အပိုင်း ၁၀၆၀
Viewers 53k

အခန်း ၁၀၆၀

နဂါးလျှာ နဂါးအသည်း နဂါးဗိုက်သား နဂါးဦးရေခွံ


" ကျွန်တော် အသက်ကြီးလာရင် မြို့တော်သခင်မုန့်ချီကို လက်ထပ်ချင်တယ် ..."


လုယီ ၁၅နှစ်သားအရွယ်က ကောင်းကင်ကို တိုင်တည်၍ နှလုံးသားထဲတွင် ကတိပြုခဲ့သည်။


ထိုအချိန်ကတည်းက လုယီ သူ၏ပင်ကိုစွမ်းရည်များကို စတင်ပြသနေပြီဖြစ်သည်။ ငယ်ရွယ်သည့်မျိုးဆက်များမှ အင်မော်တယ်စားဖိုမှူးအားလုံးကို အနိုင်ယူခဲ့သည်။ 


လုယီ၏ အဖေမှာ တတိ‌ယအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်ပြီး ပဉ္စမအလွှာ မြို့တော်သခင်အိမ်တော်အတွက် အလုပ်လုပ်ရသူဖြစ်သည်။ ထို့ကြောင့် ငယ်စဉ်ကပင် သူ၏ အရည်အချင်းများကို မြို့တော်သခင် အများအပြားအား ပြသနိုင်လောက်အောင် ကံကောင်းခဲ့သည်။ 


မြို့တော်သခင် မုန့်ချီကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါ သူ၏နှလုံးခုန်သံ မြန်လာခဲ့သည်။ သူမ၏လှပသော အသွင်အပြင်ကို အရူးအမူးဖြစ်သွားခဲ့သည်။


သူမ၏အပြုံး မျက်ဝန်းများနှင့် မျက်မှောင်ကြုတ်လိုက်သည်ကိုပဲ သဘောကျခဲ့သည်။


ထို့ကြောင့် သူ၏ အချက်ပြုတ်စွမ်းရည်ကို ပြသရသောအခါတွင် မြို့တော်သခင်မုန့်ချီကြောင့် အာရုံမစိုက်နိုင်ဖြစ်ကာ ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ပေ။


သူ၏အဖေက သူ့ကို အင်မော်တယ်စားဖိုမှူး အများကြီးရှေ့တွင် ကြိမ်းမောင်းပြီး ပါးရိုက်ခဲ့သည်။ 


ထိုအချိန်က မြို့တော်သခင်မုန့်ချီက သူ့အတွက် ရပ်တည်ပေးခဲ့သည်။


ထိုအချိန်မှစ၍ လုယီက မြို့တော်သခင်မုန့်ချီကို တန်ဖိုးထားမည်ဟူသော ကတိကိုပေးခဲ့သည်။


စင်မြင့်ပေါ်၌ ရပ်နေသော လုယီ၏ မျက်လုံးများက ပုဖန်ကို အမြင့်မှ ကြည့်သောအခါ အဆုံးမဲ့ အတောက်ပဆုံး အလင်းတန်းများ ထွက်ပေါ်လာသည်။


မြို့တော်သခင်မုန့်ချီ၏ရှေ့၌ သူ၏အစွမ်းများကို ပြသခွင့် ပေးသည့်အတွက် ပုဖန်ကို တကယ်ပင် ကျေးဇူးတင်မိသည်။


ကျေးဇူးတင်နေသော်လည်း အလျှော့ပေးမည် မဟုတ်ပေ။


သူ၏ အကောင်းဆုံး အချက်ပြုတ်စွမ်းရည်များကို ပြသရမည်။ ထိုမှသာ ထိုနှစ်ကကောင်လေး အရွယ်ရောက်လာကြောင်း မြို့တော်သခင်မုန့်ချီ သိရှိလိမ့်မည်။ 


အမြဲတမ်း အကောင်းဆုံးလုပ်၍ သူ၏ကတိကို တည်အောင် အပြင်းအထန် ကြိုးစားခဲ့သည်။


အဲ့ဒီနောက်မှာတော့ နတ်ဆိုးဘုရင်ကြီးက သူ ချနင်းဖို့ ကျောက်တုံးတစ်တုံးသာသာ ဖြစ်လာလိမ့်မယ် ...


