စုန့်ရှုဟန် အနည်းငယ်ရှက်ရွံ့သွားရသည်။ ကျိစစ်ယောင်မှာ အနားမှာနေရင်း အဆင်ပြေအောင် စကားပြောရုံမျှအပ ရွေးချယ်စရာမရှိခဲ့ချေ။
"သူ့စရိုက်က နည်းနည်းလေးနက်ပြီး စကားပြတ်ပြတ်ပြောတတ်လို့ပါ၊ ဟန်ဟန် ဘာမှစိတ်မပူနဲ့"
စုန့်ရှုဟန်က အင်းဟုဆိုရင်း ရယ်လိုက်သည်။
"ရပါတယ် ၊ ကျွန်မလည်းစိတ်ထဲမထားပါဘူး"
အဲ့ဒာက နည်းနည်းလောက် ရှက်စရာကောင်းသွားရုံပါပဲ။ စုန့်ရှုဟန် သူမစိတ်ထဲက တိတ်တိတ်လေးပြောလိုက်သည်။
စစ်ကျွင်းတောက်က စကားအများကြီးမပြောခဲ့ချေ။ သူကလူတိုင်းကားထဲရောက်တာတွေ့နာနှင့် ကားကိုစထွက်လိုက်သည်။
သူတို့သုံးယောက်သား ညစာစားဖို့အတွက် ဟိုတယ်လ်ကိုသွားခဲ့ကြသည်။
စုန့်ရှုဟန်က သူမ၏ ခရီးဆောင်အိတ်ကို ချရန် အလျင်စလို မလုပ်ခဲ့ပေ။ သူမက ခဏတာ ဆော့ကစားချင်တာကြောင့် ကျိစစ်ယောင်နှင့်စစ်ကျွင်းတောက်တို့က သူမနှင့်အနူ လမ်းလျှောက်ထွက်ခဲ့ကြသည်။
ဝမ်မင်ယီသည်လည်း ယနေ့တွင် စစ်မိသားစုအိမ်တွင်မနေဘဲ သူ့ကိုယ်ပိုင်အိမ်၌ ရှိနေခဲ့သည်။ သူက ပြတင်းပေါက်ဘေးတွင်ထိုက်ကာ လုယွင်ဖေးအပါအဝင် အခြားလူများနှင့်စကားပြောရင်း ရှုခင်းကိုကြည့်နေခဲ့သည်။
"ငါအရမ်းပျင်းနေလို့ ဘိလိယက်သွားကစားကြမလား"
ဝမ်မင်ယီလည်းလုပ်စရာမရှိသဖြင့် ပြန်ဖြေလိုက်သည်။
လုယွင်ဖေးတွင် မည်သည့်ထင်မြင်ချက်မှမရှိချေ။ သူက ပြောသည်။
"ငါဒီနေ့သူနဲ့နေပေးမယ်လို့ပြောထားတယ်၊ ဒါကြောင့် သူ့ကိုသွားကြိုရမယ်"
သူတို့လေးယောက်က တစ်ယောက်နှင့်တစ်ယောက် သိကြသဖြင့် ဝမ်မင်ယီနှင့် လီယွမ်ချင်းက ဆန့်ကျင်ခြင်းမရှိခဲ့ပေ။
ဝမ်မင်ယီက အဝတ်အစားလဲလိုက်ကာ ဝမ်ဝေ့ကိုပြောပြီးထွက်လာခဲ့သည်။
နေရာကိုသတ်မှတ်သူက လီယွမ်ချင်းဖြစ်ကာ ဝမ်မင်ယီရောက်သည့်အခါ ပုံးတွေကိုဖွင့်ပြီးနေပြီဖြစ်သည်။ အခန်းထဲတွင် KTVစနစ်လည်းရှိ၏။ အနက်ရောင်ကော်ဖီစားပွဲထက်တွင် သောက်စရာနှင့် ပိုပျော်ရဖိူ့အတွက် boardဂိမ်းများဖြင့် ပြည့်နေသည်။
