အခန်း ၁၀၅၈
ချီလင်စားဖိုမှူးနှလုံးသားကို ထုတ်ပြပြီး လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ပြီ
ခွေးနက်ကြီးက ကောင်းကင်ကို အုပ်မိုးထားသည်။ သူ၏အနောက်တွင် အနက်ရောင်တောက်ပနေငည့် သင်္ဘောကြီး အက်ကြောင်းထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
မြင်ရသူတိုင်း အံ့ဩသွားကြသည်။
ထိုခွေး ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
ခွေးသား ဆရာသခင်ကို အဲ့ခွေးက လာတွေ့တယ်ဆိုတော့ သေချင်နေတာပဲ ...
ချက်ချင်းပင် မြို့တော်သခင်ဖုန့်၏ ဓားအလင်းများက ကောင်းကင်တစ်ခုလုံးကို အုပ်မိုးပြီး ခွေးနက်ကြီးကို ချိန်ရွယ်ထားသည်။
သို့သော် အားလုံးက ထိုခွေး ခုတ်ပိုင်းခံရပြီး သေလိမ့်မည်ဟု ထင်နေကြစဉ် ခွေးနက်ကြီးက လက်ဖဝါးကို မြှောက်လိုက်သည်။
လှပပြောင်မြောက်သည့် လက်ဖဝါးကြီးက မြို့တော်သခင်ဖုန့်ကို ပုတ်လိုက်သည်။
အလွန်အမင်း စွမ်းအားကြီးသော မြို့တော်သခင်ဖုန့် ကောင်းကင်မှ ပုတ်ချခံလိုက်ရပြီး ကွင်းပြင်ထဲတွင် လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီး ဖြစ်သွားသည်။
မြို့တော်သခင်ဖုန့် အဝေးသို့ လွင့်သွားချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
" ဝိုး မြို့တော်သခင်ဖုန့် ရိုက်ချခံလိုက်ရတာလား ..."
" ဘယ်လိုခွေးမျိုးမို့လို့ အဲ့လောက်သန်မာနေရတာလဲ ..."
" ခွေးသားဆရာသခင်က ခွေးတစ်ကောင်ကြောင့် လွင့်ထွက်သွားတာလား ... ငါ အိမ်မက်မက်နေတာပဲ ဖြစ်မယ် ..."
မူလက အံ့အားသင့်နေသည့် ပရိသတ်များ ဆူညံပွက်လောရိုက်ကုန်သည်။ သူတို့ မယုံကြည်နိုင်ကြပေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာမှ ခွေးများအားလုံးကို သတ်ဖြတ်ခဲ့သည့် ခွေးသားဆရာသခင်မှာ ခွေးတစ်ကောင်၏ အနိုင်ယူခြင်း ခံလိုက်ရသည်။
ယင်ကောင်တစ်ကောင်ကို ခပ်ပြင်းပြင်းရိုက်ချသကဲ့သို့ ခွေးဘုရင်က မြို့တော်သခင်ဖုန့်ကို ရိုက်ခဲ့သည်။ ထို့နောက် ပုဖန်နှင့် သီးသန့် စကားပြောခဲ့သည်။
" ကောင်လေပုဖန် နယ်သာရီ မင်းကို လိုအပ်နေတယ် ..."
ကောင်းကင်ပေါ်တွင် လွင့်မျောနေသည့် ငရဲကမ္ဘာသင်္ဘောကို သံသယဝင်စွာ ကြည့်လိုက်သည်။
ခွေးဘုရင် ငရဲကမ္ဘာသင်္ဘောကို ခေါ်ဆောင်လာပြီး ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
နယ်ပယ်သခင်တိထိုက်လည်း ချဉ်းကပ်လာသည်။
" သောက်ရူး အဖော်အချွတ်ကောင် မင်းကဘာလို့ ဒီမှာ ရှိနေတာလဲ ..."
ခွေးဘုရင် နယ်ပယ်သခင်တိထိုက်ကိုကြည့်ကာ ပြောလိုက်သည်။
" ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်လေ နယ်ပယ်သခင်တဲ့ ငါက ဘာလို့မရှိရမှာလဲ ..."
ခွေးဘုရင်၏ စကားလုံးများက နယ်ပယ်သခင်ကို စော်ကားနေသည်။
" နယ်သာရီ ဘာဖြစ်တာလဲ ..."
