အပိုင်း ၆၄
Viewers 12k

လုယွင်ဖေး ရှုပ်ထွေးသွားခဲ့သည်။
"ငါတော့ဘာမှမတွေ့ပါဘူး"
"ကြည့်ရတာ သူအဲဒါကို တကယ်မမြင်နိုင်ပုံပဲ"
ပြန့်ကျင်းယွမ်က သူ၏ချစ်သူကောင်လေးကိုကြည့်ကာ သူ၏ဖေးဖေးမှာ တကယ်ပင် ခံစားချက်ပိုင်းဆိုင်ရာ အရှုပ်အထွေးများကို အာရုံမစိုက်နိုင်ဘူးဟု ခံစားလိုက်ရသည်။
လုယွင်ဖေး မျက်မှောင်ကြုတ်လိုက်သည်။
"ငါဘာကိုတွေ့ရမှာလဲလို့၊ စိတ်တိုအောင်လုပ်မနေနဲ့ ပြောလေ"
ပြန့်ကျင်းယွမ်က ခဏမျှစဉ်းစားလိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
"စီနီယာက ယောက်ျားတွေကိုကြိုက်တယ်၊ ပြီးတော့ ဝမ်မင်ယီကလည်း ယောက်ျားလေးပဲလေ၊ တကယ်တော့ ဝမ်မင်ယီသာဖြစ်ချင်ရင် သူတို့အတွဲတွေဖြစ်နိုင်တာပဲ၊ ဒီတော့ ဘာဖြစ်လာမလဲဆိုတာ သူစိုးရိမ်နေစရာမှမလိုတာ"
သူကလုယွင်ဖေးကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။
"ကိုယ်တော့ ဝမ်မင်ယီလည်း ဆန္ဒရှိတယ်လို့ထင်တယ်..."
လုယွင်ဖေး ထိတ်လန့်သွားခဲ့သည်။
"မဖြစ်နိုင်တာ၊ မင်မင်က မိန်းကလေးတွေကိုကြိုက်တာ၊ သူကယောက်ျားတွေကိုမကြိုက်ဘူး"
ပြန့်ကျင်းယွမ်က ပြုံးလိုက်ပြီးသူ့ကိုဖက်ထားသည်။
"မင်းလည်းအရင်က ယောက်ျားတွေကိုကြိုက်တယ်လို့ မထင်ခဲ့ဘူးမလား"
"ဒီမတိုင်ခင်က ငါတကယ် ကောင်လေးတွေကိုမကြိုက်ဘူး"
လုယွင်ဖေးက ပြောပြီးတာနှင့် ရုတ်တရက် ခေါင်းကိုက်လာသလို ခံစားရသည်။
"ဘုရားရေ ၊ မဖြစ်နိုင်လိုက်တာ၊ အဖွဲ့ထဲမှာ ငါတို့သုံးယောက်ပဲရှိတာလေ၊ တကယ်လို့ သခင်လေးလည်း ယောက်ျားတွေကိုကြိုက်တာဆိုရင် လီယွမ်ချင်းက ငါတို့ကြားထဲမှာ တစ်ယောက်ထဲ တောက်ပနေလိမ့်မယ်"
ပြန့်ကျင်းယွမ်ကတော့ သူက မှားယွင်းတဲ့အရာပေါ်မှာ အာရုံစိုက်နေပြန်ပြီလို့ ခံစားလိုက်ရသည်။
"မင်းရဲ့အာရုံက တကယ်ကြီး လီယွမ်ချင်းအပေါ်ရောက်နေတာလား"
"သေချာပေါက် မဟုတ်ဘူးပေါ့၊ ငါကတွေးရုံလေးပါ..."
