အပိုင်း ၁၀၃၁
Viewers 53k

အခန်း ၁၀၃၁

စိတ်ပျက်အားငယ်မှုတွေက မင်းဆီက စတင်လိမ့်မယ်


ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ပျင်းရိနေသော ပုံရိပ်နှစ်ခု သစ်သားအခန်းငယ်လေး၏ရှေ့မှ သစ်သားခုံပေါ်တွင် ထိုင်နေကြသည်။


ပုဖန် ကုလားထိုင်ပေါ်တွင် ကျေနပ်စွာ လဲလျောင်းနေပြီး သူ၏လယ်ယာမြေမှ လေပြည်ကို ခံစားနေသည်။ လေညှင်းများ သူ၏အသား‌ရည်ပေါ်သို့ ပွတ်တိုက်သွားသည့်အခါတိုင်း နူးညံ့သောမိန်းမပျိုလေး၏ လက်များက နှိပ်နယ်ပေးနေသကဲ့သို့ပင်။


ထိုလေးညှင်းများက သူ၏အနီရောင်စားဖိုမှူးဝတ်စုံကို ပွတ်တိုက်သွားတိုင် အသားကိုထိ၍ ယားယံလာစေပြီး သူ့အား အိပ်ငိုက်နေစေသည်။


စိတ်ဝိညာဉ်အပင်များစွာကို စိုက်ပျိုးထားသောကြောင့် လယ်ယာမြေထဲရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များမှာ အလွန်သိပ်သည်းလှသည်။ 


နျိုဟန်စန်း စိုက်ပျိုးထားသော စိတ်ဝိညာဉ်လယ်ကွင်းများမှာ လယ်ယာမြေတစ်ခုလုံး၏ နေရာများကို ပြည့်နှ‌က်နေသည်။


ရေကန်ထဲတွင် ငါးများနှင့် သွေးကျောက်ပုစွန်များ ကူးခတ်သွားလာနေကြသည်။ ရေကန်ထဲသို့ စိမ့်ဝင်လာသော မြစ်ရေစီးကြောင်းက သူတို့ကို ပို၍ သက်တောင့်သက်သာ ဖြစ်စေသည်။


ရေဘဝဲအစ်ကိုကြီး သက်တောင့်သက်သာရှိလှသော ရေကိုခံစားနေလျက် သူ၏လက်တံများကို ဖြေလျော့နေသည်။


သူတို့နှင့် အဝေးတွင် ရှစ်လေးနှင့် ရတနာရှစ်သွယ်ဝက်ကလေးတို့ မြက်ခင်းပြင်ထဲတွင် ပြေးလွှားဆော့ကစားလျက် ပျော်ရွှင်နေကြသည်။


မျက်လုံးသုံးလုံးနှင့် ခြင်္သေ့လေး ဘေးတစ်နေရာတွင် ဝပ်နေပြီး တစ်ခါတစ်ရံ သမ်းဝေနေသည်။


" ပိုင်ရှင်ပု ဒီနေရာကို လာအပန်း‌ဖြေတာလား ..."


နျိုဟန်စန်း ခုံပေါ်တွင်မှီလျက် ပြောလိုက်သည်။


လယ်ယာမြေသည် အမှန်တကယ်ပင် အပန်းဖြေရန် နေရာကောင်းတစ်ခုဖြစ်သည်။ လှပသောတောင်ကုန်းများ ကြည်လင်သောရေနှင့် လေကောင်းလေသန့်များလည်း ရရှိသည်။ ထို့အပြင် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသောကြောင့် မည်သူမှ အနှောက်အယှက် ပေးနိုင်မည်မဟုတ်ပေ။


နျိုဟန်စန်း ဤနေရာကို အလွန်နှစ်သက်သည်။ ခုတ်ထစ်သတ်ဖြတ်နေခြင်းသည် သူ့ပုံစံမဟုတ်ပေ။


" အင်း ... သေချာပေါက် မဟုတ်ဖူးပေါ့ ... ဒီကိုလာတာ ကိစ္စတစ်ခုကို စဉ်းစားပြီး အတည်ပြုချင်လို့ ..."


ပုဖန် လေညှင်းလေးများကို ခံစားနေသည်။


ပုဖန်၏စကားများက နျိုဟန်စန်းကို စိတ်ဝင်စားသွားစေသည်။ ချကိချင်းပင် သူ၏နွားသိုး မျက်လုံးများကိုဖွင့်ပြီး ပြောလိုက်သည်။


" အမ် အတည်ပြုဖို့ ဘာများလဲ ... ကျွန်တော် ကူညီစစ်ဆေးပေးနိုင်လား ..."


