အခန်း ၁၀၅၅
မလွှမ်းမိုးနိုင်သော အနီရောင်စားဖိုမှူးဝတ်စုံ ... အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ ဓားချက်တစ်ချက်
" အဲ့ဒီခွေး ဘယ်မှာလဲဆိုတာ ပြောစမ်း ...
မြို့တော်သခင်ဖုန့် ပုဖန်ကို အုပ်မိုး၍ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ခြိမ်းမြောက်နိုင်သည့် အော်ရာများ ထွက်ပေါ်နေသည်။
သူ၏အော်ရာမှာ အလွန်အစွမ်းထက်သည့်အတွက် လူများကို ကြောက်ရွံမှုကြောင့် တုန်ယင်နေစေသည်။
ဤဖြစ်ရပ်မှာ အားလုံး၏ ထင်မြင်ယူဆချက်ထက် ကျော်လွန်နေသည်။ သို့သော် မြို့တော်သခင်ဖုန့်၏ စကားများကို ကြားပြီးသောအခါ သူတို့ နားလည်သွားကြသည်။
" ကြည့်ရတာ မြို့တော်သခင်ဖုန့်က ခွေးတစ်ကောင်ကို လာရှာတာထင်တယ် ..."
" ခွေးသား ဆရာသခင် ဖြစ်သင့်ပါပေတယ် ... သူက ပဉ္စမအလွှာက ခွေးတွေအားလုံးကို သတ်ထားတာပဲ ... နတ်ဆိုးဘုရင်ကြီးက ခွေးတွေအကြောင်း ဘယ်လိုလုပ်သိမှာလဲ ..."
" တကယ်လို့ မြို့တော်သခင်ဖုန့်က ခွေးကိုရှာနေတယ်ဆိုရင် အဲခွေးကတော့ ထူးခြားဆန်းကြယ်ရမယ် ..."
ပရိသတ်များ အသိစိတ်ပြန်ဝင်လာပြီး မြို့တော်သခင်ဖုန့်အကြောင်း စတင်ဆွေးနွေးနေကြသည်။
ပရိသတ်များ ဆွေးနွေးနေသည်ကို ကြားသောအခါ မုန့်ချီ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
ထိုခွေးမှာ အမှန်တကယ် ထူးခြားဆန်းကြယ်သည်။
ဒါပေမဲ့ မြို့တော်သခင်ဖုန့်က အဲ့ခွေးကို စားရဲပါ့မလား ...
ပုဖန်၏ကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံက ကတ္တီပါနီရောင် ပြောင်းသွားပြီး မီးတောက်တောင်ပံများ သူ၏နောက်တွင် ဖြန့်ကျက်လာသည်။
သူယခု အသင့်အနေအထားတွင် ဖြစ်နေသည်။
" မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း ..."
အေးစက်သည့်အသံကြီးက ရင်ပြင်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။
အားလုံး မတိုင်းမတွပင် ပါးစပ်ပိတ်လိုက်ကြသည်။ စကားလုံးတစ်လုံးမျှ မဟရဲကြတော့ပေ။
မြို့တော်သခင်ဖုန့်၏ စွမ်းအားမှာ အလွန် ကြောက်စရာကောင်းသည်။
သူ့ကို မခုခံရဲကြပေ ..
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး မြို့တော်သခင်ဖုန့်၏ မျက်လုံးများက ပုဖန်ဆီသို့ ရောက်လာသည်။
" ပြောစမ်းပါ ... မင်း အဖြေကို သိတယ်မလား ..."
မြို့တော်သခင်ဖုန့် အေးအေးလူလူပင် ပြောလိုက်ဂည်။
ထိုအချိန် လေကိုပင် ဆုတ်ဖြဲစေနိုင်သည့် အသံတစ်ခု သူတို့၏အထက်တွင် ပဲ့တင်လာသည်။
မြို့တော်သခင်မုန့်ချီ ပြိုင်ပွဲကွင်း၏ အထက်တွင် အုပ်မိုးထားပြီး သူမ၏ လှပသောဆံပင်များက လေထဲတွင် လွင့်မျောနေကာ ဆွဲဆောင်မှုရှိသော နတ်ဘုရားမနှင့် တူနေသည်။
" မြို့တော်သခင်ဖုန့် သူ့ကို သွားခိုင်းလိုက်ပါ ..."
