အပိုင်း ၁၀၄၃
Viewers 53k

အခန်း ၁၀၄၃

ဘယ်လို‌တောင် တိုက်ဆိုင်တာလဲ ... ကျုပ်ရဲ့ဓားကလည်း နဂါးအရိုး မီးဖိုချောင်သုံးဓားပဲ 


ပုဖန် ကျောက်စိမ်းပြားထဲမှ အနီရောင်တောက်ပနေသော နာမည်ကိုကြည့်လိုက်ပြီး အနည်းသယ် အံ့အားသင့်သွားသည်။


သူစိန်ခေါ် ခံလိုက်ရတာလား ...


ထို့နောက် သူ၏မျက်နှာမှာ ပုံမှန်ကဲ့သို့ တည်ငြိမ်သွား သည်။ 

စိန်ခေါ်ခံရတာ ပုံမှန်ပါပဲ ...


သို့သော် ပုဖန် သိချင်စိတ် ဖြစ်ပေါ်နေသည်။ 


မမျှော်လင့်ပဲ သူ့ကိုစိန်ခေါ်ရဲတဲ့သူ ရှိသေးသားပဲ ...


ယခင်ပွဲစဉ်များတွင် သူ့အား နတ်ဆိုးဘုရင်ကြီးဟု ခေါ်ကြပြီး သူ့ကို စိန်ခေါ်ရဲသူများမှာ သနားစရာအခြေအနေဖြင့် အဆုံးသတ်သွားရသည်သာ ဖြစ်သည်။


ကနဦးအစက ပုဖန် ဤပြိုင်ပွဲတွင် သိုသိုသိပ်သိပ်နေရန်သာ ဆုံးဖြတ်ခဲ့သော်လည်း မမျှော်လင့်ထားသည့် အဖြစ်အပျက်များက သူ့ကိုတွန်းအားပေးပြီး လူအများကြား ထင်ပေါ်စေခဲ့သည်။ ထို့ကြောင့် စားဖိုမှူးစိန်ခေါ်ပွဲကို ပြိုင်ပွဲအဆုံးထိ သူ ဆက်လုပ်ရမည်ဖြစ်သည်။


အခုတော့ အံ့ဩစရာကောင်းတာက သူ့ကို စိန်ခေါ်ရဲတဲ့လူအချို့တောင် ရှိလာပြီပဲ ...


အမှန်တွင် ဤအဖြစ်အပျက်မျိုးမှာ သူ့အတွက် ရှားပါးလှ၍ ပုဖန် စိတ်လှုပ်ရှားနေသည်။ အသက်ပြင်းပြင်း ရှုထုတ်ပြီး ပြောလိုက်သည်။


" ငါ့ရဲ့ မီးဖိုချောင်သုံးဓားလည်း ဆာလောင်နေပြီ ..."


ထို့နောက် စင်မြင့်ပေါ်သို့ အေးဆေးပင် လျှောက်လှမ်းသွားသည်။


ပုဖန် စင်မြင့်ထက်သို့ ခြေလှမ်းလှမ်းသွားသည်ကိုကြည့်ပြီး ကုန်းရှို့ပန် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် အခြေအနေကို နားလည်သွားသဖြင့် သူ၏မျက်လုံးများက စိတ်ရှုပ်ထွေးမှုကို ပြသနေသည်။


လာသင့်တဲ့အရာက အမြဲလာမှာပဲ ...


ပိုင်ရှင်ပုက နောက်ဆုံးတော့ စိန်ခေါ်ခံလိုက်ရပြီ ... ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်မယ်လို့ မျှော်လင့်ထားတယ် ...


ပုဖန် စင်မြင့်ပေါ် တက်လိုက်သည့်အချိန်တွင် ဝတ်ရုံနက်နှင့်လူလည်း စိန်ခေါ်ပွဲ ပြီးဆုံးသွားပြီ အနိုင်ရသွားပြီဖြစ်သည်။ သူတို့နှစ်ဦး တိုက်မိသွားကြသည်။


" ပိုင်ရှင်ပု ကျုပ်ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ် ..."


ဝတ်ရုံနက်နှင့်လူ၏ အသံအက်အက်က ပုဖန်၏နားထဲ ပဲ့တင်သွားသဖြင့် လှည့်ကြည့်လိုက်မိသည်။


သို့သော် ထိုလူ၏ နောက်ကျောဘက်ကိုသာ မြင်လိုက်ရသည်။


အဲ့ဒီနောက်ကျော ... တော်တော်လေး ရင်းနှီးနေတယ် ...


