အခန်း ၁၀၆၈
ပြိုင်ပွဲ၏အဆုံးသတ် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံကို လဲလှယ်ခြင်း
နေရာတစ်ခုလုံး အပ်ကျသံပင်မကြားအောင် တိတ်ဆိတ်သွားသည်။
စင်မြင့်ပေါ် မှ မြင်ကွင်းကို အံ့အားသငါ့နေသော မျက်နှာများဖြင့် ကြည့်နေကြပြီး အသံပင် မထွက်ရဲကြပေ။
သူတို့၏အကြည့်များတွင် ထိတ်လန့်မှုနှင့် အကြောက်တရားများဖြင့် ပြည့်နေသည်။
အရာအားလုံးနှင့် လောင်းကြေးထပ်ထားသော လုယီနှင့် ဝတ်ရုံနက်လူတို့၏ စားဖိုမှူးစိန်ခေါ်ပွဲမှာ အားလုံးမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
မူလက လုယီ ထိုလူကိုအနိုင်ယူလိုက်မည်ဟု ထင်လိုက်သော်လည်း ရလဒ်များက ထင်ထားသလို ဖြစ်မလာခဲ့ပေ။
ရလဒ်ကို ကြိုတင်မှန်းဆခဲ့သော်လည်း လူမှားယွင်းနေသည်။
အနိုင်ယူလိုက်သည့်လူမှာ လုယီမဟုတ်ပဲ ဝတ်ရုံနက်လူဖြစ်နေသည်။
ဝတ်ရုံနက်လူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်နှင့် ဓားစွမ်းရည်များအောက်တွင် လုယီ မီးဖိုချောင်သုံးဓားကိုပင် သေချာ မကိုင်နိုင်တော့ပေ။ သူ၏ခေါင်းတစ်ခုလုံး ချွေးများဖြင့်ပြည့်နေပြီး ဟင်းလျာပြီးဆုံးရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
ချက်ပြုတ်သည့်အချိန်တွင် သူ၏နှလုံးသားက ပို၍ တုန်ယင်လာသည်။
အဆုံးတွင် လုယီ၏ဟင်းလျာမှ မိုးကြိုးနဂါးများက ချက်ချင်းပင် ပြန့်ကျဲသွားသည်။
သတ္တိတစ်အောင်စလောက်နဲ့ ချက်ထားတဲ့ဟင်းလျာက ပြိုင်ဘက်ဖြစ်တဲ့ ယုံကြည်မှုရှိတဲ့ ဝတ်ရုံနက်လူကို ဘယ်လို ရင်ဆိုင် နိုင်မှာလဲ ...
နတ်ဆိုးဘုရင်ကြီး၏ ပြိုင်ပွဲနှင့် နှိုင်းယှဉ်ပါက ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် လုယီ စိတ်ပျက်အားငယ်မှုကို ခံစားနေရသည်။
သူ ရုတ်တရက် နောင်တရလာသည်။
ဘာလို့ ဒီလူရဲ့ စားဖိုမှူးစိန်ခေါ်ပွဲကို သူ လက်ခံလိုက်ပါလိမ့် ... သူ့ရဲ့ဦးနှောက်က အလုပ်မလုပ်တော့တာပဲ ဖြစ်မယ် ...
ပိုအရေးကြီးက ဒီလူက စားဖိုမှူးစိန်ခေါ်ပွဲကို တီထွင်ခဲ့တဲ့သူပဲ ...
လုယီ၏မျက်လုံးများက သူ၏လက်ကိုကြည့်လျက် တွေဝေမိန်းမောနေပြီးသူ၏ပုံရိပ်ကလည်း အဆက်မပြတ် တုန်ခါနေသည်။
" ကျွတ် ကျွတ် ကျွတ် .."
ဝတ်ရုံနက်နှင့်လူက အနက်ရောင်မီးဖိုချောင်သုံးဓားကို ကိုင်ထားသည်။ သူ၏ဓားသွားတွင် အနီရောင်အမှတ်များ တောက်ပနေပြီး ဓားကိုကြည့်ရသည်မှာပင် မကောင်းဆိုးဝါးပုံစံ ပေါက်နေသည်
လက်ထဲတွင် လှည့်လိုက်သည့်အခါ သူ၏လက်ထဲတွက် လည်သွားသည်။
" ပဉ္စမအလွှာက ကြောက်ခမန်းလိလိစားဖိုမှူးက ဒလိုမျိုးစိတ်ကျေနပ်စရာမကောင်းလောက်ဖူးလို့ ဘယ်သူထင်ထားမှာလဲ .. အားလည်းနည်းတယ် ... အစကတော့ စားဖိုမှူးစိန်ခေါ်ပွဲကို စိတ်ဝင်စားစရာကောင်းမယ်ထင်ခဲ့တာ ခုတော့လုံးဝစိတ်ဝင်စားဖို့ မကောင်းဘူး ..."