လီယွမ်ချင်းက သူလာတာမြင်တော့ မေးလာသည်။
"မင်းကြည့်ရတာ ဘာလို့ ဒီလောက်အသက်မဲ့နေရတာတုန်း"
ဝမ်မင်ယီ သူ့ဖုန်းကိုထုတ်ကာ ဖုန်းထဲတွင်သူ့ပုံကိုကြည့်လိုက်သည်။
စကားပြောနေစဉ်တွင် လုယွင်ဖေးနှင့်ပြန့်ကျင်းယွမ်လည်းရောက်လာသည်။
ဝမ်မင်ယီက လုယွင်ဖေးကိုလှည့်ကြည့်လိုက်ပြီး
"လီယွမ်ချင်းကပြောတယ်၊ ငါ့ပုံစံက အသက်မဲ့နေသလိုပဲတဲ့၊ သူပြောတာဟုတ်လား"
လုယွင်ဖေးက တစ်ချက်ကြည့်ကာ
လုယွင်ဖေး ပြောစရာပျောက်ရှသွားသည်။
"ငါတို့နှစ်ယောက်ထဲကတစ်ယောက်သာ ကန်းနေတယ်ဆိုရင် သေချာတယ် အဲ့ဒါမင်းပဲ"
ဝမ်မင်ယီက သူနှင့်ငြင်းခုန်ဖို့ အလွန်တရာမှ ပျင်းရိနေခဲ့သည်။ သူက ပူးလ်စားပွဲဆီလျှောက်သွားကာ စတင်ကစားတော့သည်။
သူကပထမဆုံးဘောလုံးကို ထိုးလိုက်သည်။ အခြားလူတွေက သူကစားတာကိုကြည့်ရင်း သူနှင့်စကားပြောနေကြသည်။
"မင်းကောင်းကောင်းလုပ်နေတာပဲ သခင်လေးရေ"
"လူ့အသက်ကယ်တဲ့သူရဲကောင်း၊ ပြီးတော့ ဘုန်းကြီး"
"အခုတောင် ဒီအခြေအနေကြီးက အတော်လေးထူးဆန်းနေတာ"
လုယွင်ဖေးက ပြန်ပြောလာသည်။
"အဲဒါသာငါဆိုရင်၊ ငလျင်ဖြစ်လိမ့်မယ်လို့ တွေးမိမှာမဟုတ်ဘူး၊ လုတွေကို အချိန်မှီကယ်ထုတ်ပေးဖို့ဆို ဝေလာဝေးပဲ"
"ဘာလို့လဲဆိုတော့ မင်းကသိပ္ပံကျောင်းသားမို့လေ"
ဝမ်မင်ယီက တည်ငြိမ်စွာပင် ရှင်းပြလာသည်။
"ငါက သတင်းအနုပညာကျောင်းသား၊ အဲဒါက ငါသင်ခဲ့ရတဲ့ဟာတွေပဲ"
"ငလျင်အကြောင်းကို ငါတို့အထက်တန်းမှာကတည်းက သင်ခဲ့ရတာကွ၊ ငါလည်းသင်ဖူးတာပဲ၊ ဟုတ်ပြီလား"
"ဒါပေမယ့် ဒီမတော်တဆပြီးတော့ ငါအစကတွေးမိတာက မင်းတော့ အထူးအင်တာဗျူးတွေအများကြီး လုပ်ရပြီပေါ့၊ ဒါပေမယ့် ဘာမှလည်းဖြစ်မလာဘူး"
"အစကတော့ မီဒီယာတွေက ဆက်သွယ်လာသေးတယ်၊ ဒါပေမယ့်ငါက အရမ်းအကြီးအကျယ်မဖြစ်စေချင်လို့ အားလုံးကိုငြင်းလိုက်တာ၊ ဒါတောင် သတင်းရေးချင်တဲ့လူတွေရှိနေသေးလို့ ငါ့ကောက ဖျက်ချဖို့ကူညီပေးတာ"
