အပိုင်း ၁၀၅၄
Viewers 53k

အခန်း ၁၀၅၄

အဲ့ခွေးဘယ်မှာလဲ ငါ့ကိုပြောစမ်း


ထိုကဲ့သို့ အနိုင်ယူခြင်း ခံရလိမ့်မည်ဟု ဟွမ်ဟောက်ထျန်း ဘယ်သောအခါကမှ မတွေးတောခဲ့ပေ။


သူက ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးဆီမှ အနိုင်ယူခြင်း ခံခဲ့ရသည်။ 


ယခု သူ တွေဝေနေသည်။ သူ၏ပါးစပ်ထဲတွင်လည်း ကြက်သားတုံး၏ အရသာများဖြင့် ပြည့်နေသည်။


အမတလျှာကြောင့် အရသာတစ်ခုကို လေ့လာပြီး ကြောက်မယ်ဖွယ်အဆင့်အထိ ထိန်းချုပ်နိုင်သည်။ သူ၏ပါးစပ်ထဲမှ ကြက်သားအပိုင်းအစက သူ့ကို တသိမ့်သိမ့်တုန်သွားစေသည့် အရသာအဖြစ်သို့ ပေါက်ကွဲထွက်သွားသည်။


ထိုကြက်သားကို စားလိုက်ချိန်တွင် သူရှုံးသွားသည်ကို သိလိုက်ရသည်။


ဘာကြောင့်ရှုံးသွားသည်ကိုပါ သိလိုက်ရသည်။ 


သူ၏ ပါဝင်ပစ္စည်းရွေးချယ်မှူကြောင့် ရှုံးခဲ့ရခြင်းဖြစ်သည်။


ဟင်းလျာ၏ ချက်ပြုတ်နည်းမှာ မမှားယွင်းပေ။ သို့သော် ဤဟင်းလျာကို ကြက်သားအသုံးပြု၍ ချက်ခြင်းက စုတ်တံ၏ မှားယွင်းသော ရေးဆွဲချက် ဖြစ်ခဲ့သည်။ 


မချက်ပြုတ်မီက သူ ခဏခန့် တုန့်ဆုတ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤဟင်းလျာ ချက်ပြုတ်ရန်အတွက် အကောင်းဆုံး ပါဝင်ပစ္စည်းမှာ ဘဲသားဖြစ်ကြောင်း သိရှိခဲ့သောကြောင့်ပင်။


ဖြစ်နိုင်သည်မှာ ပုဖန်အပေါ် အထင်မြင်သေးမှုကြောင့် ကြက်သားကို အသုံးပြု၍ အနိုင်ယူနိုင်မည်ဟု တွေးခဲ့ခြင်းကြောင့်ဖြစ်သည်။ 


သို့သော် ဤတစ်ကြိမ်တွင် သူမှားသွားခဲ့သည်။ သူ၏ အထင်အမြင်သေးမှုကြောင့် ကြီးမားသည့်တန်ဖိုးဖြင့် ပေးဆပ်ခဲ့ရသည်။


ပုဖန်ကို ရင်ဆိုင်ရသည့်အခါ သူ၏ဟင်းလျာမှာ ကျရှုံးသွားပြီဖြစ်သည်။


ပုဖန်၏ ကြက်သားတုံးများမှ လုံးဝ အရသာရှိသော ကြက်သား၏ အရသာကို ထုတ်လွှတ်ပေးနေသည်။ ထို့အပြင် သူ၏ဟင်းလျာမှာ ကြက်သား၏ နဂိုအရသာကို ထိန်းချုပ်ထားသည်။


သူ၏ကြက်ကင်မှာ အလွန် အရသာရှိသော်လည်း သေးငယ်သည့် အမှားတစ်ခုကြောင့် ချေမှုန်းခံလိုက်ရသည်။ 


သေးငယ်သည့်အမှား ဖြစ်သော်လည်း ပြိုင်ပွဲတွင်မူ ပုံကြီးချဲ့ခံရပြီး အကြီးမားဆုံးအမှား ဖြစ်သွားသည်။


ဟွမ်ဟောက်ထျန်း၏ ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင်ဖြစ်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည်။


" ပုဖန်အနိုင်ရသွားတဲ့အတွက် ဟွမ်ဟောက်ထျန်းကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့တယ် အခုသူက အဆင့်တစ်ဆယ်နေရာ ရောက်သွားပါပြီ ..."

