပြသနေသည်။


ဤလက်ဖဝါးကို ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒနှင့် ပေါင်းစပ်ထားသဖြင့် ဤလက်ဖဝါးကို အသုံးပြုသူမှာ အံ့ဖွယ်ကောင်းလောင်သည့် ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသည်။


သို့သော် ပုဖန်အတွက်မူ ထိုကျရောက်လာသော ဖိအားမှာ ဟာသတစ်ခုလိုပင်။


သူ၏အမြင်အရ ဤလူ၏ ဖိအားမှာ နှာဘူးနယ်ပယ်သခင် တိထိုက်ထက် ဆိုးရွားနေသောကြောင့် သူ လုံးဝ မစိုးရိမ်ပေ။


" ဘယ်လို အရှက်မဲ့မှုကြီးလဲ ... သူတို့မျက်နှာပျက်မှာတောင် စိတ်မပူကြတော့ဘူး ..."


မူလျှို့အာ အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။


ထိုလက်ဖဝါးကြီးကျဆင်းလာသည်နှင့် အောက်တွင်ရှိသော နေရာများကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားစေသည်။ 


ရုတ်တရက် ...


မြို့တော်သခင်အိမ်တော်မှ ကြီးမားသော လက်ဖဝါးကြီးတစ်ခု ပုံစံပေါ်လာပြန်သည်။


ကျယ်လောင်သော မြည်ချုန်းသံကြီးဖြင့် ထိုလက်ဖဝါးမှာ မန်နေဂျာချွေ၏ လက်ဖဝါးကို ရိုက်လိုက်ပြီး ပေါက်ကွဲသွားစေသည်။


" မန်နေဂျာချွေ ဘာလို့ ဂျူနီယာတစ်ယောက်အပေါ် ဒီလိုလုပ်ရတာလဲ ...ဒါက သူတို့ကြားထဲက ပြိုင်ပွဲလေ အနိုင်နဲ့ အရှုံးဆိုတာ မလွဲဧကန် ရှိမှာပဲ... မင်းသာ လက်မခံနိုင်ရင် မသေမျိုးစားဖိုမှူပြိုင်ပွဲမှာ အနိုင်ရတာကတောင် မလုံလောက်ဖူး ..."


ရယ်မောသံနှင့်အတူ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ မြို့တော်သခင် မူယန်၏ အသံဖြစ်သည်။


မူလျှို့အာနှင့် အခြားသူများ အလွန်ပျော်ရွှင်သွားကြသည်။


ပုဖန် မြို့တော်သခင်အိမ်တော်ကို ကြည့်လိုက်သည်။


ကြီးမားသော လက်ဖဝါးကြီး ပျောက်ကွယ်သွားပြီး ပုံစံပျက်သွားသော နေရာသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်နေသည်။


လေထဲတွင် ပွက်ပွက်ဆူနေသော စိတ်စွမ်းအင်များလည်း ပျောက်ကွယ်သွားသည်။


...


မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးအတွင်းတွင် ခွေးဘုရင် သူ၏လက်ဖဝါးကို မြှောက်ကာ ခေါင်းကိုကုတ်လိုက်သည်။


" အမ် ... ထားလိုက်ပါတော့ ဆက်အိပ်နေတာပဲ ကောင်းတယ် ..."


...


မူယန်လှုပ်ရှားလိုက်မည်ဟု မန်နေဂျာချွေ အပါအဝင် မည်သူမျှ မမျှော်လင့်ထားကြပေ။


နောက်ဆုံးတွင် မူယန်သည် မြို့တော်သခင် တစ်ဦးသာဖြစ်သည်။ သူ့ထံတွင် အားအနည်းဆုံး ကျင့်ကြံမှုရှိသော်လည်း မြို့တော်သခင်တစ်ဦး ဖြစ်နေဆဲပင်။


အခြေအနေကို ပြင်းထန်လာအောင် မပြုလုပ်သင့်ဟု မန်နေဂျာချွေ သိလိုက်သည်။ ထို့ကြောင့် သူ နှာမှုတ်လိုက်ပြီး လက်ကို ပြန်သိမ်းလိုက်သည်။


" ပြန်သွားကြ ငါ့ကိုသိက္ခာကျအောင်လုပ်တဲ့ ကောင်တွေ ..."


မန်နေဂျာချွေ အေးစက်စွာ အော်ဟစ်လိုက်သည်။


...


မန်နေဂျာချွေ ထုံမိသားစု၏ ‌မျှော်စင်အဆောက်အဦးပေါ်မှ မြို့တော်သခင် မျှော်စင်ကို မှုန်မှိုင်းသောအမူအရာဖြင့် ကြည့်နေပြီး သူ၏ မျက်မှောင်များ ကြုတ်ထားသည်။


" မြို့တော်သခင်မူယန် ကောင်းတယ် ... အရမ်းကောင်းတယ် ..."


မန်နေဂျာ‌ချွေ ဒေါသတကြီး နှာမှုတ်လိုက်သည်။


ထုံဝူတီ လက်ရန်းကို ကိုင်လိုက်ပြီး သက်ပြင်းချလိုက်ငည်။ ထို့နောက် ခေါင်းမော့ပြီး အဝေးကို လှမ်းကြည့်နေသည်။


ထို့နောက် သူ၏နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။


...


