အပိုင်း ၁၀၄၄
Viewers 53k

အခန်း ၁၀၄၄

ရှူးရှဲကျောက်ပုစွန်အစပ်ချောင်း


" နဂါးအရိုးမီးဖိုချောင်သုံးဓားတဲ့လား ..."


ပုဖန်၏စကားများက ငွေရောင်မီးဖိုနောက်တွင် ရပ်နေသည့် တုန်းဖန်ဟော်ကို အံ့အားသင့်သွားစေသည်။ ခဏအကြာတွင် သူ၏မျက်နှာ၌ စိတ်ကြီးဝင်နေသည့် အပြုံးတစ်ခု ပေါ်လာသည်။


" နဂါးအရိုးမီးဖိုချောင်သုံးဓားတိုင်းက အဆင့်မြင့် မသေမျိုးကိရိယာတွေ မဟုတ်ကြဘူး ..."


ပုဖန်၏ လက်ထဲမှ မီးဖိုချောင်သုံးဓားကို ကြည့်ပြီး တုန်းဖန်ဟော် ပြောလိုက်သည်။


နတ်ဆိုးဘုရင်ကြီး၏ လက်ထဲမှ မီးဖိုချောင်သုံးဓားမှာ တောက်ပသော ရွှေရောင်ရှိပြီး တုနှိုင်းမဲ့ ကြီးကျယ်ခမ်းနားနေသည်။ ရွှေရောင်အလင်းတန်းမှာ တောက်ပလွန်းသည့်အတွက် လူများ၏ မျက်လုံးများကိုပင် စူးစေသည်။ 


သို့သော် ထိုဓားမှ အဆင့်မြင့် မသေမျိုးကိရိယာများတွင် ရှိတတ်သော ခြိမ်းခြောက်နိုင်သည့်အော်ရာများ မခံစားရပေ။ ထို့အပြင် မသေမျိုးစွမ်းအင်များလည်း ရစ်ပတ်မနေပေ။ 


သူ၏ အရည်အသွေးမှာ သိပ်မဆိုးပေ။ သို့သော်လည်း ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းဖြင့် နတ်ဆိုးဘုရင်ကြီး၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှာ မသေမျိုးကိရိယာ မဖြစ်နိုင်ပေ။


ထိုကဲ့သို့ ဓားမျိုး အသုံးပြု၍ သူ့ကို တိုက်ခိုက်ခြင်းမှာ ဟာသတစ်ခုကဲ့သို့ပင်။


သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ငွေနဂါးပျံအရိုးမီးဖိုချောင်သုံးဓား သူ၏လက်ဖဝါးထဲတွင် လှည့်ပတ်နေပြီး ဆန်းကြယ်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။


တုန်းဖန်ဟော်၏ စကားလုံးများက ပွဲကြည့်စင်များဘက်သို့ပင် ရောက်သွားပြီး ခဏအကြာတွင် အားလုံး ဝါးလုံးကွဲ ရယ်ကုန်ကြသည်။ သူတို့၏ ရယ်မောသံများမှာ လှောင်ပြောင်လိုစိတ်များဖြင့် ပြည့်နေပြီး ပုဖန်နှင့် သူ၏ဓားကို အထင်သေးနေကြသည်။


တုန်းဖန်ဟော်ပြောသည်မှာ မှန်ကန်သည်။ မီးဖိုချောင်သုံးဓားအားလုံးမှာ မသေမျိုးကိရိယာများ မဟုတ်ကြပေ။ 


ငွေနဂါးပျံမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပာ်၏ စတုတ္ထအလွှာတွင် ကြယ်ရှစ်ပွင့် သားရဲဧကရာဇ်ဖြစ်သည်။ သူ၏စွမ်းအားမှာ အလွန်သန်မာပြီး ဖျက်ဆီးနိုင်စွမ်းအားလည်း မြင့်သည်။


သို့ရာတွင် အတိတ်က ငွေနဂါးပျံမှာ မသေမျိုးမြို့တော်ကို အကြောင်းအရင်းမရှိ တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် မြို့တော်သခင်မုန့်ချီ၏ သတ်ဖြတ်ခြင်းခံရပြီး သူ၏နဂါးအရိုးများကို နဂါးရိုးမီးဖိုချောင်သုံးဓား၃ချောင်း ပြုလုပ်ခဲ့သည်။ စတုတ္ထအလွှာ၏ ပင်ကိုစွမ်းရည်ရှိသည့် အင်မော်တယ်စားဖိုမှူးကို ချီးမြှောက်သည့်အနေဖြင့် ထိုဓားကို ဆုအနေဖြင့် ပေးအပ်ခဲ့သည်။