ဒိုင်လူကြီး၏ အသံက နေရာတစ်ခုလုံး ပဲ့တင်သွားပြီး လူများကို မီးတောက်သွားစေသည်။


ဟွမ်ဟောက်ထျန်းက တကယ်ပဲ ချေမှုန်းခံလိုက်ရတာပေါ့ ...


နတ်ဆိုးဘုရင်ကြီးက ဒီနှစ် အင်မော်တယ်စားဖိုမှူးပြိုင်ပွဲရဲ့ အဆင့်တစ်ဆယ်နေရာကို အောင်အောင်မြင်မြင် ရသွားတာပဲ ...


နတ်ဆိုးဘုရင်ကြီး ထိပ်တန်းဆယ်ယောက်ကို ဝင်နိုင်ခဲ့ပြီ ...


စင်မြင့်အောက်မှ ‌ကုန်းရှို့ပန်မှာ ကြေညာချက်ကို ကြားပြီးနောက် တွေဝေသွားသည်။ အိမ်မက်ကဲ့သို့ပင် ခံစားနေရသည်။ 


ပိုင်ရှင်ပုက အဆင့်တစ်ဆယ်ထဲ ဝင်သွားတာလား ...


သောက်ရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ် ...


ခဏခန့် မိန်းမောနေပြီးနောက် ကုန်းရှို့ပန် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကိုဆန့်ထုတ်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။


" ချီးပဲ ... ပိုင်ရှင်ပု မင်းက သောက်ရမ်း မိုက်တာပဲ ..."


ကုန်းရှိူ့ပန် လပေါ်ရောက်နေသကဲ့သို့ ခံစားနေရသည်။ ပုဖန်က အဆင့်တစ်ဆယ်မှ စားဖိုမှူးကို အနိုင်ရပြီး ထိပ်တန်းဆယ်ယောက်ထဲ ဝင်နိုင်မည်ဟု စိတ်ကူးပင် မယဉ်ထားခဲ့ပေ။ 


သူ အိမ်မက်ပင် မမက်ရဲခဲ့သော အရာဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများမှာ အခြားအလွှာမှ စားဖိုမှူးများနှင့် နှိုင်းယှဉ်ပါက လုံလောက်သော ရင်းမြစ်နှင့် မွေးရာပါစွမ်းရည်များ မရှိကြပေ။


အင်မော်တယ်စားဖိုမှူး ပြိုင်ပွဲတစ်ခုစီတိုင်းက သူတို့အတွက် တစ်ရက်တာ ခရီးတစ်ခုသာ ဖြစ်ခဲ့သည်။ အကယ်၍ အဆင့်နှစ်ရာအတွင်း ပါသွားပါကလည်း နောက်ပိုင်းတွင် ထုတ်ပယ်ခံရသည်။


အခုတော့ ... 


ပုဖန်က စံချိန်အသစ် ချိုးနိုင်ခဲ့ပြီ ... ထိပ်တန်းဆယ်ယောက်ထဲ ရောက်သွားပြီ ...


၎င်းက ကောင်းကင်နှင့် ကမ္ဘာမြေကြားမှ မျဉ်းတစ်ကြောင်းကို ဖြတ်နေသကဲ့သို့ပင်။


ပုဖန် စိတ်လှုပ်ရှား‌မနေပေ။ သို့သော် သူ၏ နှုတ်ခမ်းထောင့်များက တစ်ကြိမ် ကွေးညွတ်သွားသည်။


နောက်ဆုံး‌တွင် ထိပ်ဆုံးဆယ်ယောက်ထဲ ရောက်ခဲ့ပြီဖြစ်သည်။ ယခု မသေမျိုးသစ်ပင်နေရာသို့သွာူ၍ သစ်စေ့ကိုယူနိုင်လျှင် စနစ်၏ ပထမမစ်ရှင်ကို ပြီးမြောက်ပြီဖြစ်သည်။


သို့သော် ဒုတိယမစ်ရှင်ဖြစ်သည့် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းခြင်းအတွက် မည်သည့် သဲလွန်စမှ မ‌ရသေးပေ။ 


အချက်အပြုတ်နှလုံးသားလမ်းစဉ်ဆိုသည်မှာ မည်သည့်အရာမှန်း မသိသောကြောင့် မျှော်မှန်းထားသလောက် မပျော်ရွှင်ရခြင်းဖြစ်သည်။


ရွှစ် ...