လုယွင်ဖေး မျက်ခုံးတွေကိုစုလိုက်ကာ စကားကိုအပြီးထိ ဆက်မပြောနိုင်တော့ချေ။
ပြန့်ကျင်းယွမ်က သက်ပြင်းချလိုက်ကာ
"မင်းဘာကို စိတ်ပူနေလဲသိတယ်၊ ဒါကြောင့် အဲဒီအချိန်က ကိုယ်မပြောပြခဲ့တာ"
"ဒါဆို စီနီယာက မင်မင်ကိုကြိုက်တယ်လို့မင်းထင်လား"
လုယွင်ဖေးက သူအဲတာကို မဖြေရှင်းနိုင်ဘူးလို့ ခံစားရသည်။
"ငါက သူမင်မင်ကို ညီလေးလိုပဲမြင်တယ်လို့ထင်နေတာ၊ အခု ဒီလိုဆိုမှတော့ မင်းရော သူကမင်မင်ကို ညီလေးလိုပဲ ဆက်ဆံတယ်လို့ထင်လား"
"ကိုယ်မသိဘူး"
ပြန့်ကျင်းယွမ်က ပြတ်သားစွာပင် ပြောလိုက်သည်။
"ကိုယ်က ဝမ်မင်ယီကို မင်းကြောင့်သာသိရတာလေ၊ ကိုယ်နဲ့သူက မင်းနဲ့သူလောက်ထိ မရင်းနှီးဘူး၊ ပြီးတော့ ကိုယ်က စီနီယာစစ်ကျွင်းတောက်ကို အကြိမ်နည်းနည်းပဲတွေ့ဖူးတာ၊ ဒီတော့ကိုယ်မသိဘူး၊ ပြီးတော့လည်း ကိုယ်က အခြားလူတွေရဲ့ခံစားချက်တွေကို မခန့်မှန်းချင်ဘူး၊ ဒါပေမယ့် ဝမ်မင်ယီက သူ့အတွက် အရမ်းအရေးကြီးမှာ..."
"လိင်တူချင်းနှစ်သက်တယ်ဆိုတာက ရိုးရှင်းသလိုလိုနှင့် ထင်သလောက် မရိုးရှင်းဘူး..."
ပြန့်ကျင်းယွမ်က တိုးတိုးလေးပြောသည်။
"မင်းက အခြားတစ်ယောက်ကို ပိုကြိုက်လေလေ ချီတုံချတုံနဲ့ မရေမရာဖြစ်လေပဲ၊ ဘာလို့လဲဆိုတော့ မင်းနောက်ဆုံးမှာ ဖွင့်ပြောလိုက်ရင်တောင် မင်းလိုချင်တဲ့အဖြေကိုပဲ ရနိုင်တာမဟုတ်လို့၊ တစ်ဖက်လူက လက်မခံနိုင်ဘဲ ရွံရှာသွားမှာကို ကြောက်လို့လေ..."
"စီနီယာစစ်ကျွင်းတောက်က ဝမ်မင်ယီကို ဘယ်လိုသဘောထားလဲကိုယ်မသိဘူး၊ ဒါပေမယ့် ဝမ်မင်ယီရဲ့ စီနီယာအပေါ်ထားတဲ့ ခံစားချက်တွေကတော့ ပုံမှန်မဟုတ်ဘူး၊ အဲဒါက သူ့ပြဿနာမဟုတ်ပေမယ့် သူတို့ဆက်ဆံရေးကတော့ သာမန်ညီအစ်ကိုတွေနဲ့မတူဘူး၊ ဘယ်လောက်ပဲ မင်းညီလေးက အဖိုးတန်နေပါစေဦး အစ်ကိုကြီးက သစ်သီးလှီးဓားကို ပေးမကိုင်ဖို့မပြောနဲ့ သူ့ညီလေးကို သူ့ပိုက်ဆံတွေ သုံးခွင့်ပြုတာမျိုး ရှိမှာမဟုတ်ဘူး..."
"ဒါပေမယ့် အဲဒါက သူတိူ့ရဲ့ဆက်ဆံရေးပါ၊ တစ်ယောက်ကရှေ့တိုးရင် တစ်ယောက်က နောက်ဆုတ်တယ်၊စီနီယာကျွင်းတောက်ကလည်း သူအရမ်းဝင်ပါနေတယ်လို့မတွေးသလို ဝမ်မင်ယီကလည်း သူအရမ်းစွက်ဖက်ခံနေရတယ်လို့ မခံစားရဘူး၊သူတို့ နှစ်ယောက်က သာမာန် ညီအကိုတွေလိုပဲပြုမူနေကြတယ်၊ ဒီဆက်ဆံရေးကနေ ဖြစ်လာတဲ့ခံစားချက်တွေကို ကိုယ်မသတ်မှတ်တတ်ပေမယ့် တစ်ဖက်လူက စီနီယာစစ်ကျွင်းတောက်ဆိုရင်တော့ ဝမ်မင်ယီကို သဘောကျသွားဖို့မခက်ပါဘူး..."
"ဒါဆို မင်းပြောချင်တာက သခင်ငယ်လေးက သူ့ကိုယ်သူ စီနီယာ့ကို ချစ်မှန်းမသိချစ်နေတယ်ပေါ့လေ..."
