အပိုင်း ၁၀၃၈
Viewers 53k

အခန်း ၁၀၃၈

ဟင်းလျာတစ်ပွဲကို အသုံးပြု၍ ၄၉ပွဲကို တိုက်ခိုက်ခြင်း


မင်းကို ဘယ်သူဆင့်ခေါ်လို့လဲ ...


မင်းမေလင်ကိုပဲ ဆင့်ခေါ်နေလိုက် ...


ပြီးတော့ ဒါကဘာကြီးလဲ ...


လေပေါ်ပျံဝဲနေသော ကိုယ်လုံးတီးကလေးငယ်လေးကို ကြည့်၍ အားလုံးအံ့ဩသွားသည်။


ထိုကောင်လေးက သူ၏‌သန့်စင်သော တောင်ပံများကို တဖျပ်ဖျပ်ခပ်နေ‌သည်။ နောက်ခံတေးဂီတနှင့် တဖျပ်ဖျပ်လွင့်နေသော ပန်းပွင့်ချပ်များဖြင့် သူသည် နတ်သမားလေးတစ်ပါး ကဲ့သို့ပင်။


သူ့အရာ ပိစိလေးကို ကာကွယ်ထားတာကတော့ ချွင်းချက်ပေါ့ ...


ပုဖန်သည်လည်း ခဏခန့် အံ့ဩသွားသည်ယး။ ထို့နောက် မျက်ခုံးများ တွန့်ကွေးလိုက်သည်။


ထိုကောင်လေးကို သူသိသည်။ သူက နယ်ပယ်သခင်တိထိုက်၏ ညီငယ် ဂျင်ဆင်းသီးလေးဖြစ်သည်။


ဟမ် ... သူက ညီ‌ငယ်လေး ဟုတ်တယ်မလား ...


" အဲ့တာဘာကြီးတုန်း ... ဒါက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ ခန်းမကြီးလေ တာဝန်ရှိသူတွေကလွဲရင် တင်ခွင့်မရှိဘူး ... အစောင့်တွေ ...."

လောင်ချန် ထိုကောင်လေးကို အေးစက်စွာကြည့်၍ အော်ပြောလိုက်သည်။


ချက်ချင်းပင် မြောက်များစွာသော ပုံရိပ်များ ကောင်းကင်မှ ထွက်ပေါ်လာပြီး ကောင်လေးကို ဝိုင်းထားသည်။


" စိတ်ဝင်စားစရာပဲ ..."


ပုဖန် အနီရောင်စားဖိုမှူးဝတ်စုံ၏ အိတ်ကပ်ထဲသို့ လက်လျှိုထားပြီး သူ၏အပေါ်မှ မြင်ကွင်းကို ကြည့်နေသည်။


အဲ့ဒီ‌ လောင်ချန်ဆိုတဲ့သူက နယ်ပယ်သခင်ရဲ့ ညီလေးကို မသိဘူးထင်တယ် ...


ပုဖန် စကားတစ်လုံးမျှ ဝင်မပြောပဲ ထိုမြင်ကွင်းကိုသာ ဆက်ကြည့်နေသည်။


သူတို့၏နားမှ လူအကုန်လုံး အံ့ဩနေကြသည်။


အဲ့ဒီကိုယ်လုံးတီးကောင်လေးက ဘယ်ကပေါ်လာတာလဲ ... သူဒီကို ဘာလာလုပ်တာလဲ ...


ဟာသလာလုပ်တာလား ...


ပြီးတော့ ...


နတ်ဆိုးဘုရင်ကြီးက သူ့မှာစီနီယာရှိတယ်လို့ ပြောတယ် အဲ့တာဒီကလေးလေးလား ...


သူတို့ တစ်ချိန်တည်းမှာ ဒီကောင်လေးလိုမျိုး ဆယ်ယောက်လောက်ကို လက်တစ်ဖက်တည်းနဲ့ ဖင်ကိုရိုက်ပစ်နိုင်တယ်လေ ...


ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးက ဟာသဉာဏ် နည်းနည်းတော့ ရှိပုံပဲ ... သူ့မျက်နှာကြီးက တောင့်တင်းနေပေမယ့် ဟာသလုပ်နိုင်သေးတယ် ...