မှော်အခင်းအကျင်းတစ်ခု သူ၏အောက်တွင် ပေါ်လာပြီး ဓားဗီရိုတစ်ခု ပေါ်လာသည်။


ကျိုးခွမ်းလျှို့ တုန်းဖန်ဟော်နှင့် ဟွမ်ဟောက်ထျန်းတို့ ရှုံးသွားသည့်အတွက် စားဖိုမှူး စိန်ခေါ်ပွဲကိုလည်း ရှုံးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ 


ယခု အပြစ်ဒဏ်ကို ခံယူကြရတော့မည်။


ပုဖန်ဆီသို့ ဓားများပျံဝဲသွားသည်နှင့် သူတို့၏ နှလုံးသားမှ သွေးထွက်လာသလိုပင်။


ကျိုးခွမ်းလျှို့၏ဓားမှာ အလယ်အလတ်အဆင့် မသေမျိုးကိရိယာဖြစ်သည်။ 


တုန်းဖန်ဟော်က အခြားဓားတစ်ချောင်းကို အသုံးပြုခဲ့သည်။ ငွေနဂါးပျံရိုး မီးဖိုချောင်သုံးဓား မဟုတ်သော်လည်း အဆင့်မြင့် မသေမျိုးကိရိယာဖြစ်၍ အရည်အသွေးမှာ မဆိုးလှပေ။


ဟွမ်ဟောက်ထျန်း၏ဓားမှာ သုံးချောင်းလုံးအနက် အတောက်ပဆုံးဖြစ်သည်။ 


သန့်စင်မဲနက်နေသော်လည်း ဓားသုံးချောင်းကို တစ်နေရာတည်း ထားသည့်အခါ တောက်ပသည့်အလင်းတန်းများ ဖြာထွက်နေသည်။


၎င်းမှာ ဟွမ်ဟောက်ထျန်း၏ အနှစ်သက်ဆုံး မီးဖိုချောင်သုံးဓားဖြစ်သည်။ 


ဓားများကို ခဏခန့် သဘောတကျ ကြည့်နေပြီးနောက် ဗီရိုထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ညငြင်သာစွာ အသက်ရှုထုတ်လိုက်သည်။


ဟွမ်ဟောက်ထျန်း၏ ရင်ထဲတွင် သွေးများယိုစီးကျနေပြီဖြစ်သည်။


သို့သော်လည်း ဤအချက်အပြုတ်ပြိုင်ပွဲကို ကောင်းကင်ဘုံ လမ်းကြောင်းကြီးမှ အသိအမှတ်ပြုထားသဖြင့် မငြင်းပယ်နိုင်ပေ။ 


ခါးသီးစွာ ကြိမ်းဝါးလိုက်ပြီးနောက် သူ၏မျက်လုံးများ သွေးနီရောင် ပြောင်းသွားသည်။ ဤတိုက်ပွဲကို ရှုံးသွားသည့်အတွက် အသုံးမကျဟု ခံစားနေရသည်။


ပရိသတ်က တိတ်ဆိတ်နေဆဲဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးမှာ အမှန်တကယ်ပင် နတ်ဆိုးဘုရင်ကြီး ဖြစ်ပေသည်။ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် အဆင့်တစ်ဆယ်ရခြင်းက သူ့ကို အရှိန်မလျော့သွားစေခဲ့ပေ။ အခွင့်အရေးကို ဖမ်းဆုပ်၍ ဆက်လက်တိုးတက်အောင် လုပ်နေသည်။


နတ်ဆိုးဘုရင်ကြီးက မီးဖိုချောင်သုံဓားတွေ စုဆောင်းဖို့ မွေးဖွားလာတာပဲ ...


