အပိုင်း ၁၀၃၉
Viewers 53k

အခန်း ၁၀၃၉

မစိုးရိမ်ပါနဲ့ မင်းတို့ ဒီထက်ပိုပြီး စိတ်ပျက်အားငယ်မှုတွေ ခံစားရဦးမယ်


ဝုန်း ဝုန်း ...


မိုးကြိုးနဂါးများ ဟင်းလင်းပြင်တစ်ခုလုံးကို ဖောက်ကွဲတော့မည် ပုံစံမျိုးဖြင့် ကောင်းကင်တွင် သွားလာနေသည်။


ဤသည်မှာ အားလုံးမျှော်လင့်နေကြသော အကြိုဗိုလ်လုပွဲ၏ အထင်ကြီးလောက်ဖွယ်ရာ မြင်ကွင်းဖြစ်သည်။


အင်မော်တယ်စားဖိုမှူး အယောက် ၅၀ ဟင်းလျာများကို တစ်ချိန်တည်းပင် ချက်ပြုတ်နေကြပြီး မိုးကြိုးပြစ်ဒဏ်များလည်း တစ်ပြိုင်နက် ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းသည့်အတွက် အားလုံးရင်ခုန်နေကြသည်။


မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။


ကွင်းထဲမှ စားဖိုမှူးများ ချက်ချင်းပင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် မိုးကြိုးပြစ်ဒဏ်ကို ရှောင်ရှားရန် ပြင်ဆင်နေကြသည်။


၎င်းတို့မှာ ထိပ်တန်းအင်မော်တယ် စားဖိုမှူးများ ဖြစ်လာကြသည့်အတွက် သူတို့တွင် ကိုယ်ပိုင်လှည့်ကွက်များ ရှိကြသည်။ မသေမျိုးဟင်းလျာများစွာ ချက်ပြုတ်ခဲ့ဖူးသည့်အတွက် မိုးကြိုးကာကွယ်ရေးမှာ သူတို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။


ကွင်းထဲတွင် ယခင်က အဖွဲ့တစ်ဆယ်မှ အင်မော်တယ်စားဖိုမှူးများကို ကြည့်ရသည်မှာ ကမောက်ကမ ဖြစ်နေပုံပင်။


လျှပ်စီးဒဏ် ကာကွယ်မှုကို ထိုလူများ လုံးဝမလိုအပ်ပေ။


နောက်ထပ် ဖြစ်ပျက်လာမည်များကို မျှော်လင့်ပြီးသားဖြစ်သည်။ 


မိုးကြိုးပြစ်ဒဏ်အခု ၅၀ ကောင်းကင်မှ ကျလာသောအခါ အားလုံး ငေးကြည့်နေကြသည်။


ဝုန်း ဝုန်း ဝုန်း ...


များပြားသော မိုးကြိုးနဂါးများ အစွယ်များကို ပြသ၍ လက်သည်းများကို မြှောက်ကာ ပုဖန်၏ဦးခေါင်းထက်မှ မိုးကြိုးနဂါးကို တိုက်ခိုက်နေကြသည်။


ကျယ်လောင်သော ပေါက်ကွဲသံကြီးက လူများကို ထိတ်လန့်သွားစေသည်။


ဒိုင်လူကြီးများလည်း လေအေးများ ရှုရှိုက်နေကြသည် ။


စင်မြင့်အောက်မှ ဒိုင်လူကြီးလည်း ကူညီချင်သော်လည်း မိုးကြိုးနဂါးများ များစွာ ရှိနေသောကြောင့် မကူညီရဲပေ။


တိထိုက် သူ၏ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ ဤမြင်ကွင်းကို မြင်သောအခါ သူ၏ ချစ်စဖွယ်မျက်လုံးလေးများက တောက်ပနေသည်။


" မိုးကြိုးနဂါးတွေ အချင်းချင်း တိုက်ခိုက်နေတာလား စိတ်ဝင်စားစရာပဲ ... ဒါက မယာနိယာမလမ်းကြောင်းကြီးရဲ့ ဆန္ဒများလား ..."


ကွင်းထဲမှ အင်မော်တယ်စားဖိုမှူးများအားလုံး အံ့ဩကုန်ကြသည်။ 

သူတို့ရဲ့ မိုးကြိုးနဂါးတွေ ဘယ်ရောက်ကုန်တာလဲ ...