တုန်းဖန်ဟော်၏ မွေးရာပါစွမ်းရည်မှာ အံ့အားသင့်ဖွယ်ကောင်းလှသည့်အတွက် ထိုနဂါးရိုးမီးဖိုချောင်သုံးဓားကို ချီးမြှောက်ခြင်း ခံရသည်။ ထို့ကြောင့် ဤဓားများမှာ သူ၏မာန်မာနနှင့် ပျော်ရွှင်ဖွယ် သူ၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။


ထိုအမှိုက်နဂါးရိုး မီးဖိုချောင်သုံးဓားကို ပုဖန် အသုံးပြု၍ သူ၏ဓားကို လှောင်ပြောင်ခြင်းကို သူ သေချာပေါက် ခွင့်မပြုနိုင်ပေ။


ထို့ကြောင့် ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် ကျိန်းသေအနိုင်ရပြီး ထို ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပုဖန်၏ လက်ထဲမှ ယူဆောင်ရမည်။ ထို့နောက် နတ်ဆိုးဘုရင်ကြီး၏ မျက်စိရှေ့၌ပင် ထိုဓားကို အပိုင်ပိုင်းဖြစ်အောင် ဖျက်ဆီးပစ်မည်။.


ဟုတ်သားပဲ သူ့ရဲ့ ငွေနဂါးပျံအရိုး မီးဖိုချောင်သုံးဓား နဲ့ ဖြတ်ပစ်ရမယ် ...


" ဒီ ငွေနဂါးပျံအရိုး မီးဖိုချောင်သုံးဓားက ငါ့ကို မြို့တော်သခင်မုန့်ချီကိုယ်တိုင် ချီးမြှောက်ထားတာ အဲ့တာကြောင့် မင်းရဲ့အမှိုက်ဓားနဲ့ ငါ့ဓားကို ဘယ်တော့မှ မနှိုင်းနဲ့ ..."

တုန်းဖန်ဟော်၏ မျက်နှာ ပြန်လည်အေးစက်သွားပြီး ပြောလိုက်သည်။ ထို့နောက်တွင် ဟင်းလျာ စတင်ချက်ပြုတ်သည်။ 


ပါဝင်ပစ္စည်းများစွာကို ထုတ်ယူပြီး မီးဖိုပေါ် တင်ထားလိုက်သည်။ 


ရုတ်တရက် စင်မြင့်ပေါ်မှ မသေမျိုးစွမ်းအင်များ ကောင်းကင်ပေါ်သို့ တက်သွားသည်။


၎င်းတို့မှာ အဆင့်မြင့် မသေမျိုးပါဝင်ပစ္စည်းများဖြစ်ကြပြီး အချို့မှာ အလွန်ရှားပါသည်။


တုန်းဖန်ဟော် နတ်ဆိုးဘုရင်ကြီးကို တကယ် သေတဲ့အထိ တိုက်ခိုက်ပစ်ချင်နေတယ် ...


စင်မြင့်ပေါ်တွင် အာရုံစိုက်နေကြ၍ အားလုံး၏ မျက်လုံးများ ကျဉ်းမြောင်းနေကြသည်။

ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးတော့ ဒီတစ်ခါ အဆုံးသတ်ပြီပဲ ...


အများစုမှာ စိတ်လှုပ်ရှားနေကြသည်။ နောက်ဆုံးတွင် အချိန်ကြာမြင့်စွာ နိုင်ထက်စီးနင်းပြုလုပ်ခဲ့သော ပထမအလွှာမှ အင်မော်တယ်စားဖိုမှူး ပညာပြခံရ‌တော့မည် ဖြစ်သည်။


ကုန်းရှို့ပန်သည်လည်း မျက်နှာ ဖြူဖျော့နေသည်။


တုန်းဖန်ဟော် ...ပိုင်ရှင်ပုရဲ့ ပြိုင်ဘက်က တုန်းဖန်ဟော် ဖြစ်မယ်လို့ မထင်ခဲ့ဖူး ...