မုန့်ချီ ပြောလိုက်သည်။
" တကယ်လို့ အဲ့ခွေးကိုလိုချင်ရင် မင်းရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ပဲ လုပ်ရမှာပေါ့ ... ဘာလို့ စားဖိုမှူးငယ်လေး တစ်ယောက်ကို ဒုက္ခပေးနေတာလဲ ..."
" ပထမအလွှာက ထုံဝူတီပြောတာတော့ ဒီစားဖိုမှူးက အဲဒီ့ခွေးနဲ့ ဆက်ဆံရေးရှိတယ်တဲ့ ... မင်းလည်း တစ်ခုခု မသိထားရင် ဒီနေရာကို ရောက်လာမှာ မဟုတ်ဖူး မလား ..."
မြို့တော်သခင်ဖုန့်က မုန့်ချီကို တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။
" ဒါဆိုလည်း အင်အားမသုံးပါနဲ့ ..."
မုန့်ချီ မျက်မှောင်ကြုတ်၍ မြို့တော်သခင်ဖုန့်ကို ကြည့်နေသည်။
" ရှင်က ပဉ္စမအလွှာရဲ့ မြို့တော်သခင်ပဲ ... ရှင့်မှာ အမူအကျင့်ကောင်းတွေ ရှိတယ်မလား ... ပထမအဆင့် အင်မော်တယ်စားဖိုမှူးတစ်ယောက်ကို အနိုင်ကျင့်တာ မမျှတဘူးလေ ..."
မြို့တော်သခင်ဖုန့် သက်ပြင်းချပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။
" ဒီစားဖိုမှူးနဲ့ ခွေးက တစ်ယောက်နဲ့တစ်ယောက် သိကြတယ် ... အဲ့ဒီခွေး ဘယ်မှာလဲဆိုတာပဲ သိချင်တာပါ ..."
မြို့တော်သခင်ဖုန့်၏ အသံတွင် စိတ်မရှည်သည့် အငွေ့အသက်များပါနေသဖြင့် မုန့်ချီ ပို၍ မယုံသင်္ကာ ဖြစ်သွားသည်။ မြို့တော်သခင်ဖုန့်၏ ပုံစံလည်း မဟုတ်ပေ။
" အဲ့ခွေးကိုရှာဖို့ ဘာလို့ အလျင်လိုနေရတာလဲ ... ဘယ်လိုဖြစ်လို့ အရမ်းစိုးရိမ်နေရတာလဲ ..."
မုန့်ချီ မေးလိုက်သည်။
ဝုန်း ဝုန်း ...
သူမ ပြောလိုက်သည့်အချိန်တွင် မြို့တော်သခင်ဖုန့်၏ တင်းမာမှုများ ကွဲကြေသွားပြီး ကြောက်မက်ဖွယ်အော်ရာများ ပေါက်ကွဲထွက်လာသည်။
လေကိုပင် ထွင်းဖောက်မြင်နိုင်လောက်သည်အထိ မျက်လုံးများပြူးထားပြီး မြို့တော်သခင် မုန့်ချီကို ကြည့်နေသည်။
" မဟုတ်ဖူး ... ကျုပ်အလျင် မလိုဘူး ... စိုးလည်း စိုးရိမ်မနေဘူး အဲ့ခွေးကိုပဲ ရှာချင်နေတာ ..." မြို့တော်သခင်ဖုန့် အော်လိုက်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှလူများ လေအေးကို ရှုရှိုက်နေရသည်။
မြို့တော်သခင်ဖုန့်၏ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်။ နတ်ဘုရားမမုန့်ချီကို သူ အော်လိုက်သည်။
ပဉ္စမအလွာက မြို့တော်သခင် ဖြစ်ရင်တောင် မလုပ်သင့်ဘူးလေ ...
မုန့်ချီ၏ နှင်းဆီရောင်နှုတ်ခမ်းများက တစ်စုံတစ်ရာ ပြောချင်သကဲ့သို့ လှုပ်ရှားသွားသည်။ သို့သော် မြို့တော်သခင်ဖုန့်က စိုက်ကြည့်လိုက်သည့်အခါ အလွန် ကြောက်သွားသည်။
အရမ်း ကြောက်စရာကောင်းတာပဲ ...
ခွေးသားဆရာသခင်က သောက်ရမ်း ကြောက်ဖို့ကောင်းတယ် ...