ပုဖန်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။ တစ်ဖက်သို့လှည့်ပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။


" မင်းအဲ့လိုပြောမှာကို စောင့်နေတာ ..."


ပုဖန်၏ ထူးဆန်းသော အမူအရာက နျိုဟန်စန်းကို လန့်သွားစေသည်။ ထို့နောက် ပုဖန်၏လက်ထဲတွင် ဖန်ပုလင်းတစ်လုံးကို မြင်လိုက်သည်။


အဲ့ဒာကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ...


နျိုဟန်စန်း စိတ်လှုပ်ရှားစွာဖြင့် ဖန်ပုလင်းကို မျက်စိစွေကြည့်နေသည်။


နောက်ဆုံးတွင် သူ မှတ်မိသွားသည်။ ပုဖန် ချက်ပြုတ်သောအခါ ထိုပုလင်းထဲမှ ငရုတ်နှစ်များဖြင့် သူ၏ဟင်းလျာများကို နယ်သည်။


အဲ့ဒာက ...


" ပြဿနာ မရှိပါဘူး ပိုင်ရှင်ပုရဲ့ အရသာရှိတဲ့ ဟင်းလျာတွေအတွက် ကျွန်တော် ဘာမဆို လုပ်ပေးမှာပါ ..."


နျိုဟန်စန်း ရိုးသားစွာ ပြောလိုက်သည်။


ပုဖန် အံ့အားသင့်သွားသည်။


" တကယ်လား အဲ့တာဆို မင်းရဲ့ မိုးခိုသား တစ်ပိုင်းလောက်ပေး ..."


" ပိုင်ရှင်ပု အဲ့လိုလုပ်မယ်ဆိုရင် ဒီအိုမင်းနေတဲ့ နွားသိုးကြီးကို ဆုံးရှုံးရလိမ့်မယ် ..."


နျိုဟန်စန်း ယခုအချိန်တွင် အလွန်ကြောက်လန့်နေသည်။


ပုဖန် နျိုဟန်စန်း၏ မိုးခိုသားကို အမှန်တကယ် မလိုအပ်ပဲ စနောက်နေခြင်းသာ ဖြစ်သည်။


သူ၏ ခုံမှထလိုက်သောအခါ ပုဖန်၏လက်ထဲတွင် တောက်ပသွားပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။ ထို့နောက်အကင်တစ်ချောင်း လက်ထဲတွင် ပေါ်လာသည်။


ရွှေကြာမီးတောက် ပုဖန်၏လက်ထဲမှ အကင်ပေါ်သို့ ရောက်ရှိသွားသည်။


နျိုဟန်စန်း အံ့ဩသွားသည်။ ထို‌ပြင်းထန်သည့် မီးတောက်များကိုကြည့်ပြီး သူ၏နှလုံးသားက ခုန်လာသည်။


ပိုင်ရှင်ပုရဲ့ ချက်ပြုတ်မှုအဆင့်က ပိုမြင့်လာတာပဲ ....


သိုသော် နျိုဟန်စန်း သတိပြုလိုက်မိသည်မှာ ...


ပိုင်ရှင်ပု အသားကင်ချင်နေတာလား ...


ဝိုး အရသာရှိမယ့်ပုံပဲ ...


ရွဲ ရွဲ ...


ပုဖန် ဖန်ပုလင်းကိုဖွင့်ကာ အဆင့်မြှင့် ပူစပ်စပ် ငရုတ်နှစ်အနည်းငယ်ကိုယူပြီး အသားပေါ်တွင် လိမ်းကျံလိုက်သည်။


မွှေးကြိုင်သော ရနံ့နှင့်အတူ စပ်သောအနံ့အသက်အနည်းငယ် ကောင်းကင်ပေါ်ထိ တက်လာသည်။


ပူစပ်စပ်ငရုတ်နှစ်၏အနံ့မှာ မသိပ်သည်းသော်လည်း လူများကို တစ်နည်းနည်းဖြင့် နစ်မြုပ်သွားစေခဲ့သည်။


အကင်ကို ငုံ့ကြည့်ကာ ရှုကြည့်ပြီးနောက် နျိုဟန်စန်း၏ နှာခေါင်းပွင့်ထွက်သွားသည်။


သူ၏ ပါးစပ်မှ သွားရည်များကျလာသည်။


နောက်ဆုံးတွင် ပုဖန် အကင်ကင်ပြီးသွား၍ ထိုအသားကို နျိုဟန်စန်းထံသို့ ပေးလိုက်သည်။


" ရော့ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ အရသာခံကြည့် ... အရင်ဟာတွေနဲ့တူသေးလား ကွဲပြားသွားလား ..."