သူတို့ အားလုံး အတင်သင့် ပြင်ဆင်ပြီးမှ မိုးကြိုးနဂါးတွေက ပျောက်ဆုံးကုန်တယ် ... အနောက်ခံနေရတာလား ပြစ်တင်ခံနေရတာ များလား ...


" ဘာလို့ မိုးကြိုးနဂါးတွေက သူ့နောက် လိုက်နေတာလဲ ..."


ပဉ္စမအလွှာမှ စားဖိုမှူး တစ်စုံတစ်ခုကို ဆိုးဆိုးဝါးဝါး ဖြစ်ပျက်တော့မည်ကို ကြိုသိနေသကဲ့သို့ မျက်မှောင်ကြုတ်နေသည်။


" သူက သေချင်နေတာပဲ မိုးကြိုးပြစ်ဒဏ် ၄၉ခုကို သူဘယ်လို တားမှာလဲ ..."


ဝုန်း ...


အမှန်မှာ ပုဖန်၏ ဦးခေါင်းထက်ရှိ မိုးကြိုးနဂါးမှာ အခြားသူများ၏ တိုက်ခိုက်မှုကို မခံမရပ်နိုင်ဖြစ်ပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။


ခဏအကြာတွင် 


မိုးကြိုးနဂါးများ ဟင်းလင်းပြင်ထဲတွင် ပြန့်ကျဲနေသည်။


ကွင်းထဲတွင် အင်မော်တယ်စားဖိုမှူးများ၏ ဟင်းလျာများ ပေါက်ကွဲထွက်ကုန်သည်။ သူတို့၏ ပန်းကန်များ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကုန်ပြီး မသေမျိုးစွမ်းအင်များ ပျောက်ကွယ်ကုန်သည်။


ထို အင်မော်တယ်စားဖိုမှူးများ ‌မျက်မှောင်ကြုတ်လိုက်သည်။ လေအေးများ ရှုရှိုက်ပြီး တုန်ယင်နေကြသည်။


ပရိတ်သတ်ထဲတွင် ယခင်အဖွဲ့တစ်ဆယ်မှ လူများ မှတ်ချက်ပေးနေကြသည်။


" ထင်တဲ့အတိုင်းပဲ ရင်းနှီးနေတဲ့ ပုံရိပ် ရင်းနှီးနေတဲ့ ပြုလုပ်ပုံပဲ ..."


" အဲ့လူတွေအတွက် စိတ်မကောင်းဖြစ်မိတယ် ... သူတို့ အခု စိတ်ပျက်အားငယ် နေကြမှာပဲ ..."


" ဒီ စားဖိုမှူးစိန်ခေါ်ပွဲက တကယ်ကို နတ်ဆိုးဘုရင်ကြီးရဲ့ တကယ့် ခြိမ်းခြောက်မှုပဲ ... သူက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲကို မွှေနှောက်ချင်နေတာပဲ ..."


ပရိသတ်များ ဆွေးနွေးပြီးနောက် ပုဖန်ကို စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့်ကြည့်ကာ သက်ပြင်းချလိုက်သည်။


ထိုအချိန်တွင် ကောင်းကင်ပေါ်မှ မိုးကြိုးပြစ်ဒဏ်များကို ပုဖန် စိတ်ထဲမရှိပေ။ သူ၏စိတ်စွမ်းအင်မှာ အစပ်ချောင်းပေါ်၌သာ ရှိနေသည်။


ဝှစ် ...


အစပ်ချောင်းတစ်လျှောက် ငရုတ်နှစ်ရည်များ စိမ့်ထွက်နေချိန်တွင် မွှေးပြီး စပ်သော ရနံ့တစ်ခု လွင့်ပျံလာသည်။


အစပ်ချောင်းမှ ကြည်လင်ပြတ်သားသော အနီရောင် ရောင်ခြည်များ ဖြာထွက်ပြီး အတွင်းတွင် စွမ်းအင်တစ်မျိုးမျိုး ရွေ့လျားနေပုံရသည်။


အစပ်ချောင်း တောက်ပလာသည်နှင့် ဘေးတစ်ဝိုက်တွင် မသေမျိုးစွမ်းအင်များ လှည့်ပတ်နေသည်။ မသေမျိုးဟင်းလျာ ဖြစ်သည်မှာ သံသဝင်ရန် မလိုပေ။


သို့သော် ယခင် အစပ်ချောင်းနှင့် နှိုင်းယှဉ်ပါက ဤအရာသည် ပိုမိုစွဲမက်ဖွယ်ကောင်းပြီး အနည်းငယ် ပိုမိုလေးနက်သည်။