ကိုယ်လုံးတီးကောင်လေးလည်း အံ့ဩသွားသည်။ 

အဲ့ဒီအစောင့်တွေက ဘာလုပ်ချင်နေတာလဲ ...


" အရူးတွေ ... မင်းတို့ကန်းနေကြလား ... ဉာဏ်ပညာကြီးမားတဲ့ နယ်ပယ်သခင် အရှင်မင်းကြီးကို မမြင်ဖူးကြဘူးလား ..."


တိထိုက်ပိစိလေး စိတ်ဆိုးစွာဖြင့် ဟင်းလင်းပြင်ထဲမှ အော်ဟစ်လိုက်သည်။ 


သူ့ကို ဝန်းရံထားသည့် အစောင့်များ မရယ်မိစေရန် ကြိုးစားနေကြသည်။

ဒီကောင်လေး တကယ်ကို ဟာသလုပ်ဖို့ ရောက်လာတာပဲ ...


ဉာဏ်ပညာကြီးမားသည့် နယ်ပယ်သခင် အရှင်မင်းကြီးကို သူတို့ တကယ်ပင် မမြင်ဖူးကြပေ။


သူက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အဆင့်မြင့်ဆုံး ချီလင်စားဖိုမှူးလေ နိမ့်ကျတဲ့ သူတို့လို အသောင့်တွေက ဘယ်လိုလုပ် မြင်ဖူးမှာလဲ ...


သို့ရာတွင် သူတို့နယ်ပယ်သခင်ကို မမြင်ဖူးကြသော်လည်း ထိုဖင်ပြောင်နှင့်ကောင်လေးက နယ်ပ်ာသခင်နှင့် ဘာမှမဆိုင်ကြောင်း သိကြသည်။


" ငါတို့နဲ့ လိုက်ခဲ့ပါ ... ဒီနေရာက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ ကျင်းပတဲ့ခန်းမလေ ... မင်းဒီကို ဖင်ပြောင်ကြီးနဲ့ ဝင်လာလို့ မရဘူး ..."


အစောင့်မှ ပြောလိုက်သည်။


လောင်ချန် ထိုအစောင့်ကို အေးစက်စွာ ကြည့်လိုက်သည်။

" သူ ဖင်ပြောင်လား မပြောင်လားဆိုတာ ပြဿနာမဟုတ်ဖူး အဲ့ကောင်လေးကို မြန်မြန်ခေါ်သွားစမ်းပါ ..."


အစောင့်မှ ခက်ထန်သော အကြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" နယ်ပယ်သခင် အရှင်မင်းကြီးကို ဘယ်သူထိရဲလဲ ကြည့်ကြသေးတာပေါ့ ..."

တိထိုက်ပိစိလေး စိတ်ဆိုးမာန်ဆိုးဖြင့် အော်လိုက်သည်။ သူ၏အသံမှာ ခက်ထန်နေသည်။


ခါးထောက်ထားပြီး သူ၏တောင်ပံများ တဖျပ်ဖျပ် ခတ်နေစဉ်တွင် ရွှေရောင်ဆံပင်များက လေထဲတွင်ညဝဲနေသည်။


သို့သော် သူထိုသို့ပြောလိုက်ချိန်တွင် အစောင့်များက သူ၏အတောင်ပံမှဆွဲ၍ ကွင်းအပြင်သို့ ခေါ်ထုတ်သွားသည်။


ပုဖန် ဘာပြောရမည်မသိ ဖြစ်သွားသည်။


ဉာဏ်ပညာကြီးမားတဲ့ နယ်ပယ်သခင်တိထိုက် ... ဒီနေရာကို သောက်ပေါ လာလုပ်တာလား ...


အာ ... အခုတော့ တကယ်ပဲ သူ့ဘာသာသူ မှီခိုရတော့မယ် ...