ပြန့်ကျင့်ယွမ် ခေါင်းညိတ်လိုက်သည်။
"နည်းနည်း"
လုယွင်ဖေးကတော့ ဘဝကြီးက ခက်ခဲလိုက်တာဟု ခံစားလိုက်ရသည်။ သူက သူ့ကိုယ်သူ အဖြောင့်ဟုတွေးခဲ့သည်။ အဆုံးမှာတော့ သူပြန့်ကျင်းယွမ်နှင့်တွေ့ဆူံခဲ့ရ၏။ သူကမငြင်းနိုင်ဘဲ ကွေးသွားခဲ့ရသည်။ အခုတော့ သူ့သူငယ်ချင်းကလည်း သည်းခံနိုင်စွမ်းမရှိောတ့ဘဲ သူ့လိုပင် ခြင်ဆေးခွေကဲ့သို့ ကွေးလာပြီဖြစ်သည်။ ကြောက်စရာကောင်းလိုက်တာ။ သူငယ်ချင်း သုံးယောက်မှာ နှစ်ယောက်က ကွေးနေပြီ။ သူတို့အုပ်စုသေးသေးလေးထဲမှာ ကွေးစေတတ်တဲ့ကျိန်စာများရှိနေလို့လား။
ပြန့်ကျင်းယွမ်က သူ့ကိုကြည့်လိုက်ရာ သူ့မျက်နှာထက်ရှိ အသက်မဲ့နေပုံကို မြင်လိုက်ရ၏။ ပြန့်ကျင်းယွမ်က သူ့ကိုနှစ်သိမ့်လိုက်သည်။
"ဒါပေမယ့် ကိုယ်တို့အခု စီနီယာစစ်ကျွင်းတောက် ဘာတွေးနေလဲမှမသိရသေးတာ၊ စိတ်ပူစရာမလိုပါဘူး၊ ကြည့်ရတာ ဝမ်မင်ယီလည်း သူ့ခံစားချက်တွေတိုးလာတာကို သတိထားမိပုံမရဘူး၊ ဒါကြောင့် စီနီသာသူ့ကိုမကြိုက်ရင် ဒါမှမဟုတ် ကြိုက်နေရင်တောင်ဖွင့်မပြောရင် သူလည်း သဘောပေါက်မှာမဟုတ်ဘူး၊ ဆုံးရှူံးစရာဘာမှမရှိပါဘူး"
လုယွင်ဖေး ခေါင်းညိတ်လိုက်သည်။
"ငါနောက်တစ်ခါ စီနီယာစစ်ကျွင်းတောက်နဲ့တွေ့ရင် သူတို့ကြကဆက်ဆံရေးကဘာနဲ့တူလဲဆိုတာ ဂရုစိုက်ကြည့်လိုက်မယ်၊ စီနီယာက ဝမ်မင်ယီကို ကြိုက်လားမကြိုက်ဘူးလားဆိုတာပေါ့"
ပြန့်ကျင်းယွမ်က သူ့ကိုငုံ့ကြည့်လိုက်သည်။ သူ(PJY)ကစိတ်ထဲတွင် ပြောလိုက်သည်။ မင်းရဲ့ခံစားချက်တွေကို ဂရုမစိုက်ပဲ စီနီယာစစ်ကျွင်းတောက်ကသာ ဝန်ခံခဲ့ရင် မင်းတော့ ဘာမှကိုမြင်နိုင်တော့မှာမဟုတ်ဘူး။
သူကထိုအကြောင်းကို တွေးမိသည့်အခါ ငှက်မွှေးတွေ တစ်စုတစ်ဝေးထဲ စုပုံနေသလို ခံစားလိုက်ရသည်။ လုယွင်ဖေးနှင့်ဝမ်မင်ယီက ပုံမှန်အားဖြင့် ထက်မြက်ပြီး သူတို့အဆင့်တွေကလည်းကောင်းကြသည်။ သို့ပေမယ့် ခံစားချက်တွေနှင့်ပတ်သက်လာလျှင် သူတို့က သိပ်သတိထားမိကြပုံမပေါ်ချေ။
သူတို့နှင့်ယှဉ်လျှင် လီယွမ်ချင်း၏အဆင့်တွေက မကောင်းပေမယ့် ခံစားချက်ပိုင်းမှာတော့ သူကပို၍ သတိထားမိသေးသည်။
ဤကိစ္စနှင့်ပတ်သက်လာလျှင်တော့ လီယွမ်ချင်းက အမှန်ကို သူတို့သုံးဦးကြားတွင် တောက်ပနေသည့်ခေါင်းဆောင်ပင်။တောက်ပနေတဲ့ခေါင်းဆောင်ကြီးလီယွမ်ချင်းက ထိုအချိန်တွင် စစ်ကျွင်းတောက်၏ကားထဲတွင်ရောက်နေသည်။ သူက မောင်းသူနေရာကစစ်ကျွင်းတောက်နှင့် ခရီးသည်ထိုင်ခုံကဝမ်မင်ယီကို ကြည့်လိုက်သည်။ သူကဘာလို့ သူတို့နှစ်ဦးက စကားမပြောကြတာလဲဆိုတာ သိချင်နေသည်။
