အပိုင်း ၁၀၆၄
Viewers 53k

အခန်း ၁၀၆၄

အမဲသားအစပ်ချက် Vs. ဝိုင်ရေကန်နှင့် စုံတောမြိုင်အသားဟင်း


ထူထဲသည့် ရနံ့ရှိသောထာဝရနဂါးအမဲသားအစပ်ချက်ကို ပုဖန် နယ်သာရီ့ကို ပေးလိုက်သည်။


နယ်သာရီ၏ပုံရိပ်မှာ ငရဲကမ္ဘာသင်္ဘောပေါ်တွင် လှဲနေပြီး သူမရှေ့မှ ဟင်းလျာကို စိတ်ဝင်တစားကြည့်နေသည်။


ဟင်းလျာအသစ်လား ...


" ကောင်းပါပြီ ..."

နယ်သာရီ ခေါင်းငြိမ့်ပြလိုက်ပြီး ပုဖန်ပေးသည့် သစ်သားတူကို ယူလိုက်သည်။


နယ်သာရီ၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နှုတ်ခမ်းများလည်း ခြောက်သွေ့ကာ အသက်မဲ့နေသည်။


သို့သော် သူမ၏ မျက်ဝန်းနက်များမှာ ငြိမ်သက်အေးချမ်းနေသည်။


အလယ့်ကြောင့်ဆိုသော် ထိုမြွေများ နိုးထလာသည့်အတွက် သူမခန္ဓာကိုယ်အတွင်း စူးစူးရှရှ ခံစားချက်ကို ခံစားနေရသည်။


သို့ရာတွင် ပုဖန်ကို မတွေ့မိက ထိုနာကျင်မှုကို ခံနိုင်ရည်ရှိခဲ့သဖြင့် သူမ တည်ငြိမ်နေခြင်းဖြစ်သည်။


ဤအစပ်ဟင်းလျာမှာ နဂါးအသားနှင့် နဂါး၏အခြားအစိတ်အပိုင်းများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ နီညိုရောင် အဆီအနှစ်ကို လောင်းချလိုက်သည်နှင့် ၎င်း၏ရနံ့က အလွန်ဆွဲဆောင်မှုရှိလာသည်။


ပူပူနွေးနွေး အငွေ့ များမပါသည့် အမယ်စုံဟင်းပွဲဟု ယူဆနိုင်သည်။


နယ်သာရီ အသက်ပြင်းပြင်းရှုလိုက်သည်။ သူ၏ရနံ့က မြွေသေးသေးလေးကဲ့သို့ သူမနှာခေါင်းထဲသို့ ဝင်သွားကာ ပျံ့နှံ့သွားပြီး လန်းဆန်း၍ သက်တောင့်သက်သာဖြစ်စေသည်။


ထို့နောက်တွင် နယ်သာရီ သူမတူကို ဆန့်ထုတ်ပြီး ပန်းပွင့်ကဲ့သို့ နဂါးအသားတစ်ပိုင်းကို ယူလိုက်သည်။ 


နဂါးအသားက ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အသား၏ ပြောင်လက်နေသော အရောင်ကွဲများကို မြင်တွေ့နိုင်သည်။


နီညိုရောင် အဆီအနှစ်က အပေါ်မှ စီးကျလာပြီး ပန်းကန်ထဲသို့ ကျဆင်းသွားသည်။ နဂါးအမသားကိုလည်း နံနံပင်နှင့် ရောနယ်ထားသည်။


နယ်သာရီ အသားတစ်ပိုင်းတစ်စကိုယူ၍ စားလိုက်သည်ကို ကြည့်ပြီး ပုဖန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။


နယ်သာရီ နဂါးအသားကို သူမပါးစပ်ထဲ ထည့်လိုက်သည်။ 


ခဏအကြာတွင် နယ်သာရီ၏ မျကိလုံးအရောင်များ တောက်ပလာသည်။ 


ငြင်သာစွာ ဝါးပြီးနောက် တစ်ကိုက်ချင်းသီတွင် နဂါးအသား၏ နူးညံ့မှုကို ခံစားနေသည်။ အဆီအနှစ်၏ အချိုနှင့် အစပ်အရသာက သူမ ပါးစပ်ထဲ ပျံ့နှံ့သွားပြီး အရသာခံဖုများကို လှုံ့ဆော်ပေးနေသည်။ 


အသား၏ပါးလွှာမှုနှင့် ချောမွေ့သောအရသာက... တစ်စုံတစ်ယောက်က သူမ၏ ပါးစပ်တွင်း၌ ကုတ်ခြစ်နေသကဲ့သို့ သက်တောင့်သက်သာ ရှိနေသည်။ 


" အရသာရှိလိုက်တာ ..."