သေချာပေါက် ထိုလူများသူ့ကို ထုတ်ပယ်ခွင့် မပြုနိုင်ပေ။ ထိပ်တန်းဆယ်ယောက်ထဲ ရောက်သွားမှ စနစ်၏ မစ်ရှင်ကို အောင်မြင်နိုင်မည်ဖြစ်သည်။


ထို့အပြင် သူ့ထံတွင် အချက်အပြုတ်နှလုံးသားလမ်းစဉ် မရှိသေးပေ။ 


နယ်ပယ်သခင်တိထိုက်အပေါ် မှီခို၍ မရသော်လည်း သူ့ထံတွင် ဖြေရှင်းနည်း မရှိသည် မဟုတ်ပေ။


ထိုအချိန် တိထိုက်‌ပိစိလေးမှာ တောင်ပံမှ အဆွဲခံရသည့်အတွက် စိတ်ဆိုးနေသည်။ ရုန်းကန်လ်ိုက်သောအခါ မမြင်နိုင်သော စွမ်းအင်လှိုင်းများ သူ၏ကိုယ်မှ ဖြန့်ကျက်ထွက်လာသည်။


ထို့နောက် သူ၏ မျက်လုံးများ ရွှေရောင်ပြောင်းသွားသည်။


ဂျိန်း ဂျိန်း ...


ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ လေထုထဲတွင် ပေါက်ကွဲထွက်လာသည်။


မမြင်ရသောစွမ်းအင်က အစောင့်များကို တွန်းထုတ်လိုက်ပြီး သံချပ်ကာများကို လေထဲတွင် အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။


" ဉာဏပညာကြီးမားတဲ့ နယ်ပယ်သခင် အရှင်မင်းကြီးကို ထိရဲရတာလဲ ... မင်းတို့အားလုံး အဖော်အချွတ်အနုပညာကို တွေ့ကြုံသင့်တယ် ..."


တိထိုက်ပိ‌စိလေး ခါးထောက်ထားပြီး သူ၏ခွကြားမှ နတ်ဘုရား အလင်းတန်းများ ဖြာထွက်နေသည်။


လင်းဟင်းပြင်ထဲတွင် အစောင့်များ ကြောင်အစွာဖြင့် သူတို့၏ သံချပ်ကာများ အပိုင်းပိုင်းဖြစ်သွားသည်က်ု ကြည့်နေကြသည်။


သေစမ်း ...


အောက်ဘက်မှ ကြည့်ရှု့သူများ မျက်လုံးများပြူး၍ မေးရိုးများ ပြုတ်ကျနေကြသည်။ ကောင်းကင်တွင် ပျံဝဲနေသော ကိုယ်လုံးတီးအစောင့်များကို ကြည့်ကာ အံ့ဩနေကြသည်။


ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာတော့ ဝန်ခံရမယ် ...


" သောက်ရူးတွေ ဘာလုပ်နေကြတာလဲ ..."

လောင်ချန် အော်ဟစ်လိုက်သည်။


ထို့နောက် သူ့ထံမှ မမြင်ရသောစွမ်းအင်များ ထွက်လာပြီး တိထိုက်ဆီသို့ လက်ဝါးကို ပစ်လွှတ်လိုက်သည်။


ဝုန်း ...


ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး လှိုင်းဂယက်များ ထသွားသည်။ 


လောင်ချန်တွင် စွမ်းအားကြီးသော ကျင့်ကြံခြင်းအခြေခံ ရှိသည့်အပြင် တတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်နေသည့်အတွက် သူ၏လက်ဖဝါးက အာလုံးကို တုန်ယင်သွားစေသည်။


လူတော်တော်များများက သူအလွန်အကြူး လုပ်နေသည်ဟု ထင်လာကြသည်။ 


ကလေးတစ်ယောက်ကို လောင်ချန် အကြင်နာမဲ့စွာ သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်လား ...


လောင်ချန် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ပုဖန် အဆင်ပြေသွားကြောင်း သိလိုက်သည်။


ကောင်းကင်ကိုပင် အုပ်မိုးထားနိုင်သည့် လက်ဖဝါးကြီး၏ အံ့ဩထိတ်လန့်စရာ တိုက်ခိုက်မှုမှာ လူတော်တော်များများကို အသက်ရှုရပ်သွားစေသည်။


သို့သော် ...