မုန့်ချီ နိုးနိုးကြားကြား ဖြစ်လာသည်။ မြို့တောင်သခင်ဖုန့်မှာ ထူးထူးဆန်းဆန်း ပြုမူနေပြီး မြင်နေကျမဟုတ်သည့် အမူအကျင့်ကြောင့် သူမစိတ်ထဲ ထင့်နေသည်။
" ကျုပ်ရဲ့လမ်းမှာ ဝင်မရှုပ်နဲ့ မဟုတ်ရင် ... မင်းကိုပါ တိုက်ခိုက်ရလိမ့်မယ် ...
မြို့တော်သခင်ဖုန့် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ထို့နောက် တဝီဝီ အသံတစ်ခုဖြင့် သူ၏လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်း ပေါ်လာသည်။
ထိုမီးဖိုချောင်သုံးဓားမှာ အလွန်ထက်ပြီး ၎င်းမှ ပေါက်ကွဲထွက်နေသည့် စွမ်းအင်က အားလုံးကို ထိတ်လန့်သွားစေရန် လုံလောက်သည်။
" အဲ့တာ ထိပ်တန်းအဆင့် မသေမျိုးကိရိယာပဲ ..."
" ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ ဓားပါလိမ့် ... ငါတို့မှာသာ အဲ့လိုမျိုး ဓားရှိရင် အချက်အပြုတ်စွမ်းရည်တွေ ကောင်းကောင်း တိုးတက်လာမှာပဲ ..."
" ထိပ်တန်းအဆင့်ဓား ... မသေမျိုးချင်ပြုတ်ခြင်းနယ်ပယ်မှာ အဲ့တာမျိုး သိပ်မရှိဘူး ..."
မြို့တော်သခင်ဖုန့်၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ကြသော်လည်း ယခုအချိန်တွင် ပရိသတ်များက ဆူညံစွာ ဆွေးနွေးနေကြပြန်သည်။
ကွင်းထဲမှ အင်မော်တယ်စားဖိုမှူးများ အပြင်သို့ ထွက်ကုန်သည်။ မျက်မှောင်ကြုတ်လျက် အခြေအနေကို အဝေးမှ ကြည့်နေသည်။
ကြည့်ရတာ ရှုပ်ထွေးနေပုံပဲ ...
မြို့တော်သခင်ဖုန့်က နတ်ဆိုးဘုရင်ကြီးနှင့် ဖြေရှင်းချင်ပုံရသည်။ သို့သော် မြို့တော်သခင်မုန့်ချီက ကာကွယ်ပေးနေသည်။
ဒီလို သုံးပွင့်ဆိုင် ဇာတ်လမ်းမျိုးက ... ကျွတ် ကျွတ် ကျွတ် ...
" ကျွန်မကို ခြိမ်းခြောက်နေတာလား ..."
မုန့်ချီ၏ မသေမျိုးကိရိယာ ဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူမ၏ လှပသော မျက်လုံးများက မြို့တော်သခင်ဖုန့်ကို စိုက်ကြည့်နေသည်။
မြို့တော်သခင်ဖုန့်၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက အဆက်မပြတ် လည်ပတ်နေသည်။
" မင်းသာ ဝင်မနှောင့်ယှက်ရင် ကျုပ် ဘာမှမလုပ်ဖူး ...ငါ့ရဲ့ လမ်းမှာ လာရှုပ်ရက်တော့ တိုက်ခိုက်မိမလား မပြောနိုင်ဘူး ..."
မြိုတော်သခင်ဖုန့် ပြောလိုက်သည်။
" ရှင် ... ရှင်က တကယ် ရူးနေတာပဲ ..."
ထိုအချိန်တွင် မြို့တော်သခင်ဖုန့်၌ ဖုံးကွယ်ထားသည့် ကိစ္စတစ်စုံတစ်ရာ ရှိနေကြောင်း မုန့်ချီ အတည်ပြုလိုက်နိုင်သည်။
" မင်း ပါးစပ်ပိတ်ထား ..."
ဒေါသထွက်နေသော မြို့တော်သခင်ဖုန့် နေရာမှ ပျောက်သွားပြီး မြို့တော်သခင် မုန့်ချီရှေ့တွင် ပြန်ပေါ်လာသည်။
မုန့်ချီ၏ မသေမျိုးဝတ်ရုံမှ ကြောက်မက်ဖွယ် လေပြင်းဓားများ တိုက်ခတ်လာသည်။
ဝှစ် ...