ရှောင်ပုချွယ်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်လာပြီး လှောင်ပြောင်နေသည်။ ပုဖန်၏ကျရှုံးခြင်းကို ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် မြင်တွေ့ရတော့မည့်အတွက် အလွန်ဝမ်းမြောက်နေသည်။ တုန်းဖန်ဟောင်ဆိုသည့် ပြိုင်ပွဲဝင်မှာ သူပင် ကြောက်ရွံ့ရသည့်လူတစ်ဦး ဖြစ်သည်။ 


ပုဖန် သူ၏အနားမှ လှောင်ပြောင်သရော်မှုများကို လျစ်လျူရှု့ထားသည်။ သူ အလွန်တည်ငြိမ်နေပြီး စိတ်ထဲတွင် မည်သည့်ဟင်းလျာ ချက်ပြုတ်ရမည်ကို ရွေးချယ်ထားသည်။ 


တုန်းဖန်ဟော်ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေပြီးနောက် စနစ်၏ သိုလှောင်ခန်းမှ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။


ထို့နောက် အစီအစဉ်အတိုင်း ချက်ပြုတ်ရန် ပြင်နေသည်။ 



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ


ဤအခိုက်အတန့်တွင် လေထုမှာ အလွန် ကမောက်ကမ ဖြစ်နေသည်။


မြို့တော်သခင် တစ်ဦးစီတိုင်း၏ အကြည့်များက အံ့အားသင့်နေသည့်ပုံပင်။


မြို့တော်သခင်ဖုန့်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ထိပ်ဆုံးအဆင့် တည်ရှိမှုဟု သတ်မှတ်နိုင်သည်။ ထို့အပြင် သူ၏စွမ်းအားမှာ နယ်ပယ်သခင်ပြီးလျှင် ပထမဖြစ်သည်။


သို့သော် သူ၏ဓားက စားသောက်ဆိုင်ငယ်လေးကို နှစ်ခြမ်းကွဲအောင်ပင် မပြုလုပ်နိုင်ပေ။ 


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ဒီစားသောက်ဆိုင်မှာ ဘယ်လိုသရဲမျိုး နေနေတာလဲ ...


ထုံဝူတီသည်လည်း ကြောက်နေသည်။ မြို့တော်သခင်ဖုန့်၏ တိုက်ခိုက်မှုကို ထိုစားသောက်ဆိုင် ခံနိုင်လိမ့်မည်ဟု မထင်ထားပေ။ 


ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဟိုခွေး ရှိနေတာလား ...


" မဖြစ်နိုင်ဘူး ... အဲ့ခွေးက ဒီမှာ အမွှေးတစ်ချောင်း ထားခဲ့တယ်ဆိုတော့ သူ ဒီမှာ မရှိဘူးလို့ ဆိုလိုတာပဲ ... ထူးဆန်းတဲ့စွမ်းအင်တွေက ဒီစားသောက်ဆိုင်က လာတာ ..."


မြို့တော်သခင်မုန့်ချီ မျက်ခုံးများ တွန့်နေပြီး သူမ၏ လှပသော မျက်နှာတွင် သံသယများနှင့် ပြည့်နှက်နေသည်။ 


" ညီမလေးမုန့်ချီ မှန်တယ် ... ဒီစားသောက်ဆိုင်က အရမ်းထူးဆန်းတယ် ..."


မြို့တော်သခင်ကျိုး သူ၏အိုးကိုပိုက်ကာ သက်ပြင်းချလိုက်သည်။ 


ခဏအကြာတွင် သူအော်လိုက်သောအခါ လက်ထဲမှ အနက်ရောင်အိုးကြီး ရုတ်တရက် လည်သွားသည်။


စုတ်ဖြဲလိုက်သောအသံနှင့်အတူ ထိုအိုးနက်ကြီးသည် ဟင်းလင်းပြင်ကိုကို ကွဲစေချင်သကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားသည်။


မြို့တော်သခင်ကျိုး၏ အကြည့်များက စားသောက်ဆိုင်ပေါ်သို့ ကျရောက်နေသည်။


ဝုန်း ...


ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အိုးနက်ကြီး စားသောက်ဆိုင်တံခါးကို တိုက်လိုက်သည်။


ခဏအကြာတွင် ...