ထိုလက်ဖဝါး လေထဲမှာပင် နှစ်ပိုင်းပြတ်ပြီး ပြန့်ကျဲသွားသည်။


ခဏအကြာတွင် ထိုကောင်လေး အတောင်ပံတဖျပ်ဖျပ်ခတ်၍ လောင်ချန်ဆီသို့ ပြန်လာသည်။


ထို့နောက် တိုကင်တစ်ခုကို ထုတ်၍ လောင်ချန်၏ မျက်နှာကို ရိုက်လိုက်သည်။ 

" သောက်ရူးအဘိုးကြီး ... သေဖို့ကို မကြောက်တော့ဘူးထင်တယ် ..."


သူ၏မျက်နှာမှ တိုကင်ပြားကိုကြည့်ပြီး လောင်ချန် လန့်သွားသည်။


အခြားဒိုင်လူကြီးများ တိုကင်ကို မြင်သောအခါ လေအေးများ ရှုရှိုက်လိုက်ရသည်။


သူတို့အားလုံး လျင်မြန်စွာ မတ်တပ်ရပ်၍ တိထိုက်ကို ဦးညွတ်ကြသည်။


လောင်ချန်၏ သံသယဝင်နေသော အမူအရာများ ချက်ချင်းပျောက်ကွယ်သွားပြီး ထိတ်လန်မှုများအဖြစ် ‌ပြောင်းလဲသွားသည်။ သူလည်း မတတ်န်ိင်ပဲ ဦးညွှတ်ရတော့သည်။


ထိုတိကင်ပြားက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင်ကို ကိုယ်စားပြုနေသည်။


ထိုတိုကင်ကို မြင်ရခြင်းက သူ့ကို မြင်ရခြင်းနှင့်တူသည်။ 


အဲ့ကောင်လေးက နယ်ပယ်သခင်နဲ့ တော်စပ်မှုတစ်ခုခု ရှိပုံရတယ် ...


" နယ်ပယ်သခင် အရှင်မင်းကြီးက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို အနီးကပ်လေ့လာခဲ့တယ် ခင်များက ရာထူးကို ကိုယ်ကျိုးအတွက် အသုံးချခဲ့တာပဲ ... အဘိုးကြီး သေချင်နေတာလား ... ဒီအဘိုးကြီးကို ဒီနှစ်ရဲ့ ပြိုင်ပွဲအတွက် ဒိုင်လူကြီးနေရာအတွက် အရည်အချင်း မပြည့်မီလို့ ထုတ်ပယ်တယ် ..."

နယ်ပယ်သခင်တိထိုက် ခါးထောက်၍ ခက်ထန်စွာ ပြောလိုက်သည်။


လောင်ချန်၏မျက်နှာမှာ အံ့ဩမှုများဖြင့် ပြည့်နေသည်။ သို့သော် တိုကင်ကိုမြင်ရခြင်းက နယ်ပ်ာသခင်ကို မြင်ရသည်နှင့်တူ၍ သူ ဒေါသမထွက်ရဲပေ။


သူ၏မျက်နှာမှ ကြွက်သားများ တွန့်ချိုးသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။


တိထိုက်ပိစိလေး တိုကင်ကို ပြန်သိမ်း၍ အခြားဒိုင်လူကြီးများကို ကြည့်လိုက်သည်။


" မင်းတို့ နောက်ထပ် ဘာလုပ်ရမယ်ဆိုတာ သိသင့်တယ် ... အာဏာက်ု အသုံးချပြီး နှိပ်စက်တာ မဖြစ်သင့်ဘူး ... ငါတို့တွေ အင်မော်တယ်စားဖိုမှူပြိုင်ပွဲရဲ့ ရိူသားမှန်ကန်မှုကို ထိန်းသိမ်းထားရမယ် ..."


တိထိုက်၏ တောင်ပံများလေထဲတွင် လွင့်နေလျက် ပြော‌လိုက်သည်။


ဒိုင်လူကြီးများက သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် တိထိုက် အတောင်ပံတဖျပ်ဖျပ်ခပ်၍ လောင်ချန်၏ နေရာတွင် ဆင်းလိုက်သည်။ ခြေထောက်များချိတ်၍ ထိုင်လိုက်သည်။


" ကောင်းပြီ ပြိုင်ပွဲကို ဆက်ကြမယ်လေ ... အဲ့ဒီစားဖိုမှူးလေးက တော်သားပဲ ..."