ပုဖန် မျက်မှောင်ကြုတ်ပြီး ခွေးဘုရင်ကိုကြည့်လိုက်သည်။
နယ်သာရီ ငရဲကမ္ဘာသင်္ဘောပေါ်မှ ဒယိမ်းဒယိုင်ဖြင့် ဖြည်းညှင်းစွာ ဆင်းလာသည်။
ပုဖန် ခေါင်းမော့ကြည့်လိုက်သည့်အခါ မျက်ခုံးများတွန့်ချိုးသွားသည်။
နယ်သာရီ၏ မျက်နှာမှာ အရောင်အဆင်း ကင်းမဲ့နေသည်။
" ဒါက ..."
ပုဖန် တုန်လှုပ်သွားသည်။ ထို့နောက် လက်မောင်းမှ အဖြူအမည်းပတ်တီးကို စည်းထားသည်ကို ဖြည်ချလိုက်ကာ နယ်သာရီ၏ မျက်ခုံးနှစ်ခုကြားနေရာကို ထိလိုက်သည်။
ရှုး ....
ရုတ်တရက် ပုဖန်၏ စိတ်ထဲတွင် ခဏခန့် တုန်ယင်သွားသည်။ သူ၏မျက်လုံးထဲတွင် အစိမ်းရင့်ရောင် ကျိန်စာမြွေများ နယ်သာရီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။
အိပ်ပျော်နေသင့်သည့်မြွေများမှာ နိုးနေကြသည်။ သူတို့၏ အစိမ်းရောင်မျက်လုံးများက ပုဖန်ကို စိုက်ကြည့်နေပြီး လျှာများ ဝင်ချည်ထွက်ချည် ဖြစ်နေသည်။
" ကျိန်စာကို ဖိနှိပ်ထားမှုက အားနည်းသွားတာလား ..."
ပုဖန် သက်ပြင်းချလိုက်သည်။ သူ၏မျက်နှာက အနည်းငယ် မဲ့နေသည်။
" ငါ ထင်တာမမှားဘူးဆိုရင် အဲ့လိုပဲ ... ဒါကြောင့် ခွေးဘုရင်က သူမကို မင်းဆီခေါ်လာတာ ..."
ခွေးဘုရင် ပြောလိုက်သည်။
နယ်ပယ်သခင်တိထိုက် မေးစေ့ကိုပွတ်ပြီး သံသယမကင်းစွာဖြင့် ရေရွတ်နေသည်။
" သူမ အဲ့တာကို အနိုင်ယူဖို့ မင်းရဲ့ဟင်းလျာကို လိုအပ်နေတယ် ... မင်းရဲ့ဟင်းလျာက သူမ ကျိန်စာက်ု ဘယ်လောက်ထိ အနိုင်ယူနိုင်လဲတော့မသိပေမယ့် ငါ့ဟင်းလျာတွေကတော့ မရဘူး ... သေမျိုးအချင်းချင်း ဖြစ်နေလို့များလား ..."
နယ်သာရီ ဘာမှမပြောနိုင်တော့ပေ။ ထိုအချိန်တွင် သူမ၏ ဝိုင်းစက်သည့် မျက်ဝန်းနက်များက ပုဖန်ကိုသာ ကြည့်နေသည်။ သူမ မျက်နှာမှာ ဖြူရော်နေပြီး အလွန် သနားစရာကောင်းနေသည်။
မြို့တော်သခင်မုန့်ချီ ရှေ့သို့လျှောက်လာပြီး ပြုံးကာ ခွေးဘုရင်ကို ကြည့်လိုက်သည်။
" ခွေးဘုရင် မတွေ့ရတာကြာပြီ ..."
မုန့်ချီ ခွေးဘုရင်ကို ကြည့်နေသော မျက်လုံးများက မှုန်မှိုင်းနေသည်။
ခွေးဘုရင် မုန့်ချီကို မြင်သောအခါ မျက်တောင်ခတ်ပြသည်။ သို့သော် ဘာမှမပြောပဲ တစ်ဖက်သို့ လှည့်သွားသည်။
ဝုန်း ...