ဒိုင်လူကြီး၏ မျက်လုံးများမှာ ကြောက်လန့်မှုများဖြင့် ပြည့်နေလျက် ပုဖန်ကို ကြည့်နေသည်။ အမှန်တွင် ပုဖန် ဓားများကို စုဆောင်းနေသည်ကို မြင်သောအခါ သူ မအံ့ဩတော့ပေ။


အဝေးတွင် ...


ရွှယ်ယောင်နှင့် မုန့်ခွင်းတို့ ဘာပြောရမည်ပင် မသိတော့ချေ။ လွယ်ကူသည့် မစ်ရှင်တစ်ခုကိုပင် ဟွမ်ဟောက်ထျန်းက သနားစရာကောင်းစွာ ကျရှုံးသွားသည်။


ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးက သူ့အား အနိုင်ယူသွားသည့်အပြင် ဓားကိုပါ ဆုံးရှုံးသွားသည်။


" တကယ်ကိုပဲ နတ်ဆိုးဘုရင်ကြီးလို့ ခေါ်ထိုက်ပါတယ် ... ငါတို့ဆီကို ဖိအားတွေ ယူဆောင်လာတာပဲ ..."

ရွှယ်ယောငိ သက်ပြင်းချလိုက်သည်။


ပုဖန်ကို မှားယွင်းစွာ ထင်မြင်ယူဆခဲ့ပြီး အထင်သေးခဲ့မိကြောင်းကို မငြင်းပယ်နိုင်ပေ။ 


" အခုလောလောဆယ် နောက်ပြိုင်ပွဲမှာ နတ်ဆိုစဘုရင်ကြီး ဘယ်သူ့ကို စိန်ခေါ်မှာလဲဆိုတာ သိချင်နေပြီ ... သူ့ကိုကြည့်ရတာ အဆင့်တစ်ဆယ်နေရာနဲ့ ကျေနပ်ပုံမရဘူး ... ကျိန်းသေပေါက် စိန်ခေါ်ဦးမှာပဲ ... သူ့ရဲ့ပြိုင်ဘက်က ဘယ်သူဖြစ်မှာပါလိမ့် ..."

မုန့်ခွင်း သိချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။


" ရှင် ဒါမှမဟုတ် ကျွန်မပဲ ..."

ရွှယ်ယောင် မုန့်ခွင်းကိုကြည့်ကာ ပြောလိုက်သည်


ထိုနောက် သူတို့ထံမှ အေးစက်သည့်လေများ တိုက်ခတ်လာသည်။ ပြင်းထန်သည့် ခံစားချက်က နှလုံးသားကို ရစ်ပတ်သွားသည်။


နောက်ပြိုင်ပွဲမှာ ပုဖန် ဘယ်သူ့ကို စိန်ခေါ်မှာလဲ ...


အားလုံး သိချင်နေကြသည်။


သို့သော် ပုဖန် လျင်မြန်စွာ ဆုံးဖြတ်ချက် မချသေးပေ။


ဓားဗီရိုကို အဝေးတွင်ထားပြီး ခေါင်းမော့လိုက်သည်။ ဘေးနားတွင်ရပ်သည့် ဒိုင်လူကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" တစ်ခု မေးလို့ရမလား ..."


ဒိုင်လူကြီး အံ့ဩသွားသည်။ ပုဖန်သူ့ကို ရည်ရွယ်ချက်ရှိရှိ စကားပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ လန့်သွားသည်။


" ဘာများလဲ ..."


" အချက်အပြုတ်နှလုံးသားလမ်းစဉ် ဆိုတာဘာလဲ ... ထိပ်တန်းစားဖိုမှူးဆယ်ယောက်ထဲက ဘယ်သူ့ဆီမှာရှိလဲ ..."

ပုဖန် မေးလိုက်သည်။


ဒိုင်လူကြီး တွေဝေသွားသည်။ ပုဖန် ထိုကဲ့သို့ မေးခွန်းမျိုး မေးမည်ဟု မထင်ထားပေ။


အတွေးများကို စနစ်တကျ စုစည်းလိုက်ပြီး ဒိုင်လူကြီးက ရှင်းပြလိုက်သည်။

" အချက်အပြုတ်နှလုံးသားလမ်းစဉ်ဆိုတာ ဆန်းပြားတဲ့ သဘောတရားဆိုင်ရာ နည်းလမ်းတစ်ခုပဲ ... အတိအကျ ပြောရရင် ချက်ပြုတ်ခြင်းနဲ့ ပတ်သက်လာရင် ဖြစ်ပေါ်တဲ့ စိတ်အခြေအနေပဲ ..."


