အပိုင်း ၁၀၆၁
Viewers 52k

အခန်း ၁၀၆၁

ပုဖန်၏ အချက်အပြုတ် နှလုံးသားလမ်းစဉ်


" ချီလင်စားဖိုမှူး နှလုံးသားလား ..."


နယ်ပယ်သခင်တိထိုက်မှ ချီလင်စားဖိုမှူး နှလုံးသားအကြောင်း‌ မေးသည့်အခါ မြို့တော်သခင်ဖုန့်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။


" ဘာတွေ ပြောနေတာလဲ ... ကျုပ် နားမလည်ဘူး ..."

မြို့တော်သခင်ဖုန့် ဖြေလိုက်သည်။


သို့သော် သူ၏ မျက်နှာပေါ်မှ ပြောင်းလဲမှုကို နယ်ပယ်သခင်တိထိုက် သတိထားမိလိုက်သည်။ သူ၏ လက်နှစ်ဖက်ဖြင့် ခါးထောက်ထားစဉ် အဝတ်မဲ့ကိုယ်လုံးမှ အလင်းတန်းများ ဖြာထွက်နေသည်။


" ဆက်လုပ်ပါ ... ဆက်ပြီး ဟန်ဆောင်နေလိုက် ... မင်း မသိသလို သရုပ်ဆောင်နေတာ ငါမသိဘူးထင်နေလား ..."


ခွေးဘုရင် ပျင်းရိစွာဖြင့် သမ်းဝေလိုက်သည်။ လက်ဖဝါးကို မြှောက်လိုက်ချိန်တွင် ငွေရောင်နှလုံးတစ်ခု ပေါ်လာသည်။ ထိုနှလုံးသားမှာ အဆက်မပြတ်ခုန်နေပြီး စွမ်းအားကြီးသည့် စွမ်းအင်များကို ဖြန့်ကျဲပေးနေသည်။


ထိုအရာမှာ ချီလင်းစာဖိုမှူး အသက်၏ အဆီအနှစ်ပါဝင်သော ချီလင်စားဖိုမှူး နှလုံးသားဖြစ်သည်။ 


မူလက ၎င်းကို ပိုင်ဆိုင်သည်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယိ ပထမအလွှာ၏ မြို့တော်သခင်ဖြစ်သည်။ သို့သော် ထို မြို့တော်သခင်က မသေမျိုးသစ်ပင်နေရာတွင် ‌မမျှော်လင့်ပဲ သေဆုံးခဲ့သည်။


မြို့တော်သခင်ရွှယ်မှာ မသေမျိုးသစ်ပင်၏ ပြောင်းလဲမှုကြောင့် အသတ်ခံခဲ့ရသည်ဟု နယ်ပယ်သခင်တိထိုက် အမြဲထင်ခဲ့သည်။ သို့သော် ထိုနှလုံးသား ပေါ်လာချိန်တွင် နားလည်သွားခဲ့သည်။


မြို့တော်သခင်ရွှယ် အသတ်ခံရခြင်း၏ အဓိက တရားခံမှာ သူတို့ရှေ့မှ မြှို့တော်သခင်ဖုန့် ဖြစ်နေခဲ့သည်။


" ချီလင်စားဖိုမှူး နှလုံးသားက ငါ့ဟာလေ ..."


ခွေးဘုရင်၏ လက်ဖဝါးပေါ်တွင် မျောနေသည့် ကွေရောင် ချီလင်စားဖိုမှူးနှလုံးသားကို မြင်သည့်အခါ မြို့တော်သခင်ဖုန့်၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် စစ်မှန်စွမ်းအင်များ ထွက်ပေါ်လာသည်။


ထို့နောက် ဟင်းလင်းပြင်ကို တစ်ဟုန်ထိုး ဖြတ်သန်း၍ ခွေးဘုရင်ဆီသို့ ပြေးလာသည်။


" ငါ့ကို အဲ့ဒါ ပြန်ပေးစမ်း ..."

မြို့တော်သခင်ဖုန့်၏ မျက်လုံးများက သူအော်ဟစ်နေစဉ် ပြင်းစွာသော တောင့်တမှုကို ထင်ရှားစေသည်။


ခွေးဘုရင်သူ့ကို အေးစက်သွာ ကြည့်ပြီး ခဏအကြာတွင် လက်ဖဝါးကို မြှောက်လိုက်သည်။


ဝုန်း ...