ဝမ်မင်ယီက အမှန်ပင် စစ်ကျွင်းတောက်ကို ဒီနေ့ဟန်ဟန်နှင့်အတူရှိပေးနေတာ ဘယ်သူလဲဆိုတာကို မေးချင်နေသည်။ သို့ပေမယ့် အနှီလီယွမ်ချင်းရှိနေတာကြောင့် ဆင်ခြင်နေရသည်။ သူက အပြင်လူရှေ့မှာ စစ်ကျွင်းတောက်က မပြောချင်မှာကိုကြောက်သည်။ ထို့ကြောင့် သူကစကားလုံးတွေကို ပြန်မြိုချလိုက်သည်။
စစ်ကျွင်းတောက်အတွက်မူ ကားထဲတွင် သူ၏မေးခွန်းကိုဖြေပြီးထဲက စကားမပြောတဲ့ဝမ်မင်ယီကိုကြည့်ကာ သူမပျော်လို့လားဟု တွေးနေမိသည်။
လီယွမ်ချင်းသည် ကားထဲတွင် သူတို့ထဲကဘယ်သူမှ စကားမပြောတာကို မြင်ခဲ့ရသည်။ လေထုက တကယ်ကို ထူးဆန်းနေတာကြောင့် သူက လေထုကိုအသက်ဝင်အောင် လုပ်ဖို့ရာမေးလိုက်သည်။
"စီနီယာ ဒီနောက်ပိုင်း အလုပ်များနေတာလား"
"အရမ်းမများပါဘူး"
စစ်ကျွင်းတောက်က ပြောသည်။
"နှစ်သစ်ကူးအတွင်းမှာဆိုတော့ ပိုပြီးတောင်အလုပ်ပါးနေသေးတယ်..."
"ကောင်းတာပဲ၊ ပြောရင်းနဲ့ မေးရဦးမယ်၊ စီနီယာ အခုထိ တစ်ယောက်ထဲလား..."
စစ်ကျွင်းတောက်က လီယွမ်ချင်း ထိုသို့မေးလာမည်ဟု မမျှော်လင့်ခဲ့ချေ။ သူက အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။
သူကဖြေဖို့လုပ်လိုက်စဉ် ဝမ်မင်ယီပြောတာကို ကြားလိုက်ရသည်။
"မင်းဘာလို့ မေးခွန်းတွေအရမ်းများနေရတာလဲ၊ ဒါဖြင့် မင်းကရော အခုထိ တစ်ယောက်ထဲပဲလား..."
လီယွမ်ချင်းက အကူအညီမဲ့စွာ ပြန်ဖြေသည်။
"ငါတစ်ယောက်ထဲဟုတ်မဟုတ် မင်းမသိလို့လား...."
"ဒါဆို မင်းကရော ငါ့ကော တစ်ယောက်ထဲဟုတ်မဟုတ် မသိလို့လား..."
"ငါကပေါ့ပေါ့ပါးပါးလေးမေးနေတာမဟုတ်ဘူး..."
ဝမ်မင်ယီကြောင့် လီယွမ်ချင်းက ပိုဆိုးလာသည်။
ရိုးသားလွန်းတဲ့ကောင်စုတ်လေး၊ ငါကဒါကို ဘာလုပ်နေတာမို့လဲ။ ဒီသခင်ကြီးက မင်းအတွက်လုပ်ပေးနေတာကွ။ ငါက မင်းကော မင်းကိုကြိုက်လားမကြိုက်လားသိချင်လို့။
"အခုထိတစ်ယောက်ထဲပါပဲ"
စစ်ကျွင်းတောက်က ဖြေသည်။
လီယွမ်ချင်းက သူအကြာကြီးပြင်ဆင်ထားရတဲ့မေးခွန်းကို အလျင်အမြန်ပင်မေးလိုက်သည်။
"ဒါဆိုရင် စီနီယာ၊ စီနီယာက ဘယ်လိုပုံစံကိုကြိုက်တာလဲ"
ဝမ်မင်ယီက သူထိုသို့မေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့နားတွေက မသိစိတ်ဖြင့်ထောင်သွားကြသည်။ သူသည်လည်း သူ့ကော၏လက်တွဲဖော်ရွေးချယ်ရာတွင်ထားသည့် စံနှုန်းများကို သိချင်သည်။
စစ်ကျွင်းတောက်က ပြန်မဖြေချေ။ သူကမေးလိုက်သည်။
"မင်းက အဲဒါနဲ့ပတ်သက်ပြီး ဂရုစိုက်တုန်းလား..."