ကွင်းထဲမှ အပျက်အစီးပုံကြီး တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။
မြို့တော်သခင်ဖုန့် သတ်ဖြတ်လိုသည့် အော်ရာအပြည့်ဖြင့် ကောင်းကင်သို့ ကမူးရှုးထိုး တက်လာသည်။
" ဝဲစားခွေး ... ငါ့ကို အဲ့ဒါ ပြန်ပေးစမ်း ... မဟုတ်ရင် မင်းသေရင်တောင် ငါမရပ်ဘူး ..."
မြို့တော်သခင်ဖုန့် အော်လိုက်သည်။
ထို့နောက် သူ၏အော်ရာ အဆက်မပြတ် တိုးလာပြီး ကောင်းကင်တွင် စွမ်းအင် မုန်တိုင်းတစ်ခုကိုပင် ဖန်တီးလိုက်သည်။ သူ၏ နက်ပြာရောင်ဓားက ပို၍ တောက်ပလာသည်။
ခွေးဘုရင် နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ နေရာကူးပြောင်း၍ မြို့တော်သခင်ဖုန့် ရှေ့တွင် ပေါ်လာပြီး သူ၏မျက်နှာရှေ့တွင် ဖဝါးကြီးကို ထားလိုက်သည်။
ဝုန်း ...
မြို့တော်သခင်ဖုန့် မြေပြင်ပေါ်သို့ ရိုက်ချခံရပြန်သည်။ မြေပြင် ပေါက်ကွဲသွားပြီးနေရာအနှံ့တွင် ကျောက်တုံး ကျောက်ခဲများ ဖြစ်ပေါ်လာသည်။
" အင်း ... ခွေးဘုရင် စိတ်မကြည်နေတဲ့အချိန်မှာ မင်းက သဲအိတ်အဖြစ် ရောက်လာတာပဲ ... မင်းကို မချရင် ငါ ရူးနေလို့ပဲ ..."
ခွေးဘုရင် ပြောလိုက်သည်။
အဝေးတွင် ...
မြို့တော်သခင်မုန့်ချီ ခွေးဘုရင် ပျံသန်းသွားသည်ကို ကြည့်နေသည်။ သူမ မျက်ဆံလှန်လိုက်သည်။
ဒီဝဲစားခွေးက အကြောင်းအရာ ပြောင်းချင်နေတာပဲ ...
ယခင်က သူမ ခွေးဘုရင်ကို မသေမျိုးသစ်ပင်ရင်ပြင်သို့ ခေါ်လာခဲ့ဖူးသည်။ ထိုဝဲစားခွေးက စိတ်ထား ကောင်းချင်ယောင်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် မသေမျိုးသစ်ပင်ရင်ပြင်အတွင်း၍ သူ၏ စိတ်ထားအစစ်အမှန်ကို ပြသခဲ့သည်။ ကောင်းကင်ဘုံလမ်းကြောင်းကြီးကို တစ်ကြိမ် ကိုက်စားခဲ့သည်။
ထိုသို့ ပြုလုပ်လိုက်ခြင်းကြောင့် မြို့တော်ဘုရင်များက သူ့ကို အချိန်အတော်ကြာအောင် အပြစ်တင်ခဲ့ကြသည်။
ယခု သူမကို တွေ့သည့်အခါ ထိုခွေး လန့်သွားသည်။
ကောင်းကင်ဘုံလမ်းကြောင်းကြီး တစ်ခုလုံးကို စားရဲတဲ့သတ္တိရှိရင် အဲ့လောက် လန့်မနေနဲ့လေ ...
ဝုန်း ...
ကွင်းတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။
ခွေးဘုရင်က မြို့တော်သခင်ဖုန့်ကို ရိုက်ချလိုက်သည့်အတွက် မြေပြင် ကွဲထွက်သွားသည်။
ဝှစ် ဝှစ် ...
ခွေးဘုရင်က မြို့တော်သခင်ကို မြေပြင်နှင့် ပွတ်တိုက်မိအောင် ပြုလုပ်ထားသဖြင့် မခုခံနိုင်တော့ပေ။
သူ ဟိန်းဟောက်လျက် ခွေးဘုရင်၏ လက်ဖဝါးကြားမှ လွတ်မြောက်အောင် ပြုလုပ်နေသည်။
ဓားအလင်းများက မိုးရွာချသကဲ့သို့ စုပြုံကျဆင်းလာသည်။
" ဝဲစားခွေး သေစမ်း ..."