ဝတ်ရုံနက်လူက ခေါင်းခါလိုက်ပြီး စိတ်ပျက်မှုက်ု ဖော်ပြလိုက်သည်။
လုယီ၏ရင်ထဲတွင် အမျက်ဒေါသများ တလိပ်လိပ်တက်လာနေသော်လည်း မည်သည့်နေရာ၌ ပေါက်ကွဲပစ်ရမည်ကို မသိပေ။
ဘာကြောင့်လဲဆိုတော့ သူရှုံးသွားတာ အမှန်တရား ဖြစ်နေတယ် ...
လုံးဝကို အနိုင်ယူခံလိုက်ရတာပဲ ...
အားလုံးတိတ်ဆိတ်နေပြီး ပြောရန်စကားလုံးများပင် ရှာမရပေ။
စင်မြင့်၏အောက်တွင် အချို့ အင်မော်တယ်စားဖိုမှူးများက အနည်းငယ် ကံကောင်းသည်ဟု ခံစားနေကြသည်။ အကာ်၍ ထိုလူသာ သူတို့ကို စိန်ခေါ်ခဲ့ပါက စိတ်ဓာတ်ကျနေရမည့်သူမှာ သူတို့သာ ဖြစ်သည်။
ယခုချိန်၌ လုယီ အမှန်တကယ်ပင် စိတ်ဓာတ်ကျနေသည်။
ခြေလက်များလည်း အေးစက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူဆွေးမှုတွင် နစ်မြုပ်နေသည်။
ပြန်လည်တိုက်ခိုက်ချင်နေသော်လည်း ထိုလူမှာ အိမ်မက်ဆိုးကဲ့သို့ သူ၏ဦးခေါင်းနှင့် ခြေလက်များကို တုန်ယင်နေစေသည်။
" ငါ .."
လုယီ တစ်စုံတစ်ရာ ပြောချင်နေသေးသော်လည်း ထိုလူက သူ့အနားသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်။
စင်မြင့်ပေါ်တွင် မြို့တော်သခင်မုန့်ချီ မျက်ခုံးများ ပင့်နေသည်။
တစ်ဖက်တွင်မူ နယ်ပယ်သခင်တိထိုက်က ဝတ်ရုံနက်လူကို ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အရိပ်အမြွက် ပေါ်လာသည်။
" ဒီစားဖိုမှူးစိန်ခေါ်ပွဲက ရက်စက်လွန်းတယ် ... ပုပုလေးရဲ့စိန်ခေါ်ပွဲကိုပဲ ငါသဘောကျတယ် မီးဖိုချောင်သုံးဓားကိုပဲ ဆုံးရှုံးရတာလေ ..."
ဝတ်ရုံနက်လူ၏ စားဖိုမှူးစိန်ခေါ်ပွဲမှာ ချက်ပြုတ်ခြင်းခရီးလမ်းကိုပင် ဖြတ်တောက်လိုက်နိုင်သည်။
" လောင်းဖို့ သဘောတူလိုက်ပြီဆိုတော့ ရှုံးရင်လည်း လက်ခံနိုင်ရမှာပေါ့ ... တခြား ဘာပြောစရာရှိသေးလဲ ..."
ထိုလူက လက်မြှောက်ပြီး လုယီ၏ပခုံးများကို ထိလိုက်သည်။
ချက်ချင်းပင် အနှိုင်းမဲ့ကြောက်မက်ခြင်းက လုယီပေါ်တွင် ကျရောက်လာပြီး အသက်ရှုရပင် ခက်ခဲသွားစေသည်။
သူ ရှုံးခဲ့ပေမယ့် တန်ရာတန်ကြေး မပေးနိုင်ဘူး ဖြစ်နေတာပဲ ...
" နည်းနည်းလောက် သနားနိုင်ဦးမလား ကျွန်တော် ..."