လျင်မြန်စွာ လည်ပတ်နေသော ဓားက ဟင်းလင်းပြင်ကိုပင် ပျက်စီးသွားစေနိုင်သည်။
မုန့်ချီ အံ့အားသင့်သွားသည်။ ဆိုးရွားသည့် တစ်ခုခု ဖြစ်တော့မည်ကို ကြိုတင်သိလာသည်။
ဓားများ ကောင်းကင်ကို ဖြတ်သန်းသွားသည်ကို အားလုံးမြင်လိုက်ရသည်။ အချိန်တိုအတွင်း သောင်းနနှင့်ချီသော ဓားပေါင်းများစွာ အောက်သို့ကျလာသည်။ လှောင်အိမ်အဖြစ်ပြောင်းလဲသွားကာ မြို့တော်သခင်မုန့်ချီကို အကျဉ်းချထားလိုက်သည်။
ဂျိန်း ဂျိန်း ဂျိန်း ...
မုန့်ချီ လှောင်အိမ်ကို ထုနှက်ရန် ကြိုးစားနေသည်။ သို့သော်လည်း ဓားစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် လှောင်အိမ်ကို မချိုးဖျက်နိုင်ပေ။
မုန့်ချီ၏ နှလုံသားထဲတွင် အမျက်ဒေါသများ မြင့်တက်လာသည်။
" ဖုန့်ကွမ်ကျန်း ရှင်ဘာဖြစ်နေတာလဲ ... ကျွန်မကို ထွက်ခွင့်ပေး ..."
မြို့တော်သခင်ဖုန့် မုန့်ချီကို ခဏခန့် အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် ဘာတစ်ခွန်းမျှ မပြောပဲ မုန့်ချီကို ဖြတ်ပြီး ပုဖန်၏ရှေ့တွင် သွားရပ်လိုက်သည်။
ပုဖန်၏ ခန္ဓာကိုယ်မှ အနီရောင်စားဖိုမှူးဝတ်စုံ အနီရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ဖိအားကို ခုခံကာကွယ်နေသည်။
" ငါ့ကို ပြောစမ်း မဟုတ်ရင် ..."
မြို့တော်သခင်ဖုန့် အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။
ပုဖန်၏ မျက်နှာမှာ မပြောင်းလဲပေ။
စိမ်းပြာရောင်မီးခိုးများ လက်မောင်းတစ်ဝိုက်တွင် ဝေ့ဝဲနေပြီးနောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာသည်။
နဂါးကြီး၏ ဟိန်းဟောက်သံပဲ့တင်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ ရွှေရောင်အလင်းတန်းများ ပဲ့တင်လာသည်။ ကြီးမားသည့် ဓားကြီးအဖြစ် ပြောင်းလဲသွားပြီး ပခုံးပေါ် တင်ထားလိုက်သည်။
" ကြည့်ရတာ ငါ့ကို မပြောချင်တဲ့ပုံပဲ ... မင်းနဲ့ကစားဖို့ စိတ်အခြေအနေ မဟုတ်ဖူး ... မင်းကို ချက်ချင်းသတ်လိုက်ရင် အဲ့ခွေး ပေါ်လာမှာပဲ ..."
ဝုန်း ...
မြို့တော်သခင်၏ ခန္ဓာကိုယ်မှ အရောင်လက်သွားပြီး ပုဖန်၏ရှေ့တွင် ပေါ်လာသည်။
ထူးဆန်းသော ထိပ်တိုက်တွေ့မှုကြီးကြောင့် စင်မြင့်ပေါ်မှ အကဲဖြတ်ဒိုင်များ အံ့ဩတကြီး ဖြစ်နေကြသည်။
မြို့တော်သခင်ဖုန့်က ဘာလို့ အင်မော်တယ်စားဖိုမှူးငယ်လေးကို တိုက်ခိုက်ချင်နေတာလဲ ...
တိထိုက်ပိစိလေး အတောင် တဖျပ်ဖျပ်ခတ်ပြီး ကောင်းကင်ပေါ်တက်လာသည်။ ခါးထောက်ထားပြီး နတ်ဘုရားအလင်းတန်းက ခွကြားမှ ဖြာထွက်နေသည်။။
" ဖုန့်ကွမ်ကျန်း ... ဘာတွေ လုပ်နေတာလဲ ... အင်မော်တယ်စားဖိုမှူးပြိုင်ပွဲက လူတွေကို တိုက်ခိုက်နေတာလား ... မင်းက နယ်ပယ်သခင်ကို လုံးဝ ဥပေက္ခာပြုထားတာပဲ ..."