ခွေးလက်ဖဝါးကြီးမှာ တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်ကို အုပ်မိုးတော့မည်ဟုပင် ထင်ရသည်။ ထို့နောက် ပြင်းထန်စွာ ရိုက်ချလိုက်သည်။


လက်ဖဝါး၏အောက်တွင် ဟင်းလင်းပြင်လည်း အက်ကွဲသွားသည်။


မြို့တော်သခင်ဖုန့် မီးလောင်ကျွမ်းနေသကဲ့သို့ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏လက်ဖဝါးထက်မှ အဖြူရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ၎င်းက မီးတောက်ဖြူ မီးခိုးရောင်ဝံပုလွေအဖြစ် ပြောင်းလဲသွားသည်။


ထိုမီးခိုရောင် ဝံပုလွေက ဆွဲဆွဲငင်ငင် အူလိုက်ပြီး ခွေးဘုရင်၏ လက်ဖဝါးဆီသို့ ပြေးလာသည်။


ခဏတွင်းချင်းမှာပင် မီးတောက်များ နေရာအနှံ့ ပျံ့နှံ့သွားသည်။


ထိုမြေခွေးများ လက်ဖဝါးကို ချေမွခြင်း ခံလိုက်ရသည်။


မြို့တော်သခင်ဖုန့် လက်နှစ်ဖက်လုံး မြှောက်ထားပြီး ခုခံရန် ပြင်ဆင်လိုက်သည်။


ဂျွက် ...


သို့သော် ခွေးဘုရင်၏ လက်ဖဝါးအောက်တွင် မြို့တော်သခင်ဖုန့်၏ လက်မှ အရိုးများ ကျိုးကြေသွားသည်။


အစောပိုင်းက ရင်ပြင်ပေါ်တွင် သူတို့၏စွမ်းအားအပြည့်အဝကို မသုံးရဲခဲ့ပေ။ သို့သော်လည်း ဤကဲ့သို့ 

လေဟာပြင်နေရာမျိုးတွင် ခွေးဘုရင် ထိန်းချုပ်မထားတော့ပေ။


ရွဲ ရွဲ ...


မြို့တော်သခင်ဖုန့်၏ မျက်လုံးများ ပြုတ်ထွက်လုနီးပါး ဖြစ်နေသည်။ ကြောက်ရွံ့မှုများကို မျက်နှာတွင် မြင်နေရသည်။


ဒီခွေးက ဘာဖြစ်လို့ ပိုပိုပြီး သန်မာလာတာလဲ ...


ဝုန်း ဝုန်း ...


မြို့တော်သခင်ဖုန့်က အရိုးကျိုးနေသောလက်များ ဖြင့် ဟင်းလင်းပြင်အက်ကွဲကြောင်း၏ အပေါက်ထဲလွင့်သွားပြီး တစ်ကိုယ်လုံးအနောက်သို့ ပျံထွက်သွားသည်။


ရုတ်တရက် နယ်ပယ်သခင်တိထိုက် မြို့တော်သခင်ဖုန့်၏ရှေ့သို့ နေရာကူးပြောင်းလိုက်သည်။ ထိုလူ၏ ဦးခေါင်းကိုကိုင်ပြီး လှည့်လိုက်သည်။


ဝုန်း ဝုန်း ဝုန်း ...


သူတစ်ကြိမ် လှည့်လိုက်တိုင်း ဟင်းလင်းပြင်ကြီး ပေါက်ကွဲပြီး အဆင်မပြတ် တုန်ခါလာသည်။


" နယ်ပယ်သခင်ရဲ့ ညီငယ်လေးကို ကြေမွသွားအောင် လုပ်ရဲတယ်ပေါ့ ..."


ဝုန်း ဝုန်း ...


" ပြီးတော့ မုန့်မုန့်လေးနဲ့ ပုပုလေးကို သတ်ရဲတယ်ပေါ့ ..."


ဝုန်း ဝုန်း ...


" အရေးကြီးဆုံးကတော့ ချီလင်စားဖိုမှူးကို သတ်ရဲတာပဲ ..."


ဝုန်း ...


နယ်ပယ်သခင်တိထိုက် စကားတစ်ခါပြောတိုင်း စွမ်းအားများက တစ်ကြိမ် မြင့်တက်လာသည်။


မခုခံနိုင်သော မြို့တော်သခင်ဖုန့်မှာ ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျသွားသည်။ ပြင်းထန်စွာ ပျံဝဲပြီး အဝေးမှ နေရာတစ်ခုသို့ ကျသွားသည်။


သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာသည်။ အရိုးများအားလုံးက နယ်ပယ်သခင်တိထိုက်ကြောင့် ကျိုးသွားပြီဖြစ်သည်။


ရုတ်တရက် ...