မီးဖိုကို စားပြမည်ဆိုသော မသေမျိုးစားဖိုမှူးမှာ သူ၏စကားများကို မတည်ခဲ့ပေ။


နောက်ဆုံးတွင် သူ၏ပြောဆိုချက်မှာ ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ အာရုံကို မရရှိခဲ့သောကြောင့် ၎င်းကို ငြင်းဆန်ခြင်းက ပြဿနာများ မဖြစ်စေခဲ့ပေ။


ဤအခိုက်အတန့်တွင် မသေမျိုးစားဖိုမှူးငါးဦး စိတ်ဓာတ်ကျနေကြသည်။


ပြင်းထန်စွာ နာကျင်ခံစားနေရပြီး သူတို့၏နှလုံးသားများ သွေးယိုမတတ် ဖြစ်နေသည်။


ကနဦးအစတွင် ဤ အချက်အပြုတ်ပြိုင်ပွဲကို အကြောင်းပြု၍ သူတို့၏အင်အားများကို ကြွားဝါရန် ရည်ရွယ်ခဲ့သော်လည်း ပထမအလွှာမှ တစ်စုံတစ်ယောက်၏ အနိုင်ယူခြင်း ခံလိုက်ရသည်။


ထို့အပြင် သူတို့၏ မီးဖိုချောင်သုံးဓားများလည်း သိမ်းယူခံလိုက်ရပြီး သူတို့၏ အင်အားနှင့် စွမ်းရည်များအပေါ် ပြန်လည် သက်ရောက်သွားခဲ့သည်။


ဤဆုံးရှုံးမှုကြောင့် လာမည့် မသေမျိုးစားဖိုမှူးပြိုင်ပွဲတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ကျိန်းသေပေါက် ကျဆင်းစေမည်ဖြစ်သည်။


...


ပုဖန် ရှီးရှီးနှင့် အခြားလူများကို စားသောက်ဆိုင်သို့ ခေါ်သွားသည်။


ထို့နောက် ရှီးရှီးကို မီးဖိုချောင်သို့ ခေါ်ဆောင်သွားပြီး အလုပ်သင်စားဖိုမှူးအဖြစ် ခန့်အပ်လိုက်သည်။


ရှီးရှီး မီးဖိုချောင်ရှိ အရာအားလုံးကို သဘောကျသွားသည်။ ထိုအရာများက သူမ၏အမြင်ကို ကျယ်စေပြီး အများကြီး သင်ယူခဲ့ရသည်။


ကလေးမလေး ထိုနေရာတွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည့်အတွက် မူမိသားစုအိမ်တော်သို့ ရောက်သောအခါ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။


နောက်ရက်များတွင်လည်း သူမ ပုဖန်၏ စားသောက်ဆိုင်သို့သွား၍ ချက်ပြုတ်နည်းများ သင်ယူခဲ့သည်။


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးအဖွဲ့များ ထွက်ခွာသွားကြပြီ ဖြစ်သည်။ မသေမျိုးစားဖိုမှူးပြိုင်ပွဲမှာ သုံးရက်အတွင်း စတင်တော့မည်ဖြစ်၍ ဒုတိယအလွှာသို့ပြန်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်နေကြသည်။


ထိုစားဖိုမှူးအဖွဲ့များ ထွက်ခွာသွားပြီးနောက် ကြောက်လန့်ဖွယ်သတင်းတစ်ခု ပထမအလွှာတစ်ခုလုံးကို ပြန့်နှံ့သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ၏ မြို့တော်သခင် မူယန် သေဆုံးသွားခြင်းဖြစ်သည်။ 


ထိုသတင်းမှာ ငလျင်ကဲ့သို့ ပြန့်နှံ့သွားပြီး အားလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။


" မြို့တော်သခင်မူယန် သေဆုံးသွားပြီ ထုံမိသားစုခေါင်းဆောင် ထုံဝူတီက ဒီနေ့ကစပြီး မသေမျိုးမြို့တော်ရဲ့ မြို့တော်သခင်အဖြစ် ခန့်အပ်ခြင်းခံလိုက်ရပြီ ...ပထမအလွှာနဲ့ ပက်သတ်တဲ့ ကိစ္စတွေအကုန် သူ တာဝန်ယူရတော့မယ် ..."


ထိုတစ်ရက်တည်းမှာပင် မူမိသားစုအိမ်တော်တွင် မီးတောက်များ ကောင်းကင်အထိ ပြည့်နှက်နေခဲ့သည်။


ထုံဝူတီ၏ ရာထူးအသစ်ကို ကြားသိရသောအခါမူမိသားစုမှ ထုံဝူတီကို ပုန်ကန်ခဲ့ပြီး ထိုညတွင်ပင် ထုံမိသားစု အပါအဝင် သူကောင်းမျိုးများ၏ မဟာမိတ်အဖွဲ့မှ ၎င်းတို့ကို ချေမှုန်းပစ်ခဲ့သည်။


မူမိသားစု ဖြုတ်ချပြီး ဖျက်ဆီးခံခဲ့ရသည်။


...


ညနက်နေပြီဖြစ်သည်။


မသေမျိုးစားဖိုမှူးနှင့် မနီးမဝေးတွင် အရိပ်သုံးခု ပေါ်လာသည်။


ထိုပုံရိပ်များ အမည်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ မောပန်းနွမ်းနယ်နေသော မျက်နှာများဖြင့် စားသောက်ဆိုင် တံခါးဆီသို့ လျှောက်သွားကြသည်။


သူတို့ထဲမှတစ်ဦး တံခါးကို ပြင်းထန်စွာ ခေါက်လိုက်သည်။