တိထိုက်ပိစိလေး ဒေါသထွက်လာသည်။
မြို့တော်သခင်ဖုန့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တိထိုက်ကို အေးစက်စွာ ကြည့်နေသည်။
ခဏကြာသောအခါ ...
လက်သီးဖြင့် ထိုးလိုက်သည်။
တိထိုက်ပိစိလေး လုံးဝ ထိတ်လန့်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မြို့တော်သခင်ဖုန့်၏ လက်သီးက သူ၏ရှေ့တွင် ပေါက်ကွဲသွားသည်။
အားလုံး ထိတ်လန့်နေကြပြီး မည်သူမျှ အသက်မရှုရဲတော့ပေ။
မြို့တော်သခင်ဖုန့်က တကယ် လူသတ်ချင်စိတ်တွေ ရှိနေတာပဲ ...
" နားငြီးတဲ့ဟာလေး ..."
မြို့တော်သခင်ဖုန့် လှောင်ပြောင်လိုက်သည်။ ထို့နောက် ပုဖန်ဘက်သို့ လှည့်လာပြန်သည်။
" မင်း ငါ့ကို ဖြေမှာလား မဖြေဘူးလား ..."
ဝုန်း ...
သူ၏ လက်ဖဝါးအောက်မှ ဟင်းလင်းပြင်မှာ ကျယ်လောင်သော မြည်ချုန်းသံဖြင့် အစိတ်စိတ်အမြွာမြွှာ ဖြစ်သွားသည်။
အားလုံး၏ နှလုံးသားများကို လက်ဖဝါးကြီးတစ်ခုဖြင့် ညှစ်ထားသကဲ့သို့ တင်းကျပ်လာသည်။
…
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အထွဋ်အထိပ် သစ်သားအိမ်လေး
ဒေါသနှင့် ပြည့်နှက်နေသည့် အော်သံက ဟင်းလင်းပြင်တွင် ပြည့်နှက်နေသည်။
" ဖုန့်ကွမ်ကျန်း မင်းက ဓားအစင်းတစ်ထောင်လောက်နဲ့ အထိုးခံရသင့်တယ် ... ငါ့ညီလေးကို ဖောက်ခွဲပစ်လိုက်ရလား ... ငါ့ကို တကယ် ဒေါသထွက်စေတယ် ..."
ဒုန်း ...
သစ်သားအိမ်လေး၏ တံခါးကို ကန်ကျောက်ပြီး ဖွင့်လိုက်သည်။
ယာယာ၏ ကြောက်လန့်နေသော အကြည့်များကြားမှ နယ်ပယ်သခင်တိထိုက် အဝတ်မပါပဲ ဒေါသအပြည့်ဖြင့် တစ်ဟုန်ထိုး ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မြို့တော်သခင်ဖုန့်ကိုလည်း ဆဲရေးနေသည်။
" ငါ သူ့ကို သွားရှာမယ် ငါ့ရဲ့ညီလေးကို ဖောက်ခွဲလိုက်တဲ့အတွက် တာဝန်ယူရမယ် ..."
နယ်ပယ်သခင်တိထိုက် အော်ဟစ်နေသည်။
အစွန်ဆုံးနေရာ အထိသွားပြီး ခုန်ချရန်အတွက် ခန္ဓာကိုယ်ကို တွန့်ချိုးထားသည်။
သို့သော် လေပေါ်ရောက်တော့မည့်အချိန်တွင် ယာယာက ပြန်ပြီး ဖမ်းဆွဲထားသည်။
" ကျွန်မရဲ့နယ်ပယ်သခင် အရှင်မင်းကြီး ... အင်မော်တယ်စားဖိုမှူပြိုင်ပွဲကို ကိုယ်လုံးတီးနဲ့ သွားမလို့လား ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးကို သူတို့ရဲ့ နယ်ပယ်သခင်က အဝတ်မကပ်တဲ့ အဖော်အချွတ်အရူးဆိုတာ သိစေချင်လို့လား ..."