ဒိုင်လူကြီးအဖွဲ့များ သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" ဟေး စားဖိုမှူးလေး ကိစ္စကြီးတစ်ခုကို စိတ်ဝင်စားလား ..." 

ပုဖန်ကို ခေါ်လိုက်သည်။


ပုဖန် တိထိုက်ကိုကြည့်၍ နှုတ်ခမ်းများ တွန့်ချိုးလိုက်သည်။


နယ်ပယ်သခင်က ဒီနေရာကို ခန္ဓာကိုယ်အစစ်အမှန်နဲ့ ရောက်မလာပေမဲ့ ဟာသဉာဏ်တော့ ရှိသေးတာပဲ ...


" ဘာကိစ္စလဲ အဖော်အချွတ်အနုပညာကို ခံစားဖို့လား ... ကျုပ် စိတ်မဝင်စားဘူး အဲ့တာကိုဝှိုင်တီနဲ့ နောက်မှ ဆွေးနွေးလေ ..."

ပုဖန် ခေါင်းခါလိုက်သည်။


တိထိုက်ပိစိလေး လန့်သွားပြီး နောင်တရသွားသကဲ့သို့ ဖြစ်နေသည်။


" အိုကေ ကိစ္စမရှိပါဘူး ပြိုင်ပွဲကို ဆက်ကြတာပေါ့ ... မင်းရဲ့စွမ်းအားကို ကိုယ်ကျိုးအတွက် အသုံးမချပါနဲ့ ..."


ထို့နောက် ဒိုင်လူကြီးအုပ်စုကို သူ၏မျက်လုံးထဲ လက်ညိုးနှစ်ချောင်း ညွှန်ပြကာ ပြောလိုက်သည်။


"ဉာဏ်ပညာကြီးမားတဲ့ နယ်ပယ်သခင် အရှင်မင်းကြီးက မင်းတို့ကို စောင့်ကြည့်နေတယ် ..."


ဒိုင်လူကြီးများ၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


လောင်ချန် အလွန် ဒေါသထွက်နေသည်။ သူ၏ဒေါသများမှာ အလွန်ကြီးမားလာပြီး ပြိုင်ကွင်းထဲတွင် ဒူးထောက်နေသော သူ၏တပည့်ကိုထား ခဲ့၍ ဝတ်ရုံလက်ကို ခါပြီး ထွက်သွားသည်။


" ကောင်းပြီ တတိယပိုင်းဖြစ်တဲ့ ချက်ပြုတ်ခြင်း အကဲဖြတ်မှုကို သွားကြတာပေါ့ ..."


ပရိသတ်များ စိတ်ရှုပ်ထွေးသွားသည်။

အခု ဘာတွေ ဖြစ်သွားတာလဲ ...


အဲ့ဒီ ကိုယ်လုံးတီးကောင်လေးက ဘယ်လို နတ်ဘုရားမျိုးလဲ ...


ဒိုင်လူကြီးတွေ အကုန်လုံးက်ု ဘယ်လိုသိမ်းသွင်းလိုက်တာလဲ ... လောင်ချန်ကရော ဘာလို့ ထွက်သွားတာလဲ ...


ခဏအကြာတွင် သူတို့အားလုံး တစ်စုံတစ်ခုကို အမှတ်ရသွားပုံပင်။ ကွင်းထဲမှ ပုဖန်ကိုကြည့်၍ လေအေးများ ရှုရှိုက်နေကြသည်။


နတ်ဆိုးဘုရင်ကြီးမှာ နောက်ခံအင်အား ကောင်းကောင်း ရှိတာပဲ ...


လောင်ချန်ကိုတောင်မှ ထွက်သွားအောင် လုပ်နိုင်တယ် ...


ဤတစ်ကြိမ်တွင် နတ်ဆိုးဘုရင်ကြီး အဆုံးသတ်ပြီဟု ထင်ထားခဲ့ကြသော်လည်း အဖြစ်အပျက်များကို နောက်တစ်ကြိမ် ပြောင်းပြန်လှန်လိုက်ပြန်သည်။


" နတ်ဆိုးဘုရင်ကြီးက တကယ်မိုက်တာပဲ ..."