" မင်းမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ် ရှိရင် ချက်ပြုတ်နေတုန်း အသက်သွင်းလိုက်လို့ရတယ် အဲ့ဒါက မင်းရဲ့ စွမ်းရည်တွေကို အဆင့်မြှင့် ပေးလိမ့်မယ် ... 

အဲဒါက မင်းရဲ့စိတ်စွမ်းအင် အာရုံခံမှု တိကျမှု စေ့စပ်သေချာတဲ့ အရသာ ဒါမှမဟုတ် အပူထိန်းချုပ်မှုဖြစ်ပါစေ အဲဒါတွေကို သိသာထင်ရှားစွာ တိုးတက်စေနိုင်တယ် ... အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းတာက တတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်လာဖို့ အဓိကအချက်ပဲ ... အဲ့ဒါကို စောစောရလေ ချက်ပြုတ်ခြင်းအောင်မြင်မှု အဆင့်ကို ပိုမြင့်လာစေတာကြောင့် မင်းအတွက် ပိုကောင်းတယ် ..."


ပုဖန် ခေါင်းငြိမ့်လိုက်သည်။ ထိုအကြောင်းပြချက်ကြောင့် စနစ်က အချက်အပြုတ်နှလုံးသားလမ်းစဉ်အကြောင်း ပြောခဲ့ပုံရသည်။


ချက်ပြုတ်တဲ့ အခြေအနေပဲ ...


ပုဖန် ဤအခြေအနေဖြင့် မရင်းနှီးပေ။ တစ်ခါတစ်ရံ စိတ်ကြည်လင်အေးချမ်းစွာ ချက်ပြုတ်နေစဉ်တွင် ထိုကဲ့သို့သော အခြေအနေသို့ မတော်တဆ ဝင်သွားတတ်၏။


ချက်ပြုတ်နေစဉ်တွင် ရှု့ထောင့်အားလုံးကို ထိန်းချုပ်နိုင်စွမ်း တိုးလာသည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းရန် အနည်းငယ်သာ လိုတော့သည်ဟု တွေးမိသွားသည်။ ဖြစ်နိုင်သည်မှာ ခြေတစ်လှမ်းခန့်သာ လိုမည်ဖြစ်သည်။


စနစ်က ထိုခြေလှမ်းက်ု အောင်မြင်စွာ လျှောက်လှမ်းပြီး အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဤပြိုင်ပွဲတွင် စုဆောင်းရန် တောင်းဆိုထားသည်။


" ပြီးတော့ ထိပ်တန်းစားဖိုမှူးဆယ်ယောက်ထဲမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ် ဘယ်သူ့ဆီမှာရှိလဲ မေးတယ်မလား ..."

ဒိုင်လူကြီးက ပုဖန်ကို ကြည့်ပြီးနောက် အသက်ရှုသွင်းလိုက်သည်။


" ဆယ်ယောက်ထဲမှာ ပထမစားဖိုမှူးငါးယောက်လုံးမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ် ရှိကြတယ် ..." 


" ထိပ်ဆုံး ငါးယောက်လား ..."

ပုဖန် တွေဝေသွားသည်။ အရေအတွက် များမည်ဟု သူ မထင်ထားခဲ့ပေ။


" ဟုတ်တယ် သူတို့က ကြောက်စရာကောင်းတဲ့ စားဖိုမှူးတွေပဲ ... အဲ့ဒီငါးယောက်လုံးက ပဉ္စမအလွှာက အင်မော်တယ်စားဖိုမှူးတွေ ... သူတို့ထဲက လုယီကတော့ မကောင်းဆိုဝါးတွေထဲက ထိပ်ဆုံး မကောင်းဆိုးဝါးပဲ ..."