ဒိတ် ဒိတ် ဒိတ် ဒိတ် ...


လုယီ၏ နှလုံးခုန်သံများက မနက်ခင်းခေါင်းလောင်း သို့မဟုတ် ညနေခင်းဗုံသံ ကဲ့သို့ပင် အသက်ရှုရာတွင် အခက်ခဲ ဖြစ်နေစေသည်။ 


ဒါက အချက်အပြုတ် နှလုံးသားလမ်းစဉ်ပဲ ... အချက်အပြုတ် နှလုံးသားလမ်းစဉ်ရဲ့ စွမ်းအားပဲ ...


ပုဖန် မျက်ခုံးများ တွန့်ကွေးလိုက်သည်။ လုယီက သူတွေ့ခဲ့ဖူးသော အင်မော်တယ်စားဖိုမှူးများတွင် နယ်ပယ်သခင်မှအပ အသန်မာဆုံးဟု ‌ယူဆနိုင်သည်။ 


ပထမအဆင့် အင်မော်တယ်စားဖိုမှူးများတွင် အသန်မာဆုံးဖြစ်သည်။


ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ကျော်လွှားနိုင်ပါက ချက်ချင်းပင် ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်လာလိမ့်မည်။


ပုဖန် ကြောက်မက်ဖွယ် ဖိအားများကို ခံစားနေရသည်။ 


သူ၏ စိတ်ဝိညာဉ်ပေါ်၌ပင် ဖိအားများ ရှိနေသည်။


ကုန်းရှို့ပန် ဝတ်ရုံနက်နဲ့လူကို ရင်ဆိုင်ခဲ့ရစဉ်က အဘယ့်ကြောင့် ဓားကိုင်ရန် သတ္တိမရှိတော့သည်ကို ပုဖန်နားလည်သွားသည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်၏ စားဖိုမှူးများအပေါ် ဖိနှိပ်မှုက အဆမတန် ကြီးမားလှသည်။


လုယီ သူ၏ရှေ့တွင် ဧရာမဘီလူးကြီးကဲ့သို့ရပ်ပြီး ငုံ့ကြည့်လိုက်သောအခါ သူ၏လက်ထဲတွင် ခဲသတ္တုများဖြင့် ပြည့်သွားသည်ဟု ခံစားရသည်။


သို့သော် သူ၏မျက်နှာကို မပြောင်းလဲပဲ လုယီကို ကြည့်နေသည်။


ဤအချိန်တွင် လေထုက အလွန်အမင်း ပြင်းထန်နေသည်။ 


သူ၏အသက်နှစ်ဆယ်အရွယ်တွင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်ခဲ့သည်။ ယခုသူ၏ အဆင့်တစ်ခုသို့ပင် တက်လှမ်းနိုင်နေပြီဖြစ်သည်။


သူ့ထံတွင် အမတလျှာလည်းရှိသည်။ ထို့အပြင် လူတိုင်းမနာလိုဖြစ်ကြသည်မှာ သူ၏ ချီလင်အာရုံခံစားမှု အထိအတွေ့ ဖြစ်သည်။ 


ချီလင်အာရုံခံစားမှုအထိအတွေ့နှင့် အမတလျှာတို့မှာ မွေးရာပါစွမ်းရည်များ ဖြစ်ကြပြီး ချီလင်စားဖိုမှူး၏ အာရုံခံစားမှု အဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။


၎င်းက ပါဝင်ပစ္စည်းများကို အာရုံခံနိုင်စွမ်း မြင့်မားလာပြီး အပူကို ထိန်းချုပ်အသုံးပြုနိုင်သည်။


ဒီလူက ချက်ပြုတ်ဖို့ မွေးဖွားလာတဲ့ ပါရမီရှင်ပဲ ...