လုယီ အံကြိတ်ထားသည်။ သူ၏အကြည့်များထဲတွင် နောင်တရနေသည်မှာ ထင်ရှားပေါ်လွင်နေသည်။
စားဖိုမှူးစိနိခေါ်ပွဲကို သူ မလုပ်ခဲ့သင့်ဘူး ...အခုတော့ နောင်တ ရနေရပြီ ...
" ကျွတ် ကျွတ် ကျွတ် ... မင်းက အသနားခံနေတာလား ..."
ဝက်ရုံနက်လူက စိတ်ဝင်စားသွားဟန်ပေါ်သည်။
" ဖြစ်နိုင်ဦးမလား ..."
ထိုလူ့ထံမှ စိတ်လျှော့လိုက်သည့်လေသံကို ကြားရသဖြင့် လုယီ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။
" ငါ့အတွက်ကတော့ သနားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ... ဒါပေမဲ့ အဲ့လိုဆိုရင် ငါ့ဖို့ ဘာအကျိုးရှိမလဲ ..."
ဝတ်ရုံနက်လူက ပြောလိုက်သည်။
" ကျွန် ... ကျွန်တော် ခင်များရဲ့ အလုပ်သင်လုပ်ပါ့မယ် ..."
လုယီ ထိုစကားများကို အံကြိတ်ထားလျက် ပြောလိုက်သည်။
ထိုစကားတစ်ခွန်းက သူ၏မာန်မာနများ အားလုံးကို ယူဆောင်သွားသည်။
ဝတ်ရုံနက်လူ အေးခဲသွားသည်။
ထိုနေရာတွင် ရှိနေသူတိုင်းလည်း အံ့အားသင့်သွားသည်။
လုယီက တစ်ယောက်ယောက်ရဲ့ အလုပ်သင် လုပ်မယ်တဲ့လား ...
အားလုံး လေအေးကို ရှုရှိုက်နေရသည်။ ၎င်းမှာ အတွေးထားသည့်အရာဖြစ်သော်လည်း ဆယ်နှစ်ခန့် မချက်ပြုတ်ရခြင်းထက် ပို၍ ကောင်းနေသေးသည်။
သို့သော် ဝတ်ရုံနက်လူက ရယ်လိုက်သည်။
" ကျုပ်ရဲ့ အလုပ်သင်ဟုတ်လား ... မင်းမှာ ဖြစ်ခွင့်မရှိပါဘူး ... ပိုင်ရှင်ပုဆိုရင်တော့ ဖြစ်နိုင်သေးတယ် ဒါပေမဲ့ မင်းကတော့ ... ထားလိုက်ပါ မေ့လိုက်တော့ ..."
လုယီ၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်များ အေးခဲသွားသည်။
ပျက်ရယ်ပြုသည့်ရယ်သံဖြင့် ထိုလူ၏ လက်များဆန့်ပြီး လုယီ၏ ရင်ဘတ်ပေါ်တင်လိုက်သည်။
ဒုတ် ဒုတ် ...
နှလုံးခုန်သံများ ထွက်ပေါ်လာသည်။
ဝုန်း ...
အားလုံးမျက်လုံးပြူးသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ဝတ်ရုံနက်လူ၏နောက်တွင် အန္တရယ်ပြုမည့်ပုံပေါ်သည့် သားရဲကြီး၏အရိပ် ပေါ်လာသောကြောင့်ဖြစ်သည်။
ထိုဧရာမ သားရဲကြီးမှာ လုယီ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ် အဆီအနှစ်များကို စုပ်ယူနေသည်။
ဝတ်ရုံနက်လူဆီမှ မျိုချသံများကိုပင် ပရိသတ်များ ကြားနေရသည်။
အဲ့ဒီ မကောင်းဆိုးဝါးကြီးကတော့ ...
စင်မြင့်၏အောက်တွင် ...
ပုဖန် မျက်ခုံးကို တွန့်ချိုးလိုက်ပြီး နောက်ဆုံးကျန်သည့် ကမာပန်ကိတ်တစ်ကိုက်စာကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဝတ်ရုံနက်လူ၏နောက်မှ မှုန်ဝါးဝါးပုံရိပ်ကို ရင်းနှီးနေသည့်ပုံပင်။
" ထောင်တျဲလား ..."
ပုဖန် ရေရွတ်လိုက်သည်။
" အဲ့ဒါ အနက်ရောင် ထောင်တျဲပဲ ..."