နယ်သာရီ၏ အနက်ရောင်မျက်ဝန်းများ အရောင်တောက်လာပြီး ပါးစပ်ထောင့်မှ အနှစ်များကို လျှာဖြင့်သပ်လိုက်သည်။


ရုတ်တရက်ပင် သူမ၏ နှုတ်ခမ်းပေါ်၌ စွဲမက်ဖွယ်ရာ အရောင်တောက်ပလာသည်။ နဂါးအသားကို စားပြီးသည့်နောက် မူလက ဖြူဖျော့နေသည့် နှုတ်ခမ်းများက နှင်းဆီရောင်သန်းလာပြီး သူမကို ဆွဲဆောင်မှုရှိလာစေသည်။


နယ်သာရီ၏ မေးရိုးများက ဝါးနေစဉ်မှာပင် တူဖြင့် နဂါးအသားတစ်ပိုင်းကို ထပ်ယူလိုက်သည်။ 


ဒုတိယမြောက် အသားတစ်ပိုင်း ပါးစပ်ထဲ ဝင်သွားချိန်တွင် လန်းဆန်းသည့် အထိအတွေ့က သူမတစ်ကိုယ်လုံးသို့ ဖြတ်သန်းသွားသည့်အတွက် မျက်လုံးများ မှေးစင်းလိုက်မိသည်။


" အရသာရှိရင် ထပ်စားဦးလေ ..."

ပုဖန် ပြောလိုက်သည်။


ထို့နောက် လက်ကိုဆန့်လိုက်သည့်အခါ ယို့ကျီးပေးခဲ့သည့် မှော်အခင်းအကျင်း ပေါ်လာသည်။ နယ်သာရီ၏နဖူးကို ၎င်းဖြင့်အုပ်လိုက်သည်။


ဝီ ...


အစိမ်းရောင် ကျောက်စိမ်းအလင်းတန်းတစ်ခု နယ်သာရီ၏ကိုယ်တွင် ပေါ်လာသည်။


ဝိညာဉ်အဆီအနှစ်တစ်ခုစီ ပေါ်လာပြီး ကျိန်စာမြွေများကို ငိုက်မျည်းသွားစေသည်။ အဆုံးတွင် သူတို့ အိပ်ပျော်သွားကြသည်။


ကြည့်ရတာ ဟင်းလျာက အောင်မြင်သွားပုံပဲ ...


ပုဖန်၏ နှုတ်ခမ်းထောင့်စွန့်များက ကျေနပ်အားရသည့် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။


နယ်သာရီ တူကိုကိုက်လျက် သူမ၏ မျက်ဝန်းနက်များက ပုဖန်ကို ကြည့်နေသည်။ သူမ၏ မျက်တောင်ရှည်များ အနည်းငယ် တုန်ယင်သွားသည်။


ပုဖန် လက်ကိုပြန်ရုတ်ပြီး နယ်သာရီ၏ဦးခေါင်းကို ပုတ်ပေးလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး စင်မြင့်ပေါ်သို့ ပြန်သွားသည်။ ထိုနေရာတွင် ပြိုင်ပွဲကသူ့အား စောင့်မျှော်လျက် ရှိနေသေးသည်။


ပုဖန်၏ ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ကာ နယ်သာရီ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။


ထို့နောက် နဂါးအသား တော်တော်များများကို ပါးစပ်ထဲထည့်လိုက်သည်။ ‌မျက်လုံးများ မှေးထားပြီး ပါးများဖောင်းကားလျက် သူမ ပျော်ရွှင်စွာ ဝါးနေသည်။