ထိုအချိန်တွင် မည်သူကမှ နတ်ဆိုးဘုရင်ကြီးကို ချီးကျူးမနေကြပေ။


သူ့ကို မချီးကျူးချင်ကြသည် မဟုတ်ပဲ ကောင်းမွန်သော အတွေးများ မတွေးရဲကြသည်ဖြစ်သည်။ လုယီကဲ့သို့ လူမျိုးကို ချေမှုန်းနိုင်မည့် မကောင်းဆိုးဝါးမျိုး ရှိမည်ဟု စိတ်ကူးမယဉ်ရဲကြပေ။ 


လုယီက ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး ချီလင်စားဖိုမှူး ဖြစ်လာရန် အလားအလာရှိသည်။


ပဉ္စမအလွှာ၏ ဩဇာအကြီးမားဆုံး သူကောင်းမျိုးမိသားစုဖြစ်သည့် ဖုန့်မိသားစုမှ ဉာဏ်ကြီးရှင်သည်ပင် လုယီကိုသာ ခေါင်းငုံ့ပြီး ဒုတိယနေရာကို လက်ခံထားသည်။ 


ပြီးပြည့်စုံလုနီးပါး မကောင်းဆိုးဝါးကို ရင်ဆိုင်ရတော့မယ် ... နတ်ဆိုးဘုရင်ကြီးက သူ့ကို ချေမှုန်းနိုင်ဦးမှာလား ...


အချက်အပြုတ်နှလုံးသားလမ်းစဉ်တဲ့လား ...


နတ်ဆိုးဘုရင်ကြီးတွင် မရှိပေ။


ချီလင်အာရုံခံစားမှု အထိအတွေ့လည်း မရှိပေ။


နတ်ဆိုးဘုရင်ကြီးက ဘယ်အရာမှ မရှိပဲနဲ့ ကောင်းကင်ဘုံရဲ့သားတော် လုယီကို ခုခံနိုင်မှာလဲ ...


၎င်းက ပုဖန်ကို မည်သူမျှ မချီးကျူးရဲသည့် အကြောင်းအရင်း ဖြစ်သည်။ ပုထန် လုယီကို စိန်ခေါ်ရန် ဆုံးဖြတ်လိုက်ချိန်က ပုဖန် သူ့နေရာသူ မသိသည့်အတွက် လူများပင် ကသိကအောက် ဖြစ်သွားငည်။


လူတို့၏အမြင်တွင် ပုဖန်နှင့် သူ၏အမူအရာမဲ့ မျက်နှာကြီးမှာ စိမ်းစိုနေသည့်သမုဒ္ဒရာကြီးထဲမှ သစ်ရွက်လှေငယ်လေးကဲ့သို့ ဖြစ်နေသည်။ 


လုယီကဲ့သို့ ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးကို ရင်တိုင်ရသည့်အခါ မိနစ်အနည်းငယ်အတွင်း ဖျက်ဆီးခံရလိမ့်မည်။ 


ရုတ်တရက် ပုဖန်၏မျက်လုံးများ ရွေ့လျားသွားသည်။


လက်မြှောက်၍ ရင်ဘတ်ကို ရိုက်ချလိုက်သည်။


ဘန်း ...


အသံနိမ့်နိမ့်တစ်ခု ဖြစ်သော်လည်း ရင်ပြင်တစ်ခုလုံးကို ကြားနိုင်လောက်သည်။


‌ထို့နောက်တွင် ပုဖန် အသက်ပြင်းပြင်းရှုပြီး ခြောက်နေသည့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။


" နည်းနည်းတော့ ထိုင်းမှိုင်းသွားပေမဲ့ အခု ကောင်းသွားပါပြီ ..."


ပုဖန် အခြားသူများကို အကြည့်လွှဲလိုက်သည်။ သူ၏မျက်လုံးများက တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့သည်။


အနီရောင်စားဖိုမှူးဝတ်စုံ အိတ်ကပ်ထဲသို့ လက်ကို ထိုးထည့်လိုက်ပြီး စင်မြင့်၏ အလယ်သို့ တက်သွားလိုက်သည်။ 


လုယီကို ဖြတ်သွားသည်။


လုယီ မျက်မှောင်ကြုတ်သွားသည်။

နတ်ဆိုးဘုရင်ကြီးက စိတ်ဝင်စားစရာပဲ ...