သို့သော် ခွေးဘုရင်က ပါးစပ်ဟပြီး ဟောင်လိုက်သည်။
အသံက ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။
မြို့တော်သခင်ဖုန့်၏ ဓားအလင်းများ ပြန့်ကျဲသွားသည်။ သူ၏မျက်နှာ ချက်ချင်းပြောင်းလဲသွားပြီး လေထဲတွင် ခြေလှမ်းတစ်လှမ်း ဆုတ်သွားသည်။
" မင်းရဲ့ဒဏ်ရာက ပြန်ကောင်းသွားပြီလား ... မဖြစ်နိုင်ဘူး ... မင်းက ကောင်ကင်ဘုံ လမ်းကြောင်းကြီးကနေ ဒဏ်ရာရထားတာလေ ... ဘာလို့ ဒီလောက်မြန်မြန် ကောင်းသွားတာလဲ ..."
မြို့တော်သခင်ဖုန့် ကြောက်လန့်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ခွေးဘုရင် မြို့တော်သခင်ဖုန့်ကို မထူးဆန်းသလိုကြည့်ပြီး အစွယ်များ ထုတ်လိုက်သည်။
" မင်း လက်မခံနိုင်ရင်တောင် ခွေးဘုရင်က မင်းကို နှိပ်စက်နိုင်နေပြီ ..."
သတိမပေးပဲနှင့် နောက်ထပ် လက်ဖဝါးတစ်ချက် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး ရောက်လာသည်။
မြို့တော်သခင်ဖုန့် ဟိန်းဟောက်လိုက်သည့်အခါ လက်ဖဝါးကို ခုခံရန် စွမ်းအင်များ ထွက်ပေါ်လာသည်။
သို့သော် ထိုလက်ဖဝါးက အားမသိုက်ရပဲနှင့် သူ့ကို မြေပြင်ပေါ် ရိုက်ချလိုက်ပြန်သည်။
နယ်ပယ်သခင်တိထိုက် အဝေးတစ်နေရာတွင် မတ်တပ်ရပ်နေသည်။ ရင်ဘတ်မှာ ဝတ်ရုံကို ဆွဲချလိုက်သည့်အခါ ဖြူဝင်းသည့် အသားအရည် ပေါ်ထွက်လာသည်။
" ဟင်း ... ဖုန့်ကွမ်ကျန်းက နည်းနည်း ထူးဆန်းနေတာပဲ ... အရင်ကထက် ပိုသန်မာလာပြီး သူ့ရဲ့ အဟန့်အတားတွေရဲ့ အပေါ်ပိုင်းကန့်သတ်ချက်လောက် ရောက်လာပြီထင်တယ် ..."
မုန့်ချီ နယ်ပယ်သခင်ဘက်လှည့်ကာ မေးလိုက်သည်။
" နယ်ပယ်သခင် အရှင်မင်းကြီးရော ခံစားမိလား ... ထုန့်ကွမ်ကျန်း အရင်ကဒီလောက် မသန်မာဘူး ... ဒါပေမဲ့ အခု ဒီလို စွမ်းအားတွေကိုတောင် တစ်ရှိန်ထိုး ထုတ်နေနိုင်ပြီ ... ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိရမယ် ..."
" မှန်တယ် ... သူ အရမ်းဒေါသထွက်နေတယ် ဆိုရင်တောင် ဒီခွေးနဲ့ အဆင့်တူတဲ့ ပြိုင်ဘက် မဟုတ်ဖူး ... သူ အဲ့ခွေးကို ရှာချင်နေတာမလား အခု ဒီမှာရှိနေပြီဆိုတော့ ဖုန့်ကွမ်ကျန်းကို အရင်ဆုံး စိတ်ဓာတ်ကျမှုတွေ ခံစားပါစေဦး..."
နယ်ပယ်သခင် ပခုံးတွန့်လိုက်ပြီး အကြည့်များကို ပုဖန်ဘက် လှည့်လိုက်သည်။
မုန့်ချီလည်း ထိုသို့ပြုလုပ်လိုက်သည်။
" သူမကြောင့် အဲ့ဒီနှစ်က ငရဲကမ္ဘာရဲ့ဘုရင် အရှင့်ကိုရှာပြီး ကျိန်စာကို ကျိုးပျက်အောင် ဟင်းလျာတစ်ပွဲ ချက်ခိုင်းခဲ့တာမလား ... သူမက ငရဲကမ္ဘာအမျိုးသမီးထင်တယ် ..."