" အဲ့ဒီ နတ်ဆိုးဘုရင်ကြီးက မကောင်းဆိုးဝါးတစ်ကောင်လို့ ငါ့စိတ်ထဲ ထင်နေတယ် ..."


" ဒီနှစ်ရဲ့ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲက အံ့အားသင့်စရာတွေနဲ့ ပြည့်နေတာပဲ ငါတို့ အဆုံးထိ စောင့်ကြည့်သင့်တယ် ..."


ပရိသတ်များ စိတ်လှုပ်ရှားသွာ တတွတ်တွတ် ပြောဆိုနေကြသည်။


ရှောင်ပုချွယ် သူ၏မျက်လုံးများကိုပင် မယုံနိုင် ဖြစ်နေသည်။


အရည်အချင်းမပြည့်မီသဖြင့် လောင်ချန်ဆီမှ ထုတ်ပယ်ခံရပြီဟု ထင်ထားခဲ့သည်။ သို့သော် နှာဘူးပေါက်စလေး ရောက်လာပြီး နတ်ဆိုးဘုရင်ကြီးကို ကယ်တင်သွားခဲ့သည်။


" ဟမ့် သူက ကံကောင်းနေသေးတာပဲ ... ဘာပဲဖြစ်ဖြစ် နောက်ထပ် ပြိုင်ဘက်တွေက ပိုသန်မာတယ် ..."

ရှောင်ပုချွယ် အံကြတ်လိုက်သည်။


အမှန်တွင် ပုဖန်က သူ့အား ဖိအားစတင်ပေးနေပြီ ဖြစ်သည်။


သို့သော် သူမကြောက်ရွံ့နေပေ။ သူ၏ပြိုင်ဘက်မှာ ပဉ္စမအလွှာမှ ကြောက်မက်ဖွယ်စားဖိုမှူးများသာ ဖြစ်သည်။ ပထမအလွှာမှ သေးနိုပ်သည့် စားဖိုမှူးငယ်တစ်ယောက် မဟုတ်ပေ။


ပုဖန် ကွင်းထဲတွင် ဘာကိုမှ အရေးမစိုက်ပဲ ပခုံးတွန့်လိုက်သည်။


" နောက်ဆုံး အဆင့်သတ်မှတ်ချက်ပွဲစဉ် စတင်ပြီ ..."


ဝုန်း ဝုန်း ...


ဒိုင်လူကြီး ပြောပြီးသည်နှင့် ကောင်းကင်ပေါ်မှ အမည်းရောင် ကျောက်ပြားကြီး ပြောင်းလဲသွားပြန်သည်။


ပုဖန်၏အမည်မှာ ပထမနေရာ၌ပင် ထပ်မံ၍ ပေါ်လာသည်။


ပဉ္စမအလွှာမှ စားဖိုမှူးမှာ သူ၏ဓားစွမ်းအား ပေါက်ကွဲထွက်သွားသောကြောင့် အဆင့်များစွာ ကျသွားသည်။ 


ကြမ်းပြင်ကို ဆောင့်နင်း၍ ထိုစားဖိုမှူး မတ်တပ်ရပ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ်မျက်လုံးများက ပုဖန်ကို စိုက်ကြည့်နေသည်။


" ချက်ပြုတ်တာနဲ့ ပတ်သက်လာရင် ငါဘယ်တော့မှ မရှုံးဘူး ..."

ပဉ္စမအလွှာမှ စားဖိုမှူးက အေးစက်စွာ ပြောလိုက်သည်။ 


ပတ်တီးကိုထုတ်ယူပြီး ဒဏ်ရာများစွာ ရနေသော လက်ကို စည်းနှောင်လိုက်သည်။ 


ထို့နောက် မသေမျိုးစွမ်းအင်များ စုဝေးနေသော မီးဖိုတစ်ခုကို ‌ဆင့်ခေါ်လိုက်သည်။


တစ်ချိန်တည်းမှာပင် တခြားအင်မော်တယ်စားဖိုမှူးများလည်း နေရာကို ရှာဖွေထားကြပြီ ဖြစ်သည်။