သို့သော် အသုံးမဝင်ပေ။ မုန့်ချီ၏ရှေ့တွင် အရာအားလုံးကို သူချေမွပစ်မည်။


ပုဖန်က အချက်အပြုတ်နှလုံးသားလမ်းစဉ်ရဲ့ ဖိအားကို ခုခံနိုင်တော့ရော ဘာဖြစ်လဲ .. သူ့ရဲ့အချက်အပြုတ်စွမ်းရည်တွေသုံးပြီး နတ်ဆိုးဘုရင်ကြီးကို ချေမွပစ်ရမယ် ...


နှစ်ယောက်သား တစ်ဖက်သို့လှည့်ပြီး စင်မြင့်အလယ်မှ မီးဖိုသို့ လျှောက်လာကြသည်။ 


လုယီက သေချာပေါက် ကွင်းပြင်ထဲမှ မီးဖိုကို အသုံးမပြုပေ။ သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်နှင့် သလင်းကျောက် မီးဖိုတစ်ခု ကျလာပြီး ကွင်းပြင်တစ်ခုလုံးကို ခေတ္တ တုန်ခါသွားစေသည်။


ပုဖန်၏ အမူအရာမပြောင်းလဲဘဲ နေရာတွင်သာ ရပ်နေသည်။


" ကောင်းပြီ ... ဒါက ကြယ်ခြောက်ပွင့် သားရဲဧကရာဇ် ကြက်သွေးရောင်မီးတောက်နတ်ဆိုးနဂါးပဲ ... ပြိုင်ပွဲရဲ့ ခေါင်းစဉ်အရ ဒါတွေကိုသုံးပြီး ဟင်းလျာတစ်ခု ချက်ရမယ် ... ဒိုင်တွေက အနိုင်ရသူကို ဆုံးဖြတ်ပေးလိမ့်မယ် ..."


မြို့တော်သခင်မုန့်ချီ ကွင်း၏အလယ်တွင် ရပ်နေကာ ပုဖန်နှင့် လုယီကို ပြုံးပြလိုက်သည်။


သူတို့နှစ်ဦး ခေါင်းငြိမ့်ပြလိုက်သည်။ လုယီက သူမကို စိတ်အားထက်သန်သည့်မျက်လုံးများဖြင့် ကြည့်နေသည်။


"ပါဝင်ပစ္စည်းတွေကို ရွေးချယ်ဖို့ လက်ဖက်ရည်တစ်ခွက်တည်တဲ့ အချိန်ရဲ့ တစ်ဝက်စာ အချိန်ရမယ် ... အဲ့ဒီနောက်မှာ ပြိုင်ပွဲစမယ် ..."

မုန့်ချီ ပြောလိုက်သည်။


သူမပြောပြီးသည်နှင့် ပုဖန်နှင့် လုယီတို့ အရှေ့ကို လျှောက်လာသည်။


ရုတ်တရက် လုယီ ရပ်လိုက်ပြီး ပုဖန်ကို ကြည့်လိုက်သည်။


" မင်းက နတ်ဆိုးဘုရင်ကြီးဆို ... စားဖိုမှူးစိန်ခေါ်ပွဲတွေကို အချိန်တိုင်းလုပ်တယ်လို့ ကြားမိတယ် ...ငါတို့ရဲ့ ပြိုင်ပွဲအတွက်ရော စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ချင်သေးလား .... မင်းရှုံးရင် မင်းရဲ့မီးဖိုချောင်သုံးဓားကို ပေးရမယ် ..."


ပုဖန် ခြေလှမ်းများကို ရပ်လိုက်သည်။ ခေါင်းမော့၍ မျက်နှာသေဖြင့် လုယီကို ကြည့်လိုက်သည်။


သူ၏အကြည့်က လုယီကို မျက်မှောင်ကြုတ်သွားစေသည်။


" ကျုပ်ရဲ့ဓားကို မင်းမကိုင်နိုင်လောက်ဖူး ... ဘယ်အရာကိုမှ ပြောင်းလဲဖို့ မလိုပါဘူး ..."