"ဟုတ်တယ် အရမ်းပဲ၊ စီနီယာ ခင်များက အရမ်းတော်တယ်၊ ဂျူနီယာလေးတွေအနေနဲ့ တကယ်သိချင်တယ်"
ဝမ်မင်ယီကလည်း ထိုအခွင့်အရေးကိုယူကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ကော ဘယ်လိုtypeကို ကောကြိုက်တာလဲ၊ စံနှုန်းတွေရှိလား"
စစ်ကျွင်းတောက်က ပြန်မဖြေပေ။
"မင်းက ကိုယ့်ကိုမေးတယ်၊ မင်းကိုယ်တိုင်ကရော၊ မင်းဘယ်လိုtypeမျိုးကိုကြိုက်လဲ၊ စံနှုန်းတွေရှိလား"
အခုတော့ ဘောလုံးကမမျှော်လင့်စွာပင် ဝမ်မင်ယီထံ အပုတ်ခံလိုက်ရသည်။ သူကမဖြေခင် ခဏစဉ်းစားလိုက်သည်။
"ကျွန်တော်က အဲဒါနဲ့ပတ်သက်ပြီး ထူးထူးခြားခြား မတွေးထားဘူး၊ ဒါပေမယ့် ချစ်စရာတော့ကောင်းနေရမယ်၊ ကျွန်တော့်ကိုယ်ပိုင်အမြင်အရဆို အရမ်းတိတ်ဆိတ်နေတာကိုမကြိုက်ဘူး"
သူ့ကိုယ်သူ ချစ်ဖို့ကောင်းတယ်လို့ လုံးဝမတွေးထားတဲ့ စစ်ကျွင်းတောက် : "..."
လီယွမ်ချင်းက နောက်ခုံတွင်ထိုင်ကာ ရှေ့ကလူနှစ်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
စစ်ကျွင်းတောက်က အခုထိ ဝမ်မင်ယီ၏အမေးကိုမဖြေသေးချေ။
ဝမ်မင်ယီက အဲဒီမှာ လီယွမ်ချင်းရှိနေတာကိုတွေ့တော့ မေးရမှာရှက်သဖြင့် လီယွမ်ချင်းထွက်သွားပြီးမှ စစ်ကျွင်းတောက်ကို မေးဖို့ စီစဉ်လိုက်သည်။
သူတို့ စကားပြောတာ ရပ်သွားတာကို မြင်လိုက်ရသည့်အချိန်တွင် လီယွမ်ချင်းမှာ သူ့အတွက် တကယ်ကို ခက်ခဲလွန်းတယ်ဟု ခံစားလိုက်ရသည်။ သူတစ်ခါလောက် ဝင်ထိန်းပေးရုံနဲ့မရဘူးလား၊၊ အဲဒါကို နှစ်ကြိမ်လုပ်သင့်လား။ သူကအတော်ကြာအောင် တွေးပြီးနောက် တိတ်တိတ်လေးနေဖို့သာ ဆုံးဖြတ်လိုက်သည်။ မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် ဝမ်မင်ယီက ဒုံးဝေးလွန်းတယ်၊ အရမ်းကို အကင်းမပါးလွန်းလို့ အလျင်လိုဖို့မလိုပါဘူးလေ။
စစ်ကျွင်းတောက်တောင်မှအလျင်မလိုတာကို၊ သူကဘာလို့ လုပ်ရမှာလဲ။
စစ်ကျွင်းတောက်က နာရီဝက်ခန့်မောင်းပြီးနောက် လီယွမ်ချင်း၏အိမ်ကို ရောက်ပြီဖြစ်သည်။
သူက ကားပေါ်မှဆင်းပြီးနောက် ဝမ်မင်ယီကို လက်ဝေ့ယမ်းနှုတ်ဆက်ကာ အိမ်ဘက်ကို ဖြည်းဖြည်းချင်းလျှောက်သွားသည်။
ဝမ်မင်ယီက လီယွမ်ချင်း ထွက်သွားသည်နှင့် စစ်ကျွင်းတောက်ကို ထပ်မေးလာသည်။