မုန့်ချီ၏ အသံမှာ သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်နေသည့် နွေဦးလေပြည်ကဲ့သို့ နူးညံ့နေသည်။
" အဲ့ဒါက ရှင်းပြဖို့ ခက်တယ် အဲ့ကောင်လေးပုဖန် ဘာလုပ်မလဲပဲ စောင့်ကြည့်ရမှာပေါ့ ..."
နယ်ပယ်သခင် စိတ်မပါစွာ ပြောလိုက်သည်။
ထိုနှစ်က သူ၏ဟင်းလျာမှာ ငရဲကမ္ဘာအမျိုးသမီး၏ ကျိန်စာကို မဖိနှိပ် နိုင်ခဲ့ပေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင်ဖြစ်သည့် သူ၏ဟင်းလျာက ပုဖန်ချက်ပြုတ်သော ဟင်းလျာခန့်ပင် အကျိုးသက်ရောက်မှု မရှိသည်မှာ မျက်နှာပျက်စရာ ကောင်းလှသည်။
မုန့်ချီ တစ်စုံတစ်ရာကို သိသွားပုံရ၍ မပြုံးမိစေရန် ပါးစပ်ကို စေ့ထားသည်။
သို့သော်လည်း မုန့်ချီ သိချင်နေသည်။
နယ်ပယ်သခင်တိထိုက်ရဲ့ ဟင်းလျာကတောင် အလုပ်မဖြစ်တာ ပထမအဆင့် အင်မော်တယ်စားဖိုမှုးရဲ့ ဟင်းလျာက ဘာလို့ အလုပ်ဖြစ်ရတာလဲ ...
သူမ၏ ဦးခေါင်းထဲမှ ဟင်္သာပြဒါးငှက်ကို မှတ်မိသွားသည့်အခါ မုန့်ချီ၏အကြည့်များ ထူးဆန်းသွားသည်။ ပုဖန်ကို ခဏခန့်ကြည့်ပြီး သူမ၏ လှပသည့် မျက်နှာမှာ ရှက်ရွံ့သွားသည်။
" ကောင်းပြီ ကြည့်ရတာ ကျိန်စာကို နှိမ်နင်းမယ့် ဟင်းလျာတစ်ခွက် ချက်ချင်းချက်ဖို့ လိုနေပြီထင်တယ် ..."
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။
" မင်း အကူအညီ လိုနေလား ..."
နယ်ပ်ာသခင်တိထိုက် သူ၏ ရွှေရောင်ဆံပင်များကို ပွတ်လျက် ကမ်းလှမ်းလိုက်သည်။
မုန့်ချီ ပုဖန်ကိုကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
" မင်းက အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာလေ ... ပြိုင်ပွဲအတွင်းမှာပဲ ကျိန်စာကို နှိမ်နင်းနိုင်မယ့် ဟင်းလျာချက်လို့ ရတာပဲ ... ဒီပြိုင်ပွဲအတွင်းက အချိန်ကိုလည်း ဖြုန်းသလို မဖြစ်တော့ဘူး ..."
နယ်ပယ်သခင်၏ မျက်လုံးများ အရောင်တောက်သွားသည်။
" မှန်တယ် မုန့်မုန့်လေး ပြောတာမှန်တယ် ... ဒီအကြံမဆိုးဘူး ..."
" ဖြစ်နိုင်ပါ့မလား ..."
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။
မုန့်ချီ သူမကို မျက်ဝန်းနက်များဖြင့် ကြည့်နေသော နယ်သာရီကို ကြည့်လိုက်သည်။ ချက်ချင်းပင် ငြင်သာစွာ ရယ်လိုက်သည်။
" ဒါပေါ့ ..."
" ကောင်းပြီ ... ကျုပ် နောက်ထပ်စိန်ခေါ်မယ့်သူကို ဆုံးဖြတ်ပြီးပြီ ... လုယီလား ဘာလား အဲ့နာမည်နဲ့လူ ...
ဘယ်အချိန်စလို့ ရမလဲ ...