ပုဖန်ကို ကြည့်၍ ကမာပန်ကိတ်ကို ကိုင်ထားပြီး သူမပြောလိုက်သည်။
" အနက်ရောင် ထောင်တျဲတဲ့လား ... အဲ့တာလည်း ထောင်တျဲ မဟုတ်ဖူးလား ..."
ပုဖန် သိချင်သွားသည်။
" အနက်ရောင်ထောင်တျဲရဲ့ ရင်းမြစ်က ငရဲအကျဉ်းထောင်ရဲ့ နတ်ဆိုးတွေဆီကပဲ ..."
နယ်သာရီ ပြောလိုက်သည်။ သူမ၏ စကားများမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသော်လည်း လေးနက်နေသည်။
ဤတစ်ကြိမ်ဆွင် ပုဖန် လုံးဝအံ့အားသင့်သွားသည်။
ငရဲအကျဉ်းထောင်ကလား ...
ငရဲအကျဉ်းထောင်ဟု ခေါ်သည့်နေရာမှာ ကမ္ဘာမြေအကျဉ်းထောင်ထက်ပို၍ လျှို့ဝှက်ဆန်းကြယ်သည်။ ခွေးဘုရင်နှင့် ယခင်ငရဲဘုရင်တို့က ငရဲအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ကြသော်လည်း အဆုံးတွင် လုံးလုံးလျားလျား ချေမှူန်းခံလိုက်ရသည်။
တကယ်လို့ ဝတ်ရုံနက်လူက အစားကြူးတောင်ကြားရဲ့ ပထမတောင်ကြားသခင်ဆိုရင် ငရဲအကျဉ်းထောင်နဲ့ ဘယ်လိုဆက်နွယ်နေတာလဲ ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကိုရောက်ပြီူတော့ သူတို့ ဘာတွေများ ကြုံတွေ့ခဲ့ရတာလဲ ...
စင်မြင့်ပေါ်တွင် လုယီ၏ပုံရိပ် ခွေကျသွားပြီး မျက်လုံးများမှာ အသက်မဲ့နေသည်။
သူ မသေသော်လည်း သူ၏ အချက်အပြုတ်နှလုံးသားလမ်းစဉ်မှာ မရှိတော့ပေ။
သူကတိပေးခဲ့သည့် ချက်ပြုတ်ခြင်းခရီးလမ်းမှာ ပျက်စီးသွားခဲ့ပြီဟု သတ်မှတ်နိုင်သည်။
" ဟေး ဟေး ဟေး အရမ်းကြီး စိတ်ပျက်အားလျော့မနေပါနဲ့ ... အချက်အပြုတ်နှလုံးသားလမ်းစဉ် မရှိရင်တောင်မှ ကျင့်ကြံလို့ ရပါသေးတယ် ... မင်းမှာယုံကြည်ချက် ရှိနေသရွေ့တစ်ကြိမ်ပြန်ပြီး တောက်ပလာဦးမှာပဲ ... ကြီးကျယ်ခမ်းနားတဲ့ ပင်ကိုစွမ်းရည်တွေက ဖြည်းဖြည်းချင်းရင့်သန်လာတတ်တာပဲ ..."
ဝတ်ရုံနက်လူက အပြုံးဖြင့်ပြောပြီး လုယီကို အမှန်တကယ်ပင် နှစ်သိမ့်ပေးနေသည်။
စင်မြင့်အောက်မှ လုယီ၏အဖေ သည်းမခံနိုင်တော့ပေ။
သူ၏သား အရှက်ကွဲမှုနှင့် နှိပ်စက်မှုများကို တောင့်ခံနေရသည်ကိုကြည့်ပြီး ဝမ်းနည်းမှုနှင့် ဒေါသများကညရင်ထဲတွင် ပြင်းထန်လာသည်။
" စင်မြင့်ပေါ်သို့ တစ်ဟုန်ထိုး တက်လာသည်။ ခြေတစ်လှမ်းချင်းစီတွင် ကြောက်မက်ဖွယ်စွမ်းအင်များ ပေါက်ကွဲထွက်နေသည်။ သူက တတိယအဆင့် အင်မော်တယ်စားဖိုမှူး ဖြစ်သည့်အတွက် သူ၏ကျင့်ကြံမှုမှာ အားမနည်းလှပေ။
သူ့ထံတွင် ကြယ်ခြောက်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ၏ ခွန်အားမျိုးရှိသည်။
ထိုလှုပ်ရှားမှုက ဝတ်ရုံနက်လူဆီသို့ ဦးတည်လာသည်။ ၎င်းမှာ လုယီအတွက် တရားမျှတမှု ယူပေးခြင်းပင်။
" မင်းက ရက်စက်တဲ့နည်းလမ်းတွေသုံးပြီး ငါ့သားကိုအနိုင်ယူသွားတာပဲ ငါလက်မခံနိုင်ဘူး ..."