"ကော ဘယ်လိုပုံစံကိုကြိုက်တာလဲလို့၊ လီယွမ်ချင်း မသိနိုင်တော့ဘူးလေ၊ ကျွန်တော်လည်း သိလို့မရဘူးလား"
"မင်းကသိချင်လို့လား"
စစ်ကျွင်းတောက်က သူ့ကိုစိုက်ကြည့်လာသည်။
"ဒါပေါ့"
ဝမ်မင်ယီက ပြန်ဖြေသည်။
"ကောအခု ကျွန်တော်ကြိုက်တဲ့ပုံစံကို သိသွားပြီ၊ ကောအကြိုက်ပုံစံကို ကျွန်တော့်ကို ပေးမသိစရာအကြောင်းမရှိတော့ဘူး၊ မဟုတ်ရက် မတရားဘူး"
စစ်ကျွင်းတောက်က ခဏမျှစဉ်းစားလိုက်ပြီး နူးညံ့စွာပြောသည်။
"ကောင်းပြီ"
"ကိုယ့်ပါတနာက ထက်မြက်တာကိုကြိုက်တယ်၊ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးရှိရမယ်၊ ချွဲတတ်ရမယ်"
"ဒါအကုန်ပဲလား"
ဝမ်မင်ယီ လန့်သွားပြီးမေးလိုက်သည်။
"အရမ်းရိုးလွန်းတယ်၊ ဒါတောင် အခုထိ မတွေ့သေးဘူးလား၊ လျှို့ဝှက်သတ်မှတ်ချက်တွေရှိနေတာလား"
စစ်ကျွင်းတောက်က သူ့ကို စိုက်ကြည့်လိုက်ပြီး မဖြေတော့ချေ။
ဝမ်မင်ယီ စိတ်မကောင်းဖြစ်သွားသည်။
"ဒီလိုမှန်းသာသိရင်၊ ပုန်ကန်တာကို နှစ်နှစ်လောက်ပဲလုပ်ပါတယ်၊ ကျွန်တော် လုယွင်ဖေးက ကောရဲ့အခြေအနေကို ကျေနပ်နေတယ်လို့ထင်တယ်၊ သူက ကောရဲ့မိသားစုနဲ့လည်း ကောင်းမွန်တဲ့ချိတ်ဆက်မှုရှိသလို ကျွန်တော်နဲ့လည်း ဆက်ဆံရေးကောင်းတယ်လေ၊ ကောတို့သာ အတွဲတွေဖြစ်လာရင် ဒါဆို ကျွန်တော်တို့သုံးယောက် ပေါင်းသင်းဖို့လွယ်သွားမှာ၊ အားလုံးက ကျွန်တော့်အမှားပါ"
ဝမ်မင်ယီကသူ့ ပေါင်သူ ရိုက်လိုက်သည်။
"အဲဒီအချိန်တုန်းက ကျွန်တော် ပုန်ကန်တာများလွန်းပြီး ကောတို့နှစ်ယောက်ကို စောစောမိတ်ဆက်မပေးခဲ့ဘူးလေ၊ မဟုတ်ရင် အခုလို ပြန့်ကျင်းယွမ်ဆိုတာ ဘယ်ဖြစ်လာမလဲ"
စစ်ကျွင်းတောက် : "..."ဝမ်မင်ယီ ဝမ်းနည်းနေပေမယ့် လှေက ရွက်လွှင့်ပြီးနေပြီဖြစ်သည်။ ပြန့်ကျင်းယွမ်က လုယွင်ဖေးရဲ့ဘေးမှာ နေရာယူပြီးဖြစ်နေကာ သူ့ကိုသွားခွင့်မပေးတော့ပေ။ အားလုံးပြီးတဲ့နောက်မှာတော့ သူလည်း အဲဒီ့မန်ဒရင်းဘဲနှစ်ကောင်ကို ခွဲပြီး လုယွင်ဖေးကို သူ့ကောရင်ခွင်ထဲ အတင်းမထည့်ပေးရက်ချေ။ အိုး ဝမ်းနည်းဖို့ကောင်းချက်ပဲ။
စစ်ကျွင်းတောက်က သူ့မျက်နှာကို ဝမ်းနည်းမှုအပြည့်နှင့် ကြည့်လိုက်သည်။ သူ့နှလုံးသားက ပင်ပန်းနေပြီး ပြောလိုက်သည်။
"ကိုယ် လုယွင်ဖေးအပေါ် ဘာခံစားချက်မှမရှိဘူး..."