ပိုင်ရှင်ပုလို့ ခေါ်သွားတယ်ဆိုတော့ အသိမိတ်ဆွေ တစ်ယောက်ပဲ ဖြစ်ရမယ် ...


ကုန်းရှို့ပန် အခြားလူများနှင့် ပုန်းကွယ်နဂါးတိုက်ကြီးမှ လူများမှလွဲ၍ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ယှဉ်ပြိုင်သူအားလုံး ပုဖန်ကို နတ်ဆိုးဘုရင်ကြီးဟုသာ ခေါ်ကြသည်။


ထို့ကြောင့် ပုဖန် အလွန်သိချင်နေသည်။


ထူးထူးဆန်းဆန်းတွေ ပြုမူနေတဲ့ ဝတ်ရုံနက်နဲ့လူက ဘယ်သူပါလိမ့် ...


ထိုအချိန် ပုဖန်စင်ပေါ်တက်လာသည်ကို မြင်၍ အားလုံးအော်ဟစ်ဆူညံကုန်ကြသည်။


" အဲ့တာ နတ်ဆိုးဘုရင်ကြီးဟေ့ ...ဘုရားရေ တစ်ယောက်ယောက်က သူ့ကို စိန်ခေါ်လိုက်ပြီ ..."


" ဝိုး ... စိန်ခေါ်တဲ့လူက ဘယ်သူလဲ အရမ်းသတ္တိရှိတာပဲ ..."


" နတ်ဆိုးဘုရင်ကြီးကပဲ တခြားလူတွေကို စိန်ခေါ်မယ်ထင်နေတာ ခုတော့ ပြောင်းပြန်ဖြစ်နေပါလား ..."


ပရိသတ်များ၏ အထက်တွင် ပုဖန်၏ တည်ငြိမ်နေသော မျက်နှာကို အလင်းရောင် မျက်နှာပြင်ကြီးတွင် ပြသနေသဖြင့် အားလုံး တီးတိုးပြောဆိုကုန်ကြသည်။


လူအများစုမှာ ပုဖန်ကို သိသိသာသာ အာရုံစိုက်နေကြသည်။ အထူးသဖြင့် ပုဖန် မည်သူဖြစ်သည်ကို မသိသည့် စတုတ္ထအလွှာမှ ပရိသတ်များဖြစ်သည်။


ပုဖန် စင်မြင့်ပေါ်တက်လိုက်သည့်အချိန်တွင် အခြားအင်မော်တယ်စားဖိုမှူများမှ နတ်ဆိုးဘုရင်ကြီးဟု အော်ဟစ်ကြသဖြင့် သူတို့ သံသယဝင်သွားသည်။


နတ်ဆိုးဘုရင်ကြီးလား ... ဘာလို့ စင်ပေါ်က ကောင်လေးကို နတ်ဆိုးဘုရင်ကြီးလို့ ခေါ်ကြတာလဲ ... အဲ့လိုခေါ်ဖို့ သူ့မှာ ဘာ အရည်အချင်းတွေ ရှိနေလို့လဲ ...


ဒိုင်လူကြီးမှ ပုဖန်ကို စိုက်ကြည့်နေသည်။ ထိုစားဖိုမှူးနှင့်ပက်သက်၍ အံ့ဩဖွယ်ရာအကြောင်းများကို သိရှိပြီးဖြစ်၍ မည်မျှ ဝေးဝေးသွားနိုင်မည်ကို သိချင်နေသည်။


မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်ခဲ့သည်ဖြစ်၍ သူ၏ မွေးရာပါစွမ်းရည်မှာ အမှန်ပင် ကြောက်စရာကောင်းလိမ့်မည်။


သို့သော် ပဉ္စမအလွှာမှ ကြောက်ခမန်းလိလိ စားဖိုမှူးများလည်း မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်ပေသည်။ 


ပုဖန် လက်ပိုက်၍ စင်မြင့်ပေါ်တွင် ရပ်နေသည်။ လေတိုက်ခတ်သွားသည်နှင့် သူ၏ အနီရောင်စားဖိုမှူးဝတ်စုံ လေထဲတွင် ဝဲပျံနေပြီး သူ့အား သိမ်မွေ့နူးညံ့သော တည်ရှိမှုတစ်ခုဟု ထင်ရစေသည်။ 


" ကျုပ်ရဲ့ ပြိုင်ဘက် ဘယ်မှာလဲ ..."