ပုဖန် စကားလုံး အနည်းငယ်ကို အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။ ထို့နောက် ပါတင်ပစ္စည်းများ တင်ထားသည့်စင်များဘက်သို့ ထွက်သွားသည်။


လုယီ မျက်ခုံးများပင့်ပြီး ပုဖန်ကို ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။


ဒါဆိုရင်လည်း စားဖိုမှူးစိန်ခေါ်ပွဲ လုပ်တာပေါ့ ...


" ငါဆိုတဲ့ လုယီက အားလုံးကို ဖျက်ဆီးပစ်မယ် ..."


ပါဝင်ပစ္စည်းစင်ပေါ်တွင် ကြယ်ခြောက်ပွင့်သားရဲဧကရာဇ်၏ ဖြတ်တောက်ထားသည့်အပိုင်းများမှ ထူထဲသည့် စွမ်းအင်များ ကောင်းကင်အထိ တက်နေသည်။ 


ပုဖန် အိတ်ကပ်ထဲ လက်ထည့်၍ ပါဝင်ပစ္စည်းများဆီသို့ လျှောက်သွားသည်။


သူ၏ စစ်မှန်စွမ်းအင်နှင့် စိတ်စွမ်းအင်များကို အစောပိုင်းက ပြန်လည်စုစည်းထားသည့်အတွက် ဤတစ်ကြိမ် မည်သည့်ဟင်းလျာချက်ရမည်ကို စဉ်းစားနေသည်။


မြို့တော်သခင်မုန့်ချီ ပေးအပ်ထားသည့် ခေါင်းစဉ်မှာ နဂါးဖြစ်သည်။ နဂါးက ဟင်းလျာများထဲတွင် အဆီအနှစ်စွမ်းအင်များ အကြွယ်ဝဆုံးဖြစ်သည်။


မုန့်ချီ ရည်ရွယ်ချက်ရှိရှိ လုပ်ထားသည်မှာ ထင်ရှားလှသည်။ ပုဖန် နယ်သာရီ၏ကျိန်စာကို နှိမ်နင်းရန် ဟင်းလျာ ချက်ပြုတ်ရာတွင် သူမ ကူညီပေးချင်နေသည်။


ဒါပေမဲ့ ဒီ နဂါးပါဝင်ပစ္စည်းတွေနဲ့ သူ ဘာချက်ရမလဲ ...


နဂါးနံရိုးချိုချဉ်လား ...


မဟုတ်သေးဘူး ... ခွေးဘုရင်ပဲ အဲ့ဒါကိုကြိုက်တာ နယ်သာရီ မဟုတ်ဖူး ... ဒါပေမဲ့ အရင်က နယ်သာရီ ဒီဟင်းနဲ့ ကြိုးစားခဲ့ဖူးတယ် သူ့ရဲ့ကျိန်စာတွေအပေါ် မသက်ရောက်ခဲ့ဘူး ...


ပုဖန် ဘာချက်ရမည်ကို တွေးတောနေစဉ်မှာပင် လုယီ စင်ရှေ့သို့ရောက်လာသည်။ သို့သော် ပုဖန်ကို ကြည့်မနေပေ။ 


လက်ရှိအချိန်တွင် ချက်ပြုတ်ရန် စိတ်ခံစားချက်များ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် သူ၏မျက်လုံးထဲတွင် ဟင်းချက်ပါဝင်ပစ္စည်းများသာရှိသည်။ 


နဂါးအရိုး အသား ဦးခေါင်း မျက်လုံးနဲ့ လက်သည်းတွေ ...


မုန့်ချီ နဂါးကြီးကို သေချာပိုင်းဖြတ်ပြီး စင်ပေါ်တင်ထားသောကြောင့် ပုဖန်နှင့်လုယီတို့ လွတ်လပ်စွာ ရွေးချယ်နိုင်ကြသည်။


နဂါးအသားကိုသုံးပြီး မည်သည့်ဟင်းလျာချက်ရသည်ကို လုယီ ကောင်းကောင်းသိသည်။


နဂါးအသားတင်ထားသည့်စင်တွေ ဗိုက်သား ပေါင်ရင်းသားနှင့် နံရိုးသားဟူ၍ အပိုင်းများရှိသည်။