"ကောမှာ လျှို့ဝှက်ထားတဲ့သတ်မှတ်ချက်တွေ ရှိနေတာ သိသားပဲ..."
ဝမ်မင်ယီက သူ့ကိုကြည့်သည်။ ။
"ယွင်ဖေးက လက်တွဲဖော်တစ်ယောက်အနေနဲ့ ချစ်မိဖို့အတွက် အရမ်းကောင်းတဲ့လူပါ၊ ဒါတောင် ကောက ခံစားချက်လုံးဝမရှိဘူးတဲ့..."
"အမ်း.."
"ဒါဖြင့် ဘယ်သူ့အတွက် ခံစားချက်ရှိမှာလဲ"
စစ်ကျွင်းတောက်က သူ့ရှေ့ကမီးနီကိုကြည့်လိုက်သည်။ သူက ကားကိုရပ်လိုက်ပြီး မပြောမှီ ခေတ္တမျှ တိတ်ဆိတ်နေသည်။
"အနာဂတ်မှာ ကိုယ်မင်းကို ပြောပြမှာပါ"
ဝမ်မင်ယီက ခေါင်းညိတ်ရုံမှအပ အခြားဘာမှ မလုပ်နိုင်တော့ပေ။သးကအကြောင်းအရာကို ပြောင်းလိုက်သည်။
"မစ္စဟန်ဟန်နဲ့အချိန်ကောင်းလေးရခဲ့ရဲ့လား"
စစ်ကျွင်းတောက်က သူ့ကိုလှည့်ကြည့်လိုက်သည်ာ
"မင်း အဲဒါနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေသလိုပဲနော်"
"ဒါပေါ့၊ မရဘူးလား"
"ရပါတယ် "
စစ်ကျွင်းတောက်က ပြုံးကာ ထပ်မေးလိုက်သည်။
"ကိုယ်တို့ အချိန်ကောင်းလေးရခဲ့တယ်လို့ မင်းထင်လား"
"အဲဒါ... ကျွန်တော် မသိဘူး"
"မင်းခန့်မှန်းကြည့်လေ"
ဝမ်မင်ယီက သူ့မျက်နှာပေါ်ကအပြုံးကိုကြည့်ပြီး ခန့်မှန်းလိုက်သည်။
"ပျော်ခဲ့တယ်လား"
ဧ်ကျွင်းတောက်က ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
"မှန်တယ်"
ဝမ်မင်ယီ : ! ! !
ဖာ့ခ်၊ အဲဒါက အရမ်းကို မိုက်မဲလွန်းတာပဲ။ လူကိုသွားမခေါ်ရခင်ကတော့တွန့်ဆုတ်နေပြီး လူလည်းရလာရော "မှန်တယ်"ဆိုပြီးတောင် ဖြစ်လာသေးတယ်။ အဲဒါက ဒီထက်ပိုတိုးတက်လာနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်မဟုတ်ဘူးလား။ မင်းက ယောက်ျားတွေကိုကြိုက်တာမဟုတ်လား။ဘာလို့ မိန်းမတွေကလည်း အဆင်ပြေနေရတာလဲ။
"ဒီတော့ အဲဒီလျာထားတဲ့ချစ်သူကောင်မလေးက တကယ်ဖြစ်လာနိုင်ပြီလား"
"လျာထားတဲ့ချစ်သူကောင်မလေး..."
"အဲဒါ လီယွမ်ချင်းပြောတာ၊ မစ္စဟန်ဟန်ရဲ့အခြေအနေမျိုးကို ကောင်မလေးအဖြစ်လျာထားတယ်လို့ခေါ်တယ်တဲ့"
"သူကအများကြီးသိတာပဲ"
ဝမ်မင်ယီ နှာမှုတ်လိုက်သည်။
"သူက ကောရဲ့စိတ်ကို စကားလေးတစ်ခွန်းနဲ့ ချိုးဖျက်လိုက်တာလား..."
ဝမ်မင်ယီ ထပ်မံ၍ ဟွန့်ခနဲလုပ်လိုက်သည်။
"ဒီတော့ ကောက မနက်ဖြန် မစ္စဟန်ဟန်နဲ့ လိုက်ဦးမှာပေါ့..."