ယာယာ တိတ်ဆိတ်စွာ ပြောလိုက်သည်။
ထို့နောက် ယာယာ၏လက်ထဲတွင် ပိုးဝတ်ရုံတစ်ခု ပေါ်လာပြီး နယ်ပယ်သခင်တိထိုက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်သည်။
" ဘာလို့ မဖြစ်ရမှာလဲ ... အကုန်လုံးကို အျဖ်ာအချွတ်အနုပညာကို တူတူခံစားခိုင်းလိုက်တာ မကောင်းဘူးလား ..."
နယ်ပယ်သခင်တိထိုက် သံသယများဖြင့် မေးလိုက်သည်။
" ဘာကို သောက်အဖော်အချွတ်အနုပညာလဲ ... အဝတ်ဝတ်တာက ပိုကောင်းတာပေါ့ ... ဒီဝတ်ရုံကို ချွတ်တာ ဒါမှမဟုတ် ဖောက်ခွဲပစ်လိုက်တာဆိုရင် မျက်နှာပျက်ရလိမ့်မယ် နယ်ပယ်သခင် ..."
ယာယာ နယ်ပယ်သခင်၏ ကော်လံနှင့် ဝတ်ရုံလက်များကို ကူညီပြီး ပုံစံတကျဖြစ်အောင် ပြင်ဆင်ပေးလျက် ရိုးသားစွာ ပြောလိုက်သည်။
နယ်ပယ်သခင်တိထိုက် သူ၏ချောမွေ့တောက်ပြောင်နေသော ရွှေရောင်ဆံပင်များကို လှန်လိုက်သည်။ ထို့နောက် ဒေါသတကြီးဖြင့် ပြေးသွားသည်။
ခုန်ချရန်ပြင်ပြီး သူ၏ ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်သည်။
ဒေါသအပြည့်နှင့် တဖျပ်ဖျပ်တိုက်ခတ်နေသော လေများကြားတွင် ပဉ္စမအလွှာသို့ ဆင်းသက်သွားသည်။
…
မြို့တော်သခင်ဖုန့်၏ လက်ဖဝါးကို ရင်ဆိုင်ရသည့်အခါ ပုဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သို့သော် သူ ဖုံးကွယ်မထားပေ။ သတ္တိမဲ့နေသကဲ့သို့လည်း မပြုမူချင်ပေ။
သူ၏တစ်ထဲ တစ်ချက်တွေးလိုက်ရုံဖြင့် ဝိညာဉ်ပင်လယ်တွင် မြင့်နားသောလှိုင်းများ တက်လာသည်။
ဝုန်း ဝုန်း ဝုန်း ...
ပုဖန်၏ စိတ်စွမ်းအင် ကျယ်ပြန့်လာပြီး လှိုင်းဂယက်ငယ်များအဖြစ် ပြောင်းသွားသည်။
တခြားလူများ သူ၏စိတ်စွမ်းအင်ကို ခံစားမိသောအခါ အံ့အားသင့်သွားကြသည်။
လုယီ၏ မျက်နှာက တည်ကြည်နေသည်။
" တကယ်ကို သန်မာတဲ့ စိတ်စွမ်းအင်ပဲ ..."
သို့သော် ဤအဆင့်သာရှိသော စိတ်စွမ်းအင်က မြို့တော်သခင်ဖုန့်အတွက် တီကောင်တစ်ကောင်မျှသာ ဖြစ်သည်။
ပုဖန် အသက်ရှုသွင်းလိုက်ချိန်တွင် သူ၏ ဝိညာဉ်ပင်လယ်ထဲမှ နဂါးကြီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
သူ၏ စိတ်စွမ်းအင် တစ်ဟုန်ထိုး မြင့်တက်သွားသည်။
လိပ်နက်ကြီးလည်း အော်ဟစ်နေပြီး အနီရောင်ငှက်လည်း တေးဆိုနေသည်။
ပုဖန်၏ စိတ်စွမ်းအင် ဆက်လက် မြင့်တက်နေသည်။ ကန့်သတ်ချက်ကိုပင် ကျော်ဖြတ်သွားသည်။
လက်ထဲတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားပြီး သူ၏ စိတ်စွမ်းအား ဝိညာဉ်နှင့် စွမ်းအင်များက ဓားသွားပေါ်တွင် စုစည်းလာသည်။
ဝုန်း ဝုန်း ဝုန်း ...