ဒိုင်လူကြီးက ပြောလိုက်သည်။


ပုဖန် မည်သည့်အချက်ကို ရှင်းလင်းချင်နေသည်ကို ဒိုင်လူကြီး မသိပေ။ သို့သော် အမှန်တရားများကိုသာ ပြောပြထားသောကြောင့် ပုဖန်ကို အကျိုးသက်ရောက်သွားမည်ကို စိတ်မပူပေ ။


ပုဖန်သာ လွယ်ကူစွာ အကျိုးသက်ရောက်နိုင်ပါက သူ့ကို နတ်ဆိုးဘုရင်ကြီးဟု ခေါ်ကြမည်မဟုတ်ပေ။


" အခု မင်းသိသွားပြီဆိုတော့ ‌ဘယ်သူ့ကို စိန်ခေါ်မယ်လို့ စဉ်းစားပြီးပြီလား ..."

လေထုကို ပို၍ သက်တောင့်သက်သာ ဖြစ်သွားစေရန် ဒိုင်လူကြီးက ပြုံးပြလိုက်သည်။


ဒိုင်လူကြီးကိုကြည့်ပြီး ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 

" စဉ်းစားနေစရာ မလိုပါဘူး ကျုပ်က အသန်မာဆုံးကို တိုက်ရိုက်စိန်ခေါ်မှာ ...အဲ့တာမှ ဖိအားများမှာ ..."


ထို့နောက် တစ်ဖက်သို့လှည့်ကာ စင်မြင့်ပေါ်မှ ဆင်းသွားသည်။


ဒိုင်လူကြီး အေးခဲသွားသည်။


အသန်မာဆုံးကို တိုက်ရိုက်စိန်ခေါ်မယ်ဆိုတာ ဘာသဘောလဲ ...


နပေါဦး ...


ဒိုင်လူကြီး တစ်ခုခုကို သဘောပေါက်သွားသည်။ ချက်ချင်းပင် လေအေးကို ရှုရှိုက်လိုက်ရသည်။


နတ်ဆိုးဘုရင်ကြီးက ရူးနေတာလား ...


အသန်မာဆုံးလုယီကို စိန်ခေါ်ချင်နေတာလား ...


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ အဆင့်တစ် ဖြစ်နေတဲ့ လုယီကိုလေ ...


ဒိုင်လူကြီး အံ့အားသင့်ပြီး ဘာမှ မပြောနိုင်တော့ပေ။


နတ်ဆိုးဘုရင်ကြီးကတော့ ခေါင်းမာပြီး မာနကြီးလွန်းတယ်...


ပုဖန် အမှန်တကယ်ပင် လုယီကို စိန်ခေါ်ရန် စီစဉ်ထားသည်။ စာရင်းထဲတွင် ပထမဖြစ်နေသည့် စားဖိုမှူးကို တိုက်ရိုက်စိန်ခေါ်မည်ဖြစ်သည်။


အကယ်၍ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဖန်တီးလိုပါက လုံလောက်သည့်ဖိအားများ ရှိရန်လိုအပ်သည်။ ဟွမ်ဟောက်ထျန်းမှ ယူဆောင်လာသည့် ဖိအားများမှာ မလုံလောက်ပေ။ ထို့ပြင် ပုဖန်က ပျင်းရိသည့်အတွက် ဖိအားများ တစ်ဆင့်ပြီးတစ်ဆင့် တိုးလာသည်ကို မတွေ့ကြုံလိုပေ။


ထို့ကြောင့် အသန်မာဆုံးလူကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။


အနိုင် သို့မဟုတ် အရှုံးအားလုံးက သူ့အပေါ်တွင်သာ မူတည်သည်။


ဝုန်း ဝုန်း ဝုန်း ...


ရုတ်တရက် ...