သူမ၏နှုတ်ခမ်းထောင့်မှ အနှစ်များကျဆင်းလာသည်။


ကုန်းရှို့ပန်နှင့် ရှီးရှီးမှာ နယ်သာရီ၏ဘေးတွင် ရှိသည်။


အမဲသားအစပ်ချက်၏ ရနံ့မှာ အလွန်ကြွယ်ဝပြီး သွားရည်ကျစေသည်။


ရှီးရှီးက ကုန်းရှို့ပန်ထက်ပို၍ အရှက်မဲ့သည်။ နယ်သာရီ၏ဘေးနားသွား၍ မျှော်နေသည်။


နယ်သာရီ ပျော်ရွှင်စွာ စားနေစဉ် ရှီးရှီးကို တွေ့လိုက်သည်။ ချစ်စဖွယ်ကောင်းသော မျက်နှာလေးကို မြင်ရသဖြင့် နဂါးအသားကိုယူပြီး သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။


ထို့နောက်တွင် မိန်းမပျိုလေးနှင့် ကလေးမလေးတို့ ငရဲကမ္ဘာသင်္ဘောပေါ်တွင်မှီ၍ ပုဖန်၏ဟင်းလျာကို စိတ်အားထက်သန်စွာ စားနေကြသည်။


ကုန်းရှို့ပန် ရှင်းရှင်းလင်းလင်းပင် လျစ်လျှူရှု့ ခံနေရသည်။


သူ စားချင်သော်လည်း ရှီးရှီးကဲ့သို့ ချစ်စရာကောင်းအောင် မနေတတ်ပေ။


အမဲသားအစပ်ချက်ကို ထိုနှစ်ဦး ပျော်ရွှင်စွာ စားနေသည်ကိုကြည့်ပြီး စိတ်ဓာတ်ကျသွားသည်။


ပုဖန် စင်မြင့်ဆီသို့ ပြန်သွားကာ မီးဖိုဆီသို့လျှောက်လာသည်။ ထာဝရနဂါး အမဲသားအစပ်ချက်ကိုသယ်၍ ဖြူပြာရောင် ကြွေပန်းကန်ပြားပေါ် တင်လိုက်သည်။


အကဲဖြတ်ဒိုင်များဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။


စင်မြင့်ပေါ်တွင် အကဲဖြတ်ဒိုင်များမှ လုယီ၏ ဟင်းလျာကို မြည်စမ်းပြီး အကဲဖြတ်နေပြီဖြစ်သည်။


ဝိုင်ရေကန်နှင့် ‌စုံတောမြိုင်အသားဟင်းမှာ တီထွင်ဆန်းသစ်မှုရှိသည့်ဟင်းလျာဖြစ်သည်။ ထို့အပြင် လုယီ၌ ချီလင်အာရုံခံစားမှု အထိအတွေ့ ရှိသည့်အတွက် ပါဝင်ပစ္စည်းများရွေးချယ်မှုမှာ ချီလင်စားဖိုမှူးနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။ ထို့ကြောင့် ထိုဟင်းလျာကို ချက်ပြုတ်ခြင်းမှာ သူ့အတွက် မခက်ခဲပေ။ 


ဝိုင်ရေကန်နှင့် စုံတောမြိုင်အသားဟင်းပွဲမှာ မျက်စိပသာဒ ဖြစ်ရုံသာမက ချက်ပြုတ်သည့်နည်းလမ်းကလည်း ဆန်းကြယ်သည်။


ဒိုင်လူကြီးတစ်ဦးက သစ်ပင်ပုံစံ ပြုလုပ်ထားသည့် အသားကိုယူ၍ ဖြည်းညှင်းစွာကိုက်လိုက်သည်။


ထိုအကဲဖြတ်ဒိုင်၏ စိတ်ထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသလိုပင်။


" ဒီ ခံစားချက်က ..."


ထို့နောက် အကဲဖြတ်ဒိုင်က ‌တည်ကြည်လေးနက်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ နဂါးအသားကို ဝါးနေစဉ်မှာပင် အရသာရုတ်တရက် ထွက်ပေါ်လာသည်။ ဝါးနေခိုက်တွင် တစ်ကိုယ်လုံးမှ ချွေးပေါက်များပွင့်သွားသကဲ့သို့ ခံစားရသည်။


" ဒါက ကြက်ဥအနှစ်လား ..."