မြို့တော်သခင်ဖုန့် ပြုံးပြီး တခစ်ခစ်ရယ်လိုက်သည်။


ဖြည်းဖြည်းချင်းထပြီး ဒယိမ်းဒယိုင် လျှောက်လာသည်။ ခေါင်းမော့လိုက်ငည့်အခါ နဖူးမှ သွေးများစီးကျလာပြီး မျက်နှာတစ်ခုလုံး ပျံ့နှံ့သွားသည်။


အဝေးမှ နယ်ပယ်သခင်တိထိုက်နှင့် ခွေးဘုရင်ကိုကြည့်ကာ မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်ပေးမည့်ပုံ ပေါ်လာသည်။


နောက်တစ်ကြိမ် ကျယ်လောင်စွာ ရယ်လိုက်ပြန်သည်။


" မင်း ငါ့ကို ဖိအားပေးလိုက်တာပဲ ..."


မြို့တော်သခင်ဖုန့် ပြုံးနေသော်လည်း သူ၏ မျက်လုံးများက စူးရှနေသည်။


" နယ်ပယ်သခင် မင်းရဲ့ သန်မာတဲ့စွမ်းအားနဲ့ အချက်ပြုတ်စွမ်းရည်ကောင်းကောင်း ရှိတာကလွဲရင် မင်းက ဘာအသုံးကျလို့လဲ ... မင်းကို ကြည့်ပြီး ငါသည့်မခံနိုင်တော့ဘူး ... အဲ့တာကြောင့် ကျင့်ကြံခြင်းကို တိုးမြင့်အောင်လုပ်နေတာ အဲ့တာမှ မင်းနေရာကို အစားထိုးလို့ရမှာ ...


မြို့တော်သခင်ဖုန့် သူ၏ခန္ဓာကိုယ်မှ သွေးများကို သုတ်လိုက်သည်။


" ချီလင်စားဖိုမှူး နှလုံးသားကို ငါစားခဲ့တယ် သွေးကိုလည်း သောက်ခဲ့တယ် ... ဒါတွေ လုပ်ခဲ့ရတာ မင်းကြောင့် ... မင်းကြောင့်သာမဟုတ်ရင် ငါလည်း ဒီလို ဖြစ်မနေဘူး ..."


နယ်ပယ်သခင်တိထိုက် နှာခေါင်းများ မီးများမှုတ်တော့ မတတ်ပင်။ 


" မင်း ဘယ်လိုတောင် ... မင်းအမှား လုပ်ထားတာကို ငါ့ဆီလာပြီး လွှဲချနေတာလား ..."


တိထိုက် ဒေါသထွက်လာသည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် ချီလင်စားဖိုမှူးတစ်ယောက် မွေးဖွားလာရန်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သည်။ သို့သော် ထို အရူးက ချီလင်စားဖိုမှူးကို သတ်ခဲ့သည့်အပြင် နှလုံးသားကိုစားပြီး သွေးပါ‌ သောက်လိုက်သေးသည်။


သူက တိရစ္ဆာန် တစ်ကောင်ပဲ ...


ဝီ ...


မြို့တောင်သခင်ဖုန့်၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။


ထို အနက်ရောင်စွမ်းအင်များ အဆက်မပြတ် မြင့်တက်လာသည်။ 


အဝေးတွင် ပျင်းရိနေသည့် ခွေးဘုရင် ထိတ်လန့်သွားသည်။ မျက်မှောင်ကြုတ်ပြီး မြို့တော်သခင်ဖုန့်ကို ကြည့်လိုက်သည်။


" ဒီအော်ရာ ... ငရဲစွမ်းအင်တွေပဲ ..."


" မင်းတို့ငါ့ကို တွန်းအားပေးခဲ့တာလို့ ပြောသားပဲ ..."

မြို့တော်သခင်ဖုန့် ရယ်လိုက်သည်။


" သောက်ရူး နယ်ပယ်သခင်နဲ့ ဝဲစားခွေး နှစ်ယောက်လုံး သေကြတော့ ..." 


မြို့တော်သခင်ဖုန့်၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များက တဖြည်းဖြည်း သိပ်သည်းလာသည်။ အသားအရောင်လည်း မည်းနက်ပြီး မျက်လုံးများလည်း နီလာသည်။ ဆံပင်များက အဖြူရောင်ပြောင်းသွားသည်။ 


နယ်ပယ်သခင်တိထိုက် သက်ပြင်းချလိုက်သည်။


" အသွင်ပြောင်းသွားတာပဲ ... ဒီ နယ်ပယ်သခင်က မင်းကို ကြောက်မယ်ထင်နေလား ..."