အထက်ပါအကြောင်းအရာတို့ကို ကြားပြီးသည့်နောက်တွင် လုယွင်ဖေးက လီယွမ်ချင်းနှင့် တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ပြီး ပြုံးလိုက်သည်။
"မင်းအခု စီနီယာနဲ့ ဆက်ဆံရေးကောင်းနေပြီပဲ၊ ထပ်ပြီးပုန်ကန်မနေတော့ဘူး"
ဝမ်မင်ယီ မကျေမနပ်ဖြစ်သွားသည်။
"မင်းဘာလို့ မကောင်းတဲ့အတိတ်ကိုပြန်ပြောနေရတာလဲ"
"မင်းလည်း အဲဒါကမင်းရဲ့အတိတ်ဆိုးမှန်းတော့သိသေးတယ်ပေါ့လေ၊ မင်းကျောင်းတုန်းက ဘာပြောခဲ့လဲမမေ့နဲ့နော်၊ 'ငါ့ရှေ့မှာ စစ်ကျွင်းတောက်ဆိုတဲ့နာမည်ပြောတာနဲ့ ငါ့ကိုမယဉ်ကျေးဘူးလို့ အပြစ်လာမတင်နဲ့' တဲ့"
ဝမ်မင်ယီက တုတ်ချောင်းကိုပစ်ချလိုက်ပြီး သူ့ကိုရိုက်တော့သည်။ လုယွင်ဖေးက ပြန့်ကျင်းယွမ်၏နောက်ကို ဝင်ပုန်း၏။ ဝမ်မင်ယီ သူ့ကိုလိုက်တိုင်း ပြန့်ကျင်းယွမ်က အမြဲလိုလို ကာဆီးကာဆီးလုပ်သည်။
လုယွင်ဖေးက သူ့ခေါင်းကို ပြန့်ကျင်းယွမ်နောက်မှထုတ်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောင်ပြလိုက်ပြီး ဂုဏ်ယူစွာပြောလာသည်။
"မင်းမှာသတ္တရှိရင် ငါနဲ့တစ်ယောက်ချင်းလာချလေ၊ ဘာလို့ ကျင်းယွမ်နောက်မှာ ပုန်းနေတာလဲ"
"ငါလုပ်မှာပါ၊ ဒါပေမယ့် မင်းကရော ဝင်ပုန်းလို့ရတဲ့ စီနီယာရှိလို့လား"
ထိုအချိန်တွင် လုယွင်ဖေးက အကြံတစ်ခုရလိုက်သည်။
"မင်းဘာလို့ ဒီနေ့ကျမှအားနေတာလဲ၊ မင်းမိသားစုက နှစ်သစ်ကူးကို စီနီယာနဲ့အတူ ကျင်းပနေကျမဟုတ်ဘူးလား၊ စီနီယာကရော ဘယ်မှာလဲ"
"သူက သခင်မလေးတစ်ယောက်ကို သွားကြိုတယ်"
ဝမ်မင်ယီက ပြောလိုက်ပြီး တုတ်ကိုပြန်ယူကာ ဘိလိယက်ပြန်ကစားနေသည်။
လီယွမ်ချင်းနှင့်လုယွင်ဖေးက ရုတ်တရက်ကြီး စိတ်ဝင်စားလာကြသည်။
"သခင်မလေးလား၊ စီနီယာက အချစ်နဲ့တွေ့နေပြီလား"
ဝမ်မင်ယီ ပြောစရာစကားမဲ့သွားရ၏။
"အဲဒါက သူ့အမေရဲ့သူငယ်ချင်းရဲ့သမီး"
လီယွမ်ချင်းက အဓိပ္ပါယ်အပြည့်ဖြင့်ဆိုသည်။
ဝမ်မင်ယီ သူ့ကိုသတိပေးသလို ကြည့်လိုက်သည်။
"ငါ့ကောက ယောက်ျားတွေကိုကြိုက်တာ၊ ဘယ်လိုလုပ် သူ့ကောင်မလေးဖြစ်လာမှာလဲ!"