အိုးနက်ပေါ်မှ ကြောက်စရာခွန်အားကြီး ပျောက်ကွယ်သွားသည်။ မှုန်မှိုင်းသော အသံများဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျကာ အားအင်မရှိပုံပေါ် နေသည်။


ထို့နောက် စားသောက်ဆိုင်ထဲမှ ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။


မြို့တော်သခင်ကျိုး၏ မျက်နှာ ဖြူဖျော့နေသည်။ နောက်ဆုတ်သွားပြီး ပါးစပ်ထဲမှ သွေးများထွက်လာသည်။ 


မြို့တော်သခင်ဖုန့်တွင် ဖြစ်သကဲ့သို့ပင် သူ့ထံတွင်လည်း ဖြစ်သွားသည်။ 


" ဒီစားသောက်ဆိုင် ... ကြည့်ရတာ နက်ရှိုင်းတဲ့တည်ရှိမှုတစ်ခုက ကာကွယ်ပေးနေသလိုပဲ ... ငါတို့ထိလို့တောင် မရဘူး..."


မြို့တော်သခင်ဖုန့် အေးစက်စွာပြော၍ ရင်ဘတ်ကို ဆုပ်ကိုင်ထားသည်။ 


မြို့တော်သခင်လေးဦး အကြည့်ချင်းဖလှယ် နေကြသည်။ ထို့နောက် သူတို့၏ အကြည့်များက စားသောက်ဆိုင်ပေါ်သို့ ပြန်ရောက်သွားသည်။


သူတို့အားလုံး လက်တံဆိပ်များ ပြုလုပ်လိုက်ကြပြီး စွမ်းအင်လှိုင်း အစုအဝေးများ ပေါက်ကွဲထွက်လာသည်။ စွမ်းအင်လှိုင်းတစ်ခုစီက မှော်အခင်းအကျင်းများ ဖြစ်သွားပြီး စားသောက်ဆိုင်ကို ဝန်းရံလိုက်သည်။


စားသောက်ဆိုင်ကို ယခု ချိပ်ပတ်ထားပြီဖြစ်သည်။


" ဒီခွေးနဲ့ ပက်သက်သမျှ အရာအားလုံးက တစ်နည်းနည်းနဲ့တော့ စိတ်ကူးယဉ်ဆန်နေတာပဲ ..."


မြို့တော်သခင်ကျိုး စားသောက်ဆိုင်ကို ခါးသီးစွာကြည့်၍ စူပုတ်နေသည်။ 


" အဲ့ဒီခွေးသာ ကောင်းကင်ဘုံလမ်းကြောင်းကြီးကို ကိုက်မစားခဲ့ရင် လောင်ရွှယ်လည်း မသေမျိုးသစ်ပင်နေရာမှာ သေခဲ့မှာမဟုတ်ဖူး ..."


မြို့တော်သခင်ဖုန့် မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်လျက် ပြောလိုက်သည်။


" အဲ့တာတော့ အမှန်ပဲ လောင်ရွှယ်ရဲ့ ကျင့်ကြံခြင်းက အရမ်းသန်မာပေမယ့် ဒီလိုမျိုး သေခဲ့ရတယ် ... တကယ်ထူးဆန်းတာပဲ ..."

မြို့တော်သခင်မုန့်ချီ ပြောလိုက်သည်။


" ငါတို့ မြို့တော်သခင်ကို ဒီစားသောက်ဆိုင်အကြောင်း အသိပေးရမယ် ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ ဒီစားသောက်တိုင်ကို တည်ရှိခွင့်ပေးထားရင် အရမ်းအန္တရာယ်များတယ် ..."


မြို့တော်သခင်ဖုန့် ပြောလိုက်သည်။


တုံ့ပြန်သည့်အနေဖြင့် မြို့တော်သခင်သုံးဦး ခေါင်းငြိမ့်ပြလိုက်သည်။


နောက်ဆုံးတွင် သူတို့ မြို့တော်သခင်အိမ်တော်ဘက်သို့ ထွက်သွားသည်။


ထုံဝူတီ ထိုနေရာတွင် ကျန်နေခဲ့ပြီး အလွန် ကြောက်ရွံ့နေသည်။

ဘာတွေ ဖြစ်ကုန်တာလဲ ...


အဲ့ဒီစားသောက်ဆိုင်ငယ်လေးက ဒီလောက်စွမ်းအားကြီးတာလား 



ဝုန်း ဝုန်း ဝုန်း ...