အဘယ်ကြောင့်ဆိုသော် ပူစပ်စပ်ငရုတ်နှစ်၏ အဆင့်မြှင့်ပုံစံသည် ယခင် ပူစပ်စပ်ငရုတ်နှစ်ထက်ပင် ကောင်းမွန်သော အရသာရှိသောကြောင့် ဖြစ်သည်။


ဤအဆင့်ရှိသော အစားအစာမျိုးက လူများကို နစ်မွန်းသွားစေနိုင်သည်။


ပုဖန် ကြေမွနေသော ရေခဲအပုံလိုက်နှင့် ပန်းကန်ဝိုင်းတစ်ချပ် ထုတ်ယူလ်ိုက်သည်။ လေအေးများ တိုက်ခတ်‌နေပြီး အဖြူရောင်အငွေ့များပင် မြင်နေရသည်။


ထို့နောက် ရှူးရှဲအစပ်ချောင်းကို ရေခဲပုံထဲသို့ ထိုးထည့်လိုက်သည်။


ချက်ချင်းပင် မသေမျိုးစွမ်းအင်များက ၎င်းတွင် ရစ်ပတ်သွားပြီး မသေမျိုးကိရိယာတစ်ခုဟုပင် ထင်ရစေသည်။


ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို အသုံးပြု၍ အလှဆင်ရန် ဝိညာဉ်ဟင်းသီးဟင်းရွက်များကု ဖြတ်တောက်ပြီး ပန်းကန်ပြားပေါ် တင်လိုက်သည်။


ဤသို့ဖြင့် ပြောင်မြောက်သည့် အနုပညာလက်ရာတစ်ခုနှင့်တူသော ဟင်းလျာတစ်ခု ပြီးစီးသွားသည်။


ကောင်းကင်တွင် မြည်ချုန်းသံများ ပဲ့တင်ထပ်နေသည်။


ပုဖန် ခေါင်းမော့၍ သူ၏အထက်မှ တောက်ပနေသည့် လျှပ်စီးကြောင်းများကို ကြည့်လိုက်သည်။


သူ၏ ပထမမိုးကြိုးနဂါးကြီးမှာ တခြားမိုးကြိုးနဂါးများ၏ အုပ်စုလိုက် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိသောကြောင့် ဆုတ်ပြဲသွားသည်။


သို့သော် ၎င်းက အခြားမိုးကြိုးနဂါးများ၏ တစ်ဝက်ခန့်ကို ချေမှုန်းလိုက်သည်။ 


ကောင်းကင်တွင် တိမ်မည်းများ တစ်ဖန် စုဝေးလာပြန်သည်။


‌ခ‌ဏအကြာတွင် ဒုတိယမြောက် မိုးကြိုးနဂါးကြီး ကောင်းကင်ကို ဆုတ်ဖြဲမည့်ဟန်ဖြင့် လက်သည်းများကို ပြသ၍ ဆင်းလာပြန်သည်။


ရှောင်ပုချွယ် မြင်သောအခါ သက်ပြင်းချ၍ ပြောလိုက်သည်။

" ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်ပေါ့ ... မဆိုးပါဘူး ဘာပဲဖြစ်ဖြစ် အားနည်းနေသေးတယ် ..."


ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်မှာ ပထမတစ်ခုထက် အနည်းငယ် သန်မာသည်။ မကြာမီ ကျန်ရှိနေသော မိုးကြိုးနဂါးများ ဖျက်ဆီးခံလိုက်ရသည်။ 


ယခု ကွင်းထဲတွင် မိုးကြိုးနဂါးတစ်ကောင်သာ ကျန်တော့သည်။


" မင်းက မိုးကြိုးပြစ်ဒဏ်နှစ်ခုကို အစပျိုးစေတဲ့ ဟင်းလျာကို ချက်နိုင်တဲ့ တစ်ယောက်တည်းသောသူပဲ ..."

ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး ပြောလိုက်သည်။


ယခု ထိုငါးယောက်ပဲ ကျန်နေပြန်သည်။ အမှန်တွင် သူတို့၏ ချက်ပြုတ်ခြင်းမှာ ကောင်းမွန်လှသည်။ ပထမမိုးကြိုးနဂါးကြီး ဆုတ်ဖြဲခံရပြီးနောက် နောက်ထပ် မိုးကြိုးပြစ်ဒဏ်တစ်ခုကို အစပျိုးလိုက်ပြန်သည်။


မကြာမီ သူတို့၏ ဒုတိယမြောက်မိုးကြိုးနဂါးကြီး ရောက်လာပြီး ပုဖန်၏ မိုးကြိုးနဂါးကို တိုက်ခိုက်ကြပြန်သည်။


မိုးကြိုးနှင့် လျှပ်စီးတို့သည် လေထဲတွင် နောက်တစ်ကြိမ် ထပ်၍ တိုက်ခတ်လာသည်။


မိုးကြိုးနဂါးများ ဘာကြောင့်တူတူ တိုက်ခိုက်ကြသည်ကို မသိကြသော်လည်း ဤကဲ့သို့ တိုက်ခိုက်သတ်ဖြတ်နေခြင်းက သူတို့ကို လှုံ့ဆော်ပေးနေသည်။


တကယ်ကို ရင်ထဲ ထိမိစေတယ် ...


ဝုန်း ဝုန်း ဝုန်း ...


" ဒီတစ်ခေါက်တော့ နတ်ဆိုးဘုရင်ကြီး နိုင်ဖို့ မလွယ်တော့ဘူး ..."


" သူ့ရဲ့ ဟင်းလျာက ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်ခဲ့ပေမယ့် ဒီနေရာမှာ ရှိနေကြတဲ့ လူတွေက အားမနည်းကြဘူး သူတို့လည်း ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်တယ် ..."


" နတ်ဆိုးဘုရင်ကြီးက သူတို့ကို လက်နဲ့ တောက်ချချင်နေတာပဲ ဘာလို့လဲ မသိပေမယ့် စိတ်လှုပ်ရှားလာပြီ ..."


ပရိသတ်များ အထူးသဖြင့် ယခင် အဖွဲ့တစ်ဆယ်မှ အင်မော်တယ်စားဖိုမှူးများ ကြည့်ရသည်မှာ ပျော်ရွှင်နေကြသည်။


နတ်ဆိုးဘုရင်ကြီးက သူတို့ကို အနိုင်ယူခဲ့သဖြင့် ကြောက်ရွံ့မှုနှင့် စိတ်ဓာတ်ကျမှုတို့ကို တွေ့ကြုံခဲ့ရသော်လည်း ယခု နတ်ဆိုးဘုရင်ကြီး ချေမှုန်းခဲ့ရမည်ကို သူတို့ မျက်မြင်တွေ့ ရတော့မည်။


ထို့ကြောင့် သူတို့ စိတ်လှုပ်ရှား နေကြသည်။ 


ဝုန်း ဝုန်း ဝုန်း ...


ရိုက်ခတ်မှုမှ အသံများ တဟုန်ထိုး ထွက်ပေါ်လာသည်။


ဒိုင်လူကြီးလည်း လေအေးများ ရှုရှိုက်နေရသည်။ ထိုအဆင့်လောက် ရိုက်ခတ်မှုကို သူ တားဆီးနိုင်ရန် ယုံကြည်ချက်မရှိပေ။ 


နယ်ပယ်သခင်တိထိုက် ခြေထောက်ချိတ်လျက် ထိုင်နေသည်။ မိုးကြိုးနှင့် လျှပ်စီးများ ပေါက်ကွဲနေသည်ကို စိတ်လှုပ်ရှားစွာကြည့်၍ ဝိညာဉ်သစ်သီးများကို ဆက်လက်စားနေသည်။


" အဲ့ကောင်လေးပုဖန် ချေမှုန်းခံရတော့မယ် ..."


အခြားဒိုင်လူကြီးများလည်း သဘောတူလိုက်ကြသည်။


" မှန်ပါတယ် ... သူတို့အကုန်လုံးက ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်တွေဆိုပေမယ့် ငါးခုလုံးကို တစ်ချိန်တည်းမှာ ခုခံဖို့က မဖြစ်နိုင်ဘူး ... အဲ့‌ကောင်လေးက ယုံကြည်မှု လွန်ကဲနေတာပဲ ..."

ဒိုင်လူကြီးများထဲမှ တစ်ဦးက ပြောလိုက်သည်။


တိထိုက်ပိစိလေး မျက်ဆံလှန်လိုက်သည်။

" မင်းကို စကားပြောခိုင်းလို့လား ... ငါမမြင်ဘူလို့ ထင်နေတာလား ..."