လုယီ၏အဖေ ဟိန်းဟောက်လိုက်သည်။
သို့သော် ဝတ်ရုံနက်လူက လုယီအဖေ၏ တိုက်ခိုက်မှုကြောင့် မထိခိုက်သွားပေ။ ခုယီ၏ကိုယ်မှ အချက်အပြုတ်ကိရိယာများအားလုံးကို အေးအေးလူလူပင် ယူဆောင်သွားသည်။ သူ၏မသေမျိုးမီးတောက်သည်ပင် စုပ်ယူခံလိုက်ရသည်။
အားလုံးကို ယူဆောင်ပြီးသွားသည့်အခါ လက်ခုတ်တီးပြီး သက်သာရာရသွားသည့်ပုံဖြင့် သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် လုီာ၏အဖေက ချဉ်းကပ်လာသည်။ မုန်တိုင်းကဲ့သို့ လက်သီးက ထိုလူဆီသို့ တိုက်ရိုက်ပျံလာပြီး ဟင်းလင်းပြင်ကိုပင် လှိုင်းဂယက် ထသွားစေသည်။
ဝုန်း ...
ရုတ်တရက် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီး ပေါက်ကွဲသွားသည်။
လုယီအဖေ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
ကြွက်သားများဖြင့် တောင့်တောင့်တင်းတင်းလူက ဝတ်ရုံနက်လူ၏ရှေ့တွင် ပေါ်လာသည်။ စွမ်းအားပြင်းသည့် လက်သီးကို လွယ်လွယ်ကူပူပင် တားဆီးလိုက်သည်။
" နွားသိုးအိုကြီး ... စည်းမျဉ်းတွေကို အာရုံမစိုက်တဲ့ လူတွေကို သင်ခန်းစာပေးဖို့ အချိန်ရောက်ပြီ ..."
ဝတ်ရုံနက်လူက ပြောလိုက်သည်။
" သတ်ရမလား ဒါမှမဟုတ် ..."
တောင့်တောင့်တင်းတင်းလူက ဝတ်ရုံနက်လူကို အက်ကွဲနေသည့်အသံဖြင့် ပြောလိုက်သည်။
ဝတ်ရုံနက်လူက လက်မြှောက်လိုက်သည်။ သူ၏လက်သည်းများမှာ မည်းနက်နေသည်။
ထို့နောက် ရေခဲကဲ့သို့ အေးစက်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး စကားလုံးတစ်လုံးကို ပြောလိုက်သည်။
" သတ် ..."
ဝုန်း ...
သူပြောလိုက်သည့်အချိန်မှာပင် ကြွက်သားများတှင့်လူ၏ စွမ်းအင်များ မြင့်တက်လာသည်။
ပရိသတ်များ နှာမှုတ်သံတစ်ခုကို ကြားလိုက်ပြီး ခဏတွင်းချင်းမှာပင် လုယီ၏အဖေကို ထောင်ချီလေးသည့် ကျောက်တုံးတစ်တုံးနှင့် ပစ်လိုက်သည်ဟု ထင်ရပြီး နောက်ကိုပျံထွက်ပြီး သွေးအန်သွားသည်။
ထိုလူကြီးက လုယီ၏အဖေဆီသို့ နောက်ထပ် လက်သီးချက်တစ်ချက် ပစ်သွင်းရန် ပြင်နေသည်။
ပုံရိပ်ယောင်ဟင်းလင်းပြင်မှာ တွန့်လိမ်ပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
ဝုန်း ...