ပုဖန် စင်မြင့်ပေါ်မှ ထွက်ခွာမယ့်အချိန်တွင် ကွင်းပြင်၏ရှေ့မှ လင်းလင်ပြင် ကျယ်လောင်သည့်အသံများမြည်ကာ ကွဲထွက်လာသည်။


မူလက အံ့အားသင့်နေသူများ သတိအနေအထား ဖြစ်ကုန်ကြသည်။ လေအေးများ ရှုရှိုက်လျက် ဟင်းလင်းပြင်အက်ကွဲကြောင်းကို လှည့်ကြည့်လိုက်ကြသည်။


ထိုနေရာမှ အေးစက်သည့်အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။


ပွဲကြည့်စင်မြင့်မှ မြို့တော်သခင်မုန့်ချီ မတ်တပ်ရပ်၍ ထိုပုံရိပ်ကို ကြည့်လိုက်သည်။


မြို့တော်သခင်ဖုန့်လည်း ရောက်ရှိလာပြီဖြစ်သည်။


မုန့်ချီသည်ပင် ခွေးဘုရင်နှင့် ထိုစားဖိုမှူးကြားမှ ဆက်နွယ်မှုကို နားလည်သဘောပေါက်သည့်အတွက် မြို့တော်သခင်ဖုန့်သည်လည်း သဘောပေါက်လိမ့်မည်ဖြစ်သည်။


မုန့်ချီ မမှားပါက အခြားမြို့တော်သခင်များလည်း မကြာမီ ရောက်လာလိမ့်မည်။


ထိုသို့ဖြစ်လာပါက အရာအားလုံး ပို၍ စိတ်ဝင်စားဖွယ် ဖြစ်လာလိမ့်မည်။


သို့ရာတွင် မုန့်ချီ မျက်ခုံးများ ပင့်လိုက်သည်။ မြို့တော်သခင်ဖုန့် ပေါ်ထွက်လာပုံမှာ သူမအတွက် တစ်မူထူးခြားနေသည်။


သူ့ရဲ့လုပ်ပုံကိုင်ပုံက နည်းနည်း ကြမ်းတမ်းနေတယ် ပြောရမလား ...


ပုဖန် လမ်းလျှောက်သည်ကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ခေါင်းမော့ကြည့်လိုက်သည်။


မြို့တော်သခင်ဖုန့် သူ့ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။


" ပဉ္စမအလွှာရဲ့ မြို့တော်သခင်ပဲ ..."


" ခွေးသား ဆရာသခင်ကြီး မြို့တော်သခင်ဖုန့် ... သူကဘာလို့ ဒီရောက်နေတာလဲ ... နတ်‌ဆိုးဘုရင်ကြီးကို ဘာလို့ လိမ်းပိတ်နေပါလိမ့် ..."


" နတ်ဆိုးဘုရင်ကြီးက လှည့်စားထားလို့လား ... မဖြစ်နိုင်ဘူးထင်တယ် ... တကယ်လို့ အဲ့လိုလုပ်ထားရင်တောင် မြို့တော်သခင်ကိုယ်တိုင် ဖြေရှင်းဖို့ မလိုဘူးလေ ..."


မြို့တော်သခင်ဖုန့်ထံမှ ကြောက်စရာကောင်သည့် သတ်ဖြတ်လိုသောအော်ရာကို ခံစားမိသည့်အတွက် ပရိသတ်များ၏ ခန္ဓာကိုယ်များ တုန်ယင်လာသည်။


ချီလင်စားဖိုမှူးဆီမှ ရသည့် သတ်ဖြတ်လိုစိတ်များဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးက မုန်းစရာကောင်းတာ တစ်ခုခု လုပ်ထားပုံပဲ ... ချီလင်စားဖိုမှူးကိုတောင် ရန်သွားစရဲတယ် ...


ဂျိန်း ဂျိန်း ဂျိန်း ... 


အက်ကြောင်းကြီး ပြန်ပိတ်သွားသည်။


မြို့တော်သခင်ဖုန့်၏ အေးစက်သည့်မျက်လုံးများက ပုဖန်ကို ကြည့်နေသည်။ 


ပုဖန် တုန်လှုပ်ခြင်းကို ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။ စိတ်ဝိညာဉ်ထဲမှ ကြောက်စိတ်ကြောင့် ချမ်းစိမ့်စိမ့် ဖြစ်လာသည်။


" မင်းက စားသောက်ဆိုင်ပိုင်ရှင် ပိုင်ရှင်ပုလား ..."