ဒိုင်လူကြီးများ ဒေါသထွက်ကုန်ကြသည်။ 

နယ်ပယ်သခင်ရဲ့တိုကင်သာ မပါရင် ဒီ ဖင်ပြောင်ကောင်းလေးကို သေအောင်ရိုက်ပစ်ပြီ ..."


ဝုန်း ဝုန်း ...


ပေါက်ကွဲမှုများဖြစ်ပေါ်ပြီးနောက် ပုဖန်၏ ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်မှာ အမှန်ပင် ကြေမွသွားသည်။


မိုးကြိုးနဂါးငါးကောင် လေထဲတွင် ရစ်ပတ်နေသည်။


" ဟားဟားဟား ခံစားလိုက်စမ်း ချက်ပြုတ်တာနဲ့ ပတ်သက်လာရင် မင်းကိုအနိုင်ယူနိုင်တယ်ဆိုတာ သေချာတယ် ..."


ပဉ္စမအလွှာမှ အင်မော်တယ် စားဖိုမှူးကို ကြည့်ရဟည်မှာ စိတ်လှုပ်ရှားနေပုံပင်။


အခြား အင်မော်တယ်စားဖိုမှူးများလည်း အားရပါးရ ရယ်မောနေကြသည်။ ပုဖန် သူတို့ကို ပေးခဲ့သော ကြောက်လန့်မှုမှာ လေထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။


ပုဖန်၏ ခုတ်ပိုင်းမှုတစ်ခုကြောင့် သူတို့ရင်ထဲ ရခဲ့သော ဒဏ်ရာများ မှေးမှန်သွားပြီဖြစ်သည်။


သို့သော် ပုဖန် သူတို့ကို မျက်လုံးပင် စွေမကြည့်ပေ။ လက်နောက်ပစ်လျက် သူ၏ရှေ့မှ ပြောင်မြောက်လှသည့် ရှူးရှဲအစပ်ချောင်းကို ငေးကြည့်နေသည်။


ရောင်ခြည်မှာ ပို၍ ပြင်းထန်လာပြီး ချို၍စပ်သော ရနံ့က သူ၏နှုတ်ခမ်းကို တိုက်ခိုက်နေပြီး သွားရည်ယိုလာစေသည်။


ဝုန်း ...


ရုတ်တရက် ကျယ်လောင်သော မိုးခြိမ်းသံကြီး ပဲ့တင်လာပြန်သည်။


ပဉ္စမအလွှာမှ စားဖိုမှူး၏ရယ်သံ လည်ချောင်းထဲ ပြန်ဝင်သွားသည်။


အားလုံး ကြောက်လန့်နေကြသည်။ ခေါင်းမော့လိုက်ပြီး ပုဖန်၏ ခေါင်းအထက်မှ တိမ်မည်းများ မပြန့်ကျဲသေးသည့် ကောင်းကင်ကို ကြည့်လိုက်သည်။


ထိုနေရာမှ ကြောက်မက်ဖွယ်ဖိအားများ ထွက်ပေါ်နေသည်။


ထို့နောက်တွင် အစစ်အမှန်ဟု ထင်ရလောက်သည့် မိုးကြိုးနဂါးကြီး တိမ်မည်းများကြားမှ ထွက်ပေါ်လာသည်။


တတိယမြောက် မိုးကြိုးပြစ်ဒဏ် ...


နတ်‌ဆိုးဘုရင်ကြီးရဲ့ ဟင်းလျာက တတိယမြောက်မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင်တာလား ...


ဤအခိုက်အတန့်တွင် သူတို့၏ ကမ္ဘာကြီး ပြောင်းပြန်လန်သွားသည်ဟု အားလုံးခံစားနေရသည်။


ဘာဖြစ်လို့ တတိယမြောက် မိုးကြိုးပြစ်ဒဏ် ရှိနေရတာလဲ ...


ပုဖန်ရဲ့ ဟင်းလျာက တုတ်ချောင်းတစ်ချောင်း ပဲလေ မဟုတ်ဖူးလား ...


တုတ်ချောင်းတစ်ချောင်းက ဘာလို့ မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်တာလဲ ...


အဖြစ်အပျက်တွေ ပြောင်းပြန်လန်ကုန်တာပဲ ...


ကုန်းရှို့ပန် အလွန် စိတ်လှုပ်ရှားနေသည်။ လိုဏ်ခေါင်း၏အဆုံးမှ အလင်းရောင်မှာ ပို၍ ပို၍ တောက်ပလာသည်။


ပိုင်ရှင်ပုက တကယ်ကို အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတာပဲ ... 


မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်တဲ့ ဟင်းလျာကို သူ ပထမဆုံး မြင်ဖူးတာပဲ ...


မင်းတို့ရဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားလိုက်ကြစမ်း ...


ကုန်းရှို့ပန် မျှော်လင့်နေသည်။


ဂျုန်း ဂျုန်း ဂျုန်း ...


တတိယမြောက် မိုးကြိုးနဂါးကြီး ထွက်ပေါ်လာချိန်တွင် ပြိုင်ပွဲကွင်းအတွင်းမှ အင်မော်တယ်စားဖိုမှူးများ စိတ်ပျက်အားငယ်မှုများ ခံစားနေရသည်။


ပဉ္စမအလွာမှ အင်မော်တယ် စားဖိုမှူးမှာ လုံးဝဆွံအသွားသည် သူ၏မိုးကြိုးနဂါးကြီး ရက်စက်စွာ ဆုတ်ဖြဲခံလိုက်ရသည်ကို မြင်သောအခါ သူ၏နှလုံးသားမှ အက်ကွဲကြောင်းကြီး ပို၍ ကြီးမားလှသည်။ 


ရင်ထဲမှ အရိပ်ဆိုးကြီး ကြီးမားလာပြီး သူ့ကိုလွှမ်းခြုံသွားသည်။


ဒါက တကယ်ကို စိတ်ဓာတ်ကျစရာပဲ ...


ဝုန်း


မိုးကြိုးနဂါးကြီးငါးကောင် ပေါက်ကွဲထွက်သွားပြီး ချက်ချင်းပင် တိမ်မည်းများ ကင်းစင်သွားသည်။


ခဏတွင်းချင်းပင် ပုဖန်၏ ရက်စက်ကြမ်းကြုတ်သော မိုးကြိုးနဂါးကြီး သူ့ထံသို့ ဆင်းသက်လာသည်။


တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခု ရှေ့သို့ တစ်ဟုန်ထိုး ထွက်လာသည်။


သတ္တုတောင်ပံတစ်စုံ ဖြန့်ကျက်လာပြီး တုတ်ချောင်းတစ်ချောင်းက မိုးကြိုးပြစ်ဒဏ်ကို ထိမှန်သွားသည်။ နောက်ဆုံးတွင် ထိုပုံရိပ်က မိုးကြိုးနဂါးကြီး၏ ဗိုက်ကို ချိန်ရွယ်ထားသည်။ 


နတ်ဆိုးဘုရင်ကြီး၏ မြေကမ္ဘာအင်မော်တယ်ရုပ်သေး လှုပ်ရှားလိုက်သည်။


ရက်စက်ကြမ်းကြုတ်သော လျှပ်စီးကို ဝါးမျိုလိုက်မှုကြီးက လူအုပ်ကြီးကို အံ့သားသင့်စေခဲ့သည်။ 


ထိုမျှသာမကဘဲ မြေကမ္ဘာအင်မော်တယ်‌ရုပ်သေးက နတ်ဆိုးဘုရင်ကြီးနှင့် ဆင်တူပြီး ၎င်း၏ လှုပ်ရှားမှုများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ဆောင်သွားသောကြောင့် အံ့သြဖွယ်ကောင်းသည်။


အင်မော်တယ်စားဖိုမှူးငါးယောက်၏ ဟင်းလျာများ ပေါက်ကွဲထွက်သွားပြီး မသေမျိုးစွမ်းအင်များလည်း ပျောက်ကွယ်သွားသည်။


ပုဖန် သူ၏ပတ်ဝန်းကျင်ရှိ အင်မော်တယ်စားဖိုမှူးများကို ဂရုမစိုက်ဘဲ သူ၏မျက်လုံးများက အနုပညာလက်ရာတစ်ခုနှင့် တူသည့် ပန်းကန်ကို ကိုင်ထားသည်။


" အခု မင်းတို့ အားလုံး စိတ်ဓာတ်ကျနေပြီလား ..."


ပုဖန် သိုသိုသိပ်သိပ်သာ နေချင်သော်လည်း အချို့က သူ့ကို ထိုသို့ နေခွင့်မပြုပေ။ 


လောင်ချန် ပုဖန်၏ ဒေါသကို ဆွလိုက်သည်။


" ငါ ... ငါ ရှုံးသွားပြီ ..."