ပုဖန်၏ စကားလုံးများက မုန့်ချီကို အံ့အားသင့်သွားစေသည်။
အားလုံးလည်း အံ့အားသင့် သွားကြသည်။
" နတ်ဆိုးဘုရင်ကြီးက အဆင့်တစ်နေရာက အင်မော်တယ်စားဖိုမှူးကို စိန်ခေါ်ချင်နေတာလား ..."
" ဘာ ... အင်မော်တယ်စားဖိုမှူးလုယီလား ... သူ ရူးနေတာလား သူ့မှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်တောင် မရှိပဲနဲ့ စိန်ခေါ်ရဲတယ်ပေါ့ ..."
" လုယီက ပထမနေရာက မကောင်းဆိုးဝါးပဲ ... နတ်ဆိုးဘုရင်ကြီးက သူ့ကို ဒီလိုမျိုး စိန်ခေါ်တယ်ပေါ့ ..."
ပရိသတ်များ ဆွံအလုနီးပါး ဖြစ်ကုန်သည်။ ဤ မာနကြီးပြီး ခေါင်းမာသော နတ်ဆိုးဘုရင်ကြီးကို ဘာပြောရမည် မသိတော့ပေ။
ကွင်းထဲနှာ လုယီ လန့်သွားသော်လည်း မအံ့ဩပေ။ မည်သူ၏ စိန်ခေါ်မှုကိုမှ သူမကြောက်ပေ။
သူ၏ အချက်ပြုတ်စွမ်းရည်များကို ကျိန်းသေပေါက် ယုံကြည်ချက်ရှိနေသည်။
" မင်း တကယ်ပဲ လုယီကို စိန်ခေါ်ချင်တာလား ... သေချာရဲ့လား ... မင်းရှုံးသွားရင် ဒီကလေးမလေးရဲ့ ကျိန်စာကို နှိမ်နင်းဖို့ဟင်းလျာကို ဘယ်လိုချက်မှာလဲ ..."
မုန့်ချီ မျက်ခုံးများ တွန့်ချိုးထားသည်။
" သွားပါ မစိုးရိမ်နဲ့ ... ကျွန်မရှင့်ကို ယုံတယ် ..."
နယ်သာရီ ရုတ်တရက် ပြောလိုက်သည်။ ပုဖန်ကို ကြည့်နေသော သူမ၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများကို တွေ့နေရသည်။
နယ်သာရီကိုကြည့်၍ ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါတိုလည်းသွားလေ ... မင်းရဲ့ပြိုင်ပွဲကို ငါစီမံပေးမယ် ..."
နယ်ပယ်သခင်တိထိုက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကိုပွတ်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ပြိုင်ပွဲကွင်းကို သန့်စင်လိုက်သည်။
အဝေးတွင်မူ တစ်ဖက်သက် နှိပ်စက်မှုကြီးက ဆက်လက်ဖြစ်နေသည်။
ယခုအချိန်တွင် မြို့တော်သခင်ဖုန့်မှာ ဂျုံးဂျုံးကျနေသည်။ သူ၏ရင်ဘတ်မှ အဝတ်စများ ပြဲထွက်နေပြီး သွေးအလိမ်းလိမ်း ဖြစ်နေသည်။
" ဝဲစားခွေး အဲ့ဒီမှာနေဦး ငါလာပြီ ..."
နယ်ပယ်သခင်တိထိုက် အော်လိုက်သည်။
ဖုန့်ကွမ်ကျန်းကို သူမုန်းတီးနေသည်မှာ ကြာလှပြီဖြစ်သည်။ ထိုလူက သူ၏ စောင့်ကြည့်မှုအောက်မှာပင် တိုက်ခိုက်ရဲသည်က နယ်ပယ်သခင်ကို မျက်နှာပျက်စေသည်။
ဂျိန်း ...