နယ်ပယ်သခင် မခံမရပ်နိုင် ဖြစ်နေသည်။ မြို့တော်သခင်ဖုန့်၏ အော်ရာကို အာရုံခံမိပြီးနောက် မမျှော်လင့်စွာနှင့် ထိတ်လန့်မှုကို ခံစားခဲ့ရသည်။ 


ထို အနက်ရောင် ငရဲစွမ်းအင်များက ထူးဆန်းနေသည်။


ခဏအကြာ နယ်ပယ်သခင်တိထိုက်၏ လက်ထဲတွင် ဒယ်ပြားတစ်ခု ပေါ်လာသည်။ အဝေးမှ မြို့တော်သခင်ဖုန့်ကိုကြည့်၍ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ 


" ဒီ ဒယ်ပြားထဲမှာ ငါ့ရဲ့ တစ်ကမ္ဘာလုံးရှိတယ် မင်း အသွင်ပြောင်းသွားရင်တောင် ငါ့မှာ ဒီဒယ်ပြား ရှိနေသေးတယ် ..."

နယ်ပယ်သခင်တိထိုက် အေးစက်စွာ ပြောလိုက်သည်။


ငွေရောင် ချီလင်စားဖိုမှူးနှလုံးသားကို က်ိုင်ထားသည့်ခွေးဘုရင် သက်ပြင်းရှည်ကြီး ချလိုက်သည်။


မြို့တော်သခင်ဖုန့်ထံမှ အော်ရာက ငရဲစွမ်းအင်များဖြစ်သည်။ ၎င်းက သူ့ကို ထူးဆန်းသည့် ခံစားချက်တစ်မျိုး ပေးနေသည်။


အဲ့တာက ကမ္ဘာမြေအကျဉ်းထောင်က လာတာမဟုတ်ပဲ ငရဲအကျဉ်းထောင်ကလာတာ ... ငရဲကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ငရဲအကျဉ်းထောင် ...


ဒီ အခြေအနေက နည်းနည်းတော့ ထူးဆန်းနေတယ် ...


ဂရား ....


ခဏအကြာတွင် မြို့တော်သခင်ဖုန့် လှုပ်ရှားလိုက်သည်။ သူ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး နယ်ပယ်သခင်တိထိုက်ရှေ့တွင် ပြန်ပေါ်လာသည်။


နယ်ပယ်သခင်တိထိုက် ဒယ်ပြားကိုလှည့်လိုက်ချိန်တွင် ဟင်းလင်ပြင် လည်ပြီး ပြိုကွဲသွားသည်။


သို့သော် မြို့တော်သခင်ဖုန့်၏ အရှိန်က အလွန် မြန်သည်။ နယ်ပယ်သခင်က ဒယ်ပြားနှင့် ရိုက်ချလိုက်ချိန်တွင် မြို့တော်သခင်ဖုန့်၏ လက်သီးက သူ၏ဗိုက်ကို ထိမှန်သွားသည်။ 


တိထိုက် အံ့အားသင့်သွားပြီးနောက် မျက်နှာမဲ့သွားသည်။


ထို လက်သီးချက်မှာ ငရဲစွမ်းအင်များဖြင့် ပြည့်နေသည်။


ဝှစ် ...


သူ၏ဗိုက်တွင် ထိုလက်သီးချက် လှည့်သွားသည့်အချိန်ခဏအတွင်းမှာပင် လောင်ကျွမ်းနေသည့် အတွေ့အထိကို ခံစားလိုက်ရသည်။


ခဏအကြာတွင် သူ၏ လက်သီးများ စွမ်းအားများ ပြေလျော့သွားပြီး နယ်ပယ်သခင်တိထိုက် နောက်သို့ ယိုင်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင် ဖြစ်သွားသည်။ 


နောက်ဆုံးတွင် သူသည် ဟင်းလင်းပြင်ထဲ၌တွင် တင်ပါးပေါ် လဲကျကာ ဗိုက်ကို ဆုပ်ကိုင်ထားသည်။


မြို့တော်သခင်ဖုန့် ခွေးဘုရင်ဆီသို့ တစ်ဟုန်ထိုး ပြေးလာပြန်သည်။ 


ငရဲစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် လက်သီးကို မြှောက်ထားသည်။


လက်ဖဝါးကို မြှောက်ထားသော ခွေးဘုရင်၏ အမူအရာမှာ တည်ငြိမ်နေသည်။ သူ၏အနီးတွင် ကမ္ဘာမြေအကျဉ်းထောင်မှ ငရဲစွမ်းအင်များ စုဝေးလာသည်။


လက်သီးဆီသို့ ပုတ်ထုတ်လိုက်သည်။


ဝုန်း ...