အကဲဖြတ်ဒိုင်မှ တအံ့တဩမေးလိုက်သည်။


ဒိုင်လူကြီး၏ တုံ့ပြန်မှုကို မြင်သည့်အခါ လုယီ အနည်းငယ် ကျေနပ်သွားသည်။ ခေါင်းငြိမ့်ပြပြီး ရှင်းပြလိုက်သည်။ 

" ဟုတ်ပါတယ် ... နဂါးအသားနဲ့ လုပ်ထားတဲ့သစ်ပင်တွေထဲမှာ ကြက်ဥအနှစ်ပါတယ် ဒါပေမဲ့ ကြက်ဥမဟုတ်ပဲ ကွဲပြားတဲ့ ငှက်ဝိညာဉ်သားရဲတစ်ကောင်ပါ ... အဲ့တာကြောင့် ဥရဲ့အရသာက နဂါးအသားရဲ့ အရသာကို မဖုံးလွှမ်းနိုင်တာပါ ..."


ဥထဲမှ ထွက်လာသည့်အနှစ်ရည်များက လိမ္မော်ဝါရောင်ဖြစ်သည်။ ပူနေသော်လည်း ပျစ်ခဲမနေပေ။ ပျစ်ခဲသွားပါက ဟင်းလျာကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။ ပျစ်ခဲသွားသည့် အနှစ်ရည်များက ဥအနှစ်ခဲ ဖြစ်သွားပြီး အရသာကို အလွန်သက်ရောက်နိုင်သည်။


လုယီ သူ၏ပြောင်မြောက်လှသည့် ဓားစွမ်းရည်ကို အသုံးပြု၍ နဂါးပေါင်ရင်းသားကို ဖြတ်လိုက်သည်။ ကြက်ဥအကာကို ဖယ်ရှားပြီးနောက် ချေထားသော အသားများကို အသုံးပြု၍ ကြက်ဥအကာကို ဖယ်ထုတ်ပြီးနောက် အပူချိန်ကို ထိန်းချုပ်ကာ ကြက်ဥအရည်၏ အပူချိန်ကို ကန့်သတ်ချက်သို့ ရောက်ရှိအောင် ပြုလုပ်ပေးသည်။


တခြားအရာများကိုလည်း ပြုလုပ်ခဲ့သည်။ ကြက်ဥအရည်ထဲတွင် ဆေးဖက်ဝင်ဆေးရည်အချို့ကို ထည့်ထားသည်။ ဤအရည်က ကြက်ဥအရည်၏ အပူချိန်ကို ထိခိုက်စေနိုင်သည်။


နဂါးအသားအတွက် အရှိန်အဟုန်ပြင်းပြင်းနှင့် ကြော်ထားသည့်သောကြောင့် ကျက်သည့်အခါ ကြက်ဥအကာများ ပျစ်ခဲမနေတော့ပေ။ 


ထိုလုပ်ငန်းစဉ်အတွက် သန်မာသော စိတ်စွမ်းအင်နှင့် အင်အားကို ထိန်းချုပ်နိုင်မှု လိုအပ်သည်။ ၎င်းမှာ ချီလင်အာရုံခံစားမှု အထိအတွေ့ဖြစ်သည်။


အကဲဖြတ်ဒိုင်များ အလွန် ကျေနပ်အားရနေကြသည်။ ဤကဲ့သို့ ရှုပ်ထွေးပွေလီသော ခြယ်လှယ်မှုကို အသုံးပြုခြင်းက ချီလင်အာရုံခံစားမှု အထိအတွေ့ ဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သည်။ လုယီတစ်ယောက်သာ ထိုသို့ လုပ်နိုင်သည်။ 


လုယီက လူငယ်မျိုးဆက်သစ်များကြားတွင် အလွန်အလားအလာကောင်းသည်ဟု ယူဆသည်မှာ အံ့သြစရာမဟုတ်ပေ။ သူ၏အောင်မြင်မှုများနှင့် အရည်အချင်းများက ထိပ်တန်းဖြစ်သည်။


" နဂါးအသားရဲ့အောက်က ဘာလဲ ... နဂါးအသား အပိုင်းအစတွေလား ..."