နျိုဟန်စန်း ထပ်မံ မစောင့်နိုင်တော့ပေ။ အသားကင်ကို ရရှိလိုက်သည့်အချိန်တွင် အသားတုံးအားလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ 


ရုတ်တရက် ...


နျိုဟန်စန်း၏ မျက်လုံးများ ပြုတ်ကျမတတ်ဖြစ်လာပြီး ပုဖန်ကို စိုက်ကြည့်နေသည်။


ထို့နောက် ...


သူ၏မျက်နှာတစ်ခုလုံး နီရဲလာပြီး ပါးစပ်မှ မီးများမှုတ်ထုတ်တော့မည်ဟု ထင်ရသည်။


ဒီလို စွဲမက်ဖွယ် အစပ်အရသာက ဘာဖြစ်နေတာလဲ...


...


ပုဖန် လယ်ယာမြေမှ ပြန်လာသောအခါ စိတ်ကောင်းဝင်နေပြီး သီချင်းညည်းနေသည်။


သူ၏အခန်းကို ပြန်ရောက်သောအခါ အိပ်ရာမဝင်မီ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြင့် အင်မော်တယ်ဖြတ်တောက်ခြင်းနည်းလမ်းကို လေ့ကျင့်နေသည်။


သို့သော် သူ အိပ်ရာပေါ်သို့ လှဲလိုက်သည့်အချိန်မှာပင် တစ်စုံတစ်ယောက်က တံခါးလာခေါက်သည်။


တံခါးဖွင့်လိုက်သောအခါ ကုန်းရှို့ပန်နှင့် အခြားလူများကို တွန့်ဆုတ်နေသည့် မျက်နှာများဖြင့် မြင်လိုက်ရသည်။


" ပိုင်ရှင်ပု မင်းမှာ အိပ်ချင်စိတ် ရှိသေးတာလား ..."


ညအိပ်ဝတ်စုံဖြင့် ပုဖန်ကိုကြည့်ပြီး ကုန်းရှို့ပန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


သူအလွန် အံ့ဩနေသည်။ ပိုင်ရှင်ပု တစ်ချက်မျှ တုန်လှုပ်မနေပင်။ အကယ်၍ တစ်ခြားလူတစ်ဦးသာဆိုလျှင် ပါရမီရှင်စာရင်းထဲ ပါလာပါက သေအောင်ကြောက်လန့်နေမည် ဖြစ်သည်။


" မအိပ်ဘူးဆိုရင် ငါက ဘာလုပ်ရမှာလဲ ..."

ပုဖန် သံသယဝင်သွားသည်။


ပုဖန်၏ ခေါင်းမာမှုများနှင့် ပက်သက်လာပါက ကုန်းရှို့ပန် လက်ကို ချည်ထားခံရသကဲ့သို့ ခံစားရသည်။


စကားတစ်ခွန်းမျှ မပြောပဲနှင့် ပုဖန်ကို သူ၏အခန်း ပြတင်းပေါက်ဆီသို့ ဆွဲခေါ်သွားသည်။


ပြတင်းပေါက်များ ဖွင့်လိုက်သောအခါ မသေမျိုးစားဖိုမှူးအများအပြား သူတို့၏ နေထိုင်ရာက်ု ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။ ထိုခြိမ်းခြောက်နိုင်သည့်အော်ရာများ ပေါင်းစည်းသွားသည့်အခါ ကြောက်မက်ဖွယ် အော်ရာကြီးတစ်ခုဖြစ်လာသည်။


" သူတို့က မင်းကိုလာရှာတာ ... မင်းကို စိန်ခေါ်ချင်နေကြတယ် ..."


ကုန်းရှို့ပန် ပြောလိုက်သည်။


" ငါ့ကို စိန်ခေါ်မယ် ဟုတ်လား...သူတို့ကို ကြည့်ရတာ စိတ်လှုပ်ရှားနေကြတာပဲ ... ဘာပဲဖြစ်ဖြစ်လေ ငါဘာလို့ သူတို့စိန်ခေါ်တာကို လက်ခံရမှာလဲ ..."