အကြိုဗိုလ်လုပွဲ၏ အရေးကြီးဆုံးပွဲစဉ် စတင်ပြီဖြစ်သည်။


ပြိုင်ပွဲမှာ သူ၏လမ်းကြောင်းပေါ် ပြန်ရောက်သွားပြီဖြစ်သည်။ လောင်ချန်၏ အဖြစ်အပျက်မှာ သေးငယ်သော အရာတစ်ခုခန့်သာ ဖြစ်သည်။ 


ပုဖန် လက်နောက်ပစ်၍ သူ၏နေရာ၌ပင် ရပ်နေသည်။ ထို့နောက် ပဉ္စမအလွှာမှ စားဖိုမှူးကို မျက်နှာသေဖြင့်ကြည့်ကာ ပြောလိုက်သည်။ 

" ခင်များကို ပြောဖို့မေ့သွားတယ် ကျုပ်နဲ့ ပြိုင်မယ်ဆိုရင် ကျွမ်းကျင်သူတွေခေါ်တဲ့ စားဖိုမှူးစိန်ခေါ်ပွဲဆိုတဲ့ အသုံးအနှုန်းတစ်ခုရှိတယ် ..."


ထိုသို့ ပြောပြီးနောက် ကောင်းကင်တွင် တစ်စုံတစ်ခု ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။


တိထိုက် ဝိညာဉ်သစ်သီးကို စားနေလျက် ခေါင်းမော့၍ ကောင်းကင်ပေါ် ကြည့်လိုက်သည်။


" ကောင်းကင်ဘုံ လမ်းကြောင်းကြီးရဲ့ စိတ်ဆန္ဒလား .."


ပရိသတ်များထဲတွင် ပုဖန်၏ အဖွဲ့တစ်ဆယ်မှ အင်မော်တယ် စားဖိုမှူးများ အလွန် ကြောက်လန့်နေကြသည်။


" စားဖိုမှူးစိန်ခေါ်ပွဲပဲ ဘုရားရေ ငါတို့ရဲ့ နတ်ဆိုးဘုရင်ကြီးက ..."


" အိုး သေစမ်း ... နတ်ဆိုးဘုရင်ကြီး ပြန်ရောက်လာပြီ ..."


" နတ်ဆိုးဘုရင်ကြီး ဒေါသထွက်လာပြန်ပြီ အဲ့ဒီလူတွေကို စိတ်ဓာတ်ကျအောင် လုပ်တော့မယ် ..."


အဖွဲ့တစ်ဆယ်မှလူများ သူတို့အနိုင်ယူခံခဲ့ရသည့် အချိန်ကို ထင်ထင်ရှားရှား‌ မှတ်မိနေသည်။ ပြိုင်ပွဲကွင်းထဲတွင် ရပ်နေသော အင်မော်တယ်စားဖိုမှူးများကို ရုတ်ချည်း သနားလာကြသည်။


ရှောင်ပုကျွင်၏ မျက်နှာတွင် ကြောက်လန့်မှုများဖြင့် ပြည့်နေသည်။

" စား ... စားဖိုမှူးစိန်ခေါ်ပွဲလား သူလုပ်ပြန်ပြီ ..."


ရှောင်ပုချွယ် မျက်မှောင်ကြုတ်လိုက်သည်။ ပုဖန်ဟ စားဖိုမှူးစိန်ခေါ်ပွဲကို သူကြားသည်။ ဤတစ်ကြိမ်က မျက်မြင်တွေ့ရမည့် အကောင်းဆုံး အခွင့်အရေးပင်။ 


မီးဖိုပေါ်တွက် ဟင်းချက်ပါတင်ပစ္စည်းများ ပေါ်လာသည်။


အင်မော်တယ် စားဖိုမှူများ စတင်ချက်ပြုတ် နေကြသည်။


ပဉ္စမအလွှာမှ အင်မော်တယ် စားဖိုမှူး ပုဖန်ကို စိုက်ကြည့်နေသည်။ ပုဖန်က သူ၏တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သည်။


သူ့ကို ချေမှုန်းနိုင်မှသာ သူ၏ရင်ထဲက ဒဏ်ရာက်ု ကုသနိုင်မည်ဖြစ်သည်။ မဟုတ်ပါက သူ ဤနေရာတွင် တစ်သက်လုံးနေသော်လည်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်မည် မဟုတ်ပေ။


အချက်ပြုတ်နည်းစနစ်များကို အဆက်မပြတ် လုပ်ဆောင်နေကြသဖြင့် ဓားများမှ အရောင်များ တလက်လက် တောက်နေသည်။


ဤအချိန်တွင် ချက်ပြုတ်ခြင်း၌သာ စိတ်ရောက်နေကြသည်။


ဝုန်း ဝုန်း ဝုန်း ...