အသားအတွက်ပင် ရွေးချယ်စရာ အများကြီးဖြစ်နေသည်။


လုယီ လက်ကိုဆန့်လိုက်သည်။


သူ၏လက်ချောင်းသွယ်သွယ်များက အသားတစ်တုံးကို ကိုင်လိုက်သည်။ 


ချက်ချင်းပင် မမြင်ရသည့် လှိုင်းတစ်ခု ဖြာထွက်လာသည်။ 


ပွဲကြည့်စင်ပေါ်မှ ပရိသတ်များ လေအေးကို ရှုရှိုက်လိုက်ရသည်။


" အဲ့တာ ချီလင်အာရုံခံစားမှု အထိအတွေ့ပဲ ..."


" အဲ့တာ ချီလင်စားဖိုမှူးကျင့်ကြံသူတွေ ပါဝင်ပစ္စည်းရွေးတာနဲ့ ဆင်တူနေတယ် ... အဲ့လို လှုံဆော်နိုင်စွမ်းမြင့်တဲ့ အာရုံခံစားမှုနဲ့ဆိုရင် အကောင်းဆုံး ပါဝင်ပစ္စည်းကို ရွေးချယ်နိုင်တယ် ..."


" ထိပ်ဆုံးအဆင့်က မကောင်းဆိုးဝါးကြီးကို ကောင်ူကင်ဘုံက မျက်နှာသာ ပေးထားတာပဲ ..."


ပရိသတ်များ သက်ပြင်းချပြီး သူတို့၏ အားကျမှုများကို ဖော်ပြနေကြသည်။ 


စည်းကမ်းဒိုင်ဖြစ်သော မုန့်ချီ၏ မျက်လုံးများပင် တောက်ပနေသည်။ 

ဒီလို မွေးရာပါအရည်အချင်းမျိုးလည်း ရှိသေးတာပဲလား ... 


အမတလျှာနှင့် ချီလင်အာရုံခံစားမှု အထိအတွေက လူတစ်ယောက်တည်းပေါ်တွင် စုဝေးနေခြင်းပင်။ သူ့ကို ကောင်းကင်ဘုံ၏ တကယ်ပင် မျက်နှာသာပေးထားခြင်းပင်။


သူ့ထံတွင် မုန့်ချီကဲ့သို့ ထိပ်တန်းအဆင့် အမတလျှာရှိနေသည်။ သူမ၏ အရသာကို အာရုံခံစားမှုက အထွဋ်အထိပ်တွင် ရောက်နေခြင်းကြောင့် ချီလင်စားဖိုမှူး ဖြစ်လာခြင်းပင်ဖြစ်သည်။


လုီာ၏ အနာဂတ်မှာ ကြီးကျယ်မြင့်မြတ်နေပြီး တောက်ပနေသင့်သည်။ 


သို့သော် ... 


မုန့်ချီ၏ မျက်လုံးများက ပုဖန်ပေါ်သို့ ရောက်သွားသည်။ 


လျို့ဝှက်ဆန်းကြယ်မှုဆိုတာ နေရာတိုင်းမှာ ရှိနေနိုင်တာပဲလေ ...


ပုဖန် သူမ၏ ပခုံးကို ထိလိုက်ချိန်က တောက်ပနေသည့် ဟင်္သာပြဒါးငှက်ကြီး၏ ပုံရိပ် သူမစိတ်ထဲတွင် ပေါ်လာသည်။ ဟင်္သာပြဒါးငှက်နှင့် အပြာရောင်ငှက်တို့ အတူတူ ပျံသန်းနေသည့် ပုံရိပ်က သူမ၏ နှလုံးသားကို ရွှင်မြူးနေစေသည်။ 


သူမ ထိုအကြောင်းကို သတိရလိုက်တိုင်း ရှက်ရွံသွားသည်။


" ဒီနဂါးအသားတုံးကြီးက နဂါးနံရိုးအတွက် အကောင်းဆုံးပဲ ..."