ပုဖန် ကုန်းရှို့ပန်ကို ကြည့်၍ မေးလိုက်သည်။


ကုန်းရှို့ပန် ဦနှောက်ခြောက်သွားသည်။ ပုဖန်၏ မေးခွန်းကို သူမည်သို့ ပြန်ဖြေရမည်မသိပေ။ 


" ရေသွားချိုးပြီး အနားယူလိုက်တော့ မနက်ဖြန် ပြိုင်ပွဲကြီး စတော့မှာ ..."


ပုဖန် ပြောလိုက်သည်။


ကုန်းရှို့ပန် ဘာပြောရမည် မသိတော့ပေ။ ပုဖန်၏အခန်းမှ သူ တွန်းထုတ် ခံလိုက်ရသည်။


အောက်ဘက်ရှိလမ်းပေါ်တွင် လူအုပ်ကြီး ပုဖန်ကို စိန်ခေါ်ရန် အော်ဟစ်နေကြပြီး မစောင့်နိုင်ကြတော့ပေ။


စောင့်နေရခြင်းက ထိုလူများကို အလွန်စိတ်ဆိုးသွားစေသည်။


နောက်တစ်နေ့တွင် ပထမအလွှာမှ မသေမျိုးစားဖိုမှူးများ ပဏာမအဆင့်ပြိုင်ပွဲ ကျင်းပနေသည့် မသေမျိုးသစ်ပင်ရင်ပြင်သို့ အလျင်အမြန်သွားကြသည်။


ကျယ်ဝန်းသောရင်ပြင်သို့ ရောက်သောအခါ အခြားအလွှာများမှ မသေမျိုးစားဖိုမှူးအုပ်စုများက သူတို့ကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေကြသည်။


သူတို့၏အကြည့်များက ပထမအလွှာမသေမျိုးစားဖိုမှူးများကို စိတ်တိုစေသည်။


တစ်ဖက်တွင်မူ ပုဖန် တည်တည်ငြိမ်ငြိမ်ဖြင့် လက်နောက်ပစ်လျက် လျှောက်လာပြီး ရှီးရှီးနှင့် ဝှိုက်ဝီတို့ သူ၏နောက်မှ လိုက်လာသည်။


ရှီးရှီး ဝှိုက်တီ၏ဘေးမှ‌ ‌လျှောက်လာပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။


ငါးရက်ကြာမည့် ပဏာမပြိုင်ပွဲတွင် စားဖိုမှူးများကို အုပ်စုဆယ်စု ခွဲထားသည်။ ထို့နောက် တစ်ဖွဲ့စီ၏ ထိပ်ဆုံးအယောက်တစ်ရာမှာ တတိယအလွှာတွင် ကျင်းပမည့် အကြိုဗိုလ်လုပွဲကို ဝင်ရောက်နိုင်မည်ဖြစ်သည်။


သူတို့ကို ရောနှော၍ တာဝန်များခွဲဝေထားသောကြောင့် အဖွဲ့တစ်ခုစီတွင် မတူညီသည့်အလွှာများမှ ယှဉ်ပြိုင်သူများ ပါဝင်ကြသည်။


ပုဖန်မှာ အဖွဲ့တစ်ဆယ်တွင်ဖြစ်သည်။


တခြားအဖွဲ့ဝင်များ ပုဖန်၏ နာမည်ကို သူတို့အဖွဲ့ထဲ မြင်သောအခါ စိတ်လှုပ်ရှားကုန်ကြပြီး အေးစက်စွာ လှောင်ပြောင်ကုန်ကြသည်။


ပြိုင်ပွဲမစမီမှာပင် ပုဖန်၏အမည်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ပြန့်နှံ့နေပြီဖြစ်သည်။ ပထမအလွှာမှ စားဖိုမှူးတစ်ဦး ပါရမီရှင်စာရင်းထဲ ပါဝင်လာသည်ကို အားလုံးသိရှိကြသည်။


အချို့က စာရင်းဇယားမှားယွင်သွားသည်ဟု ထင်ကြသော်လည်း အချို့က ပုဖန်ကို အရှက်ခွဲလိုသူများ ပြုလုပ်ကြသည်ဟု ထင်ကြသည်။