မြို့တော်သခင်ဖုန့် သူ၏လက်ကို ပုတ်လိုက်သည်။
သို့သော် ပုဖန်မရှောင်ပဲ ထိုနေရာ၌ပင် နေနေသည်။
ပရိသတ်များ ပုဖန်အတွက် စိတ်မကောင်းဖြစ်ပြီး ကူကယ်ရာမဲ့စွာ ခံစားနေရသည်။
" မြင်လား နတ်ဆိုးဘုရင်ကြီး ကြောက်နေပြီ ..."
" မြို့တော်သခင်ရဲ့ တိုက်ခိုက်မှုကို နတ်ဆိုးဘုရင်က ဘယ်လိုလုပ် ခုခံနိုင်မှာလဲ ... ကြောက်လွန်းလို့ သူ့ခေထောက်တွေတောင် မလှုပ်နိုင်တော့ဘူး ထင်တယ် ..."
" တကယ်ကို ကံဆိုးတာပဲ .."
ပရိသတ်များ သက်ပြင်းချနေကြသည်။ မြို့တော်သခင်ဖုန့်နှင့် တိုက်ခိုက်ပါက ပုဖန်သေဆုံးမည်မှာ သေချာသည်။
ထိုအချိန်တွင် မြို့တော်သခင်ဖုန့် အထိန်းအကွပ်မဲ့နေသည်။
မြို့တော်သခင် မုန့်ချီတောင်မှ ပိတ်မိသွားတာ ပုဖန် ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ ...
လူများ၏ မျက်လုံးထဲတွင် ပုဖန် ကြောက်လန့်ကာ ထွက်မပြေးနိုင်ဟု ထင်နေကြသည်။
ဝုန်း ...
လက်ဖဝါးက နောက်ဆုံးထိမှန်သွားသည်။
ကြောက်မက်ဖွယ်အသံများ ပဲ့တင်လာပြီး ကျောက်တုံး ကျောက်ခဲစ အချွန်အတက်များက ကွင်းပြင်၏ နေရာအနှံ့ ပြန့်ကျဲကုန်သည်။
အပျက်အစီးပုံထဲတွင် သွေးများဖြင့် နစ်နေသော ဒိုင်လူကြီး ပျံထွက်ပြီး ကွင်း၏ အပြင်ဘက်ရောက်လာသည်။ မြို့တော်သခင်ဖုန့်၏ လက်ဖဝါးက သူ့ကို ပြင်းထန်စွာ ထိမှန်သွားသည်။
ကွင်းထဲတွင် အရပ်မျက်နှာအနှံ့မှ ကြောက်မက်ဖွယ် အလင်းတန်းများ ရုတ်ချည်း ဖြာထွက်လာသည်။
ရုတ်တရက် ...
အားလုံး၏ မျက်လုံးများ ကျုံ့ထားမိကြသည်။ နောက်ထပ်မြင်လိုက်ရသည်ကို မယုံနိုင်ကြပေ။
တောက်ပနေသည့် အလင်းတန်းများ တဖြည်းဖြည်းမှိန်သွားပြီး မြင်ကွင်းတစ်ခုကို ပြသနေသည်။
ပုဖန် သူ၏ အဖြူအမည်းပတ်တီးများဖြင့် လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်ထားပြီး မြို့တော်သခင်ဖုန့်၏ သေစေနိုင်သည့် တိုက်ခိုက်မှုကို တားမြစ်ထားသည်။
၎င်းက မလွှမ်းမိုးနိုင်သည့် အနီရောင်စားဖိုမှုးဝတ်ရုံ ဖြစ်သည်။
တခြားတစ်ဖက်မှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား တုန်ခါလာသည်။
ထို့နောက် တောက်ပသည့် အလင်းတန်းတစ်ခုက အဆုံးမဲ့ အမှောင်ထုကြီးကို ဖောက်ထွင်းသွားသည်။
မြို့တော်သခင်ဖုန့်၏ မျက်လုံးထဲတွင် စူးရှသည့် အလင်းရောင်က အဆက်မပြတ် ကြီးမားလာသည်။
ပုဖန် အသက်ရှုထုတ်လိုက်သည်။ ဓားကိုကိုင်၍ မြို့တော်သခင်ဖုန့်၏ ဦးခေါင်းကို ချိန်ရွယ်ထားသည်။
" အင်ဖော်တယ်ဖြတ်တောက်ခြင်းပုံစံ ဓားချက် ..."