လီယွမ်ချင်းက ဆက်ပြောရဲနေဆဲပင်။
"ကောင်လေးတွေကိုကြိုက်ပြီးတော့ အခြားကောင်မလေးကို သွားကြိုတယ်ပေါ့လေ၊ ငတုံးပဲ"
ဝမ်မင်ယီက တုတ်ချောင်းကိုကောက်ယူကာ သူ့ကိုရိုက်တော့သည်။
"မင်း ဒီကိုလာစမ်းပါ၊ မင်းကိုငါမသတ်ပါဘူး"
လီယွမ်ချင်းက အန္တရာယ်ကိုသိစွာဖြင့် ဘယ်မှညာကိုရှောင်ပြေးပြေးသည်။
"ယို့၊ အစ်ကိုချစ်သူကြီး ဒေါသထွက်နေပါတယ်၊ အစ်ကိုချစ်သူကြီးက တစ်ယောက်ယောက်ကို ရိုက်ပါတော့မယ်"
လုယွင်ဖေးက သူ့နဖူးကိုထိလိုက်သည်။ တကယ်ကို မျှော်လင့်ချက်မဲ့နေပြီပဲ။ လီယွမ်ချင်းတစ်ယောက်ကို လုံးဝကို မျှော်လင့်ချက်မဲ့နေပြီ။ကျားသစ်ခေါင်းကို သွားပုတ်မှတော့ သေသင့်တာပါပဲ။
ထိုလူနည်းနည်းလေးက ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ပြန်၍ စတင်ကစားကြပြန်သည်။ လီယွမ်ချင်းက လုယွင်ဖေးထက် ပို၍ပင် ဆတ်ဆတ်ထိမခံဖြစ်နေ၏။ သူက ကစားနေရင်း ဝမ်မင်ယီကို ကန်လိုက်ကာ မေးလိုက်သည်။
"ဒါကြောင့် မင်းဒီနေ့ အသက်မဲ့နေတာပေါ့လေ"
"စီနီယာက ကောင်မလေးတစ်ယောက်ကို သွားကြိုလို့လေ၊ အဲဒီ့ ရည်းစားဖြစ်လာမယ့်ကောင်မလေး"
"သူတို့ကြားမှာ ဘာမှဖြစ်မှာမဖြစ်ဘူး"
"ဒါဖြင့် မင်းဘာကို စိတ်ပူနေတာလဲ"
လီယွမ်ချင်းက ပြန်မေးလိုက်သည်။
ဝမ်မင်ယီက ငြိမ်သက်သွား၏။ သူက တင်းကြပ်စွာပြန်ဖြေခဲ့သည်။
"ဘာမှမဟုတ်ဘူး ၊ မင်းအတွေးလွန်နေပြီ"
"မင်းက မင်းနဲ့ စီနီယာအခုမှပြန်သင့်မြတ်တာကို သူကမင်းကို အခြားတစ်ယောက်နဲ့အိမ်ထောင်ပြုမယ့်အကြောင်းကို ပြောရမယ့်အရွယ်ရောက်နေပြီလို့ ထင်နေတာလား၊ သူအနာဂတ်မှာချစ်မိသွားရင် မင်းကအတွဲကြားမှာ နေရခက်နေမှာ၊ ဒါပေမယ့် မင်းကလည်းထွက်မသွားချင်ဘူး ဟုတ်တယ်မလား"
ဝမ်မင်ယီက တိတ်ဆိတ်စွာပင် သူ့မျက်လုံးတွေကိုပွတ်လိုက်သည်။ သူက သူ၏အရင်းနှီးဆုံးသူငယ်ချင်းကို ကြည့်လိုက်သည်။ ဖာ့ခ်၊ နှစ်ဝက်လောက်လေး တစ်ယောက်နှင့်တစ်ယောက် မတွေ့လိုက်တာကို ဒီကောင်က ထိုက်ရှန်းလောင်ကျွင်းဆီမှာ ပညာသွားသင်လိုက်တာလား။ ဘယ်လိုတောင် အကြည့်တွေကစူးရှနေရတာလဲ။
လုပ်ယွင်ဖေးက သူတို့ကြားကို အနောက်မှနေ၍ အမြန်ခေါင်းတိုးဝင်လိုက်သည်။ ဘယ်ဘက်မှဝမ်မင်ယီနှင့် ညာဘက်ကလီယွမ်ချင်းကို ကြည့်လိုက်၏။
"အကြံတစ်ခုခုများရှိလို့လား၊ ခွေးခေါင်ဆောင်ကြီးလီ"
ခွေးခေါင်းဆောင်ကြီးလီ : "…"
"မင်းငါ့ကို လန့်သေအောင်လုပ်နေတာပဲ"