လက်ဖဝါးနှင့် လက်သီးတို့ ပွတ်တိုက်သွားသည်။


" ဒါက ငရဲအကျဉ်းထောင်က ငရဲစွမ်းအင်တွေပဲ ... ငရဲ အကျဉ်းထောင်က လူတွေနဲ့ ပူးပေါင်းနေတာလား ..."


ထို့နောက် မြို့တော်သခင်ဖုန့်၏ အနီရောင်မျက်လုံးများထဲမှ ခွေးဘုရင်၏သွင်ပြင် ရုတ်ချည်း ပြောင်းလဲလာသည်။ 


ခွေးဘုရင်၏ ခန္ဓာကိုယ်ကြီးမားလာပြီး ဧရာမခွေးကြီးတစ်ကောင် ဖြစ်လာသည်။ သူ၏ မျက်လုံးများကလည်း မည်းနက်လာပြီး လက်သည်းများပါ ထုတ်လာသည်။ 


ဟောင်လိုက်သည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။


ခွေးဘုရင်က လက်ဖဝါးဖြင့် တိုက်ခိုက်လာပြန်သည်။ ပုံစံပြောင်းပြီးနောက် လက်ဖဝါး၏ စွမ်းအားအောက်တွင် လက်မောင်းကြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။


မြို့တော်သခင်ဖုန့် အော်လိုက်သည်။


တစ်ခဏအတွင်း ချေမှုန်းခံလိုက်ရတာလား ...


ဝုန်း ဝုန်း ဝုန်း ...


‌အတင်မပြတ် ပေါက်ကွဲလာပြီး ဟင်းလင်းပြင်လည်း ထပ်ခါထပ်ခါ ဆုတ်ဖြဲခံလိုက်ရသည်။


လက်တစ်ဖက်ပြတ်သွားသော မြို့တော်သခင်ဖုန့် မိုင်ထောင်ပေါင်းများစွာ ဆီသို့ ပြေးထွက်သွားသည်။ သို့သော် ခန္ဓာကိုယ်အနေအထားကို တည်ငြိမ်အောင်လုပ်ပြီး ခွေးဘုရင်ကို အေးစက်စွာ ကြည့်လိုက်သည်။


ထို့နောက် တစ်ဖက်သို့လှည့်ပြီး ထွက်ပြေးသွားသည်။


ဧရာမခွေးကြီးပုံစံ‌ ပြောင်းသွားသော ခွေးဘုရင်တွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နေသည်။ 


ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ငွေရောင် ချီလင်စားဖိုမှူးနှလုံးသား ပျောက်ဆုံးနေသည်ကို သိလိုက်ရသည်။



အချက်အပြုတ်နှလုံးသားလမ်းစဉ်၏ ဖိနှိပ်မှုကြောင့် ပုဖန်အတွက် မီးဖိုချောင်သုံးဓားကို လှုပ်ရှားကြည့်ရန်ပင် ခက်ခဲနေသည်။


ဓားကို လှည့်လိုက်တိုင်း ကြီးမားသောလက်က သူ့ကို ဖိထားသကဲ့သို့ ခံစားနေရသည်။


ဓားကို မ မနိုင်ချေ။


လုယီ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ ဝတ်ရုံနက်နှင့် လူထက်ပင် သန်မာနေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ဤသို့ ဆက်သွားရန် အဆင်မပြေကြောင်း သူသိလိုက်သည်။


ထိုပုံအတိုင်း ဆက်ဖြစ်နေပါက ဟင်းလျာကို ပြီးစီးရန် ခက်ခဲလိမ့်မည်။


ပါဝင်ပစ္စည်းများကိုပင် မကိုင်တွယ် ရသေးပေ။


အချက်အပြုတ်နှလုံးသားလမ်းစဉ် ... ဒါက အရမ်းကို အရှက်မဲ့တာပဲ ...