ဒိုင်လူကြီးက တူကိုသုံး၍ သစ်ပင်ပုံစံအသားကို မလိုက်ပြီး ရွှံ့နှင့်တူသောအသားကို ပါးစပ်ထဲသို့မထည့်မီ စစ်ဆေးလိုက်သည်။


သူ၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ရုတ်တရက် ပြူးကျယ်သွားသည်။


" ဒီ နဂါးအသားအပိုင်းအစတွေက နဂါးပေါင်ရင်းသားရဲ့ အရွတ်နဲ့ လုပ်ထားတာပါ ... အပိုင်းသေးသေးလေးတွေဖြစ်အောင် ဓားနဲ့လှီးထားပါတဲ့အတွက် အရသာက အလွန်ကောင်းပါတယ် ..."

လုယီ ယုံကြည်ချက်အပြည့်ဖြင့် ဖြေလိုက်သည်။


" ပြီးတော့ ရေကန်ကရော ... တစ်ခုလုံးက ဝိုင်တွေပဲလား ..."

အကဲဖြတ်ဒိုင်မှ ဇွန်းတစ်ဇွန်းအပြည့် ခပ်လိုက်ပြီး အရသာခံလိုက်သည်။ ၎င်းက သူ၏အစာအိမ်အထိ စီးဆင်းသွားသည်။


စုံတောမြိုင်အသားဟင်းနှင့် ကွာခြားသည်မှာ ဤဝိုင်က မမျှော်လင့်ပဲ ရေခဲကဲ့သို့ အေးစက်သည့် ခံစားချက်ကို ပေးနေသည်။


ဒိုင်လူကြီး မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းများကို သပ်လိုက်သည်။


" ဝိုင်က ကောင်းပါတယ် ဒါပေမဲ့ ဟင်းလျာနဲ့ပေါင်းလိုက်တဲ့အခါ အဆင့်က နည်းနည်းနိမ့်နေတယ် ..."


လုယီ ခါးသက်စွာ ပြုံးလိုက်သည်။

" ဒါက ကျွန်တော်ကိုယ်တိုင် ဒီဟင်းလျာအတွက် ရွေးချယ်ထားတဲ့ နဂါးမျက်ရည်ဝိုင်ပါ ... တကယ်တော့ဒါက ဝိုင်ကောင်းတစ်ခုပါ ဒါပေမဲ့ ဒီဟင်းလျာမှာ သုံးလိုက်တော့ ဝိုင်ရဲ့ သိမ်မွေ့တဲ့အရသာကို ဟင်းလျာက ဖုံးလွှမ်းပြီး ပျောက်ကွယ်သွားတာပါ ... နောက်ဆုံးမှာတော့ ဟင်းလျာတွေအတွက် ခေါင်းစဉ်က နဂါးပဲလေ ..."


အကဲဖြတ်ဒိုင်က ပြုံးလိုက်သည်။

" မင်းစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မှတ်ထားတာပဲ ..."


လုယီ၏ မျက်လုံးများက မုန့်ချီပေါ်သို့ ရောက်သွားသည်။ 


အလွန်စိတ်လှုပ်ရှားပြီး သိချင်စိတ်ပြင်းစွာဖြင့် သူ၏အကြည့်များက အရောင်တောက်နေသည်။


သို့သော် သူ ခပ်မြန်မြန်ပင် စိတ်ပျက်သွားရသည်။


မုန့်ချီ ဘာမှမပြောပေ။ သိမ်မွေ့စွာ စားပြီးနောက် တူများကိုချကာ ထပ်မလှုပ်ရှားတော့ပေ။ 


လုယီ၏ နှလုံးသားထဲတွင် အသက်ရှုကျပ်သည့် ခံစားချက်ကြီး ဖြစ်ပေါ်လာသည်။

သူ့ရဲ့ဟင်းလျာက မြို့တော်သခင်မုန့်ချီက အထင်ကြီးစေဖို့ မလုံလောက်ဖူးလား ...