ပုဖန် အချိန်အတန်ကြာအောင် စောင့်ဆိုင်းနေသော်လည်း တစ်ဖက်မှလူက ပေါ်မလာသည့်အတွက် ဒိုင်လူကြီးဘက်လှည့်ကာ မေးလိုက်သည်။


ဒိုင်လူကြီးလည်း မျက်မှောင်ကြုတ်လိုက်သည်။


ခဏကြာသောအခါ ...


တုန်ယင်နေသော အင်မော်တယ်စားဖိုမှူးတစ်ယောက် ပေါ်လာပြီး စင်မြင့်ပေါ်တွင် ရပ်နေသည်။


ထိုတုန်ယင်နေသော အင်မော်တယ်စားဖိုမှူးမှာ ပုဖန်ကို စိန်ခေါ်ခဲ့သူဖြစ်ကြောင်း သံသယဝင်ရန်ပင် မလိုပေ။


" ဒိုင်လူကြီး လူကြီးမင်း .. ကျွန် .. ကျွန်တော် လူမှားပြီး စိန်ခေါ်မိတာထင်တယ် ..."


အားလုံး အံ့ဩလွန်း၍ ဘာမှမပြောနိုင် ဖြစ်သွားသည်။


ထိုအင်မော်တယ်စားဖိုမှူး၏ ပထမဆုံးစကားများမှာ ခါးသီးမှုများနှင့် ပြည့်နေပြီး ဒိုင်လူကြီးကိုကြည့်၍ မျက်ရည်များဝဲကာ ရှင်းပြနေသည်။ 


နတ်ဆိုးဘုရင်ကြီးကို စိန်ခေါ်မိသည်ဟု သူ မထင်ထားပေ။


အစောပိုင်းက သူ စိန်ခေါ်ပွဲတွင် အနိုင်ရခဲ့ပြီး ရလဒ်ကြောင့် စိတ်လှုပ်ရှားနေသည်။ သူ၏လက်ကို ခါလိုက်သောအခါ ရွေးချယ်မှုမှားယွင်းသွားကြောင်း သိလိုက်သည်။


ဒိုင်လူကြီးက ပြိုင်ပွဲဝင်ကို စိုက်ကြည့်နေသည်။


" မင်းဘာသာရွေးထားတဲ့ ပြိုင်ဘက်ကို ပြောင်းလို့ မရတော့ဘူး ... အဲ့တော့ စိန်ခေါ်ပွဲကိုပဲ ရင်ဆိုင်လိုက်တော့ ... နိုင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲ ရှိမှာပဲလေ ဟုတ်တယ်မလား ..."


ထိုပြိုင်ပွဲဝင်မှာ ယခုလေးတင် စိန်ခေါ်ပွဲကို အနိုင်ရလာသည်ဖြစ်၍ အဆင့် ၉၈တွင်ရှိနေသည်။ ထို့ကြောင့် သူ၏ မွေးရာပါစွမ်းရည်မှာ မဆိုးရွားပေ။


သို့သော် သူ့ထံတွင် သတ္တိမရှိပေ။


နိုင်မလား ... ရှုံးမလား ...


ပြိုင်ပွဲဝင်မှာ မျက်ရည်မကျပဲ ငိုကျွေးနေသည်။


ဒီလူက နတ်ဆိုးဘုရင်ကြီးနော် ... နိုင်သွားရင်တော့ ကောင်းတာပေါ့ ရှုံးရင် ဘယ်လိုလုပ်မလဲ ... သူ့ရဲ့ အဖိုးတန်ဓားလေး ယူသွားခံရလိမ့်မယ် ...


ထိုပြိုင်ပွဲဝင်ကိုကြည့်၍ ပုဖန်လည်း သိချက်နေသည်။


အဲ့လူ လက်တွေ တုန်နေတာလား ...


" မကြောက်ပါနဲ့ ... ဒါက စားဖိုမှူးစိန်ခေါ်ပွဲလေး ပဲလေ မျက်လုံးကို ခဏမှိတ်ထားပြီး ပြန်ဖွင့်လိုက် အဲ့တာဆိုပြီးသွားပြီ ..."