မကြာမီ တိမ်မည်းများ တလိမ့်လိမ့် စုစည်းလာသည်။


စားဖိုမှူးများ၏ ခေါင်းပေါ်တွင် မိုးခြိမ်းနေပြီး လျှပ်စီးများ လက်နေသည်။


မဟူရာလိပ်ခုံးဒယ်အိုး ပြင်းပြင်းထန်ထန် လှည့်ပတ်နေပြီး မွှေးပျံ့သော ရနံ့များ ‌ထွက်ပေါ်လာနေသည်။ 


ဤတစ်ကြိမ်တွင် ပုဖန် ကမာပန်ကိတ်ကို ပြုလုပ်ရန် မရွေးချယ်ခဲ့ပေ။


ကမာပန်ကိတ်မှာ ကောင်းမွန်သော်လည်း ပုဖန်၏ ပြိုင်ဘက်မှာ ပဏာမပြိုင်ပွဲများမှ စားဖိုမှူးများကဲ့သို့ မဟုတ်ပေ။ 


ထို့ကြောင့် ဤတစ်ကြိမ်တွင် မလွှမ်းမိုးနိုင်သော ရှုးရှဲအစပ်ချောင်းများ ချက်ပြုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။ 


အစပ်ချောင်း ပေါ်လာပြီဆို ဘယ်သူမှ ကြွားဝါရဲတော့မှာ မဟုတ်ဖူး ...


စပ်သောရနံ့များ လေနဲ့အတူ ပါလာသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးထဲမှ အစပ်ချောင်းများကို တူနှင့် ယူလိုက်သည်။


ငရုတ်နှစ်ရည်များ အစပ်ချောင်းများဆီမှ စီးကျလာသည်။ 


ပုဖန်၏ ဟင်းလျာကို မြင်သောအခါ အားလုံး အံ့ဩကုန်ကြသည်။


အဲ့တာက ဟင်းလျာလား ...


စင်မြင့်ပေါ်မှ တိထိုက်ပိစိလေး ဝိညာဉ်သစ်သီးကို ဝါးနေသည်။ ပုဖန် အစပ်ချောင်းကို ယူလိုက်သည်ကို မြင်သောအခါ ထိုသစ်သီးကို ထွေးထုတ်လိုက်သည်။


အဲ့ဒီဟာကို သူသိတယ် ...


ဟိုအရူးငရဲဘုရင် သူပါးစပ်ထဲမှာ အမြဲစုပ်နေတဲ့ဟာ မလား ...


ဝုန်း ဝုန်း ဝုန်း ...


ကောင်းကင်တွင် မိုးကြိုးနဂါးများ ဟိန်းဟောက်နေသည်။


ပရိသတ်များလည်း အံ့သြလွန်း၍ စကညးမပြောနိုင်တော့ပေ။ 

အဲ့ဒီဟာက စားလို့ရတာလား ...


ပုဖန် သူ၏ နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်သည်။ 

ဒီလူတွေ ရှူးရှဲအစပ်ချောင်းက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ မသိကြဘူး ...


ဒီပစပ်ချောင်းက ပူစပ်စပ်ငရုတ်နှစ်ကို အဆင့်မြှင့်ထားတဲ့ပုံစံပဲ 


မည်သို့ပင်ဖြစ်စေ ပုဖန် ဒါကိုသုံးပြီး ကျန်သည့် ၄၉ယောက်၏ ဟင်းလျာများကို တိုက်ခိုက်ချင်‌သည်။


ဝုန်း ...


ကောင်းကင်က တဟုန်းဟုန်း မိုးခြိမ်းသံတွေနဲ့ လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေရှေ့မှာ…


မိုးကြိုးနဂါး အကောင်ငါးဆယ် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။