မြို့တော်သခင်ဖုန့် ခြေလှမ်းများ နောက်ဆုတ်သွားသည်။ နယ်ပယ်သခင် သူ့ထံသို့ တစ်ဟုန်ထိုး လာနေသည်ကိုကြည့်ပြီး သူ့ကိုကြည့်ရသည်မှာ ရုပ်ဆိုးလာသည်။
သူ၏မျက်နှာမှ မဲမှောင်နေမှုက အထိတ်တလန့်ပုံစံ ဖြစ်သွားသည်။ ထို့နောက် သက်ပြင်းချပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ သူ၏ဓားက ဟင်းလင်းပြင်ကို ဖြတ်သွားပြီး အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်သည်။
အချိန်မဖြုန်းပဲနှင့် ထိုအက်ကွဲကြောင်းထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။
ကျန်းမာသန်စွမ်းနေသော ခွေးဝဲစားနှင့် နယ်ပယ်သခင်တို့ကို ရင်ဆိုင်ရသဖြင့် မြို့တော်သခင် မတုန့်ဆိုင်းပဲ ထွက်ပြေးရန် ရွေးချယ်လိုက်သည်။
ဝဲစားခွေး၏ ဒဏ်ရာများ မသက်သာသေးဟု သူထင်ခဲ့သည်။
ကောင်းကင်ဘုံလမ်းကြောင်းကြီးက ဖန်တီးလိုက်တဲ့ ဒဏ်ရာတွေက ဒီလောက်မြန်မြန်သက်သာသွားမယ်လို့ ဘယ်သူထင်မှာလဲ ...
ကြည့်ရတာ ချီလင်စားဖိုမှူးနှလုံးသားကို မယူနိုင်သေးဘူးထင်တယ်
အက်ကြောင်းထဲ ရောက်သွားသည်နှင့် သူ့ခေါင်းကို ပြန်လှည့်လိုက်သည်။
အက်ကြောင်းထဲ မဝင်မီ ကွင်းအဝေးက အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူနှစ်ယောက်ကို အဓိပ္ပါယ်ပါပါဖြင့် ကြည့်လိုက်သည်။
ခွေးဘုရင်နှင့် နယ်ပယ်သခင်တို့က သူ့နောက်ကိုလိုက်ရန် စိတ်မဝင်စားကြပေ။
" သူ ထွက်ပြေးသွားပြီ ... အဲ့ဒီ ဖုန့်ကွမ်ကျန်းက တကယ်ကို အားနည်းတဲ့ကြက်ပဲ ..."
နယ်ပယ်သခင်တိထိုက် ဝတ်ရုံ၏ရှေ့ပိုင်းကိုဆွဲကာ ပြောလိုက်သည်။
" ဒါနဲ့ ဖုန့်ကွမ်ကျန်း ဒီနေရာကို ဘာလို့ ရောက်လာတာလဲ ... တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားနေရတယ် ..."
" ဒီဟာကြောင့် ဖြစ်မယ် ..."
ခွေးဘုရင် လက်ဖဝါးကို ခါလိုက်သည့်အခါ သူ၏ အမွှေးထူထူ လက်ဖဝါးပေါ်တွင် ငွေရောင်နှလုံးသားတစ်ခု ပေါ်လာသည်။
ထိုနှလုံးသားကို မြင်သည့်အခါ နယ်ပယ်သခင်တိထိုက် မျက်မှောင်ကြုတ်လိုက်သည်။
မြို့တော်သခင် မုန့်ချီလည်း ထိုနှလုံးသားကို မြင်သွားသည်။
ရင်းနှီးနေသည့် အော်ရာတစ်ခုက သူ၏ အမူအရာကို ပြောင်းလဲသွားစေသည်။
" ဒါ ... ဒါက ..."
" ဒီ မအေ-ိုး ကတော့ ဖုန့်ကွမ်ကျန်းက ယုတ်မာတဲ့လူပဲ ..."
ချက်ချင်းပင် မြို့တော်သခင်တိထိုက်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူ၏စိတ်ထဲတွင် တစ်ခုခုရှိနေပုံပင် ။။ထို့နောက် ဖုန့်ကွမ်ကျန်းနောက်သို့ လိုက်သွားသည်။
" မုန့်မုန့်လေး ပြိုင်ပွဲကို စီစဉ်လိုက်တော့နော် ... ငါ ဖုန့်ကွမ်ကျန်းနောက်ကို လိုက်သွားပြီး မေးစရာ တစ်ခုရှိတယ် အဲ့ဒီသေခါနီး အဘိုးကြီးကတော့ ..."