ပုဖန် အမူအရာမဲ့နေသော်လည်း နူးညံ့သည့်အသံနှင့် ပြောလိုက်သည်။


သို့သော် ထိုစကားလုံးများက ပြိုင်ပွဲဝင်၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။


မင်းမေလင်ကို မျက်လုံးပြန်ပိတ်ပြီး ဖွင့်လိုက်ရမှာလား ... မျက်လုံးပြန်ဖွင့်လိုက်တဲ့ အချိန်ဆို ငါ့ဓားမရှိတော့ဘူးလေ ..."


" ကျ ... ကျွန်တော် အရှုံးပေးပါတယ် ..."


နူးညံ့သောလည်း နှစ်သိမ့်ပေးသည်နှင့် မတူသော စကားလုံးများကို ကြားလိုက်ရပြီးနောက် ထိုပြိုင်ပွဲဝင်မှာ အရှုံးပေးရန် မတွန့်ဆုတ်တော့ပေ။ 


သူ၏မျက်နှာပေါ်မှ လေးနက်သောအကြည့်က ဒိုင်လူကြီးကို အံ့အားသင့်စေခဲ့သည်။


သေစမ်း ... ဒီကောင်လေး အရှုံးပေးလိုက်တာလား ...


စိန်ခေါ်ပွဲကြီးကို ဘယ်လို အရှုံးပေးရတာလဲ ... ဒီပြိုင်ပွဲရဲ့ အခြေအနေအရဆို တစ်ယောက်ယောက်က သတ္တိမွေးပြီး လုပ်ကို လုပ်ရမှာပဲလေ ...


ဒိုင်လူကြီး၏ ဖြေကြားချက်ကို မစောင့်တော့ပဲ ထိုအင်မော်တယ်စားဖိုမှူး ‌တစ်ဖက်သို့လှည့်ပြီး စင်မြင့်ပေါ်မှ ထွက်ပြေးသွားသည်။


အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်နေသော ပုဖန်နှင့် ဒိုင်လူကြီးကို နောက်တွင် ထားရစ်ခဲ့သည်။


ပရိသတ်များလည်း ဘာပြောရမည် မသိတော့ပေ။


သူ အရှုံးပေးလိုက်တာလား ...


အဆင့်တက်ပြိုင်ပွဲတွေမှာ အရှုံးပေးလို့ ရတာလား ...


ဒါက ... နည်းနည်းတော့ ထူးဆန်းတယ် ...


ဤစိန်ခေါ်ပွဲကို လုပ်တောင်နေသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း မည်သူမျှ အရှုံးမပေးသေးပေ။ 


နတ်ဆိုးဘုရင်ကြီးက အဲ့လောက်တောင် ကြေညက်စရာကောင်းတာလား ...


ဘာမှတောင် မလုပ်ရသေးဘူး စိန်ခေါ်တဲ့သူက အရှုံးပေးသွားပြီ ... သူက ဘာတွေ ဆန်းကြယ်နေလို့လဲ ..."


" တကယ်တော့ ကျုပ်ဒီလို ဖြစ်ချင်တာမဟုတ်ဖူး ..."


ပုဖန် ပခုံးတွန့်လိုက်ပြီး စင်မြင့်ပေါ်မှ ဆင်းသွားသည်။ 


ကုန်းရှို့ပန် စိတ်လှုပ်ရှားနေသည်။ ပုဖန် သူ၏အဆင့်ကို လွယ်လွယ် ထိန်းထားနိုင်မည်ဟု သူ မတွေးခဲ့မိပေ။ 


ပုဖန် အောက်ဆင်းလာသည်ကို မြင်သောအခါ ကုန်းရှို့ပန် တစ်ဟုန်ထိုး ပြေးသွားသည်။


" ပိုင်ရှင်ပု နောက်ထပ်စိန်ခေါ်ဖို့ ပြိုင်ပွဲဝင်ကို သတ်မှတ်သင့်နေပြီ ... မင်းရဲ့စိန်ခေါ်ပွဲ ရွေးချယ်မှုအပိုင်းက ၇၉ကနေ ၇၀ ကြားပဲ…"


" စဉ်းစားဖို့ မလိုပါဘူး ၇၀ကိုပဲ ရွေးလိုက်တော့မယ် ..."


ပုဖန် အလွန်တည်ငြိမ်နေသည်။ သူ၏ရည်မှန်းချက်မှာ ထိပ်တန်း ဆယ်ယောက်ဖြသ်သည့်အတွက် မည်သူနှင့် စိန်ခေါ်သည်ဖြစ်စေ ကိစ္စ မရှိပေ။ 


" အဆင့် ၇၀လား အန္တရာယ်မများလွန်းဘူးလား ..."