ဝမ်မင်ယီ လက်ကိုမြှောက်ကာ လုယွင်ဖေး၏ခေါင်းကို ခေါက်ပစ်ချင်လာသည်။ သို့ပေမယ့် လက်ကလမ်းတစ်ဝက်မှာ ရပ်တန့်သွားရ၏။ ပြန့်ချင်းယွမ်က သူ့လက်ကို ဖမ်းချုပ်ထားခဲ့သည်။
ဝမ်မင်ယီက သူ့လက်ကို အကူအညီမဲ့စွာ ဝှေ့ယမ်းကာ သူ့ကို လွှတ်ပေးရန် လုပ်လိုက်သည်။
ပြန့်ချင်းယွမ်က သူ့ကို လွှတ်ပေးကာ အေးအေးဆေးဆေးပဲ ပြောလာသည်။
"သူကမင်းကို ညီလေးလိုသဘောထားရင် အမြဲ သူ့ညီလေးလိုပဲ သဘောထားလိမ့်မယ်၊ ချစ်သူကောင်လေးနဲ့ ညီအစ်ကိုတွေဆိုတာ မတူဘူး၊ အဲဒါကို ရောထွေးမပစ်နဲ့"
ဝမ်မင်ယီက စကားမပြောခဲ့ပေ။ သူကသူ့ကို ကြည့်ရုံသာကြည့်နေခဲ့၏။ ပြန့်ချင်းယွမ်ရဲ့မိသားစုမှာလည်း သူ့ထက်ပင်ပိုငယ်သည့် ညီလေးတစ်ဦးရှိတာကို သူသိသည်။
"မင်းညီလေးက အရမ်းငယ်သေးတယ်၊ မင်းကလူယွင်ဖေးအပေါ်ကောင်းတယ်ဆို သူ့ဆီကနေ လုယူခံလိုက်ရပြီဆိုပြီး တွေးဦးမှာမဟုတ်ဘူး၊ အနာဂတ်မှာတော့ သူတွေးလာလိမ့်မယ်၊ သူ့မှာ ကောင်းပေးမယ့်အစ်ကိုနှစ်ယောက်တောင်ရှိတယ်၊ ဒါပေမယ့် ငါကတော့မဟုတ်ဘူး..."
"သူက အခြားတစ်ယောက်အပေါ်ကို ငါ့ထက်ပိုကောင်းတာကို နောက်တွေ့လာရရင် ငါသေချာပေါက်ပြောမှာ၊ ကလေးဘဝထဲက သူကငါ့ကို သစ်သီးဓားတစ်ချောင်းတောင် ပေးကိုင်တာမဟုတ်ဘူး၊ ငါ့ကိုယ်ပိုင်ငွေကို ငါသုံးတဲ့အခါမှာလည်း ငါက ယဉ်ကျေးလွန်းတယ်လို့ သူခံစားရလိမ့်မယ်၊ ဒါပေမယ့် သူအခြားတစ်ယောက်နဲ့အတူရှိနေတဲ့အခါကျရင်ရော ငါ ငါ့ပိုက်ဆံကိုပဲသုံးသင့်လား၊ သူ့ပိုက်ဆံကိုပဲသုံးသင့်လားမသိတော့ဘူး၊ ငါ့ပိုက်ဆံကိုငါသုံးရင် သူပျော်မှာမဟုတ်ဘူး၊ သူ့ပိုက်ဆံကိုငါသုံးရင်လည်း သူ့ကောင်လေးက ကြိုက်မှာမဟုတ်ဘူး"
"ဘယ်သူကများ သူ့ချစ်သူကောင်လေးရဲ့ပိုက်ဆံကို ညီဖြစ်သူက နေ့တိုင်းသုံးနေတာကို ကြိုက်ပါ့မလဲ၊ အထူးသဖြင့် ငါတို့က သွေးသားမတော်စပ်ဘူး၊ ငါတို့ကဝမ်းကွဲတွေပါလို့ပြောရင်တောင် မမှန်သေးဘူး"
ထိုစကားကို ကြားပြီးနောက်တွင် ပြန့်ချင်းယွမ်က ပါးစပ်ကိုအသာဟကာ တစ်ခုခုကိုပြောချင်သော်လည်း ရပ်လိုက်သည်။
သူကဝမ်မင်ယီကို ကြည့်လိုက်သည်။ အဆုံးမှာတော့ သူကသူ့ရဲ့ပုခုံးကိုသာ ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ သူ့မှာအခု ကောင်လေးမှမရှိတာ၊ ဒီတော့ အဲဒါနဲ့ပတ်သက်ပြီး စိတ်ပူမနေပါနဲ့"
ဝမ်မင်ယီ သက်ပြင်းချလိုက်ကာ သူ့ခေါင်းကိုလှည့်ပြီး လီယွမ်ချင်းကိုစိုက်ကြည့်လိုက်သည်။
"ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ မင်းမမေးခင် ငါ့စိတ်အခြေအနေကိုထိန်းညှိပြီးသားကို၊ အခုမင်းသိပြီဆိုတော့ ငါ့ကိုဖြေရှင်းချက်ပေးတော့"
လီယွင်ချင်းက စိတ်ထဲမှနေ၍ ပြောလိုက်သည်။ ငါ့မှာအကြံတစ်ခုရှိတယ်။ အဲတာက ... သူကပြန့်ချင်းယွင်ကိုကြည့်ပြီးနောက် တိတ်တိတ်လေးနေလိုက်တော့သည်။
အဲဒါက အဲဒီအကြံကို အခုမပြောနိုင်ဘူး
အနည်းဆုံးတော့ ဒီအချိန်မှာမဟုတ်ဘူး။
"ငါမှားတာပါ၊ လာ လာ၊ ဆက်ကစားရအောင်၊ ငါမင်းကို ဘောလုံးသုံးလုံးအကျောပေးမယ်"
"ဒါဆို ငါနိုင်သွားတာကိုသာ စောင့်နေလိုက်တော့"
"ကောင်းပြီ ကောင်းပြီ ကောင်းပါပြီ၊ မင်းနိုင်ရင် ငါမင်းကိုညစာကျွေးပါ့မယ်"
လီယွမ်ချင်းက အမြန်ပင်ပြောလိုက်သည်။
ဝမ်မင်ယီ၏စိတ်အခြေအနေက အမြန်ပင်ပြန်ကောင်းသွားသည်။ သူစကစားပြီးသည်နှင့် ရမှတ်အများကြီးကိုရလိုက်ပြီး သူကထပ်မံ၍ပျော်ရွှင်လာခဲ့သည်။
ဝမ်မင်ယီအာရုံစိုက်မနေတဲ့အချိန်မှာ လုယွင်ဖေးက ပြန့်ကျင်းယွမ်ကို မေးလိုက်သည်။
"မင်းအခု ဘာပြောချင်နေတာလဲ"
သူကပြန့်ကျင်းယွမ်ကိုကြည့်ကာ ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
ပြန့်ကျင်းယွမ်က သူ့ကိုပြုံးကာ နမ်းလိုက်သည်။
"ကောင်းကောင်းနေ၊ ကိုယ်ပြန်ရောက်ရင်မင်းကိုပြောပြမယ်"
လုယွင်ဖေးက ခေါင်းငြိမ့်သည်။ ကြည့်ရတာ အဲဒာက ဒီသခင်လေးနားထောင်လို့မရတဲ့အရာတစ်ခုခုဖြစ်ပုံရ၏။
ဒါပေမယ့် သူနားထောင်လို့မရတဲ့အရာရှိသေးလို့လား။ လုယွင်ဖေး အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
ဂိမ်းကစားပြီးသွားသည့်အခါ သူတို့က ဟော့ပေါ့စားဖို့ အတူတကွသွားကြသည်။ ဝမ်မင်ယီက ဝမ်ဝေဆီကို စာတိုတစ်ခုပို့လိုက်ကာ သူညစာစားဖို့ အိမ်ပြန်မလာတော့မယ့်အကြောင်းပြောလိုက်သည်။ စစ်ကျွင်းတောက်ကိုလည်း ထိုနည်းလည်းကောင်းပင် ပို့လိုက်၏။
စစ်ကျွင်းတောက်က အိမ်ရောက်နေပြီဖြစ်ကာ "ဘာလို့လဲ"ဟု မေးလိုက်သည်။
ဝမ်မင်ယီက သူ့ကိုအမှန်အတိုင်း ပြောပြလိုက်သည်။
"လုယွင်ဖေးတို့နဲ့အတူ ညစာစားမလို့"
ထိုအရာကထိုအရာကိုကြည့်ကာ စစ်ကျွင်းတောက်တွင် မည်သည့်ထင်မြင်ချက်မှ မရှိခဲ့ချေ။
ဝမ်မင်ယီက အဲဒါကလိုအပ်တယ်လို့မထင်မိချေ။ ဒါ့အပြင် သူကရေးချလိုက်သည်။
"ကောက မစ္စဟန်ဟန်နဲ့အတူလိုက်ပေးတာမဟုတ်ဘူးလား"
"ကိုယ်မင်းကိုလာကြိုမယ်၊ ပြီးပြီဆိုပြောလိုက်"