ဖိနှိပ်ချုပ်ချယ်သည့်စွမ်းအင်များ ပျောက်ကွယ်သွားသည်။
လုယီအဖေ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ပုံရိပ်က တုန်ယင်နေသည်။ ယခု သူ သေရန် တစ်လက်မအကွာသာ လိုတော့သည်။
ထိုလက်သီးကို တစ်စုံတစ်ယောက်က တားဆီးလိုက်သည်။
မုန့်ချီ၏ သိမ်မွေ့သောလက်က အနည်းငယ်မြှောက်ထားပြီး ထိုလက်သီးချက်ကို ပိတ်ဆို့လိုက်သည်။ သူမ၏ နူးညုံ့သောပုံရိပ်က ဖြည်းညှင်းစွာ နောက်ဆုတ်သွားပြီး အသက်ရှုထုတ်လိုက်သည်။
" ဒီတစ်ယောက်ရဲ့ သတ်ဖြတ်လိုစိတ်က လေးလံလွန်းတယ် ... မင်းရဲ့ထင်မြင်ချက်နဲ့ မကိုက်ညီရင် သတ်ပစ်တာပဲလား ..."
မုန့်ချီ မျက်ခုပင့်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ကောင်းပြီလေ မြို့တော်သခင်မုန့်ချီကတောင် ပြောနေမှတော့ ကျုပ်တို့ မသတ်တော့ပါဘူး ..."
ဝတ်ရုံနက်လူက ရယ်လိုက်သည်။
တည်ငြိမ်ပြီး နောင်တရသည့် ကိုယ်အမူအရာက မုန့်ချီကို အံ့အားသင့်သွားစေခဲ့သည်။
ဒီလူက အဖျက်သမားလိုပဲ ...
စင်မြင့်အောက်မှပုဖန်က ထိုဝတ်ရုံနက်လူမှာ အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင်ဖြစ်ကြောင်း အတည်ပြုပြီးပြီ ဖြစ်သည်။
အဲဒီ့ လူလိမ်လူကောက်ကတော့ ...
သူ့ကို ဘာက ဒီလိုဖြစ်စေခဲ့တာလဲ ...
သူ့ရဲ့ ချက်ပြုတ်စွမ်းရည်တွေက ဘာလို့ တစ်ဟုန်ထိုး တက်လာတာလဲ ...
ကြည့်ရတာ အဲ့လူရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ မြူအစုအဝေးကြီး ရစ်ပတ်ထားသလိုပဲ ...
ဝတ်ရုံနက်လူက စင်မြင့်ပေါ်မှဆင်းလာပြီး ကြွက်သားများနှင့်လူက သူ့နောက်မှ လိုက်လာသည်။
ကြွက်သားများနှင့်လူက မထွက်သွားမီ ဒိုင်လူကြီး၏ခုံတွင် ထိုင်နေသော ခွေးဘုရင်ကို စိုက်ကြည့်သွားသည်။ သူ အနည်းငယ် အေးခဲသွားပုံပင်။
ခွေးဘုရင်၏ ငိုက်မျည်းနေသော မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး ဝတ်ရုံနက်လူကို ကြည့်နေသည်။
ခဏအကြာတွင် သမ်းဝေလိုက်သည်။
စိတ်အခြေအနေပြိုကွဲပျက်စီးနေသော လုယီဆီသို့ မုန့်ချီ လျှောက်သွားလိုက်သည်။ သူမလက်ကိုဆန့်ပြီး လုယီ၏ခေါင်းကို ပုတ်ပေးကာ အားပေးနှစ်သိမ့်လိုက်သည်။
အမှန်တွင် ဝတ်ရုံနက်လူ ပြောသွားသည်က မှန်သည်။
အင်မော်တယ်စားဖိုမှူးများ၏ အသက်က ရှည်ကြာသဖြင့် ဆယ်နှစ်တာကာလက အလွန်မများပေ။ အကယ်၍ လုယီ ချက်ပြုတ်ခြင်းကို လိုလားတောင့်တပြီး ဆက်လက်ပြုလုပ်ပါက နောက်ဆုံးတွင် တစ်ကြိမ်ပြန်လည်တောက်ပလာနိုင်သည်။
အခက်အခဲများကို ကျော်လွှားနိုင်ပါက အတိတ်ကထက် ပိုမြင့်သည့်နေရာများကို ရောက်နိုင်လိမ့်မည်။
လုယီ၏အဖေက လုယီကို ခေါ်သွားသည်။
စင်မြင့်တစ်ခုလုံး ရုတ်ချည်း ကျယ်ပြန့်သွားသလိုပင်။
မည်သူမျှ ဆက်လက် စိန်မခေါ်ကြတော့ပေ။ ယခုတင် ဖြစ်ပျက်ခဲ့သည့် ပြိုင်ပွဲနှစ်ခုမှာ အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။
အကယ်၍ ဆက်လက်ယှဉ်ပြိုင်ပါက ကိုယ့်ကိုကိုယ် အရှက်ခွဲသည်သာ ဖြစ်လိမ့်မည်။
" ဘယ်သူမှထပ်ပြီး စိန်မခေါ်တော့ဘူးဆိုတော့ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲက တရားဝင်ပြီးဆုံးသွားပြီလို့ ကြေညာလိုက်တယ် ..."