ကုန်းရှို့ပန် မျက်ခုံးပင့်လိုက်သည်။


ပုဖန် သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်လိုက်သည်။ 

" အန္တရာယ်လား ... ကျုပ်မျက်လုံးထဲမှာတော့ အန္တရာယ်မရှိပါဘူး ..."


အတွေးတစ်ချက်နှင့်ပင် သူ၏စိတ်က ကျောက်စိမ်း တိုကင်ထဲ ဝင်ရောက်သွားပြီး အဆင့် ၇၀မှလူကို ရွေးချယ်လိုက်သည်။ ပြိုင်ပွဲဝင်၏ အမည်ကိုပင် မကြည့်ချေ။


စင်မြင့်၏ အခြားတစ်ဖက်တွင် ...


သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အင်မော်တယ်စားဖိုမှူး တောက်လောင်နေသော မီးတောက်များကဲ့သို့ သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။


" တစ်ယောက်ယောက် ငါ့ကို စိန်ခေါ်လိုက်တာလား ..."


တုန်းဖန်ဟော် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အား ရဲရဲတင်းတင်း စိန်ခေါ်မည့်သူမရှိဟု တွေးထားခြင်းဖြစ်သည်။


တုန်းဖန်ဟော်၏ ရည်မှန်းချက်မှာ ထိပ်တန်းအဆင့် ၅၀အတွင်းဖြစ်သည်ကို အားလုံးသိကြသည်။


တုန်းဖန်ဟော် မတ်တပ်ရပ်လိုက်သောအခါ ဘေးနားမှ အင်မော်တယ် စားဖိုမှူးများ အံ့ဩတကြီးဖြင့် ကြညါ့ကြသည်။


" တုန်းဖန်ဟော်လား ..."


" တစ်ယောက်ယောက် သူ့ကို စိန်ခေါ်လိုက်တာလား မဖြစ်နိုင်ဘူး ... ဒီအရူးကို ဘယ်သူစိန်ခေါ်ရဲတာလဲ ..."


" သူက စတုတ္ထအလွှာရဲ့ ကြောက်ခမန်းလိလိ အင်မော်တယ်စားဖိုမှူးလေ ... ထိပ်တန်း အဆင့် ၅၀မှာ ပါနိုင်တဲ့ ကြောက်စရာကောင်းတဲ့ အင်မော်တယ်စားဖိုမှူးပဲ သူ့ကို စိန်ခေါ်ရဲတဲ့သူက ဘယ်ကနေ သတ္တိတွေ ရလာတာလဲ ..."


အင်မော်တယ်စားဖိုမှူးများ တီးတိုးပြောဆိုပြီး တက်တက်ကြွကြွ ဆွေးနွေးနေကြသည်။


တုန်းဖန်ဟော် အေးစက်နေခဲ့သည်။ သူ၏မျက်နှာမှာ နီရဲနေသော စားဖိုမှူးဝတ်စုံနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ လျစ်လျူရှုမှုဖြင့် ပြည့်နေသည်။


သူ စင်မြင့်ပေါ်သို့ တက်လိုက်သည်နှင့် ပရိသတ်များချက်ချင်းပင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။


တုန်းဖန်ဟော်သည် စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ် စွမ်းရည်ရှိသူ ဖြစ်သောကြောင့် လူတိုင်းနီးပါးက သူ့ကိုအားပေးခဲ့ကြသည်။ အိမ်ကွင်းမှာ အားသာချက်ရှိတယ်လို့ပင် ပြောလို့ရသည်။


အင်မော်တယ်စားဖိုမှူးများ တုန်းဖန်ဟော်က်ို စင်မြင့်ပေါ်တွင် တွေ့သောအခါ အာရုံစိုက်နေကြသည်။ 


ရှောင်ပုချွယ်လည်း အနည်းငယ် မျက်မှောင်ကြုတ်ထားသည်။ 


တုန်းဖန်ဟော်က ပြိုင်ပွဲဝင်ကောင်းတစ်ယောက်လေ အဲ့တာကို သူနဲ့ အဆင့်တူတယ် ထင်နေတာလား ...


ဘယ်လိုမျိုး ဘဝင်မြင့်နေတဲ့သူက တုန်းဖန်ဟော်ကို စိန်ခေါ်ရဲတာလဲ ...