ထိုသို့ပြုလုပ်သူမှာ မည်သူပင်ဖြစ်စေ ပုဖန်ကို အခြားလူများ၏ ပစ်မှတ်ဖြစ်ပြီး နင်းချေခံရစေချင်သည်မှာ ထင်ရှားသည်။ 


နောက်ဆုံးမှာတော့ သူက ပထမအလွှာက မသေမျိုးစားဖိုမှူးတစ်ယောက်ပါပဲ ... သူ့မှာ ဘာစွမ်းရည်နဲ့ လုပ်ရည်ကိုင်ရည်ရှိလို့ ပါရမီရှင် အယောက်တစ်ရာထဲ ပါလာရတာလဲ ...


ဒီအနေအထားနဲ့ သူ့မှာ ဘာလုပ်နိုင်စွမ်းတွေ ရှိနေလို့လဲ ...


မည်သို့ပင်ဖြစ်စေ ထိုကိစ္စမှာ သူတို့အတွက် အရေးမကြီးပေ။ ပုဖန်ကို ချေမှုန်းနိုင်ပါက သူတို့၏အမည်သည် မသေမျိုစားဖိုမှူးများကြားတွင် ပျံ့နှံ့လာမည်ဖြစ်သည်။ ထို့ကြောင့် မည်သို့ဖြစ်စေ ထိပ်တန်းအဆင့်တစ်ရာထဲမှ စားဖိုမှူးကို ရှုံးနိမ့်အောင် ပြုလုပ်နိုင်ပါက ဂုဏ်ကျက်သရေတိုးလာပြီး ၎င်းတို့၏အဆင့်လည်း မြင့်တက်သွားမည်မှာ ပြောစရာပင် မလိုချေ။


ကုန်းရှို့ပန်မှာ အဖွဲ့ခြောက်တွင်ဖြစ်ပြီး ရွှမ်ယွမ်ရှားဟွေ့မှာ အဖွဲ့ကိုးတွင် ဖြစ်သည်။


ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးလုံး လေးနက်တည်ကြည်နေကြသည်။ ပထမဆုံးပွဲစဉ် အစတည်းက ထုတ်ပယ်မခံလိုသည့်အတွက် ဤပြိုင်ပွဲတွင် ကောင်းစွာ အာရုံစိုက်ထားကြသည်။


မသေမျိုးသစ်ပင်ရင်ပြင်မှာ ထိုသစ်ပင်တစ်ခုလုံးကို ဝန်းရံထားသည့် ကျယ်ပြန့်သော နေရာတစ်ခုဖြစ်သည်။


အလွန်ကြီးမားသော သစ်ပင်ကြီး လူတို့၏မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသည်။ ဤမျှအကွာအဝေး၌ သစ်ပင်ပေါ်ရှိ သစ်သားမျက်နှာပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။


ပုဖန်၏ ပြိုင်ပွဲတွင်း လုပ်ဆောင်ချက်ကို ထိုနေရာရှိလူများ အမြင်ချင်ဆုံးဖြစ်သည်မှာ သံသယဝင်စရာ မလိုပေ။


ပုဖန် အရှက်ခွဲခံရပြီး နင်းချေခံရသည်ကို မြင်လိုသည့်အတွက် အဖွဲ့တစ်ဆယ်၏ နေရာတွင် လူများဖြင့် ပြည့်နှက်နေသည်။


သို့သော် ပုဖန် အတော်လေး တည်ငြိမ်နေသည်။ အခြားလူများ၏ အကြည့်ကို ရင်ဆိုင်နေရသော်လည်း စိတ်မလှုပ်ရှားပေ။


သူ၏အနီး မီတာပေါင်းများစွာအထိ မည်သူမျှ မလာရဲကြပေ။


" ဟိုကောင်လေး အလှည့်ပဲ ..."


" နောက်ဆုံးတော့ ရောက်လာပြီ သူက စာရင်းထဲမှာ အဆင့်တစ်ရာလေ ..."


" ငါတို့အုပ်စုထဲမှာ ပါရမီရှင်စာရင်းက လူတစ်ယောက်ပါလာတာပဲ ငါလာလို့ စိတ်လှုပ်ရှားနေပါလိမ့် ..."