" အင်မော်တယ်စားဖိုမှူးပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်တွေက ပထမနေရာ ပုဖန် ဒုတိယနေရာ လျှို့မော့ပိုင် တတိယနေရာ လုယီတို့ပဲ ဖြစ်တယ် ..."
အဆင့်များကို ကြေညာနေချိန်တွင် မြို့တော်သခင်မုန့်ချီ၏ မျက်နှာတွင် နူးညံ့သည့်အပြုံးများဖြင့် လွှမ်းခြုံထားသည်။
" အခု ထိပ်တန်းဆယ်ယောက်က စင်မြင့်ပေါ် တက်လာပေးပါ ... အခုပဲ ဆုတွေကို ခွဲဝေပေးပါ့မယ် ... လက်ဖက်ရည်တစ်ခွက်တည်တဲ့အချိန် ကုန်ဆုံးသွားရင် ထိပ်တန်းဆယ်ယောက်က မသေမျိုးသစ်ပင်နေရာကို ဝင်ခွင့်ရပါမယ် ..."
မသေမျိုးသစ်ပင်နေရာလား ...
ထိပ်တန်းပြိုင်ပွဲဝင်ဆယ်ယောက်များ စိတ်လှုပ်ရှားလာကြသည်။
မသေမျိုးသစ်ပင်နေရာတဲ့ ...
ပြိုင်ပွဲဝင်များ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်သည့်အချိန် အားလုံး၏ အကြည့်များထဲတွင် စိတ်အားထက်သန်မှုများကို မြင်နေရသည်။
လုယီမှာ လုံးဝ စိတ်ဓာတ်ကျနေသည်။ ဆုံးရှုံးမှုများထဲတွင် ပိတ်မိနေပြီး ထိုနေရာမှ ရုန်းမထွက်နိုင်သေးပေ။
တစ်ဖက်တွင် ပုဖန်မှာ တည်ငြိမ်ပြီး အမူအရာမဲ့နေသည်။
ဝတ်ရုံနက်နှင့်လူမှာ တခစ်ခစ်ရယ်နေသည်။
မသေမျိုးသစ်ပင်နေရာတွင် ကောင်းကင်ဘုံလမ်းကြောင်းကြီး၏ စိတ်ဆန္ဒကို နားလည်နိုင်ပြီး သူတို့၏ နားလည်မှုအဆင့်ကို တိုးမြှင့်နိုင်သည်။ ထိုမှသာ သူတို့၏ ချက်ပြုတ်ခြင်းခရီးလည်းကို ကြီးကျယ်ခမ်းနားစွာ ရှေ့ဆက်နိုင်လိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ...
၎င်းတို့အားလုံးမှာ ပထမအဆင့် အင်မော်တယ်စားဖိုမှူးများတွင် အထွဋ်အထိပ်ဖြစ်သည်။ မသေမျိုးသစ်ပင်နေရာသို့ ဝင်ရောက်လိုက်သည်နှင့် ဒုတိယအဆင့် အင်မော်တယ်စားဖိုမှူးဖြစ်ရန် အခွင့်အရေးမြင့်မားသွားပြီ ဖြစ်သည်။
သူတို့ စိတ်မလှုပ်ရှားပဲ နေပါ့မလား ...