တုန်းဖန်ဟော်ကို စိန်ခေါ်သည့်လူကို သိချင်၍ ရှောင်ပုချွယ် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ 


ပုဖန် စင်မြင့်ပေါ်တက်လာသည်။


" အိုး ကျုပ်တို့ ထပ်ဆုံကြပြီပဲ ..." 

ပုဖန် ဒိုင်လူကြီးကို နှုတ်ဆက်လိုက်သည်။


" မင်း တုန်းဖန်ဟော်ကို စိန်ခေါ်လိုက်တာလား ..."


ပုဖန်၏အမူအရာ အံ့ဩသည့်ပုံစံ ပြောင်းသွားသည်ကို ဒိုင်လူကြီး မြင်လိုက်ရသည်။


" တုန်းဖန်ဟော်လား ဘယ်သူလဲ ..."


ပုဖန်သည်လည်း အံ့အားသင့်သွားသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်ပြောလိုက်သည်။


" အဆင့် ၇၀နေရာက အင်မော်တယ်စားဖိုမှူးကို ဆိုလိုတာလား ... ဟုတ်မယ်ထင်တယ် အစောပိုင်းတုန်းက အဆင့်ကိုပဲ တိုက်ရိုက်ကြည့်ပြီး ရွေးလိုက်တာဆိုတော့ နာမည်ကိုကြည့်ဖို့ မေ့သွားတယ် ... အဲ့တာဆို သူ့နာမည်က တုန်းဖန်ဟော်ပေါ့ ဟမ် ..."


ဒိုင်လူကြီး အံ့အားသင့်ပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။ 


ထိုအချိန်တွင် တုန်းဖန်ဟော် သူ၏ပြိုင်ဘက်ကို တွေ့သွားသည်။


" နတ်ဆိုးဘုရင်ကြီးလား ..."


တုန်းဖန်ဟော်၏ နှုတ်ခမ်းထောင့်များက မဲ့ပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများတွင် အထင်သေးသည့် အရိပ်အမြွက်များ မြင်နေရသည်။


ပုဖန်နှင့် တုန်းဖန်ဟော် မျက်နှာချင်းဆိုင်လိုက်သောအခါတွင် ရင်ပြင်တစ်ခုလုံး ဆူညံသွားသည်။


အင်မော်တယ်စားဖိုမှူးအားလုံး လေးနက်တည်ကြည်နေကြသည်။ ဤတိုက်ပွဲမှာ နဂါးနှင့် ကျားတို့ အပြန်အလှန် တိုက်ခိုက်ကြမည့် ပြင်းထန်သောတိုက်ပွဲ ဖြစ်မည်မှာ သံသယဝင်စရာ မလိုချေ။


နတ်ဆိုးဘုရင်ကြီးမှာ စားဖိုမှူး၄၉ယောက်နှင့် တစ်ချိန်တည်း ယှဉ်ပြိုင်ကာ သူ၏အင်အားကို ပြသခဲ့သည်။ သူ၏စွမ်းရည်များမှာ အလွန် ကြောက်စရာကောင်းသည့်အတွက် ရန်သူများကို မတိုက်ခိုက်ပဲ ချေမှုန်းနိုင်သည့် အဆင့်ပင် ရောက်ရှိခဲ့သည်။


တုန်းဖန်ဟော်သည်လည်း စတုတ္ထအလွာ၏ ကြောက်မက်ဖွယ် နာမည်ကြီး စားဖိုမှူးတစ်ဦးဖြစ်သည်။


ယခုအချိန်တွင် ဤပြိုင်ပွဲမှာ ပရိသတ်များအားလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့ပြီး အားပေးသံများက တစ်ဖက်တည်းတွင်သာ လွှမ်းမိုးလာခဲ့သည်။


အိမ်ကွင်းတွင် ပြိုင်ဆိုင်ရသည့် တိုက်ပွဲဖြစ်၍ အားလုံးက တုန်းဖန်ဟော်ကို အားပေးနေကြသည်။ အားပေးသံများက ရင်ပြင်တစ်ခုလုံးတွင် အဆက်မပြတ် ပဲ့တင်နေသည်။


" မင်းကို နတ်ဆိုးဘုရင်ကြီးလို့ ခေါ်ကြတယ်လို့ ငါကြားတယ် ... စားဖိုမှူးစိန်ခေါ်ပွဲတွေလုပ်ပြီး တခြားလူတွေရဲ့ ဓားတွေ ယူရတာ သဘောကျနေပုံပဲ ..."