လုယီ၏လက်ထဲတွင် ရောင်ခြည်များ တောက်ပနေသည့် မီးဖိုချောင်သုံးဓားတစ်ချောင်း ပေါ်လာသည်။ သူ၏အဆင့်နှင့်ဆိုလျှင် ထိုဓားမှာ သာမန် မသေမျိုးကိရိယာ မဖြစ်နိုင်ပေ။ 


နဂါးအသားတုံးတစ်ခုကို ယူလိုက်ပြီး တစ်ဖက်သို့လှည့်ကာ မီးဖိုဆီသို့ သွားနေသည်။


ထို့နောက် ပုဖန်ကို လှည့်ကြည့်လိုက်သည်။


ပုဖန် ပါဝင်ပစ္စည်းရွေးချယ်ရာတွင် တွန့်ဆုတ်နေသည်။


ပါဝင်ပစ္စည်းကောင်းများ ရွေးချယ်ရာ၌ လုယီတွင် အများနှင့် မတူသည့် ယုံကြည်ချက်ရှိသည်။


ရုတ်တရက် ..


လုယီ၏မျက်နှာ တောင့်တင်းသွားသည်။


သူ၏အမြင်အာရုံထဲတွင် ပုဖန် ပါဝင်ပစ္စည်းများကို စတင် ရွေးချယ်နေသည်။


ဒါပေမဲ့ ...


ပုဖန်ရွေးချယ်လိုက်သည်မှာ ပါဝင်ပစ္စည်းတစ်မျိုးတည်း မဟုတ်ပေ။ 


မူလက ပုဖန် နဂါးပေါင်သားကို ရွေးချယ်ထားသည်။ ထို့နောက် နဂါးလျှာ အသဲနှလံး ဦးခေါင်းခွံ ဗိုက်သား ...


ထိုမြင်ကွင်းကြောင့် လူများ စိတ်လှုပ်ရှားစွာ အော်ဟစ်ကုန်သည်။


" နတ်ဆိုးဘုရင်ကြီးက ဘယ်လိုဟင်းမျိုး ချက်မှာပါလိမ့် ..."


" ပါဝင်ပစ္စည်းတွေ အများကြီး ရွေးထားတာပဲ ... အဲ့တာ အရသာတွေ ကမောက်ကမ ဖြစ်ကုန်လိမ့်မယ် ... ဒါတွေအားလုံးကို ဟင်းလျာတစ်ခု ဘယ်လိုလုပ်မှာလဲ ... အဲ့တာ တုန်းဖန်ဟော်ရဲ့ ကြက်သားနဲ့ ကလီစာတွေ တူတူချက်တဲ့နည်းနဲ့‌တောင် ဆင်နေသေးတယ် ... အဲ့လိုမျိုး ဖရိုဖရဲ ရွေးခဲ့လို့ သူရှုံးသွားတာ ..."


" နတ်ဆိုးဘုရင်ကြီးက တုန်းဖန်ဟော်ကို အတုခိုးချင်တာလား ... သူ သေချင်နေတာပဲ ... သူ့ရဲ့ တီထွင်ဖန်တီးမှုတွေကို ဖြုန်းတီးပစ်တာပဲ ..."


ပုဖန်၏ ရွေးချယ်မှုမှာ အတော်များများကို ကြောက်လန့်သွားစေခဲ့သည်။


နဂါးအသားကို ချက်ပြုတ်ဖို့ အဆင်ပြေပေမဲ့ နှလုံး ဗိုက်သားနဲ့ ဦးခေါင်းခွံကြီးကို ဘယ်လိုချက်ဖို့ ကြံနေတာလဲ ...


အပိုင်းတွေက အများကြီးပဲ အမယ်စုံဟင်းချက်မလို့လား ...


ပုဖန် အခြားလူများ၏ ဝေဖန်ချက်များကို ဂရုမစိုက်ပေ။ သူ ချက်ပြုတ်ချင်သည်ကို သေချာသည်။


ပါဝင်ပစ္စည်းများကိုယူ၍ မီးဖိုနားသို့ ပြန်လာသည်။ စားပွဲပေါ်တွင် တင်ထားလိုက်ပြီး တည်ငြိမ်စွာစီမံနေသည်။


မုန့်ချီ အနည်းငယ် အံ့အားသင့်စွာဖြင့် ပုဖန်ကို ကြည့်နေသည်။ အချိန်ကြာမြင့်စွာ တွေးပြီးနောက်တွင် အစိတ်အပိုင်းအများအပြားကို ရွေးယူလိုက်မည်ဟု သူမ မထင်ထားပေ။