စင်မြင့်ပေါ်တွင် သွေးနီရောင်မီးတောက်များ ကောင်းကင်ထိ အဆက်မပြတ် တက်နေပြီး မှော်ဆန်သော မြင်ကွင်းတစ်ခုကို ပြသနေသကဲ့သို့ပင်။


လူအများစုမှ ထိုမြင်ကွင်း၏ ဆွဲဆောင်ခြင်းခံရပြီး အံ့အားသင့်စွာ ပြောဆိုနေကြလျက် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်နေကြသည်။


တုန်းဖန်ဟော်၏ ချက်ပြုတ်မှုက အနုပညာ ပြကွက်တစ်ခုလိုပင်။ သူ၏ဓားစွမ်းရည် သို့မဟုတ် အပူထိန်းစွမ်းရည်အားလုံးသည် သာလွန်အဆင့်သို့ ရောက်ရှိသွားကြသည်။


သွေးနီရောင်မီးတောက်က သူတို့အား လက်ပြနေသည်နှင့်တူပြီး မွှေးရနံ့က ရင်ပြင်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားသဖြင့် သူတို့၏အာရုံများကို ဆွဲဆောင်နေသည်။


ဝုန်း ဝုန်း ဝုန်း ...


တိမ်မည်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို အုပ်မိုးထားသည်။ 


မိုးခြိမ်းသံများက နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ 


ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည့်အခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။


ဤတစ်ကြိမ် တိမ်မည်းများမှာ ယခုအချိန်ထိ ပြိုင်ပွဲများစွာအတွင်းတွင် အကြီးဆုံးဖိအားများကို သယ်ဆောင်လာခြင်းဖြစ်သည်။


အကုန်လုံး ၎င်း၏ ဆိုလိုရင်းကို သိကြသည်။ ဆိုလိုသည်မှာ ဤတစ်ကြိမ်၏ မိုးကြိုးပြစ်ဒဏ်မှာ တစ်ခုထက် ပိုနိုင်သည်ပင်။ 


မိုးကြိုးပြစ်ဒဏ် နှစ်ခု သို့မဟုတ် သုံးခုအထိ ဖြစ်နိုင်သည်။


ထို လူနှစ်ယောက်လုံးမှာ မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးနိုင်သည့် ဟင်းလျာများကို ချက်ပြုတ်နိုင်ကြသည်။ 


ဝုန်း ဝုန်း ဝုန်း ...


ပုဖန်၏ဟင်းလျာ ပြီးလုနီးပြီဖြစ်သည်။


လူအချို့ ပုဖန်၏ဟင်းလျာကို မြင်ကြသောအခါ ထိတ်လန့်သွားကြသည်။ 


အဘယ့်ကြောင့်ဆိုသော် ထိုဟင်းလျာကို ရင်းနှီးနေကြသောကြောင့်ဖြစ်သည်။


" အဲဒီ တုတ်ချောင်းကြီးပဲလား ...ကောင်းကင်ကို ဒီကျောက်တိုင်တစ်တိုင်တည်းနဲ့ ထောက်ဖို့ ကြံနေတာများလား ..."


" ဒီဟာက စားဖိုမှူး ၄၉ယောက်နဲ့ ပြိုင်တုန်းက ချက်ခဲ့တဲ့ဟာပဲ ... နတ်ဆိုးဘုရင်ကြီးက ဒီဟာပဲ ချက်တုန်းလား ...*


" အရမ်းဘဝင်မြင့်နေတာပဲ ... သူက တုန်းဖန်ဟော်ကို အထင်သေးနေတယ်ထင်တယ် ... အထူးတလည်ဟင်းလျာတစ်ခုတောင် မချက်ဖူး ..."


ပရိသတ်များ ဆူညံနေကြပြီး တုန်းဖန်ဟော်သာလျှင် သေချာပေါက်နိုင်မည်ဟု တွေးနေကြသည်။


တုတ်ချောင်းတစ်ချောင်း ဟင်းလျာ ဖြစ်လာနိုင်ပါ့မလား ...


ဟင်းလျာတစ်ခု ဖြစ်လာရင်လည်း တုန်းဖန်ဟော်ရဲ့ဟင်းလျာနဲ့ နှိုင်းယှဉ်နိုင်ပါ့မလား ...


တုန်းဖန်ဟော် သူအား သေချာပေါက် အနိုင်ယူပစ်မည်မှာ သံသယဝင်စရာပင် မလိုပေ။ စတုတ္ထအလွှာ၏ ကြောက်ခမန်းလိလိစားဖိုမှူးကို မည်သူမျှ မရပ်တန့်နိုင်ပေ။ 


နတ်ဆိုးဘုရင်ကြီးရဲ့ ကျရှုံးမှုက ဒီတစ်ခါ တကယ်ဖြစ်လာတော့မယ် ...