မြို့တော်သခင်မုန့်ချီဆီမှ သူ ချီးကျူးခံရချင်သည်။

အဲ့တာ အရမ်းခက်ခဲနေလို့လား ...


" မြို့တော်သခင်မုန့်ချီ မှတ်ချက်တစ်ခုခုများ ပေးဦးမလား ..."


မြို့တော်သခင်မုန့်ချီ ဘာမှမပြောသည့်အတွက် သူအရင် လက်ဦးမှုယူလိုက်သည်။


မုန့်ချီကိုကြည့်နေသော လုယီ၏ မျက်လုံးများက မီးတောက်မတတ်ပင်။


အဝေးတွင် ...


မြို့တော်သခင်ကျိုး စိတ်တိုနေသည်။


" လောင်လျှို ကြည့်လိုက်ဦး အဲ့ဒီ လုမျိုးနွယ်ကောင်က ငါတို့ညီမလေးမုန့်ချီကို ပေါက်ထွက်မတတ်ကြည့်နေတာ ... အရှက်ကို မရှိဘူး ..."


မြို့တော်သခင်ကျိုး တုန်ယင်နေပြီး နှုတ်ခမ်းများတွန့်ချိုးလျက် လက်ချောင်းများကို ပုတ်နေသည်။


" ဟုတ်သားပဲ ... အရမ်းရဲတင်းနေတာ ..."

မြို့တော်သခင်လျှို့ လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ မျက်လုံးများက စူးရှနေသည်။


" ဟုတ်တယ် လုနဲ့ လျှို့ မျိုးရိုးနာမည် ရှိတဲ့လူတွေက ကောင်းကို မကောင်းတာ ..."

မြို့တော်သခင်ကျိုး နှာခေါင်းရှုံ့လိုက်ပြီး အထင်အမြင်သေးစွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။


မြို့တော်သခင်လျှို၏မျက်နှာ မည်းမှောင်သွားသည်။ တစ်ဖက်သို့လှည့်ကာ ရေခဲတမျှအေးစက်သည့် အကြည့်နှင့် ကြည့်လိုက်သည်။


" ကျိုးကျဲ့လွင် ထပ်ပြောကြည့်လိုက်စမ်း ... ငါ့ရဲ့ ပန်းကန်လုံးနဲ့ မင်းကို ထုမှာနော် ..."

မြို့တော်သခင်လျှို့ ပြောပြီး လက်ဖြင့်ရွယ်ထားသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်စွမ်းအင်များဖြင့် အနက်ရောင်ပန်းကန်လုံးကြီး ပေါ်လာသည်။


" အာ ငါ့ကို ပန်းကန်လုံးနဲ့ ထုချင်နေတာလား ဟမ် ... လာစမ်းပါ ... ငါ့ကို အဲ့ဒါနဲ့ထုလို့ရပေမယ့် သတ်လို့မရဘူး ... မင်းမှာ အဲ့လိုစွမ်းရည်ရှိရင် ဒီအဘွားကြီးက မင့်ရဲ့ မိသားစုနာမည်ကို ယူလိုက်မယ် ..."


မြို့တော်သခင်ကျိုး ခါးထောက်ကာ စိုက်ကြည့်နေပြီး မြို့တ်ာသခင်လျှို့ကို ဆူနေသည်။ 


မြို့တော်သခင်လျှို့၏ နှလုံးသားများ အေးခဲသွားသည်။ သွေးအန်တော့မလိုပင် ဖြစ်နေသည်။


ဘယ်လောက်တောင် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အခြောက်မလဲ ... ဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး ...


စင်မြင့်ပေါ်တွင် လုယီ၏ မီးတောက်မတတ်အကြည့်များကို မုန့်ချီ ရင်ဆိုင်နေရသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

" ဒီဟင်းလျာက မဆိုးပါဘူး ... ဒါပါပဲ ..."


လုယီ အံ့အားသင့်သွားသည်။ သူ၏နှလုံးသားထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်သွားသည်။

သူ့ကိုအကဲဖြတ်ဖို့ ယျေဘုယျ ဝေဖန်ချက်မျိုးပဲ သုံးသွားတာလား ...