ပုဖန် ပွဲခင်းထဲသို့ ဝင်လာသည်ကိုကြည့်ပြီး အနီးမှလူများ လှောင်ပြောင်အပြစ်တင်နေကြသည်။


လူအမျာစုမှာ စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အကယ်၍ ထိုအဆင့်တစ်ရာနှင့်လူကို ကျော်ဖြတ်နိုင်ပါက သူတို့၏အမည်ကို လူသိများလာမည်ဖြစ်သည်။


ယခင်ကဆိုလျှင် ဤကိစ္စမှာ မဖြစ်နိုင်ပေ။ သို့သော် ဤတစ်ကြိမ်တွင် အဆင့်တစ်ရာအတွင်းဝင်သူမှာ ပထမအလွှာမှ ဖြစ်နေသည်။ ပထမအလွှာမှ စားဖိုမှူးများမှာ သနားစဖွယ်ကောင်းအောင် အားနည်းသည်ကို အားလုံးသိကြသည်။


ပြိုင်ပွဲကွင်းထဲကို ဝင်လာသောအခါ ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်စုံမှာ တဖျပ်ဖျပ် လွင့်နေသည်။


အဖွဲ့တစ်ခုစီတွင် ပြိုင်ပွဲဝင်ကွင်းများစွာရှိပြီး ၎င်းတို့တွင် မီးဖိုများတပ်ဆင်ထားသည်။ သို့သော် ၎င်းတို့သည် သာမန်မီးဖိုများသာဖြစ်သည်။


သို့သော် မသေမျိုးစားဖိုမှူးများက ကွင်းများတွင် မီးဖို အသုံးပြုရန် ရွေးချယ်မည်မဟုတ်ပေ။


ပုဖန်၏ ပြိုင်ဘက်မှာတတိယအလွှာမှ မသေမျိုးစားဖိုမှူးတစ်ဦးဖြစ်သည်။


ဤအချိန်တွင် သူ၏ပြိုင်ဘက်မှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ ပုဖန်နှင့် ပထမဆုံးယှဉ်ပြိုင်ရသည်မှာ သူဖြစ်မည်ဟု သူမမျှော်လင့်ထားပေ။ 


" ငါကံကောင်းတာပဲ ဒီတိုက်ပွဲပြီးရင် မင်းကိုပထမဆုံး နင်းချေပစ်လိုက်တဲ့ ပထမဆုံးမသေမျိုးစားဖိုမှူးအဖြစ် နာမည်ကြီးလာတော့မယ် ..."


ထိုမသေမျိုးစားဖိုမှူးက ပုဖန်ကို မျက်လုံးများ မှေးစင်းကာ ပြုံးပြနေသည်။ သူ၏သားကောင်ကို ကြည့်နေသကဲ့သို့ စိတ်လှုပ်ရှားနေပုံရသည်။


" ဒါဆိုရင်တော့ ဂုဏ်ပြုပါတယ် ... မင်းက ငါနဲ့ ပထမဆုံးတိုက်ခိုက်ရမယ့်သူပဲ ..."


ပုဖန် အေးဆေးပင် ပြောလိုက်သည်။


သူ၏ဆံပင်ကို စည်းနှောင်ထားသော ဖဲကြိုးကိုချွတ်လိုက်ပြီး အနီရောင်စားဖိုမှူးဝတ်စုံ၏ အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး တတိယအလွှာမှ စားဖိုမှူးကို တည်ငြိမ်စွာ ကြည့်နေသည်။


ပုဖန်၏ တည်ကြည်သော စိတ်နေသဘောထားနှင့် လေသံကြောင့် တခြားမသေမျိုးစားဖိုမှူးများ အံ့ဩသွားကြသည်။


တစ်ဖက်မှ သူ၏ မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးပြလိုက်သည်။ 


" ပထမအလွှာအမှိုက်တွေက ခုနောက်ပိုင်း အရမ်း ဘဝင်မြင့်လာတာပဲ ... တိုက်ပွဲပြီးရင်လည်း ဒီလိုပြောနိုင်ပါစေလို့ မျှော်လင့်တယ် ကျောက်ကွမ်းစန်းဆိုတဲ့ ငါ့နာမည်ကို မှတ်ထားပေးပါ ..."


ကျောက်ကွမ်းစန်း ပြုံးပြီး ထပ်ပြောလ်ိုက်သည်။


" ငါက မင်းရဲ့ အိမ်မက်ဆိုးတွေကို အစပြုပေးမယ့်သူပဲ ..."


သူ၏ဘေးနားမှလူများ ဝိုင်းဝန်းအားပေးကြသည်။


ဗုန်း ...