ကောင်းကင်တွင် တိမ်မည်းများ တလိမ့်လိမ့် စုဝေးလာပြီး ပြင်းထန်သည့် ဖိအားများ ထုတ်လွှတ်နေသည်။


မိုးခြိမ်းပြီး လျှပ်စီးများလည်း လက်နေသည်။


အောက်ဘက်တွင် တုန်းဖန်ဟော်၏ ဟင်းလျာမှာ ပြီးလုပြီဖြစ်သည်။ 


သူ၏ဟင်းလျာမှာ အရန်ဟင်းမဟုတ်ပဲ အဓိကဟင်းဖြစ်သည်။ အဝေးမှကြည့်ပါက လက်ရာမြောက်သော ပန်းချီကားတစ်ချပ်နှင့်တူပြီး အလွန်အသေးစိတ်လှသည်။


အသေးစိတ်တစ်ခုချင်းစီတိုင်းက အားလုံးကို အံ့အားသင့်သွားစေသည်။ 


နောက်ဆုံးအဆင့် ပြီးဆုံးသွားသည့်အခါ တုန်းဖန်ဟော်၏ဟင်းလျာမှ သိပ်သည်းသော မသေမျိုးစွမ်းအင်များ ဝေ့ဝဲလာသည်။


" ဟင်းလျာပြီးသွားပြီ ... အဲ့ဒာလာတော့မယ် ..."

တစ်စုံတစ်ယောက်မှ အံ့ဩတကြီး အော်ဟစ်လိုက်သည်။


၎င်းမှာ ပြိုင်ပွဲ၏ အထွဋ်အထိပ်ဖြစ်သည်။ လူနှစ်ဦးလုံး စားဖိုမှူးစိန်ခေါ်ပွဲ ပြုလုပ်ထားကြသည်ကို အားလုံးသိသည်။ 


စားဖိုမှူးစိန်ခေါ်ပွဲတွင် ဟင်းလျာတစ်ခုကို တန်ဖိုးဖြတ်သည့်စံနှုန်းမှာ မိုးကြိုးပြစ်ဒဏ်၏ ခွန်အားဖြစ်သည်။ 


မကြာမီ နောက်ဆုံးရလဒ်ကို အားလုံး မြင်တွေ့ရတော့မည်။


ဤတစ်ခေါက်တွင် ပုဖန် ရှုးရှဲအစပ်ချောင်းကို ပြုလုပ်ထားသည်။ သို့သော် သူ၏ချက်နည်းတွင် အပြောင်းအလဲ အနည်းငယ် ပြုလုပ်လိုက်သည်။


ဤတစ်ကြိမ်တွင် ကျောက်ပုစွန်အသားများစွာကို ထည့်ထားသည့်အတွက် အရသာမှာ အလွန်မွှေးပျံ့နေသည်။


ဝုန်း ဝုန်း ဝုန်း ...


မိုးကြိုးနှင့် လျှပ်စီးများက ကောင်းကင်ကို နှစ်ပိုင်းကွဲစေတော့မည့်ပုံပင်။ 


ခဏအကြာတွင် ...


သူတို့၏ အထက်၌ မိုးကြိုးနဂါးများက အစွယ်များနှင့် လက်သည်းများကို လှစ်ဟပြနေသည်။


လေထဲတ်ွ အပြန်အလှန် တိုက်ခိုက်နေကြသော မိုးကြိုးနဂါးများကိုကြည့်ကာ ပရိသတ်များ ‌ထိတ်လန့်သွားကြသည်။ 


ထိုမြင်ကွင်းမှာ အလွန်ပြင်းထန်ပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင်လည်း အဆက်မပြတ် ပေါက်ကွဲထွက်လာသည်။ 


ပရိသတ်များထဲမှ လူအများစုမှာ ပထမဆုံးအကြိမ် မြင်တွေ့ရသည့်အတွက် အံ့အားသင့်နေကြသည်။ သို့သော် ထိတ်လန့်ပြီးသည့်နောက်တွင် အားလုံး စိတ်လှုပ်ရှားလာကြသည်။ လက်သီးများဆန့်တန်း၍ ကောင်းကင်ထိရောက်အောင် အော်ဟစ်အားပေးနေကြသည်။