နယ်ပယ်သခင်တိထိုက် မုန့်ချီကိုပြောပြီး ဟင်းလင်းပြင်အက်ကွဲကြောင်းထဲ ဝင်သွားသည်။
ခွေးဘုရင် လက်ဖဝါးကို လှန်လိုက်ပြီး ချီလင်စားဖိုမှူးနှလုံးသားကို သိမ်းထားလိုက်သည်။ ထို့နောက် ပုဖန်နှင့် နယ်သာရီကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး နယ်ပယ်သခင်တိထိုက် နောက်ကိုလိုက်သွားသည်။
မုန့်ချီကို ကြည့်ရသည်မှာ ဝမ်းနည်းနေပုံပေါ်သည်။ ထိုငွေရောင်နှလုံးသားကို မြင်သည့်အခါ တအံ့တဩဖြစ်သွားသည်။
ဖုန့်ကွမ်ကျန်း အစိုးရိမ်လွန်ပြီး ခွေးဘုရင်ကို ပေါ်လာရန် တွန်းအားပေးနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဖုန့်ကွမ်ကျန်းက ခွေးဘုရင် ဒဏ်ရာရနေသည်ဟုထင်၍ သူ့ကိုသတ်ပြီး ချီလင်စားဖိုမှူးနှလုံးသားကို ပြန်ယူချင်သည် ဖြစ်သည်။ ဤနည်းဖြင့် သူ၏လျို့ဝှက်ချက်မှာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
ကံဆိုးစွာဖြင့် ခွေးဘုရင်၏ လက်ရှိအခြေအနေကို မှားယွင်းတွက်ချက်မိပြီး သူ၏လျို့ဝှက်ချက်များ ပေါက်ကြားသွားသည်။
" မြို့တော်သခင်ရွှယ်ရဲ့ သေဆုံးမှု ... အဲ့ဒါက ဖုန့်ကွမ်ကျန်းနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ ..."
မုန့်ချီ လက်သီးတင်းတင်းဆုပ်ပြီး မျက်မှောင်ကြုတ်ထားသည်။ သို့သော် နယ်ပယ်သခင်အရှင်မင်းကြီး ဖုန့်ကွမ်ကျန်းကို ဖမ်းမိသည်ကို သူမ စောင့်ရပေမည်။
ဖုန့်ကွမ်ကျန်းက အမြဲတမ်း ကိုယ်ကျင့်သိက္ခာကောင်းမွန်သလိုပင် ဟန်ဆောင်နေခဲ့သည်။
အသက်ပြင်းပြင်းရှုပြီးနောက် မုန့်ချီ၏ လှပသော မျက်နှာပေါ်မှ ဝမ်းနည်းနေသည့် အရိပ်အယောင် ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် သူမ၏ အကြည့်များ ပုဖန်ဆီသို့ ရောက်လာသည်။
" ပုဖန် ... အမွှေးတိုင်တစ်တိုင် ကုန်တဲ့အချိန်ရောက်ရင် မင်းရဲ့စိန်ခေါ်မှု စတင်မယ် ... အနားယူပြီး ပြင်ဆင်ထားပါ ..."
မုန့်ချီ သိမ်မွေ့စွာ ပြောလိုက်သည်။
သူမ၏ အသံဖျော့ဖျော့က နေရာအနှံ့ ပြန့်နှံ့သွားသည်။
လုယီ၏ မျက်လုံးများက အာရုံစူးစိုက်နေသည်။ ထို့နောက် သူ၏အော်ရာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
" အိုး ... ဒါဆိုရင် နတ်ဆိုးဘုရင်ကြီးက ငါ့ကို ရွေးလိုက်တာပေါ့ ... အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရရင် အံ့ဩဖွယ်ရာတွေ ဖန်တီးနိုင်ဦးမှာလား ..."
လုယီ လက်များတင်းတင်းဆုပ်ထားပြီး သူ၏မျက်လုံးများက မီးတိုင်ကဲ့သို့ တောက်ပနေသည်။ ထို့နောက် လက်မြှောက်ပြီး ရင်ဘတ်ကို ဆုပ်ကိုင်ထားသည်။
ဒိတ် ဒိတ် ...
နှလုံးခုန် မြန်လာသည်။
ဝုန်း ...
လုယီ ချက်ခြင်းပင် ရွှယ်ယောင်နှင့် အခြားသူများ အသက်ရှုမဝနိုင်အောင် ပြင်းထန်သောဖိအားကို ထုတ်လွှတ်လိုက်သည်။