စင်မြင့်၏အပြင်ဘက်တွင် ဟင်းလင်းပြင်အက်ကွဲသွားပြီး အက်ကြောင်းထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။


တစ်ယောက်မှာ အေးစက်စက်နှင့်လူ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကျော့ရှင်းစွာ ဝတ်စားထားလျက် မေးစေ့ကို လက်ချောင်းသွယ်သွယ်များဖြင့် ပွတ်နေသည်။


" ကြည့်ရတာ ငါတို့ နောက်ကျသွားတဲ့ပုံပဲ ..."


မြို့တော်သခင်ကျိုး အနည်းငယ် စိတ်ဓာတ်ကျသွားပြီး ခြေဆောင့်လိုက်သည်။

" လူယုတ်မာကောင် ... အဲ့တာ မင်းငါ့ကို နှောင့်ယှက်နေလို့လေ ..."


ဝတ်ရုံဖြူနှင့် မြို့တော်သခင်လျှို့က မြို့တော်သခင်ကျိုးကို တစ်ချက် ကြည့်လိုက်သည်။

" မင်းမှာ အဲ့လိုပြောစရာအကြောင်း မရှိဘူးနော် ..."


မြို့တော်သခင်ကျိုး ခဏခန့် ဆွံအသွားသည်။ သူ၏ လက်ချောင်းသွယ်သွယ်များက်ိုခါပြီး ခြေဆောင့်ကာ နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။


ထို့နောက်တွင် သူတို့နှစ်ယောက် ပွဲကြည့်စင်ပေါ်တွင် နေရာရှာပြီး စင်မြင့်ပေါ်မှ ပြိုင်ပွဲကို ကြည့်နေလိုက်ကြသည်။


မြို့တော်သခင်ကျိုးနှင့် မြို့တော်သခင်လျှို့တို့၏ ရောက်ရှိလာမှုကို မုန့်ချီ သိလိုက်သည်။ သူမ ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။


မြို့တော်သခင်လျှို့က ခေါင်းငြိမ့်ပြီး ပြန်ပြုံးပြလိုက်သည်။


" မုန့်ချီ ... ရုပ်ကလေးလှပြီး တော်တော်လေး ပရောပရည် လုပ်တတ်တဲ့ မိစ္ဆာမလေး ... ဘာတွေလာပြီး ခေါင်းငြိမ့်ပြနေတာလဲ မြေခွေးမ ..."


မြို့တော်သခင်ကျိုးက သူ၏လက်ချောင်းသွယ်သွယ်များဖြင့် မြို့တော်သခင်လျှို့၏ လက်မောင်းကို ရိုက်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။


စင်မြင့်ပေါ်တွင် လုယီ ပုဖန်ကို စောင်းငဲ့ကြည့်လိုက်သည်။


သူ၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်လာသည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်မှ စွမ်းအားများက သူ၏လုပ်ဆောင်ချက်ကို အပြစ်အနာအဆာ ကင်းမဲ့စေသည်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်အောက်တွင် သာမန်စားဖိုမှူးတစ်ယောက်က လုံးဝ မချက်ပြုတ်နိုင်ပေ။ 


ပုဖန်သည်လည်း မလုပ်နိုင်ပေ။


သူက နတ်ဆိုးဘုရင်ကြီး ဖြစ်သော်လည်း ယခုအချိန်တွင် စိတ်ရှုပ်ထွေးပြီး စိုးရိမ်နေသင့်သည်။


မင်း ဒါကို ဘယ်လိုချိုးဖျက်မလဲ ကြည့်ရအောင် ...


အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ခုခံနိုင်သည်မှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်သာလျှင် ဖြစ်သည်။ 


နတ်ဆိုးဘုရင်ကြီး ဒီအချိန်မှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းနိုင်မှာလား ...


လုယီ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် တွန့်ချိုးသွားသည်။

မဖြစ်နိုင်ဘူး ... အရမ်း ခက်ခဲလွန်းတယ် ...


ထို့နောက် လုယီ၏လက်ထဲမှ မီးဖိုချောင်သုံးဓား ရွေ့လျားသွားသည်။ ထောင်နှင့်ချီသော ဓားအလင်းတန်းများ ပေါ်လာပြီး လက်မောင်းများထောင်‌ချီ ပေါ်လာသည်။ လက်တစ်ချောင်းစီက မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကိုင်ထားသည်။


" အဲ့ဒါ လုယီရဲ့ဓားစွမ်းရည် လက်တစ်ထောင်နတ်မင်းအပြုံး ပဲ ..."


" ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားစွမ်းရည်လဲ ... အဝေးက ကြည့်နေတာတောင် တစ်ကိုယ်လုံး တုန်ယင်လာတယ် ..."


" အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ အမြန်ဆုံးဓားစွမ်းရည်ပဲ ... ဘယ်သူမှ မယှဉ်နိုင်ဘူး ..."


လုယီ၏ ဓားစွမ်းရည်ကို မြင်ပြီးသည့်အခါ ပရိသတ်များ တအံ့တဩ ရေရွတ်လိုက်ကြသည်။


‌ဝုန်း ...


ရုတ်တရက် ကျယ်လောင်သောအသံကြီးက အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။


အားလုံး၏ အကြည့်များက လုယီ၏ဓားစွမ်းရည်မှ ပုဖန်ဆီသို့ ရွေ့သွားသည်။


ထိုနေရာတွင် ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို မီးဖိုပေါ်သို့ တင်လိုက်သည်။ 


ထင်တဲ့အတိုင်းပဲ နတ်ဆိုးဘုရင်ကြီးမှာလည်း အကျိုးသက်ရောက်မှု ရှိတာပဲ ... သူ ဆက်လုပ်လို့ မရတော့ဘူး ...


အားလုံး ရင်ခုန်နေကြသည်။


နယ်သာရီ ငရဲကမ္ဘာသင်္ဘောပေါ်တွင် မှီနေပြီး သူမ၏မျက်ဝန်းနက်များက ပုဖန်ကို စိုက်ကြည့်နေသည်။ 


ကုန်းရှို့ပန် လက်သီးဆုပ်ထားသည်။

ပိုင်ရှင်ပုရေ ... မင်းလုပ်နိုင်ပါတယ် ...


ကုန်းရှို့ပန်၏ဘေးတွင် ရှီးရှီး ရှိနေသည်။ ပုဖန်ကို ကြည့်နေသော သူမ၏အကြည့်များက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေသည်။


မုန့်ချီ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားနေပုံရသည်။


နတ်ဆိုးဘုရင်ကြီး ... သူဘယ်လို ရင်ဆိုင်မှာလဲ ...


ဝီ ...


ပုဖန်၏ အတွေးများ ရုတ်တရက် ပြောင်းလဲသွားသည်။ 


သူ၏ရှေ့မှမြင်ကွင်း ရုတ်ချည်း ပျောက်ကွယ်သွားသည်။


အမှောင်ထုကြီးစိုးနေသည်။


ထို့နောက် အမှောင်ထုထဲတွင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထိုအလင်းတန်း အဆက်မပြတ်ပြောင်းလဲပြီး‌ နောက်ဆုံးတွင် တောက်ပလာသည်။


ခဏအကြာတွင် ပုဖန်၏ရှေ့တွင် မြင်ကွင်းတစ်ခုစီက လေတိုက်ခတ်သွားသကဲ့သို့ လျင်မြန်စွာ ပေါ်လာသည်။


မြန်ဆန်သော်လည်း ရှင်းလင်းနေသည်။


အင်မော်တယ်စားဖိုမှူး ဆိုင်ငယ်လေး ... ထောင်တျဲစားသောက်ဆိုင် ... တိမ်ခိုးစားသောက်ဆိုင် ... ဖန်ဖန် ဆိုင်ငယ်လေး ...


မြင်ကွင်းတစ်ခုစီတိုင်းက ပုဖန်ရှေ့တွင် ရေကဲသို့ အဆက်မပြတ် စီးဆင်းနေသည်။ 


ဖန်ဖန်ဆိုင်ငယ်လေးတွင် ပုဖန် ပထမဆုံးအကြိမ် ကြက်ဥထမင်းကြော်ကို ချက်ပြုတ်ခဲ့သည့်အပြင် ပထမဆုံးအကြိမ် စီးပွားရေး စလုပ်ခြင်းလည်း ဖြစ်ခဲ့သည်။ ကြက်ဥထမင်းကြော်စားနေစဉ် ပျော်ရွှင်နေသည့် ရှောင်ရှောင်လုံ၏ ပြုံးနေသောပုံရိပ်က သူ၏ မြင်ကွင်းထဲတွင် တောက်ပနေသည်။


တိမ်ခိုးစားသောက်ဆိုင် ... နတ်မင်းဆွေ့ဆွေ့ခုန် စွပ်ပြုတ် ပေါ်လာခဲ့သည်။ ၎င်းကိုစားပြီးနောက် လူအားလုံး ထိတ်လန့်သွားပြီး ကျေနပ်အားရသည့်အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။


ထောင်တျဲစားသောက်ဆိုင် ... အရသာရှိသော အသားနံ့ ထွက်လာသည်။ ၎င်း၏ရနံ့က ကောင်းကင်ထိတိုင်ရောက်နေပြီး ပျော်ရွှင်စွာ စားသောက်နေကြသည်။


ထို့နောက် အင်မော်တယ်စားဖိုမှူးဆိုင်ငယ်လေး ...