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး အံ့ဩနေသည်။ ကွဲကြေသွားသော ပန်းကန်ပြားထဲမှ အစားအသောက်များနှင့် ပြန့်ကျဲနေသည့် မသေမျိုးစွမ်းအင်များကို ကြည့်ပြီး သူ၏အကြည့်များ ဗလာ ဖြစ်သွားသကဲ့သို့ပင်။


သူသ ပထမအလွှာ စားဖိုမှူး ချေ... ချေမှုန်းတာကို ခံလိုက်ရတာလား ...


တခြားလူများလည်း ထိုသို့ မျက်နှာမျိုးနှင့်ပင်။ သူတို့ ဓားစွမ်းရည်မှာပင် ချေမှုန်းခံလိုက်ရရုံမက ယခု အချက်ပြုတ် စွမ်းရည်၌ပင် ...


" မစိုးရိမ်ပါနဲ့ မင်းတို့ ဒီထက်ပိုပြီး စိတ်ပျက်အားငယ်မှုတွေ ခံစားရဦးမယ်..."

ပုဖန် အေးဆေးပင် ပြောလိုက်သည်။


ကွင်းအပြင်မှ အင်မော်တယ်စားဖိုမှူးများ လေအေးများကို ရှုရှိုက်နေရသည်။ ကွင်းထဲမှ အင်မော်တယ်စားဖိုမှူး ၄၉ယောက်ကို သူတို့ သနားနေကြသည်။


ကြောက်မက်ဖွယ်ပူဆွေးမှု တစ်ခုကတော့ ... နတ်ဆိုးဘုရင်ကြီးကို ချေမှုန်းနိုင်တဲ့သူ ဘယ်သူမှ မရှိသေးတာပဲ ...


ရှောင်ပုကျွင် တုန်ယင်နေသည်။ သူ အမှန်တကယ် ကြောက်ရွံ့နေပြီဖြစ်သည်။ 


ရှောင်ပုချွယ် ရှောင်ပုကျွင်ကို စိုက်ကြည့်လိုက်သည်။

" မင်း ဘာကို ကြောက်နေတာလဲ ..."


" မဟုတ်ဖူး ဒီလူ ‌ဘယ်လောက် ကြောက်စရာကောင်းလဲ အစ်ကိုကြီး မသိဘူး ..."

ရှောင်ပုကျွင် အလွန်ကြောက်လန့်နေသည်။ နောက်ထပ်ဘာဖြစ်လာမည်ကို တွေးမိရုံဖြင့် သူ၏ရင်ထဲမှ တသိမ့်သိမ့် တုန်လာသည်။


ဘာ ...


ရှောင်ပုချွယ် ဇစေဇဝါ ဖြစ်သွားသည်။ ထို့နောက် ကွင်းထဲသို့ ကြည့်လိုက်သည်။


ဖြစ်ပျက်နေသည်ကို မြင်သွားသောအခါ သူ၏နှလုံးသားကို မမြင်ရသော လက်တစ်ဖက်ဖြင့် ဆွဲညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။


ဒီမြင်ကွင်းကို သူတစ်သက်လုံး မေ့နိုင်မှာ မဟုတ်ဖူး ...


ပုဖန်၏ ခြေထောက်အောက်၌ မှော်အခင်းအကျင်းတစ်ခု ပေါ်လာသည်။ ထို့နောက် သလင်းကျောက်ကဲ့သို့ ကြည်လင်သည့် ဓားဗီရိုတစ်ခု ပေါ်လာသည်။ 


ပုဖန် အမူအရာ မပြောင်းလဲပဲ လက်မြှောက်၍ ဓားဗီရိုကို ပုတ်လိုက်သည်။


ချက်ချင်းပင် ...


ဓားဗီရို ပွင့်သွားသည်။


ကွင်းထဲမှ အင်မော်တယ်စားဖိုမှူးများ ကူကယ်ရာမဲ့စွာ ဖြင့် သူတို့၏ဓားများ ကောင်းကင်ပေါ်သို့ ပျံဝဲသွားသည်ကို ကြည့်နေသည်။ ရေစီးကြောင်းတစ်ခု ကဲ့သို့ စုဝေးသွားပြီး ပုဖန်၏ ဓားဗီရိုဆီသို့ ပျံသွားသည်။


" မဖြစ်ဖူး ..."