အချို့လူများက မတ်တပ်ရပ်ပြီး တုန်းဖန်ဟော်၏ မိုးကြိုးပြစ်ဒဏ်ကို အားပေးနေကြသည်။


ပုဖန်နှင့် တုန်းဖန်ဟော်တို့ နှစ်ယောက်လုံး ချက်ပြုတ်မှုများပြီးစီးသွားသည်ဖြစ်၍ ယခုကျန်ရှိသည်မှာ အကဲဖြတ်မှုပင်ဖြစ်သည်။


သူတို့နှစ်ယောက်လုံး လက်ပိုက်လျက် ကောင်းကင်ပေါ်မှ မြင်ကွင်းကို ကြည့်နေကြသည်။


ကုန်းရှို့ပန် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် လက်ဖဝါးများတွင် ချွေးထွက်နေပြီး မျက်လုံးထဲတွင်လည်း စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နေသည်။ 


ဝတ်ရုံနက်နှင့်လူ ခေါင်းမော့ပြီး ဟင်းလင်းပြင်ကို ‌ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။


အင်မော်တယ်စားဖိုမှူးများအားလုံး ကောင်းကင်ပေါ်မှ မြင်ကွင်းကို ကြည့်နေကြသည်။


ပထမဆုံး မိုးကြိုးနဂါးများမှာ ဆုတ်ဖြဲပြီး ဝါးမျိုခံလိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲမှုကြီးဖြစ်ပေါ်ပြီးနောက် နှစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။


ပရိသတ်များ အံ့ဩတကြီး အော်ပြောနေကြသည်။ 


ထို့နောက်တွင် ဒုတိယမြောက်မိုးကြိုးနဂါးများ တိမ်မည်းများ ကြားထဲမှ ပျံထွက်လာသည်။ ချက်ချင်းပင် အချင်းချင်း သတ်ဖြတ်‌နေကြပြီး သူတို့သည်လည်း ဖျက်ဆီးခံလိုက်ရသည်။


ပရိသတ်များ နောက်တစ်ကြိမ် အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြန်သည်။


တတိယမြောက် မိုးကြိုးနဂါးများ ထွက်လာသည့်အခါ ပရိတ်သတ်များပေါ်သို့ ကြောက်မက်ဖွယ်ဖိအားများ ဖြတ်သန်းသွားသည်။ 


သူတို့နှစ်ယောက်လုံး မိုးကြိုးပြစ်ဒဏ်သုံးခုကို အစပျိုးသည့် ဟင်းလျာများကို ချက်ပြုတ်ခဲ့ပြီး အားလုံး အံ့ဩတကြီး ဖြစ်ခဲ့ကြရသည်။


လူအားလုံး၏ အကြည့်များအောက်တွင် ...


မိုးကြိုးနဂါးနှစ်ကောင် အချင်းချင်း သတ်ဖြတ်နေကြပြီး ကြောက်စရာကောင်းသည့် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာသည်။ 


ကြီးမားသည့် ပေါက်ကွဲမှုကြီး ရင်ပြင်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။


မမြင်ရသည့် လှိုင်းလုံးများ ပြန့်သွားပြီး ကောင်းကင်တွင် လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်နေသည်။ တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်ပြီးနောက် ပျောက်ကွယ်သွားသည်။


လူအားလုံး လေအေးကို ရှုရှိုက်နေရသည်။


နောက်ဆုံးရလဒ်က ဘာလဲ ...


တိမ်မည်းများ ပျံ့နှံ့သွားပြီး လူနှစ်ယောက်၏ ဦးခေါင်းထက်မှ တိမ်မည်းများလည်း တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားသည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။


သေရလား ...


တုန်းဖန်ဟော်သည်လည်း လေအေးကို ရှုရှိုက်နေရသည်။ 

သူ့ရဲ့ အထူးနည်းစနစ်တွေနဲ့ လှည့်ကွက်တွေကို သုံးထားတာတောင်မှ မမျှော်လင့်ပဲ သရေဖြစ်သွားတာလား ...


အင်မော်တယ်စားဖိုမှူးများအားလုံး လေးနက်တည်ကြည်ကုန်ကြသည်။


ဒီပြိုင်ပွဲက အရမ်း အရမ်း စိတ်ဝင်စားစရာကောင်းတာပဲ ...