မြို့တော်သခင်ဖုန့် အေးအေးလူလူပင် ပြောလိုက်သည်။ သို့သော်သူ၏ စကားလုံးတစ်လုံးစီတိုင်းက ကြမ်းကြုတ်မှုနှင့် တွန်းအားများဖြင့် ပြည့်နေသည်။ 


အခြေအနေက ပို၍ ထူးဆန်းလာသဖြင့် မြို့တော်သခင်မုန့်ချီ ‌မျက်မှောင်ကြုတ်လိုက်သည်။


" အဲ့ဒီခွေးကြောင့်ဆိုရင်တောင် သာမန် အင်မော်တယ်စားဖိုမှူးတစ်ယောက်အပေါ် ဒေါသတွေ ပုံမချသင့်ဘူး ...မြို့တော်သခင်ဖုန့် လိုတာထက်ပိုပြီး ပြင်းထန်နေတာပဲ ..."


မုန့်ချီ မတ်တပ်ရပ်လိုက်ပြီး လှေကားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။


နောက်ဆုံးတွင် လူများက မုန့်ချီကို သတိထားမိပြီး အော်ဟစ်လိုက်ကြသည်။


"နတ်ဘုရားမ မုန့်ချီ ..." ဟု အဆက်မပြတ် သံပြိုင်ကြွေးကြော်နေကြသည်။


စတုတ္ထအလွှာ၏ မြို့တော်သခင်မုန့်ချီမှာ အမျိုးသားအများစု၏ နှလုံးသားထဲတွင် နတ်ဘုရားမဖြစ်သည်။


မြို့တော်သခင်ဖုန့်က မုန့်ချီ၏ မကျေနပ်မှုကို ခံစားမိပုံရသည်။ တုန့်ဆိုင်းခြင်းမရှိပဲ စိတ်ထဲတစ်ချက် တွေးလိုက်ပြီး လှုပ်ရှားလိုက်သည်။


ဘာ ... သူက တိုက်ခိုက်ချင်နေတာလား ...


အားလုံး အံ့အားသင့်သွားကြသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ကိုယ်ပေါ်မှ အနီရောင်စားဖိုမှူးဝတ်စုံ တဖျပ်ဖျပ်လွင့်လာပြီး ကတ္တီပါနီရောင်သို့ ပြောင်းသွားသည်။


" မြို့တော်သခင်ဖုန့် ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ..."

ဒိုင်လူကြီး၏မျက်နှာ ဖြူဖျော့နေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အလျင်အမြန် လှုပ်ရှားသွားပြီး ပုဖန်၏ရှေ့တွင် ရပ်လိုက်သည်။


သူ မြို့တော်သခင်ဖုန့်၏ တိုက်ခိုက်မှုကို ရပ်တန့်လိုသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ကို လေးလံသော တင်းပုတ်တစ်ခုဖြင့် အရိုက်ခံလိုက်ရ သကဲ့သို့ပင်။


စိတ်ထဲ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး သွေးအန်ချကာ လေထဲ လွင့်စင်သွားပြီး စင်မြင့်၏ အရံအတားကို သွားရောက် ထိမှန်သည်။ သူ ကျသွားသည့်နေရာတွင် ချိုင့်ခွက်အကြီးကြီး ဖြစ်သွားသည်။


ပရိသတ်များ အံ့ဩစိတ်ကြောင့် မလှုပ်ရှားနိုင် ဖြစ်သွားသည်။


မြို့တော်သခင်ဖုန့်က နတ်ဆိုးဘုရင်ကြီးကို သတ်ချင်နေတာပဲ ...


" အဲ့ခွေးဘယ်မှာလဲ ငါ့ကိုပြောစမ်း ..."


ဒိုင်လူကြီးကို တိုက်ခိုက်ပြီးနောက် မြို့‌တော်သခင်ဖုန့် ရပ်တန့်လိုက်သည်။ ထိုနေရာတွင် အေးစက်စွာ ရပ်နေပြီး အဆုံးမဲ့ သတ်ဖြတ်လိုသည့်အော်ရာများ ထုတ်လွှတ်နေသည်။


ပုဖန် ကြက်သီးထသွားသည်။


မြို့တော်သခင်ဖုန့်ရဲ့ ပစ်မှတ်က ခွေးဘုရင်လား ...