မီးစိမ်းသွားသည်နှင့် စစ်ကျွင်းတောက်က အရှိန်မြှင့်ကာင်း သူ့မေးခွန်းကို မဖြေဘဲ ရှေ့သို့ မောင်းသွားခဲ့သည်။
ဆိတ်ဆိတ်နေခြင်းသည် လက်ခံခြင်းဟူ၏။ ဝမ်မင်ယီအံကြိတ်ရင်း မကျေမနပ်ဖြစ်ကာ နားမလည်နိုင်စွာ ဒေါသထွက်နေခဲ့သည်။ ဒီမတိုင်ခင်က "ကျွန်တော် ငြင်းတယ်"ဆိုပြီး ပြောခဲ့တာမဟုတ်ဘူးလား။ "လက်မခံဘူး"ဆိုပြီးတော့လေ။အခုတော့ အခြားနည်းဖြစ်သွားပြန်ပြီ။
အလျှော့မပေးတတ်တဲ့ သံမဏိလူသား စစ်ကျွင်းတောက်။ ကျွန်-တော်-သွား-မ-ကြို-နိုင်-ဘူး ဆိုတဲ့ စစ်ကျွင်းတောက်။
စစ်ကျွင်းတောက်က ဝမ်မင်ယီ၏ ဖောင်းကားနေသော ပါးပြင်လေးများကို ကြည့်ရင်း တိတ်တဆိတ် ပြုံးလိုက်သည်။
သူက လက်ကိုမြှောက်ကာ ဝမ်မင်ယီ၏ခေါင်းလေးကို ထိလိုက်သည်။
ဝမ်မင်ယီက သူ့ကိုငြင်းပစ်၏။
"မထိနဲ့"
"မင်းကိုစနေတာ"
စစ်ကျွင်းတောက်က သူ့ခေါင်းကို ထိတာကိုရပ်လိုက်သည်။ သူတကယ်ကို ဝမ်မင်ယီကို စိတ်ရှုပ်အောင်လုပ်မိမှာကို ကြောက်၏။ သူကလေးလေးနက်နက်ပင်ဝန်ခံလာသည်။
"ကိုယ် မနက်ဖြန် သူမနဲ့လိုက်မှာမဟုတ်ဘူး၊ မင်းထင်နေသလို မဟုတ်ဘဲ ကိုယ်ကသူမနဲ့တွေ့ဖို့ ဆုတောင်းနေတာမဟုတ်ရပါဘူး"
ထိုစကားကိုကြားပြီး ဝမ်မင်ယီက အနည်းငယ်ကျေနပ်သွားသည်။ ဒါပေမယ့်သူကတမင်တကာပင်ပြောလိုက်သည်။
"သူမနဲ့သွားရတာ ပျော်တယ်မဟုတ်ဘူးလား..."
"ဒါဆို၊ ကောက မနက်ဖြန် မစ္စဟန်ဟန်နဲ့ မလိုက်ဘူးဆိုတော့ ဘာလုပ်မှာလဲ"
စစ်ကျွင်းတောက်က မျက်လွှာချရင်း သူ့ကိုကြည့်လိုက်သည်။
"ကိုယ်ဘာလုပ်သင့်လဲ မင်းပြော"
"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ"
ဝမ်မင်ယီ တိုးတိုးလေးပြောလိုက်သည်။
စစ်ကျွင်းတောက်က သက်ပြင်းချကာ အကူအညီမဲ့စွာ ပြောလာသည်။
"ဒါပေါ့ ကျွန်တော်မျိုးရဲ့ချစ်လှစွာသော တိတိလေးနဲ့ အတူနေမှာပေါ့..."
ဝမ်မင်ယီ၏ စိတ်ခံစားချက်များက တဟုန်ထိုး တိုးတက်သွားသည်။ သူ့နှုတ်ခမ်းထောင့်လေးတွေက အမြန်ပင်ကွေးတက်သွား၏။စစ်ကျွင်းတောက်က သူ့ကိုကြည့်ကာ ရယ်လိုက်ပြီး မေးလိုက်သည်။
"အဲလိုလုပ်လို့ရလားခင်မျ"
"ရပါတယ် "
ဝမ်မင်ယီ သူ့ခေါင်းကို ငုံ့လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်နေတာကို ထိန်းချုပ်မရချေ။
"ဘာပဲဖြစ်ဖြစ် မနက်ဖြန် ကျွန်တော်အားတယ်
ဒီတော့ မနက်ဖြန် သူ စစ်ကျွင်းတောက်နှင့်ပဲ အိမ်မှာနေဖြစ်လိမ့်မည်။