သို့ပေမဲ့ သူ့ထံတွင် ရွေးချယ်စရာမရှိပေ။ မုန့်ချီကို စစ်မေးနေ၍ မရပေ။ သူမလုပ်နိုင်သည့်အပြင် မလုပ်ရဲပေ။ 


ပရိသတ်များက လုယီ၏ဟင်းလျာကို ကြီးမားသည့် အလင်းမျက်နှာပြင်ကြီးမှ မြင်နေရသည်။


၎င်းက အဆင့်မြင့်ဟင်းလျာ ဖြစ်သည့်အပြင် ပြီးပြည့်စုံလုနီးပါးဖြစ်သည်။


" ကြည့်ရတာ လုယီ နိုင်မယ်ထင်တယ် ..." 


" အသေးစိတ်စီမံထားတာတွေက ခမ်းနားလွန်းတယ် ... အမတလျှာနဲ့ ချီလင်အာရုံခံစားမှု အထိအတွေ့ ရှိတဲ့ အင်မော်တယ်စားဖိုမှူး ဖြစ်ထိုက်ပါပေတယ် ... မျက်နှာသာပေးခြင်း ခံရတဲ့ ကောင်းကင်ဘုံက သားတော်ပဲ ..."


" နတ်ဆိုးဘုရင်ကြီးမှာ မျှော်လင့်ချက် မရှိ‌တော့ဘူး ... မိုးကြိုးပြစ်ဒဏ်ကို အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့တာတောင် လုယီရဲ့ ဟင်းလျာရဲ့ အရ်ာအသွေးနဲ့ မယှဉ်နိုင်လောက်ဖူး ..."


ပရိသတ်များ စိတ်မကောင်းဖြစ်စွာ သက်ပြင်းချနေကြသည်။


နောက်ဆုံးမှာဆော့ လုယီလို ကြောက်မက်ဖွယ်စားဖိုမှူးကို စိန်ခေါ်မိသူတိုင်းက စိတ်ပျက်အားငယ်မှုတွေနဲ့ ကြုံရမှာပဲ ... 


နတ်ဆိုးဘုရင်ကြီးက ဆန်းကြယ်မှုများကို ဖန်တီးနိုင်မည်ဟု မျှော်လင့်နေသူ အချို့လည်းရှိသည်။


ထိုအချိန်၌ ပုဖန် မုန့်ချီ၏ရှေ့မှ အကဲဖြတ်ဒိုင်များ၏ စားပွဲပေါ်သို့ အမဲသားအစပ်ချက်ကို တင်လိုက်သည်။


ထိုဟင်းလျာတစ်ဝိုက်တွင် မသေမျိုးစွမ်းအင်များ ရစ်ဝဲပြီး တောက်ပနေသည်။


အလင်းမျက်နှာပြင်ပေါ်မှ အမဲသားအစပ်ချက်မှာ နူးညံ့သည့် အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။ အပြည့်အဝပွင့်လန်းလာမည်ကို စောင့်မျှော်နေသည့် ပန်းပွင့်အဖူးလေးကဲ့သို့ပင်။


လုယီ၏ ဝိုင်ရေကန်နှင့် စုံတောမြိုင်အသားဟင်းကဲ့သို့ မိုးကြိုးပြစ်ဒဏ်လေးခုကို အစပျိုးနိုင်ခဲ့သည့် ဟင်းဖြစ်ကြောင်း သံသယဝင်ရန်ပင် မလိုပေ။


သူ၏ အသွင်အပြင်တစ်မျိုးတည်းနှင့်ပင် လုယီ၏ ဝိုင်ရေကန်နှင့် စုံတောမြိုင်အသားဟင်းကို မရှုံးနိုင်ပေ။


" ဟမ် ... ဒါက အေးခဲဟင်းလျာလား ..."


မုန့်ချီ ထိုဟင်းလျာကို မြင်သည့်အခါ မျက်ခုံးပင့်လိုက်ပြီး ပုဖန်ကို သံသယမကင်းစွာ ကြည့်နေသည်။


ပုဖန် မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 

" အဲ့ဒီလို သတ်မှတ်နိုင်ပါတယ် ..."