တုန်းဖန်ဟော် အေးစက်စက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ 


" အင်း ... ဝါသနာတစ်ခုတော့ မဟုတ်ပါဘူး ..."


ပုဖန် တွေးတော၍ တစ်စုံတစ်ခုပြောရန် ပြင်နေစဉ်မှာပင် တုန်းဖန်ဟော်က ဖြတ်ပြောလိုက်သည်။


" ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ... စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ရအောင် အနိုင်ရရင် တခြားသူရဲ့ဓားကို ယူရတာက ငါ့ကို စိတ်လှုပ်ရှားစေတယ် ..."


တုန်းဖန်ဟော် လက်မြှောက်၍ ပြောလိုက်သည်။


ပုဖန် သူ၏လက်များ တုန်ယင်နေသည်ကို တွေ့လိုက်ရသော်လည်း မျက်နှာသေဖြင့် ပြောလိုက်သည်။


" အိုး ... ကောင်းပြီလေ စကြတာပေါ့ ..."


အားပေးသံများမှာ ကျယ်လောင်လာသည်။ အချိန်ခဏအတွင်း စင်မြင့်ပေါ်တွင် စားဖိုမှူးစိန်ခေါ်ပွဲ စတင်တော့သည်။


နတ်ဆိုးဘုရင်ကြီး စတုတ္ထအလွှာ၏ ကြောက်မက်ဖွယ်စားဖိုမှူး တုန်းဖန်ဟော်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ်သည် 


ယခုအချိန်ထိ ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးဟု ဆိုရပေမည်။ အရေးကြီးဆုံးအရာမှာ နှစ်ဖက်စလုံးမှ မမျှော်လင့်သွာနှင့် စားဖိုမှူးစိန်ခေါ်ပွဲ ပြုလုပ်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။


အချို့လူများက စားဖိုမှူးစိန်ခေါ်ပွဲကို နားမလည်ကြပေ။ စာဖိုမှူးစိန်ခေါ်ပွဲ၏ စည်းမျဉ်းများက အလင်းရောင်မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။


စည်းမျဉ်းများကို ဖတ်ပြီးနောက် ပရိသတ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။


" ဘုရားရေ ရှုံးတဲ့သူက မီးဖိုချောင်သုံးဓားကို လက်လွှဲပေးရမယ်တဲ့ ... ဒီ စားဖိုမှူးစိန်ခေါ်ပွဲက အရမ်း ရက်စက်ကြမ်းကြုတ်တာပဲ သခင်လေး တုန်းဖန် သူ့ကို အနိုင်ယူပစ် ..."


" နတ်ဆိုးဘုရင်ကြီးရဲ့ ဖင်ကို ရိုက်ပစ် ... ကောင်းကောင်းပညာပြလိုက် ..."


" နတ်ဆိုးဘုရင်ကြီးရဲ့ ဓားကိုယူပြီး သူ့ကို‌ငိုအောင်လုပ်လိုက် ..."


ပရိသတ်များ တုန်းဖန်ဟော်ကို စိတ်လှုပ်ရှားစွာ အားပေးပြီး အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ 


စင်မြင့်ပေါ်တွင် ...


တုန်းဖန်ဟော်၏ ခန္ဓာကိုယ်မှ စွမ်းအားပြင်းသည့် အော်ရာများ ထွက်လာသည်။


သူ၏ ခန္ဓာကိုယ်မှ သွေးနီရောင်မီးတောက်များ ထွက်ပေါ်လာကာ မျက်လုံးများလည်း မီရဲနေသည်။ သူ့ကိုကြည့်ရသည်မှာ သွေးနီရောင် မီးတောက်မြွေကြီးက အုပ်မိုးထားသလိုပင်။ 


" ဒါက မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက် နံပါတ် ၅၅နေရာက သွေးအဆိပ်မြွေမီးတောက်ပဲ ..."

တုန်းဖန်ဟော် အေးစက်စွာ ပြောလိုက်ပြီး လူကိုကိုင်လိုက်သောအခါ သွေးနီရောင်မီးတောက်များ ထိုနေရာတစ်ဝိုက်တွက် ရစ်ပတ်နေသညိ။


ဝီ ...