မောင်းသံ ထွက်ပေါ်လာပြီး ဤပြိုင်ကွင်းအတွက် ဒိုင်လူကြီး ရောက်ရှိလာသည်။ ပြိုင်ပွဲဝင် နှစ်ဦးကြားတွင်ရပ်ပြီး တိုက်ပွဲအတွင်း အာရုံစိုက်ရမည့်အရာများကို ပြောပြနေသည်ာ


နောက်ဆုံးတွင် ပြိုင်ပွဲစတင်ရန် အချက်ပြလိုက်သည်။


ပဏာမပြိုင်ပွဲကြီး တရားဝင် စတင်ပြီဖြစ်သည်။


" ခဏနပေါဦး ..."


ကျောက်ကွမ်းစန်း တစ်ဖက်သို့လှည့်မည်အပြု ပုဖန် ရုတ်တရက် သူ့ကို ခေါ်လိုက်သည်။


ကျောက်ကွမ်းစန်း သံသယမကင်းစွာဖြင့် ခေါင်းကိုစောင်းငဲ့ပြီး ပုဖန်ကို ကြည့်လိုက်သည်။


" စားဖိုမှူးစိန်ခေါ်ပွဲကိုသိလား ..."


ပုဖန် မေးလိုက်သည်။


" စားဖိုမှူးစိန်ခေါ်ပွဲ တဲ့လား ..."


ကျောက်ကွမ်းစန်း အံ့အားသင့်သွားသည်။


ထိုအချိန်တွင် ပုဖန် ပရိသတ်များဘက်သို့ လှည့်လိုက်သည်။ သူ၏အသံမှာ မကျယ်သော်လည်း နေရာတစ်ခုလုံးပဲ့တင်သွားစေပြီး အဖွဲ့တစ်ဆယ်မှ မသေမျိုးစားဖိုမှူးများကို အံ့အားသင့်သွားစေသည်။


" လူတော်တော်များများ ကျုပ်ကို စိန်ခေါ်ချင်တယ်လို့ကြားတယ် ... အကုန်လုံးကို စိတ်မပျက်စေဖို့အတွက် ကျွန်တော့်ပွဲစဉ်က လူတွေနဲ့ စားဖိုမှူးစိန်ခေါ်ပွဲလုပ်ပါ့မယ် အားလုံး အထိတ်တလန့်မဖြစ်သွားဖို့ မျှော်လင့်တယ် ..."


စားဖိုမှူးစိန်ခေါ်ပွဲတဲ့လား


ပုဖန် လူအများကြီးကို အံ့ဩသွားအောင် ပြုလုပ်နိုင်ခဲ့သည်။


အဖွဲ့အတွင်းမှ ရှောင်ပုကျွင်၏ မျက်နှာပြောင်းလဲသွားသည်။


စားဖိုမှူးစိန်ခေါ်ပွဲတဲ့ ဒီကောင် ရူးနေတာလား ...


စားဖိုမှူးစိန်‌ခေါ်ပွဲဆိုသည်ကို သူ သေချာပေါက် သိသည်။ ပထမအလွှာသို့ရောက်စဉ်က သူ၏ သူငယ်ချင်းငါးဦး ထိုကဲ့သို့ စိတ်ပျက်အားငယ်ခြင်းများကို တွေ့ကြုံခဲ့ရသည်။


စားဖိုမှူးစိန်ခေါ်ပွဲတွင် ရှုံးနိမ့်သူမှာ မီးဖိုချောင်သုံးဓားများကို ပေးရမည်ဖြစ်သည်။


" အင်း ... စားဖိုမှူးစိန်ခေါ်ပွဲအကြောင်း သိချင်ကြလား ... မကြာခင် တွေ့လိမ့်မယ် ..."


ပုဖန် ကျောက်ကွမ်းစန်းဘက်သို့လှည့်၍ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။


" ဒီ မသေမျိုးစားဖိုမှူးပြိုင်ပွဲမှာ ငါသိုသိုသိပ်သိပ်ပဲ နေချင်ခဲ့တာ ဒါပေမဲ့ မင်းရဲ့စိတ်အားထက်သန်မှုက ငါ့စိတ်ကိုပြောင်းအောင် လုပ်လိုက်တာပဲ ... စိတ်ပျက်အားငယ်မှုတွေက မင်းဆီက စတင်လိမ့်မယ် ..."