ဟော့ပေါ့စားရန် စားပွဲတွင် ထိုင်နေသူများ၏ ပျော်ရွှင်သည့် ခံစားချက်များ ...


ထိုမြင်ကွင်းများ အဆက်မပြတ် လှုပ်ရှားနေသည်။ ပုံရိပ်များက မရေရာသော်လည်း ပုဖန်၏ နှလုံးသားထဲတွင် ရှင်းလင်းနေသည်။


နောက်ဆုံးတွင် ...


ပုဖန်စားဖိုမှူး ဖြစ်လာချိန်၌ မြင်ကွင်းများ ရပ်တန့်သွားသည်။ နေ့ရောညပါ ချက်ပြုတ်ခြင်း အတတ်ပညာကို လေ့ကျင့်ခြင်း၏ ပျော်ရွှင်မှုက နှလုံးသားမှ ထွက်ပေါ်လာသည်။


ထိုအချိန်တွင် ကမ္ဘာမြေအကျဉ်းထောင်၌သာ ရှိနေသေးသည်။ 


ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ်... ချက်ပြုတ်တဲ့အခါ သူ့ရဲ့စိတ်အားထက်သန်တဲ့ နှလုံးသားကို သိမ်းဆည်းထားခဲ့တယ်။


အချက်အပြုတ်နှလုံးသားလမ်းစဉ်ဆိုတာ ဘာလဲ ...


ပုဖန်က ချက်ပြုတ်ရာတွင် စည်းကမ်းတင်းကျပ်သည်။ သူက ချက်ပြုတ်ခြင်းတွင် နှလုံးသားတစ်ခုလုံးကို နှစ်မြုပ်ထားသည်။


စနစ် မရှိလျှင်ပင် ပုဖန် ကိုယ့်အားကိုယ်ကိုး၍ ကျင့်ကြံပြီး အချက်အပြုတ်နတ်ဘုရားဖြစ်ရန် လမ်းကြောင်းပေါ်သို့ ခြေချမည်ဖြစ်သည်။


စနစ်က ပုဖန်ကို ဒီအကြောင်းတွေ နားလည်စေချင်တာ ဖြစ်မယ် ...


သူ၏စိတ်ထဲမှ မြင်ကွင်းက နောက်ဆုံးတွင် ရှင်းလင်းလာခဲ့သည်။


အရာအားလုံး တိတ်ဆိတ်သွားသည်။


ဒိတ် ဒိတ် ...


ဖျောတော့သော နှလုံးခုန်သံငယ်လေး ပဲ့တင်ထပ်လာသည်။ 


ပုဖန်၏ ခန္ဓာကိုယ်မှ သွေးများက သူ၏ရင်ခုန်သံထဲတွင် နစ်မြုပ်နေသလိုပင်။


အချက်အပြုတ်နှလုံးသားလမ်းစဉ် ပေါ်လာခဲ့သည်။ 


ပုဖန် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။


သူ၏ နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားသည်။


သူ အမှားလုပ်ခဲ့မိတာပဲ ...


အချက်အပြုတ်နှလုံးသားလမ်းစဉ်လို့ ခေါ်တဲ့ဟာ ... အဲ့ဒါကို စုဝေးဖို့ မလိုခဲ့ဖူး ...


သူ့ဆီမှာ တစ်လျှောက်လုံး ရှိခဲ့တာပဲ ...


ပုဖန် လက်မြှောက်ပြီး သူ၏ရင်ဘတ်ကို ကိုင်လိုက်သည်။ 


အသက်ရှုထုတ်လိုက်သည်။


နှလုံးခုန်သံက မနက်ခင်းခေါင်းလောင်းသံနှင့် ညနေခင်းဗုံသံကဲ့သို့ ဖြစ်နေပြီး မသေမျိုးသစ်ပင်ရင်ပြင်တစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။


ခဏအကြာတွင် ...


ပရိသတ်များ အံ့အားသင့်သွားသည်။


မျက်နှာချင်းဆိုင်တွင် လုယီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်ာ လက်မြှောက်ပြီး ပုဖန်ကို ကြည့်နေသည်။