" ပဉ္စမအလွှာမှ စားဖိုမှူး စိတ်ဓာတ်ကျစွာဖြင့် လက်ကိုမြှောက်လိုက်သည်။ သူ၏ ဓားကို မဆုံးရှုံးလိုပေ။ 


သူ၏ဓားကို လှမ်းဆွဲမည်အပြုတွင် ကောင်းကင်၌ မိုးခြိမ်းသံကြီး ကျယ်လောင်လာသည်။


မဟာနိယာမလမ်းကြောင်းကြီး၏ ခြိမ်းခြောက်နိုင်သည့်စိတ်ဆန္ဒ ရောက်ရှိလာပြီး သူတို့ကို အေးခဲသွားစေသည်။


ဂျိန်း ဂျိန်း ...


မီးဖိုချောင်သုံးဓားများ ရေစီးကြောင်းကဲ့သို့ ပုဖန်၏ ခန္ဓာကိုယ်ဘေးတွင် တစ်ဟုန်ထိုး လည်ပတ်နေသည်။ ထို့နောက် သူ၏ ဓားဗီရိုထဲသို့ ဝင်သွားသည်။


ပုဖန်၏လက်က ထိုဓားဗီရိုကို ဖြည်းညှင်းစွာ ပွတ်သပ်နေပြီး ထိုလူများကို ကြည့်လိုက်သည်။


" ငါက သိုသိုသိပ်သိပ်‌ပဲ နေချင်တာ စားဖိုမှူးစိန်ခေါ်ပွဲကိုလည်းမလုပ်ချင်ခဲ့ဘူး ... ဆိုးတာက မင်းတို့ငါ့ကို ဖိအားပေးခဲ့တာပဲ ..."


တိထိုက် ဝိညာဉ်သစ်သီးကို ဝါးနေရာမှ ပြုတ်ကျသွားသည်။


အရမ်းကို မိုက်သည်ဟု သူတွေးနေမိသည်။


ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် စားပွဲခုံကို လက်ဖြင့် ပုတ်လိုက်သည်။


" စားဖိုမှူး စိန်ခေါ်ပွဲ အဲ့တာ စားဖိုမှူးစိန်ခေါ်ပွဲပဲ ... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ဒီစားဖိုမှူး ငပျင်းလေးတွေကို လှုံ့ဆော်ပေးဖို့ ဒါမျိုးတိုက်ပွဲတွေ များများ ကြုံတွေ့သင့်တယ် ဒါက သူတို့တိုးတက်ဖို့ အကောင်းဆုံး နည်းလမ်းပဲ ..."


တိထိုက်ပိစိလေး စားဖိုမှူးစိန်ခေါ်ပွဲကို တွေ့သောအခါ သူဟမျက်လုံးမှ အရောင်တောက်လာသည်။


ယခုနောက်ပိုင်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးငယ်များက ‌အကောင်းဆုံးရင်းမြစ်များကို ရရှိကြသော်လည်း တိုးတက်ချင်လိုစိတ် မရှိကြပေ။ ထို့ကြောင့် နောက်မျိုးဆက်များက ယခင်မျိုးဆက်များလောက်ပင် မသန်မာကြပေ။


အကာ်၍ ဤစားဖိုမှူးစိန်ခေါ်ပွဲသာ ပြန့်နှံ့သွားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ထိပ်တန်းစားဖိုမှူးများ တိုးပွားလာလိမ့်မည်။ မဟာနိယာမလမ်းကြောင်းကြီးမှ ဤပွဲကို အသိအမှတ်ပြုသည်မှာ အံ့ဩစရာ မဟုတ်ပေ။


စားဖိုမှူးစိန်ခေါ်ပွဲက အားလုံးရဲ့ တိုးတက်မှုအတွက် သော့ချက် ဖြစ်လာနိုင်တယ် ...


ပြိုင်ပွဲကွင်းထဲတွင် ...


ပုဖန် ဗီရိုကို ညင်သာစွယ ပုတ်လိုက်သောအခါ ဓားပေါင်းများစွာ အရောင်တလက်လက် တောက်လာပြီး မှော်အခင်းအကျင်းထဲသို့ နစ်မြုပ်သွားသည်။


ထို့နောက် သူ၏မျက်လုံးများက မီးဖိုပေါ်မှ ဟင်းလျာဆီသို့ ရောက်သွားသည်။


ကဲအခု ... ရှုးရှဲအစပ်ချောင်းကို မြည်းဖို့ အချိန်ရောက်ပြီ ...