" အေးခဲဟင်းလျာဖြစ်အောင် ချက်ထားတဲ့အတွက် အသားရဲ့ အရသာကို ပေါ်လွင်စေဖို့ ခက်ခဲမှာပဲ ... မင်းက သာမန်အသိဉာဏ်တွေကို လျစ်လျုရှု့ထားတာပဲ ..."


ဒိုင်တစ်ယောက်က နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အေးခဲဟင်းလျာများလည်း ရှိပါ‌သည်။ သို့သော် ထိုသို့ခေါ်သည့်ဟင်းလျာများကို မသေမျိုးပါဝင်ပစ္စည်းများနှင့် အထူးဝိညာဉ်ဆေးပင်များနှင့် ပေါင်းစပ်ရသည်။ ထို့နောက် ပဲငံပြာရည်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များပါ ပေါင်းစပ်လိုက်မှ အရသာက ထူးကဲသည်ဖြစ်သည်။ 


သို့သော် အင်မော်တယ်စားဖိုမှူးအနည်းငယ်ကသာ အသားကို အေးခဲဟင်းလျာအဖြစ် ချက်ပြုတ်ကြသည်။


အသားဆိုသည်မှာ အပူဖြင့် ချက်ပြုတ်မှသာ ပြီးပြည့်စုံသည့် ရနံ့နှင့် အရသာရရှိမည်ဖြစ်သည်။


ပုဖန်၏ဟင်းလျာမှာ အေးခံဟင်းလျာဖြစ်ကြောင်း ပရိသတ်များ ကြားသည့်အခါ စိတ်ပျက်သွားကြငည်။


ပုဖန်ထံတွင် ယုံကြည်ချက်များ ပျောက်ဆုံးသွားသည်။ 


လုယီ မျက်မှောင်ကြုတ်လိုက်သည်။ 

နတ်ဆိုးဘုရင်ကြီးက အရမ်းသတ္တိရှိနေတာပဲ ... အေးခဲဟင်းလျာသုံးပြီး သူနဲ့ပြိုင်ရဲတယ်ပေါ့ ...


ကြည့်ရတာ ဒီပွဲမှာ သူပဲ သေချာပေါက်နိုင်မယ်ထင်တယ် ...


သို့သော် သူ၏မျက်နှာကြီး အေးခဲသွားသည်။


အဘယ့်ကြောင့်ဆိုသော် မုန့်ချီ ပြောလိုက်သည့် စကားကြောင့်ဖြစ်သည်။

" အေးခဲဟင်းလျာက ဘာဖြစ်လို့လဲ ... အရာအားလုံးကို ကောက်ချက်ချဖို့ စောလွန်းပါသေးတယ် ... အရသာပေါ်မှာပဲ မူတည်တာလေ ..."


အခြားအကဲဖြတ်ဒိုင်များလည်း ခေါင်းငြိမ့်လိုက်သည်။ သို့သော် သူတို့စိတ်ထဲတွင် မှန်သည်ဟု လက်မခံကြပေ။


လုယီ၏နှလုံးသားကို မမြင်ရသည့် မြှားတစ်စင်း လာစိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူမဘာလို့ အဲ့လိုလုပ်ရက်ရတာလဲ ... မြို့တော်သခင်မုန့်ချီက ဘက်လိုက်တာပဲ ...


ဝုန်း ဝုန်း ...


မုန့်ချီ တူကိုကိုင်ပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသည့် နဂါးအသားတစ်ပိုင်းကို ယူလိုက်သည်။


ထိုအသားအပိုင်းအစလေးမှာ လင်းလက်တောက်ပနေသည်။


အားလုံး၏ အကြည့်များရှေ့တွင် ...


အဆီအနှစ်များနှင့် အသားက သူမပါးစပ်ထဲ ရောက်သွားသည်။


သူမပါးစပ်ထဲ ထိုအသားရောက်သွားသည်နှင့် မြို့တော်သခင်မုန့်ချီ၏ မျက်လုံးများ အရောင်တောက်သွားသည်။