အတွေးတစ်ချက်ဖြင့် ငွေရောင် မီးဖိုတစ်ခု ပဲ့တင်သံများဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။ 


မသေမျိုးစွမ်းအင်များ ထိုငွေရောင်မီးဖိုကို ဖုံးအုပ်ထားပြီး အခြားကိရိယာများလည်း ပေါ်လာသည်။ ၎င်းတို့တွင်လည်း မသေမျိုးစွမ်းအင်များ ရစ်ဝဲနေသည်။


၎င်းတို့အာစလုံးမျာ ထူးခြားဆန်းကြယ်သော မသေမျိုးကိရိယာများ ဖြစ်သည်။


" တုန်းဖန်ဟော် အရင်တုန်းက ဒီ မသေမျိုးကိရိယာတွေ မသုံးပါဘူး ကြည့်ရတာ အတည်ကြီး လုပ်နေပြီထင်တယ် ..."


တုန်းဖန်ဟော်၏ မီးဖိုနှင့် မသေမျိုးကိရိယာများကို မြင်ကြသည့်အခါ အံ့ဩသွားကြသည်။


တုန်းဖန်ဟော်၏ လက်ထဲတွင် ငွေရောင်မီးဖိုချောင်သုံးဓားတစ်ချောင်း ပေါ်လာသည်။ သူ၏ လက်ချောင်းများဖြင့် ထိုဓားကို ဖြည်းညှင်းသွာ ပွတ်သပ်ပြီး ပုဖန်ကို ကြည့်လ်ိုက်သည်။


" ဒါက ငါ့ရဲ့ ဂုဏ်ကျက်သရေ ငါ့ရဲ့ မီးဖိုချောင်သုံးဓား... အဆင့်မြင့် မသေမျိုးကိရိယာဖြစ်တဲ့ ငွေနဂါးပျံ အရိုးမီးဖိုချောင်သုံးဓားပဲ ... အခုကစပြီး မင်းစိတ်ဓာတ်ကျလို့ရပြီ ..."


တုန်းဖန်ဟော်၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး ဘဝင်မြင့်ဟန် ပေါ်နေသည်။


နတ်ဆိုးဘုရင်ကြီးက အရမ်းမာနကြီးနေတာပဲ ... ငွေနဂါးပျံ အရိုးမီးဖိုချောင်သုံးဓားရဲ့ အစွမ်းကို မြည်းကြည့်ခိုင်းရမယ် ..."


အဆင့်မြင့် မသေမျိုးကိရိယာ ...


ပတ်ဝန်းကျင်မှလူများ လေအေးကို ရှုရှိုက်နေရသည်။


စတုတ္ထအလွှာရဲ့ ကြောက်ခမန်းလိလိဉာဏ်ကြီးရှင် ဖြစ်ဖို့ ထိုက်တန်ပါပေတယ် ... သူ့ရဲ့ အဆင့်မြင့် မသေမျိုးကိရိယာကိုတောင် ထုတ်လာတယ် ...


ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးတော့ ဒီတစ်ခါ ပြဿနာအကြီးကြီးတက်ပြီ ...


နဂါးအရိုးမီးဖိုချောင်သုံးဓား တဲ့လား ...


တုန်းဖန်ဟော်၏ စကားများက ပုဖန်ကို အံ့အားသင့်သွားစေသည်။


နဂါးအရိုးမီးဖိုချောင်သုံးဓား ... ဒီလူ့ဆီမှာလည်း နဂါးအရိုးမီးဖိုချောင်သုံးဓား ရှိတာလား ...


တုန်းဖန်ဟော်ကို ထူးဆန်းသည့် အမူအရာဖြင့်ကြည့်ပြီး သူ၏မျက်ခုံးများ တွန့် ချိုးသွားသည်။


ထို့နောကိ သက်ပြင်းရှည်ကြီး ချလိုက်သည်။ 


သူ၏စိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။


သူ၏ဝိညာဉ်ပင်လယ်ထဲမှ နဂါးကြီးက ရုတ်တရက်ပင် နားကွဲမတတ် အော်ဟစ်လိုက်သည်။


စိမ်းပြာရောင်မီးခိုးများ သူ၏လက်တစ်ဝိုက် ဝေ့ဝဲလာပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်လျက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။


" ဘယ်လို‌တောင် တိုက်ဆိုင်တာလဲ ... ကျုပ်ရဲ့ဓားကလည်း နဂါးအရိုး မီးဖိုချောင်သုံးဓားပဲ ..."