ထိုစာကြောင်းကိုက အသံဖိုင်ဖြင့်ပို့တာဖြစ်သည်။ ဝမ်မင်ယီက နားထောင်ဖို့ နှိပ်လိုက်စဉ် သူ့ဘေးက နားပါးသည့် လီယွမ်ချင်းက ထိုအသံကို ကြားလိုက်သည်။
"စီနီယာက မင်းကိုကြိုဖို့လာနေပြီလား"
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို ပြန်ဖြေလိုက်ပြီး ဖုန်းကို ဘေးမှာထားလိုက်သည်။
"အဲ့ကောင်မလေးနဲ့လိုက်မသွားဘူးလား"
ဝမ်မင်ယီက ပြောလိုက်သည်။ သူ သူ့ကိုလာကြိုတဲ့အချိန်မှာတော့ အဲဒီဟန်ဟန်ကို ခေါ်မလာလောက်ပါဘူးနော်။
"ကြည့်ရတာ အခုတော့ ညီငယ်လေးက ပိုပြီးအရေးကြီးတဲ့ပုံပဲ"
"လာပါ၊ မင်းအတွက်ဂုဏ်ပြုပါတယ် ညီငယ်လေးရေ"
ဝမ်မင်ယီက သူ၏ဝိုင်ခွက်ကို ကောက်ယူလိုက်ကာ ခွက်ချင်းတိုက်လိုက်သည်။
လုယွင်ဖေးက ပြုံးလိုက်သည်။
"မင်းက တကယ်ညီငယ်လေးမဟုတ်လို့လား၊ မင်းက ငါ့ထက်လနည်းနည်းပိုငယ်တယ်၊ ငါတို့ထဲမှာ မင်းအငယ်ဆုံးပဲ"
လီယွမ်ချင်းက ခေါင်းညိတ်ပြလာသည်။
"ယွင်ဖေးမှန်တယ်၊ ငါကအသက်အကြီးဆုံးပဲ၊ လာ ငါ့ကို ကောလို့ခေါ်ကြ"
ဝမ်မင်ယီက သူ့ကိုစိုက်ကြည့်လိုက်သည်။
"ငါ့ကောက ငါ့ကို မုန့်ဖိုးငါးပုံတစ်ပုံတောင်ပေးတယ်၊ မင်းငါ့ကို အဲလိုပေးရဲရင် ငါလည်းခေါ်ရဲတယ်"
လီယွမ်ချင်းက နာကျင်စွာဖြင့်ပြောသည်။
ဝမ်မင်ယီ သူ့လက်ကို ဆန့်ကာ ရိုက်နှက်လိုက်သည်။
လုယွင်ဖေးက သက်ပြင်းချသည်။
"ဘယ်လောက်တောင် ရင်းနှီးနေတဲ့မြင်ကွင်းလဲ"
၈နာရီထိုးပြီးနောက် ဟော့ပေါ့စားလို့ပြီးသွားပြီဖြစ်ကာ စစ်ကျွင်းတောက်လည်း ရောက်လာသည်။
လုယွင်ဖေး၊ ပြန့်ကျင်းယွမ်၊ လီယွမ်ချင်းနှင့်သူတို့က အထက်ကျောင်းအတူတူဖြစ်သည်။ သူ့ကိုမြင်သည့်အခါ သူတို့က နာခံမှုရှိစွာဖြင့် သူတို့၏စီနီယာကို နှုတ်ဆက်ကြသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီ၏အထက်တန်းကျောင်းက သူငယ်ချင်းတွေအပေါ် အမြင်ကောင်းရှိသည်။ သူတို့ကားပါမလာတာကိုမြင်တော့ သူကမေးသည်။
"မင်းတို့ကို ပြန်ပို့ပေးရမလား"
လုယွင်ဖေးနှင့် ပြန့်ချင်းယွမ်က မော်လ်ကိုသွားပြီး တစ်ခုခုဝယ်ချင်ခဲ့သဖြင့် ငြင်းလိုက်ကြသည်။
မရှက်တတ်တဲ့ လီယွမ်ချင်းကတော့ ကားထဲရောက်နေပြီဖြစ်သည်။
"ဒုက္ခပေးမိပြီနော် စီနီယာ"
ဒီမှာပဲ သူတို့လမ်းခွဲလိုက်ကြ၏။
လုယွင်ဖေးက စစ်ကျွင်းတောက်၏ကားထွက်သွားတာကိုကြည့်ပြီး ပြန့်ကျင့်ယွမ်နှင့်အတူ အခြားလမ်းကို ထွက်လာကြသည်။
"စောစောက ဘာပြောချင်နေတာလဲ"
"ငါတို့ ဘိလိယက်ထိုးတုန်းကလေ"
"အဲဒါက သိသာတယ်မဟုတ်ဘူးလား"