မုန့်ချီက သူတို့အားလုံး တွေးတောနေသည်များကို သိပုံရ၍ သူတို့အတွေးများကို မနှောင့်ယှက်ပေ။
ထိုအချိန်တွင် ဆုများရောက်လာသည်။
နယ်ပယ်သခင်တိထိုက် လမ်းလျှောက်လာပြီး မုန့်ချီ၏ညွှန်ကြားမှုအောက်တွင် ဆုများပါဝင်သည့် ကျောက်စိမ်းတိုကင်များကို ပြိုင်ပွဲဝင်များကို ဝေပေးနေသည်။
နယ်ပယ်သခင်တိဖိုက် ပုဖန်ကို ကျောက်စိမ်းတိုကင် ပေးသည့်အခါ မျက်နှာသေကြီးကိုကြည့်ပြီး မျက်စိမှိတ်ပြလိုက်သည်။
" ပုပုလေး မင်းရဲ့လုပ်ဆောင်ချက်တွေက အတော်လေူကောင်းတယ် ... နယ်ပယ်သခင်ဆီက ချက်ပြုတ်နည်းတွေသင်ပြီး အဖော်အချွတ်အနုပညာကို ခံစားချင်လား ..."
သူ၏စကားများကိုကြားသည့်အခါ ပတ်ဝန်းကျင်မှလူများ အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
နယ်ပယ်သခင်က နတ်ဆိုးဘုရင်ကြီးကို တပည့်အဖြစ် ခေါ်ချင်နေတာပဲ ...
သို့သော် ပုဖန်က မျက်နှာသေကြီးဖြင့် ကျောက်စိမ်းတိုကင်ကို လက်ခံလိုက်သည်။ ခေါင်းမော့၍ နယ်ပယ်သခင်တိထိုက်ကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
" စိတ်မဝင်စားဘူး ..."
ပရိသတ်များ တစ်ကြိမ်ထပ်မံ ဆူညံသွားပြန်သည်။
နတ်ဆိုးဘုရင်ကြီးက တကယ်ကြီး ငြင်းလိုက်တာလား ...
အဲ့ဒါ နယ်ပယ်သခင်ဆီက ဖိတ်ကြားချက်လေ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှာ အဆင့်အမြင့်ဆုံးချီလင်စားဖိုမှူးဖြစ်တဲ့ နယ်ပယ်သခင်ဆီမှာ တပည့်ဖြစ်လာဖို့က မရေမတွက်နိုင်တဲ့ လူတွေရဲ့ အိမ်မက်ပဲ ...
ဒါပေမဲ့ နတ်ဆိုးဘုရင်ကြီးက ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ်ပေါ့ ...
နတ်ဆိုးဘုရင်ကြီး ပီသပါပေတယ် ... သူ့ကို ဘယ်သူမှ နားမလည်နိုင်ဘူး ...
" ကောင်းပြီ အဆင်သင့်ပြင်ထားကြပါ ... ခဏကြာပြီးရင် မသေမျိုးသစ်ပင်နေရာကို ဝင်ရောက်ရတော့မယ် ... အားလုံးက ကောင်းကင်ဘုံလမ်းကြောင်းကြီးကို နားလည်သဘောပေါက်ကြပြီး ချက်ပြုတ်စွမ်းရည်တွေမှာ အောင်မြင်မှုတွေ ရမယ်လို့ မျှော်လင့်ပါတယ် ..."
မြို့တော်သခင်မုန့်ချီ နူးညံ့စွာရယ်လိုက်ချိန်တွင် သူမမျက်နှာတွင် သိမ်မွေ့သည့်အမူအရာတစ်ခု ပေါ်လာပြီး သူမဘေးမှ လူအားလုံးကို ညို့ယူဖမ်းစားထားသည်။
ထိုအချိန်တွင် ပုဖန် မလှုပ်မရှားပဲ မျက်လုံးများက တွေဝေမိန်းမောနေသည်။
စိတ်ထဲတွင် စနစ်၏ လေးနက်သောအသံ ပဲ့တင်လာသည်။
" ပိုင်ရှင် မစ်ရှင်ဆုကို ထုတ်ပေးပြီးပါပြီး လက်ခံရရှိရဲ့လားဆိုတာ ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး ..."
" နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ အစိတ်အပိုင်းတွေကို ပြီးမြောက်သွားတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ် ..."
နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ အစိတ်အပိုင်းတွေကို လဲလို့ရပြီလား ...
စနစ်၏ စကားလုံးများကြောင့် ပုဖန်အနည်းငယ် အေးခဲသွားပြီး စိတ်လှုပ်ရှားနေသည်။
နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံရဲ့ စတုတ္ထမြောက်အစိတ်အပိုင်းက ယူလို့ရပြီလား ...
သူ တွန့်ဆုတ်ခြင်းမရှိပဲ ဖြေလိုက်သည်။
" ကောင်းပါပြီ လဲလှယ်ပေးပါ ..."