ဝီ ...


ပုဖန်၏ ဟင်းလျာ လင်းလက်တောက်ပနေချိန်တွင် တုန်းဖန်ဟော်၏ ဟင်းလျာသည်လည်း မသေမျိုးစွမ်းအင်များ အုပ်မိုးနေသည်။


ပုဖန်၏ ဟင်းလျာကို ရေခဲအပုံလိုက်ထဲတွင် ထိုးထည့်ထားသဖြင့် ကောင်းကင်ကို ထောက်ထားသည့် ကျောက်တိုင်ကဲ့သို့ ဖြစ်နေသည်။ ဤမြင်ကွင်းကို သူတို့ ရင်းနှီးနေပြီးဖြစ်သည်။


အလွန်ရှားပါးသည့် ဟင်းလျာပင် ..


နောက်ဆုံးရလဒ်က ဘာဖြစ်နိုင်မလဲ ...


ဒိုင်လူကြီးသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။


နောက်ဆုံးမှာတော့ နတ်ဆိုးဘုရင်ကြီးရဲ့ ဟင်းလျာကို တစ်ယောက်ယောက်က အကဲဖြတ်နိုင်တော့မယ် ...


နတ်ဆိုးဘုရင်ကြီး ဤပြိုင်ပွဲတွင် ပါဝင်ချိန်မှစ၍ ဒိုင်လူကြီးများမှာ နာမည်ခံသာ တည်ရှိခဲ့ရသည်။ ထိုမျှသာမက အကဲဖြတ်ဒိုင်များပင် ဟင်းလျာများ မြည်းစမ်းခွင့် မရခဲ့ကြပေ။


အခုတော့ ဟင်းလျာကို တိုက်ရိုက် အကဲဖြတ်ချိန်ရောက်ပြီ ...


ဒိုင်လူကြီး၏ ပုံရိပ်က တုန်းဖန်ဟော်ရှေ့တွင် ပေါ်လာသည်။ ဟင်းလျာပန်းကန်ကို ဂရုတစိုက် သယ်ဆောင်သွားသည်။


တုန်းပန်ဟော်၏ ဟင်းလျာမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ ပန်းကန်ပြားကြီးပေါ်တွင် ပါဝင်ပစ္စည်းများ အပုံလိုက်ရှိပြီး သူတို့၏ ပေါင်းစပ်မှုက ချက်ပြုတ်ခြင်း၏ အနုစိတ်လက်ရာကို ဖော်ပြနေပြီး နှစ်သက်ကြည်နူးဖွယ် မသေမျိုးစွမ်းအင်များလည်း အုပ်မိုးနေသည်။ ထိုအရာများကြားတွင် ဖီးနစ်ငှက် သိန်းငှက် လင်းယုန် စသဖြင့် ...


ဤဟင်းလျာတွင် ငှက်အမျိုးအစားပေါင်းများစွာကို ဖော်ကြူးထားပြီး ၎င်း၏ပြင်းထန်သော ရနံ့က လူများကို လေအေး ရှုရှိုက်သွားစေနိုင်သည်။


" အဆင့်သုံး မသေမျိုးဟင်းလျာ ဖီးနစ်အစေအပါးအင်္သချေငှက်များ ပါ ..."


တုန်းဖန်ဟော် အလွန်အမင်း ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။ 


ဒိုင်လူကြီးက ဟင်းလျာကို အကဲဖြတ်ဒိုင်ဆီသို့ ယူဆောင်သွားသည်။ ထို့နောက် ပုဖန်ဆီသို့ လျှောက်သွားသည်။


ပုဖန်၏ ဟင်းလျာမှာ ရေခဲပုံပေါ်တွင် တင်ထာူသည့် တုတ်ချောင်းတစ်ချောင်းဖြစ်ပြီး တောက်ပသည့် ရောင်ခြည်များ ဖြာထွက်နေသည်။ 


" မင်းရဲ့ ဟင်းလျာနာမည်က ဘာလဲ ..."

ဒိုင်လူကြီးမှ မေးလိုက်သည်။


ဒိုင်လူကြီးကိုကြည့်လျက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လက်ထဲတွင်လှည့်နေပြီး သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။


" နာမည်လား ... ဒါကို ရှူးရှဲကျောက်ပုစွန်အစပ်ချောင်း လို့ခေါ်တယ် ..."