သူမ၏ လှပသော မျက်ခုံးများကို ပင့်လိုက်သည်။


နဂါးအသားမှာ အခြားဝိညာဉ်သားရဲများ၏ အသားများနှင့် ကွဲပြားသည်။ ချက်ပြုတ်ရန် ခက်ခဲပြီး စားဖိုမှူးတွင်လည်း ကျွမ်းကျင်မှုရှိရန် လုံလောက်သည်။ 


သို့သော် ပုဖန် ရွေးချယ်ပြီးပြီဖြစ်၍ သူတို့က ပုဖန်၏ ရွေးချယ်မှုကို လေးစားရမည်သာ။


" ပါဝင်ပစ္စည်းတွေ ရွေးချယ်ပြီးပြီဆိုရင် စလို့ရပြီပေါ့ ... ပြိုင်ပွဲ စတင်ပြီ ..."

မုန့်ချီ ကြေညာလိုက်သည်။


အချိန်မဖြုန်းပဲ ပုဖန်နှင့် လုယီတို့ သူတို့၏ ချက်ပြုတ်သည့် စိတ်အခြေအနေထဲ တစ်ဟုန်ထိုးဝင်သွားသည်။


ဝီ ...


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပေါ်လာပြီး နဂါး ဟိန်းဟောက်သံကြီး ပေါ်လာသည်။


ထိတ်လန့်တုန်လှုပ်ဖွယ်ရာ နှလုံးခုန်သံက လုယီ၏ ခန္ဓာကိုယ်မှ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ပုဖန်ကို ဖုံးအုပ်ထားကာ သူ၏ဓားကို ဆုပ်ကိုင်ထားရာ မှ လွတ်ကျလုနီးပါး ဖြစ်စေခဲ့သည်။


အားလုံး လေအေးများ ရှုရှိုက်နေကြရသည်။


အဲဒါ အချက်အပြုတ်နှလုံးသားလမ်းစဉ်ရဲ့ ဖိနှိပ်မှုပဲ ...


အဲ့ဒါကြောင့် နတ်ဆိုးဘုရင်ကြီးက အားပျော့နေတာ ... ဒီလိုစားဖိုမှူးစိန်ခေါ်ပွဲမျိုးက သူ့ကို ပျက်စီးဆုံးရှုံးစေနိုင်တယ် ...


နတ်ဆိုးဘုရင်ကြီးကို ကြည့်ရတာ ဆက်မလုပ်နိုင်တဲ့ပုံပဲ ...


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မစုစည်းနိုင်ဘူး ဆိုရင်ပေါ့ ...


ဒါပေမဲ့ အဲဒါက ဖြစ်နိုင်ပါ့မလား ...


စားဖိုမှူးစိန်ခေါ်ပွဲအတွင်းမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းတာ စိတ်ကူးယဉ်အိမ်မက်တစ်ခုပဲ ...


ကွင်း၏အပြင်ဘက်မှ ကုန်းရှို့ပန် လက်သီးများဆုပ်ထားသည်။ 


ပုဖန် ယခုခံစားနေရသည့် ဖိအားကို သူလည်း ယခင်က ကြုံတွေ့ခဲ့ရဖူးသည်။ 


ဝတ်ရုံနက်နှင့်လူက သူ့ကို ပေးခဲ့သည့်ဖိအားများက ပြဿနာဖြစ်စေခဲ့ပြီး မီးဖိုချောင်သုံးဓားကိုပင် မကိုင်နိုင်ခဲ့ပေ။ 


အဲဒါ အချက်အပြုတ်နှလုံးသားလမ်းစဉ်ရဲ့ ဖိနှိပ်မှုပဲ ...


ပိုင်ရှင်ပုလည်း အဲ့လိုပဲ အဆုံးသတ်သွားမှာလား ...


ပရိသတ်များက အလင်းမျက်နှာပြင်ကြီးမှ ပုဖန်၏ အမူအရာမဲ့ မျက်နှာကို အနီးကပ် ကြည့်နေကြသည်။